Ch-125/126

197 14 0
                                    

ဖေးချမ့် 125+126

အခန်း(၁၂၅) ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်

ဖေးချမ့်က ဒီဂိမ်းမီဒီယာ၏ ဖားယားမှုကို ပိတ်လိုက်ပါသည်။ တစ်ခုတည်းသော အပြစ်ကိုတောင် ဂိမ်း၏ ကဏ္ဍတစ်ခုဖြစ်သည်ဟု ပြောရဲသေးသည်။

(မင်းတို့ကောင်တွေ ဒီလို ရီဗျူးတွေရေးနေရင် လူတွေက မင်းတို့ကို ငါပိုက်ဆံပေးပြီး ရေးခိုင်းထားတယ်လို့ ထင်သွားမယ်။ မင်းတို့တွေက ပရော်ဖက်ရှင်နယ် ဂိမ်းမှတ်ချက်သူတွေ မဟုတ်ဘူးလား။ မင်းတို့ကောင်တွေ အပြစ်ဘယ်လိုရှာရမလဲ မသိကြဘူးလား)

ဖေးချမ့် အလွန်စိတ်ပျက်သွားပါသည်။

(ထားလိုက်ပါတော့ ကစားသမားတွေရဲ့ ရီဗျူးတွေကို ကြည့်ရအောင်)

ကစားသမားတွေက အလွန်ချေးများတတ်သည်။ သူတို့ အပြစ်အနာအဆာတွေ အများကြီး ထောက်ပြနိုင်ကြမှာပါ ဟုတ်တယ်မလား။

ဖေးချမ့် နောက်တစ်ခေါက် ကစားသမား ရီဗျူးစာမျက်နှာတစ်ခုကို ထပ်ဖွင့်လိုက်ပါသည်။ သို့သော်လည်း နောက်ဆုံးရ ရီဗျူးများအားလုံးက ကြယ်ငါးပွင့် ရီဗျူးကောင်းများ ဖြစ်နေကြပါသည်။

ကြယ် ၁ ပွင့် အဆင့်သတ်မှတ်ချက်များ ဟိုးအောက်ခြေသို့ ရောက်နေပါပြီ။

"ပန်းချီစတိုင်က တကယ်ကောင်းတာပဲ။  ရုပ်မဲ့ အချက်အလက်တွေကို အရမ်းတိကျတဲ့ပုံစံနဲ့ ပုံဖော်သွားတယ်။ ဒီလိုပျင်းဖို့အရမ်းကောင်းတဲ့ themeက တကယ်ကြီး သက်ဝင်လာပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။”

"ငါ ဆရာချောင်းကြောင့် ရောက်လာတာ။ ဒါ လက်ရာမြောက်တဲ့ အမှောင်ဟာသပဲ။”

"ငါ ကြယ်ငါးပွင့်ပေးမှဖြစ်မယ်။ ကြယ်ငါးပွင့်မပေးတဲ့လူတွေက ဒီဂိမ်းကို နားမလည်လို့ပဲ။”

"နောက်ခံစကားပြောက တော်တော်ရယ်ဖို့ကောင်းတယ်။ ဒီဂိမ်းကို မကစားချင်ပေမယ့် နောက်ခံစကားပြောကောင်နဲ့ အပြင်မှာတွေ့ချင်တယ်။”

"ရိုးရိုးသားသားပြောရရင် ငါ့ကိုစိတ်ဝင်စားစေတဲ့ ဂိမ်းမျိုးမကစားရတာ တော်တော်ကြာပြီ။ အခုခေတ်ဂိမ်းတွေက paywallတွေ ဖန်တီးဖို့ ဒါမှမဟုတ် လူတွေအကြိုက်ပဲ လိုက်လုပ်ပေးနေကြတာ။ ဒီလိုလေးနက်ပြီး လူတွေအကြိုက်လိုက်မလုပ်တဲ့ ဂိမ်းမျိုးတွေက အရမ်းရှားတယ်။”

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now