သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၁၀)

5.1K 284 12
By Say_YaRr7

Unicode

ဖူးမြတ်ဆီဖုန်းဆက်ကြည့်တော့ သူလည်းကျောင်းမသွားဖြစ်ပါတဲ့။သူတောင်မသွားရင် ယောက်ျားလေးတွေဖြစ်ကြတဲ့မောင်တို့ဆိုရင်မေးကြည့်စရာပင်မလိုတော့ပါ။

နာရီကြည့်မိတော့၁၀နာရီထိုးရန်၁၀မိနစ်သာလိုတော့သည်။သခင်ကတော့အိမ်မှာရှိမနေတော့။လင်း အခန်းထဲကိုဝင်လာပြီးနောက် အဝတ်အစားလဲကာ ကျောင်းကိုသွားခဲ့ပြီဖြစ်သည်။ဒီအိမ်အကြီးကြီးမှာ မိမိတစ်ယောက်တည်းသာရှိနေသည်။သခင်ပါရှိရင်ကောင်းမယ်လို့တွေးလိုက်မိသေးပေမဲ့ ထိုအတွေးကိုကိုယ်တိုင်ပင်လက်မခံဖြစ်မိသည်။ဘာကြောင့်ဆို သခင်ရှိနေသော်လည်းသခင်ဟာကိုယ့်ကိုစိမ်းစိမ်းဖန်ဖန်သူစိမ်းသက်သက်သာ သတ်မှတ်ထားသည်မဟုတ်လား။

"သခင်"

နှုတ်ထိုနာမည်ကိုကခပ်ဖွဖွရေရွတ်မိတော့ ရင်ထဲတွင်ဆစ်ခနဲကျင်သွားရသည်။သခင်ဟာလူတင်မဟုတ် နာမည်ကိုတမိရုံမျှဖြင့် နှလုံးသားကိုနာကျင်စေသည်။ဘုရား...ရေ။ကိုယ်ဘာတွေတွေးလိုက်မိသလဲ။သခင့်ကိုကိုယ်တိုင်ကပင်သခင်လို့ခေါ်ခဲ့တာမဟုတ်လား။ဘာကြောင့်များအခုမှ သခင့်နာမည်ကနာကျင်စေတယ်လို့တွေးလိုက်မိရသလဲ။ဟင့်အင်...။မဖြစ်ချင်ဘူး။သခင့်ကနာကျင်‌စေတဲ့လူလို့ နည်းနည်းမှမမြင်ချင်ခဲ့တာပါ။ တစ်ချိန်ချိန်မှာ ထိုသို့အပြစ်မြင်မှုသေးသေးလေးတွေများလာရင် သခင့်အပေါ်ကို စိတ်ခုသွားမှာမျိုး၊ မပြောကောင်းမဆိုကောင်း သခင့်ကိုစိတ်နာသွားမှာမျိုး ဖြစ်မှာကြောက်မိသည်။ဒါပေမဲ့ ဒါဟာ အပြစ်မြင်မှုလေးမဟုတ်ဘူးမလား။စိတ်ထဲထင်မြင်တာကိုမှတ်ချက်ပေးရုံပဲမလား။သေချာပေါက်ထိုသို့သာဖြစ်ပါစေ ဆုတောင်းမိသည်။

***

အိမ်ခြံဝန်းထဲမှာသခင်ကြိုက်တဲ့ ညမွေးပန်းလေးတွေစိုက်ဖို့ ရည်ရွယ်ခဲ့သည်။ထိုရည်ရွယ်ချက်အတိုင်း အပင်လေးများကိုလည်းမှာထားပြီးဖြစ်သည်။ကိုယ်တိုင်ကဘာပန်းကိုမှ အထူးတလည်မနှစ်သက်မိ။ကြုံတဲ့ပန်းကိုကြုံသလို အလှကြည့်ရင်ကြည့်၊မဟုတ်ရင် ဘုရားပန်းတင်တာ၊မွေးကြူပစ်တာမျိုးလုပ်တတ်သည်။ဒါပေမဲ့ သခင်ကြိုက်နှစ်သက်တဲ့ထိုပန်းကလေးကတော့ချွင်းချက်ဖြစ်ခဲ့သည်။သခင့်ကို ရင်ခုန်မိနေမှန်းမသိခင်ကတည်းက သခင်နှစ်သက်တဲ့ထိုပန်းကလေးကို သခင့်လိုလိုက်ကြိုက်မိခဲ့သည်။ သူများတွေကထိုပန်းကိုဘာလို့ကြိုက်သလဲလို့မေးလာလျှင်ဖြေစရာအဖြေဟာတစ်ခုတည်းသာဖြစ်လိမ့်မည်။သခင့်ကြိုက်တဲ့ပန်းကလေးဖြစ်လို့ဟု ဖြေမိမှာအသေအချာပင်ဖြစ်သည်။တကယ်တော့ သခင်ကညမွှေးပန်းကလေးတွေကိုဘာကြောင့်သဘောကျတယ်ဆိုနဲ့အဖြေကိုတော့မသိခဲ့ပါ။

ပြီးတော့အရောင်တွေ။အရောင်တွေထဲမှာအကြိုက်ဆုံးဟုထင်ရသောအရောင်တစ်ခုကို သတ်မှတ်ခဲ့ဖူးသည်။သို့သော်ထိုအရောင်ဟာ ကလေးသာသာမှတ်ဉာဏ်တွေကိုကျော်လွန်ခဲ့ချိန်မှာတော့ဒုတိယဖြစ်လို့နေခဲ့သည်။အညိုရောင်တွေဟာ ပထမတန်းစားသဘောအကျဆုံးအရောင်တွေဖြစ်လို့နေခဲ့သည်။သခင့်ရဲ့မျက်ဝန်းညိုတွေကို သတိထားမိတဲ့အချိန်မှစလို့ပေါ့။ဘယ်အချိန်ကတည်းကစွဲလမ်းခဲ့ရသလဲဆိုတာကို မသိခဲ့တဲ့ထိုအညိုရောင်မျက်စံတွေရဲ့ အရောင်ဟာ မိမိအတွက် အနှစ်သက်ဆုံးအရောင်ဖြစ်စေခဲ့သည်။သခင် ဘာအရောင်ကြိုက်သလဲဆိုတာကိုတော့ မေးမကြည့်မိသလို မသိခဲ့ပါ။မေးကြည့်ခဲ့ရင်လည်းသခင်ဟာ ကိုယ့်အားစူးစူးစိုက်စိုက်ကြည့်ကာမနှစ်မြို့ဖွယ်အမူအရာကိုသာပြန်ပေးခဲ့လိမ့်မည်။လိုချင်တဲ့အဖြေကိုတော့ရမည်မဟုတ်။

အကယ်၍များသခင်ဟာမိမိကဲ့သို့အညိုရောင်လေးကိုသူအကြိုက်ဆုံးအရောင်အဖြစ်သက်မှတ်ထားမလား။ဒါဆိုရင်တော့အတိုင်းထက်အလွန်ပျော်မိမှာပါ။ဒီလိုမှမဟုတ်ဘဲ အခြားအရောင်တစ်ခုကိုသာသခင်အကြိုက်ဆုံးအရောင်အဖြစ်သတ်မှတ်ထားခဲ့ရင် ဒီတစ်ခါတော့ သခင်ကြိုက်တဲ့အရောင်ကိုလိုက်ကြိုက်လိမ့်မည်မဟုတ်ပါ။ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့အရောင်လှလှလေးဟာ
သခင့်ဆီမှာပဲရှိခဲ့တာလေ။အညိုရောင်လှလှလေးဟာသခင့်ဆီမှာပဲရှိနိုင်တာ။

ခပ်ပြင်းပြင်းလေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်ပြီးအတွေးတွေကိုထုတ်ပစ်လိုက်သည်။ သခင်ဆိုတဲ့မိန်းကလေးကတော့အတွေးတွေထဲကနေထွက်သွားချင်သွားလိမ့်မည်။နှလုံးသားထဲကနေတော့ထွက်သွားလိမ့်မည်မဟုတ်ပေ။ဒါကိုတော့ အတပ်သိခဲ့သည်။

ခြံထဲကိုဝင်လာနေသော အစိမ်းနုရောင်ချည်သားဝမ်းဆက်ကိုဝတ်ဆင်ကာ အညိုရောင်ဆံပင်ရှည်တွေကိုဖြန့်ချထားကာ နူးနူးညံ့ညံ့ညင်ညင်သာသာ လမ်းလျှောက်လာတဲ့ မိန်းမလှလေးဟာ သခင်ပါတဲ့။သခင့်ဆံပင်တွေကို အညိုရောင်ဖျော့ဖျော့လေးဆိုးလိုက်သည်မှာမနေ့တနေ့ကမှဖြစ်သည်။စိတ်ထင် အညိုရောင်ဆံပင်တွေနဲ့သခင်ဟာပိုလိုက်သည်။သခင့်ခြေဖဝါးအောက်က အနက်ရောင်ကတီပါ ဖိနပ်ပါးလေးဟာလည်း အခင့်အသားဖြူဖြူနှင့်လိုက်ဖက်လွန်းခဲ့သည်။သခင်ဟာ အရပ်ရှည်သူဖြစ်သဖြင့် ဒေါက်ဖိနပ်တို့၊ကတီပါအမြင့်တို့ကိုမစီးခဲ့။အမြဲလိုလိုကတီပါဖိနပ်ပါးလေးတွေကိုသာစီးခဲ့သည်။မဟုတ်ရင်လည်းအခြားဖိနပ်အပါးလေးတွေကိုသာစီးခဲ့သည်။
သခင့်ခြေဖဝါးအောက်ကဖိနပ်လေးဖြစ်ချင်လိုက်တာ။ထိုအတွေးကချက်ချင်းဝင်လာတော့ မျက်နှာဟာ နွေးခနဲဖြစ်သွားရသည်။ဘုရားစူးပါ။
ဒါဟာ သခင့်ကိုချစ်မိနေတယ်ဆိုတာသေချာပြီးမှပထမဆုံးစိတ်ကူးယဉ်ကြည့်ခြင်းပါ။

နုနုယဉ်ယဉ် ညင်ညင်သာသာ လမ်းလျှောက်လာတဲ့ဟန်နဲ့ ခါးသွယ်သွယ်ထက်ကဆံပင်ရှည်ရှည်လေးတွေ။ရူးချင်စရာအလှမျိုးပါပဲ။မဟာအလှမျိုး။ဂန္တဝင်မြောက်တဲ့အလှမျိုး။ထိုအလှမျိုးဟာ သခင့်မှာသာရှိနိုင်သည် ။

အို..ဘုရားရေ။သခင်ဟာ ကိုယ့်ကိုကြည့်သွားတာပဲ။အရှေ့မှဖြတ်လျှောက်ကာအိမ်ထဲကိုဝင်သွားသောခင်ဟာ ကိုယ့်ကို မျက်ဝန်းညိုညိုတွေနဲ့ကြည့်သွားခဲ့သည်မဟုတ်လား။တကယ်ဆို သခင်ဟာ သူ့ကိုစကားတစ်ခုခုပြောမှသာပြန်ကြည့်တတ်သည်လေ။ဘယ်လိုတောင်အညှို့ခံလိုက်ရတယ်မသိပါ။သခင့်မျက်ဝန်းတွေမှာ ထပ်ပြီးညိတွယ်သွားခဲ့ရပြီ။ထိုညိတွယ်မှုလေးဟာ ဖြတ်မရမှန်းလည်းသေချာသိခဲ့ပါသည်။

လှမ်းနေသောသခင့်၏နောက်ကျောကိုကြည့်ရင်းသီချင်းတစ်ပုဒ်ကခေါင်းထဲဝင်လာသည်။
အဆိုတော်မာရဇ္ဇရဲ့ 'ဆွဲအား' သီချင်း။
တစ်ပုဒ်လုံးကိုအလွှတ်ရနေမိတော့ ထိုစာသားတွေကိုစိတ်ထဲမှရေရွတ်မိတော့ သခင့်ကိုရည်ရွယ်ထားသလားပင်ထင်မိသည်။ သခင့်ရဲ့အမူအရာတွေရယ်၊သခင့်ရဲ့ တစ်မူထူးခြားတဲ့အလှအပတွေရယ်၊သခင့်ရဲ့စူးစူးရှရှမျက်တန်းညိုညိုတွေရယ်။ထိုအရာတွေဟာ သီချင်းထဲကလို ဆွဲအားအားတစ်ခုပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ်ဒီသီချင်းဟာလည်း အကြိုက်ဆုံးစာရင်းဝင်ထဲကတစ်ခုဖြစ်လိမ့်ဦးမည်။တစ်ချိန်ချိန်မှာ အခွင့်အခါကြုံခဲ့ရငိတော့ထိုသီချင်းလေးကို သခင့်ကိုဆိုပြချင်မိပါသေးသည်။သခင့်ရဲ့အလှအပနဲ့ နှစ်လိုဖွယ်ကောင်းမှုကိုဒီသီချင်းနဲ့တင်စားချီးမွှမ်းချင်ပါသေးရဲ့။

သခင့်နောက်ကို အပြေးလိုက်ရင်း
သခင့်နာမည်အားခေါ်လိုက်မိသည်။

"သခင်"

သခင်ကတစ်ချက်တော့လှည့်ကြည့်လာသည်။

"လင်း ဟင်းချက်ထားတယ်သခင်...အဲ့ဒါသခင်ထပ်မချက်နဲ့တော့နော်"

သခင်ကကိုယ့်တစ်ကိုယ်လုံးကိုခြုံကြည့်လာသဖြင့်ကျောထဲစိမ့်ခနဲ့ဖြစ်သွားရသည်။

"မစားချင်ဘူး...ငါ့ဖို့မချက်ဖို့ပြောထားတယ်လေ"

သခင်ဟာဒါပဲပြောပြီးသူ့အခန်းထဲဝင်သွားသည်။
ကိုယ်ကတော့ နေရာလေးမှာပဲ စိတ်မကောင်းစွာရပ်ပြီးကျန်ခဲ့သည်။

***
ဖေဖေ့ဆီကဖုန်းလာသဖြင့် ကိုင်လိုက်သည်။

"ဟဲလို ဖေ‌ဖေ"

"သမီးလေးတို့အိမ်ကို သမီးအဖော်ရအောင်လူတစ်ယောက်လွှတ်ပေးမလို့ အဲ့ဒါလှမ်းပြောတာသမီး"

"ရပါတယ်ဖေဖေ မလိုပါဘူး...လင်းတို့ကနှစ်ယောက်‌တောင်ရှိတာကို"

"အဲ့ဒါကြောင့် အဖော်ရအောင်ထားပေးချင်တာသမီးရဲ့...သူစိမ်းလည်းမဟုတ်ဘူး..ဖေဖေ့အသိရဲ့သမီးလေးက သူ့အိမ်မှာ မနေချင်သေးလို့တဲ့..အဲ့ဒါနဲ့ဖေဖေလည်း ကူညီပေးရင်းနဲ့ သမီးလည်းအဖော်ရတာပေါ့...သူကသမီးထက်တော့ကြီးတယ်"

"သူများကအကူအညီလိုနေတယ်ဆိုတော့လည်းကူညီကောင်းပါတယ်လေ..လင်းတို့အတွက်ဆိုရင်တော့တကယ်မလိုဘူးနော်ဖေဖေ"

"အင်းပါသမီးရယ်...သူကမနက်ဖြန်လာလောက်တယ်သမီးရဲ့"

"မနက်ဖြန်လား...

သခင့်ကိုအရင်မေးကြည့်လိုက်ဦးမယ်ဖေဖေ...သခင့်ဘက်ကသဘောမတူရင်တော့ လက်မခံဘူးနော်"

"အင်းပါ ဒါဆိုသမီးမမကိုမေးကြည့်လိုက်ဦးနော်..ပြီးရင်တော့အကြောင်းပြန်ပေါ့"

"ဟုတ်ဖေဖေ"

သခင့်ရဲ့အခန်းရှေ့မှာဖြတ်လျှောက်နေမိသည်မှာ အခေါက်ပေါင်းပင်မနည်းတော့ပါ။သခင့်ကို မပြောရဲတာကြောင့်ပါသည်။
အို...။တိုက်ဆိုင်စွာသခင်အခန်းအပြင်ကိုထွက်လာတုန်းနှင့်ကြုံသည်။

သခင်ကတော့သူ့ပုံစံအတိုင်းလူကိုအရေးမလုပ်၊တစ်ချက်မကြည့်ဘဲသွားသည်။

"နေ..နေပါဦး သခင်"

လက်နှစ်ဖက်ကိုဂနာမငြိမ်စွာပွတ်သပ်နေမိသည်။

"သခင့်ကိုပြောစရာရှိလို့ပါ"

"ဘာလဲ"

"မနက်ဖြန်ကျရင်ဖေဖေကဒီအိမ်ကို လင်းတို့အဖော်ရအောင်ဆိုပြီးလူတစ်ယောက်လွှတ်ပေးမလို့တဲ့..အဲ့ဒါသခင် ဘယ်လိုသဘောရလဲဟင်...ပြောချင်တာက သခင် သဘောတူရဲ့လားလို့လေ...သခင်သဘောမတူရင် လင်းငြင်းလိုက်မလို့ပါ"

သခင့်ပုံစံကအေးဆေးတည်ငြိမ်နေသည်။
သခင့်စိတ်ထဲ လူအသစ်ရောက်မှာနဲ့ပတ်သက်ပြီးဘယ်လိုမှခံစားနေရတဲ့ပုံမပေါ်ပါ။

"မင်းပိုင်တဲ့အိမ်ပဲ မင်းလုပ်ချင်သလိုလုပ်ပေါ့"

"မဟုတ်ဘူးလေသခင်...သခင့်အတွက်အနှောက်အယှက်ဖြစ်ရရင်လည်းမကောင်းဘူးလေ"

"မင်းတို့ဘာသာလူဘယ်နှယောက်ပဲခေါ်ခေါ် ငါ့အတွက်ဘာမှပိုပြီးထူးခြားမသွားဘူး"

ပြန်ပြောချိန်ပင်မရလိုက်ပါ။သခင်ဟာ ကိုယ့်ရှေ့ကနေထွက်သွားခဲ့ပြီ။


"ဟဲလို"

"သမီးလေး"

"ဖေဖေ မနက်ဖြန်ကျရင် ဖေဖေပြောတဲ့လူလာလို့ရတယ်နော် သခင်ကမကန့်ကွက်ဘူး"

"အေးပါ သမီးရယ်..ဒါဆိုဖေဖေမနက်ဖြန်ကျရင် သူ့ကိုလာပို့မယ်နော်"

"လင်းက ညနေ၃နာရီလောက်မှအိမ်မှာရှိမှာဖေဖေ ..အဲ့ဒီနောက်မှပို့ပါလား"

"အေးအေး သမီး ..သမီးရှိတဲ့အချိန်မှဖေဖေလာခဲ့မယ်နော်"

"ဟုတ်ဖေဖေ...ဒါပဲနော်"

"အေးအေး သမီး"

***

"ရောင်စဉ် နင်ရည်းစားလေးဘာလေးထားဖို့စိတ်ကူးမရှိဘူးလား"

ကန်တင်းကလူရှုပ်သဖြင့် လူရှုပ်တဲ့နေရာတွေသဘောမကျတဲ့ကိုယ်ကတော့သိပ်မသွားချင်ပါ။ဒါပေမဲ့ သူငယ်ချင်းဖြစ်သူဖူးမြတ်ကတော့ လူစည်ကားလေသူ့အကြိုက်ဖြစ်လေဖြစ်သဖြင့် ကန်တင်းကိုနေ့တိုင်းသွားသည်။ကန်တင်းမှာကောင်လေးချောချောတွေလာခဲ့ရင် သူ့အကြိုက်ပေကိုး။အခုလည်း လင်းတို့ကန်တင်းမှာထိုင်နေရင်းဖြစ်သည်။

"ဘာလို့လဲ"

"နင်ဘယ်သူ့ကိုမှမကြိုက်ဘူးလား...ငါနဲ့ပေါင်းလာတဲ့တစ်လျှောက်လုံးဘယ်ကောင်လေးမှသဘောကျတယ်လို့မပြောဖူးဘူးနော်..ငါဆိုcrushတဲ့သူပေါင်းမနည်းတော့ဘူး"

ဖူးမြတ်က ရုပ်ချောရင်crush လိုက်သည်။သူအကြိုက်ပုံစံမျိုးတွေးရင်ကြိုက်လိုက်သည်။တကယ်တမ်းကျရည်းစားပင်တစ်ခါမှမထားဖူးသေး။ကိုယ်ကရော။ ကိုယ်ကကျ ဘယ်သူ့ကိုမှထိုသို့စိတ်ဝင်စားမှုလေးပင်မရှိခဲ့ပါ။ဘယ်ကောင်လေးကောင်မလေးကိုမှသဘောမကျခဲ့တာပါ။တကယ်တမ်း ဘယ်သူ့မှသဘောမကျခဲ့တာကလည်း ရင်ထဲကတစ်စုံတစ်ယောက်ကရှိ‌နှင့်နေပြီမို့ဖြစ်လိမ့်မည်။သခင့်ကို ချစ်တယ်ဆိုတာမသိခင်ကတည်းကသခင်ကရင်ထဲမှာရှိနေပြီးသားမို့ဘယ်သူ့ကိုမှရင်မခုန်ခဲ့တာဆိုမှန်လိမ့်မည်။

"ရည်းစားထားတာလွယ်တဲ့ကိစ္စမှမဟုတ်တာဟာ...ရည်းစားထားမှတော့ ချစ်မှပဲထားချင်တာဟ..မဟုတ်ဘဲ ရည်းစားလိုချင်ရုံသက်သက်နဲ့တော့မထားပါဘူး"

"အဲ့ဒါကြောင့်ပေါ့...နင်ကဘယ်သူ့ကိုမှစိတ်မှမဝင်စားတာကို"

ကွေ့သယိုသုပ်ထဲက ကြက်သားဖက်တွေကို တူဖြင့်ညှပ်ယူကာ ပဲများပြီးစားကာနေသည်။ လင်းကတော့ စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကိုသာ ခပ်ဖြေးဖြေးသောက်သည်။

"တစ်ချိန်ချိန်တော့ ရှိလာမှာပေါ့"
တကယ်တော့ရှိနှင့်ပြီးသားပါလို့ပြောချင်တာပါ ။

****

ခြံရှေ့ကိုကားတစ်စီးရပ်သဖြင့် သေချာအာရုံထားကြည့်မိတော့ဖေဖေ့ကားဖြစ်နေသည်။
လင်းအလျင်အမြန်ပဲ ခြံရှေ့ကိုသွားလိုက်သည်။

"ဖေဖေ..ရောက်လာပြီလား"

ရောက်နေတာကိုမြင်ရက်နဲ့ရောက်လာပြီလားမေးတာဟာတွေးကြည့်ရင်တော့ရယ်ချင်စရာပါ။ဒါပေမဲ့ ဒါဟာလည်း ဝတ္တရားအရ စကားပြုခြင်းပဲမဟုတ်လား။

"သမီးလေးနောက်ကမမရဲ့ပစ္စည်းတွေကူသယ်လိုက်ပါဦး"

"ဟုတ်ဖေဖေ"

နောက်ထဲကမိန်းကလေးကဆင်းလာသည်။လင်းထက်တော့အသက်ကြီးသည့်ပုံပါပဲ။သခင့်ထက်တော့တစ်နှစ်နှစ်နှစ်ငယ်ဦးမည်။အသားအရေဟာ သခင်လောက်တော့မဖြူ ညိုသလားဆိုတော့လည်းမဟုတ်။ဖြူတဲ့ထဲပါပေမဲ့ သခင်လောက်မဖြူရုံသာ။ရွှေအိုရောင်ဆံပင်အရှည်တွေကို တွန့်လိမ်ထားသည်မှာ သူနှင့်လိုက်ဖက်ပါသည်။ပိန်ပိန်လျလျခန္ဓာကိုယ်အထက်ကမြန်မာဝမ်းဆက် ခရမ်းရောင်လေးဟာ ယဉ်ယဉ်လေးနဲ့လိုက်ဖက်နေသည်။ရုပ်ရည်မှာလည်း လှပတဲ့အထဲပါသည်။သူ့ရုပ်ရည်ဟာ အေးချမ်းတဲ့ဘက်ကိုပိုသွားသည်။အထူးသဖြင့်မျက်လုံးလေးတွေ။သခင်နဲ့ဆန့်ကျင်စွာ သူ့မျက်လုံးတွေမှာနူးညံ့ခြင်းတွေပါဝင်နေသည်။

"အစ်မ ဒီကိုပေး ကျွန်မကူသယ်ပေးမယ်"

"နေနေ...ညီမလေး
အစ်မဘာသာသယ်လိုက်မယ်..သယ်စရာကလည်းဒီတစ်ခုပဲပါတာရယ်"

ညီမလေးဆိုတဲ့အသုံးအနှုန်းလေးကြောင့်ရင်ထဲနွေးထွေးမိသွားမိသည်။အစ်မတစ်ယောက်ရလိုက်သလို ရင်ထဲကြည်နူးသွားမိသည်။သခင့်အပေါ်ထားတဲ့ပုံစံမျိုးတော့မဟုတ်ခဲ့။သေချာတွေးကြည့်ရင် ကိုယ်ဟာ သခင့်ကို အစ်မတစ်ယောက်လိုမျိုးဘယ်တုန်းကမှမခင်တွယ်ခဲ့တာပါ။

"မဟုတ်တာ အစ်မရယ်..ကျွန်မ သယ်ပေးပါရစေနော်..အစ်မက ကျွန်မရဲ့ဧည့်သည်မဟုတ်လား"

ထိုအခါ ထိုအစ်မက နှစ်လိုဖွယ်ပြုံးပြသည်။ဒီအစ်မပြုံးတာလှလိုက်တာ။
သခင်သာပြုံးရင်‌ရောဘယ်လောက်လှလိုက်မလဲ။သခင်သာ ကိုယ့်ကိုဒီအစ်မလိုမျိုးနှစ်နှစ်လိုလိုပြုံးပြရင် ရူးသွားလောက်သေးရဲ့။

"သဘောပါရှင်"

"သမီး ဖေဖေအိမ်ထဲမဝင်တော့ဘူးနော်..ဒီကမမကိုသမီးပဲနေရာစီစဉ်ပေးလိုက်တော့"

ဖေဖေက ကားကိုစက်နှိုးရင်းပြောသည်။

"အိမ်ထဲမဝင်တော့ဘူးပေါ့..အင်းပါဒါဆိုလည်း လင်းပဲ ဧည့်သည်ကိုခေါ်သွားတော့မယ်"

"အင်းအင်းသမီးလေ ဒါဆိုဖေဖေသွားပြီနော်"

"ဟုတ်ဖေဖေ"

ဖေဖေကားလေးထွက်သွားတော့မှထိုအစ်မကိုစကားစလိုက်သည်။

"အစ်မ အိမ်ထဲဝင်ရအောင်နော်"

"ကောင်းပြီလေ သွားကြတာပေါ့"

ထိုအစ်မပါလာတဲ့အထုတ်ကို ထိုင်ခုံမှခဏတင်ထားလိုက်သည်။သူကတော့လင်းနဲ့မျက်နှာချင်းဆိုင်မှာထိုင်သည်။

"အစ်မကိုအခန်းတစ်ခန်းစီစဉ်ပေးမယ်နော်..အစ်မတစ်ယောက်တည်းနေရဲလားဟင်"

"နေရဲပါတယ် ညီမရဲ့"

"အစ်မနာမည်ဘယ်လိုခေါ်လဲဟင်"

"အစ်မနာမည်က ဇွန်ဦးခိုင်ပါ..ညီမ အဆင်ပြေသလိုခေါ်ပေါ့...အစ်မကတော့ညီမကို နွယ်လေးလို့ခေါ်မယ်နော်"

"နွယ်လေး"

လင်းနှုတ်ကတိုးတိုးလေး သူမကြားရုံရေရွတ်မိသည်။ဒီလိုနာမည်ကိုဘယ်သူ့ဆီကမှမကြားဖူးတာကြောင့်ဖြစ်လိမ့်မည်။လင်းနာမည်ကို ဒီလိုခေါ်ပုံထောက်ရင် ဖေဖေကအစကတည်းကနာမည်ကိုပြောပြထားပြသားမလို့ဖြစ်မည်။

"အစ်မကြိုက်သလိုသာခေါ်ပါ"

"အစ်မရောက်လာတာ ညီမတို့အတွက်အနှောက်အယှက်မဖြစ်ပါဘူးနော်"

ညီမတို့ဆိုတဲ့စကားကြောင့် သခင်လည်းပါတယ်ဆိုတာရိပ်စားမိသည်။ဖေဖေဟာ သခင်နဲ့အကြောင်းကိုပြောပြထားခဲ့တာလား။

"ဖေဖေက အစ်မကို ကျွန်မတို့အကြောင်းဘာပြောထားသေးလဲဟင်"

"ညီမလေးကမိန်းကလေးတစ်ယောက်နဲ့လက်ထပ်ထားတယ်ဆိုတာရယ်...အခုသူနဲ့ဒီအိမ်မှာအတူနေတယ်ဆိုတာကိုပဲပြောပြထားတာပါ ..အခြားအကြောင်းတော့မပြောပြဘူးညီမလေး"

"အစ်မကိုတစ်ခုတောင်းဆိုပါရစေ..ကျွန်မတို့လက်ထပ်ထားတဲ့ကိစ္စကို ဘယ်သူ့ကိုမှမပြောပါနဲ့နော်..အထူးသဖြင့် သခင့်ကိုပေါ့..သခင့်ရှေ့မှာ သခင်နဲ့ကျွန်မလက်ထပ်ထားတယ်ဆိုတာ အစ်မမသိသလိုနေပေးပါနော်"

ထိုအခါထိုအစ်မက တစ်ချက်အံ့ဩဟန်ပြသည်။ပြီးမှသာအေးအေးလူလူပြုံးပြသည်။

"ဘာကြောင့်ဆိုတာတော့မမေးတော့ပါဘူး...အစ်မ မသိသလိုနေ‌မယ်နော်"

"ဟုတ်‌ကျေးဇူးပါနော် အစ်မ"

26.1.2024
#သခင်

Zawgyi

ဖူးျမတ္ဆီဖုန္းဆက္ၾကည့္ေတာ့ သူလည္းေက်ာင္းမသြားျဖစ္ပါတဲ့။သူေတာင္မသြားရင္ ေယာက်္ားေလးေတြျဖစ္ၾကတဲ့ေမာင္တို႔ဆိုရင္ေမးၾကည့္စရာပင္မလိုေတာ့ပါ။

နာရီၾကည့္မိေတာ့၁၀နာရီထိုးရန္၁၀မိနစ္သာလိုေတာ့သည္။သခင္ကေတာ့အိမ္မွာ႐ွိမေနေတာ့။လင္း အခန္းထဲကိုဝင္လာၿပီးေနာက္ အဝတ္အစားလဲကာ ေက်ာင္းကိုသြားခဲ့ၿပီျဖစ္သည္။ဒီအိမ္အႀကီးႀကီးမွာ မိမိတစ္ေယာက္တည္းသာ႐ွိေနသည္။သခင္ပါ႐ွိရင္ေကာင္းမယ္လို႔ေတြးလိုက္မိေသးေပမဲ့ ထိုအေတြးကိုကိုယ္တိုင္ပင္လက္မခံျဖစ္မိသည္။ဘာေၾကာင့္ဆို သခင္႐ွိေနေသာ္လည္းသခင္ဟာကိုယ့္ကိုစိမ္းစိမ္းဖန္ဖန္သူစိမ္းသက္သက္သာ သတ္မွတ္ထားသည္မဟုတ္လား။

"သခင္"

ႏႈတ္ထိုနာမည္ကိုကခပ္ဖြဖြေရ႐ြတ္မိေတာ့ ရင္ထဲတြင္ဆစ္ခနဲက်င္သြားရသည္။သခင္ဟာလူတင္မဟုတ္ နာမည္ကိုတမိ႐ုံမွ်ျဖင့္ ႏွလုံးသားကိုနာက်င္ေစသည္။ဘုရား...ေရ။ကိုယ္ဘာေတြေတြးလိုက္မိသလဲ။သခင့္ကိုကိုယ္တိုင္ကပင္သခင္လို႔ေခၚခဲ့တာမဟုတ္လား။ဘာေၾကာင့္မ်ားအခုမွ သခင့္နာမည္ကနာက်င္ေစတယ္လို႔ေတြးလိုက္မိရသလဲ။ဟင့္အင္...။မျဖစ္ခ်င္ဘူး။သခင့္ကနာက်င္‌ေစတဲ့လူလို႔ နည္းနည္းမွမျမင္ခ်င္ခဲ့တာပါ။ တစ္ခ်ိန္ခ်ိန္မွာ ထိုသို႔အျပစ္ျမင္မႈေသးေသးေလးေတြမ်ားလာရင္ သခင့္အေပၚကို စိတ္ခုသြားမွာမ်ိဳး၊ မေျပာေကာင္းမဆိုေကာင္း သခင့္ကိုစိတ္နာသြားမွာမ်ိဳး ျဖစ္မွာေၾကာက္မိသည္။ဒါေပမဲ့ ဒါဟာ အျပစ္ျမင္မႈေလးမဟုတ္ဘူးမလား။စိတ္ထဲထင္ျမင္တာကိုမွတ္ခ်က္ေပး႐ုံပဲမလား။ေသခ်ာေပါက္ထိုသို႔သာျဖစ္ပါေစ ဆုေတာင္းမိသည္။

***

အိမ္ျခံဝန္းထဲမွာသခင္ႀကိဳက္တဲ့ ညေမြးပန္းေလးေတြစိုက္ဖို႔ ရည္႐ြယ္ခဲ့သည္။ထိုရည္႐ြယ္ခ်က္အတိုင္း အပင္ေလးမ်ားကိုလည္းမွာထားၿပီးျဖစ္သည္။ကိုယ္တိုင္ကဘာပန္းကိုမွ အထူးတလည္မႏွစ္သက္မိ။ၾကဳံတဲ့ပန္းကိုၾကဳံသလို အလွၾကည့္ရင္ၾကည့္၊မဟုတ္ရင္ ဘုရားပန္းတင္တာ၊ေမြးၾကဴပစ္တာမ်ိဳးလုပ္တတ္သည္။ဒါေပမဲ့ သခင္ႀကိဳက္ႏွစ္သက္တဲ့ထိုပန္းကေလးကေတာ့ခြၽင္းခ်က္ျဖစ္ခဲ့သည္။သခင့္ကို ရင္ခုန္မိေနမွန္းမသိခင္ကတည္းက သခင္ႏွစ္သက္တဲ့ထိုပန္းကေလးကို သခင့္လိုလိုက္ႀကိဳက္မိခဲ့သည္။ သူမ်ားေတြကထိုပန္းကိုဘာလို႔ႀကိဳက္သလဲလို႔ေမးလာလွ်င္ေျဖစရာအေျဖဟာတစ္ခုတည္းသာျဖစ္လိမ့္မည္။သခင့္ႀကိဳက္တဲ့ပန္းကေလးျဖစ္လို႔ဟု ေျဖမိမွာအေသအခ်ာပင္ျဖစ္သည္။တကယ္ေတာ့ သခင္ကညေမႊးပန္းကေလးေတြကိုဘာေၾကာင့္သေဘာက်တယ္ဆိုနဲ႔အေျဖကိုေတာ့မသိခဲ့ပါ။

ၿပီးေတာ့အေရာင္ေတြ။အေရာင္ေတြထဲမွာအႀကိဳက္ဆုံးဟုထင္ရေသာအေရာင္တစ္ခုကို သတ္မွတ္ခဲ့ဖူးသည္။သို႔ေသာ္ထိုအေရာင္ဟာ ကေလးသာသာမွတ္ဉာဏ္ေတြကိုေက်ာ္လြန္ခဲ့ခ်ိန္မွာေတာ့ဒုတိယျဖစ္လို႔ေနခဲ့သည္။အညိဳေရာင္ေတြဟာ ပထမတန္းစားသေဘာအက်ဆုံးအေရာင္ေတြျဖစ္လို႔ေနခဲ့သည္။သခင့္ရဲ႕မ်က္ဝန္းညိဳေတြကို သတိထားမိတဲ့အခ်ိန္မွစလို႔ေပါ့။ဘယ္အခ်ိန္ကတည္းကစြဲလမ္းခဲ့ရသလဲဆိုတာကို မသိခဲ့တဲ့ထိုအညိဳေရာင္မ်က္စံေတြရဲ႕ အေရာင္ဟာ မိမိအတြက္ အႏွစ္သက္ဆုံးအေရာင္ျဖစ္ေစခဲ့သည္။သခင္ ဘာအေရာင္ႀကိဳက္သလဲဆိုတာကိုေတာ့ ေမးမၾကည့္မိသလို မသိခဲ့ပါ။ေမးၾကည့္ခဲ့ရင္လည္းသခင္ဟာ ကိုယ့္အားစူးစူးစိုက္စိုက္ၾကည့္ကာမႏွစ္ၿမိဳ႕ဖြယ္အမူအရာကိုသာျပန္ေပးခဲ့လိမ့္မည္။လိုခ်င္တဲ့အေျဖကိုေတာ့ရမည္မဟုတ္။

အကယ္၍မ်ားသခင္ဟာမိမိကဲ့သို႔အညိဳေရာင္ေလးကိုသူအႀကိဳက္ဆုံးအေရာင္အျဖစ္သက္မွတ္ထားမလား။ဒါဆိုရင္ေတာ့အတိုင္းထက္အလြန္ေပ်ာ္မိမွာပါ။ဒီလိုမွမဟုတ္ဘဲ အျခားအေရာင္တစ္ခုကိုသာသခင္အႀကိဳက္ဆုံးအေရာင္အျဖစ္သတ္မွတ္ထားခဲ့ရင္ ဒီတစ္ခါေတာ့ သခင္ႀကိဳက္တဲ့အေရာင္ကိုလိုက္ႀကိဳက္လိမ့္မည္မဟုတ္ပါ။ကိုယ္တိုင္႐ွာေဖြေတြ႕႐ွိခဲ့တဲ့အေရာင္လွလွေလးဟာ
သခင့္ဆီမွာပဲ႐ွိခဲ့တာေလ။အညိဳေရာင္လွလွေလးဟာသခင့္ဆီမွာပဲ႐ွိႏိုင္တာ။

ခပ္ျပင္းျပင္းေလပူတစ္ခ်ိဳ႕ကိုမႈတ္ထုတ္လိုက္ၿပီးအေတြးေတြကိုထုတ္ပစ္လိုက္သည္။ သခင္ဆိုတဲ့မိန္းကေလးကေတာ့အေတြးေတြထဲကေနထြက္သြားခ်င္သြားလိမ့္မည္။ႏွလုံးသားထဲကေနေတာ့ထြက္သြားလိမ့္မည္မဟုတ္ေပ။ဒါကိုေတာ့ အတပ္သိခဲ့သည္။

ျခံထဲကိုဝင္လာေနေသာ အစိမ္းႏုေရာင္ခ်ည္သားဝမ္းဆက္ကိုဝတ္ဆင္ကာ အညိဳေရာင္ဆံပင္႐ွည္ေတြကိုျဖန္႔ခ်ထားကာ ႏူးႏူးညံ့ညံ့ညင္ညင္သာသာ လမ္းေလွ်ာက္လာတဲ့ မိန္းမလွေလးဟာ သခင္ပါတဲ့။သခင့္ဆံပင္ေတြကို အညိဳေရာင္ေဖ်ာ့ေဖ်ာ့ေလးဆိုးလိုက္သည္မွာမေန႔တေန႔ကမွျဖစ္သည္။စိတ္ထင္ အညိဳေရာင္ဆံပင္ေတြနဲ႔သခင္ဟာပိုလိုက္သည္။သခင့္ေျခဖဝါးေအာက္က အနက္ေရာင္ကတီပါ ဖိနပ္ပါးေလးဟာလည္း အခင့္အသားျဖဴျဖဴႏွင့္လိုက္ဖက္လြန္းခဲ့သည္။သခင္ဟာ အရပ္႐ွည္သူျဖစ္သျဖင့္ ေဒါက္ဖိနပ္တို႔၊ကတီပါအျမင့္တို႔ကိုမစီးခဲ့။အၿမဲလိုလိုကတီပါဖိနပ္ပါးေလးေတြကိုသာစီးခဲ့သည္။မဟုတ္ရင္လည္းအျခားဖိနပ္အပါးေလးေတြကိုသာစီးခဲ့သည္။
သခင့္ေျခဖဝါးေအာက္ကဖိနပ္ေလးျဖစ္ခ်င္လိုက္တာ။ထိုအေတြးကခ်က္ခ်င္းဝင္လာေတာ့ မ်က္ႏွာဟာ ေႏြးခနဲျဖစ္သြားရသည္။ဘုရားစူးပါ။
ဒါဟာ သခင့္ကိုခ်စ္မိေနတယ္ဆိုတာေသခ်ာၿပီးမွပထမဆုံးစိတ္ကူးယဥ္ၾကည့္ျခင္းပါ။

ႏုႏုယဥ္ယဥ္ ညင္ညင္သာသာ လမ္းေလွ်ာက္လာတဲ့ဟန္နဲ႔ ခါးသြယ္သြယ္ထက္ကဆံပင္႐ွည္႐ွည္ေလးေတြ။႐ူးခ်င္စရာအလွမ်ိဳးပါပဲ။မဟာအလွမ်ိဳး။ဂႏၲဝင္ေျမာက္တဲ့အလွမ်ိဳး။ထိုအလွမ်ိဳးဟာ သခင့္မွာသာ႐ွိႏိုင္သည္ ။

အို..ဘုရားေရ။သခင္ဟာ ကိုယ့္ကိုၾကည့္သြားတာပဲ။အေ႐ွ႕မွျဖတ္ေလွ်ာက္ကာအိမ္ထဲကိုဝင္သြားေသာခင္ဟာ ကိုယ့္ကို မ်က္ဝန္းညိဳညိဳေတြနဲ႔ၾကည့္သြားခဲ့သည္မဟုတ္လား။တကယ္ဆို သခင္ဟာ သူ႕ကိုစကားတစ္ခုခုေျပာမွသာျပန္ၾကည့္တတ္သည္ေလ။ဘယ္လိုေတာင္အညိႇဳ႕ခံလိုက္ရတယ္မသိပါ။သခင့္မ်က္ဝန္းေတြမွာ ထပ္ၿပီးညိတြယ္သြားခဲ့ရၿပီ။ထိုညိတြယ္မႈေလးဟာ ျဖတ္မရမွန္းလည္းေသခ်ာသိခဲ့ပါသည္။

လွမ္းေနေသာသခင့္၏ေနာက္ေက်ာကိုၾကည့္ရင္းသီခ်င္းတစ္ပုဒ္ကေခါင္းထဲဝင္လာသည္။
အဆိုေတာ္မာရဇၨရဲ႕ 'ဆြဲအား' သီခ်င္း။
တစ္ပုဒ္လုံးကိုအလႊတ္ရေနမိေတာ့ ထိုစာသားေတြကိုစိတ္ထဲမွေရ႐ြတ္မိေတာ့ သခင့္ကိုရည္႐ြယ္ထားသလားပင္ထင္မိသည္။ သခင့္ရဲ႕အမူအရာေတြရယ္၊သခင့္ရဲ႕ တစ္မူထူးျခားတဲ့အလွအပေတြရယ္၊သခင့္ရဲ႕စူးစူး႐ွ႐ွမ်က္တန္းညိဳညိဳေတြရယ္။ထိုအရာေတြဟာ သီခ်င္းထဲကလို ဆြဲအားအားတစ္ခုပဲမဟုတ္လား။ ဘာပဲျဖစ္ျဖစ္ဒီသီခ်င္းဟာလည္း အႀကိဳက္ဆုံးစာရင္းဝင္ထဲကတစ္ခုျဖစ္လိမ့္ဦးမည္။တစ္ခ်ိန္ခ်ိန္မွာ အခြင့္အခါၾကဳံခဲ့ရငိေတာ့ထိုသီခ်င္းေလးကို သခင့္ကိုဆိုျပခ်င္မိပါေသးသည္။သခင့္ရဲ႕အလွအပနဲ႔ ႏွစ္လိုဖြယ္ေကာင္းမႈကိုဒီသီခ်င္းနဲ႔တင္စားခ်ီးမႊမ္းခ်င္ပါေသးရဲ႕။

သခင့္ေနာက္ကို အေျပးလိုက္ရင္း
သခင့္နာမည္အားေခၚလိုက္မိသည္။

"သခင္"

သခင္ကတစ္ခ်က္ေတာ့လွည့္ၾကည့္လာသည္။

"လင္း ဟင္းခ်က္ထားတယ္သခင္...အဲ့ဒါသခင္ထပ္မခ်က္နဲ႔ေတာ့ေနာ္"

သခင္ကကိုယ့္တစ္ကိုယ္လုံးကိုျခဳံၾကည့္လာသျဖင့္ေက်ာထဲစိမ့္ခနဲ႔ျဖစ္သြားရသည္။

"မစားခ်င္ဘူး...ငါ့ဖို႔မခ်က္ဖို႔ေျပာထားတယ္ေလ"

သခင္ဟာဒါပဲေျပာၿပီးသူ႕အခန္းထဲဝင္သြားသည္။
ကိုယ္ကေတာ့ ေနရာေလးမွာပဲ စိတ္မေကာင္းစြာရပ္ၿပီးက်န္ခဲ့သည္။

***
ေဖေဖ့ဆီကဖုန္းလာသျဖင့္ ကိုင္လိုက္သည္။

"ဟဲလို ေဖ‌ေဖ"

"သမီးေလးတို႔အိမ္ကို သမီးအေဖာ္ရေအာင္လူတစ္ေယာက္လႊတ္ေပးမလို႔ အဲ့ဒါလွမ္းေျပာတာသမီး"

"ရပါတယ္ေဖေဖ မလိုပါဘူး...လင္းတို႔ကႏွစ္ေယာက္‌ေတာင္႐ွိတာကို"

"အဲ့ဒါေၾကာင့္ အေဖာ္ရေအာင္ထားေပးခ်င္တာသမီးရဲ႕...သူစိမ္းလည္းမဟုတ္ဘူး..ေဖေဖ့အသိရဲ႕သမီးေလးက သူ႕အိမ္မွာ မေနခ်င္ေသးလို႔တဲ့..အဲ့ဒါနဲ႔ေဖေဖလည္း ကူညီေပးရင္းနဲ႔ သမီးလည္းအေဖာ္ရတာေပါ့...သူကသမီးထက္ေတာ့ႀကီးတယ္"

"သူမ်ားကအကူအညီလိုေနတယ္ဆိုေတာ့လည္းကူညီေကာင္းပါတယ္ေလ..လင္းတို႔အတြက္ဆိုရင္ေတာ့တကယ္မလိုဘူးေနာ္ေဖေဖ"

"အင္းပါသမီးရယ္...သူကမနက္ျဖန္လာေလာက္တယ္သမီးရဲ႕"

"မနက္ျဖန္လား...

သခင့္ကိုအရင္ေမးၾကည့္လိုက္ဦးမယ္ေဖေဖ...သခင့္ဘက္ကသေဘာမတူရင္ေတာ့ လက္မခံဘူးေနာ္"

"အင္းပါ ဒါဆိုသမီးမမကိုေမးၾကည့္လိုက္ဦးေနာ္..ၿပီးရင္ေတာ့အေၾကာင္းျပန္ေပါ့"

"ဟုတ္ေဖေဖ"

သခင့္ရဲ႕အခန္းေ႐ွ႕မွာျဖတ္ေလွ်ာက္ေနမိသည္မွာ အေခါက္ေပါင္းပင္မနည္းေတာ့ပါ။သခင့္ကို မေျပာရဲတာေၾကာင့္ပါသည္။
အို...။တိုက္ဆိုင္စြာသခင္အခန္းအျပင္ကိုထြက္လာတုန္းႏွင့္ၾကဳံသည္။

သခင္ကေတာ့သူ႕ပုံစံအတိုင္းလူကိုအေရးမလုပ္၊တစ္ခ်က္မၾကည့္ဘဲသြားသည္။

"ေန..ေနပါဦး သခင္"

လက္ႏွစ္ဖက္ကိုဂနာမၿငိမ္စြာပြတ္သပ္ေနမိသည္။

"သခင့္ကိုေျပာစရာ႐ွိလို႔ပါ"

"ဘာလဲ"

"မနက္ျဖန္က်ရင္ေဖေဖကဒီအိမ္ကို လင္းတို႔အေဖာ္ရေအာင္ဆိုၿပီးလူတစ္ေယာက္လႊတ္ေပးမလို႔တဲ့..အဲ့ဒါသခင္ ဘယ္လိုသေဘာရလဲဟင္...ေျပာခ်င္တာက သခင္ သေဘာတူရဲ႕လားလို႔ေလ...သခင္သေဘာမတူရင္ လင္းျငင္းလိုက္မလို႔ပါ"

သခင့္ပုံစံကေအးေဆးတည္ၿငိမ္ေနသည္။
သခင့္စိတ္ထဲ လူအသစ္ေရာက္မွာနဲ႔ပတ္သက္ၿပီးဘယ္လိုမွခံစားေနရတဲ့ပုံမေပၚပါ။

"မင္းပိုင္တဲ့အိမ္ပဲ မင္းလုပ္ခ်င္သလိုလုပ္ေပါ့"

"မဟုတ္ဘူးေလသခင္...သခင့္အတြက္အေႏွာက္အယွက္ျဖစ္ရရင္လည္းမေကာင္းဘူးေလ"

"မင္းတို႔ဘာသာလူဘယ္ႏွေယာက္ပဲေခၚေခၚ ငါ့အတြက္ဘာမွပိုၿပီးထူးျခားမသြားဘူး"

ျပန္ေျပာခ်ိန္ပင္မရလိုက္ပါ။သခင္ဟာ ကိုယ့္ေ႐ွ႕ကေနထြက္သြားခဲ့ၿပီ။


"ဟဲလို"

"သမီးေလး"

"ေဖေဖ မနက္ျဖန္က်ရင္ ေဖေဖေျပာတဲ့လူလာလို႔ရတယ္ေနာ္ သခင္ကမကန္႔ကြက္ဘူး"

"ေအးပါ သမီးရယ္..ဒါဆိုေဖေဖမနက္ျဖန္က်ရင္ သူ႕ကိုလာပို႔မယ္ေနာ္"

"လင္းက ညေန၃နာရီေလာက္မွအိမ္မွာ႐ွိမွာေဖေဖ ..အဲ့ဒီေနာက္မွပို႔ပါလား"

"ေအးေအး သမီး ..သမီး႐ွိတဲ့အခ်ိန္မွေဖေဖလာခဲ့မယ္ေနာ္"

"ဟုတ္ေဖေဖ...ဒါပဲေနာ္"

"ေအးေအး သမီး"

***

"ေရာင္စဥ္ နင္ရည္းစားေလးဘာေလးထားဖို႔စိတ္ကူးမ႐ွိဘူးလား"

ကန္တင္းကလူ႐ႈပ္သျဖင့္ လူ႐ႈပ္တဲ့ေနရာေတြသေဘာမက်တဲ့ကိုယ္ကေတာ့သိပ္မသြားခ်င္ပါ။ဒါေပမဲ့ သူငယ္ခ်င္းျဖစ္သူဖူးျမတ္ကေတာ့ လူစည္ကားေလသူ႕အႀကိဳက္ျဖစ္ေလျဖစ္သျဖင့္ ကန္တင္းကိုေန႔တိုင္းသြားသည္။ကန္တင္းမွာေကာင္ေလးေခ်ာေခ်ာေတြလာခဲ့ရင္ သူ႕အႀကိဳက္ေပကိုး။အခုလည္း လင္းတို႔ကန္တင္းမွာထိုင္ေနရင္းျဖစ္သည္။

"ဘာလို႔လဲ"

"နင္ဘယ္သူ႕ကိုမွမႀကိဳက္ဘူးလား...ငါနဲ႔ေပါင္းလာတဲ့တစ္ေလွ်ာက္လုံးဘယ္ေကာင္ေလးမွသေဘာက်တယ္လို႔မေျပာဖူးဘူးေနာ္..ငါဆိုcrushတဲ့သူေပါင္းမနည္းေတာ့ဘူး"

ဖူးျမတ္က ႐ုပ္ေခ်ာရင္crush လိုက္သည္။သူအႀကိဳက္ပုံစံမ်ိဳးေတြးရင္ႀကိဳက္လိုက္သည္။တကယ္တမ္းက်ရည္းစားပင္တစ္ခါမွမထားဖူးေသး။ကိုယ္ကေရာ။ ကိုယ္ကက် ဘယ္သူ႕ကိုမွထိုသို႔စိတ္ဝင္စားမႈေလးပင္မ႐ွိခဲ့ပါ။ဘယ္ေကာင္ေလးေကာင္မေလးကိုမွသေဘာမက်ခဲ့တာပါ။တကယ္တမ္း ဘယ္သူ႕မွသေဘာမက်ခဲ့တာကလည္း ရင္ထဲကတစ္စုံတစ္ေယာက္က႐ွိ‌ႏွင့္ေနၿပီမို႔ျဖစ္လိမ့္မည္။သခင့္ကို ခ်စ္တယ္ဆိုတာမသိခင္ကတည္းကသခင္ကရင္ထဲမွာ႐ွိေနၿပီးသားမို႔ဘယ္သူ႕ကိုမွရင္မခုန္ခဲ့တာဆိုမွန္လိမ့္မည္။

"ရည္းစားထားတာလြယ္တဲ့ကိစၥမွမဟုတ္တာဟာ...ရည္းစားထားမွေတာ့ ခ်စ္မွပဲထားခ်င္တာဟ..မဟုတ္ဘဲ ရည္းစားလိုခ်င္႐ုံသက္သက္နဲ႔ေတာ့မထားပါဘူး"

"အဲ့ဒါေၾကာင့္ေပါ့...နင္ကဘယ္သူ႕ကိုမွစိတ္မွမဝင္စားတာကို"

ေကြ႕သယိုသုပ္ထဲက ၾကက္သားဖက္ေတြကို တူျဖင့္ညႇပ္ယူကာ ပဲမ်ားၿပီးစားကာေနသည္။ လင္းကေတာ့ စေတာ္ဘယ္ရီေဖ်ာ္ရည္တစ္ခြက္ကိုသာ ခပ္ေျဖးေျဖးေသာက္သည္။

"တစ္ခ်ိန္ခ်ိန္ေတာ့ ႐ွိလာမွာေပါ့"
တကယ္ေတာ့႐ွိႏွင့္ၿပီးသားပါလို႔ေျပာခ်င္တာပါ ။

****

ျခံေ႐ွ႕ကိုကားတစ္စီးရပ္သျဖင့္ ေသခ်ာအာ႐ုံထားၾကည့္မိေတာ့ေဖေဖ့ကားျဖစ္ေနသည္။
လင္းအလ်င္အျမန္ပဲ ျခံေ႐ွ႕ကိုသြားလိုက္သည္။

"ေဖေဖ..ေရာက္လာၿပီလား"

ေရာက္ေနတာကိုျမင္ရက္နဲ႔ေရာက္လာၿပီလားေမးတာဟာေတြးၾကည့္ရင္ေတာ့ရယ္ခ်င္စရာပါ။ဒါေပမဲ့ ဒါဟာလည္း ဝတၱရားအရ စကားျပဳျခင္းပဲမဟုတ္လား။

"သမီးေလးေနာက္ကမမရဲ႕ပစၥည္းေတြကူသယ္လိုက္ပါဦး"

"ဟုတ္ေဖေဖ"

ေနာက္ထဲကမိန္းကေလးကဆင္းလာသည္။လင္းထက္ေတာ့အသက္ႀကီးသည့္ပုံပါပဲ။သခင့္ထက္ေတာ့တစ္ႏွစ္ႏွစ္ႏွစ္ငယ္ဦးမည္။အသားအေရဟာ သခင္ေလာက္ေတာ့မျဖဴ ညိဳသလားဆိုေတာ့လည္းမဟုတ္။ျဖဴတဲ့ထဲပါေပမဲ့ သခင္ေလာက္မျဖဴ႐ုံသာ။ေ႐ႊအိုေရာင္ဆံပင္အ႐ွည္ေတြကို တြန္႔လိမ္ထားသည္မွာ သူႏွင့္လိုက္ဖက္ပါသည္။ပိန္ပိန္လ်လ်ခႏၶာကိုယ္အထက္ကျမန္မာဝမ္းဆက္ ခရမ္းေရာင္ေလးဟာ ယဥ္ယဥ္ေလးနဲ႔လိုက္ဖက္ေနသည္။႐ုပ္ရည္မွာလည္း လွပတဲ့အထဲပါသည္။သူ႕႐ုပ္ရည္ဟာ ေအးခ်မ္းတဲ့ဘက္ကိုပိုသြားသည္။အထူးသျဖင့္မ်က္လုံးေလးေတြ။သခင္နဲ႔ဆန္႔က်င္စြာ သူ႕မ်က္လုံးေတြမွာႏူးညံ့ျခင္းေတြပါဝင္ေနသည္။

"အစ္မ ဒီကိုေပး ကြၽန္မကူသယ္ေပးမယ္"

"ေနေန...ညီမေလး
အစ္မဘာသာသယ္လိုက္မယ္..သယ္စရာကလည္းဒီတစ္ခုပဲပါတာရယ္"

ညီမေလးဆိုတဲ့အသုံးအႏႈန္းေလးေၾကာင့္ရင္ထဲေႏြးေထြးမိသြားမိသည္။အစ္မတစ္ေယာက္ရလိုက္သလို ရင္ထဲၾကည္ႏူးသြားမိသည္။သခင့္အေပၚထားတဲ့ပုံစံမ်ိဳးေတာ့မဟုတ္ခဲ့။ေသခ်ာေတြးၾကည့္ရင္ ကိုယ္ဟာ သခင့္ကို အစ္မတစ္ေယာက္လိုမ်ိဳးဘယ္တုန္းကမွမခင္တြယ္ခဲ့တာပါ။

"မဟုတ္တာ အစ္မရယ္..ကြၽန္မ သယ္ေပးပါရေစေနာ္..အစ္မက ကြၽန္မရဲ႕ဧည့္သည္မဟုတ္လား"

ထိုအခါ ထိုအစ္မက ႏွစ္လိုဖြယ္ျပဳံးျပသည္။ဒီအစ္မျပဳံးတာလွလိုက္တာ။
သခင္သာျပဳံးရင္‌ေရာဘယ္ေလာက္လွလိုက္မလဲ။သခင္သာ ကိုယ့္ကိုဒီအစ္မလိုမ်ိဳးႏွစ္ႏွစ္လိုလိုျပဳံးျပရင္ ႐ူးသြားေလာက္ေသးရဲ႕။

"သေဘာပါ႐ွင္"

"သမီး ေဖေဖအိမ္ထဲမဝင္ေတာ့ဘူးေနာ္..ဒီကမမကိုသမီးပဲေနရာစီစဥ္ေပးလိုက္ေတာ့"

ေဖေဖက ကားကိုစက္ႏိႈးရင္းေျပာသည္။

"အိမ္ထဲမဝင္ေတာ့ဘူးေပါ့..အင္းပါဒါဆိုလည္း လင္းပဲ ဧည့္သည္ကိုေခၚသြားေတာ့မယ္"

"အင္းအင္းသမီးေလ ဒါဆိုေဖေဖသြားၿပီေနာ္"

"ဟုတ္ေဖေဖ"

ေဖေဖကားေလးထြက္သြားေတာ့မွထိုအစ္မကိုစကားစလိုက္သည္။

"အစ္မ အိမ္ထဲဝင္ရေအာင္ေနာ္"

"ေကာင္းၿပီေလ သြားၾကတာေပါ့"

ထိုအစ္မပါလာတဲ့အထုတ္ကို ထိုင္ခုံမွခဏတင္ထားလိုက္သည္။သူကေတာ့လင္းနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္သည္။

"အစ္မကိုအခန္းတစ္ခန္းစီစဥ္ေပးမယ္ေနာ္..အစ္မတစ္ေယာက္တည္းေနရဲလားဟင္"

"ေနရဲပါတယ္ ညီမရဲ႕"

"အစ္မနာမည္ဘယ္လိုေခၚလဲဟင္"

"အစ္မနာမည္က ဇြန္ဦးခိုင္ပါ..ညီမ အဆင္ေျပသလိုေခၚေပါ့...အစ္မကေတာ့ညီမကို ႏြယ္ေလးလို႔ေခၚမယ္ေနာ္"

"ႏြယ္ေလး"

လင္းႏႈတ္ကတိုးတိုးေလး သူမၾကား႐ုံေရ႐ြတ္မိသည္။ဒီလိုနာမည္ကိုဘယ္သူ႕ဆီကမွမၾကားဖူးတာေၾကာင့္ျဖစ္လိမ့္မည္။လင္းနာမည္ကို ဒီလိုေခၚပုံေထာက္ရင္ ေဖေဖကအစကတည္းကနာမည္ကိုေျပာျပထားျပသားမလို႔ျဖစ္မည္။

"အစ္မႀကိဳက္သလိုသာေခၚပါ"

"အစ္မေရာက္လာတာ ညီမတို႔အတြက္အေႏွာက္အယွက္မျဖစ္ပါဘူးေနာ္"

ညီမတို႔ဆိုတဲ့စကားေၾကာင့္ သခင္လည္းပါတယ္ဆိုတာရိပ္စားမိသည္။ေဖေဖဟာ သခင္နဲ႔အေၾကာင္းကိုေျပာျပထားခဲ့တာလား။

"ေဖေဖက အစ္မကို ကြၽန္မတို႔အေၾကာင္းဘာေျပာထားေသးလဲဟင္"

"ညီမေလးကမိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္ထားတယ္ဆိုတာရယ္...အခုသူနဲ႔ဒီအိမ္မွာအတူေနတယ္ဆိုတာကိုပဲေျပာျပထားတာပါ ..အျခားအေၾကာင္းေတာ့မေျပာျပဘူးညီမေလး"

"အစ္မကိုတစ္ခုေတာင္းဆိုပါရေစ..ကြၽန္မတို႔လက္ထပ္ထားတဲ့ကိစၥကို ဘယ္သူ႕ကိုမွမေျပာပါနဲ႔ေနာ္..အထူးသျဖင့္ သခင့္ကိုေပါ့..သခင့္ေ႐ွ႕မွာ သခင္နဲ႔ကြၽန္မလက္ထပ္ထားတယ္ဆိုတာ အစ္မမသိသလိုေနေပးပါေနာ္"

ထိုအခါထိုအစ္မက တစ္ခ်က္အံ့ဩဟန္ျပသည္။ၿပီးမွသာေအးေအးလူလူျပဳံးျပသည္။

"ဘာေၾကာင့္ဆိုတာေတာ့မေမးေတာ့ပါဘူး...အစ္မ မသိသလိုေန‌မယ္ေနာ္"

"ဟုတ္‌ေက်းဇူးပါေနာ္ အစ္မ"

26.1.2024
#သခင္

Continue Reading

You'll Also Like

456K 26.8K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
3.1M 70.4K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
866K 72.2K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
3M 109K 31
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...