အပိုင်း(၄၅၆)
လုချယ်က မို့ထင်၏အမိန့်အတိုင်း ဆေးစစ်ခဲ့သည့် ဆေးရုံကို သွားရောက် စုံစမ်းခဲ့သည်။ သို့သော်လည်း သူကိုယ်တိုင် သွားရောက် စုံစမ်းခြင်း မဟုတ်ခဲ့ပေ။ သူနှင့် ရင်းနှီးကျွမ်းဝင်သော လိမ္မာပါးနပ်သော နောင်ယောင်ခံ လိုက်သူမှ တဆင့် ဆေးရုံမှ ဆရာဝန်များ အကြောင်းကို စုံစမ်းပြီး ပစ်မှတ်အနား သူလျှို လွှတ်ပေးထားသည်။
ထျန်းနင် ဆေးစစ်ခဲ့သည့် ဆရာဝန်အနားမှ သူနာပြုများ နှင့် ဆေးဝန်ထမ်းများမှ တဆင့် နောက်ယောင်ခံလိုက်သူက စုံစမ်းနေသည်။
သို့သော်လည်း သူတို့ရည်ရွယ်ချက်ကို မစုံစမ်းမိခင် သူတို့အားလုံး စိတ်ရှည်ရှည်ထားရန် လိုအပ်သည်။ ထို့ကြောင့်လည်း ဆရာဝန်အနားမှ သူနာပြုများ နှင့် ဆက်ဆံရေး ကောင်းမွန်အောင် နေထိုင်ခိုင်းပြီး ဆရာဝန်၏ နောက်ထပ်လှမ်းမည့် ခြေလှမ်းကို စောင့်ကြည့်စေသည်။
...
ညဉ့်ဦးယံအချိန်
ထျန်းနင်က ဆရာဝန်ဖူ တောင်းဆိုသည့်အတိုင်း ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဆေးစစ်ဆေးခဲ့သည်။
ထို့နောက် မို့ထင်က ထျန်းနင်ကို အဖော်ပြုကာ အိမ်ပြန်လာခဲ့သည်။ စုန့်ယန်ရှု ကားမောင်းနေစဉ် မို့ထင်က ထျန်းနင် အရှေ့မှာ ဒူးထောက်လိုက်ပြီး သူမ၏ဝမ်းဗိုက်လေးကို ဖွဖွလေး နမ်းသည်။
"နောက်ဆုံးတော့ ကိုယ် အဖေဖြစ်ခွင့် ရတော့မယ်"
"အခုကစပြီးတော့ ချစ်လေး ဘာမှ မလုပ်ရတော့ဘူး"
"ချစ်လေး ရုပ်ရှင် အပြီးသတ် ရိုက်ကူးဖို့ ကျန်သေးတာ ယောက်ျား မေ့နေသလား"
ထျန်းနင် သတိပေးသည်။
မို့ထင် မျက်မှောင်ကြုတ်လိုက်ပြီး ထျန်းနင် ဘေးနားထိုင်ကာ သူမ၏ခန္ဓာကိုယ်ကို ထွေးဖက်ထားသည်။
ထျန်းနင်က မို့ထင် ဘာအကြောင်းအရာကို စိုးရိမ်နေလဲ နားလည်မိ၍ နှစ်သိမ့်ဖျောင်းဖျကြည့်သည်။
"ချစ်လေး၊ ဆရာဝန်နဲ့ စကားပြောကြည့် ပြီးပြီ။ ချစ်လေးက ကိုယ့်ဘာသာ ဂရုစိုက် သရွေ့ ရုပ်ရှင် ဆက်ရိုက်ကူးလို့ ရတယ်တဲ့။ ဘာပဲဖြစ်ဖြစ်ပါ အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်း အားလုံးက ရိုက်ကူးပြီးပြီလေ။ နောက်ထပ် ရိုက်ကူးရမှာက စကားပြောတဲ့ ဇာတ်ဝင်ခန်းတွေလေ။ အန္တရာယ် မများဘူးဆိုရင် ချစ်လေး သေချာ ရင်ဆိုင် နိုင်ပါတယ်"
"ကိုယ်က ချစ်လေး အရမ်း အလုပ်ကြိုးစားနေတာ မမြင်ရက်လို့ပါ"
"ချစ်လေး ကိုယ့်ဘာသာကိုယ် အရမ်းကြီး ဖိအား မပေးပါဘူး"
ထျန်းနင်က ချစ်စဖွယ်ကောင်းသော လေသံဖြင့် ပြောဆိုနေသော်လည်း သူမ၏လေသံက လေးနက်သည်။
မို့ထင်က သူ့မိန်းမကို ဖျောင်းဖျရန် မလွယ်ကူမှန်း သဘောပေါက် မိ၍ အညံံံ့ခံလိုက်သည်။
"ချစ်လေး ကတိပေးရမယ်နော်။ အရမ်းကြီး ကိုယ့်ဘာသာကိုယ် ဖိအား မပေးရဘူး"
"ချစ်လေး ကတိပေးပါတယ်"
ထျန်းနင်က လက်မြှောက်လိုက်ပြီး လေးလေးနက်နက် ကတိပေးသည်။
"ကိုယ် မင်းကို ယုံကြည်လိုက်မယ်"
မို့ထင်က ထျန်းနင်၏လက်ကို အောက်ဆွဲချ ပေးလိုက်ပြီး လုချယ် ဆက်သော ဖုန်းကို ချက်ချင်း ငြင်းဆန်ပစ်သည်။ သို့သော်လည်း ထျန်းနင်က သူ့ကို ဟန့်တားသည်။
"ချစ်လေး နောက်ကွယ်မှ သူ့ကို ဖုန်းပြန် မဆက်ပါနဲ့။ ဒီမှာပဲ ဖုန်းကိုင်လိုက်ပါ ယောက်ျားရယ်"
မို့ထင်က ထျန်းနင်ကို မကောင်းသော လှည့်ကွက်များ မကြားစေချင်ပုံပေ။ ထျန်းနင်က ဖျော်ဖြေရေးလောကထဲ ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၍ ယခုလို အပြုအမူများနှင့် ကျင့်သား ရနေပါပြီ။ သူမက ဘာကို ကြောက်နေရမည်နည်း။
မို့ထင်က ထျန်းနင်၏မျက်ဝန်းကို လေးလေးနက်နက် ကြည့်သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဖုန်းကို ကိုင်ပြီး ဖြေလိုက်သည်။
"မို့သူဌေး။ ပါဝင်ပတ်သက်တဲ့ လူအားလုံးရဲ့ နာမည်စာရင်း ရခဲ့ပြီ။ ကျွန်တော်တို့ စုံစမ်းထား သလောက်တော့ ဒါက ရိုးရိုး အမှား မဟုတ်ဘူး။ တခြား ကြံစည်ထားတာ ရှိနေနိုင်သေးတယ်။ ကျွန်တော်တို့ ဆက်စုံစမ်းထားမယ်။ အခြေအနေ ထူးတာနဲ့ ချက်ချင်း သတင်းပို့ပါမယ်"
"တတ်နိုင်သလောက် မြန်မြန် ငါ့ကို အသိပေးပါ"
မို့ထင်၏ အသံက အေးစက်စက် လေသံ အဖြစ် ပြောင်းလဲသွားသည်။
"ဒါနဲ့ ဒီနေ့ မဒမ် ဆေးရုံသွားတဲ့ အခြေအနေ ဘယ်လိုလဲ"
"ကိုယ်ဝန် ရှိနေပြီ"
မို့ထင် သတိမထားမိသော်လည်း မို့ထင်၏ နှုတ်မှ ကိုယ်ဝန် ရှိနေပြီဟု စကားကို ပြောလိုက်ချိန် သူ့နှုတ်ခမ်းလေး ကော့ညွှတ်သွားခြင်းကို ထျန်းနင် သတိထားမိသည်။
"ဒါပေမဲ့ ဒီကိစ္စ ဘယ်သူ့ကိုမှ ပေးမသိနဲ့ဦး။ အခုတော့ ရန်သူတွေနဲ့ ရေလိုက်ငါးလိုက် ဆော့ကစား ပေးဦးမယ်"
"ကျွန်တော် နားလည်ပါပြီ သူဌေး"
ဤပြဿနာက သူ့မိန်းမ၊ သူ့ကလေး နှင့် ဆက်နွှယ်နေ၍ ရန်သူကို အလွယ်တကူ လွှတ်ပေးမည့် အတွေး မရှိခဲ့ပေ။
ဤဖြစ်ရပ်ကား မို့ထင်၏ သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်ခဲ့မှန်း ထျန်းနင် သဘောပေါက်သည်။ အလားတူစွာ မို့ထင် နှင့် သူမ၏ကလေးကို ထိပါးခဲ့လျှင် သူမ သည်းခံပေးနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားလိမ့်မည်။
အိမ်ပြန်ရောက်လာပြီးနောက် မို့ထင်က ထျန်းနင်ကို အိပ်ရာထဲမှာ ဖက်ထားလိုက်ပြီး သူ့ ကွန်ပြူတာကို ဆွဲထုတ်ကာ ကိုယ်ဝန်ဆောင် မိခင်များကို ပြုစုစောင့်ရှောက် ရသော နည်းလမ်းကောင်းများကို အွန်းလိုင်းပေါ် ရှာဖွေသည်။ ထိုမြင်ကွင်းကြောင့် ထျန်းနင် ရယ်ချင်စိတ်ကို ထိန်းချုပ် မရခဲ့ပေ။
"ရှင် ရှာထားတာတွေ အများကြီးပဲ။ အကုန်လုံးရော ဖတ်နိုင်ရဲ့လား"
မို့ထင်က ထျန်းနင်၏ခါးလေးကို ဖက်လိုက်ပြီး သူမ၏ဝမ်းဗိုက်ကို ဖွဖွလေး ပုတ်လိုက်သည်။ သူ့အမျိုးသမီး ခန္ဓာကိုယ်ထဲမှ ဖန်တီးမှု သေးသေးလေး အကြောင်းကို တွေးမိလေတိုင်း သူ့စိတ် ကြည်နူးရသည်။ ဤသတင်းကောင်းလေးကို တစ်လောကလုံး သိသွားအောင် ကြေညာချင်စိတ် ရှိသည်။
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ ထျန်းနင် အိပ်ပျော်သွားအောင် ချော့မြှူသည်။ သူမ အိပ်မောကျသွားမှ သူ့ဖုန်းကို ကောက်ကိုင်ကာ စာကြည့်ခန်းထဲ ဦးတည် ထွက်ခွာသွားသည်။
သူ ပထမဆုံး ဖုန်းခေါ်သူက ဝေအန် ဖြစ်သည်။
"ထျန်းနင် ကိုယ်ဝန် ရှိနေပြီ။ ရုပ်ရှင် ရိုက်ကူးဖို့ အချိန် ဘယ်လောက် ကုန်ဦးမလဲ။ အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းတွေ ကျန်သေးလား"
ဖုန်း၏ တခြားတစ်ဖက်မှ ဝေအန်မှာ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။ သူ ဘယ်လို တုံ့ပြန်ရမလဲ မသိ ဖြစ်နေသည်။ ထျန်းနင် နေထိုင်မကောင်းဖြစ်ပြီး ကလေး မရနိုင်ကြောင်း သတင်းများကို သူ ကြားသိထားသည်။ ထျန်းနင်က မည်သည့် အကြောင်းကြောင့် ရုတ်တရက် ကိုယ်ဝန် ရှိသွားသနည်း။
"ဒါရိုက်တာဝေက ဒီအကြောင်းကို လျှို့ဝှက် ပေးထားဖို့ မျှော်လင့်ပါတယ်"
ဝေအန် အိပ်ရာမှ ထလိုက်ပြီး မို့ထင် ကျီစယ်နေခြင်း မဟုတ်မှန်း သဘောပေါက်လိုက်သည်။
"သူက တကယ် ကိုယ်ဝန် ရှိနေတာလား"
"သေချာပါတယ်။ အတည်ပြုပြီးပြီ"
ဝေအန်က ရုပ်ရှင်အကြောင်း ခဏတာ တွေးတောလိုက်သည်။ ကံကောင်းထောက်မစွာ အန္တရာယ်များသော ဇာတ်ဝင်ခန်း အားလုံးကို အပြီးသတ် ရိုက်ကူးနိုင်ခဲ့သည်။ သို့တည်းမဟုတ်လျှင် မို့ထင်၏ ဇနီးသည်ကို အလိုလိုက် အကြိုက်ဆောင်သော အဆင့်ဖြင့် သူ့ရုပ်ရှင်တွင် အဓိကဇာတ်ဆောင် ထပ်ပြောင်းလဲရဦးမည်။
"စက်တင်ဘာ လကုန်လောက်တော့ ရုပ်ရှင် အပြီးသတ် ရိုက်ကူးနိုင်မယ် ထင်တာပဲ။ ကျန်သေးတဲ့ ဇာတ်ဝင်ခန်းတွေကို ထျန်းနင် ရိုက်ကူးနိုင်သင့်ပါတယ်။ အများစုက စကားပြောတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ အက်ရှင််ခန်းတွေ သိပ်မပါပါဘူး"
"နောက်လထဲ ကျွန်တော်ကိုယ်တိုင် ရုပ်ရှင်ရိုက်ကွင်း လာမယ်။ ရုပ်ရှင် ရိုက်ကူးတာကို စောင့်ကြည့်မယ်"
မို့ထင်က လေးနက်သော လေသံဖြင့် အသိပေးသည်။
ကျန်နေသေးသည့် ရုပ်ရှင်ဇာတ်ဝင်ခန်းများက ခံစားချက် အနိမ့်အမြင့် အတက်အကျ ဖြစ်ပေါ်စေ၍ ထျန်းနင်ဘေးနား ဆေးဝန်ထမ်း အရံသင့် ထားရမည်။ ထျန်းနင်၏ ရုပ်ပိုင်း စိတ်ပိုင်း ခံစားချက် အားလုံးကို အလေးထား ဂရုစိုက်ရမည်။
"မင်းက သူ့မန်နေဂျာပဲ။ မင်း လုပ်ချင်သလို လုပ်ပါ"
ဝေအန်က ရုပ်ရှင်ကို အဆင်ပြေ ချောမွေ့စွာ ရိုက်ကူးနိုင်ရန်သာ မျှော်လင့်မိသည်။ ထျန်းနင် တစ်ခုခု ဖြစ်သွားခဲ့လျှင် သူတို့ ရုပ်ရှင် အဖွဲ့သားအားလုံး သူမနှင့် အတူတူ ဒုက္ခတောထဲ သက်ဆင်း ရလိမ့်မည်။
မို့ထင်၏ ဩဇာအာဏာကို သံသယဝင်စရာပင် မလိုအပ်ချေ။
ဝေအန်ကို ဖုန်းခေါ်ပြီးနောက် မို့ထင်က ဖန်ယွီကို ဖုန်းခေါ်လိုက်ပြီး သူ့အလုပ်တာဝန်များကို ဖန်ယွီထံ ခဏတာ လွှဲပြောင်းပေးသည်။ သူက ရုပ်ရှင် ရိုက်ကူးရေးကို စောင့်ကြည့်ချင်လျှင် သူ့အတွက် အချိန် လိုအပ်သည်။ သူ လုပ်နေကျ အလုပ်ကို ဆက်လုပ်နေလျှင် ထျန်းနင်ကို စောင့်ကြည့်ချိန် မရပေ။
ထျန်းနင် နေထိုင်မကောင်းဖြစ်နေစဉ် မို့ထင်က ထျန်းနင်ကို အဖော်ပြုပေးချင်သည်ဟု ဖန်ယွီ ယူဆလိုက်သည်။
မို့ထင် စီစဉ်စရာ ရှိသည့် ကိစ္စတိုင်းကို စီစဉ်ပြီးချိန် မနက် ၃နာရီ ထိုးနေပါပြီ။ မို့ထင်က ထျန်းနင်၏ ကိုယ်ရေးကိုယ်တာ မန်နေဂျာ အဖြစ် လုံးဝ အသွင်ပြောင်းလဲလိုက်သည်။
"ယောက်ျား အလုပ်မသွားရတော့ဘူးလား"
ထျန်းနင်က မို့ထင် ခရီးဆောင်အိတ် သိမ်းဆည်း နေခြင်းကို စောင့်ကြည့်ကာ မယုံသင်္ကာဟန် မေးမြန်းသည်။
"ချစ်လေး နောက်လိုက်တာ ကိုယ့်အလုပ်ပဲလေ"
သူက သူမ၏မန်နေဂျာ ဖြစ်ကြောင်း သတိပေးလိုက်သည်။
"စုန့်ယန်ရှုက အသေးစိတ် လုပ်ဆောင် နိုင်ပေမဲ့။ သူ့မှာလည်း သူ လုပ်ပေးနိုင်တဲ့ အတိုင်းအတာ ရှိတယ်။ ချစ်လေးကို ရုပ်ရှင်ရိုက်ကူးတာ မစွန့်လွှတ် ခိုင်းရက်တော့ ကိုယ် မင်းနောက်လိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲ"
"မို့သူဌေး၊ ရှင်က ရှင့်အလုပ်တွေအားလုံးကို ပစ်ပြီး ကျွန်မနောက်ကို လိုက်မလို့လား။ အဲလိုလုပ်ဖို့ ထိုက်တန်လို့လား"
ထျန်းနင်၏မျက်ဝန်းများက နီရဲလာသည်။
"ချစ်လေးက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အလင်းလက်ဆုံး စူပါစတား ဖြစ်လာတော့မှာလေ။ ဒါကြောင့် ကိုယ်က မင်းကို သေချာ စောင့်ရှောက်ရမှာပေါ့။ ပြီးတော့ ချစ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ့် ကိုယ်ပွားလေး ရှိနေပြီလေ"
အပိုင်း(၄၅၆)
ပြီး၏။
❤️အပိုင်း ၉၀၀အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️
ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်
Telegram acc chothinmarlay
viber acc 09969332009
Kpay 09969332009
Wavepay 09784327525