ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၅၉)

148 14 0
By jellyflower1

အပိုင်း(၄၅၉)

"ဘာဖြစ်လို့လဲ"
ထျန်းနင် ဖုန်းချလိုက်စဉ် သူမ၏မျက်နှာ သုန်မှုန်သွားခြင်းကို မို့ထင် သတိထားမိသည်။

"ဘိုးဘိုးက ထျန်းရွှမ်ကို ထျန်းအိမ်တော် ပြန်ခေါ်လာလို့"
ထျန်းနင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျင်းရွှမ် ပြောတာတော့ အရင်နဲ့ မတူတော့ဘူးတဲ့။ ဒါပေမဲ့ သူ ပြဿနာ ရှာဦးမယ်လို့ ချစ်လေး ခံစားမိတယ်။ ထျန်းရွှမ်ရဲ့ အကျင့်စရိုက်က တစ်နေ့တည်းနဲ့ ပြောင်းလဲလို့ ရတာမှ မဟုတ်တာ"

"အမေက သူ့ကို စောင့်ကြည့်နေမှာပါ။ ချစ်လေး စိုးရိမ်ဖို့ မလိုအပ်ဘူး"
မို့ထင်က ရှားယွီလင်း၏ အရည်အချင်းကို အသိအမှတ် ပြုမိသည်။

ရှားယွီလင်းက အရည်အချင်း ရှိ၍သာ အချိန်ခဏလေးဖြင့် ထျန်းမိသားစု စီးပွားရေးကို တည်ငြိမ်အောင် စီမံ့ခန့်ခွဲနိုင်ခြင်း ဖြစ်သည်။ နှစ်ဝက်တည်းဖြင့် ကုမ္ပဏီက တည်ငြိမ်သော အခြေအနေ ရောက်ရှိခဲ့သည်။

"ဘိုးဘိုး ထပ်စိတ်ပျက်ရမှာကို မမြင်ရက်လို့ပါ"
ထျန်းနင် သက်ပြင်းချသည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူ အမှန်တကယ် ပြောင်းလဲသွားဖို့ပဲ မျှော်လင့်ပါတယ်"

ဤတစ်ကြိမ်တွင် ထျန်းနင်က သူမကို သိက္ခာချသည့် ဖြစ်ရပ်နှင့် ထျန်းရွှမ် ဆက်စပ်နေခြင်းကို မသိသေးပေ။ သူမ၏ကလေးကို ကာကွယ်စောင့်ရှောက်ရန်သာ အာရုံစိုက်ထားသည်။ သို့သော်လည်း သိပ်မကြာခင်မှာ အမှန်တရား ပေါ်ပေါက် လာလိမ့်မည်။

ထိုနေ့ညက သူတို့ဇနီးမောင်နှံသည် မို့အကြီးအကဲနှင့်အတူတူ အိမ်မှာ ညစာစားနေကြသည်။ မို့အကြီးအကဲက ယပ်တောင်လေး ခတ်ပြီး နှုတ်ဆိတ်နေသော ထျန်းနင်ကို အာရုံစိုက်နေသည်။ သူ စကားပြောမှားပြီး ထျန်းနင်၏ခံစားချက်ကို မရည်ရွယ်ပါဘဲ ထိခိုက်မိမည်ကို စိုးထိတ်နေမိသည်။

ထျန်းနင် ဆက်လက် နှုတ်ဆိတ်နေပြီး မို့ထင်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။  တိတ်ဆိတ်နေသော  ပတ်ဝန်းကျင် အခြေအနေက မို့အကြီးအကဲကို အလွန်အမင်း နေမထိ ထိုင်မသာ ဖြစ်စေသည်။ ထို့ကြောင့် အဆုံးသတ်မှာ သူက တိတ်ဆိတ်မှုကို ဖြိုခွင်လိုက်သည်။
"ဘာလို့ အလုပ်စောစော ပြန်လုပ်တာလဲ။ ရက်ပိုင်းလောက် ထပ်အနားယူပါဦးလား"

"ဘိုးဘိုး သမီး အဆင်ပြေပါတယ်"

"အဆင်ပြေပါတယ်လို့ ပြောရက်သေးတယ်နော်။ ပုံမှန်ဆိုရင် သမီးလေး မျက်နှာက ဒီလို သုန်မှုန်နေလို့လား"
မို့အကြီးအကဲက ထျန်းနင်ကို ယပ်တောင်ဖြင့် ညွှန်ပြသည်။
"ဒီကောင်စုတ်က သမီးကို အတင်း အလုပ်ပြန်လုပ်ခိုင်းလို့လား"

" ခေါင်းမာလွန်းတဲ့ သမီးကို ထင်က ရိုက်ပြီးတောင် အတင်းခိုင်းလို့ မရတာ ဘိုးဘိုး သိရဲ့လား"

"အဲလိုလား။ ကိုယ်ခံပညာရပ်တွေက အမျိုးသမီးတွေရဲ့ ကျန်းမာရေး ကောင်းမွန်အောင် အထောက်အပံ့ပေးတယ်လို့ ကြားဖူးတယ်။ သမီး အခု လေ့လာချင်လား"

ထျန်းနင်
"... "

"ဘိုးဘိုးက ထျန်းနင်ကို အတူတူ ခုန်လွှားစေချင်လို့လား။ ဘိုးဘိုးရဲ့မြစ်ကို ဘိုးဘိုး စောစောစီးစီး တွေ့နေရဦးမယ်။ သူ ဘာမှ မလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
မို့ထင် တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုပြီး မို့အကြီးအကဲ၏ လက်ဖက်ရည်ခွက်ကို ဖြည့်ပေးကာ လက်ဖက်ရည် ကမ်း‌သည်။

"မင်း ဘာပြောချင်တာလဲ"
အဘိုးအို ကြောင်အမ်းအမ်း ဖြစ်နေသည်။

"မြစ်လေးကို စောစော တွေ့နေရမယ် ဟုတ်လား။ သူ သူက ကလေးမရနိုင်ဘူးလို့ ပြောနေကြတာ မဟုတ်ဘူးလား"

မို့ထင်က မို့အကြီးအကဲကို ဟန်ပါပါ ကြည့်နေစဉ် ထျန်းနင်က ပြုံးနေသည်။

အဘိုးက တအံ့တဩ ထမခုန်ခင် စက္ကန့်ပိုင်းမျှ ကြောင်တောင်တောင် ဖြစ်နေသည်။ သူ့တုံ့ပြန်မှုက မို့ထင် ထက်ပင် ပို၍ အသက်ဝင်နေသည်။
"မင်း ပြောတာ အမှန်ပဲလား။ တကယ်နော်"

"အမှန်ပြောနေတာပါ။ ကိုယ်ဝန်က တစ်လလောက်တော့ ရှိနေပြီ"
မို့ထင်က ထျန်းနင်ကို ကြည့်ကာ ပြန်ဖြေသည်။

မို့ထင်က သူ့ကို လှည့်စားမည်ကို ကြောက်လန့်မိ၍ မို့အကြီးအကဲက ထျန်းနင်ကို လှမ်းကြည့်သည်။ ထျန်းနင် ခေါင်းညိတ်ခြင်းကို မြင်တွေ့ရမှ သူ စိတ်အေးရသည်။
"ကောင်းတယ်။ အရမ်းကောင်းတယ်"

"ဒါပေမဲ့ ဘာလို့ အတင်းအဖျင်း သတင်းတွေ ပြန့်နေတာလဲ"

"အဲဒီပြဿနာကို စုံစမ်းနေတုန်းပါ။ ဒါကြောင့်လည်း အခုတော့ ထျန်းနင် ကိုယ်ဝန်ရှိတဲ့ သတင်းကို ဖုံးကွယ်ထားရဦးမယ်"

မို့ထင်က ခြိမ်းခြောက်ဟန် အကြည့်ဖြင့် သတိပေးသည်။ မို့အကြီးအကဲက ကြွားဝါးခြင်းကို သဘောကျကြောင်း သူ ကောင်းကောင်း သိသည်။

"ကောင်စုတ်လေး၊ အခုပြဿနာကို စေ့စေ့စပ်စပ် စုံစမ်းထား။ ငါ့မြေးချွေးမကို အကောက်ကြံတဲ့ ဘယ်သူမဆို မို့မိသားစုကို စိန်ခေါ်တာပဲ။ သူ့ကို ဖျက်ဆီးပစ်ဖို့ ထိုက်တန်တယ်"

"ဒါပေါ့"

ပျော်ရွှင်လွန်းသော ခံစားချက်ကြောင့် မို့အကြီးအကဲ အိပ်ပျော်ရန် ခက်ခဲနေသည်။ သတင်းကောင်းကို တခြားသူ သိအောင် မျှဝေချင်စိတ် ဖြစ်မိသည်။ သို့သော်လည်း ကောက်ကျစ်သော လုပ်ရပ်များနှင့် ဆက်စပ်နေ၍ သူ့ဆန္ဒကို ထိန်းချုပ်ထားရသည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းနင်၏ဘေးကင်း လုံခြုံမှုက ပို၍ အရေးပါသည်။

...

ထျန်းနင်၏ အတင်းအဖျင်း သတင်းက တစ်နိုင်ငံလုံး ပြန့်နေပြီး ပရိသတ်များက သူမကို ကာကွယ်နိုင်အောင် ကြိုးစားကြသည်။ ထျန်းနင်၏ အဆင့်အတန်းက အလွယ်တကူ ထိပါး၍ မရနိုင်ပုံပင်။

ရုပ်ရှင်ဇာတ်ကားကောင်းကြီး သုံးခုတွင် ပါဝင် သရုပ်ဆောင်ပြီးနောက် အများပြည်သူက သူမကို သရုပ်ဆောင်မင်းသမီး အဖြစ် အသိအမှတ် ပြုလာခဲ့သည်။

သူမ၏ပရိသတ်များက သူမကို ကာကွယ်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြ၍ ထျန်းနင် ကြည်နူးရသည်။ သို့သော်လည်း တရားခံ မပေါ်သေး၍ သူမ ကိုယ်ဝန် ရှိနေသည့် သတင်းကို မပြောထုတ်နိုင်သေးပေ။ သူမ အဆင်ပြေကြောင်း ပြော၍ ပရိသတ်များကို နှစ်သိမ့်ရန်သာ တတ်နိုင်သည်။

"ထျန်းနင် ကောင်းကောင်း အနားမယူဘူးလား။ ရုပ်ရှင်က အရေးကြီးပေမဲ့ မင်းရဲ့ခန္ဓာကိုယ်က ပိုအရေးကြီးတယ်"

"မို့သူဌေးက ထျန်းနင် နေကောင်းကြောင်း အားလုံးကို မစိုးရိမ်ဖို့ ပြောထားတယ်။ ဒါပေမဲ့ ထျန်းနင်က ငါတို့အတွက် အဖိုးတန်လို့ ငါတို့တွေ မစိုးရိမ်ဘဲ နေပါ့မလား"

"ထျန်းနင်က ရုပ်ရှင်အတွက် စတေးရတာ အရမ်းများတယ်။ သူက အရမ်းကို ပညာရှင်ဆန်တယ်။ ထျန်းနင် ကျန်းမာရေး ကောင်းမွန်လာဖို့ မျှော်လင့်တယ်"

"ငါက ထျန်းနင်ရဲ့ဆုံးဖြတ်ချက်ကို လေးစားတယ်။ ငါက ထျန်းနင်ကို ထာဝရ အားပေးသွားမယ်"

...

ထျန်းနင်က မှတ်ချက်များကို ဖတ်ရှုပြီး အတိတ်အကြောင်း ပြန်တွေးနေမိသည်။ ဟိုးယခင်တုန်းက ခေတ်ဟောင်းမော်ဒယ် အဖြစ် သတ်မှတ်ခံ ခဲ့ရသည့် သူမက ယခုတော့ အောင်မြင်မှု အများကြီးကို ပိုင်ဆိုင်ခွင့် ရခဲ့သည်။

"ရုပ်ရှင်ရိုက်ကူးရေးက စက်တင်ဘာ လကုန်လောက် ပြီးဆုံးမယ်။ အချိန်တန်လာရင် ကိုယ်ဝန် ရှိနေတဲ့ အကြောင်း တရားဝင် ကြေညာမယ်"

"ပျောက်ဆုံးနေသော မိသားစုဝင် ရုပ်ရှင်ကို ဒီနှစ်ကုန်မှာ ရုံတင်မယ်။ အဲဒါပြီးရင်တော့ ချစ်လေးကို ဖေးထျန်း ဆုရအောင် ကိုယ် ကူညီပေးမယ်"

ထျန်းနင်က အိပ်ရာပေါ်မှာ တိတ်တဆိတ် ထိုင်နေပြီး မို့ထင်၏စီစဉ်ပေးမှုကို နားစွင့်နေသည်။ ထို့နောက် သူမက သူ့ကို ဖက်လိုက်ပြီး သူ့ပခုံးလေးကို မှီသည်။

မို့ထင်က သူမကို ပြန်ဖက်ပြီး ဆက်ပြောသည်။
"နောက်နှစ် မတ်လဆိုရင် 'WH'ရုပ်ရှင်ကို ရုံတင်မယ်။ ကလေးမွေးဖွားပြီးလို့ ချစ်လေး ရုပ်ရှင် ဆက်ရိုက်ကူးချင်သေးရင် ချစ်လေး အတွက် အဆင်ပြေမယ် ဇာတ်လမ်းတွေ ကိုယ် ရွေးချယ်ပေးမယ်"

"အခုရုပ်ရှင်သုံးကားကြောင့် ချစ်လေး အလုပ်ရှာရ မခက်ခဲပါဘူး"

ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ ခပ်တိုးတိုး ရယ်မောသည်။

"ဘာလို့ ရယ်မောနေတာလဲ"

"ဘာမှ မဟုတ်ပါဘူး။ ချစ်လေးတို့ သားအမိကို ယောက်ျားက ကာကွယ်ပေးနေတာ ကြည်နူးမိလို့ပါ"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မို့ထင်၏ပခုံးကို ကိုက်လိုက်သည်။

"ဇာတ်ညွှန်းကောင်းရင် ချစ်လေး သေချာပေါက် လက်ခံမှာပါ။ ချစ်လေးက သရုပ်ဆောင်ရတာ သဘောကျတယ်။ ချစ်လေးက တခြားသူ ဖြစ်လာပြီး တခြားသူရဲ့ ဘဝကို ခံစားရတာ သဘောကျတယ်"

"ဒါပေမဲ့ ချစ်လေး အနားမှာ မရှိတာနဲ့ Coqueလို ကလေးကို ပစ်မထားနဲ့နော်။ ကလေးကို မြက်တောထဲ ပစ်ထားပြီး ညစ်ညစ်ပတ်ပတ်တွေ ကောက်စားနေတာ မမြင်ချင်ဘူး"

မို့ထင်က အနာဂတ်အကြောင်း တွေးတောမိပြီး သူ့နှလုံးသား နူးညံ့သွားသည်။

"ဟုတ်ပါပြီ။ အိပ်ချိန်တန်ပြီ"

ထျန်းနင် သူမဘဝအကြောင်း တွေးနေမိသည်။ သူမ၏ဘဝတွင် မို့ထင် နှင့် ကလေး ရှိနေလျှင် လုံလောက်နေပါပြီ။

ထျန်းနင် ကိုယ်ဝန်ရှိသည့်သတင်းကို သိထားသူ လက်တစ်ဖက်စာပင် မပြည့်ပေ။ သူမ နှင့် အရင်းနှီးဆုံး ဖြစ်သည့် လုံကျဲ ကိုယ်တိုင်ပင် မသိသေးပေ။

သူတို့ရန်သူ၏ လှုပ်ရှားမှုကိုဖမ်းမိရန် လုချယ်၏ စုံစမ်းမှုကို စောင့်မျှော်ရမည်။

အပိုင်း(၄၅၉)
ပြီး၏။

❤️အပိုင်း ၉၀၀အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️

ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်

Telegram acc chothinmarlay

viber acc 09969332009

Kpay 09969332009

Wavepay 09784327525

Continue Reading

You'll Also Like

286K 30.1K 65
Author:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Episodes-31(completed)
13.7K 1K 14
Author - 枝玖 He only told me that he wanted me to live.
20.2K 2.7K 12
Only Love Can...Hurt Like This 💔
3M 86.8K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...