သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Від Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... Більше

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-75+76

260 16 0
Від Miracle_Phyu97

ဖေးချမ့် 75+76

အခန်း(၇၅) ပထမနေရာ ထုတ်ပယ်စနစ် သုံးမယ်

"ကောင်းလိုက်တာ"

"ဒီလို သိတတ်တဲ့ စနစ်မျိုးကိုမှ သဘောကျတာ"

စနစ်အကြောင်း ဖြည်းဖြည်းချင်း နားလည်လာပြီးနောက် ဖေးချမ့်တစ်ယောက် အသားကျလာပြီဟု ခံစားမိပါသည်။

ဒီအထူးတာဝန်က ခက်ခဲလို့လား။

အနည်းငယ် ခက်ခဲနိုင်သော်လည်း စီမံလို့တော့ရပါသေးသည်။

ထို့အပြင် စနစ်က ထိုကဲ့သို့ အထူးတာဝန်ကို မကြေညာရင်တောင် ဖေးချမ့် ဒီလိုအကြံမျိုး ရထားတာ ကြာပြီဖြစ်သည်။

နောက်ထပ် ၁၀ နှစ်အတွင်း ဆိုင်ခန်းများက အလွန်ဆိုးရွားလာမည်ကို ဖေးချမ့် ရှင်းရှင်းလင်းလင်း သိထားသည်။ အကြောင်းအရင်းက ၂ ခုရှိ၏။ ပထမဆုံး ဆိုင်ငှားသူများအတွက် အလွန်အကြူး မြင့်တက်လာသော ဆိုင်ငှားခများ၊ ဒုတိယက e-commerce နှင့် အမြန်ချောပို့ဝန်ဆောင်မှုများ တိုးတက်လာသဖြင့် လူတွေက အိမ်မှာနေရင်း ရှော့ပင်းထွက်ရတာကို ပိုသဘောကျလာကြပါသည်။

အရင်တုန်းကတော့ တက္ကသိုလ်တစ်ခုအနားမှာ ဆိုင်ဖွင့်လျှင် အလွန်စီးပွားရေးကောင်းနိုင်သည်။ မုန့်ပဲသရေစာများ ရောင်းချခြင်း သို့မဟုတ် မိတ္ထူကူးခြင်း ဝန်ဆောင်မှု စသည်တို့ကို လုပ်ရင်တောင် ထိုဆိုင်အားလုံးက အလွန်ဝင်ငွေကောင်းသည်။ အင်တာနက်ကဖေးတစ်ခု သို့မဟုတ် နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ပါက အမြတ်များက ပို၍ပင် မြင့်သွားနိုင်ပါသည်။

သို့သော်လည်း ဆိုင်ခန်းများက ပိုပိုပြီး ဆိုးရွားလာကြကာ ပိတ်ကုန်ကြသည်။ အကြောင်းအရင်းကတော့ သူတို့ကမ်းလှမ်းနိုင်သည့် ဆောင်ရွက်ချက်များစွာကို ဒစ်ဂျစ်တယ် စီးပွားရေး ပလက်ဖောင်းများက အစားထိုးလိုက်ကြပြီ ဖြစ်သောကြောင့်ပင်။

အရင်တုန်းကတော့ တက္ကသိုလ်ကျောင်းသားများစွာက ဒစ်ဂျစ်တယ်မောလ်များ သို့မဟုတ် ဆိုင်များကို သွားပြီး ကွန်ပျူတာများကို ဝယ်ယူပါက ဆိုးဆိုးရွားရွား အလိမ်ခံကြရသည်။ နောက်ပိုင်းမှာတော့ အားလုံးက JD.com ကိုသွားကြပြီး ထိုဒစ်ဂျစ်တယ်မောလ်များကို အားမပေးကြတော့ပါ။

နေ့စဥ်အသုံးအဆောင်ပစ္စည်းများအတွက်တော့ တချို့က စူပါမားကတ်များကို သွားဝယ်ကြသေးသော်လည်း တချို့ကတော့ အိမ်အရောက်ပို့ဆောင်သော အမြန်ချောပို့ဝန်ဆောင်မှုများကို ရွေးချယ်လာကြပါသည်။

စားသောက်ဖို့အတွက်လည်း လူများစွာက အမြန်ချောပို့များကိုသာ အားကိုးကြတော့သည်။ အများဆုံး အထူးပွဲတော်များအတွက်သာ အဆင့်မြင့် စားသောက်ဆိုင်များသို့ သွားတတ်ကြသည်။ စားသောက်ဆိုင်များကို သူတို့ မကြာခဏ အားမပေးကြတော့ပါ။

အနှစ်ချုပ်ပြောရလျှင် ဆိုင်ခန်းတစ်ခုက ဘယ်လို စီးပွားရေးပဲလုပ်လုပ် သူတို့အတွက် စီးပွားရေး ကျဆင်းကာ နေဝင်တော့မည့် လုပ်ငန်းတစ်ခုလိုဖြစ်လာမည်။

ဖေးချမ့်ကလည်း ဒါမျိုးကိုပဲ ကြိုက်တာ ဖြစ်သည်။

သို့သော်လည်း... သူဘယ်လို ဆိုင်ခန်းမျိုး ဖွင့်ရမည်နည်း။ စနစ်က ဘယ်လို လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုဟု အတိအကျသတ်မှတ် မထားပါ။ ဆိုင််ခန်းတစ်ခုသာ ဖြစ်ဖို့လိုသည်။ တစ်ခုတည်းသော ကန့်သတ်ချက်က လူစည်ကားသည့် မြို့တော်ရပ်ကွက်တစ်ခု သို့မဟုတ် ကျောင်းတစ်ကျောင်းအနားတွင် ဆောက်ဖို့သာ ဖြစ်သည်။ မုန့်ဆိုင်ဖြစ်ဖြစ်၊ စာအုပ်ဆိုင်ဖြစ်ဖြစ်၊ မိတ္ထူဆိုင်ဖြစ်ဖြစ် အားလုံး ခွင့်ပြုထားပါသည်။

ဖေးချမ့်က ဒီအကြောင်းကို ထပ်ပြီး နက်နက်ရှိုင်းရှိုင်း စဥ်းစားကာ ဒီကိစ္စအောင်မြင်နိုင်နှုန်းကို တွက်ချက်ပါသည်။ နောက်ထပ် ၁၀ နှစ်အတွင်း ဆိုင်ခန်းများက ပိုပို အခြေအနေ ဆိုးရွားလာနိုင်သော်လည်း သူအခု ဖွင့်လိုက်ပါက သေချာပေါက် အရှုံးပေါ်နိုင်ပါ့မလား။

မပြောနိုင်ပါ။

အခုက ၂၀၁၀ ခုနှစ်ဖြစ်သည်။ e-commerce နှင့် အမြန်ချောပို့ဝန်ဆောင်မှုများက ဖွံ့ဖြိုးတိုးတက်ဆဲသာ ရှိသေးသည်။ ဆိုင်ခန်းများက အမြတ်ရနေဦးမည် ဖြစ်သည်။ စာအုပ်ဆိုင်မျာား၊ စတိုးဆိုင်ငယ်များ၊ ကျောင်းနားက အင်တာနက်ကဖေးဆိုင်များက အတော်လေး အဆင်ပြေနေကြဆဲ ဖြစ်သည်။ လူသူကင်းမဲ့သည့် ထောင့်တစ်နေရာတွင် မိတ္ထူဆိုင်ဖွင့်ရင်တောင် ပိုက်ဆံ လုံလုံလောက်လောက် ရနိုင်ပါသေးသည်။

ကျောင်းသားများက ၎င်းတို့၏ စာရွက်စာတမ်းများ ပရင့်ထုတ်ခြင်း၊ အိမ်စာများ ပရင့်ထုတ်ခြင်းနှင့် စာရွက်စာတမ်းများကို မိတ္ထူကူးဖို့ မိတ္ထူဆိုင်သို့သွားကာ ထိုဝန်ဆောင်မှုများ ရယူရပါသေးသည်။ လိုအပ်ချက်များလည်း ရှိနေကြသေး၏။ သို့သော်လည် အခုကစပြီး ၁၀ နှစ်အတွင်း ဆိုင်ခန်းများက ဝင်ငွေကောင်းတော့မည်မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် အတိုချုံးပြောရလျှင် ဝင်ငွေကောင်းဖို့က တော်တော်လေး ဖြစ်နိုင်သည်။

ထို့အပြင် ဖေးချမ့်က အလွန်ဇဝေဇဝါ ဖြစ်နေသည်။ သူ ဒီဆိုင်ကို ဘယ်လိုဖွင့်ရမည်နည်း။

သူ နည်းနည်းပဲ ရင်းနှီးမြှုပ်နှံလျှင် နည်းနည်းပဲ အရှုံးပေါ်မည်။ ကံကောင်းသွားပါက ဝင်ငွေတောင် ရလာနိုင်၏။ သူ များများ ရင်းနှီးမြှုပ်နှံပြီး သူ့ဝန်ဆောင်မှုအရည်အသွေးများကလည်း ကောင်းမွန်ကာ စီးပွားရေး အောင်မြင်သွားပါက ဘယ်လိုလုပ်မည်နည်း။

ဒါက နည်းပညာအလုပ်ဖြစ်သဖြင့် သူ သေသေချာချာ စဥ်းစားရမည်။

သို့သော်လည်း ဒီဆိုင်ကို မဖွင့်ခင် ဖေးချမ့် စီစဥ်ထားခဲ့တာ ကြာပြီဖြစ်သည့် 'ပထမနေရာထုတ်ပယ်ခြင်းစနစ်' ကို အရင်ဆုံး ကျင့်သုံးတော့မည်။ ဖေးချမ့် အစကတော့ ငတုံးတစ်စုကိုသာ အလုပ်ခန့်ဖို့ စီစဥ်ထားခဲ့၏။ သို့သော်လည်း ဖြစ်ချင်တော့ သူခန့်အပ်လိုက်သည့် လူတိုင်းက အလားအလာကောင်းသူများ ဖြစ်နေကြသည်။ သူအကျပ်ရိုက်နေပါပြီ။

အထူးသဖြင့် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ဖြစ်ကြ၏။ သူတို့ကို ဆက်ခေါ်ထားပါက ပြဿနာများ ဆက်တက်လာဖို့သာရှိသည်။ သူတို့ သူ့အတွက် အလုပ်လုပ်ပေးပါက ထန်းတာ့၏ ဂိမ်းစီးပွားရေးက အရှုံးပေါ်ဖို့ ခက်ခဲပါလိမ့်မည်။

လင်းဝမ်ကိုတော့... သူမကို ဆက်လက် ဆန်းစစ်ဖို့အတွက် ဆက်ခေါ်ထားလို့ရပါဦးမည်။ ဘာပဲဖြစ်ဖြစ် ထိုဂိမ်မာများကို သူမ ဆက်သွယ်နိုင်ခဲ့ခြင်းက ဒီလိုအလုပ်မျိုးကို တိုက်ဆိုင်စွာဖြင့် ဆန်းစထရိုက်စတူဒီယိုမှာလည်း လုပ်ခဲ့ရသောကြောင့် ဖြစ်ပါသည်။ သူမ၏ အဆက်အသွယ်များက ထပ်ပြီး အသုံးဝင်တော့မှာ မဟုတ်ဘူးဆိုသည့် သဘောလည်း သက်ရောက်ပါသည်။

ထို့ကြောင့်ဖေးချမ့်က ပေါင်ရှုနှင့် ဟွမ်းစစ်ပေါ်တို့ကို ဘယ်လိုရှင်းထုတ်ရမလဲ စဥ်းစားနေခဲ့သည်။ သေချာပေါက် သူတို့ကို ချက်ချင်းကြီး ထုတ်ပစ်လိုက်လို့မရပါ။ သူတို့ကို ရာထူး လျှော့ချပစ်လိုက်လို့လည်း မရပါ။ တရားမျှတမှု သို့မဟုတ် သက်သေမရှိဘဲ၊ သင့်တော်သည့် အကြောင်းပြချက်မရှိဘဲ စနစ်က သဘောတူမှာ မဟုတ်ပေ။

ဖေးချမ့်တစ်ယောက် အတွေးများ နက်ရှိုင်းနေခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ တနင်္လာနေ့... ရုံးတွင်...

"အစ်ကိုဟွမ် မြန်မြန်ကြည့်ပါဦး။ အွန်လိုင်းပေါ်မှာ လူတွေအများကြီး ငါတို့ဂိမ်းအကြောင်းကို ဆွေးနွေးနေကြတယ်။ ကြည့်ရတာ တချို့က ဒီလောကထဲက ထင်တယ်နော်" ရှောင်လုက အင်တာနက်သုံးနေရင်း သတင်းကြီးတချို့ကို တွေ့သွားသည့်ပုံပင်။

ဟွမ်းစစ်ပေါ် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ငါသိပါတယ်။ ငါလည်း စောင့်ကြည့်နေတာကြာပြီ။" ထို့နောက် ပေါင်ရှုကို ကြည့်ကာ ပြောလိုက်၏။ "ညီအစ်ကိုပေါင် မင်းကော ဘယ်လိုထင်လဲ။"

ပေါင်ရှု၏ မျက်နှာက တည်ငြိမ်နေကာ ပြန်ဖြေလိုက်ပါသည်။ "ငါတို့နဲ့ မဆိုင်ပါဘူး။"

ဟွမ်းစစ်ပေါ်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး သဘောတူလိုက်ပါသည်။ သူတို့နဲ့ ဘာမှ မဆိုင်ပါ။ အမှန်ပင်။ အွန်လိုင်းပေါ်က လူတွေ အများကြီးက သမုဒ္ဒရာရဲတိုက်ဂိမ်းကို ဝေဖန်နေကြသည်။ ဂိမ်းအပေါ် ဒီလိုစိတ်ဝင်စားမှုက ဂိမ်းကို ဖြန့်ချိလိုက်ပြီးကတည်းက လဝက်လောက် ကြာရှည်ခံခဲ့ပါသည်။

အစကတော့ သမုဒ္ဒရာရဲတိုက်နှင့် Bullet Hole မှ ကစားသမားများက တစ်ယောက်ကိုတစ်ယောက် ဆဲဆိုနေကြသည်။ သို့သော် သူတို့ ဆက်ပြီး ပဋိပက္ခဖြစ်လေလေ ဒီအကြောင်းအရာက ပိုပြီး ရေပန်းစားလာလေလေဖြစ်သည်။

အစကတော့ အားလုံးက ဂိမ်းနှစ်ခုထဲက ဘယ်ဂိမ်း ပိုကောင်းမှန်း ဝေဖန်နေကြသည်။ ထို့နောက်တွင်တော့ Bullet Hole က ဆွေးနွေးမှုများမှ ပျောက်ကွယ်သွားသည့် ပုံပင်။ အားလုံးက သမုဒ္ဒရာရဲတိုက်မှာ ဂိမ်းလောကအတွက် ကင်ဆာလား ကယ်တင်ရှင်လား ဆွေးနွေးနေကြသည်။

ဆွေးနွေးမှုများတွင် ပါဝင်သည့် တချို့လူများက တခြား ဂိမ်းကုမ္ပဏီများက မဟုတ်ကြပါ။ မှတ်ချက်များကို ထုတ်ပြောရင်း နှစ်ဖက်စလုံးက ဆက်တိုက် ငြင်းခုံနေကြသည်ကို မြင်နိုင်ပါသည်။

"သမုဒ္ဒရာရဲတိုက်က ပြည်တွင်းထုတ်ဂိမ်းတွေအတွက် 'Payall ခေတ်ကြီး' ပေါ်ပေါက်လာဖို့ ဦးဆောင်လမ်းပြ ဖြစ်နိုင်တယ်။"

"ရာသက်ပန် လက်နက်တစ်လက်ကို ၈၈၈ ယွမ်နဲ့ ရောင်းရတယ်လို့။ အဲ့တာမျိုး တစ်ခါမှ ကြားလည်းမကြားဖူးပါဘူး။ ပြီးတော့လည်း FPS ဂိမ်းတစ်ခုအနေနဲ့ ဇာတ်ကောင်ဂုဏ်သတ္တိတွေကို ရောင်းစားနေတာလား။ ဒီကုမ္ပဏီမှာ ဂိမ်းတွေရဲ့ နိယာမအတွက် အပေါ်ယံ စိတ်အားထက်သန်မှုလေးတောင် ရှိရဲ့လား။"

"တခြား ဂိမ်းတွေက ဂိမ်းထဲက ပစ္စည်းတွေကို ယွမ် ၂၀၀ - ၃၀၀ လောက်နဲ့ ရောင်းရင် မင်းတို့တွေက ဆူဆဲနေကြပြီး အခု လက်နက်တစ်ခုကို ယွမ် ၈၀၀ ကျော်နေတာကိုကျတော့ မင်းတို့တွေက ကာကွယ်ပေးနေကြတာလား။"

"ပြီးတော့လည်း ဂိမ်းရဲ့ ဆာဗာတွေက တော်တော် ဆိုးရွားတယ်။ ရုတ်တရက်ကြီး ပြည့်သွားတတ်တယ်။ အမှိုက်သရိုက်ပဲ။"

"ဒီဂိမ်းက နာမည်ကြီး ဘယ်လောက်တောင် ငှားထားတာလဲမသိဘူး။ Paywall မြင့်မြင့်နဲ့ အမှိုက်ဂိမ်းဆိုတာ သိသာနေတာကို ပြည်တွင်းထုတ် FPS ဂိမ်းတွေရဲ့ ဂုဏ်နဲ့ အောင်မြင်မှုလို့  ကြွားရဲသေးတယ်ပေါ့။"

သို့သော်လည်း ထိုအမြင်များကို လျှင်မြန်စွာ ပြန်ချေပခဲ့ကြပါသည်။

"Paywall မြင့်တဲ့ အမှိုက်ဂိမ်းဟုတ်လား။ ဟားဟား ကြည့်ရတာ မင်းတို့ ဒီဂိမ်းကို မကစားကြရသေးဘူးထင်တယ်။"

"ဟုတ်တယ်။ ငါက သမုဒ္ဒရာရဲတိုက် ကြိုက်နှစ်သက်သူပဲ။ အဲ့တာ ဘာဖြစ်လဲ။"

"ဒီဂိမ်းကို ဘာလို့ကောင်းတယ်လို့ ငါပြောလဲ ထပ်ပြီး သေချာ ရှင်းပြပေးရဦးမလား။ ၈၈၈ ယွမ်တန်တဲ့ လက်နက်တစ်ခုပဲ ဝယ်ဖို့လိုတာ။ ဂိမ်းထဲက ကျန်တာတွေအကုန်လုံးက အခမဲ့တွေချည်းပဲကွ။ မင်းတို့တွေ တခြားဂိမ်းတွေမှာလည်း ဝယ်ဖူးမှာပေါ့။ ဝယ်လို့ရတဲ့ ပစ္စည်းတွေရဲ့ စာမျက်နှာတွေက အများကြီး မဟုတ်လား။ ဘာလို့ ဒါမျိုးနဲ့ လာယှဥ်ရတာလဲ။"

"ဒီဂိမ်းရဲ့ ဇာတ်ကြောင်းမုဒ်က နာမည်ကြီး ဂိမ်းကြီးတွေနဲ့တောင် ဆင်တယ်။ တော်တော်လေး ကောင်းအောင် ဖန်တီးထားတာ။ ဂိမ်းကြီးတွေကို စမ်းဝယ်ကြည့်လိုက်ပါဦး။ အနည်းဆုံး ယွမ် ၂,၀၀၀ လောာက်တော့ ကုန်မယ် မဟုတ်လား။ အဲ့ဒီကုန်ကျစရိတ်ကို တစ်ဝက်လောက် ဒါမှမဟုတ် ယွမ် ၁၀၀၊ ယွမ် ၅၀ လောက် လျှော့ချနိုင်ရင်တောင် သင့်တော်တယ်။"

"ဒါပေမယ့် ဒီကုမ္ပဏီက ရူးရူးမိုက်မိုက်နဲ့ အကုန်လုံးကို အခမဲ့လုပ်ပေးထားတယ်။ ဇာတ်ကြောင်းမုဒ်ကိုတောင် အခမဲ့ ကစားလို့ရတယ်။ အဲ့တာ စေတနာကောင်းတာ မဟုတ်ရင် ဘာလဲ။"

"လက်နက်ရဲ့ ကုန်ကျစရိတ်က အားလုံး တခြားဂိမ်းတွေမှာ သုံးကြတာရဲ့ အသေးအဖွဲလေးပဲ ရှိပါတယ်။ အဲ့ဒီပိုက်ဆံက သူဌေးဂိမ်မာတွေရဲ့ လက်ထဲပဲ ရောက်ကြတာ။ ပြီးတော့လည်း အဲ့ဒီလက်နက်ကို ဝယ်ကြတဲ့ သူဌေးဂိမ်မာတွေက သူတို့စိတ်နဲ့သူတို့ ဝယ်ကြတာလေ။ အဲ့တာ နှစ်ဦးနှစ်ဖက် မကောင်းလွန်းဘူးလား။"

"ဆာဗာတွေ ပျက်တာကတော့ စိတ်မကောင်းဘူး။ သမုဒ္ဒရာရဲတိုက်က မပျက်တော့ဘူးကွ။  သူတို့ဆာဗာအသစ်တစ်ခုငှားပြီး တိုးချဲ့ထားတာ ဖြစ်ရမယ်။"

"ဟူး တချို့လူတွေက တချို့အရာတွေရဲ့ အရေးကြီးမှုနဲ့ အရေးပါမှုကို နားမလည်ကြဘူး။ ဒီကုမ္ပဏီက ဒီဂိမ်းကို ဖန်တီးပြီး ဒီလို ဝန်ဆောင်မှုမျိုး ပေးထားတာ။ သူတို့ ဒီတိုင်း စေတနာသန့်သန့်နဲ့တော့ လုပ်လို့မရဘူး ဟုတ်တယ်မလား။ လူတွေကို ဂိမ်းအတွက် ပိုက်ဆံမပေးရအောင် လုပ်ပေမယ့် သူဌေးဂိမ်မာတွေဆီက ယူတယ်လေ။ အဲ့တာကို ဘာလို့မင်းတို့က မကျေနပ်ကြသေးတာလဲ။"

....

ဒီဂိမ်းက ဂိမ်းလောကအတွက် ကင်ဆာလား ကယ်တင်ရှင်လားဆိုတာကတော့ အဖြေမပေါ်ခဲ့ပါ။

ဘာပဲဖြစ်ဖြစ် လူတွေ ဆက်ပြီး ငြင်းခုံကြလေလေ ဂိမ်းက ပိုပြီးရေပန်းစားလာလေလေဖြစ်ပါသည်။

အဓိကအချက်က ၈၈၈ ယွမ်တန် အနီရောင်ချီလင်လက်နက်မှာ အလွန်ရေပန်းစားသော အကြောင်းအရာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ဂိမ်းလောကကို စိတ်မဝင်စားသည့်လူတွေတောင် လက်နက်တစ်ခုကို ဒီလိုစျေးနှင့် ရောင်းသည့် အကြောင်း ကြားပြီးနောက် သမုဒ္ဒရာရဲတိုက်ကို စတင်ပြီး သတိထားမိလာကြသည်။

ထို့ကြောင့် သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုက ဆက်လက်ပြီး မြင့်တက်လျက် ရှိပါသည်။

ဟွမ်းစစ်ပေါ် အစကတော့ ဒီအွန်လိုင်းပေါ်က တိုက်ပွဲများကြောင့် သမုဒ္ဒရာရဲတိုက်၏ နာမည်ကို ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော်လည်း ကြည့်ရသလောက်တော့ ဂိမ်းရဲ့ နာမည်မထိခိုက်ရုံသာမကဘဲ ဂိမ်းအတွက် ကြော်ငြာပြီးသားပါ ဖြစ်သွားသည်။

ဟွမ်းစစ်ပေါ် အခုတော့ စိတ်အေးသွားပါပြီ။ ကြည့်ရတာ အားလုံး ဘော့စ်ဖေးရဲ့ အစီအစဥ်အတိုင်း အဆင်ပြေနေသည့်ပုံပင်။

ထိုအချိန်တွင် ဖေးချမ့်က သူ့ရုံးခန်းထဲက ထွက်လာခဲ့သည်။ မျက်မှန်အသစ်များကို တပ်ထားရင်း ဘော့စ်ဖေး၏ ပုံစံက အများကြီး ပိုခန့်ညားကာ တည်ငြိမ်နေပါသည်။ အောင်မြင်မှုက သူ့လက်တစ်ကမ်းအလိုမှာ ရှိနေသည့် ပုံစံမျိုးပင်။ ဟွမ်းစစ်ပေါ်က သူ့ကိုအလွန်အထင်ကြီးသွားပါသည်။

"အားလုံးပဲ ကုမ္ပဏီ chat ကို ကြည့်လိုက်ကြပါ။ ကျွန်တော် စစ်တမ်းတစ်ခု ကောက်ယူထားပါတယ်။ မဲပေးသူကို မသိနိုင်တဲ့ အမည်မသိစစ်တမ်းပါ။ ဘယ်သူ့ကို အတော်ဆုံးဝန်ထမ်းလို့ ထင်လဲဆိုတာ အားလုံးမဲပေးရပါမယ်။"

ဖေးချမ့်က အနည်းငယ်ပြုံးကာ ပြောလိုက်ပါသည်။ "အဲ့ဒီလူအတွက် ကျွန်တော့်မှာ လျှို့ဝှက်ဆု ရှိပါတယ်။"

အခန်း(၇၆) အိပ်မက်ရန်ပုံငွေ

အတော်ဆုံး ဝန်ထမ်း ဟုတ်လား။ လျှို့ဝှက်ဆု ဟုတ်လား။ ဘော့စ်ဖေးက အရည်အချင်းပေါ် မူတည်ပြီး ဆုချတော့မှာလား။

အားလုံးချက်ချင်းပဲ ၎င်းတို့၏ မောက်စ်များကို နှိပ်ကာ သူတို့အတော်ဆုံးဟုထင်သည့် လူကို ရွေးချယ်ကြသည်။ မကြာမီ အားလုံးမဲပေးပြီးသွားပါပြီ။

ဖေးချမ့်က ရလဒ်များကိုကြည့်လိုက်သည်။ ဟွမ်းစစ်ပေါ်က ၁၄ မဲနဲ့ ပထမနေရာဖြစ်ပြီး ပေါင်ရှုက ၁၀မဲနဲ့ ဒုတိယနေရာဖြစ်သည်။ လင်းဝမ်က ၃ မဲ ရခဲ့၏။ ဘယ်သူက သူမကို မဲပေးခဲ့သလဲ ဖေးချမ့် မသိတော့ပါ။

ဖေးချမ့် လက်ထောက်ရှင်းကို ကြည့်လိုက်သည်။ ရှင်းဟိုက်လူက ချက်ချင်းပဲ ပြင်ဆင်ထားခဲ့တာ ကြာပြီဖြစ်သည့် စိတ်ကြိုက်ပြုလုပ်ထားသည့် ဆုဖလားကို ထုတ်ကာ ဖေးချမ့်အား ပေးလိုက်ပါသည်။ ဖေးချမ့်က ဟွမ်းစစ်ပေါ်ဆီ လျှောက်လာပြီး ဆုဖလားကို ချီးမြှင့်လိုက်ပါသည်။ "ဂုဏ်ယူပါတယ်"

ဟွမ်းစစ်ပေါ်က ထိတ်လန့်သွား၏။ သူခေတ္တကြက်သေသေသွားပြီး အမြန်မတ်တပ်ရပ်ကာ ဆုကို လက်ခံလိုက်ပါသည်။ ရုံးထဲက လူအားလုံး ချက်ချင်း လက်ခုပ်သြဘာများ နွေးထွေးစွာ ချီးမြှင့်လိုက်ကြသည်။ သူတို့ထဲက အများစုက ဟွမ်းစစ်ပေါ်မှာ အတော်ဆုံးဝန်ထမ်းဟု ထင်ကြပါသည်။

ဂိမ်းဖန်တီးမှုကို ထပ်ခါတလဲလဲ တွန်းအားပေးခဲ့တာဘယ်သူလဲ။ ဘာမှ အထွန့်မတက်ဘဲ အလုပ်ကို ကြိုးစားခဲ့တာဘယ်သူလဲ။ အမြဲတမ်း အချိန်ပိုလုပ်ခဲ့တာ ဘယ်သူလဲ။

သမုဒ္ဒရာရဲတိုက်၏ ကြီးမားသောအောင်မြင်မှုက ဂိမ်းဖန်တီးမှုအဖွဲ့ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ဟွမ်းစစ်ပေါ်က ဖန်တီးမှုအဖွဲ့၏ အစီအစဥ်ဆွဲသူချုပ်ဖြစ်သဖြင့် အများဆုံး အားထုတ်ခဲ့ရပါသည်။

အမှန်ပင်။ ပေါင်ရှု၏ ဖန်တီးနိုင်စွမ်းကလည်း အလွန်အရေးပါသည်ဟု တချို့လူများက ထင်ကြပါသည်။ ထို့ကြောင့် ပေါင်ရှုလည်း ၁၀ မဲတောင်ရခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးကိုလည်း ဖန်တီးနိုင်စွမ်းအတွက် ချီးကျူးရမည်။ ဘာပဲဖြစ်ဖြစ် တောင်းဆိုချက်သုံးခုကို ထုတ်ပြန်ခဲ့တာ ဘော့စ်ဖေးပဲဖြစ်သည်။ ပေါင်ရှုက ထိုအချက်သုံးချက်အပေါ်မူတည်ပြီးမှ အကြံပေါ်လာခြင်းဖြစ်၏။ အဖြေမှန်မရခင် သူလမ်းညွှန်မှု တချို့နှင့် အရိပ်အမြွက်များကို ရခဲ့ပါသည်။

ထို့အပြင် ဟွမ်းစစ်ပေါ်က ဂိမ်း၏ ဖန်တီးမှုကို တာဝန်ယူရင်း အလုပ်ရှုပ်နေခဲ့သဖြင့် သူ့တည်ရှိမှုက အားအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် မဲအများဆုံး ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဟွမ်းစစ်ပေါ်က လက်နှစ်ဖက်ဖြင့် ဆုဖလားကို ကိုင်ထားပြီး စိတ်ခံစားချက် ပြင်းပြလွန်းနေသဖြင့် စကားပင် မပြောနိုင်တော့ပါ။ ဒီဆုဖလားက ထူးခြားပြီး စိတ်ကြိုက်ပြုလုပ်ထားမှန်း သိသာပါသည်။ သာမန် ယွမ် ဆယ်ကျော်တန် စျေးပေါပေါ ဆုဖလားများနဲ့ ခြားနား၏။ ထို့အပြင် တန်ဖိုးတစ်ခုတည်းပင် မဟုတ်ပေ။

ဆုဖလားတစ်ခုက ဂုဏ်ပမာဏတစ်ခုကိုလည်း ယူဆောင်လာပေးသည်။

ဆုဖလားတွင် 'ထန်းတာ့နက်ခ်ဝါ့ဒ် နည်းပညာကုမ္ပဏီလိမိတက်၏ အထူးချွန်ဆုံးဝန်ထမ်း' ဟူသည့် စာလုံးများ ရေးထွင်းထားပါသည်။ ဒါက သူ့အလုပ်ကြိုးစားမှုအတွက် အကြီးမားဆုံး ချီးကျူးဂုဏ်ပြုမှု ဖြစ်ပါသည်။ ပိုက်ဆံဖြင့် ပေးဝယ်နိုင်သောအရာမျိုး မဟုတ်ပါ။

အားလုံး လက်ခုပ်တီးနေကြစဥ် ဟွမ်းစစ်ပေါ်က တစ်ခုခု ပြောသင့်သည်ဟု ခံစားမိပါသည်။

သူ့လည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်၏။ "ဘော့စ်ဖေးရဲ့ ယုံကြည်မှုနဲ့ ပျိုးထောင်ပေးမှုတို့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးရဲ့ ထောက်ပံ့ပေးမှုနဲ့ ကူညီပေးမှုတို့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ သမုဒ္ဒရာရဲတိုက်ရဲ့ အောင်မြင်မှုက ဘော့စ်ဖေး ကျွန်တော်တို့ကို မှန်ကန်တဲ့ လမ်းကြောင်းကို ပြသပေးခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ညီအစ်ကိုပေါင်နဲ့ ကျွန်တော်တို့က အဲ့ဒီလမ်းကြောင်းမှာပဲ ဆက်ပြီး လျှောက်ခဲ့ကြရုံပါ။"

"ဒုတိယအနေနဲ့ ညီအစ်ကိုပေါင်နဲ့ သူ့ရဲ့ ရဲတင်းတဲ့ အမြင်နဲ့ စိတ်အားထက်သန်မှုတွေအတွက်လည်း ဂုဏ်ပြုသင့်ပါတယ်။ သူသာ ဒီလို ထူးချွန်တဲ့  ဇာတ်ကြောင်းမုဒ်နဲ့ ဒီလို ဆန်းသစ်တဲ့ PvP mode တွေကို ဂိမ်းထဲထည့်ဖို့သာ စိတ်ကူးမရခဲ့ရင် လက်ရှိအောင်မြင်မှုမျိုးကို ရရှိနိုင်ဖို့က ခက်ခဲပါလိမ့်မယ်။"

"ပြီးတော့ အားလုံးရဲ့ကြိုးစားမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ ဒီတစ်ချိန်လုံး ဒီဇိုင်းအဖွဲ့က ကျွန်တော်နဲ့အတူ အချိန်ပိုလုပ်ခဲ့ကြပြီး အစီအစဥ်အတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်ခဲ့ကြတယ်။ ကျန်တဲ့သူတွေအားလုံးကလည်း အကောင်းဆုံးကြိုးစားပြီးတော့ ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ ဒီကြီးမားတဲ့အောင်မြင်မှုက အားလုံးရဲ့ ပူးပေါင်းအားထုတ်မှုကြောင့်ပါပဲ။"

"ဒီဆုဖလားကို အားလုံး ပိုင်ဆိုင်တယ်လို့ ထင်ပါတယ်။"

ဟွမ်းစစ်ပေါ် ပြောပြီးသွာသောအခါ နောက်တစ်ခေါက် နွေးထွေးသော လက်ခုပ်သြဘာ အသံများထွက်လာကြပြန်သသည်။ လင်းဝမ်၏ မျက်လုံးထဲတွင် မျက်ရည်များပင် ပြည့်နေကာ ကြည်နူးနေပါသည်။

စေတနာကောင်းတဲ့ ကုမ္ပဏီဆိုတာ ဒီလိုပဲဖြစ်သင့်တာမဟုတ်လား။

ဟုတ်တယ်၊ ငါရွေးတာမမှားဘူး။ ထန်းတာ့ကို လာခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။

လက်ခုပ်သြဘာသံများ တဖြည်ဖြည်း တိတ်ဆိတ်သွားခဲ့ပါသည်။

ဖေးချမ့်က ဆက်ပြော၏။ "အခု အတော်ဆုံးဝန်ထမ်းအတွက် အထူးဆုကို ချီးမြှင့်ပေးပါ့မယ်။ ဟွမ်းစစ်ပေါ် ဒီနေ့ကစပြီး မင်းက ဒီဇိုင်းအဖွဲ့ကလူ မဟုတ်တော့ဘူး။ အစီအစဥ်ဆွဲသူချုပ်ရာထူးကို လုမင်းလျန်ကို ခန့်အပ်လိုက်ပြီ။"

ရှောင်လု မျက်လုံးပြူးသွားသည်။ ဟွမ်းစစ်ပေါ်က မှင်သက်သွား၏။ ဒါ ဘာသဘောလဲ။

ငါ အခုလေးတင် အတော်ဆုံးဝန်ထမ်းဆုကို ရလိုက်တာ မဟုတ်ဘူးလား။

ဘာတွေဖြစ်နေတာလဲ။ ငါ အခု အလုပ်ဖြုတ်ခံလိုက်ရတာလား။

အားလုံးလည်း ထိုနည်းလည်းကောင်း ကြက်သေ သေသွားကြပါသည်။ ဘော့စ်ဖေး၏ ရည်ရွယ်ချက်က ဘာလဲသူတို့မသိကြသေးပါ။ ဟွမ်းစစ်ပေါ်က အစီအစဥ်ဆွဲသူချုပ်တစ်ယောက်အဖြစ် အလွန်ထူးချွန်စွာ ဆောင်ရွက်ခဲ့ပြီး ရလဒ်များကလည်း သက်သေပြနေသည်။ အားလုံးက ဒါကို ရှင်းရှင်းလင်းလင်း သိထားပါသည်။

ဒါတောင် ဒီလိုမျိုး အလုပ်ဖြုတ်ခံလိုက်ရတာလား။

သူက အစီအစဥ်ဆွဲသူချုပ်မဟုတ်တော့ရုံတင်မကဘဲ ဒီဇိုင်းအဖွဲ့က ချက်ချင်း ထွက်သွားရတော့မှာလား။

ဖေးချမ့်က ပြုံးကာ ဆက်ပြောပါသည်။ "အတော်ဆုံး ဝန်ထမ်းဖြစ်လို့ မင်းကို အိပ်မက်ရန်ပုံငွေ ယွမ် ၁သန်း ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီငွေတွေကို မင်းရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းဖို့ သုံးလို့ရတယ်။”

"မင်းက ထန်းတာ့ရဲ့ ဝန်ထမ်းအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် ဂိမ်းဖန်တီးမှုအပိုင်းမှာ မဟုတ်တော့ဘူး။ မင်းစိတ်ဝင်စားတဲ့လောကကို ရွေးချယ်ပြီး ယွမ် ၁ သန်း ရင်းနှီးမြှုပ်နှံလို့ရတယ်။ မင်းအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကုမ္ပဏီက ကုန်ကျစရိတ်ကို ကျခံသွားမှာပါ။"

အလွန်ကြောက်ရွံ့နေခဲ့သည့် ဟွမ်းစစ်ပေါ်တစ်ယောက် ခြေဖျားလက်ဖျားများ အေးစက်သွားကာ စိတ်ထဲမှ ၁၈၀ ဒီဂရီ ကျွမ်းထိုးလိုက်ပါသည်။

ကောင်းလိုက်တာ။ ဘော့စ်ဖေးက ငါ့ကို အလုပ်မဖြုတ်ဘူးပဲ။

အဲ့ဒီအပြင် ငါ့အိပ်မက်တွေကို ဖြည့်ဆည်းဖို့ အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းတောင် ချီးမြှင့်လိုက်သေးတယ်။

ဟွမ်းစစ်ပေါ် အိပ်မက်မက်နေသလို ခံစားရပါသည်။ ဒါတွေ တကယ်ဖြစ်နေတာဆိုတာကို မယုံကြည်နိုင်ခဲ့ပါ။ အားလုံးကလည်း မျက်လုံးများပြူးကျယ်စွာဖြင့် ကြည့်နေကြပြီး သူတို့မျက်လုံးများထဲတွင် မနာလိုမှုများဖြင့် ပြည့်နှက်သွားကြသည်။ ဒါ အတော်ဆုံးဝန်ထမ်းရတဲ့ အကျိုးခံစားခွင့်လား။

ဒါ... နည်းနည်း အဓိပ္ပာယ်မရှိလွန်းဘူးလား။

ကိုယ်ပိုင်လွတ်လပ်ခွင့် မြင့်မြင့်နဲ့ ရင်းနှီးမြှုပ်နှံငွေ ယွမ် ၁ သန်း...

အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ကုမ္ပဏီက အကုန်အကျခံသွားမယ်...

မနာလိုလိုက်တာ။ တော်တော် မနာလိုလိုက်တာ။

ဟွမ်းစစ်ပေါ်၏ လက်များ တုန်ယင်နေပါသည်။ ဆုဖလားကိုပင် သေချာ မကိုင်ထားနိုင်တော့ပါ။ "ဘော့စ်ဖေး။ ကျွန်တော်က ဒီတာဝန်ကို ယူနိုင်လောက်တဲ့အထိ မတော်ဘူးထင်ပါတယ်..."

ဖေးချမ့်က ခေါင်းခါကာ ဟွမ်းစစ်ပေါ်ကို ဆက်မပြောဖို့ ပြောလိုက်ပါသည်။ "အတော်ဆုံးဝန်ထမ်းတစ်ယောက်အနေနဲ့ မင်းရဲ့ အစွမ်းအစတွေကို မင်းသက်သေပြပြီးသားလေ။ ငါမင်းကို ယုံကြည်တယ်ဆိုတော့ မင်းလည်း မင်းကိုယ်မင်း ယုံကြည်လိုက်စမ်းပါ။"

ဖေးချမ့်က စိတ်ပါလက်ပါ ပြောလိုက်ခြင်း ဖြစ်သည်။

ဟွမ်းစစ်ပေါ်၏ မျက်လုံးများတွင် မျက်ရည်များရှိနေပြီး နှုတ်ခမ်းများကလည်း တုန်ယင်နေ၏။ သူခံစားနေရသည့် ခံစားချက်များကို စကားလုံးများဖြင့် ဖော်မပြနိုင်တော့သဖြင့် သူလေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားပါ့မယ်။"

ဖေးချမ့်က စိတ်အေးသွားပြီး တိုးတိုးတိတ်တိတ် ဝမ်းသာသွားပါသည်။

အောင်ပြီကွ။

ပထမနေရာကို ရှင်းပစ်လိုက်နိုင်ပြီ။

ဒါက ဖေးချမ့်တစ်ယောက် ဦးနှောက်အလွန်စားခဲ့ရပြီးနောက် ထွက်လာသော အစီအစ ဥ်ဖြစ်ပါသည်။

သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုက ဒီဝန်ထမ်းတစ်သုတ်မှာ ငတုံးများ မဟုတ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဟွမ်းစစ်ပေါ်တို့လို လူတွေက ဂိမ်းလောကထဲတွင် ပုန်းကွယ်နေသော ပါရမီရှိပုံရသည်။ သူဘာကြောင့် ဒီလောက်ထိ ကံဆိုးပြီး သူတို့လို ပုန်းကွယ်နေသည့် ပါရမီရှင်များနှင့် အမြဲတမ်းဆုံနေရသလဲ ညည်းတွားဖို့ ဖေးချမ့်တွင် အချိန်မရှိပေ။ သူ့ပထမ ဦးစားပေးက ဒီပြဿနာကို ဖြေရှင်းဖို့သာ ဖြစ်သည်။

မဟုတ်ပါက ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့သာ ဦးစီးဦးဆောင်ပြီး နောက်ထပ် ငွေဝင်သည့် ဂိမ်းတစ်ခု ဖန်တီးလိုက်ပါက သူပြဿနာမတက်နိုင်ဘူးလား။

ထို့ကြောင့် ဖေးချမ့်က သူ့ရဲ့ 'ပထမနေရာထုတ်ပယ်ခြင်းစနစ်' ကို အသုံးချလိုက်ရပါသည်။

သို့သော်လည်း ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို အလုပ်လည်း ထုတ်လို့မရသလို ရာထူးလည်း လျှော့လိုက်လို့ မဖြစ်ပါ။ ယုတ္တိရှိရှိပြောရလျှင် သံသယဖြစ်လာနိုင်ချေရှိပြီး စနစ်ကလည်း ခွင့်ပြုမှာ မဟုတ်ပေ။

ထို့ကြောင့် ဖေးချမ့်က ဒီလို ပြီးပြည့်စုံသည့် နည်းလမ်းကို စဥ်းစားမိသွားခြင်း ဖြစ်သည်။

ဟွမ်းစစ်ပေါ်ကို တစ်နေရာရာမှာ အလုပ်ခန့်လိုက်လို့ ရတာပဲမဟုတ်လား။ ဟွမ်းစစ်ပေါ်က ဂိမ်းဖန်တီးမှုမှာ တကယ်ပဲ အနည်းငယ် ပါရမီပါသည်။ ဒီလိုဆိုတော့လည်း ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို ဂိမ်းဖန်တီးဖို့ ဆက်လုပ်ခိုင်းတော့မှာ မဟုတ်ပေ။

ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို ယွမ် ၁ သန်းပေးပြီး တခြားလောက တစ်ခုခုတွင် ကြိုက်တာ လုပ်ခိုင်းလိုက်သည်။ ဖြစ်နိုင်ချေများတာကတော့ သူကျရှုံးပါလိမ့်မည်။ ထိုအချိန်ကျလျှင် ဟွမ်းစစ်ပေါ် မရှိပါက ဂိမ်းက အရှုံးစပေါ်နိုင်ပြီး ဟွမ်းစစ်ပေါ်ကလည်း မစီမံနိုင်မှုကြောင့် နောက်ထပ် ယွမ် ၁သန်းကို ဆုံးရှုံးသွားနိုင်သည်။

ဒါနှစ်ဦးနှစ်ဖက် အဆင်ပြေတာပဲမဟုတ်လား။

ဟားဟား... ငါက တကယ့်ဉာဏ်ကြီးရှင်ပဲ။ ဒီလောက်ပြီးပြည့်စုံတဲ့ အစီအစဥ်ကို စဥ်းစားမိတယ်။

ဖေးချမ့်က သူ့ကိုသူ အလွန်ကျေနပ်နေပါသည်။ သို့သော်လည်း စဥ်းစားကြည့်မှ...

ပေါင်ရှုကလည်း သူ့အတွက် နောက်ထပ် ဆူးတစ်ချောင်း ဖြစ်သည်။

သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုက ပေါင်ရှု၏ ဖန်တီးနိုင်စွမ်းကြောင့်လည်း ပါဝင်သည်။ ပေါင်ရှု၏ ကြွယ်ဝသည့် ဂိမ်းအတွေ့အကြုံများက သူ့ကို အမြင်ရှိစေခဲ့တာဖြစ်နိုင်သည်။

ဖေးချမ့်က ပေါင်ရှုကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒီတစ်ခေါက် ပေါင်ရှုက ဒုတိယ မဲအများဆုံး နေရာကို ရခဲ့တယ်။။ သူလည်း ကုမ္ပဏီအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။”

"ဒုတိယနေရာက နှမြောစရာကောင်းပေမယ့် ကုမ္ပဏီက မင်းရဲ့ အားထုတ်မှုတွေကို မမေ့ပါဘူး။"

"ဒုတိယ အတော်ဆုံး ဝန်ထမ်းအနေနဲ့ မင်းကို တစ်လတိတိ လစာခံစားခွင့်နဲ့ နားခွင့်ပေးမယ်။ မနက်ဖြန်ကစပြီး မင်းအလုပ်လာစရာမလိုဘူး။ မင်းခရီးတွေသွားပြီး အပန်းဖြေရင်း ကမ္ဘာကြီးကို လေ့လာကြည့်ပေါ့။ အဲ့တာ နောက်ပိုင်း မင်းရဲ့အလုပ်အတွက်လည်း အကျိုးရှိစေမှာပါ။"

Zawgyi

ေဖးခ်မ့္ 75+76

အခန္း(၇၅) ပထမေနရာ ထုတ္ပယ္စနစ္ သုံးမယ္

"ေကာင္းလိုက္တာ"

"ဒီလို သိတတ္တဲ့ စနစ္မ်ိဳးကိုမွ သေဘာက်တာ"

စနစ္အေၾကာင္း ျဖည္းျဖည္းခ်င္း နားလည္လာၿပီးေနာက္ ေဖးခ်မ့္တစ္ေယာက္ အသားက်လာၿပီဟု ခံစားမိပါသည္။

ဒီအထူးတာဝန္က ခက္ခဲလို႔လား။

အနည္းငယ္ ခက္ခဲႏိုင္ေသာ္လည္း စီမံလို႔ေတာ့ရပါေသးသည္။

ထို႔အျပင္ စနစ္က ထိုကဲ့သို႔ အထူးတာဝန္ကို မေၾကညာရင္ေတာင္ ေဖးခ်မ့္ ဒီလိုအၾကံမ်ိဳး ရထားတာ ၾကာၿပီျဖစ္သည္။

ေနာက္ထပ္ ၁၀ ႏွစ္အတြင္း ဆိုင္ခန္းမ်ားက အလြန္ဆိုး႐ြားလာမည္ကို ေဖးခ်မ့္ ႐ွင္း႐ွင္းလင္းလင္း သိထားသည္။ အေၾကာင္းအရင္းက ၂ ခု႐ွိ၏။ ပထမဆုံး ဆိုင္ငွားသူမ်ားအတြက္ အလြန္အၾကဴး ျမင့္တက္လာေသာ ဆိုင္ငွားခမ်ား၊ ဒုတိယက e-commerce ႏွင့္ အျမန္ေခ်ာပို႔ဝန္ေဆာင္မႈမ်ား တိုးတက္လာသျဖင့္ လူေတြက အိမ္မွာေနရင္း ေ႐ွာ့ပင္းထြက္ရတာကို ပိုသေဘာက်လာၾကပါသည္။

အရင္တုန္းကေတာ့ တကၠသိုလ္တစ္ခုအနားမွာ ဆိုင္ဖြင့္လွ်င္ အလြန္စီးပြားေရးေကာင္းႏိုင္သည္။ မုန္႔ပဲသေရစာမ်ား ေရာင္းခ်ျခင္း သို႔မဟုတ္ မိတၳဴကူးျခင္း ဝန္ေဆာင္မႈ စသည္တို႔ကို လုပ္ရင္ေတာင္ ထိုဆိုင္အားလုံးက အလြန္ဝင္ေငြေကာင္းသည္။ အင္တာနက္ကေဖးတစ္ခု သို႔မဟုတ္ နာမည္ႀကီး စားေသာက္ဆိုင္တစ္ဆိုင္ ဖြင့္လိုက္ပါက အျမတ္မ်ားက ပို၍ပင္ ျမင့္သြားႏိုင္ပါသည္။

သို႔ေသာ္လည္း ဆိုင္ခန္းမ်ားက ပိုပိုၿပီး ဆိုး႐ြားလာၾကကာ ပိတ္ကုန္ၾကသည္။ အေၾကာင္းအရင္းကေတာ့ သူတို႔ကမ္းလွမ္းႏိုင္သည့္ ေဆာင္႐ြက္ခ်က္မ်ားစြာကို ဒစ္ဂ်စ္တယ္ စီးပြားေရး ပလက္ေဖာင္းမ်ားက အစားထိုးလိုက္ၾကၿပီ ျဖစ္ေသာေၾကာင့္ပင္။

အရင္တုန္းကေတာ့ တကၠသိုလ္ေက်ာင္းသားမ်ားစြာက ဒစ္ဂ်စ္တယ္ေမာလ္မ်ား သို႔မဟုတ္ ဆိုင္မ်ားကို သြားၿပီး ကြန္ပ်ဴတာမ်ားကို ဝယ္ယူပါက ဆိုးဆိုး႐ြား႐ြား အလိမ္ခံၾကရသည္။ ေနာက္ပိုင္းမွာေတာ့ အားလုံးက JD.com ကိုသြားၾကၿပီး ထိုဒစ္ဂ်စ္တယ္ေမာလ္မ်ားကို အားမေပးၾကေတာ့ပါ။

ေန႔စဥ္အသုံးအေဆာင္ပစၥည္းမ်ားအတြက္ေတာ့ တခ်ိဳ႕က စူပါမားကတ္မ်ားကို သြားဝယ္ၾကေသးေသာ္လည္း တခ်ိဳ႕ကေတာ့ အိမ္အေရာက္ပို႔ေဆာင္ေသာ အျမန္ေခ်ာပို႔ဝန္ေဆာင္မႈမ်ားကို ေ႐ြးခ်ယ္လာၾကပါသည္။

စားေသာက္ဖို႔အတြက္လည္း လူမ်ားစြာက အျမန္ေခ်ာပို႔မ်ားကိုသာ အားကိုးၾကေတာ့သည္။ အမ်ားဆုံး အထူးပြဲေတာ္မ်ားအတြက္သာ အဆင့္ျမင့္ စားေသာက္ဆိုင္မ်ားသို႔ သြားတတ္ၾကသည္။ စားေသာက္ဆိုင္မ်ားကို သူတို႔ မၾကာခဏ အားမေပးၾကေတာ့ပါ။

အႏွစ္ခ်ဳပ္ေျပာရလွ်င္ ဆိုင္ခန္းတစ္ခုက ဘယ္လို စီးပြားေရးပဲလုပ္လုပ္ သူတို႔အတြက္ စီးပြားေရး က်ဆင္းကာ ေနဝင္ေတာ့မည့္ လုပ္ငန္းတစ္ခုလိုျဖစ္လာမည္။

ေဖးခ်မ့္ကလည္း ဒါမ်ိဳးကိုပဲ ႀကိဳက္တာ ျဖစ္သည္။

သို႔ေသာ္လည္း... သူဘယ္လို ဆိုင္ခန္းမ်ိဳး ဖြင့္ရမည္နည္း။ စနစ္က ဘယ္လို လုပ္ငန္း သို႔မဟုတ္ ဝန္ေဆာင္မႈဟု အတိအက်သတ္မွတ္ မထားပါ။ ဆိုင္္ခန္းတစ္ခုသာ ျဖစ္ဖို႔လိုသည္။ တစ္ခုတည္းေသာ ကန္႔သတ္ခ်က္က လူစည္ကားသည့္ ၿမိဳ႕ေတာ္ရပ္ကြက္တစ္ခု သို႔မဟုတ္ ေက်ာင္းတစ္ေက်ာင္းအနားတြင္ ေဆာက္ဖို႔သာ ျဖစ္သည္။ မုန္႔ဆိုင္ျဖစ္ျဖစ္၊ စာအုပ္ဆိုင္ျဖစ္ျဖစ္၊ မိတၳဴဆိုင္ျဖစ္ျဖစ္ အားလုံး ခြင့္ျပဳထားပါသည္။

ေဖးခ်မ့္က ဒီအေၾကာင္းကို ထပ္ၿပီး နက္နက္႐ိႈင္း႐ိႈင္း စဥ္းစားကာ ဒီကိစၥေအာင္ျမင္ႏိုင္ႏႈန္းကို တြက္ခ်က္ပါသည္။ ေနာက္ထပ္ ၁၀ ႏွစ္အတြင္း ဆိုင္ခန္းမ်ားက ပိုပို အေျခအေန ဆိုး႐ြားလာႏိုင္ေသာ္လည္း သူအခု ဖြင့္လိုက္ပါက ေသခ်ာေပါက္ အ႐ႈံးေပၚႏိုင္ပါ့မလား။

မေျပာႏိုင္ပါ။

အခုက ၂၀၁၀ ခုႏွစ္ျဖစ္သည္။ e-commerce ႏွင့္ အျမန္ေခ်ာပို႔ဝန္ေဆာင္မႈမ်ားက ဖြံ႕ၿဖိဳးတိုးတက္ဆဲသာ ႐ွိေသးသည္။ ဆိုင္ခန္းမ်ားက အျမတ္ရေနဦးမည္ ျဖစ္သည္။ စာအုပ္ဆိုင္မ်ာား၊ စတိုးဆိုင္ငယ္မ်ား၊ ေက်ာင္းနားက အင္တာနက္ကေဖးဆိုင္မ်ားက အေတာ္ေလး အဆင္ေျပေနၾကဆဲ ျဖစ္သည္။ လူသူကင္းမဲ့သည့္ ေထာင့္တစ္ေနရာတြင္ မိတၳဴဆိုင္ဖြင့္ရင္ေတာင္ ပိုက္ဆံ လုံလုံေလာက္ေလာက္ ရႏိုင္ပါေသးသည္။

ေက်ာင္းသားမ်ားက ၎တို႔၏ စာ႐ြက္စာတမ္းမ်ား ပရင့္ထုတ္ျခင္း၊ အိမ္စာမ်ား ပရင့္ထုတ္ျခင္းႏွင့္ စာ႐ြက္စာတမ္းမ်ားကို မိတၳဴကူးဖို႔ မိတၳဴဆိုင္သို႔သြားကာ ထိုဝန္ေဆာင္မႈမ်ား ရယူရပါေသးသည္။ လိုအပ္ခ်က္မ်ားလည္း ႐ွိေနၾကေသး၏။ သို႔ေသာ္လည္ အခုကစၿပီး ၁၀ ႏွစ္အတြင္း ဆိုင္ခန္းမ်ားက ဝင္ေငြေကာင္းေတာ့မည္မဟုတ္ပါ။

ဘာပဲျဖစ္ျဖစ္ အတိုခ်ံဳးေျပာရလွ်င္ ဝင္ေငြေကာင္းဖို႔က ေတာ္ေတာ္ေလး ျဖစ္ႏိုင္သည္။

ထို႔အျပင္ ေဖးခ်မ့္က အလြန္ဇေဝဇဝါ ျဖစ္ေနသည္။ သူ ဒီဆိုင္ကို ဘယ္လိုဖြင့္ရမည္နည္း။

သူ နည္းနည္းပဲ ရင္းႏွီးျမႇဳပ္ႏွံလွ်င္ နည္းနည္းပဲ အ႐ႈံးေပၚမည္။ ကံေကာင္းသြားပါက ဝင္ေငြေတာင္ ရလာႏိုင္၏။ သူ မ်ားမ်ား ရင္းႏွီးျမႇဳပ္ႏွံၿပီး သူ႕ဝန္ေဆာင္မႈအရည္အေသြးမ်ားကလည္း ေကာင္းမြန္ကာ စီးပြားေရး ေအာင္ျမင္သြားပါက ဘယ္လိုလုပ္မည္နည္း။

ဒါက နည္းပညာအလုပ္ျဖစ္သျဖင့္ သူ ေသေသခ်ာခ်ာ စဥ္းစားရမည္။

သို႔ေသာ္လည္း ဒီဆိုင္ကို မဖြင့္ခင္ ေဖးခ်မ့္ စီစဥ္ထားခဲ့တာ ၾကာၿပီျဖစ္သည့္ 'ပထမေနရာထုတ္ပယ္ျခင္းစနစ္' ကို အရင္ဆုံး က်င့္သုံးေတာ့မည္။ ေဖးခ်မ့္ အစကေတာ့ ငတုံးတစ္စုကိုသာ အလုပ္ခန္႔ဖို႔ စီစဥ္ထားခဲ့၏။ သို႔ေသာ္လည္း ျဖစ္ခ်င္ေတာ့ သူခန္႔အပ္လိုက္သည့္ လူတိုင္းက အလားအလာေကာင္းသူမ်ား ျဖစ္ေနၾကသည္။ သူအက်ပ္႐ိုက္ေနပါၿပီ။

အထူးသျဖင့္ ဟြမ္းစစ္ေပၚႏွင့္ ေပါင္႐ႈတို႔ျဖစ္ၾက၏။ သူတို႔ကို ဆက္ေခၚထားပါက ျပႆနာမ်ား ဆက္တက္လာဖို႔သာ႐ွိသည္။ သူတို႔ သူ႕အတြက္ အလုပ္လုပ္ေပးပါက ထန္းတာ့၏ ဂိမ္းစီးပြားေရးက အ႐ႈံးေပၚဖို႔ ခက္ခဲပါလိမ့္မည္။

လင္းဝမ္ကိုေတာ့... သူမကို ဆက္လက္ ဆန္းစစ္ဖို႔အတြက္ ဆက္ေခၚထားလို႔ရပါဦးမည္။ ဘာပဲျဖစ္ျဖစ္ ထိုဂိမ္မာမ်ားကို သူမ ဆက္သြယ္ႏိုင္ခဲ့ျခင္းက ဒီလိုအလုပ္မ်ိဳးကို တိုက္ဆိုင္စြာျဖင့္ ဆန္းစထ႐ိုက္စတူဒီယိုမွာလည္း လုပ္ခဲ့ရေသာေၾကာင့္ ျဖစ္ပါသည္။ သူမ၏ အဆက္အသြယ္မ်ားက ထပ္ၿပီး အသုံးဝင္ေတာ့မွာ မဟုတ္ဘူးဆိုသည့္ သေဘာလည္း သက္ေရာက္ပါသည္။

ထို႔ေၾကာင့္ေဖးခ်မ့္က ေပါင္႐ႈႏွင့္ ဟြမ္းစစ္ေပၚတို႔ကို ဘယ္လို႐ွင္းထုတ္ရမလဲ စဥ္းစားေနခဲ့သည္။ ေသခ်ာေပါက္ သူတို႔ကို ခ်က္ခ်င္းႀကီး ထုတ္ပစ္လိုက္လို႔မရပါ။ သူတို႔ကို ရာထူး ေလွ်ာ့ခ်ပစ္လိုက္လို႔လည္း မရပါ။ တရားမွ်တမႈ သို႔မဟုတ္ သက္ေသမ႐ွိဘဲ၊ သင့္ေတာ္သည့္ အေၾကာင္းျပခ်က္မ႐ွိဘဲ စနစ္က သေဘာတူမွာ မဟုတ္ေပ။

ေဖးခ်မ့္တစ္ေယာက္ အေတြးမ်ား နက္႐ိႈင္းေနခဲ့ပါသည္။

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔၊ တနလၤာေန႔... ႐ုံးတြင္...

"အစ္ကိုဟြမ္ ျမန္ျမန္ၾကည့္ပါဦး။ အြန္လိုင္းေပၚမွာ လူေတြအမ်ားႀကီး ငါတို႔ဂိမ္းအေၾကာင္းကို ေဆြးေႏြးေနၾကတယ္။ ၾကည့္ရတာ တခ်ိဳ႕က ဒီေလာကထဲက ထင္တယ္ေနာ္" ေ႐ွာင္လုက အင္တာနက္သုံးေနရင္း သတင္းႀကီးတခ်ိဳ႕ကို ေတြ႕သြားသည့္ပုံပင္။

ဟြမ္းစစ္ေပၚ ေခါင္းၿငိမ့္ကာ ေျပာလိုက္သည္။ "ငါသိပါတယ္။ ငါလည္း ေစာင့္ၾကည့္ေနတာၾကာၿပီ။" ထို႔ေနာက္ ေပါင္႐ႈကို ၾကည့္ကာ ေျပာလိုက္၏။ "ညီအစ္ကိုေပါင္ မင္းေကာ ဘယ္လိုထင္လဲ။"

ေပါင္႐ႈ၏ မ်က္ႏွာက တည္ၿငိမ္ေနကာ ျပန္ေျဖလိုက္ပါသည္။ "ငါတို႔နဲ႔ မဆိုင္ပါဘူး။"

ဟြမ္းစစ္ေပၚက ေခတၱစဥ္းစားၾကည့္လိုက္ၿပီး သေဘာတူလိုက္ပါသည္။ သူတို႔နဲ႔ ဘာမွ မဆိုင္ပါ။ အမွန္ပင္။ အြန္လိုင္းေပၚက လူေတြ အမ်ားႀကီးက သမုဒၵရာရဲတိုက္ဂိမ္းကို ေဝဖန္ေနၾကသည္။ ဂိမ္းအေပၚ ဒီလိုစိတ္ဝင္စားမႈက ဂိမ္းကို ျဖန္႔ခ်ိလိုက္ၿပီးကတည္းက လဝက္ေလာက္ ၾကာ႐ွည္ခံခဲ့ပါသည္။

အစကေတာ့ သမုဒၵရာရဲတိုက္ႏွင့္ Bullet Hole မွ ကစားသမားမ်ားက တစ္ေယာက္ကိုတစ္ေယာက္ ဆဲဆိုေနၾကသည္။ သို႔ေသာ္ သူတို႔ ဆက္ၿပီး ပဋိပကၡျဖစ္ေလေလ ဒီအေၾကာင္းအရာက ပိုၿပီး ေရပန္းစားလာေလေလျဖစ္သည္။

အစကေတာ့ အားလုံးက ဂိမ္းႏွစ္ခုထဲက ဘယ္ဂိမ္း ပိုေကာင္းမွန္း ေဝဖန္ေနၾကသည္။ ထို႔ေနာက္တြင္ေတာ့ Bullet Hole က ေဆြးေႏြးမႈမ်ားမွ ေပ်ာက္ကြယ္သြားသည့္ ပုံပင္။ အားလုံးက သမုဒၵရာရဲတိုက္မွာ ဂိမ္းေလာကအတြက္ ကင္ဆာလား ကယ္တင္႐ွင္လား ေဆြးေႏြးေနၾကသည္။

ေဆြးေႏြးမႈမ်ားတြင္ ပါဝင္သည့္ တခ်ိဳ႕လူမ်ားက တျခား ဂိမ္းကုမၸဏီမ်ားက မဟုတ္ၾကပါ။ မွတ္ခ်က္မ်ားကို ထုတ္ေျပာရင္း ႏွစ္ဖက္စလုံးက ဆက္တိုက္ ျငင္းခုံေနၾကသည္ကို ျမင္ႏိုင္ပါသည္။

"သမုဒၵရာရဲတိုက္က ျပည္တြင္းထုတ္ဂိမ္းေတြအတြက္ 'Payall ေခတ္ႀကီး' ေပၚေပါက္လာဖို႔ ဦးေဆာင္လမ္းျပ ျဖစ္ႏိုင္တယ္။"

"ရာသက္ပန္ လက္နက္တစ္လက္ကို ၈၈၈ ယြမ္နဲ႔ ေရာင္းရတယ္လို႔။ အဲ့တာမ်ိဳး တစ္ခါမွ ၾကားလည္းမၾကားဖူးပါဘူး။ ၿပီးေတာ့လည္း FPS ဂိမ္းတစ္ခုအေနနဲ႔ ဇာတ္ေကာင္ဂုဏ္သတၱိေတြကို ေရာင္းစားေနတာလား။ ဒီကုမၸဏီမွာ ဂိမ္းေတြရဲ႕ နိယာမအတြက္ အေပၚယံ စိတ္အားထက္သန္မႈေလးေတာင္ ႐ွိရဲ႕လား။"

"တျခား ဂိမ္းေတြက ဂိမ္းထဲက ပစၥည္းေတြကို ယြမ္ ၂၀၀ - ၃၀၀ ေလာက္နဲ႔ ေရာင္းရင္ မင္းတို႔ေတြက ဆူဆဲေနၾကၿပီး အခု လက္နက္တစ္ခုကို ယြမ္ ၈၀၀ ေက်ာ္ေနတာကိုက်ေတာ့ မင္းတို႔ေတြက ကာကြယ္ေပးေနၾကတာလား။"

"ၿပီးေတာ့လည္း ဂိမ္းရဲ႕ ဆာဗာေတြက ေတာ္ေတာ္ ဆိုး႐ြားတယ္။ ႐ုတ္တရက္ႀကီး ျပည့္သြားတတ္တယ္။ အမိႈက္သ႐ိုက္ပဲ။"

"ဒီဂိမ္းက နာမည္ႀကီး ဘယ္ေလာက္ေတာင္ ငွားထားတာလဲမသိဘူး။ Paywall ျမင့္ျမင့္နဲ႔ အမိႈက္ဂိမ္းဆိုတာ သိသာေနတာကို ျပည္တြင္းထုတ္ FPS ဂိမ္းေတြရဲ႕ ဂုဏ္နဲ႔ ေအာင္ျမင္မႈလို႔  ႂကြားရဲေသးတယ္ေပါ့။"

သို႔ေသာ္လည္း ထိုအျမင္မ်ားကို လွ်င္ျမန္စြာ ျပန္ေခ်ပခဲ့ၾကပါသည္။

"Paywall ျမင့္တဲ့ အမိႈက္ဂိမ္းဟုတ္လား။ ဟားဟား ၾကည့္ရတာ မင္းတို႔ ဒီဂိမ္းကို မကစားၾကရေသးဘူးထင္တယ္။"

"ဟုတ္တယ္။ ငါက သမုဒၵရာရဲတိုက္ ႀကိဳက္ႏွစ္သက္သူပဲ။ အဲ့တာ ဘာျဖစ္လဲ။"

"ဒီဂိမ္းကို ဘာလို႔ေကာင္းတယ္လို႔ ငါေျပာလဲ ထပ္ၿပီး ေသခ်ာ ႐ွင္းျပေပးရဦးမလား။ ၈၈၈ ယြမ္တန္တဲ့ လက္နက္တစ္ခုပဲ ဝယ္ဖို႔လိုတာ။ ဂိမ္းထဲက က်န္တာေတြအကုန္လုံးက အခမဲ့ေတြခ်ည္းပဲကြ။ မင္းတို႔ေတြ တျခားဂိမ္းေတြမွာလည္း ဝယ္ဖူးမွာေပါ့။ ဝယ္လို႔ရတဲ့ ပစၥည္းေတြရဲ႕ စာမ်က္ႏွာေတြက အမ်ားႀကီး မဟုတ္လား။ ဘာလို႔ ဒါမ်ိဳးနဲ႔ လာယွဥ္ရတာလဲ။"

"ဒီဂိမ္းရဲ႕ ဇာတ္ေၾကာင္းမုဒ္က နာမည္ႀကီး ဂိမ္းႀကီးေတြနဲ႔ေတာင္ ဆင္တယ္။ ေတာ္ေတာ္ေလး ေကာင္းေအာင္ ဖန္တီးထားတာ။ ဂိမ္းႀကီးေတြကို စမ္းဝယ္ၾကည့္လိုက္ပါဦး။ အနည္းဆုံး ယြမ္ ၂,၀၀၀ ေလာာက္ေတာ့ ကုန္မယ္ မဟုတ္လား။ အဲ့ဒီကုန္က်စရိတ္ကို တစ္ဝက္ေလာက္ ဒါမွမဟုတ္ ယြမ္ ၁၀၀၊ ယြမ္ ၅၀ ေလာက္ ေလွ်ာ့ခ်ႏိုင္ရင္ေတာင္ သင့္ေတာ္တယ္။"

"ဒါေပမယ့္ ဒီကုမၸဏီက ႐ူး႐ူးမိုက္မိုက္နဲ႔ အကုန္လုံးကို အခမဲ့လုပ္ေပးထားတယ္။ ဇာတ္ေၾကာင္းမုဒ္ကိုေတာင္ အခမဲ့ ကစားလို႔ရတယ္။ အဲ့တာ ေစတနာေကာင္းတာ မဟုတ္ရင္ ဘာလဲ။"

"လက္နက္ရဲ႕ ကုန္က်စရိတ္က အားလုံး တျခားဂိမ္းေတြမွာ သုံးၾကတာရဲ႕ အေသးအဖြဲေလးပဲ ႐ွိပါတယ္။ အဲ့ဒီပိုက္ဆံက သူေဌးဂိမ္မာေတြရဲ႕ လက္ထဲပဲ ေရာက္ၾကတာ။ ၿပီးေတာ့လည္း အဲ့ဒီလက္နက္ကို ဝယ္ၾကတဲ့ သူေဌးဂိမ္မာေတြက သူတို႔စိတ္နဲ႔သူတို႔ ဝယ္ၾကတာေလ။ အဲ့တာ ႏွစ္ဦးႏွစ္ဖက္ မေကာင္းလြန္းဘူးလား။"

"ဆာဗာေတြ ပ်က္တာကေတာ့ စိတ္မေကာင္းဘူး။ သမုဒၵရာရဲတိုက္က မပ်က္ေတာ့ဘူးကြ။  သူတို႔ဆာဗာအသစ္တစ္ခုငွားၿပီး တိုးခ်ဲ႕ထားတာ ျဖစ္ရမယ္။"

"ဟူး တခ်ိဳ႕လူေတြက တခ်ိဳ႕အရာေတြရဲ႕ အေရးႀကီးမႈနဲ႔ အေရးပါမႈကို နားမလည္ၾကဘူး။ ဒီကုမၸဏီက ဒီဂိမ္းကို ဖန္တီးၿပီး ဒီလို ဝန္ေဆာင္မႈမ်ိဳး ေပးထားတာ။ သူတို႔ ဒီတိုင္း ေစတနာသန္႔သန္႔နဲ႔ေတာ့ လုပ္လို႔မရဘူး ဟုတ္တယ္မလား။ လူေတြကို ဂိမ္းအတြက္ ပိုက္ဆံမေပးရေအာင္ လုပ္ေပမယ့္ သူေဌးဂိမ္မာေတြဆီက ယူတယ္ေလ။ အဲ့တာကို ဘာလို႔မင္းတို႔က မေက်နပ္ၾကေသးတာလဲ။"

....

ဒီဂိမ္းက ဂိမ္းေလာကအတြက္ ကင္ဆာလား ကယ္တင္႐ွင္လားဆိုတာကေတာ့ အေျဖမေပၚခဲ့ပါ။

ဘာပဲျဖစ္ျဖစ္ လူေတြ ဆက္ၿပီး ျငင္းခုံၾကေလေလ ဂိမ္းက ပိုၿပီးေရပန္းစားလာေလေလျဖစ္ပါသည္။

အဓိကအခ်က္က ၈၈၈ ယြမ္တန္ အနီေရာင္ခ်ီလင္လက္နက္မွာ အလြန္ေရပန္းစားေသာ အေၾကာင္းအရာ ျဖစ္ေနေသာေၾကာင့္ ျဖစ္ပါသည္။ ဂိမ္းေလာကကို စိတ္မဝင္စားသည့္လူေတြေတာင္ လက္နက္တစ္ခုကို ဒီလိုေစ်းႏွင့္ ေရာင္းသည့္ အေၾကာင္း ၾကားၿပီးေနာက္ သမုဒၵရာရဲတိုက္ကို စတင္ၿပီး သတိထားမိလာၾကသည္။

ထို႔ေၾကာင့္ သမုဒၵရာရဲတိုက္၏ ေအာင္ျမင္မႈက ဆက္လက္ၿပီး ျမင့္တက္လ်က္ ႐ွိပါသည္။

ဟြမ္းစစ္ေပၚ အစကေတာ့ ဒီအြန္လိုင္းေပၚက တိုက္ပြဲမ်ားေၾကာင့္ သမုဒၵရာရဲတိုက္၏ နာမည္ကို ထိခိုက္မည္ကို စိုးရိမ္ခဲ့သည္။ သို႔ေသာ္လည္း ၾကည့္ရသေလာက္ေတာ့ ဂိမ္းရဲ႕ နာမည္မထိခိုက္႐ုံသာမကဘဲ ဂိမ္းအတြက္ ေၾကာ္ျငာၿပီးသားပါ ျဖစ္သြားသည္။

ဟြမ္းစစ္ေပၚ အခုေတာ့ စိတ္ေအးသြားပါၿပီ။ ၾကည့္ရတာ အားလုံး ေဘာ့စ္ေဖးရဲ႕ အစီအစဥ္အတိုင္း အဆင္ေျပေနသည့္ပုံပင္။

ထိုအခ်ိန္တြင္ ေဖးခ်မ့္က သူ႕႐ုံးခန္းထဲက ထြက္လာခဲ့သည္။ မ်က္မွန္အသစ္မ်ားကို တပ္ထားရင္း ေဘာ့စ္ေဖး၏ ပုံစံက အမ်ားႀကီး ပိုခန္႔ညားကာ တည္ၿငိမ္ေနပါသည္။ ေအာင္ျမင္မႈက သူ႕လက္တစ္ကမ္းအလိုမွာ ႐ွိေနသည့္ ပုံစံမ်ိဳးပင္။ ဟြမ္းစစ္ေပၚက သူ႕ကိုအလြန္အထင္ႀကီးသြားပါသည္။

"အားလုံးပဲ ကုမၸဏီ chat ကို ၾကည့္လိုက္ၾကပါ။ ကြၽန္ေတာ္ စစ္တမ္းတစ္ခု ေကာက္ယူထားပါတယ္။ မဲေပးသူကို မသိႏိုင္တဲ့ အမည္မသိစစ္တမ္းပါ။ ဘယ္သူ႕ကို အေတာ္ဆုံးဝန္ထမ္းလို႔ ထင္လဲဆိုတာ အားလုံးမဲေပးရပါမယ္။"

ေဖးခ်မ့္က အနည္းငယ္ျပဳံးကာ ေျပာလိုက္ပါသည္။ "အဲ့ဒီလူအတြက္ ကြၽန္ေတာ့္မွာ လွ်ိဳ႕ဝွက္ဆု ႐ွိပါတယ္။"

အခန္း(၇၆) အိပ္မက္ရန္ပုံေငြ

အေတာ္ဆုံး ဝန္ထမ္း ဟုတ္လား။ လွ်ိဳ႕ဝွက္ဆု ဟုတ္လား။ ေဘာ့စ္ေဖးက အရည္အခ်င္းေပၚ မူတည္ၿပီး ဆုခ်ေတာ့မွာလား။

အားလုံးခ်က္ခ်င္းပဲ ၎တို႔၏ ေမာက္စ္မ်ားကို ႏွိပ္ကာ သူတို႔အေတာ္ဆုံးဟုထင္သည့္ လူကို ေ႐ြးခ်ယ္ၾကသည္။ မၾကာမီ အားလုံးမဲေပးၿပီးသြားပါၿပီ။

ေဖးခ်မ့္က ရလဒ္မ်ားကိုၾကည့္လိုက္သည္။ ဟြမ္းစစ္ေပၚက ၁၄ မဲနဲ႔ ပထမေနရာျဖစ္ၿပီး ေပါင္႐ႈက ၁၀မဲနဲ႔ ဒုတိယေနရာျဖစ္သည္။ လင္းဝမ္က ၃ မဲ ရခဲ့၏။ ဘယ္သူက သူမကို မဲေပးခဲ့သလဲ ေဖးခ်မ့္ မသိေတာ့ပါ။

ေဖးခ်မ့္ လက္ေထာက္႐ွင္းကို ၾကည့္လိုက္သည္။ ႐ွင္းဟိုက္လူက ခ်က္ခ်င္းပဲ ျပင္ဆင္ထားခဲ့တာ ၾကာၿပီျဖစ္သည့္ စိတ္ႀကိဳက္ျပဳလုပ္ထားသည့္ ဆုဖလားကို ထုတ္ကာ ေဖးခ်မ့္အား ေပးလိုက္ပါသည္။ ေဖးခ်မ့္က ဟြမ္းစစ္ေပၚဆီ ေလွ်ာက္လာၿပီး ဆုဖလားကို ခ်ီးျမႇင့္လိုက္ပါသည္။ "ဂုဏ္ယူပါတယ္"

ဟြမ္းစစ္ေပၚက ထိတ္လန္႔သြား၏။ သူေခတၱၾကက္ေသေသသြားၿပီး အျမန္မတ္တပ္ရပ္ကာ ဆုကို လက္ခံလိုက္ပါသည္။ ႐ုံးထဲက လူအားလုံး ခ်က္ခ်င္း လက္ခုပ္ၾသဘာမ်ား ေႏြးေထြးစြာ ခ်ီးျမႇင့္လိုက္ၾကသည္။ သူတို႔ထဲက အမ်ားစုက ဟြမ္းစစ္ေပၚမွာ အေတာ္ဆုံးဝန္ထမ္းဟု ထင္ၾကပါသည္။

ဂိမ္းဖန္တီးမႈကို ထပ္ခါတလဲလဲ တြန္းအားေပးခဲ့တာဘယ္သူလဲ။ ဘာမွ အထြန္႔မတက္ဘဲ အလုပ္ကို ႀကိဳးစားခဲ့တာဘယ္သူလဲ။ အၿမဲတမ္း အခ်ိန္ပိုလုပ္ခဲ့တာ ဘယ္သူလဲ။

သမုဒၵရာရဲတိုက္၏ ႀကီးမားေသာေအာင္ျမင္မႈက ဂိမ္းဖန္တီးမႈအဖြဲ႕ကို ေက်းဇူးတင္ရမည္ျဖစ္ၿပီး ဟြမ္းစစ္ေပၚက ဖန္တီးမႈအဖြဲ႕၏ အစီအစဥ္ဆြဲသူခ်ဳပ္ျဖစ္သျဖင့္ အမ်ားဆုံး အားထုတ္ခဲ့ရပါသည္။

အမွန္ပင္။ ေပါင္႐ႈ၏ ဖန္တီးႏိုင္စြမ္းကလည္း အလြန္အေရးပါသည္ဟု တခ်ိဳ႕လူမ်ားက ထင္ၾကပါသည္။ ထို႔ေၾကာင့္ ေပါင္႐ႈလည္း ၁၀ မဲေတာင္ရခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ေဘာ့စ္ေဖးကိုလည္း ဖန္တီးႏိုင္စြမ္းအတြက္ ခ်ီးက်ဴးရမည္။ ဘာပဲျဖစ္ျဖစ္ ေတာင္းဆိုခ်က္သုံးခုကို ထုတ္ျပန္ခဲ့တာ ေဘာ့စ္ေဖးပဲျဖစ္သည္။ ေပါင္႐ႈက ထိုအခ်က္သုံးခ်က္အေပၚမူတည္ၿပီးမွ အၾကံေပၚလာျခင္းျဖစ္၏။ အေျဖမွန္မရခင္ သူလမ္းၫႊန္မႈ တခ်ိဳ႕ႏွင့္ အရိပ္အႁမြက္မ်ားကို ရခဲ့ပါသည္။

ထို႔အျပင္ ဟြမ္းစစ္ေပၚက ဂိမ္း၏ ဖန္တီးမႈကို တာဝန္ယူရင္း အလုပ္႐ႈပ္ေနခဲ့သျဖင့္ သူ႕တည္႐ွိမႈက အားအေကာင္းဆုံးျဖစ္သည္။ ထို႔ေၾကာင့္ မဲအမ်ားဆုံး ရ႐ွိခဲ့ျခင္းျဖစ္ပါသည္။

ဟြမ္းစစ္ေပၚက လက္ႏွစ္ဖက္ျဖင့္ ဆုဖလားကို ကိုင္ထားၿပီး စိတ္ခံစားခ်က္ ျပင္းျပလြန္းေနသျဖင့္ စကားပင္ မေျပာႏိုင္ေတာ့ပါ။ ဒီဆုဖလားက ထူးျခားၿပီး စိတ္ႀကိဳက္ျပဳလုပ္ထားမွန္း သိသာပါသည္။ သာမန္ ယြမ္ ဆယ္ေက်ာ္တန္ ေစ်းေပါေပါ ဆုဖလားမ်ားနဲ႔ ျခားနား၏။ ထို႔အျပင္ တန္ဖိုးတစ္ခုတည္းပင္ မဟုတ္ေပ။

ဆုဖလားတစ္ခုက ဂုဏ္ပမာဏတစ္ခုကိုလည္း ယူေဆာင္လာေပးသည္။

ဆုဖလားတြင္ 'ထန္းတာ့နက္ခ္ဝါ့ဒ္ နည္းပညာကုမၸဏီလိမိတက္၏ အထူးခြၽန္ဆုံးဝန္ထမ္း' ဟူသည့္ စာလုံးမ်ား ေရးထြင္းထားပါသည္။ ဒါက သူ႕အလုပ္ႀကိဳးစားမႈအတြက္ အႀကီးမားဆုံး ခ်ီးက်ဴးဂုဏ္ျပဳမႈ ျဖစ္ပါသည္။ ပိုက္ဆံျဖင့္ ေပးဝယ္ႏိုင္ေသာအရာမ်ိဳး မဟုတ္ပါ။

အားလုံး လက္ခုပ္တီးေနၾကစဥ္ ဟြမ္းစစ္ေပၚက တစ္ခုခု ေျပာသင့္သည္ဟု ခံစားမိပါသည္။

သူ႕လည္ေခ်ာင္းကို ႐ွင္းလိုက္ၿပီး ေျပာလိုက္၏။ "ေဘာ့စ္ေဖးရဲ႕ ယုံၾကည္မႈနဲ႔ ပ်ိဳးေထာင္ေပးမႈတို႔အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အားလုံးရဲ႕ ေထာက္ပံ့ေပးမႈနဲ႔ ကူညီေပးမႈတို႔အတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ သမုဒၵရာရဲတိုက္ရဲ႕ ေအာင္ျမင္မႈက ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ကို မွန္ကန္တဲ့ လမ္းေၾကာင္းကို ျပသေပးခဲ့တဲ့အတြက္ေၾကာင့္ပဲျဖစ္ပါတယ္။ ညီအစ္ကိုေပါင္နဲ႔ ကြၽန္ေတာ္တို႔က အဲ့ဒီလမ္းေၾကာင္းမွာပဲ ဆက္ၿပီး ေလွ်ာက္ခဲ့ၾက႐ုံပါ။"

"ဒုတိယအေနနဲ႔ ညီအစ္ကိုေပါင္နဲ႔ သူ႕ရဲ႕ ရဲတင္းတဲ့ အျမင္နဲ႔ စိတ္အားထက္သန္မႈေတြအတြက္လည္း ဂုဏ္ျပဳသင့္ပါတယ္။ သူသာ ဒီလို ထူးခြၽန္တဲ့  ဇာတ္ေၾကာင္းမုဒ္နဲ႔ ဒီလို ဆန္းသစ္တဲ့ PvP mode ေတြကို ဂိမ္းထဲထည့္ဖို႔သာ စိတ္ကူးမရခဲ့ရင္ လက္႐ွိေအာင္ျမင္မႈမ်ိဳးကို ရ႐ွိႏိုင္ဖို႔က ခက္ခဲပါလိမ့္မယ္။"

"ၿပီးေတာ့ အားလုံးရဲ႕ႀကိဳးစားမႈကလည္း တစ္စိတ္တစ္ပိုင္း ပါဝင္ေနပါတယ္။ ဒီတစ္ခ်ိန္လုံး ဒီဇိုင္းအဖြဲ႕က ကြၽန္ေတာ္နဲ႔အတူ အခ်ိန္ပိုလုပ္ခဲ့ၾကၿပီး အစီအစဥ္အတိုင္း တစ္ဆင့္ျခင္း ေဆာင္႐ြက္ခဲ့ၾကတယ္။ က်န္တဲ့သူေတြအားလုံးကလည္း အေကာင္းဆုံးႀကိဳးစားၿပီးေတာ့ ပူးေပါင္းပါဝင္ေပးခဲ့ၾကပါတယ္။ ဒီႀကီးမားတဲ့ေအာင္ျမင္မႈက အားလုံးရဲ႕ ပူးေပါင္းအားထုတ္မႈေၾကာင့္ပါပဲ။"

"ဒီဆုဖလားကို အားလုံး ပိုင္ဆိုင္တယ္လို႔ ထင္ပါတယ္။"

ဟြမ္းစစ္ေပၚ ေျပာၿပီးသြာေသာအခါ ေနာက္တစ္ေခါက္ ေႏြးေထြးေသာ လက္ခုပ္ၾသဘာ အသံမ်ားထြက္လာၾကျပန္သသည္။ လင္းဝမ္၏ မ်က္လုံးထဲတြင္ မ်က္ရည္မ်ားပင္ ျပည့္ေနကာ ၾကည္ႏူးေနပါသည္။

ေစတနာေကာင္းတဲ့ ကုမၸဏီဆိုတာ ဒီလိုပဲျဖစ္သင့္တာမဟုတ္လား။

ဟုတ္တယ္၊ ငါေ႐ြးတာမမွားဘူး။ ထန္းတာ့ကို လာခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုပဲ။

လက္ခုပ္ၾသဘာသံမ်ား တျဖည္ျဖည္း တိတ္ဆိတ္သြားခဲ့ပါသည္။

ေဖးခ်မ့္က ဆက္ေျပာ၏။ "အခု အေတာ္ဆုံးဝန္ထမ္းအတြက္ အထူးဆုကို ခ်ီးျမႇင့္ေပးပါ့မယ္။ ဟြမ္းစစ္ေပၚ ဒီေန႔ကစၿပီး မင္းက ဒီဇိုင္းအဖြဲ႕ကလူ မဟုတ္ေတာ့ဘူး။ အစီအစဥ္ဆြဲသူခ်ဳပ္ရာထူးကို လုမင္းလ်န္ကို ခန္႔အပ္လိုက္ၿပီ။"

ေ႐ွာင္လု မ်က္လုံးျပဴးသြားသည္။ ဟြမ္းစစ္ေပၚက မွင္သက္သြား၏။ ဒါ ဘာသေဘာလဲ။

ငါ အခုေလးတင္ အေတာ္ဆုံးဝန္ထမ္းဆုကို ရလိုက္တာ မဟုတ္ဘူးလား။

ဘာေတြျဖစ္ေနတာလဲ။ ငါ အခု အလုပ္ျဖဳတ္ခံလိုက္ရတာလား။

အားလုံးလည္း ထိုနည္းလည္းေကာင္း ၾကက္ေသ ေသသြားၾကပါသည္။ ေဘာ့စ္ေဖး၏ ရည္႐ြယ္ခ်က္က ဘာလဲသူတို႔မသိၾကေသးပါ။ ဟြမ္းစစ္ေပၚက အစီအစဥ္ဆြဲသူခ်ဳပ္တစ္ေယာက္အျဖစ္ အလြန္ထူးခြၽန္စြာ ေဆာင္႐ြက္ခဲ့ၿပီး ရလဒ္မ်ားကလည္း သက္ေသျပေနသည္။ အားလုံးက ဒါကို ႐ွင္း႐ွင္းလင္းလင္း သိထားပါသည္။

ဒါေတာင္ ဒီလိုမ်ိဳး အလုပ္ျဖဳတ္ခံလိုက္ရတာလား။

သူက အစီအစဥ္ဆြဲသူခ်ဳပ္မဟုတ္ေတာ့႐ုံတင္မကဘဲ ဒီဇိုင္းအဖြဲ႕က ခ်က္ခ်င္း ထြက္သြားရေတာ့မွာလား။

ေဖးခ်မ့္က ျပဳံးကာ ဆက္ေျပာပါသည္။ "အေတာ္ဆုံး ဝန္ထမ္းျဖစ္လို႔ မင္းကို အိပ္မက္ရန္ပုံေငြ ယြမ္ ၁သန္း ခ်ီးျမႇင့္ဖို႔ ဆုံးျဖတ္လိုက္ၿပီ။ ဒီေငြေတြကို မင္းရဲ႕ အိပ္မက္ေတြကို ျဖည့္ဆည္းဖို႔ သုံးလို႔ရတယ္။”

"မင္းက ထန္းတာ့ရဲ႕ ဝန္ထမ္းအျဖစ္ ဆက္႐ွိေနဦးမွာပါ။ ဒါေပမယ့္ ဂိမ္းဖန္တီးမႈအပိုင္းမွာ မဟုတ္ေတာ့ဘူး။ မင္းစိတ္ဝင္စားတဲ့ေလာကကို ေ႐ြးခ်ယ္ၿပီး ယြမ္ ၁ သန္း ရင္းႏွီးျမႇဳပ္ႏွံလို႔ရတယ္။ မင္းေအာင္ျမင္သည္ျဖစ္ေစ မေအာင္ျမင္သည္ျဖစ္ေစ ကုမၸဏီက ကုန္က်စရိတ္ကို က်ခံသြားမွာပါ။"

အလြန္ေၾကာက္႐ြံ႕ေနခဲ့သည့္ ဟြမ္းစစ္ေပၚတစ္ေယာက္ ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္သြားကာ စိတ္ထဲမွ ၁၈၀ ဒီဂရီ ကြၽမ္းထိုးလိုက္ပါသည္။

ေကာင္းလိုက္တာ။ ေဘာ့စ္ေဖးက ငါ့ကို အလုပ္မျဖဳတ္ဘူးပဲ။

အဲ့ဒီအျပင္ ငါ့အိပ္မက္ေတြကို ျဖည့္ဆည္းဖို႔ အိပ္မက္ရန္ပုံေငြ ယြမ္ ၁ သန္းေတာင္ ခ်ီးျမႇင့္လိုက္ေသးတယ္။

ဟြမ္းစစ္ေပၚ အိပ္မက္မက္ေနသလို ခံစားရပါသည္။ ဒါေတြ တကယ္ျဖစ္ေနတာဆိုတာကို မယုံၾကည္ႏိုင္ခဲ့ပါ။ အားလုံးကလည္း မ်က္လုံးမ်ားျပဴးက်ယ္စြာျဖင့္ ၾကည့္ေနၾကၿပီး သူတို႔မ်က္လုံးမ်ားထဲတြင္ မနာလိုမႈမ်ားျဖင့္ ျပည့္ႏွက္သြားၾကသည္။ ဒါ အေတာ္ဆုံးဝန္ထမ္းရတဲ့ အက်ိဳးခံစားခြင့္လား။

ဒါ... နည္းနည္း အဓိပၸာယ္မ႐ွိလြန္းဘူးလား။

ကိုယ္ပိုင္လြတ္လပ္ခြင့္ ျမင့္ျမင့္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံေငြ ယြမ္ ၁ သန္း...

ေအာင္ျမင္သည္ျဖစ္ေစ က်႐ႈံးသည္ျဖစ္ေစ ကုမၸဏီက အကုန္အက်ခံသြားမယ္...

မနာလိုလိုက္တာ။ ေတာ္ေတာ္ မနာလိုလိုက္တာ။

ဟြမ္းစစ္ေပၚ၏ လက္မ်ား တုန္ယင္ေနပါသည္။ ဆုဖလားကိုပင္ ေသခ်ာ မကိုင္ထားႏိုင္ေတာ့ပါ။ "ေဘာ့စ္ေဖး။ ကြၽန္ေတာ္က ဒီတာဝန္ကို ယူႏိုင္ေလာက္တဲ့အထိ မေတာ္ဘူးထင္ပါတယ္..."

ေဖးခ်မ့္က ေခါင္းခါကာ ဟြမ္းစစ္ေပၚကို ဆက္မေျပာဖို႔ ေျပာလိုက္ပါသည္။ "အေတာ္ဆုံးဝန္ထမ္းတစ္ေယာက္အေနနဲ႔ မင္းရဲ႕ အစြမ္းအစေတြကို မင္းသက္ေသျပၿပီးသားေလ။ ငါမင္းကို ယုံၾကည္တယ္ဆိုေတာ့ မင္းလည္း မင္းကိုယ္မင္း ယုံၾကည္လိုက္စမ္းပါ။"

ေဖးခ်မ့္က စိတ္ပါလက္ပါ ေျပာလိုက္ျခင္း ျဖစ္သည္။

ဟြမ္းစစ္ေပၚ၏ မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ား႐ွိေနၿပီး ႏႈတ္ခမ္းမ်ားကလည္း တုန္ယင္ေန၏။ သူခံစားေနရသည့္ ခံစားခ်က္မ်ားကို စကားလုံးမ်ားျဖင့္ ေဖာ္မျပႏိုင္ေတာ့သျဖင့္ သူေလးေလးနက္နက္ ဦးၫႊတ္ကာ ေျပာလိုက္ပါသည္။ "ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး ကြၽန္ေတာ္ ေသခ်ာေပါက္ အေကာင္းဆုံး ႀကိဳးစားပါ့မယ္။"

ေဖးခ်မ့္က စိတ္ေအးသြားၿပီး တိုးတိုးတိတ္တိတ္ ဝမ္းသာသြားပါသည္။

ေအာင္ၿပီကြ။

ပထမေနရာကို ႐ွင္းပစ္လိုက္ႏိုင္ၿပီ။

ဒါက ေဖးခ်မ့္တစ္ေယာက္ ဦးေႏွာက္အလြန္စားခဲ့ရၿပီးေနာက္ ထြက္လာေသာ အစီအစ ဥ္ျဖစ္ပါသည္။

သမုဒၵရာရဲတိုက္၏ ေအာင္ျမင္မႈက ဒီဝန္ထမ္းတစ္သုတ္မွာ ငတုံးမ်ား မဟုတ္ေၾကာင္း သက္ေသျပလိုက္ျခင္း ျဖစ္သည္။ အထူးသျဖင့္ ဟြမ္းစစ္ေပၚတို႔လို လူေတြက ဂိမ္းေလာကထဲတြင္ ပုန္းကြယ္ေနေသာ ပါရမီ႐ွိပုံရသည္။ သူဘာေၾကာင့္ ဒီေလာက္ထိ ကံဆိုးၿပီး သူတို႔လို ပုန္းကြယ္ေနသည့္ ပါရမီ႐ွင္မ်ားႏွင့္ အၿမဲတမ္းဆုံေနရသလဲ ညည္းတြားဖို႔ ေဖးခ်မ့္တြင္ အခ်ိန္မ႐ွိေပ။ သူ႕ပထမ ဦးစားေပးက ဒီျပႆနာကို ေျဖ႐ွင္းဖို႔သာ ျဖစ္သည္။

မဟုတ္ပါက ဟြမ္းစစ္ေပၚႏွင့္ ေပါင္႐ႈတို႔သာ ဦးစီးဦးေဆာင္ၿပီး ေနာက္ထပ္ ေငြဝင္သည့္ ဂိမ္းတစ္ခု ဖန္တီးလိုက္ပါက သူျပႆနာမတက္ႏိုင္ဘူးလား။

ထို႔ေၾကာင့္ ေဖးခ်မ့္က သူ႕ရဲ႕ 'ပထမေနရာထုတ္ပယ္ျခင္းစနစ္' ကို အသုံးခ်လိုက္ရပါသည္။

သို႔ေသာ္လည္း ေဖးခ်မ့္က ဟြမ္းစစ္ေပၚကို အလုပ္လည္း ထုတ္လို႔မရသလို ရာထူးလည္း ေလွ်ာ့လိုက္လို႔ မျဖစ္ပါ။ ယုတၱိ႐ွိ႐ွိေျပာရလွ်င္ သံသယျဖစ္လာႏိုင္ေခ်႐ွိၿပီး စနစ္ကလည္း ခြင့္ျပဳမွာ မဟုတ္ေပ။

ထို႔ေၾကာင့္ ေဖးခ်မ့္က ဒီလို ၿပီးျပည့္စုံသည့္ နည္းလမ္းကို စဥ္းစားမိသြားျခင္း ျဖစ္သည္။

ဟြမ္းစစ္ေပၚကို တစ္ေနရာရာမွာ အလုပ္ခန္႔လိုက္လို႔ ရတာပဲမဟုတ္လား။ ဟြမ္းစစ္ေပၚက ဂိမ္းဖန္တီးမႈမွာ တကယ္ပဲ အနည္းငယ္ ပါရမီပါသည္။ ဒီလိုဆိုေတာ့လည္း ေဖးခ်မ့္က ဟြမ္းစစ္ေပၚကို ဂိမ္းဖန္တီးဖို႔ ဆက္လုပ္ခိုင္းေတာ့မွာ မဟုတ္ေပ။

ေဖးခ်မ့္က ဟြမ္းစစ္ေပၚကို ယြမ္ ၁ သန္းေပးၿပီး တျခားေလာက တစ္ခုခုတြင္ ႀကိဳက္တာ လုပ္ခိုင္းလိုက္သည္။ ျဖစ္ႏိုင္ေခ်မ်ားတာကေတာ့ သူက်႐ႈံးပါလိမ့္မည္။ ထိုအခ်ိန္က်လွ်င္ ဟြမ္းစစ္ေပၚ မ႐ွိပါက ဂိမ္းက အ႐ႈံးစေပၚႏိုင္ၿပီး ဟြမ္းစစ္ေပၚကလည္း မစီမံႏိုင္မႈေၾကာင့္ ေနာက္ထပ္ ယြမ္ ၁သန္းကို ဆုံး႐ႈံးသြားႏိုင္သည္။

ဒါႏွစ္ဦးႏွစ္ဖက္ အဆင္ေျပတာပဲမဟုတ္လား။

ဟားဟား... ငါက တကယ့္ဉာဏ္ႀကီး႐ွင္ပဲ။ ဒီေလာက္ၿပီးျပည့္စုံတဲ့ အစီအစဥ္ကို စဥ္းစားမိတယ္။

ေဖးခ်မ့္က သူ႕ကိုသူ အလြန္ေက်နပ္ေနပါသည္။ သို႔ေသာ္လည္း စဥ္းစားၾကည့္မွ...

ေပါင္႐ႈကလည္း သူ႕အတြက္ ေနာက္ထပ္ ဆူးတစ္ေခ်ာင္း ျဖစ္သည္။

သမုဒၵရာရဲတိုက္၏ ေအာင္ျမင္မႈက ေပါင္႐ႈ၏ ဖန္တီးႏိုင္စြမ္းေၾကာင့္လည္း ပါဝင္သည္။ ေပါင္႐ႈ၏ ႂကြယ္ဝသည့္ ဂိမ္းအေတြ႕အၾကဳံမ်ားက သူ႕ကို အျမင္႐ွိေစခဲ့တာျဖစ္ႏိုင္သည္။

ေဖးခ်မ့္က ေပါင္႐ႈကို ၾကည့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "ဒီတစ္ေခါက္ ေပါင္႐ႈက ဒုတိယ မဲအမ်ားဆုံး ေနရာကို ရခဲ့တယ္။။ သူလည္း ကုမၸဏီအတြက္ အမ်ားႀကီး လုပ္ေပးခဲ့ပါတယ္။”

"ဒုတိယေနရာက ႏွေျမာစရာေကာင္းေပမယ့္ ကုမၸဏီက မင္းရဲ႕ အားထုတ္မႈေတြကို မေမ့ပါဘူး။"

"ဒုတိယ အေတာ္ဆုံး ဝန္ထမ္းအေနနဲ႔ မင္းကို တစ္လတိတိ လစာခံစားခြင့္နဲ႔ နားခြင့္ေပးမယ္။ မနက္ျဖန္ကစၿပီး မင္းအလုပ္လာစရာမလိုဘူး။ မင္းခရီးေတြသြားၿပီး အပန္းေျဖရင္း ကမ႓ာႀကီးကို ေလ့လာၾကည့္ေပါ့။ အဲ့တာ ေနာက္ပိုင္း မင္းရဲ႕အလုပ္အတြက္လည္း အက်ိဳး႐ွိေစမွာပါ။"

Продовжити читання

Вам також сподобається

247K 14.8K 40
My priority /property/privacy
512K 34.4K 31
story description>>>>> start-5/10/2021 end-1/1/2022
493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000