အပိုင်း ၂၆

242 5 0
                                    

ညီလာခံ ခန်းမအတွင်းမှာ
အမတ်တွေအားလုံး စုရုန်းရောက်ရှိနေကြပြီး
မင်းကြီး ဝမ်ရိပေါ် ဟာလဲ
ရှင်းလျန်ကို ပုလ္လင်ပေါ်ခေါ် ထိုင်ကာ
ရှင်းလျန်ရဲ့ လည်တိုင်ကို တဖွဖွ နမ်းရှိုက်နေ၏။

အများအမြင်မှာတော့ မင်းကြီးက ရှင်းလျန်ကို
ချစ်မြတ်နိုးလွန်းတာကြောင့် ဒီလိုမဖွယ်မရာပြုမူနေတယ်လို့
ထင်နေကြပေမဲ့ အမှန်တကယ်ကတော့
ထူးဆန်းတဲ့ အမွှေးနံ့သာကြောင့်
မင်းကြီးဟာ အသိစိတ်မရှိပဲ အခုလိုပြုမူနေခြင်းသာ...

ညီလာခံရဲ့ အလယ်လျောက်လမ်းမှာတော့
အပြစ်သားရှောင်ကျန့်ဟာ
ဒူးထောက်လျက်
ထိုမြင်ကွင်းအားကြည့်နေရပေသည်။

"အရှင်...ကျမတို့ အပြစ်သားကို အပြစ်စီရင်ရအောင်လေ ..."

မင်းကြီးကတော့ အရူးတစ်ယောက်လိုခေါင်းငြိမ့်ပြပြီး
ဘာစကားမှမပြောပေ
သို့သော် လည်တိုင်ဆီမှအနမ်းတို့ကိုတော့မပြတ်စေခဲ့

"မင်းကြီး..."

ထိုအခါမှမင်းကြီးက ရှင်းလျန်ကို ခဏလွှတ်ကာ

"သေ...သေဒဏ်...သေဒဏ်ပေးမယ်..."

ထို့အခါ စစ်သူကြီး ကျန်းချန်က အရှေ့ ကိုထွက်လာပြီး

"မင်းကြီး ဒါတရားပါဘူး ရှောင်ကျန့်က
မယ်တော်ကြီးကို သတ်တယ်လို့သတ်သေတောင်
မရှိတာကို ဘာလို့ သေဒဏ်ပါလဲ!!!"

ကျန်းချန်က ထအော်လိုက်တော့
မင်းကြီးက ရှင်းလျန်နောက် ပုန်းကွယ်ကာ

"မယ်...မယ်တော်"

မင်းကြီးရဲ့ အပြုအမူကြောင့် အမတ်မင်းများနဲံ ညီလာခံအတွင်းရှိသူများအားလုံး အံ့သြမှင်သက်သွားကြရသည်။
မင်းကြီးရဲ့ အပြုအမူက ၃နှစ်သားကလေးနဲ့ပင်တူနေ၏။
ဒါကိုမြင်လိုက်တဲ့ရှောင်ကျန့်က မင်းကြီးမူမမှန်ဖြစ်နေတာမှန်း
ရိပ်မိသွားပြီး ကျန်းချန်ကို ဆက်မပြောဖို့ခေါင်းယမ်းပြလိုက်သည်။

"အဟမ်း...ကျမကိုယ်တိုင်မြင်ခဲ့တာပဲလေ ပြီးတော့
ဒါကမင်းမိန့်ပဲ ကန့်ကွက်ချင်သူတွေရှိလား"

ရှင်းလျန်က စကားလမ်းလွှဲကာ မင်းကြီးဆီ အတွေးရောက်နေကြတဲ့
အမတ်မင်းတို့ကို အာရုံလွှဲလိုက်သည်။

အဆိပျ အဆိပ်Where stories live. Discover now