ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၆၆)

126 17 0
By jellyflower1

အပိုင်း(၄၆၆)

ဤတစ်ကြိမ်တွင် ရှားယွီလင်း ကိုယ်တိုင်ပင် အသိစိတ် လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထျန်းရွှမ်က ဤမျှလောက်အထိ ရက်စက်လိမ့်မည်ဟု သူ တစ်ခါလေးမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ထျန်းနင်က သူ့အကြံအစည် အားလုံးကို သိနေခဲ့သော်လည်း သူ့ကို သေမိန့်ပေးမည့် အတွေးမျိုး မရှိခဲ့ပေ။ သို့သော်လည်း လူတချို့က ထျန်းနင် ဘယ်လောက်ပဲ ညှာတာ ထောက်ထားခဲ့သော်လည်း ထျန်းနင်ကို လွှတ်ပေးမည့် အတွေး ရှိမနေခဲ့ပေ။

ရှားယွီလင်း ဒေါသထွက်လွန်း၍ ထိုင်ခုံမှ ထခုန်လုနီးပါး ဖြစ်သွားသော်လည်း ထျန်းအကြီးအကဲက သူမကို ဟန့်တားသည်။
"ဒီကိစ္စကို အဖေ့ တာဝန်ထားပါ။ ရှောင်နင်ကို ထပ်မနာကျင်စေရဘူး"

ရှားယွီလင်းက ထျန်းအကြီးအကဲ၏ လေးနက်သော အကြည့်ကို ကြည့်ပြီး နောက်ဆုံးတော့ သူ့ထိုင်ခုံပေါ်မှာ ပြန်ထိုင်သည်။

ထျန်းအကြီးအကဲက ပြဿနာကို မျှမျှတတ ဖြေရှင်းမလား သူ သိချင်မိသည်။

"သူက ထျန်းမိသားစုဝင် မဟုတ်တော့ပေမဲ့ သူ့ဗိုက်ထဲမှာ ထျန်းမိသားစုရဲ့ ကလေး ရှိနေသေးတယ်။ ကလေးမွေးပြီးရင် မင်းတို့နှစ်ယောက် ကျေနပ်လောက်တဲ့ အဖြေ ပေးပါမယ်"

ထျန်းအကြီးအကဲက ဤနည်းလမ်းကို ကြံရွယ်ခြင်းက အတော်အတန် အကျိုးအကြောင်း သင့်လျော်သည်။ မည်သို့ပင် ဆိုစေကာမူ ကလေး၏ခန္ဓာကိုယ်ထဲ ထျန်းမိသားစု၏ သွေးများ စီးဆင်းနေသည်။ ကလေးကို ကျုံးမိသားစု လက်ထဲ အပ်ခဲ့လျှင် ကလေး ဘယ်လို အဆုံးသတ်မလဲ သေချာ မသိနိုင်ပေ။ အဆိုးရွားဆုံး အနေဖြင့် ထျန်းရွှမ်က ကလေးကို အသုံးချပြီး နောက်တစ်ကြိမ် ထျန်းမိသားစုကို ခြိမ်းခြောက် လာနိုင်သည်။

"အခုကစပြီးတော့ သူ့ကြောင့် နောက်တစ်ကြိမ် မျက်ကန်းတစ္ဆေ မဖြစ်တော့ဘူး"

ထိုစကားသံကို ကြားပြီးနောက် ရှားယွီလင်း လုံးဝ တည်ငြိမ်သွားသည်။ ဤတစ်ကြိမ်တွင် ထျန်းအကြီးအကဲက အလေးအနက် ပြောနေကြောင်းလည်း သူမ သိနေသည်။

သူက ထျန်းရွှမ်ကို အကြိမ်ပေါင်းများစွာ အခွင့်အရေး ပေးခဲ့ဖူးသော်လည်း အချိန်တိုင်း ထျန်းအကြီးအကဲ နာကျင်ခဲ့ရသည်။ ထျန်းရွှမ်က သူ့စိတ် ကျေနပ်မှုအတွက် သူ့ညီမအရင်း၏ သားအိမ်ကို ဖယ်ထုတ်ရန် ကြိုးစားခဲ့သည်။

ထျန်းရွှမ်တွင် လူသားဆန်သော ခံစားချက် အနည်းငယ် ရှိမည်လော။

ရှားယွီလင်းက ထျန်းအကြီးအကဲ၏မျက်ဝန်းကို တည့်တည့်ကြည့်ရှုသည်။ ထိုစဉ်အခိုက်အတန့် အိုမင်နေသော သူ့အကြည့်တွင် ထျန်းရွှမ်ကို မုန်းတီးသော အမုန်းများ တောက်လောင်နေသည်။

...

အခန်းအပြင်မှာ ဆရာဝန်လင်း ဖြစ်ပျက်သမျှ အားလုံးကို အသေးစိတ် ရှင်းပြနေခဲ့သည်။ သူ့ကို ခြိမ်းခြောက် ဖိအားပေးခံရသည်ဟု အယူခံဝင်သော်လည်း မို့ထင်က သူ့ကို ညှာတာပေးမည့် အတွေး မရှိခဲ့ပေ။

"ငါ့မိန်းမက ကိုယ်ဝန်ဆောင်လို့ မရဘူးလို့ သတင်းပေါက်ကြားအောင် လုပ်ခဲ့တာ ဘယ်သူလဲ"

"အဲလိုလုပ်ဖို့ ထျန်းရွှမ်က တခြားတစ်ယောက်ကို ရှာခဲ့တာပါ။ တကယ်တမ်း ဒါက ငါနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
ဆရာဝန်လင်းက ထိတ်ထိတ်ပျာပျာ လက်ခါရမ်းသည်။

ချောင်ဆေးရုံအကြီးအကဲက ဆရာဝန်လင်း ဖော်ထုတ်ခဲ့သည့် အဖြစ်အပျက်များကြောင့် တုန်လှုပ်နေရသည်။ သူ့လို အပြင်လူတစ်ယောက်ကပင် ယခုလို အခြေအနေမျိုးကို တည်တည်ငြိမ်ငြိမ် မရင်ဆိုင်နိုင်ပေ။

"မို့သူဌေး၊ မစိုးရိမ်ပါနဲ့။ ဒီပြဿနာအတွက် ခင်ဗျား ကျေနပ်လောက်တဲ့ အဖြေပေးပါ့မယ်။ အခုပြဿနာမှာ ပတ်သက်သူအားလုံး ဆေးပညာလောကမှာ မရှိစေရပါဘူး။ အခုဖြစ်ရပ်က မင်းရဲ့မိန်းမအတွက် ဘယ်လောက်တောင် အန္တရာယ်များလဲ ငါတို့ ကောင်းကောင်း သိပါတယ်။ အချိန်မှီ အမှန်တရားကို စုံစမ်းမိသွားလို့ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီနတ်ဆိုးကောင်တွေ အောင်မြင်သွားလောက်ပြီ"

"ဒါဆိုရင် ခုချက်ချင်း ရဲခေါ်လိုက်ရမလား"

"ရဲခေါ်မယ် ဟုတ်လား။ မလိုအပ်ဘူး"
မို့ထင် ခနဲ့သည်။
"သူတို့ ဘာမှ မလုပ်ရသေးတော့ တရားသူကြီးက သူတို့ကို နှစ်နည်းနည်းလောက် ထောင်ချရုံပဲ အမိန့်ပေးမှာပေါ့။ ရဲလက်အပ်လိုက်ရင် သူတို့ပြစ်ဒဏ်က ပေါ့လွန်းသွားတယ်"

"ဒါပေမဲ့ မို့သူဌေး"

"ကျွန်တော့်မှာ တခြားအစီအစဉ် ရှိသေးလို့ ခင်ဗျားတို့ဆေးရုံကို အပြစ်အတွက် တာဝန် မယူခိုင်းပါဘူး။ ဒါ ကျွန်တော် ပေးနိုင်တဲ့ သဘောတူညီမှုပဲ။ ဒီလူတွေကို အပြစ်ပေးလို့ရတဲ့ နည်းလမ်းပေါင်း ထောင်ချီ ရှိပြီသားပါ။ သူတို့ကို ကျွန်တော်လက်ထဲ ထည့်လိုက်ပါ။ ကျွန်တော်ကိုယ်တိုင် သူတို့ကို စီရင်မယ်"

ဆေးရုံအကြီးအကဲက ဆရာဝန်လင်းကို ကြည့်ပြီး သူမ ကျူးလွန်ခဲ့သော ပြစ်မှုများကို တွေးကာ နောက်ဆုံး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"

"ခေါင်းဆောင်ရယ် ငါတို့ကို ဟိုက်ဟွေ့လက်ထဲ မအပ်ပါနဲ့။ တောင်းပန်ပါတယ်"

"မင်း မကောင်းမှုလုပ်တဲ့ အချိန်တုန်းက ဒီလိုနေ့မျိုး ကြုံလာမယ်လို့ မျှော်လင့်ခဲ့လို့လား။ မင်း ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့သူက မို့သူဌေးရဲ့မိန်းမ။ သူ့အချစ်ဆုံးသူ။ တစ်စုံတစ်ယောက်က မင်းရဲ့သားကို ထိခိုက်အောင် လုပ်ရင် မင်းရော ခွင့်လွှတ်မလား"

ထိုစကားသံများကို ကြားပြီးနောက် ဆရာဝန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခွန်းတုံ့ပြန်နိုင်ခြင်း မရှိပေ။

"ဒီကနေ့ ဒီအချိန်ကစပြီးတော့ ဒီစာရင်းထဲပါတဲ့ လူအားလုံးက ရာထူးက ဖယ်ရှားတယ်။ မင်းတို့ရဲ့ ဆေးကုလိုင်စင်လည်း သိမ်းမယ်။ မင်းတို့လို လူတွေက ဆရာဝန် ဝတ်စုံ ဝတ်ဖို့ မထိုက်တန်ဘူး"

"မို့သူဌေး။ ဒီလူတွေကို မင်းလက်ထဲ အပ်ပါတယ်။ မင်းစိတ်ကြိုက် လုပ်ချင်ရာ လုပ်နိုင်တယ်"
ဆေးရုံအကြီးအကဲက မတ်တတ်ထရပ်ပြီး ဆရာဝန်လင်းကို စိတ်ပျက်ဟန် ကြည့်သည်။ အဆုံးသတ်မှာ သူလည်း လှည့်ထွက်သွားခဲ့သည်။

ထို့နောက် မို့ထင်က လုချယ်ကို ပင်ပန်းဟန် အကြည့်ဖြင့် ကြည့်သည်။ လုချယ်က သူ ပြောချင်သည့် အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်လိုက်၍ ထျန်းနင်ကို သွားခေါ်သည်။

တကယ်တမ်း ထျန်းနင်က ကိုယ်ဝန်ရှိပြီး နောက်ပိုင်း ယခုလို တိုက်ပွဲမျိုးတွင် ပါဝင်ချင်သည့် အတွေး မရှိပေ။

"မဒမ်"

ဆရာဝန်လင်းက ထျန်းနင် ခန်းမဆောင်ထဲ ဝင်လာခြင်းကို စောင့်ကြည့်သည်။ သူမက အေးဆေး တည်ငြိမ်၍ သူမကို အသနားခံကြည့်ရန် ကြိုးစားသည်။
"မဒမ်မို့ကို ထိခိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ထျန်းရွှမ် ညွှန်ကြားတဲ့ အတိုင်း လုပ်ခဲ့တာပါ။ ကျွန်မက single motherပါ ကျွန်မကို လွှတ်ပေးပါနော်"

ထျန်းနင်က သူ့ကို လျစ်လျူရှုကာ မို့ထင်ဘေးနား လမ်းလျှောက်သွားသည်။

ထျန်းနင်က အေးဆေး တည်ငြိမ်သော်လည်း အကောင်းအဆိုးကို ခွဲခွဲခြားခြား သိသူ ဖြစ်သည်။

"ငါ အရင်တည်းက အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီသားပါ။ ငါက ဘယ်သူ့ကိုမှ အရင်ဆုံး မတိုက်ခိုက်ဘူးလို့။ နင်တို့ဘက်က အရင်ရန်ရှာလို့သာ တန်ပြန် တိုက်ခိုက်ခဲ့ရုံပဲ။ ဒါက မျှတပါတယ်"

ထိုစကားကို ပြောပြီးနောက် သူမက ဆရာဝန်ကို စူးစူးရဲရဲ ကြည့်သည်။
"နင်က ငါထိခိုက်အောင် ကြံရွယ်ခဲ့ဖူးတယ်။ ပုံမှန်ဆိုရင် ငါခွင့်လွှတ်ပေးလို့ ရပေမဲ့ ငါ့ကလေး ငါ့ယောက်ျားနဲ့ ပတ်သက်နေတော့ လုံးဝပဲ"

"နင်က တစ်ကိုယ်တည်း ရပ်တည်နေရတဲ့ မိခင်ဆိုတာ ငါသိတယ်။ နင့်ယောက်ျားနဲ့ ကွာရှင်းထားတယ်။ နင့်ယောက်ျားက ဆင်းရဲလို့ ကလေးကို ခေါ်ထားချင်တယ်"

"နင်က ငါ့ကလေး ဆုံးရှုံးရအောင် ကြိုးပမ်းခဲ့တော့ နင်လည်း တန်ပြန် ခံစားရမယ်။ ကလေးက သူ့အဖေနဲ့ နေတာ ပိုကောင်းမှာပါ"

ထျန်းနင်က သူမ၏ကလေးကို ယူသွားမည်ကို ကြားကြားချင်း ဆရာဝန်လင်း ချက်ချင်း ကြောက်စိတ်မွှန်ထူသွားသည်။
"မလုပ်ပါနဲ့။ ငါ တောင်းပန်ပါတယ်။ ငါ့ကလေးက ငါ့ဘဝပါ"

"ငါ့ကလေးကလည်း ငါ့ဘဝပဲလေ"

ထျန်းနင်က လေသံကျယ်ကျယ် မပြောခဲ့သော်လည်း သူ့စကားလုံးတိုင်းက လေးနက်သည်။

"နင့်ကလေးကို အရေးပါတယ်လို့ ခံယူထားရင် အကျင့်ပျက်တဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့သင့်ဘူး။ နင်လုပ်ခဲ့တဲ့အမှားအတွက် နင့်ကို အပြစ်ပေးသင့်တယ်"

မို့ထင်က ထျန်းနင်ကိုကြည့်ပြီး သူမ၏လက်ကို ညှစ်ထားသည်။ သူမ လက်စားချေပြီးပြီ ဖြစ်၍ ဒေါသစိတ်ကြောင့် သူမ၏ခန္ဓာကိုယ် မထိခိုက်အောင် သတိပေးခြင်း ဖြစ်သည်။ ထို့နောက် သူက လုချယ်ကို ညွှန်ကြားသည်။
"ရှောင်နင် ဘာပြောလိုက်လဲ မင်းကြားတယ်နော်။ သူ ပြောတဲ့အတိုင်း သွားလုပ်လိုက်တော့"

အပိုင်း(၄၆၆)
ပြီး၏။

Continue Reading

You'll Also Like

852K 70.7K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
13.7K 1K 14
Author - 枝玖 He only told me that he wanted me to live.
2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
671K 73.7K 130
အခွက်ပြောင်လွန်းတဲ့ ဆရာ နဲ့ အင်နိုးဆန့်တပည့်လေး တို့ရဲ့စတိုရီလေးပါ😝 Name;Seduce & Subdue/Hold my master Type;Boy'Love/Comedy(On Going) I don't won a...