Ch-167/168

151 14 0
                                    

ဖေးချမ့် 167+168

အခန်း(၁၆၇) အမြတ်ငွေဝေစု ပြောင်းလဲမှု

ဇွန်လ ၂၀ ရက်နေ့...

ဇူလိုင်လ အလယ်ပိုင်းကစ၍ နွေရာသီအားလပ်ရက်များ စတင်တော့မည်။ စာမေးပွဲ ရက်သတ္တပတ်များသို့ ဝင်ရောက်တော့မည်ဖြစ်သဖြင့် ဖေးချမ့်လည်း သူ့ကျောင်းစာများကို အမှီလိုက်ဖို့ အချိန်နည်းနည်း ယူခဲ့ရပါသည်။ စာမေးပွဲတွေက သူ့အတွက် မခက်ခဲသော်လည်း ဖေးချမ့် တစ်ညလုံး မအိပ်ဘဲ စာကြည့်ခဲ့ရပါသေးသည်။

ထို့ကြောင့် မာယန်က ဖေးချမ့်ကို အလွန်လေးစားသွားပါသည်။

မာယန်က ယွီအင်တာနက်ကဖေးနဲ့ ယွီသရေစာတို့ကို စီမံပေးပြီး ကျောင်းမှာလည်း စိတ်ပါဝင်စားစွာ စာနားထောင်နိုင်သည်။ စာမေးပွဲမှာ အမှတ်အများကြီး မရနိုင်သော်လည်း အောင်ဖို့ကတော့ အလွယ်လေး ဖြစ်ပါသည်။

တစ်ခါတစ်လေ ကိစ္စများစွာကို တစ်ယောက်တည်း ကိုင်တွယ်နိုင်ခြင်းမှာ အလွန်စွမ်းအားကြီးသည့် အစွမ်းအစဖြစ်သည်။

အခုချိန်ထိ ဖေးချမ့်၏ သရုပ်မှန်ကို ဖော်မပြသေးပါ။ သူက အဆောင်ကို မပြန်သလောက် ရှားပါးပြီး ဘယ်သူ့မှ သူ့ကို သိပ်မမြင်ကြသော်လည်း တက္ကသိုလ်မှာ ကျောင်းသားအများစုက  ဒီလိုပဲဖြစ်သည်။ ထူးဆန်းတာ မဟုတ်ပါ။

မာယန်တစ်ယောက်တည်းသာ သူ့အကြောင်းကို သိထားသည်။ သူက သေသေချာချာ လျှို့ဝှက်ပေးထားပြီး သူ့အတန်းဖော် ဘယ်သူကမှလည်း ဒီအကြောင်းကို တကူးတက မေးမြန်းခြင်း မရှိပါ။

ဖေးချမ့် ကျောင်းသွားတိုင်း သူ့အငှားတိုက်ခန်းကို ပြန်ကာ သာမန်အဝတ်အစားများ သွားပြန်လဲသည်။ ဘယ်သူမှ သံသယ မဖြစ်ကြပေ။

တစ်ဖက်မှာတော့ မာယန်က ပိုပိုပြီး စျေးကြီးသည့် အဝတ်အစားများကို ဝတ်လာသည်။ သူ အသုံးပြုသည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကလည်း ပိုပိုပြီး အဆင့်မြင့်လာခဲ့သည်။ အတန်းဖော်များစွာက အတွေးမှားကုန်ကြသည်။ ဧကန္တ မာယန်တို့မိသားစု မကြာသေးခင်ကမှ ထီပေါက်ထားတာလားဟူ၍ ဖြစ်သည်။

မာယန်က အာရုံစိုက်မှုများစွာကို ခံရသော်လည်း ဖေးချမ့်ကတော့ ကျောင်းမှာ သာမန် ကျောင်းသားတစ်ယောက်လိုပဲ နေရတာကို ဝမ်းသာနေပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now