အပိုင်း(၄၆၀)
နောက်တစ်နေ့ မနက်ခင်း
ထျန်းနင်၏ ဆရာဝန်ကို စောင့်ကြည့်ရန် စေလွှတ်ထားသော သူလျှို တစ်ဦးက လုချယ်ကို အသိပေးလာသည်။ ဆရာဝန်က အလုပ်ချိန်အတွင်း အနီးအနားရှိ ကော်ဖီဆိုင်သို့ ခိုးကြောင်ခိုးဝှက် သွားပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြောင်း သတိပေးလာသည်။
အရာအားလုံး အဆင်ပြေ ချောမွေ့အောင် လုချယ်က သူကိုယ်တိုင် ဦးဆောင် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ သူက သာမန်ကားကို မောင်းကာ ကော်ဖီဆိုင် ရှိရာ သို့ ကားမောင်းထွက်လာပြီး ဆိုင်၏ဝင်ပေါက်ကို စောင့်ကြည့်နေခဲ့သည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သော်လည်း ဆရာဝန် စောင့်မျှော်နေသူက ယခုထိတိုင် ရောက်မလာသေးပေ။ ပြတင်းပေါက် အပြင်ဘက်မှ တဆင့် လုချယ်က ဆရာဝန် ဖုန်းထုတ်လိုက်သည့် မြင်ကွင်းကို မြင်တွေ့သည်။ သူမက စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ဖုန်းကို အကြိမ်ကြိမ် ထုတ်ကြည့်နေသည်။
လုချယ်က ဆရာဝန်ကို စိတ်ဝင်တစား ဆက်လက် စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ အပြာရောင် ပုံရိပ်လေး ပေါ်လာခဲ့သည်။
၎င်း၏ သရုပ်မှန်ကို သေချာ ကြည့်ရန် လုချယ်က သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အနီးကပ် ကြည့်ရှုသည်။ ကော်ဖီဆိုင်ထဲ ဝင်ရောက်သွားပြီးနောက် ထိုလူက ဆရာဝန်လင်း၏ အရှေ့မှာ မထိုင်ခင် စိုးရိမ်တကြီး ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုသည်။
လုချယ်၏အကြည့်များ သုန်မှုန်သွားသည်။ ဤလူက ထျန်းနင်၏ အရှေ့ကို နောက်တစ်ကြိမ် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း သူက ယခင်တိုင်း ယုတ်မာမြဲ ယုတ်မာနေသည်။
ထိုစဉ် ထျန်းနင်က သူမ၏ နေ့လည်ခင်း ရုပ်ရှင်ရိုက်ကွင်း စတင်ခါစ အချိန် ဖြစ်သည်။ မို့ထင်က အပေါ်အင်္ကျီလေးကို ကိုင်ဆိုင်ကာ သူမ၏ဘေးနား မတ်တတ် ရပ်နေသည်။ သူမက မို့ထင် ကို လှမ်းကြည့်လိုက်စဉ် သူ့ဖုန်း မျက်နှာပြင်ပေါ်မှာ လုချယ်၏ ဖုန်းနံပါတ် ပေါ်နေခြင်းကို သတိထားမိသည်။
မို့ထင်က ဖုန်းကိုင်ရန် ကျောခိုင်းလိုက်သည်။ လုချယ် ပထမဆုံးပြောသည့် အကြောင်းအရာက
"သူဌေး၊ တရားခံကို အတည်ပြုပြီးပြီ။ ထျန်းရွှမ်ပါ"
"သူ ဘာကြံစည် ထားသေးလဲ။ ငါ့ကို သေချာစုံစမ်းပေးစမ်းပါ"
မို့ထင် ညွှန်ကြားသည်။
"ပါဝင်တဲ့ လူအားလုံးရဲ့ နာမည်စာရင်း ငါ့ကို ပေးစမ်းပါ။ သူတို့အားလုံးကို တစ်ပြိုင်တည်း ရှင်းထုတ်ပစ်ရမယ်"
"ထျန်းရွှမ်ကိုတော့ အားလုံး ဖြေရှင်းပြီးမှ သူ့ကို ဘယ်လိုစီရင် ရမလဲ ဆုံးဖြတ်မယ်"
"ဟုတ်ကဲ့ပါ သူဌေး"
လုချယ်က အေးစက်သော မျက်နှာအမူအရာဖြင့် ဖုန်းချလိုက်သည်။ ထို့နောက် သူ ဌားရမ်းထားသော ပါပါရာဇီများကို ကော်ဖီဆိုင်ထဲ ဝင်ခိုင်းပြီး အမျိုးသမီး နှစ်ဦး ပြောဆိုနေသော အကြောင်းများကို စုံစမ်းထားရန် ညွှန်ကြားသည်။
...
"ဒါက စရန် အနေနဲ့ ပေးတာ။ အားလုံး ပြီးစီးတာနဲ့ ကျန်တာ ပမာဏာကို ပေးမယ်"
ထျန်းရွှမ်က သူ့အိတ်ထဲမှ ပိုက်ဆံ တချို့ကို ဆွဲထုတ်ပြီး ဆရာဝန်လင်းကို လက်လွှဲပေးသည်။
"ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့"
"မစိုးရိမ်ပါနဲ့။ ဒါကို ကျွန်မ ကောင်းကောင်း ဖြေရှင်းနိုင်ပါတယ်"
ဆရာဝန်က ယုံကြည်မှုအပြည့်ဖြင့် အာမခံသည်။
သူမ ယုံကြည်မှု လွန်ကဲနေရသည့် အကြောင်းအရင်းက ခွဲစိတ်ခန်း တစ်ခုလုံးက သူ့လက်ထဲ ရှိနေသောကြောင့် ဖြစ်သည်။ သူတို့အားလုံးကို သူက ပိုက်ဆံဖြင့် ပါးစပ်ပေါက် ပိတ်ထားသည်။
"ဒါဆိုရင် ငါ သတင်းကောင်းကို စောင့်နေမယ်နော်"
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က နောက်တစ်ကြိမ် မတ်တတ် ထရပ်လိုက်ပြီး ကော်ဖီဆိုင် အပြင်ဘက်သို့ လမ်းလျှောက် ထွက်သွားသည်။ ဆရာဝန်လင်းက ပိုက်ဆံများကို သူ့အိတ်ထဲ အလောတကြီး ထည့်ပြီး သူ့ထိုင်ခုံမှ ထလိုက်သည်။
သို့သော်လည်း သူမ ကော်ဖီဆိုင်မှ ထွက်ခါနီး လုချယ်က သူ့အရှေ့ ရုတ်တရက် ရောက်လာပြီး သူ့လက်ထဲမှ အိတ်ကို ဆတ်ခနဲ ဆွဲလုသည်။ သူက အိတ်ကို ဆွဲဖွင့်ပြီး အိတ်ကို ဘာမှမကျန်အောင် ခါချသည်။ ပိုက်ဆံအားလုံး ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည်။
ကော်ဖီဆိုင်ထဲ လူအများကြီး ရှိမနေ၍ ကံကောင်းသွားသည်။ ထို့ကြောင့် စာပွဲထိုးကောင်လေးက ဆရာဝန်ကို ကူညီပြီး ငွေများ ကူကောက်ပေးသည်။ သို့သော်လည်း လုချယ်က ဆရာဝန်ကို အလွယ်တကူ လွှတ်ပေးမည့် အတွေး မရှိ၍ ဆရာဝန်လင်းကို သူ့ထိုင်ခုံအနား တရွတ်တိုက် ဆွဲခေါ်သွားသည်။
ဆရာဝန်လင်းက ထျန်းရွှမ် ထွက်သွားပြီလား စိုးရိမ်တကြီး လှည့်ပတ် ကြည့်ရှုသည်။ ထိုစဉ် လုချယ်က ထိုင်ခုံမှာ ထိုင်ရန် မေးငေါ့ပြသည်။
"လျှောက်ကြည့်မနေနဲ့။ သူ သွားပြီ"
"လုလူကြီးမင်း..."
"ဆရာဝန်လင်း၊ စောနက မိန်းမနဲ့ ခင်ဗျား ဘာတွေ လုပ်နေလဲ ရှင်းပြပေးလို့ မရဘူးလား"
"ဒါ ဒါကတော့ ငါတို့တွေ..."
"ဘာလို့ အရမ်းတွေ စိုးရိမ်စိတ် များနေတာလဲ"
လုချယ်က ဆရာဝန်လင်း၏ တုန်ရီနေသော ဟန်အမူအရာကို ကြည့်ပြီး ပြုံးသည်။
"ခင်ဗျား လွတ်မြောက် နိုင်မယ်လို့ တွေးနေတာလား။ မင်းကို ဖြေရှင်းချက်ပေးဖို့ အချိန် ခဏပေးမယ်။ မင်း အမှန် ဘယ်လောက်အထိ ပြောနိုင်မလဲ ကြည့်ရသေးတာပေါ့"
လုချယ်က သူမနှင့် တမင်တကာ ဆော့ကစားနေခြင်း ဖြစ်သည်။ အထူးသဖြင့် ဆရာဝန်၏ နဖူးပေါ်မှ ချွေးစက်များကို ကြည့်ပြီး သူ လှောင်ပြုံး ပြုံးသည်။
"ဘာလဲ။ ခင်ဗျား မပြောနိုင်ဘူးလား"
"မဟုတ်ပါဘူး။ အဲလိုလည်း မဟုတ်ပါဘူး။ ငါ ဘာအမှားလုပ်ခဲ့ မိလဲ မသိလို့ပါ။ ဘာလို့ လုလူကြီးမင်းက ကျွန်တော့်ကို ဒီလို ဆက်ဆံ နေရတာလဲ"
လေထုက ရုတ်ခြည်း အေးစက်သွားသည်။
လုချယ်က အမျိုးသမီးကို အေးစက်စက် ကြည့်လိုက်ပြီး ခက်ထန်သော အသံဖြင့် ပြောဆိုသည်။
"ဒီနေရာက အများပိုင် နေရာ မဟုတ်ရင်တော့ ခင်ဗျား လည်ပင်းကျိုး လောက်ပြီ။ ကျုပ်က ခင်ဗျားနဲ့ သာကြောင်းမာကြောင်း လာပြောနေတာ မဟုတ်ဘူးနော်။ အားလုံးကို အသေးစိတ် ခင်ဗျား ရှင်းပြလိုက်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ ခင်ဗျားကို ကျုပ်တို့ ဟိုက်ဟွေ့ဖျော်ဖြေရေးက ကုန်းကောက်စရာ မရှိအောင် လုပ်ရလိမ့်မယ်"
"ခင်ဗျား ကံမစမ်းချင်ပါနဲ့။ ခင်ဗျား ထိပါးဖို့ ကြိုးစားခဲ့တဲ့ မိန်းမက ဧကရာဇ်တောင် ထိပါးလို့ မရတဲ့ မိန်းမနော်"
ဆရာဝန်က လုချယ်၏မျက်ဝန်းမှ အန္တရာယ် အငွေ့အသက်ကို ခံစားမိပြီး အသနားခံရန် ဒူးထောက်မတတ် ကြောက်လန့် နေမိသည်။
သို့သော်လည်း သူမ၏ခန္ဓာကိုယ်က မနာခံ၍ နေရာမှာပင် အေးခဲနေမိသည်။
"ခင်ဗျားက စကားပြန် မပြောဘူးလား"
စက္ကန့်ပိုင်းမျှ စောင့်ဆိုင်းပြီးနောက် ဆရာဝန်က သူတို့နှင့် မပူးပေါင်းခြင်းကြောင့် လုချယ် အတည်ပြုခဲ့၍ သူ မတ်တတ်ထ ရပ်ပြီး သတိပေးလိုက်သည်။
"ခင်ဗျားက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ရှေနေ့နဲ့ပဲ တွေ့ချင်တာ ထင်ပါရဲ့"
"မဟုတ်ပါဘူး"
ဆရာဝန်လင်းက လုချယ်၏အင်္ကျီလက်ကို သုတ်သုတ်ပျာပျာ ဆတ်ခနဲ ဆွဲပြီး သူ့ထိုင်ခုံပေါ်မှာ ပြန်ထိုင်စေသည်။
"ငါ ပြောမယ်။ ငါ အားလုံး ပြောမယ်"
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ထျန်းမိန်းကလေး ဆေးစစ်ဆေးဖို့ ရှင်က ကျွန်မတို့ ဆေးရုံကို ရောက်လာတယ်မလား။ ရှင် ပြန်သွားပြီး သိပ်မကြာဘူး။ တစ်ယောက်ယောက်က ကျွန်မတို့စီ ချဉ်းကပ်လာပြီး ထျန်းမိန်းကလေးရဲ့ ဆေးစစ်အဖြေကို ပြောင်းလဲပေးဖို့ လာဘ်ထိုးတယ်။ ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ"
လုချယ် မေးမြန်းသည်။
"ထျန်းမိန်းကလေး ခွဲစိတ်ခန်း ဝင်အောင် လှည့်စားဖို့ ညွှန်ကြားခဲ့တယ်။ ပြီးတော့ ခွဲစိတ်ခန်းထဲ ရောက်ရင် ရောဂါတစ်ခုခု အကြောင်းပြပြီး ထျန်းမိန်းကလေးရဲ့ သားအိမ်ကို ထုတ်ပစ်ဖို့ပဲ"
ဆရာဝန်လင်းက ဝန်ခံနေစဉ် လုချယ်၏ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်နေသည်။ လုချယ်က အမှန်တရားကို ဖော်ထုတ်ထားပြီသား ဖြစ်နေ၍ သူမမှာ ငြင်းဆန်ခွင့် မရှိပေ။
ထျန်းနင်၏သားအိမ်ကို ထုတ်ပစ်မည်ဟူသော စကားကြောင့် လုချယ် ဒေါသ အရမ်းထွက်မိ၍ သူ့အရှေ့က စားပွဲခုံကို မှောက်ပစ်လု နီးပါး ခံစားရသည်။
ထျန်းရွှမ်ကို ဤမျှလောက်အထိ ရက်စက်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဒီကိစ္စမှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေသေးလဲ"
လုချယ်က သူ့ဒေါသကို ထိန်းချုပ်ပြီး မေးမြန်းသည်။
ဆရာဝန်လင်းက လုချယ်၏ ခြိမ်းခြောက်ဟန် အကြည့်ကို ခံစားနိုင်စွမ်း မရှိ၍ ပါဝင်သူအားလုံး၏ အမည်ကို ထုတ်ဖော်ခဲ့သည်။ အရေးကြီးဆုံးအချက် အနေဖြင့် ဤအကြံအစည် တစ်ခုလုံးကို အဓိကကြိုးကိုင်သူက အမေကျုံး ဖြစ်နေသည်။
"လုလူကြီးမင်း၊ ကျွန်မကို ခွင့်လွှတ်ပေးပါနော်။ ကျွန်မ ခဏတာ မိုက်မဲမိတာပါ"
"မင်းကို လွှတ်ပေးရမယ်လား"
လုချယ်၏အကြည့်က အလွန်အမင်း အေးစက်နေသည်။
"ဒါပေါ့ ငါ မင်းကို လွှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခုကိစ္စမှာ မင်း ငါတို့နဲ့ ပူးပေါင်းရမယ်"
"အဲလိုဆိုရင်တော့ ရှင်တို့နဲ့ ပူးပေါင်းရင် လွှတ်ပေးမယ်ဆိုတဲ့ သဘောလား"
ဆရာဝန်လင်းက မျှော်လင့်ချက် ရသွားသည့် အထင်ဖြင့် သူမ၏မျက်ဝန်းများ လင်းလက်လာခဲ့သည်။
"ဒါပေါ့"
လုချယ်က လေးလေးနက်နက် ပြန်ဖြေသည်။
သို့သော်လည်း သူက သူတို့အားလုံးကို လွှတ်ပေးသည့်တိုင် မို့ထင်က ခွင့်လွှတ်ပေးမည့် သဘော မဟုတ်ပေ။
"ကောင်းပြီလေ။ ဒီလိုဆိုရင် ရှင်တို့နဲ့ ဘယ်လို ပူးပေါင်း ပေးရမလဲ"
သူတို့နှင့်အတူတူ ပူးပေါင်းပေးသည့်တိုင် ပါဝင် ပတ်သက်သူအားလုံးကို လွတ်မြောက်ခွင့် မပေးနိုင်ပေ။
သို့သော်လည်း လုချယ်က အလောတကြီး လုပ်ဆောင်တတ်သူ မဟုတ်ပေ။ ဆရာဝန်လင်း နှင့် ညှိနှိုင်းပြီးနောက် သူက ထျန်းနင်တို့ ရုပ်ရှင်ရိုက်ကူးရေးကွင်းသို့ ဦးတည် ထွက်လာခဲ့သည်။
သူက မို့ထင်ကို အမှတ်တမဲ့ လှမ်းမြင်မြင်ချင်း အမှန်တရားကို ထုတ်ပြောရန် ခဏ တုံ့ဆိုင်းနေမိသည်။ အမျိုးသမီး တစ်ယောက်က ဤမျှလောက်အထိ ယုတ်ညံ့မည်ဟု မထင်ခဲ့မိပေ။ ထို့ကြောင့် ဇာတ်လမ်း တစ်ပုဒ်လုံးကို မို့ထင် ကြားသိပြီးနောက် မည်သို့ တုံ့ပြန်မလဲ သူ မသိပေ။
အပိုင်း(၄၆၀)
ပြီး၏။
❤️အပိုင်း ၉၁၅အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️
ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်
Telegram acc chothinmarlay
viber acc 09969332009
Kpay 09969332009
Wavepay 09784327525