Ch-4

719 63 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်

အခန်း(၄) စုတ်ပြတ်နေသည့် ဂိမ်းတစ်ခု ရှာဖွေနေခြင်း

ထိုနေ့ နေ့လည်ခင်းတွင် သူ့အတန်းဖော်များ တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြ၏။

သူတို့ထဲက တစ်ယောက်က လက်ထဲတွင် ကန်တင်းမှ ဝယ်လာသည့် အစားအစာများ ပါသော ပလတ်စတစ်အိတ်တစ်လုံးကို သယ်လာသည်။

ဖေးချမ့်က သူ့အရင်ဘဝက အဆောင်ဖော် မာယန်ဖြစ်ကြောင်း မှတ်မိပါသည်။ သူ့ရှည်ရှည်ကြီးကြီး မျက်နှာက မှတ်မိလွယ်၏။

"ယောက်ဖ ချန်။ မင်းအတန်းလစ်ဖို့ တော်တော် သတ္တိကောင်းပါလား။ ဒါပေမယ့် မင်း တကယ်ကံကောင်းသွားတယ်။ လက်ထောက် မော်နီတာက အတန်းခေါ်ချိန် စစ်မသွားဘူး" မာယန်က ဖေးချမ့်ကို 'ဘယ်လို ကံမျိုးလဲ' ဟူသည့် မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။

တခြားအခန်းဖော်များကလည်း လက်ပ်တော့များကို စဖွင့်နေကြလေပြီ။

"နေ့လည်ခင်း အတန်းချိန် မရှိဘူး။ ဘယ်သူ ဂိမ်းဆော့ကြဦးမလဲ"

"ငါပါမယ် မြန်မြန်လုပ်။ မာယန် မင်းဘယ်မှာလဲ"

"နေဦး ငါစားလို့ မပြီးသေးဘူးဟ"

"မြန်မြန်လုပ် လိပ်ရဲ့။ တခြားအဆောင်တွေက လူတွေ တစ်ယောက်ယောက် သွားခေါ်ကြစမ်းကွာ"

အဆောင်ထဲက တခြားသူတွေလည်း လက်ပ်တော့မျာကို ဖွင့်ကာ ၎င်းတို့၏ အိပ်ယာပေါ်တွင် စားပွဲခုံသေးသေးလေးများ ချကာ တင်လိုက်ကြသည်။

ဒါတွေက ကျောင်းအဆောင်တစ်ခု၏ စိတ်ပျက်ဖို့ကောင်းသော အခြေအနေများ ဖြစ်သည်။ အထပ်ဆင့် ကုတင်များအတွက် သီးသန့် စားပွဲခုံပင် မရှိဘဲ သူတို့အားလုံး ခြေခွေထိုင်ရင်းသာ ဂိမ်းကစားနိုင်ကြသည်။

သူ့ရဲ့ ခါးနာသည့် ပြဿနာများက ဒီအချိန်က စခဲ့သလားဟုပင် ဖေးချမ့် အမြဲတမ်း သံသယဖြစ်ခဲ့ပါသည်။

ဂိမ်းအကောင်းဆုံးကစားနိုင်ဖို့အတွက် သူတို့မှာ ကိုယ်ပိုင်လက်ပ်တော့ရှိပြီး အဆောင်တွေထဲမှာ ဂိမ်းကစားချိန်များ စုစည်းနိုင်ကြသော်လည်း ကျောင်းသားများစွာက အင်တာနက်ကဖေးများသို့ သွားဖို့သာ ပိုအားသန်ကြသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now