အင်္ကျီစ

Від moon1366_mine

621 70 11

"ဘယ်လောက်လဲ" "ဘာ!.." "ကျုပ်က ဆန္ဒတွေကိုလိုက်ဖြည့်ဆည်းပေးနေတဲ့သူပါ ခင်ဗျားကိုဘယ်လောက်ငှားရမလဲ " "......." ဇာတ... Більше

အင်္ကျီစ (intro)
အင်္ကျီစ (1)
အင်္ကျီစ (2)
အင်္ကျီစ (3)
အင်္ကျီစ (4)
အင်္ကျီစ (5)
အင်္ကျီစ (6)
အင်္ကျီစ (7)
အင်္ကျီစ (8)
အင်္ကျီစ (10)
အင်္ကျီစ (11)
အင်္ကျီစ (12)
အင်္ကျီစ(13)
အင်္ကျီစ (14)

အင်္ကျီစ (9)

22 4 4
Від moon1366_mine


လေးပင့်နေသည့် ဦးခေါင်းကိုအသာကိုင်ကာ မျက်ဝန်းတို့အားဖွင့်လိုက်သည်။ရီဝေဝေဖြစ်နေသည့်အမြင်အာရုံကြောင့်တစ်ခဏမျှနေပြီး အဖြစ်အပျက်ကို ပြန်သုံးသပ်နေမိသည်။
လောကကြီးကို စိတ်ပျက်လက်ပျက်ကြည့်ပြီး သူအရက်တွေတစ်ပုလင်းပြီး တစ်ပုလင်းသောက်နေခဲ့တာဘဲ ။

"ထပ်ပြီး မိုးလင်းလာခဲ့ပြီ ၊ ဘာများပြောင်းလဲတာရှိမှာလဲ အက္ခရာစိမ်း...."

သူ့ကိုယ်သူ ပျင်းရိစွာအသိပေးပြီး ဆိုဖာပေါ် ထပ်လှဲချလိုက်သည်။ သူဆေးရုံမသွားချင်ပေ။ ထလည်းမထချင်သလို အသက်ရှူဖို့တောင် သူ့မှာ ပျင်းရိနေပုံပင်။

"တင့်တင် !.. တင့်တင်!..."

"??...."

ဘဲလ် သံကြောင့် ခပ်နက်နက်မျက်ခုံးကိုအသာတွန့်ချိုလိုက်ပြီး တံခါးကိုစောင်းငဲ့ကြည့်လိုက်သည်။ သူတစ်ယောက်တည်းနေတဲ့အိမ်ကို ဘယ်သူက လာတာလဲ...။

"တင့်တင် တင့်တင်..."

"ကျစ်!....."

သူဆံသားတွေကို ရှုပ်ပွသွားအောင် ထိုးဖွပစ်လိုက်ပြီး တံခါးဆီသို့လျှောက်လှမ်းလိုက်သည်။ မနက်ပိုင်း စောစောစီးစီးကို လူကသိပ်စိတ်ရှည်နေသည်မဟုတ်....။

"ဘယ်ကောင်လဲကွာ!...."

"!!!?....."
သူမတိုးမကျယ်ညည်းညူမိတော့ ရှေ့မှာ deli သမားလေးတုန်ယင်သွားရသည်။

"ကျွန်တော်ပစ္စည်းလာပို့တာပါ...."

"ဘယ်သူ့ပစ္စည်းလဲ..."

"မသိပါဘူး... တစ်ယောက်ယောက်က ဒီလိပ်စာကိုပို့ခိုင်းလိုက်လို့ လာပို့ပေးတာပါ... "

"......"

လေးထောင့်စက္ကူပုံးလေးကို လက်ခံယူလိုက်ကာ အိမ်ထဲပြန်ဝင်လာလိုက်သည်။ ဘယ်သူက သူ့ကိုပစ္စည်းတွေပို့လိုက်တာများလဲ ....။

".!!!..."

စိတ်ရှုပ်ရှုပ်ဖြင့်ပင် ဖာလေးကို ဖွင့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်က ကလေးဆော့စရာ‌ ဆေးရုံနားကြပ်နှင့် စာကဒ်ကလေးတစ်ခု...။
သူခန့်မှန်းဖို့တောင်မလိုတော့ ...။ ဒါဟာ ထိုကလေးမ ဆီက ဖြစ်မည်မှန်း တန်းသိလိုက်သည်။

ကြမ်းပြင်ပေါ် အသာထိုင်ချလိုက်ပြီး ထိုအဖြူရောင်စာကဒ်လေးကို သူဖွင့်ကြည့်လိုက်သည် ။

"ဦးဦးဒေါက်တာ...
သမီး ခွေးလေးကိုကယ်နိုင်ခဲ့ပြီနော်... အစာလည်း ပြန်စားပြီ .. ဆေးလည်းပုံမှန်တိုက်တယ် .. အခုဆို လမ်းတောင်လျှောက်နိုင်နေပြီ..."

12 နှစ်ကလေးရဲ့ လက်ရေးက သိပ်မလှသော်လည်း စာလုံးပေါင်းမှန်သည်က အံဩစရာပင်။

"ဦးဦးဒေါက်တာရော ... အရင်ကလိုဘဲလား.. ပျင်းစရာကောင်းနေတုန်းဘဲလား.. သမီးကိုပေးသလို ခွေးလေးတစ်ကောင်လောက်မွေးကြည့်ကြည့်ပါလား... အဆင်ပြေနိုင်လောက်တယ်လေ...."

"အာ...."

ခွေးတစ်ကောင်မွေးဖို့နေနေသာသာ သူ့ကိုယ်သူတောင်အနိုင်နိုင်ဖြစ်နေတာ ...။ပြီးတော့ ခွေးကို မျှချစ်ပေးဖို့လောက်ထိ သူ့ကိုယ်ပေါ်မှာတောင် အချစ် ရှိမနေ...။

"ဘာဖြစ်ဖြစ် ဦးဦးဒေါက်တာ ကိုထပ်တွေ့ချင်ပါတယ် .. ဒီလိုပုံစံမျိုးမဟုတ်ဘဲ... တစ်ခြားသူတစ်ဦးပုံစံမျိုးနဲ့ ..... ပြီးတော့ သမီးကို ဘဝတစ်ခုပေးခဲ့တာအတွက် ကျေးဇူးအရမ်းတင်ပါတယ်...."

"......." 

သူကုသခဲ့တဲ့ လူနာတွေအတော်များတယ် ။ ဒါပေမဲ့ သူ့ကို စိတ်ရင်းနဲ့ကျေးဇူးတင်စကား ပြောတဲ့သူ ရှားတယ်။
စာကဒ်လေးကို စက္ကူပုံးထဲပြန်ထည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဒီစကားလုံးတွေကတောင် သူ့ကို မအေးချမ်းစေပါလား ။ ငါတကယ်ဘဲ ဘာကိုလိုအပ်နေတာလဲ ....။

သူ့တည်ရှိမှုကိုတောင် မရောင့်ရဲနိုင်တော့ပါလား ...။

~~~~~~~

"တောက်!.. တောက်!.. တောက်!..."

သားရည်ဖိနပ်သံက ကြမ်းပြင်ပေါ်ကျယ်လောင်စွာဖြတ်လျှောက်နေပါသော်လည်း ကုတင်ပေါ်အအိပ် တစ်စုံတစ်ဦးမှာတော့ အသိစိတ်မဲ့ အိပ်မောကျနေလို့ရယ်....။
နှုတ်ခမ်းတို့ဖြူဖတ်ဖြူရော်နှင့် ဆေးပိုက်ကိုကြည့်ရင် လူမမာမှန်းသိသာသည်။

အဖြူရောင်ရှပ်လက်ရှည်ကို အသာခေါက်တင်လိုက်ပြီး ကုတင်ဘေး ဝင်ထိုင်လိုက်သည်။ ဖြူဥဝင်းဝါသောအသာရည်ရှိသည့်အမျိုးသား၏ မျက်နှာချောချောနားကပ်ကာ......။

"အိပ်လက်စနဲ့ ... ဘာလို့ မသေသွားရတာလဲ..."

သူ့အသံက တိုးလွန်းသည်ဆိုသော်လည်း အိပ်နေသူအသိရှိရင် သေချာပေါက်ကြားနိုင်ပေလိမ့်မည်။

" စက်ြာသျှံ " ဘေးခုံမှ ရေသဘက်ကို အသာယူပြီး ထိုမျက်နှာလှလှပေါ် ပွတ်သပ်သန့်ရှင်းနေသည်။ အဓိပ္ပာယ်မရှိတာတွေကို သူဘယ်အချိန်ထိ လုပ်နေရဦးမှာလဲ .....။

"........."

ဖြူလျော့နေသော်လည်း နှုတ်ခမ်းနှစ်လွှာကအနည်းငယ်ပန်းရောင်သမ်းနေတုန်းပင် ။ ရှည်လျားသောမျက်တောင်တွေကို သူသဘောကျခဲ့မိပေမဲ့ ထိုမျက်ဝန်းညိုကိုတော့ သူဖောက်ထုတ်ချင်လောက်အောင်မုန်းသည်။ အနည်းငယ်ထိမိရင်တောင် သွေးခြေဥတတ်သည့် ပါးပြင်မှာ အညိုအမည်း ဒဏ်ရာဒဏ်ချက်တွေက အကျည်းတန်လျက်...။
ဒါတောင်လှနေတုန်း.....။

"ခင်ဗျားက ကျုပ်သတ်ပစ်ချင်လောက်အောင်ကို လှလွန်းတယ်...."

ဟုတ်တယ် ။ အရင်ကတည်းက သူဟာ .... ဒီရင်ထဲမှာ အလှပဆုံးပန်းတစ်ပွင့်ဖြစ်နေခဲ့တာ ....။

ပါးရိုးတစ်လျှောက် အရိုးစိမ့်အောင်နာကျင်လာတာကြောင့် "အချစ်မိုင်း" နိုးလာခဲ့သည်။ နားထင်အထိကို ကိုက်ခဲလာသည့်အခါ သူမျက်ရည်လေးတောင်ဝဲမိသည်။

"အင့်!...."

"ကိုကို... သတိရပြီလား... တစ်နေရာရာနာကျင်နေသေးလား...."

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသော လူတစ်ဦးကြောင့် "အချစ်မိုင်း" ငြိမ်နေလိုက်သည်။ တစ်ညလုံးသူ့ကိုစောင့်ကြည့်နေတာတော့ မဟုတ်ဘူးမလား ...။

"ငါဖျားနေတာလား...."

ကိုယ့်နဖူးကိုယ်ပြန်စမ်းကြည့်တော့ မီးသွေးအလားပူကျစ်နေခဲ့သည်။ သူမသက်မသာခံစားနေရတာလည်း မထူးဆန်းတော့ ....။

"အင်း... ဖျားသွားတာ .. ကျွန်တော် ဆေးသွင်းထားတယ် ကိုကို သက်သာသွားမှာပါ.... စိတ်မပူနဲ့နော်..."

အေးအေးလေးနှင့်ဆိုလာသော စကားသံနောက်မှာ သူစိတ်သက်သာရာရသွားသည်။ ထိုအမျိုးသားက ဆေးခွက်တစ်ခွက်နှင့်တောင် တူနေတော့မည်။

"ဖျားနေတာ.. မင်းကိုကူးသွားမှာပေါ့ .... အဆင်ပြေတာမို့လို့ လုပ်စရာရှိတာ သွားလုပ်တော့...."

သူကရတယ် ။ ထိုလူတော့ သူ့ကြောင့် အနာတရမဖြစ်စေရ...။

"ကျွန်တော် ကိုကို့အနားဘဲနေချင်တာ.... ကျွန်တော်မရှိရင် ကိုကို အဆင်မပြေနိုင်ဘူးလေ....."

"ဒါပေမဲ့ ငါဖျားနေ!!..."

"ပြွတ်!!..."

သူ့နဖူးပေါ် အနမ်းခြွေလာသည့် ထိုကောင်လေးကြောင့် သူ့မျက်ဝန်းတွေ အဝိုင်းသား...။ ဒီလောက်ဖျားနေတာကို သူ့ကိုနမ်းရဲတယ်တဲ့လား...။

"နှင်မထုတ်ပါနဲ့.... ကျွန်တော်က ခံနိုင်ရည်ရှိတာမို့လို့ ... ပြီးတော့ ကိုကို့ အနားတစ်ဖဝါးမှ ခွါမှာမဟုတ်ဘူး...."

စေ့စေ့ကြည့်ကာပြောလာသည့်အခါ အချစ်မိုင်း ပြာပြာသလဲဖြစ်သွားရသည်။ သူတစ်ခါမှ ချစ်ရေးမဆိုခံရသလို ထိုလူကလည်း လူတိုင်းရဲ့ အိမ်မက်နတ်သားလို ချောမောတဲ့လူ....။ ရင်မခုန်ဘဲနေမလား။

"ဘာလို့တစ်ဖဝါးမှမခွါချင်တာလဲ .... မင်းက တောက်တဲ့လား....."

"တောက်တဲ့ဆို ကောင်းတာပေါ့ .... အဲ့ဒါဆို ကိုကို့ ပါးပေါ်မှာဘဲ အမြဲကပ်နေမှာ..."

သူ့ပါးကိုထိကိုင်လာသည့်အခါ မျက်နှာလွှဲလိုက်ပြီး ဟိုဘက်လှည့်လိုက်သည်။

"ဖျားနေပါတယ်ဆို.... ဝေးဝေးသွားစမ်းပါ.….."

"ဖျားနေလို့ကို မသွားချင်တာ...."

သူ့ခါးကိုဖက်တွယ်လာကာ ရင်ခွင်ထဲဆွဲဖက်လိုက်သည့် ထိုသူစိမ်းကောင် ...။ သူ့ခန္ဓာကိုယ်က အားနည်းနေကာ နာကျင်ကိုက်ခဲနေသည်မို့ ရုန်းကန်မလှုပ်ရှားချင်ခဲ့ပေ ။

"အဖျားကူးသွားလိမ့်မယ်!..."

"ကူးပါစေပေါ့... ပြီးရင် ကိုကိုက ကျွန်တော့်ကိုပြန်ဂရုစိုက်ပေးလေ... ဘာခက်တာမိုလို့လဲ ...."

ပြောတာကလွယ်သည်။ သို့သော် ထိုကောင်လေးဖျားတဲ့ပုံစံကိုသူမြင်ယောင်ကြည့်တာနဲ့တင် ရင်ထဲမကောင်းချင်...။
တကယ်ခေါင်းမာတာဘဲ ....။

"မခက်ပေမဲ့ ... မင်းသာဖျားသွားရင် ...ငါစိတ်မကောင်းဘူးလေ...."

"ဟမ်း!....."

"!!??...."

သူ့စကားကဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားလို့ အံ့ဩသွားရတာလဲ။
အလန့်တကြား နောက်ကိုလှည့်ကြည့်တော့ သူ့ကိုပြုံးပြုံးရင်းကြည့်နေသည့် စက်ြာသျှံ ကိုတွေ့လိုက်ရသည်။

"ဆိုတော့ ... ကိုကိုကျွန်တော့်ကို တကယ်စိတ်ပူနေတာဘဲ...."

"!!?... "

သူ့ခါးကိုပိုမိုတင်းကြပ်စွာဖက်တွယ်လာသည့်       "စက်ြာသျှံ " ...။

"ငါက ဒီအတိုင်း!... ဒီအတိုင်း!..."

"အင်း ... ဒီအတိုင်း ဘာဖြစ်လဲ...."

သူ့ကို မချိပြုံး ပြုံးရင်းကြည့်လာသည့်အခါ      "အချစ်မိုင်း " မှာ ခေါင်းမဖော်ရဲတော့လောက်အောင်ပင်။ သူ့ရင်တွေ အဆမတန်ခုန်ပေါက်နေခဲ့ပြီး မသိစိတ်ကနေ ကြည်နူးနေမိသည်။

လုံလောက်ပါတယ်...။
လောကကြီးကို ဒီလူတစ်ယောက်တည်းအတွက်ဘဲ ရှင်သန်တော့မယ်....။

15.1.24💐

Thank you for reading💜❄️🍓

Продовжити читання

Вам також сподобається

235K 14.2K 45
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
291K 10.6K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
47.1K 2.3K 48
The Rajputs well known as the most powerful and devil's for the people who tries to messed up with them people got goosebumps just by listening to th...
20.7K 1.8K 7
Wanna visit rajasthan than read this special book about my love Rajasthan 💗