သခင် (Completed)

Door Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... Meer

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၉)

4.8K 274 4
Door Say_YaRr7

Unicode

ဒီနေ့ဟာသခင်နဲ့အတူတူအိမ်အသစ်လေးကိုစရောက်တဲ့နေ့လေးဖြစ်၍ ရင်ခုန်စိတ်လှုပ်ရှားမိပါသည်။သခင်နဲ့အတူနှစ်ယောက်တည်းနေရမဲ့အဖြစ်ဟာ ကိုယ့်အတွက်တော့ပျော်ရမှာလား၊ ဝမ်းနည်းရမှာလားဝေခွဲမရပါ။

အခန်းထဲကိုပစ္စည်းတွေချပြီး ဧည့်ခန်းမှာနားနေသောသခင့်ကို စကား‌ပြောချင်ပေမဲ့မရဲတင်းပါ။သခင်က ကိုယ့်ကိုတစ်လမ်းလုံးစကားမှမပြောခဲ့တာ။ဒါပေမဲ့ မခေါ်လို့လည်းနေလို့ရမည်မဟုတ်။တစ်အိမ်ထဲမှာလူနှစ်ယောက်ပဲရှိတာ သခင့်ကိုမှမ‌ခေါ်ရင်ခေါ်စရာလူကမရှိ။ကိုယ်တိုင်ကလည်းသခင်နဲ့ပတ်သက်ချင်နေတာဆိုပိုမှန်လိမ့်မည်။

"သခင်"

လင်းမရဲတရဲခေါ်လိုက်သည်။
သခင်ကတစ်ချင်မော့ကြည့်၏။

"အိမ်ကအသစ်ဆိုတော့ အိမ်သစ်တက်ရဦးမှာပေါ့နော်"

"ဘာမင်္ဂလာမှရှိလာစရာအကြောင်းလည်းမရှိတာမို့ ဘာအိမ်သစ်မှတက်စရာမလိုဘူး"

"အင်းပါ သခင်ကမလိုအပ်ဘူးဆိုရင်လည်းမလုပ်ပါဘူး"

"နေဦး"

လင်း သခင့်နားကနေထွက်သွားမည်အပြု
သခင့်ရဲ့ဟန့်တားသံကြောင့် လှမ်းနေတဲ့ခြေလှမ်းတွေရပ်တန့်သွားမိသည်။

"ဘာ‌များလဲသခင်"

"အိပ်ခန်းကတစ်ခန်းစီအိပ်မှာနော်"

"ဟုတ်ကဲ့ပါ"

"နောက်ပြီး ထမင်းဟင်းကိုယ့်ဘာသာချင်နော် ...ငါကတော့ချက်မကျွေးနိုင်ဘူး"

"ဟုတ်ကဲ့ပါ ..လင်း ကိုယ့်ဘာသာဝယ်စားမှာပါ"

လင်းအခုအချိန်ထိ ထမင်းပင်မချက်ဖူးသေးပါ။အဆိုးဆုံးပြောရရင် ကြက်ဥပင်ဘယ်လိုပြုတ်ရမယ်မသိသေး။သခင်ကတော့အရာရာမှာထက်မြက်သူပီပီ အကုန်လုပ်တတ်သည်။

"မင်းအဖေက မင်းကိုအိမ်ထောင်ကျ ချ‌ပေး
တတ်တယ်နော်..ထမင်းဟင်းချက်တတ်အောင်ကျ သင်မပေးထားဘူးလား...မင်းကရောဒါတွေလုပ်ဖို့စိတ်ကူးမရှိဘူးလား...ငါ့နေရာမှာယောက်ျားတစ်ယောက်နဲ့သာမင်းရကြည့် မင်းအခုလိုမျိုးထမင်းဟင်းမချက်တတ်ဘဲနေလို့ရမယ်မထင်နဲ့"

ယောက်ျားတစ်ယောက်ဆိုရင်ရော ယူခဲ့မယ်လို့ထင်ခဲ့တာလား။သခင်ဖြစ်နေလို့လက်ထပ်ခဲ့တာ သခင်မှမသိဘဲ။

"သခင်က လင်းကိုထမင်းဟင်းချက်တတ်စေချင်လို့လား"

"ဟုတ်တယ်"

"ဒါဆိုချက်ပါ့မယ်"

"မင်းကိုစေတနာပါလို့တော့မဟုတ်ဘူးနော် မင်းကိုပင်ပန်းစေချင်လို့"

"အင်းပါ သခင်ကပင်ပန်းစေချင်တယ်ဆိုတော့လည်း ပင်ပန်းခံရုံပေါ့"

"တောက်"

သခင်ကသူ့ကိုရွှဲ့ပြောတယ်လို့ထင်သွားတာထင်ပါရဲ့။တောက်တစ်ချက်ခေါက်ကာထွက်သွားသည်။

**

"ရောင်စဉ်...မင်းမြတ်မောင်ကနင့်ကိုကြိုက်နေတာထင်တယ်နော် ဟိဟိ"

"ပေါက်ကရတွေ..သူကငါ့ကိုဘာလို့ကြိုက်ရမှာလဲ"

"နင့်ကိုကြိုက်နေတာအသိသာကြီး..နင်သာမသိရင်မသိမယ်..ဘေးကငါတို့ကသိနေတယ်ဟ"

"တော်ပါ...သူနဲ့ငါကသူငယ်ချင်းပဲ..သူ့ဆီမှ
ဂစ်တာတီးသင်နေလို့ သူနဲ့ရင်းနှီးနေလို့ နင်တို့ထင်နေတာပါ"

"ဒီလောက်တော့အကဲခတ်တတ်ပါတယ်ဟ....သူနင့်ကိုကြိုက်နေတာပါ..နင်ကရောပြန်မကြိုက်ဘူးလား"

"မကြိုက်ပါဘူး"

"တမောင်မောင်နဲ့ကို"

"အဲ့ဒါသူ့နာမည်အရှည်မခေါ်ချင်လို့ တစ်လုံးပဲခေါ်လိုက်တာလျှောက်တွေးမနေနဲ့ "

"အေးပါ အေးပါ"

ဖူးမြတ်ကိုတောင် သခင်နဲ့လက်ထပ်တဲ့အကြောင်းမပြောခဲ့တာပါ။သူသာသခင်နဲ့လက်ထပ်ထားမှန်းသိရင် အခုလိုစနေမှာမဟုတ်တာသေချာသည်။

"မောင်က လာမှာတော့ဟုတ်ရဲ့လား"

"လာမှာပါ သေချာပြောထားတာကို"

မောင့်ကိုစောင့်ရင်းကော်ဖီသောက်နေရသည်မှာတစ်ဝက်ပင်ကုန်တော့မည်။နောက်ကျတတ်သူ မောင်ကတော့အခုထိပင်ပေါ်မလာသေး။

"ရောင်စဉ်...ဟိုမှာ နင့်မမ မဟုတ်လား"

"ဘယ်သူလဲ ...သခင်လား"

"အေးဟုတယ်  ကြည့်လိုက်...ဘေးကလူကအချောပဲ..သူ့ရည်းစားထင်တယ်နော်"

ဖူးမြတ်ညွှန်ပြရာဆီကြည့်လိုက်‌တော့
လင်းတို့ဆိုင်ထဲကိုဝင်လာတဲ့သခင်နဲ့အတူအမျိုးသားတစ်ယောက်။ စတိုးဆိုင်မှာတွေခဲ့တဲ့တစ်ယောက်တော့မဟုတ်။သခင်ကို့‌လှမ်းကြည့်နေတုန်းသခင်က ကိုယ့်ကိုမြင်သွား
သဖြင့် သခင့်ကိုပြုံးပြလိုက်သည်။သို့ပေမဲ့သခင်ဟာ ချက်ချင်းပဲအကြည့်လွှဲသွားသည်။ဒီခံစားချက်ဟာ အောင့်သက်သက်တော့နိုင်လှသည်။

"နင့်မမကမာနကြီးတယ်နော်"

"ဘာလို့အဲ့လိုထင်ရတာလဲနင်က"

"နင့်ကိုမြင်တာတောင်မနှုတ်ဆက်ဘူးလေ"

"သခင့်ကအဲ့လိုပါပဲ မာနကြီးတယ်ရယ်တော့မဟုတ်ပါဘူး...သူ့ဘာသာအေးအေးဆေးဆေးနေတတ်တာပါ"

"လင်း...ဖူးမြတ် စောင့်နေရတာကြာပြီလား"

သခင့်ကိုသာလှမ်းလှမ်းကြည့်နေမိသဖြင့်မောင်ရောက်လာတာကိုပင်မသိလိုက်ပါ။သခင်ကတော့သူနဲ့အတူပါလာတဲ့သူနဲ့ စကားပြောများပြောနေသည်။ကိုယ့်ဘက်ကိုပင်တစ်ချက်မကြည့်ပါ။

"ကြာပေါ့"

"အေးပါ ငါနည်းနည်းနောက်ကျသွားတယ်"

"များများနောက်ကျတာပါနော်"

"လင်း နင်ကငြိမ်လှချည်လား"

အခုထိစကားဝင်မပြောသေးသဖြင့် မောင်ကမေးလိုက်ခြင်းဖြစ်သည်။လင်းဘယ်သူ့ကိုမှစကားပြောချင်စိတ်ရှိမနေပါ။ဖြစ်နိုင်ရင် အိမ်ကိုသာပြန်ချင်မိတော့သည်။

"မောင် နင်မုန့်စားဦးမှာလား"

"စားမှာပေါ့ဟ"

"စားမှာဆိုမြန်မြန်မှာလေ"

"အင်းပါ..ဘာလဲစောင့်ရတာပျင်းနေပြီလား"

"ဆိုပါတော့"

"ဒါဆို ငါမစားတော့ပါဘူး..ငါလည်းသိပ်မဆာဘူးလေ...နင့်ကိုတွေ့ချင်လို့သာ လာခဲ့တာ"

မောင့်စကားကြောင့် ဘေးနားကထိုင်နေတဲ့ဖူးမြတ်က လက်မောင်းကိုမသိမသာဆွဲဆိတ်လိုက်သည်။သူပြောတာမှန်တယ်ဆိုတဲ့အကြောင်းကို ပြောချင်နေတာပဲဖြစ်သည်။

"ညနေကျရင်လည်း နင့်ဆီကိုရောင်စဉ်
ကလာဦးမှာပဲမဟုတ်လား"

"အဲ့ဒါကသူကဂစ်တာပဲတီးတာဟ...စကားမှကောင်းကောင်းမပြောရတာ"

သူတို့ပြောတာတွေလည်းအာရုံမရပါ။သူတို့လည်းပြောချင်ရာပြောနေကြသလို ကိုယ်လည်းကြည့်ချင်ရာကြည့်သည်။ကိုယ်ကြည့်တာကတော့သခင်တို့ကိုပါပဲ။

"အဟွတ်ဟွတ်"

ဘယ်လိုကနေဘယ်လိုဖြစ်ပြီးသီးသွားသလဲမသိပါ။သေချာတာကတော့စိတ်နဲ့လူနဲ့မကပ်တာကြောင့်ပဲဖြစ်မည်။

"လင်း..ရရဲ့လား"

သီးသွားတာမျက်ရည်ပင်ဝဲသွားသည်။မောင်က သူ့လက်ကိုင်ပဝါကိုယူကာလင်းမျက်ရည်စများကိုသုတ်ပေး‌သည်။ရင်ထဲရှက်ကိုးရှက်ကန်း ဖြစ်မိသဖြင့် ဘေးဘီကိုကြည့်မိတော့ ကိုယ့်ကို စူးစူးရဲရဲကြည့်နေသောသခင့်မျက်ဝန်းတွေနဲ့ဆုံသည်။စိတ်ထဲ၌သခင်အထင်အမြင်လွှဲမှားသွားမှာစိုးရိမ်မိလိုက်၏။ထို့ကြောင့် မောင့်လက်ကိုမသိမသာရှောင်တိမ်းလိုက်သည်။

"ရတယ်မောင် ဘာမှမဖြစ်ဘူး"

"အင်းအင်း...နင်ကလည်းသတိထားမှပေါ့ ကလေးလည်းမဟုတ်ဘဲနဲ့ကို"

"သွားရအောင်လေ....နင်ဘာမှမစားတော့ရင်လည်း"

"နင်ညနေကျရင်တော့တကယ်လာမှာပါနော်"

"လာမှာပါ ဖူးမြတ်ရောပါမှာ"

"အေးပါ"

"ဖူးမြတ် ငါရှင်းလိုက်တော့မယ်...ဒီနေ့တော့ငါပဲရှင်းလိုက်မယ် နင့်ကိုငါဝယ်ကျွေးတာ"

"သဘောသ‌ဘော"

ပေါင်းသင်းလာတာကြာပြီဖြစ်တာမလို့ တစ်ယောက်နဲ့တစ်ယောက်အားနာစရာမလိုသဖြင့်သူလည်းငြင်းမနေပါ။လင်းလည်းသူဝယ်ကျွေးတဲ့အခါမျိုးဆို မငြင်းမိပါ။

ပိုက်ဆံရှင်းအပြီးဆိုင်ကထွက်ခါနီးသခင့်ကိုကြည့်လိုက်တော့သခင်က ကိုယ့်ကိုကြည့်မနေပါ။တကယ်ပဲ ဘယ်လိုစိတ်နဲ့များသခင်ကြည့်နေမှာကိုမျှော်လင့်ရဲပါလိမ့်။သခင်ဟာ ဘယ်တုန်းကမှကိုယ့်အကြောင်းကိုအာရုံမထားခဲ့တာပါ။

မသိလိုက်တာက ဆိုင်ထဲကထွက်သွားတဲ့ကောင်မလေးကို သခင်ငေးကြည့်နေခဲ့တယ်ဆိုတာကိုပေါ့။

****

"သခင် ထမင်းစားချင်စားတော့လေ....လင်းချက်ထားတယ်...ဟင်းကတော့ သိပ်မချက်တတ်သေးလို့ လက်ဖက်သုပ်နဲ့ ကြက်ဥကြော်ရယ်ပဲရှိတယ်..နောက်နေ့တွေကျရင်တော့ ဟင်းချက်နည်းကြည့်ပြီးချက်မှာပါ"

မရဲတရဲနဲ့လူကိုလာပြောနေတဲ့ကောင်မလေးကို တစ်ချက်မော့ကြည့်လိုက်သည်။ လက်မှာလည်းဆီပူစင်ထားလို့ထင်ပါရဲ့ အနီစက်ကလေးတွေ။တကယ်ပဲ ကြက်ဥကိုတောင် သေချာမကြော်တတ်ဘူးထင်ပါရဲ့။

"မစားချင်ဘူး...နောက်ရက်တွေ
လည်း မင်းတစ်ယောက်စာပဲချက်ချင်ချက်...ငါဖို့မချက်နဲ့"

"ဘာလို့လဲ သခင်"

"မင်းချက်တာ မစားချင်လို့"

"ဟုတ်ကဲ့ပါ"

ဘာပြောပြောမျက်နှာငယ်လေးနဲ့ မျက်လွှာချသွားပုံက သူများတွေအတွက်တော့ ဂရုဏာသက်ချင်စရာကောင်းချင်ကောင်းနေလိမ့်မည်။သခင့်အတွက်တော့ လုံးဝမုန်းချင်စရာပါ။သူဘာလုပ်လုပ်ကိုမုန်းနေမိတာ။

"သခင်နဲ့မနက်ကကော်ဖီဆိုင်မှာတွေ့တဲ့သူက ဘယ်သူလဲဟင်"

‌"မင်းအလုပ်မဟုတ်ပါဘူး..ငါပြောထားမယ် မင်းငါ့ကို အကြောင်းအရင်းမရှိဘဲစကားလာမပြောနဲ့...မင်းနဲ့စကားပြောရတာ စိတ်ရှုပ်ဖို့ကောင်းလို့..ငါ့ဘာသာတစ်ယောက်တည်းနေပါရစေ"

"သခင်နဲ့နှစ်ယောက်တည်းရှိတာလေ သခင်ရယ်..သခင့်ကိုစကားမပြောလို့ ဘယ်သူ့ကိုသွားပြောရမလဲ"

"အဲ့ဒါငါနဲ့မဆိုင်ဘူး..ငါပြောထားပြီးသားနော်..ငါ့ကိုဘာစကားမှလာမပြောနဲ့"

"ဟုတ်ကဲ့ပါ"

သခင်ကကိုယ် ချက်တာမစားသဖြင့် ကိုယ်လည်းစားချင်စိတ်မရှိလို့မစားခဲ့ပါ။ ညနေကမှ ဝယ်လာတဲ့ဟင်းချက်နည်းစာအုပ်လေးကလည်းလိုအပ်တော့မှာမဟုတ်။အစကတည်းကသခင့်ဆီကအမှတ်ယူချင်လို့သာ ဟင်းချင်ဖို့ကြိုးစားကြည့်ချင်ခဲ့တာပါ။အခုတော့ ဒါတွေဟာ လိုအပ်တော့မှာမဟုတ်။

**

"ဂျိမ်း......ဂျိမ်း..."

အဆက်မပြတ်မိုးခြိမ်းသံများကြောင့် နားနှစ်ဖက်ကိုလက်ဖြင့်အတင်းပိတ်ထားမိသည်။အရင်တုန်းကမိုးခြိမ်းရင် ဖေဖေ့ဆီအပြေးသွားနေကျဖြစ်သည်။အခုလည်းမိုးတွေစရွာတော့ သခင့်ဆီကိုသွားခဲ့ပါသေးတယ်။ဒါပေမဲ့ သခင့်ဆီကတုံ့ပြန်စကားက

'မနေရဲလည်းနေရဲအောင်နေ ငါ့အခန်းထဲလုံးဝမထားနိုင်ဘူး'တဲ့ ။

"ဂျိန်း..."

"အမေ့"

"ဂျိန်း..ဂျိန်း"

ဒီအသံတွေကိုအရမ်းကြောက်မိပါသည်။ဘယ်လိုမှရင်မဆိုင်ရဲပါ။အဆက်မပြတ်သောမိုးခြိမ်းသံတွေအကြား ကြောက်စိတ်ဟာလည်းဘယ်လိုမှတားဆီးမရခဲ့။နားနှစ်ဖက်ကိုသာခပ်တင်းတင်းပိတ်ရင်း ခုတင်လေးအောက်မှာ စောင်လေးကိုခြုံရင်းဝင်နေခဲ့လိုက်သည်။

တကယ်တော့သခင်လည်းညကဖြောင့်ဖြောင့်အိပ်မရခဲ့ပါ။မိုးကလည်း မနက်၆နာရီထိခြိမ်းရင်းရွာရင်းရွာခဲ့သည်။သခင်ဟာ မိုးခြိမ်းသံကိုလုံးဝမကြောက်တတ်တဲ့လူမျိုးဖြစ်သည်။ဒါပေမဲ့ ဘာကိုတွေးပူနေမှန်းမသိအောင် အိပ်မရဖြစ်ခဲ့သည်။

နာရီအားဖြင့်မနက်၈နာရီ။ဒီအချိန်ဆို ထိုကလေးကျောင်းသွားတဲ့အချိန်သာဖြစ်သည်။အခုတော့ဖြင့်အရိပ်မယောင်တောင်မတွေ့ရသေး။မသင်္ကာသဖြင့် အခန်းတံခါးကိုခေါက်တော့ပြန်ထူးသံကိုမကြားရ။ဒါနဲ့ပဲတံခါးကိုဖွင့်လိုက်တော့ အလွယ်တကူပဲပွင့်သွားသည်။

အခန်းထဲကြည့်တော့လည်းမတွေ့။ ရေးချိုးခန်း၊အိမ်သာ၊မီးဖိုချောင်အစရှိသဖြင့်ရှာတော့လည်းမတွေ့ရပါ။နောက်ဆုံးသူ့အခန်းထဲကိုသာ ပြန်ဝင်ကြည့်လိုက်သည်။ ကုတင်ပေါ်မှာစောင်ကရှိမနေ။စိတ်ထင်တာနဲ့ ကုတင်အောက်ကိုကြည့်လိုက်မိသည်။မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်စိတ်ထဲ၌ သနားသလိုလို စိတ်မကောင်းသလိုလို ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သလိုခံစားလိုက်ရသည်။

ခုတင်အောက်ကလေးမှာ နားနှစ်ဖက်ကိုအုပ်ရင်း စောင်ပုံကြားထဲမှာအိပ်ပျော်နေသော ကောင်မလေး။တကယ်‌တော့
သူဟာ ငယ်ငယ်လေးကတည်းက မိုးခြိမ်းသံကိုလန့်သွားခဲ့တာပါ။ညတစ်ညမှာမိုးအကြီးအကျယ်ရွာကာမိုးကြိုးတွေပစ်သဖြင့် အသည်းအသန်အလန့်စွဲသွားခဲ့သည်။ထိုအချိန်ကတည်းကမိုးခြိမ်းသံများကိုရင်မဆိုင်ရဲဖြစ်ခဲ့ရတာ။သခင်ဟာ ဒါတွေကိုသိပါရက်နဲ့ ပစ်ထားမိခဲ့သည်။

သူ့ကိုအသာအယာပုတ်နိုးလိုက်သည်။

"လင်းရောင်စဉ်နွယ်..ထတော့"

တစ်ခွန်းပဲနိုးလိုက်ပေမဲ့ချက်ချင်းနိုးလာသည်။

"ဟင်..သခင်"

"မင်းကျောင်းမသွားဘူးလား"

ထိုအခါမှ ခုတင်အောက်ကနေအတင်းထကာ ဖုန်းကိုကြည့်နေသည်။

"၈နာရီကျော်နေပြီပဲ...မမီတော့ပါဘူး"

လင်းကတော့သခင့်ကိုရည်ရွယ်ပြောလိုက်ခြင်းတော့မဟုတ်။မိမိဘာသာတစ်ယောက်တည်းရေရွတ်နေခြင်းသာ။

"မီတဲ့အချိန်တွေမင်းကမတက်တော့ဘူးလား"

"မတက်တော့ပါဘူး.….တစ်ရက်တစ်လေ ဘာမှမဖြစ်ပါဘူး"

သခင်ကဘာမှပြန်မပြောတော့။ထွက်သွားရန်ဟန်ပြုနေသည် ။ထိုစဉ် သခင့်လက်အားလှမ်းဆွဲထားလိုက်မိသည်။

"သခင် လင်းကိုလာနှိုးတာလားဟင်"

သခင့်ကသူ့လက်ကိုကိုင်ထားသောလက်အားဖြုတ်ချလိုက်သည်။နောက်တော့မနှစ်မြို့သလို အကြည့်ဖြင့်ကြည့်ကာ

"ငါ့အသားကို မထိစမ်းနဲ့..မင်းကိုရွံ့လို့"

ဒါပဲပြောပြီး အခန်းထဲမှထွက်သွားသည်။ကျန်ခဲ့သူမှာတော့ မျက်ရည်မခိုင်စွာကျရပြန်သည်။သခင်ဟာ တကယ်ပဲစကားလုံးတွေနဲ့ အပြုအမူတွေနဲ့နှိပ်စက်လွန်းပါသည်။

"သခင် ..သခင့်ကိုချစ်မိနေတာသေချာနေပါပြီ...လင်းလေ သခင့်ဆီကဥပေက္ခာတွေကိုလည်းအရမ်းကြောက်နေမိပါပြီ..သခင့်ဆီကအမုန်းတွေကိုလည်းမလိုချင်ဘူး...သခင့်စကားကြမ်းကြမ်းတွေကိုလည်း နားထောင်နိုင်စွမ်းမရှိဘူး ဘယ်လိုလုပ်ရမလဲဟင်"

21.1.2024
#သခင်

Zawgyi

ဒီေန႔ဟာသခင္နဲ႔အတူတူအိမ္အသစ္ေလးကိုစေရာက္တဲ့ေန႔ေလးျဖစ္၍ ရင္ခုန္စိတ္လႈပ္႐ွားမိပါသည္။သခင္နဲ႔အတူႏွစ္ေယာက္တည္းေနရမဲ့အျဖစ္ဟာ ကိုယ့္အတြက္ေတာ့ေပ်ာ္ရမွာလား၊ ဝမ္းနည္းရမွာလားေဝခြဲမရပါ။

အခန္းထဲကိုပစၥည္းေတြခ်ၿပီး ဧည့္ခန္းမွာနားေနေသာသခင့္ကို စကား‌ေျပာခ်င္ေပမဲ့မရဲတင္းပါ။သခင္က ကိုယ့္ကိုတစ္လမ္းလုံးစကားမွမေျပာခဲ့တာ။ဒါေပမဲ့ မေခၚလို႔လည္းေနလို႔ရမည္မဟုတ္။တစ္အိမ္ထဲမွာလူႏွစ္ေယာက္ပဲ႐ွိတာ သခင့္ကိုမွမ‌ေခၚရင္ေခၚစရာလူကမ႐ွိ။ကိုယ္တိုင္ကလည္းသခင္နဲ႔ပတ္သက္ခ်င္ေနတာဆိုပိုမွန္လိမ့္မည္။

"သခင္"

လင္းမရဲတရဲေခၚလိုက္သည္။
သခင္ကတစ္ခ်င္ေမာ့ၾကည့္၏။

"အိမ္ကအသစ္ဆိုေတာ့ အိမ္သစ္တက္ရဦးမွာေပါ့ေနာ္"

"ဘာမဂၤလာမွ႐ွိလာစရာအေၾကာင္းလည္းမ႐ွိတာမို႔ ဘာအိမ္သစ္မွတက္စရာမလိုဘူး"

"အင္းပါ သခင္ကမလိုအပ္ဘူးဆိုရင္လည္းမလုပ္ပါဘူး"

"ေနဦး"

လင္း သခင့္နားကေနထြက္သြားမည္အျပဳ
သခင့္ရဲ႕ဟန္႔တားသံေၾကာင့္ လွမ္းေနတဲ့ေျခလွမ္းေတြရပ္တန္႔သြားမိသည္။

"ဘာ‌မ်ားလဲသခင္"

"အိပ္ခန္းကတစ္ခန္းစီအိပ္မွာေနာ္"

"ဟုတ္ကဲ့ပါ"

"ေနာက္ၿပီး ထမင္းဟင္းကိုယ့္ဘာသာခ်င္ေနာ္ ...ငါကေတာ့ခ်က္မေကြၽးႏိုင္ဘူး"

"ဟုတ္ကဲ့ပါ ..လင္း ကိုယ့္ဘာသာဝယ္စားမွာပါ"

လင္းအခုအခ်ိန္ထိ ထမင္းပင္မခ်က္ဖူးေသးပါ။အဆိုးဆုံးေျပာရရင္ ၾကက္ဥပင္ဘယ္လိုျပဳတ္ရမယ္မသိေသး။သခင္ကေတာ့အရာရာမွာထက္ျမက္သူပီပီ အကုန္လုပ္တတ္သည္။

"မင္းအေဖက မင္းကိုအိမ္ေထာင္က် ခ်‌ေပး
တတ္တယ္ေနာ္..ထမင္းဟင္းခ်က္တတ္ေအာင္က် သင္မေပးထားဘူးလား...မင္းကေရာဒါေတြလုပ္ဖို႔စိတ္ကူးမ႐ွိဘူးလား...ငါ့ေနရာမွာေယာက်္ားတစ္ေယာက္နဲ႔သာမင္းရၾကည့္ မင္းအခုလိုမ်ိဳးထမင္းဟင္းမခ်က္တတ္ဘဲေနလို႔ရမယ္မထင္နဲ႔"

ေယာက်္ားတစ္ေယာက္ဆိုရင္ေရာ ယူခဲ့မယ္လို႔ထင္ခဲ့တာလား။သခင္ျဖစ္ေနလို႔လက္ထပ္ခဲ့တာ သခင္မွမသိဘဲ။

"သခင္က လင္းကိုထမင္းဟင္းခ်က္တတ္ေစခ်င္လို႔လား"

"ဟုတ္တယ္"

"ဒါဆိုခ်က္ပါ့မယ္"

"မင္းကိုေစတနာပါလို႔ေတာ့မဟုတ္ဘူးေနာ္ မင္းကိုပင္ပန္းေစခ်င္လို႔"

"အင္းပါ သခင္ကပင္ပန္းေစခ်င္တယ္ဆိုေတာ့လည္း ပင္ပန္းခံ႐ုံေပါ့"

"ေတာက္"

သခင္ကသူ႕ကို႐ႊဲ႕ေျပာတယ္လို႔ထင္သြားတာထင္ပါရဲ႕။ေတာက္တစ္ခ်က္ေခါက္ကာထြက္သြားသည္။

**

"ေရာင္စဥ္...မင္းျမတ္ေမာင္ကနင့္ကိုႀကိဳက္ေနတာထင္တယ္ေနာ္ ဟိဟိ"

"ေပါက္ကရေတြ..သူကငါ့ကိုဘာလို႔ႀကိဳက္ရမွာလဲ"

"နင့္ကိုႀကိဳက္ေနတာအသိသာႀကီး..နင္သာမသိရင္မသိမယ္..ေဘးကငါတို႔ကသိေနတယ္ဟ"

"ေတာ္ပါ...သူနဲ႔ငါကသူငယ္ခ်င္းပဲ..သူ႕ဆီမွ
ဂစ္တာတီးသင္ေနလို႔ သူနဲ႔ရင္းႏွီးေနလို႔ နင္တို႔ထင္ေနတာပါ"

"ဒီေလာက္ေတာ့အကဲခတ္တတ္ပါတယ္ဟ....သူနင့္ကိုႀကိဳက္ေနတာပါ..နင္ကေရာျပန္မႀကိဳက္ဘူးလား"

"မႀကိဳက္ပါဘူး"

"တေမာင္ေမာင္နဲ႔ကို"

"အဲ့ဒါသူ႕နာမည္အ႐ွည္မေခၚခ်င္လို႔ တစ္လုံးပဲေခၚလိုက္တာေလွ်ာက္ေတြးမေနနဲ႔ "

"ေအးပါ ေအးပါ"

ဖူးျမတ္ကိုေတာင္ သခင္နဲ႔လက္ထပ္တဲ့အေၾကာင္းမေျပာခဲ့တာပါ။သူသာသခင္နဲ႔လက္ထပ္ထားမွန္းသိရင္ အခုလိုစေနမွာမဟုတ္တာေသခ်ာသည္။

"ေမာင္က လာမွာေတာ့ဟုတ္ရဲ႕လား"

"လာမွာပါ ေသခ်ာေျပာထားတာကို"

ေမာင့္ကိုေစာင့္ရင္းေကာ္ဖီေသာက္ေနရသည္မွာတစ္ဝက္ပင္ကုန္ေတာ့မည္။ေနာက္က်တတ္သူ ေမာင္ကေတာ့အခုထိပင္ေပၚမလာေသး။

"ေရာင္စဥ္...ဟိုမွာ နင့္မမ မဟုတ္လား"

"ဘယ္သူလဲ ...သခင္လား"

"ေအးဟုတယ္  ၾကည့္လိုက္...ေဘးကလူကအေခ်ာပဲ..သူ႕ရည္းစားထင္တယ္ေနာ္"

ဖူးျမတ္ၫႊန္ျပရာဆီၾကည့္လိုက္‌ေတာ့
လင္းတို႔ဆိုင္ထဲကိုဝင္လာတဲ့သခင္နဲ႔အတူအမ်ိဳးသားတစ္ေယာက္။ စတိုးဆိုင္မွာေတြခဲ့တဲ့တစ္ေယာက္ေတာ့မဟုတ္။သခင္ကို႔‌လွမ္းၾကည့္ေနတုန္းသခင္က ကိုယ့္ကိုျမင္သြား
သျဖင့္ သခင့္ကိုျပဳံးျပလိုက္သည္။သို႔ေပမဲ့သခင္ဟာ ခ်က္ခ်င္းပဲအၾကည့္လႊဲသြားသည္။ဒီခံစားခ်က္ဟာ ေအာင့္သက္သက္ေတာ့ႏိုင္လွသည္။

"နင့္မမကမာနႀကီးတယ္ေနာ္"

"ဘာလို႔အဲ့လိုထင္ရတာလဲနင္က"

"နင့္ကိုျမင္တာေတာင္မႏႈတ္ဆက္ဘူးေလ"

"သခင့္ကအဲ့လိုပါပဲ မာနႀကီးတယ္ရယ္ေတာ့မဟုတ္ပါဘူး...သူ႕ဘာသာေအးေအးေဆးေဆးေနတတ္တာပါ"

"လင္း...ဖူးျမတ္ ေစာင့္ေနရတာၾကာၿပီလား"

သခင့္ကိုသာလွမ္းလွမ္းၾကည့္ေနမိသျဖင့္ေမာင္ေရာက္လာတာကိုပင္မသိလိုက္ပါ။သခင္ကေတာ့သူနဲ႔အတူပါလာတဲ့သူနဲ႔ စကားေျပာမ်ားေျပာေနသည္။ကိုယ့္ဘက္ကိုပင္တစ္ခ်က္မၾကည့္ပါ။

"ၾကာေပါ့"

"ေအးပါ ငါနည္းနည္းေနာက္က်သြားတယ္"

"မ်ားမ်ားေနာက္က်တာပါေနာ္"

"လင္း နင္ကၿငိမ္လွခ်ည္လား"

အခုထိစကားဝင္မေျပာေသးသျဖင့္ ေမာင္ကေမးလိုက္ျခင္းျဖစ္သည္။လင္းဘယ္သူ႕ကိုမွစကားေျပာခ်င္စိတ္႐ွိမေနပါ။ျဖစ္ႏိုင္ရင္ အိမ္ကိုသာျပန္ခ်င္မိေတာ့သည္။

"ေမာင္ နင္မုန္႔စားဦးမွာလား"

"စားမွာေပါ့ဟ"

"စားမွာဆိုျမန္ျမန္မွာေလ"

"အင္းပါ..ဘာလဲေစာင့္ရတာပ်င္းေနၿပီလား"

"ဆိုပါေတာ့"

"ဒါဆို ငါမစားေတာ့ပါဘူး..ငါလည္းသိပ္မဆာဘူးေလ...နင့္ကိုေတြ႕ခ်င္လို႔သာ လာခဲ့တာ"

ေမာင့္စကားေၾကာင့္ ေဘးနားကထိုင္ေနတဲ့ဖူးျမတ္က လက္ေမာင္းကိုမသိမသာဆြဲဆိတ္လိုက္သည္။သူေျပာတာမွန္တယ္ဆိုတဲ့အေၾကာင္းကို ေျပာခ်င္ေနတာပဲျဖစ္သည္။

"ညေနက်ရင္လည္း နင့္ဆီကိုေရာင္စဥ္
ကလာဦးမွာပဲမဟုတ္လား"

"အဲ့ဒါကသူကဂစ္တာပဲတီးတာဟ...စကားမွေကာင္းေကာင္းမေျပာရတာ"

သူတို႔ေျပာတာေတြလည္းအာ႐ုံမရပါ။သူတို႔လည္းေျပာခ်င္ရာေျပာေနၾကသလို ကိုယ္လည္းၾကည့္ခ်င္ရာၾကည့္သည္။ကိုယ္ၾကည့္တာကေတာ့သခင္တို႔ကိုပါပဲ။

"အဟြတ္ဟြတ္"

ဘယ္လိုကေနဘယ္လိုျဖစ္ၿပီးသီးသြားသလဲမသိပါ။ေသခ်ာတာကေတာ့စိတ္နဲ႔လူနဲ႔မကပ္တာေၾကာင့္ပဲျဖစ္မည္။

"လင္း..ရရဲ႕လား"

သီးသြားတာမ်က္ရည္ပင္ဝဲသြားသည္။ေမာင္က သူ႕လက္ကိုင္ပဝါကိုယူကာလင္းမ်က္ရည္စမ်ားကိုသုတ္ေပး‌သည္။ရင္ထဲ႐ွက္ကိုး႐ွက္ကန္း ျဖစ္မိသျဖင့္ ေဘးဘီကိုၾကည့္မိေတာ့ ကိုယ့္ကို စူးစူးရဲရဲၾကည့္ေနေသာသခင့္မ်က္ဝန္းေတြနဲ႔ဆုံသည္။စိတ္ထဲ၌သခင္အထင္အျမင္လႊဲမွားသြားမွာစိုးရိမ္မိလိုက္၏။ထို႔ေၾကာင့္ ေမာင့္လက္ကိုမသိမသာေ႐ွာင္တိမ္းလိုက္သည္။

"ရတယ္ေမာင္ ဘာမွမျဖစ္ဘူး"

"အင္းအင္း...နင္ကလည္းသတိထားမွေပါ့ ကေလးလည္းမဟုတ္ဘဲနဲ႔ကို"

"သြားရေအာင္ေလ....နင္ဘာမွမစားေတာ့ရင္လည္း"

"နင္ညေနက်ရင္ေတာ့တကယ္လာမွာပါေနာ္"

"လာမွာပါ ဖူးျမတ္ေရာပါမွာ"

"ေအးပါ"

"ဖူးျမတ္ ငါ႐ွင္းလိုက္ေတာ့မယ္...ဒီေန႔ေတာ့ငါပဲ႐ွင္းလိုက္မယ္ နင့္ကိုငါဝယ္ေကြၽးတာ"

"သေဘာသ‌ေဘာ"

ေပါင္းသင္းလာတာၾကာၿပီျဖစ္တာမလို႔ တစ္ေယာက္နဲ႔တစ္ေယာက္အားနာစရာမလိုသျဖင့္သူလည္းျငင္းမေနပါ။လင္းလည္းသူဝယ္ေကြၽးတဲ့အခါမ်ိဳးဆို မျငင္းမိပါ။

ပိုက္ဆံ႐ွင္းအၿပီးဆိုင္ကထြက္ခါနီးသခင့္ကိုၾကည့္လိုက္ေတာ့သခင္က ကိုယ့္ကိုၾကည့္မေနပါ။တကယ္ပဲ ဘယ္လိုစိတ္နဲ႔မ်ားသခင္ၾကည့္ေနမွာကိုေမွ်ာ္လင့္ရဲပါလိမ့္။သခင္ဟာ ဘယ္တုန္းကမွကိုယ့္အေၾကာင္းကိုအာ႐ုံမထားခဲ့တာပါ။

မသိလိုက္တာက ဆိုင္ထဲကထြက္သြားတဲ့ေကာင္မေလးကို သခင္ေငးၾကည့္ေနခဲ့တယ္ဆိုတာကိုေပါ့။

****

"သခင္ ထမင္းစားခ်င္စားေတာ့ေလ....လင္းခ်က္ထားတယ္...ဟင္းကေတာ့ သိပ္မခ်က္တတ္ေသးလို႔ လက္ဖက္သုပ္နဲ႔ ၾကက္ဥေၾကာ္ရယ္ပဲ႐ွိတယ္..ေနာက္ေန႔ေတြက်ရင္ေတာ့ ဟင္းခ်က္နည္းၾကည့္ၿပီးခ်က္မွာပါ"

မရဲတရဲနဲ႔လူကိုလာေျပာေနတဲ့ေကာင္မေလးကို တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။ လက္မွာလည္းဆီပူစင္ထားလို႔ထင္ပါရဲ႕ အနီစက္ကေလးေတြ။တကယ္ပဲ ၾကက္ဥကိုေတာင္ ေသခ်ာမေၾကာ္တတ္ဘူးထင္ပါရဲ႕။

"မစားခ်င္ဘူး...ေနာက္ရက္ေတြ
လည္း မင္းတစ္ေယာက္စာပဲခ်က္ခ်င္ခ်က္...ငါဖို႔မခ်က္နဲ႔"

"ဘာလို႔လဲ သခင္"

"မင္းခ်က္တာ မစားခ်င္လို႔"

"ဟုတ္ကဲ့ပါ"

ဘာေျပာေျပာမ်က္ႏွာငယ္ေလးနဲ႔ မ်က္လႊာခ်သြားပုံက သူမ်ားေတြအတြက္ေတာ့ ဂ႐ုဏာသက္ခ်င္စရာေကာင္းခ်င္ေကာင္းေနလိမ့္မည္။သခင့္အတြက္ေတာ့ လုံးဝမုန္းခ်င္စရာပါ။သူဘာလုပ္လုပ္ကိုမုန္းေနမိတာ။

"သခင္နဲ႔မနက္ကေကာ္ဖီဆိုင္မွာေတြ႕တဲ့သူက ဘယ္သူလဲဟင္"

‌"မင္းအလုပ္မဟုတ္ပါဘူး..ငါေျပာထားမယ္ မင္းငါ့ကို အေၾကာင္းအရင္းမ႐ွိဘဲစကားလာမေျပာနဲ႔...မင္းနဲ႔စကားေျပာရတာ စိတ္႐ႈပ္ဖို႔ေကာင္းလို႔..ငါ့ဘာသာတစ္ေယာက္တည္းေနပါရေစ"

"သခင္နဲ႔ႏွစ္ေယာက္တည္း႐ွိတာေလ သခင္ရယ္..သခင့္ကိုစကားမေျပာလို႔ ဘယ္သူ႕ကိုသြားေျပာရမလဲ"

"အဲ့ဒါငါနဲ႔မဆိုင္ဘူး..ငါေျပာထားၿပီးသားေနာ္..ငါ့ကိုဘာစကားမွလာမေျပာနဲ႔"

"ဟုတ္ကဲ့ပါ"

သခင္ကကိုယ္ ခ်က္တာမစားသျဖင့္ ကိုယ္လည္းစားခ်င္စိတ္မ႐ွိလို႔မစားခဲ့ပါ။ ညေနကမွ ဝယ္လာတဲ့ဟင္းခ်က္နည္းစာအုပ္ေလးကလည္းလိုအပ္ေတာ့မွာမဟုတ္။အစကတည္းကသခင့္ဆီကအမွတ္ယူခ်င္လို႔သာ ဟင္းခ်င္ဖို႔ႀကိဳးစားၾကည့္ခ်င္ခဲ့တာပါ။အခုေတာ့ ဒါေတြဟာ လိုအပ္ေတာ့မွာမဟုတ္။

**

"ဂ်ိမ္း......ဂ်ိမ္း..."

အဆက္မျပတ္မိုးၿခိမ္းသံမ်ားေၾကာင့္ နားႏွစ္ဖက္ကိုလက္ျဖင့္အတင္းပိတ္ထားမိသည္။အရင္တုန္းကမိုးၿခိမ္းရင္ ေဖေဖ့ဆီအေျပးသြားေနက်ျဖစ္သည္။အခုလည္းမိုးေတြစ႐ြာေတာ့ သခင့္ဆီကိုသြားခဲ့ပါေသးတယ္။ဒါေပမဲ့ သခင့္ဆီကတုံ႔ျပန္စကားက

'မေနရဲလည္းေနရဲေအာင္ေန ငါ့အခန္းထဲလုံးဝမထားႏိုင္ဘူး'တဲ့ ။

"ဂ်ိန္း..."

"အေမ့"

"ဂ်ိန္း..ဂ်ိန္း"

ဒီအသံေတြကိုအရမ္းေၾကာက္မိပါသည္။ဘယ္လိုမွရင္မဆိုင္ရဲပါ။အဆက္မျပတ္ေသာမိုးၿခိမ္းသံေတြအၾကား ေၾကာက္စိတ္ဟာလည္းဘယ္လိုမွတားဆီးမရခဲ့။နားႏွစ္ဖက္ကိုသာခပ္တင္းတင္းပိတ္ရင္း ခုတင္ေလးေအာက္မွာ ေစာင္ေလးကိုျခဳံရင္းဝင္ေနခဲ့လိုက္သည္။

တကယ္ေတာ့သခင္လည္းညကေျဖာင့္ေျဖာင့္အိပ္မရခဲ့ပါ။မိုးကလည္း မနက္၆နာရီထိၿခိမ္းရင္း႐ြာရင္း႐ြာခဲ့သည္။သခင္ဟာ မိုးၿခိမ္းသံကိုလုံးဝမေၾကာက္တတ္တဲ့လူမ်ိဳးျဖစ္သည္။ဒါေပမဲ့ ဘာကိုေတြးပူေနမွန္းမသိေအာင္ အိပ္မရျဖစ္ခဲ့သည္။

နာရီအားျဖင့္မနက္၈နာရီ။ဒီအခ်ိန္ဆို ထိုကေလးေက်ာင္းသြားတဲ့အခ်ိန္သာျဖစ္သည္။အခုေတာ့ျဖင့္အရိပ္မေယာင္ေတာင္မေတြ႕ရေသး။မသကၤာသျဖင့္ အခန္းတံခါးကိုေခါက္ေတာ့ျပန္ထူးသံကိုမၾကားရ။ဒါနဲ႔ပဲတံခါးကိုဖြင့္လိုက္ေတာ့ အလြယ္တကူပဲပြင့္သြားသည္။

အခန္းထဲၾကည့္ေတာ့လည္းမေတြ႕။ ေရးခ်ိဳးခန္း၊အိမ္သာ၊မီးဖိုေခ်ာင္အစ႐ွိသျဖင့္႐ွာေတာ့လည္းမေတြ႕ရပါ။ေနာက္ဆုံးသူ႕အခန္းထဲကိုသာ ျပန္ဝင္ၾကည့္လိုက္သည္။ ကုတင္ေပၚမွာေစာင္က႐ွိမေန။စိတ္ထင္တာနဲ႔ ကုတင္ေအာက္ကိုၾကည့္လိုက္မိသည္။ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္စိတ္ထဲ၌ သနားသလိုလို စိတ္မေကာင္းသလိုလို ကိုယ့္ကိုယ္ကိုယ္အျပစ္တင္သလိုခံစားလိုက္ရသည္။

ခုတင္ေအာက္ကေလးမွာ နားႏွစ္ဖက္ကိုအုပ္ရင္း ေစာင္ပုံၾကားထဲမွာအိပ္ေပ်ာ္ေနေသာ ေကာင္မေလး။တကယ္‌ေတာ့
သူဟာ ငယ္ငယ္ေလးကတည္းက မိုးၿခိမ္းသံကိုလန္႔သြားခဲ့တာပါ။ညတစ္ညမွာမိုးအႀကီးအက်ယ္႐ြာကာမိုးႀကိဳးေတြပစ္သျဖင့္ အသည္းအသန္အလန္႔စြဲသြားခဲ့သည္။ထိုအခ်ိန္ကတည္းကမိုးၿခိမ္းသံမ်ားကိုရင္မဆိုင္ရဲျဖစ္ခဲ့ရတာ။သခင္ဟာ ဒါေတြကိုသိပါရက္နဲ႔ ပစ္ထားမိခဲ့သည္။

သူ႕ကိုအသာအယာပုတ္ႏိုးလိုက္သည္။

"လင္းေရာင္စဥ္ႏြယ္..ထေတာ့"

တစ္ခြန္းပဲႏိုးလိုက္ေပမဲ့ခ်က္ခ်င္းႏိုးလာသည္။

"ဟင္..သခင္"

"မင္းေက်ာင္းမသြားဘူးလား"

ထိုအခါမွ ခုတင္ေအာက္ကေနအတင္းထကာ ဖုန္းကိုၾကည့္ေနသည္။

"၈နာရီေက်ာ္ေနၿပီပဲ...မမီေတာ့ပါဘူး"

လင္းကေတာ့သခင့္ကိုရည္႐ြယ္ေျပာလိုက္ျခင္းေတာ့မဟုတ္။မိမိဘာသာတစ္ေယာက္တည္းေရ႐ြတ္ေနျခင္းသာ။

"မီတဲ့အခ်ိန္ေတြမင္းကမတက္ေတာ့ဘူးလား"

"မတက္ေတာ့ပါဘူး.….တစ္ရက္တစ္ေလ ဘာမွမျဖစ္ပါဘူး"

သခင္ကဘာမွျပန္မေျပာေတာ့။ထြက္သြားရန္ဟန္ျပဳေနသည္ ။ထိုစဥ္ သခင့္လက္အားလွမ္းဆြဲထားလိုက္မိသည္။

"သခင္ လင္းကိုလာႏိႈးတာလားဟင္"

သခင့္ကသူ႕လက္ကိုကိုင္ထားေသာလက္အားျဖဳတ္ခ်လိုက္သည္။ေနာက္ေတာ့မႏွစ္ၿမိဳ႕သလို အၾကည့္ျဖင့္ၾကည့္ကာ

"ငါ့အသားကို မထိစမ္းနဲ႔..မင္းကို႐ြံ႕လို႔"

ဒါပဲေျပာၿပီး အခန္းထဲမွထြက္သြားသည္။က်န္ခဲ့သူမွာေတာ့ မ်က္ရည္မခိုင္စြာက်ရျပန္သည္။သခင္ဟာ တကယ္ပဲစကားလုံးေတြနဲ႔ အျပဳအမူေတြနဲ႔ႏွိပ္စက္လြန္းပါသည္။

"သခင္ ..သခင့္ကိုခ်စ္မိေနတာေသခ်ာေနပါၿပီ...လင္းေလ သခင့္ဆီကဥေပကၡာေတြကိုလည္းအရမ္းေၾကာက္ေနမိပါၿပီ..သခင့္ဆီကအမုန္းေတြကိုလည္းမလိုခ်င္ဘူး...သခင့္စကားၾကမ္းၾကမ္းေတြကိုလည္း နားေထာင္ႏိုင္စြမ္းမ႐ွိဘူး ဘယ္လိုလုပ္ရမလဲဟင္"

21.1.2024
#သခင္

Ga verder met lezen

Dit interesseert je vast

4.6M 293K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
589K 49K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
284K 32.8K 82
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
3M 108K 31
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...