Ch-13

477 42 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၃) ငွေသုံးခြင်း

ဆုံးဖြတ်ချက် ချပြီးပြီဆိုတာနဲံ ဖေးချမ့် ESRO ၏တရားဝင် ရင်းမြစ်ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကာ မိုဘိုင်းကတ်ဂိမ်း နမူနာများကို စတင် ရှာဖွေလေသည်။

သိပ်မကြာလိုက်ဘဲ တစ်ခု တွေ့သွား၏။

ဒါက သုံးပြည်ထောင်ကတ်ဂိမ်း၏ နမူနာ မဟုတ်ပါ။

သုံးပြည်ထောင် ကတ်ဂိမ်းက ကတ်ဂိမ်းအမျိုးအစားများ၏ ရှေ့ဆောင်လမ်းပြဖြစ်ပြီး စျေးကွက်ထဲတွင် ရေပန်းအစားဆုံး မိုဘိုင်းဂိမ်းအမည်ဖြစ်သည်။ ဒါက ငွေဝင်ပေါက်ကြီးတစ်ခုဖြစ်ပြီး ကုမ္ပဏီက သူတို့ ကိုယ်ပိုင်ဂိမ်း နမူနာကို ရောင်းချရလောက်သည်အထိ တုံးအမည်မဟုတ်ပါ။

သို့သော်လည်း တချို့လူများလည်း မလုပ်နိုင်ပါဟု မဆိုလိုပါ။

ရေပန်းစားနေသော ကတ်ဂိမ်းအမျိုးအစားထဲသို့ ခုန်ဝင်လာကြသည့် တခြား ဂိမ်းကုမ္ပဏီများဖြစ်သည်။ သူတို့ ကိုယ်တိုင် ကုဒ်များကို ရေးသားထားသော်လည်း ဂိမ်းကစားပုံ ကစားနည်းကို သုံးပြည်ထောင်ဂိမ်းထံမှ တုပထားခြင်းဖြစ်သည်။

သို့သော်လည်း ထိုကုမ္ပဏီများက ဂိမ်းဖြင့် ငွေရှာဖို့ မအောင်မြင်ခဲ့သဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဂိမ်းကို ပြုပြင်ပြောင်းလဲပြီး ရင်းမြစ် ဝက်ဘ်ဆိုက်တွင် တင်ကာ နမူနာအဖြစ် ရောင်းချဖို့သာ ရှိတော့သည်။ တချို့ အရှုံးများကို ပြန်လည်ရရှိနိုင်အောင်ဟူသည့် မျှော်လင့်ရင်းဖြစ်ပါသည်။

ဖေးချမ့်က တွေ့ခဲ့သည့် နမူနာမှာ မအောင်မြင်ခဲ့သည့် ကော်ပီဂိမ်းတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။

"မအောင်မြင်တဲ့ ပစ္စည်းပေါ့လေ။ ကြိုက်ပြီကွာ။"

ဒါက ဖေးချမ့်အတွက် လက္ခဏာကောင်း ဖြစ်ပါသည်။

ဂိမ်းကစားပုံ စနစ်ကို စစ်ဆေးကြည့်ဖို့အတွက် နှိပ်ကြည့်လိုက်သည်။

၂၀၀၈ ခုနှစ် ကတ်ဂိမ်းများ နာမည်ကြီးလာစဥ် ကာလကတည်းက သုံးပြည်ထောင် ကတ်ဂိမ်းမှာ Update များစွာ တင်ခဲ့ပြီး ဂိမ်းကစားပုံကို အဆင့်မြှင့်တင်ခဲ့သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now