သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၃)

5K 274 2
By Say_YaRr7

Unicode

၃နှစ်ခန့်ကြာသော်

"ဖေဖေ လင်းဒီနေ့တက္ကသိုလ်စတက်ရမှာ နောက်မကျချင်ဘူး လိုက်ပို့တော့နော်"

လင်းကတော့ပြင်ဆင်ပြီးနေပြီး ဖေဖေကတော့အခုထိ ခပ်နှေးနှေးလုပ်နေသဖြင့် လင်းနောက်ကျမှာပူပန်နေမိသည်။

"အင်းပါ သမီးလေးရယ်...အခုပဲပို့မလို့ပါ"

"ဟုတ်ဖေဖေ..နောက်ရက်တွေကျလင်းဘာသာသွားမယ်....ဖူးမြတ်လည်းအဖော်ပါတယ်လေ"

"သမီးသဘောပါ..ကဲကဲ အခုတော့သွားရအောင်နော်"

"ဟုတ်"

လင်းဖေဖေကကျောင်းရှေ့ထိလိုက်ပို့သည်။
ဖူးမြတ်ကိုလည်းကျောင်းအပြင်မှာစောင့်မယ်လို့ပြောထားသဖြင့် ကျောင်းဝန်းထဲမဝင်ဘဲအပြင်မှာဘဲစောင့်နေလိုက်သည်။ဖေဖေ့ကိုတော့ပြန်လွှတ်လိုက်သည်။

"ရောင်စဉ်..နင်ကစောလှချည်လား"

"စောရမယ်..ဒါနဲ့နင်မမယုနဲ့လာတာလား"

ခဏကြာတော့ကားပေါ်မှမမယုဆင်းလာသည်။

"နှစ်ယောက်စလုံးလိုက်ပို့ရဦးမလား...လင်းတို့ကအခုမှစရောက်ဖူးတာဆိုတော့ နေရာတွေသိမှာမဟုတ်သေးဘူး မမပဲလိုက်ပို့ပေးမယ်"

"ကောင်းတာပေါ့ မမယုရဲ့"

"လင်းလေးရောဖူးမြတ်ရော မေဂျာတူဆိုတော့အဖော်ရတာပေါ့..တော်ပါသေးရဲ့...မဟုတ်ရင် အဖော်သစ်တွေရှာနေရဦးမှာ"

"ဟုတ်ပါ့ မမယုရယ် လင်းတို့နှစ်ယောက်ကံကောင်းသွားတာ.. မမယုနဲ့လည်းမေဂျာတူတော့စာမသိရင်မမယုကိုမေးမယ်နော်"

"မမယုလားစာတွေမှတ်မိမှာ..သူကအပျင်းရယ်..ဘာမှမှတ်ထားမှာမဟုတ်ဘူး"

"မမယုက ဉာဏ်ကောင်းတယ်မဟုတ်လား..မှတ်မိမှာပါ..နော်..မမယု"

မမယုကတော့ရယ်သည်။မမယုနာမည်က ယုယစိမ်း။မမယုကအတော်လေးလှသည်။လှဆိုကျောင်းမှာလည်းqueenရခဲ့တာကိုး။အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နှင့်ခန္ဓာကိုယ်လည်းလှသည်။မရှည်လွန်းမပုလွန်းတဲ့အရပ်နဲ့ ခါးကျော်ကျော်ဆံပင်များကြောင့်မြင်သူတိုင်းငေးရသည့်အလှမျိုးဖြစ်သည်။မမယုမှာသခင်နဲ့တူတဲ့အချက်တစ်ချက်ရှိလေသည်။တည်တည်ငြိမ်ငြိမ်နေတတ်ခြင်းပဲ။မမယုက သိကျွမ်းတဲ့သူများနဲ့သာအနည်းငယ်ဖော်ရွေသည်။ဘေးသူစိမ်းဆိုပြုံးတောင်မပြတတ်။ဒါပေမဲ့ လင်းကိုတော့မမယုက သူ့ညီမလိုပင်ခင်မင်ပါသည်။

"မမသိတာဆိုပြောပြမှာပေါ့လင်းရဲ့"

"လျှောက်ပြောနေတာ မမယုကဖြင့် သူ့ရည်းစားမွေးနေ့တောင်သူမမှတ်ဘူး...ကို ထက်မာန်ကြီးသနားပါတယ်"

ဖူးမြတ်ကမမယုကိုစသဖြင့် မမယုရှက်သွားတယ်ထင်ပါရဲ့။မျက်နှာရဲနေသည်။

"ကလေးတွေနော်..ပေါက်ကရတွေ..တော်တော့..လာ အခန်းနေရာလိုက်ရှာမယ်"

မမယုမှာရည်းစားရှိသည်။မမယုနဲ့လင်းကအတော်လေးရင်းနှီးတယ်ပဲပြောရမယ်။လင်းနဲ့ခင်တာဆို လင်း၆တန်းလောက်ကတည်းကဖြစ်သည်။ဖူးမြတ်ဆီအလည်သွားရင်းကနေ မမယုနဲ့ခင်ခဲ့သည်။မမယုကိုလင်း ခင်လည်းခင်သလိုချစ်လည်းချစ်၏။မမယုမှာရည်းစားရှိမှန်းသိတဲ့နေ့ကတောင်မမယုကိုစနောက်နေသေးသည်။လင်းစိတ်ထဲဘာမှမဖြစ်ခဲ့ပါ။ဒါပေမဲ့ သခင့်အကြောင်းကိုတွေးလိုက်တော့ရင်ထဲအောင့်သက်သက်ဖြစ်မိ၏။သခင့်မှာရည်းစားရှိလာရင်ရော။သေချာပေါက် လင်းနှမြောမိမှာပဲ။အတွေးနဲ့ပင် သခင့်ကိုရည်းစားမရှိစေချင်ပါ။ငယ်ငယ်လေးကတည်းကသိကျွမ်းလာတာကြောင့်ပဲလား‌တော့
မပြောတတ်ပါ။သခင့်အနားမှာလင်းကလွဲပြီးဘယ်သူမှမရှိစေချင်သလို မချစ်စေချင်ပါ။တစ်ခါတရံဒီလိုမျိုးထူးဆန်းတဲ့စိတ်အခြေအနေတွေဖြစ်နေတတ်တာကိုကိုယ့်ကိုယ်ကိုယ်ပင်အံ့ဩရသည် ။ဘာဖြစ်နေသလဲဆိုပြီးဆန်းစစ်ရင်လည်းအဖြေဟာမထွက်ပါ။

"လင်း ဘာတွေတွေးနေတာ..သွားရအောင်လေ"

"ဟုတ်မမယု..လာဖူးမြတ်"

လင်းဖူးမြတ်လက်တစ်ဖက်ကိုတွဲကာမမယုနောက်ကလိုက်လာလိုက်သည်။

***

"ဖေဖေ..သခင့်ဆီသွားမလို့"

"အင်းအင်းသမီး...သိပ်မကြာနဲ့ဦးနော်"

"ဟုတ်"

ဖေဖေ့ကိုသတိပေးပြီးတာနဲ့သခင့်အိမ်ဘက်တန်းထွက်လာလိုက်သည်။

သခင်ကဒီအချိန်ဆိုစာဖတ်တာပဲဖြစ်ဖြစ်သီချင်းနားထောင်တာပဲဖြစ်ဖြစ်လုပ်တတ်သည်။လင်းအကြံတစ်ခုရလိုက်သည်။ဒီနေ့ကျောင်းမှာသူငယ်ချင်းကောင်လေးတစ်ယောက်ရလိုက်သည်။သူကဂစ်တာလည်းတီးတတ်သည်။လင်းအကြံကတော့နောက်မှသူကိုဂစ်တာတီးသင်ခိုင်းပြီး သခင့်ကိုသီချင်းဆိုပြမည်။စိတ်သာကူးနေတာပါ။သခင်ကလင်းသီချင်းဆိုပြရင်တောင်နားထောင်မဲ့လူမှမဟုတ်တာ။

"သခင်"

"ဪ...လာလေအလင်း"

"သခင်အားတယ်မလားဟင်"

"ဘာလို့လဲ မမအားပါတယ်"

"ဘာမှမဟုတ်ပါဘူး..သခင်မအားရင် လင်းလာတာအနှောက်အယှက်ဖြစ်မှာစိုးလို့ပါ"

"ရပါတယ် မဖြစ်ပါဘူး"

"ဒီနေ့လင်းနဲ့ဖူးမြတ်ကျောင်းမှာသူငယ်ချင်းကောင်လေးတစ်ယောက်နဲ့ခင်ခဲ့တယ်"

"အွန်း"

"သူကဂစ်တာလည်းတီးတတ်ကြတယ်..နောက်မှလင်းသူကိုသင်ခိုင်းရမယ်"

"အွန်း"

သခင်ကထိုကဲ့သို့သောလူစားမျိုးပါ။လင်းဘက်ကဘယ်လောက်ပဲစကားတွေပြောပြော အင်း..အွန်းလောက်သာပြန်ပြောချင်ပြောသည်။လင်းကသာသခင့်အကြောင်းတွေကိုစိတ်ဝင်စားသလောက် သခင်ကတော့လင်းအကြောင်းကိုနည်းနည်းလေးမှစိတ်မဝင်စားခဲ့ပါ။ လင်းကလည်းအမှတ်မရှိပါ။ဘာအကြောင်းဖြစ်ဖြစ်သခင့်ကိုသာပြောပြချင်နေမိသည်။

"ဒူ..ဒူ"

သခင်ဟာဖုန်းကိုကြည့်ရင်းပြုံးလိုက်သည်။သခင့်ဟာအပြုံးအရယ်မရှိတာတော့မဟုတ်။သို့သော်ပြုံးခဲသည်။ရယ်ခဲသည်။ဒါပေမဲ့အခုတော့ဖြင့်အပြုံးတွေဟာလှပလို့နေသည်။လင်းသိချင်လိုက်တာ။သခင့်ကိုပြုံးအောင်လုပ်နိုင်တဲ့သူဟာဘယ်သူလဲဆိုတာကို။သေချာတကတော့ အခုဖုန်းဆက်တဲ့ပိုင်ရှင်‌
ကြောင့်သာဖြစ်လိမ့်မည်။

"ဟဲလို..."

သခင်ဟာဖုန်းကို ခပ်ဝေးဝေးမှာသွားပြောသည်။စပ်စုချင်ပေမဲ့စပ်စုလို့မရခဲ့ပါ။

သခင်ဘာစာအုပ်တွေဖတ်သလဲဆိုတာသိချင်မိ၍သခင့်စာအုပ်များကိုကြည့်ချင်မိသည် ။သို့သော်သခင်ကသူ့ပစ္စည်းတွေကိုင်ရင်မကြိုက်ပေ။သို့သော်အမှတ်မရှိတဲ့လင်းဟာ စာအုပ်လေးတစ်အုပ်ကိုယူကြည့်လိုက်မိသည်။

"အကြင်သူသည်"

ထိုစာအုပ်လေးရဲ့အတွင်းဘက်ကိုလှန်ကြည့်လိုက်တော့ အထဲမှာရေးထားတဲ့စာလေးကြောင့်လင်းရင်ထဲတစ်မျိုးဖြစ်သွားရသည်။

"လွန်းအတွက် မောင်ရဲ့ ချစ်လက်ဆောင်"
ဟူသောစာတန်းလေးပင်ဖြစ်၏။ထိုစာစုလေးဟာ ဘယ်လိုအဓိပ္ပာယ်မှန်း လင်းသိသည်။မောင်ဆိုတဲ့အသုံးအနှုန်းရယ်။ချစ်လက်ဆောင်ဆိုတဲ့စကားလေးရယ် ။ဒါတွေဟာချစ်သူတွေမှသုံးတာမလား။ဒါဆိုသခင့်မှာ...။

ဒါဆိုခုနကဖုန်းဆက်တဲ့သူကေမာင်
ဆိုတဲ့သူပေါ့။ဟင့်အင်။ မရှိရဘူး။သခင့်မှာချစ်ရမဲ့သူမရှိရဘူး။

စိတ်ပျက်လက်ပျက်နဲ့ပဲလျှောက်ကြည့်ရင်းနဲ့ စားပွဲ‌ထောင့်စွန်းလေးမှာတင်ထားတဲ့အရာလေးကိုထပ်တွေ့မိပြန်သည်။အသည်းပုံ ရင်ထိုးလေး။လင်းထိုပစ္စည်းလေးကိုကြည့်ရင်းဝမ်းနည်းလာမိသည်။အသည်းပုံအလယ်မှာ"mg"ဆိုတဲ့ စာတန်းလေးကြောင့်ပဲဖြစ်၏။

ဒါဆိုသခင့်ရဲ့အသည်းနှလုံးဟာ မောင်ဆိုတဲ့သူပေါ့။လင်းမနာလိုလိုက်တာ။ဘာကြောင့်မှန်းမသိမောင်ဆိုတဲ့လူကိုမုန်းလိုက်တာ။
သခင့်အချစ်တွေရနေတဲ့အဲ့ဒီလူကိုမုန်းလိုက်တာ။လင်းစိတ်တိုတိုဖြင့် လက်ထဲကပစ္စည်းလေးကို ဆုပ်ကိုင်လိုက်တော့ ရင်ထိုးမှာပါတဲ့အပ်ကလက်ကိုထိုးမိပြီးသွေးများပင်စို့လာသည်။ထိုအခါမှလင်းလည်းသတိထားမိတော့သည်။

"လင်းရောင်စဉ်နွယ်...မင်းလက်ထဲကဟာကိုချစမ်း"

ချစမ်းဟုဆိုပေမဲ့သခင်က လက်ထဲမှဆွဲယူသွားသည်။လင်းလက်လည်းအတော်ကိုစူးမိသွားတာ။သွေးမျာပင်တော်တော်ထွက်နေသည်။သခင်ကတော့ကိုယ့်လက်ကဒဏ်ရာကိုဂရုမစိုက်ပါ။သူ့ပစ္စည်းကိုကိုင်လို့စိတ်ဆိုးနေသည်။

"မင်းကို ငါ့ပစ္စည်းတွေမထိဖို့ပြောထားတယ်မလား..မင်းမှာအသိတရားမပါလာဘူးလား"

"လင်းက လင်းကဒီတိုင်းပဲကိုင်ကြည့်လိုက်တာပါ"

"မင်းဟာလေ..ငါမကြိုက်တာတွေသိပ်လုပ်တာပဲ..ငါ့ကိုငယ်ငယ်ကတည်းကဒုက္ခပေးလာတာ..အခုရောဘယ်အထိဒုက္ခပေးနေမှာလဲ"

သခင်ကသူစိတ်ဆိုးတိုင်းလင်းကငယ်ငယ်ကတည်းကဒုက္ခပေးကြောင်းအမြဲပြောသည်။ဘယ်လိုပေးခဲ့တာလည်းဆိုတာကျ‌မေးရင်‌
တောင်ပြောမပြခဲ့ပါ။လင်း သိတတ်စအရွယ်ကတည်းကသခင့်ကိုကြီးကြီးမားမားဒုက္ခမျိုးမပေးမိပါ။
မနေနိုင်လို့ဖေဖေက‌စပြီးတစ်အိမ်လုံးကိုမေးကြည့်တော့လည်း ဘာမှမပြောပြကြပါ။သေချာတာကတော့လင်းကပဲသခင့်အတွက်အနှောက်အယှက်ဖြစ်နေတာနေမှာပါ။

"လင်းကိုဘယ်လိုဒုက္ခမျိုးပေးဖူးလို့လဲ..ပေးဖူးရင်ပြောပြပါလို့ပြောတော့ သခင်ပြောမပြဘူး...အခုလည်း သခင့်ပစ္စည်းကိုကိုင်ကြည့်ရုံ
ပါပဲ...သခင့်ပစ္စည်းကဘာမှထိခိုက်မသွားပါဘူး..လင်းလက်ကိုသာ အပ်စူးသွားခဲ့တာပါ"

သူ့လက်ကိုကြည့်လိုက်တော့ သွေးများအတော်ပင်ရဲနေသည်။

"မင်းဘာသာစပ်စုပြီးကိုင်တာလေ..မင်းဖြစ်တာမင်းခံပေါ့..ဘာလဲ ငါကသနားပေးရဦးမှာလား"

"သခင် လင်းကိုအဲ့လောက်တောင်မုန်းတာလား...မုန်းတယ်ဆိုရင်လည်းမုန်းတဲ့အကြောင်းပြောပါ..လင်း သခင့်ဆီမလာတော့ပါဘူး"

"ဟုတ်တယ်မုန်းတယ်..မလာနဲ့"

"ကောင်းပါပြီ...လင်း သခင့်ဆီမလာတော့ပါဘူး"

လင်း သခင့်အိမ်ထဲကနေမျက်ရည်များဖြင့်လှည့်ထွက်လာခဲ့သည်။သခင်ဟာဒီလောက်တောင်ရက်စက်တယ်လား။သခင်ဟာ အကြောင်းမဲ့ရက်စက်မှာတော့မဟုတ်ဘူးမလား။ကိုယ်မသိသေးတဲ့အကြောင်းတစ်ခုခုကြောင့်သာဖြစ်မှာပါ။ဘာပဲဖြစ်ဖြစ် လင်း သခင့်ကိုမမုန်းနိုင်ခဲ့ပါဘူး ။သခင်ကမုန်းနေရင်တောင်မှပေါ့။

10.1.2024
#သခင်

Zawgyi

၃ႏွစ္ခန္႔ၾကာေသာ္

"ေဖေဖ လင္းဒီေန႔တကၠသိုလ္စတက္ရမွာ ေနာက္မက်ခ်င္ဘူး လိုက္ပို႔ေတာ့ေနာ္"

လင္းကေတာ့ျပင္ဆင္ၿပီးေနၿပီး ေဖေဖကေတာ့အခုထိ ခပ္ေႏွးေႏွးလုပ္ေနသျဖင့္ လင္းေနာက္က်မွာပူပန္ေနမိသည္။

"အင္းပါ သမီးေလးရယ္...အခုပဲပို႔မလို႔ပါ"

"ဟုတ္ေဖေဖ..ေနာက္ရက္ေတြက်လင္းဘာသာသြားမယ္....ဖူးျမတ္လည္းအေဖာ္ပါတယ္ေလ"

"သမီးသေဘာပါ..ကဲကဲ အခုေတာ့သြားရေအာင္ေနာ္"

"ဟုတ္"

လင္းေဖေဖကေက်ာင္းေ႐ွ႕ထိလိုက္ပို႔သည္။
ဖူးျမတ္ကိုလည္းေက်ာင္းအျပင္မွာေစာင့္မယ္လို႔ေျပာထားသျဖင့္ ေက်ာင္းဝန္းထဲမဝင္ဘဲအျပင္မွာဘဲေစာင့္ေနလိုက္သည္။ေဖေဖ့ကိုေတာ့ျပန္လႊတ္လိုက္သည္။

"ေရာင္စဥ္..နင္ကေစာလွခ်ည္လား"

"ေစာရမယ္..ဒါနဲ႔နင္မမယုနဲ႔လာတာလား"

ခဏၾကာေတာ့ကားေပၚမွမမယုဆင္းလာသည္။

"ႏွစ္ေယာက္စလုံးလိုက္ပို႔ရဦးမလား...လင္းတို႔ကအခုမွစေရာက္ဖူးတာဆိုေတာ့ ေနရာေတြသိမွာမဟုတ္ေသးဘူး မမပဲလိုက္ပို႔ေပးမယ္"

"ေကာင္းတာေပါ့ မမယုရဲ႕"

"လင္းေလးေရာဖူးျမတ္ေရာ ေမဂ်ာတူဆိုေတာ့အေဖာ္ရတာေပါ့..ေတာ္ပါေသးရဲ႕...မဟုတ္ရင္ အေဖာ္သစ္ေတြ႐ွာေနရဦးမွာ"

"ဟုတ္ပါ့ မမယုရယ္ လင္းတို႔ႏွစ္ေယာက္ကံေကာင္းသြားတာ.. မမယုနဲ႔လည္းေမဂ်ာတူေတာ့စာမသိရင္မမယုကိုေမးမယ္ေနာ္"

"မမယုလားစာေတြမွတ္မိမွာ..သူကအပ်င္းရယ္..ဘာမွမွတ္ထားမွာမဟုတ္ဘူး"

"မမယုက ဉာဏ္ေကာင္းတယ္မဟုတ္လား..မွတ္မိမွာပါ..ေနာ္..မမယု"

မမယုကေတာ့ရယ္သည္။မမယုနာမည္က ယုယစိမ္း။မမယုကအေတာ္ေလးလွသည္။လွဆိုေက်ာင္းမွာလည္းqueenရခဲ့တာကိုး။အသားျဖဴျဖဴ ပိန္ပိန္သြယ္သြယ္ႏွင့္ခႏၶာကိုယ္လည္းလွသည္။မ႐ွည္လြန္းမပုလြန္းတဲ့အရပ္နဲ႔ ခါးေက်ာ္ေက်ာ္ဆံပင္မ်ားေၾကာင့္ျမင္သူတိုင္းေငးရသည့္အလွမ်ိဳးျဖစ္သည္။မမယုမွာသခင္နဲ႔တူတဲ့အခ်က္တစ္ခ်က္႐ွိေလသည္။တည္တည္ၿငိမ္ၿငိမ္ေနတတ္ျခင္းပဲ။မမယုက သိကြၽမ္းတဲ့သူမ်ားနဲ႔သာအနည္းငယ္ေဖာ္ေ႐ြသည္။ေဘးသူစိမ္းဆိုျပဳံးေတာင္မျပတတ္။ဒါေပမဲ့ လင္းကိုေတာ့မမယုက သူ႕ညီမလိုပင္ခင္မင္ပါသည္။

"မမသိတာဆိုေျပာျပမွာေပါ့လင္းရဲ႕"

"ေလွ်ာက္ေျပာေနတာ မမယုကျဖင့္ သူ႕ရည္းစားေမြးေန႔ေတာင္သူမမွတ္ဘူး...ကို ထက္မာန္ႀကီးသနားပါတယ္"

ဖူးျမတ္ကမမယုကိုစသျဖင့္ မမယု႐ွက္သြားတယ္ထင္ပါရဲ႕။မ်က္ႏွာရဲေနသည္။

"ကေလးေတြေနာ္..ေပါက္ကရေတြ..ေတာ္ေတာ့..လာ အခန္းေနရာလိုက္႐ွာမယ္"

မမယုမွာရည္းစား႐ွိသည္။မမယုနဲ႔လင္းကအေတာ္ေလးရင္းႏွီးတယ္ပဲေျပာရမယ္။လင္းနဲ႔ခင္တာဆို လင္း၆တန္းေလာက္ကတည္းကျဖစ္သည္။ဖူးျမတ္ဆီအလည္သြားရင္းကေန မမယုနဲ႔ခင္ခဲ့သည္။မမယုကိုလင္း ခင္လည္းခင္သလိုခ်စ္လည္းခ်စ္၏။မမယုမွာရည္းစား႐ွိမွန္းသိတဲ့ေန႔ကေတာင္မမယုကိုစေနာက္ေနေသးသည္။လင္းစိတ္ထဲဘာမွမျဖစ္ခဲ့ပါ။ဒါေပမဲ့ သခင့္အေၾကာင္းကိုေတြးလိုက္ေတာ့ရင္ထဲေအာင့္သက္သက္ျဖစ္မိ၏။သခင့္မွာရည္းစား႐ွိလာရင္ေရာ။ေသခ်ာေပါက္ လင္းႏွေျမာမိမွာပဲ။အေတြးနဲ႔ပင္ သခင့္ကိုရည္းစားမ႐ွိေစခ်င္ပါ။ငယ္ငယ္ေလးကတည္းကသိကြၽမ္းလာတာေၾကာင့္ပဲလား‌ေတာ့
မေျပာတတ္ပါ။သခင့္အနားမွာလင္းကလြဲၿပီးဘယ္သူမွမ႐ွိေစခ်င္သလို မခ်စ္ေစခ်င္ပါ။တစ္ခါတရံဒီလိုမ်ိဳးထူးဆန္းတဲ့စိတ္အေျခအေနေတြျဖစ္ေနတတ္တာကိုကိုယ့္ကိုယ္ကိုယ္ပင္အံ့ဩရသည္ ။ဘာျဖစ္ေနသလဲဆိုၿပီးဆန္းစစ္ရင္လည္းအေျဖဟာမထြက္ပါ။

"လင္း ဘာေတြေတြးေနတာ..သြားရေအာင္ေလ"

"ဟုတ္မမယု..လာဖူးျမတ္"

လင္းဖူးျမတ္လက္တစ္ဖက္ကိုတြဲကာမမယုေနာက္ကလိုက္လာလိုက္သည္။

***

"ေဖေဖ..သခင့္ဆီသြားမလို႔"

"အင္းအင္းသမီး...သိပ္မၾကာနဲ႔ဦးေနာ္"

"ဟုတ္"

ေဖေဖ့ကိုသတိေပးၿပီးတာနဲ႔သခင့္အိမ္ဘက္တန္းထြက္လာလိုက္သည္။

သခင္ကဒီအခ်ိန္ဆိုစာဖတ္တာပဲျဖစ္ျဖစ္သီခ်င္းနားေထာင္တာပဲျဖစ္ျဖစ္လုပ္တတ္သည္။လင္းအၾကံတစ္ခုရလိုက္သည္။ဒီေန႔ေက်ာင္းမွာသူငယ္ခ်င္းေကာင္ေလးတစ္ေယာက္ရလိုက္သည္။သူကဂစ္တာလည္းတီးတတ္သည္။လင္းအၾကံကေတာ့ေနာက္မွသူကိုဂစ္တာတီးသင္ခိုင္းၿပီး သခင့္ကိုသီခ်င္းဆိုျပမည္။စိတ္သာကူးေနတာပါ။သခင္ကလင္းသီခ်င္းဆိုျပရင္ေတာင္နားေထာင္မဲ့လူမွမဟုတ္တာ။

"သခင္"

"ဪ...လာေလအလင္း"

"သခင္အားတယ္မလားဟင္"

"ဘာလို႔လဲ မမအားပါတယ္"

"ဘာမွမဟုတ္ပါဘူး..သခင္မအားရင္ လင္းလာတာအေႏွာက္အယွက္ျဖစ္မွာစိုးလို႔ပါ"

"ရပါတယ္ မျဖစ္ပါဘူး"

"ဒီေန႔လင္းနဲ႔ဖူးျမတ္ေက်ာင္းမွာသူငယ္ခ်င္းေကာင္ေလးတစ္ေယာက္နဲ႔ခင္ခဲ့တယ္"

"အြန္း"

"သူကဂစ္တာလည္းတီးတတ္ၾကတယ္..ေနာက္မွလင္းသူကိုသင္ခိုင္းရမယ္"

"အြန္း"

သခင္ကထိုကဲ့သို႔ေသာလူစားမ်ိဳးပါ။လင္းဘက္ကဘယ္ေလာက္ပဲစကားေတြေျပာေျပာ အင္း..အြန္းေလာက္သာျပန္ေျပာခ်င္ေျပာသည္။လင္းကသာသခင့္အေၾကာင္းေတြကိုစိတ္ဝင္စားသေလာက္ သခင္ကေတာ့လင္းအေၾကာင္းကိုနည္းနည္းေလးမွစိတ္မဝင္စားခဲ့ပါ။ လင္းကလည္းအမွတ္မ႐ွိပါ။ဘာအေၾကာင္းျဖစ္ျဖစ္သခင့္ကိုသာေျပာျပခ်င္ေနမိသည္။

"ဒူ..ဒူ"

သခင္ဟာဖုန္းကိုၾကည့္ရင္းျပဳံးလိုက္သည္။သခင့္ဟာအျပဳံးအရယ္မ႐ွိတာေတာ့မဟုတ္။သို႔ေသာ္ျပဳံးခဲသည္။ရယ္ခဲသည္။ဒါေပမဲ့အခုေတာ့ျဖင့္အျပဳံးေတြဟာလွပလို႔ေနသည္။လင္းသိခ်င္လိုက္တာ။သခင့္ကိုျပဳံးေအာင္လုပ္ႏိုင္တဲ့သူဟာဘယ္သူလဲဆိုတာကို။ေသခ်ာတကေတာ့ အခုဖုန္းဆက္တဲ့ပိုင္႐ွင္‌
ေၾကာင့္သာျဖစ္လိမ့္မည္။

"ဟဲလို..."

သခင္ဟာဖုန္းကို ခပ္ေဝးေဝးမွာသြားေျပာသည္။စပ္စုခ်င္ေပမဲ့စပ္စုလို႔မရခဲ့ပါ။

သခင္ဘာစာအုပ္ေတြဖတ္သလဲဆိုတာသိခ်င္မိ၍သခင့္စာအုပ္မ်ားကိုၾကည့္ခ်င္မိသည္ ။သို႔ေသာ္သခင္ကသူ႕ပစၥည္းေတြကိုင္ရင္မႀကိဳက္ေပ။သို႔ေသာ္အမွတ္မ႐ွိတဲ့လင္းဟာ စာအုပ္ေလးတစ္အုပ္ကိုယူၾကည့္လိုက္မိသည္။

"အၾကင္သူသည္"

ထိုစာအုပ္ေလးရဲ႕အတြင္းဘက္ကိုလွန္ၾကည့္လိုက္ေတာ့ အထဲမွာေရးထားတဲ့စာေလးေၾကာင့္လင္းရင္ထဲတစ္မ်ိဳးျဖစ္သြားရသည္။

"လြန္းအတြက္ ေမာင္ရဲ႕ ခ်စ္လက္ေဆာင္"
ဟူေသာစာတန္းေလးပင္ျဖစ္၏။ထိုစာစုေလးဟာ ဘယ္လိုအဓိပၸာယ္မွန္း လင္းသိသည္။ေမာင္ဆိုတဲ့အသုံးအႏႈန္းရယ္။ခ်စ္လက္ေဆာင္ဆိုတဲ့စကားေလးရယ္ ။ဒါေတြဟာခ်စ္သူေတြမွသုံးတာမလား။ဒါဆိုသခင့္မွာ...။

ဒါဆိုခုနကဖုန္းဆက္တဲ့သူေကမာင္
ဆိုတဲ့သူေပါ့။ဟင့္အင္။ မ႐ွိရဘူး။သခင့္မွာခ်စ္ရမဲ့သူမ႐ွိရဘူး။

စိတ္ပ်က္လက္ပ်က္နဲ႔ပဲေလွ်ာက္ၾကည့္ရင္းနဲ႔ စားပြဲ‌ေထာင့္စြန္းေလးမွာတင္ထားတဲ့အရာေလးကိုထပ္ေတြ႕မိျပန္သည္။အသည္းပုံ ရင္ထိုးေလး။လင္းထိုပစၥည္းေလးကိုၾကည့္ရင္းဝမ္းနည္းလာမိသည္။အသည္းပုံအလယ္မွာ"mg"ဆိုတဲ့ စာတန္းေလးေၾကာင့္ပဲျဖစ္၏။

ဒါဆိုသခင့္ရဲ႕အသည္းႏွလုံးဟာ ေမာင္ဆိုတဲ့သူေပါ့။လင္းမနာလိုလိုက္တာ။ဘာေၾကာင့္မွန္းမသိေမာင္ဆိုတဲ့လူကိုမုန္းလိုက္တာ။
သခင့္အခ်စ္ေတြရေနတဲ့အဲ့ဒီလူကိုမုန္းလိုက္တာ။လင္းစိတ္တိုတိုျဖင့္ လက္ထဲကပစၥည္းေလးကို ဆုပ္ကိုင္လိုက္ေတာ့ ရင္ထိုးမွာပါတဲ့အပ္ကလက္ကိုထိုးမိၿပီးေသြးမ်ားပင္စို႔လာသည္။ထိုအခါမွလင္းလည္းသတိထားမိေတာ့သည္။

"လင္းေရာင္စဥ္ႏြယ္...မင္းလက္ထဲကဟာကိုခ်စမ္း"

ခ်စမ္းဟုဆိုေပမဲ့သခင္က လက္ထဲမွဆြဲယူသြားသည္။လင္းလက္လည္းအေတာ္ကိုစူးမိသြားတာ။ေသြးမ်ာပင္ေတာ္ေတာ္ထြက္ေနသည္။သခင္ကေတာ့ကိုယ့္လက္ကဒဏ္ရာကိုဂ႐ုမစိုက္ပါ။သူ႕ပစၥည္းကိုကိုင္လို႔စိတ္ဆိုးေနသည္။

"မင္းကို ငါ့ပစၥည္းေတြမထိဖို႔ေျပာထားတယ္မလား..မင္းမွာအသိတရားမပါလာဘူးလား"

"လင္းက လင္းကဒီတိုင္းပဲကိုင္ၾကည့္လိုက္တာပါ"

"မင္းဟာေလ..ငါမႀကိဳက္တာေတြသိပ္လုပ္တာပဲ..ငါ့ကိုငယ္ငယ္ကတည္းကဒုကၡေပးလာတာ..အခုေရာဘယ္အထိဒုကၡေပးေနမွာလဲ"

သခင္ကသူစိတ္ဆိုးတိုင္းလင္းကငယ္ငယ္ကတည္းကဒုကၡေပးေၾကာင္းအၿမဲေျပာသည္။ဘယ္လိုေပးခဲ့တာလည္းဆိုတာက်‌ေမးရင္‌
ေတာင္ေျပာမျပခဲ့ပါ။လင္း သိတတ္စအ႐ြယ္ကတည္းကသခင့္ကိုႀကီးႀကီးမားမားဒုကၡမ်ိဳးမေပးမိပါ။
မေနႏိုင္လို႔ေဖေဖက‌စၿပီးတစ္အိမ္လုံးကိုေမးၾကည့္ေတာ့လည္း ဘာမွမေျပာျပၾကပါ။ေသခ်ာတာကေတာ့လင္းကပဲသခင့္အတြက္အေႏွာက္အယွက္ျဖစ္ေနတာေနမွာပါ။

"လင္းကိုဘယ္လိုဒုကၡမ်ိဳးေပးဖူးလို႔လဲ..ေပးဖူးရင္ေျပာျပပါလို႔ေျပာေတာ့ သခင္ေျပာမျပဘူး...အခုလည္း သခင့္ပစၥည္းကိုကိုင္ၾကည့္႐ုံ
ပါပဲ...သခင့္ပစၥည္းကဘာမွထိခိုက္မသြားပါဘူး..လင္းလက္ကိုသာ အပ္စူးသြားခဲ့တာပါ"

သူ႕လက္ကိုၾကည့္လိုက္ေတာ့ ေသြးမ်ားအေတာ္ပင္ရဲေနသည္။

"မင္းဘာသာစပ္စုၿပီးကိုင္တာေလ..မင္းျဖစ္တာမင္းခံေပါ့..ဘာလဲ ငါကသနားေပးရဦးမွာလား"

"သခင္ လင္းကိုအဲ့ေလာက္ေတာင္မုန္းတာလား...မုန္းတယ္ဆိုရင္လည္းမုန္းတဲ့အေၾကာင္းေျပာပါ..လင္း သခင့္ဆီမလာေတာ့ပါဘူး"

"ဟုတ္တယ္မုန္းတယ္..မလာနဲ႔"

"ေကာင္းပါၿပီ...လင္း သခင့္ဆီမလာေတာ့ပါဘူး"

လင္း သခင့္အိမ္ထဲကေနမ်က္ရည္မ်ားျဖင့္လွည့္ထြက္လာခဲ့သည္။သခင္ဟာဒီေလာက္ေတာင္ရက္စက္တယ္လား။သခင္ဟာ အေၾကာင္းမဲ့ရက္စက္မွာေတာ့မဟုတ္ဘူးမလား။ကိုယ္မသိေသးတဲ့အေၾကာင္းတစ္ခုခုေၾကာင့္သာျဖစ္မွာပါ။ဘာပဲျဖစ္ျဖစ္ လင္း သခင့္ကိုမမုန္းႏိုင္ခဲ့ပါဘူး ။သခင္ကမုန္းေနရင္ေတာင္မွေပါ့။

10.1.2024
#သခင္

Continue Reading

You'll Also Like

446K 26.1K 43
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
4.6M 289K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...