Unicode
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
[ကိုယ်တို့ ညီအစ်ကိုဖြစ်လာမှာကို မင်းစိတ်ပူနေစရာ မလိုဘူး...]
အဲ့လော့ကွေးအား အာဏာသိမ်းရန် တိုက်ပွဲသည် နေရောညပါ ကြာမြင့်ခဲ့သည်။ ထိုနည်းတူစွာ စုယန်နှင့် ကုဖေးတိ၏ အချင်းချင်း ကယ်တင်သည့် ဖြစ်စဉ်သည်လည်း နေ့ရောညပါ ကြာမြင့်ခဲ့လေ၏။
နှင်းမုန်တိုင်းသည် တဖြေးဖြေး ရပ်တန့်သွားပြီး မှောင်မဲနေသည့် ကောင်းကင်ကြီး တဖန်ပြန်လည်တောက်ပလာသည့်အခါမှ တိုက်ပွဲသံများ ငြိမ်သက်သွားခဲ့လေသည်။
စုန်းဖြူမျှော်စင်အတွင်းတွင်၊ စုယန်နှင့် ကုဖေးတိတို့၏ အသက်ရှုသံများသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
နှစ်ယောက်စလုံးသည် တစ်ယောက်ကို တစ်ယောက် နီးကပ်စွာ ပွေ့ဖက်ထားကြသည်။ မျက်လုံးဖွင့်လိုက်ပြီး တစ်ဖက်လူကိုကြည့်လိုက်ရာ နွမ်းနယ်သည့် အပြုံးများ ထွက်ပေါ်လာလေ၏။
မီးတောက်ဖြူကူသည် ရေခဲဝိညာဉ်ကို အချိန်အတန်ကြာ ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ အဆုံးတွင်၊ ၎င်းသည် ၎င်း၏ကံကြမ္မာကို လက်ခံခဲ့ပြီး ကုဖေးတိ၏ခန္ဓာကိုယ်အတွင်း၌ ငြိမ်သက်စွာ ပုန်းအောင်းနေတော့လေ၏။ ရေခဲဝိညာဉ်သည်လည်း အားအင် ကုန်ဆုံးသွားပုံရသည်။ ၎င်းသည် စုယန်၏ မယ်ရီဒီယန် အတွင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီး ထပ်မံမလှုပ်ရှားပါတော့ချေ။
သို့သော် 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကြောင့် စုယန်၏ ကိုယ်အပူချိန်သည် နိမ့်ကျနေသေးသည်။ ရေခဲလွင်ပြင်၏ အေးခဲသောလေထဲတွင် သူ၏အသက်ရှုသံသည် အနည်းငယ်မျှသော အပူကိုပင် မသယ်ဆောင်နိုင်ခဲ့ပါ။
သူတို့ နှစ်ယောက်စလုံး အသက်အန္တရာယ် ကင်းသွားသည်ကို မြင်သောအခါ လော့ယွီက သက်ပြင်းချလိုက်သည်။
"မင်းတို့ နှစ်ယောက်စလုံး ဒီမှာ အနားယူနေပါ။ ငါ လော့ယင်ကို သွားကြည့်လိုက်အုံးမယ်..."
သူ့စကားမဆုံးခင် စုန်းဖြူမျှော်စင်၏ တံခါးအပြင်ဘက်ရှိ စုဟွိုက်ကျူးသည် ရုတ်တရက် အကြိမ်အနည်းငယ် ချောင်းဆိုးလာသည်။ သူသည် မျှော်စင်ထဲသို့ ပြန်ဝင်လာပြီး တံခါးတိုင်ကို ထောက်ကိုင်ရင်း အသက်ပြင်းပြင်းရှူလိုက်၏။
စုဟွိုက်ကျူး၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်ကို မြင်လိုက်ရသည်နှင့် လော့ယွီသည် 'ကျစ်' ဟု အသံပြုကာ သူ့ကိုတွဲရန် ရှေ့သို့ လှမ်းလာခဲ့သည်။
"မင်းအဆင်ပြေရဲ့လား? အချစ်ကူကို တကယ်ပဲ ဖိနှိပ်နိုင်စွမ်း မရှိတော့ဘူးလား?"
စုဟွိုက်ကျူးက တိုးလျသော လေသံဖြင့် ဖြေးညှင်းစွာ ပြောသည်။
"ငါအဆင်ပြေပါတယ်။ မင်း ငါ့အနားကို အရမ်းမကပ်သင့်ဘူး။ ငါ့အခြေအနေအရ ...... ငါထိန်းချုပ်နိုင်မှုကို ဆုံးရှုံးလွယ်တယ် ...... ငါပြင်းထန်လာတဲ့အခါ ဘယ်သူ့ကိုမှ အသိအမှတ်မပြုနိုင်တာမျိုး ဖြစ်သွားနိုင်တယ်......"
ထိုစကားကိုကြားတော့ လော့ယွီက ဟွန့်ကနဲ နှာမှုတ်လိုက်သည်။ သူက လက်ကိုမြှောက်ကာ စုဟွိုက်ကျူး၏ မျက်ခုံးကြားနေရာကို ငွေအပ်တစ်ချောင်းထိုးစိုက်ခဲ့သည်။
"*ဟိုင်ပေါအာက ဒီမှာ မရှိဘူး။ ငါမင်းကို ခဏထိန်းထားပေးမယ်"
(*ဟိုင်ပေါအာ <ပင်လယ်လှိုင်းကလေး> ကုရော့ဟိုင် အတွက် နာမည်ပြောင်)
ထိုနာမည်ကိုကြားတော့ စုဟွိုက်ကျူးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"သူ့ကို ဒီလိုခေါ်ဖို့ မင်းကို ဘယ်သူက ခွင့်ပြုလိုက်တာလဲ?"
လော့ယွီက ဆို၏။ "မင်းအသက်ဘယ်လောက်ရှိပြီလဲ? မင်းရဲ့သားတောင် အသက်နှစ်ဆယ်ပြည့်တော့မယ်။ မင်းက နာမည်ပြောင်လေးတစ်ခုကို မောင်ပိုင်စီးထားချင်နေတုန်းပဲ ...... မင်းဒီလောက်ထိ သူ့ကိုဂရုစိုက်နေရင် ဘာလို့...."
စုယန်နှင့် ကုဖေးတိ၏ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်နှင့် လော့ယွီသည် အကြောင်းအရာကို အဆုံးသတ်ပြီး စုဟွိုက်ကျူးအား တိတ်တဆိတ် အပ်စိုက်ကုထုံး ပြုလုပ်ပေးခဲ့သည်။
ကုဖေးတိက ခဏတာ စဉ်းစားနေပြီးနောက် မေးလာ၏။
"အကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲမှာ ကူအဆိပ်ရှိတာလား?"
စုဟွိုက်ကျူးက သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း တုံ့ပြန်ခြင်း မရှိခဲ့ပေ။
လော့ယွီက ထိတ်လန့်သွားပြီး ဆို၏။
"မင်းဘယ်လိုသိတာလဲ?"
ကုဖေးတိက ပြောသည်။
"မီးတောက်ဖြူကူကို ယဉ်ပါးအောင် လုပ်ပြီးတော့ ကူအဆိပ်နဲ့ ပတ်သတ်တဲ့ အာရုံခံနိုင်စွမ်း ရှိလာတယ်လို့ ထင်တယ်... ဒါပေမယ့် အကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲက ကူအမျိုးအစားကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး"
ကုဖေးတိရဲ့စကားကိုကြားတော့ လော့ယွီက စုဟွိုက်ကျူးကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်သည်။ သူက ခဏလောက် စူးစမ်းလေ့လာပြီးနောက် ဆို၏။
"စုန်းဖြူမျှော်စင်အတွင်းမှာ ကူအဆိပ်ကို ဖြေရှင်းနိုင်တဲ့ သမိုင်းအထောက်အထားတွေ အများကြီး ရှိနိုင်တယ်။ အခု ငါတို့က အဲ့လော့ကွေးဂိုဏ်းက စုန်းခေါင်းဆောင်ရဲ့ မီးတောက်ဖြူကူကို ရထားပြီး စုယန်ကလည်း တော်ဝင်စုန်းသွေးကို ပိုင်ဆိုင်ထားတယ်... ငါတို့ မင်းရဲ့ ကူအဆိပ်ကို ကုသလို့ ရနိုင်တယ်!"
သူစကားပြောနေစဉ် သူ့မျက်လုံးများ ရုတ်တရက်တောက်ပသွားကာ အငယ်တန်းနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ နှစ်ယောက်စလုံး ဒီနေရာနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ရှိမရှိ သွားရှာကြည့်ပါလား"
စိတ်မရှည်တော့သော ကုဖေးတိနှင့် စုယန်တို့သည် ချက်ချင်းပင် ခေါင်းညိတ်ကာ စုန်းဖြူမျှော်စင်နံရံရှိ ကြောင်လိမ်လှေကားဆီသို့ ပြေးသွားကြသည်။
ကုဖေးတိက ပြောလိုက်၏။
"မင်းက အောက်ခြေကနေစပြီးရှာလိုက်။ ကိုယ်ကမျှော်စင်ထိပ်ကိုတက်ပြီး အပေါ်ကနေ စရှာမယ်"
"ကောင်းပြီ" စုယန်က ချက်ချင်း သဘောတူလိုက်သည်။
သူတို့နှစ်ယောက်လုံး ကြောင်လိမ်လှေကားတစ်လျှောက် တစ်ခန်းပြီးတစ်ခန်း ရှာဖွေခဲ့ကြသည်။ မကြာမီတွင်၊ ကုဖေးတိသည် အပေါ်နှင့်အနီးဆုံးအခန်းအတွင်း၌ လျှို့ဝှက်အခန်းတစ်ခုကို တွေ့ရှိခဲ့လေ၏။ အခန်းအတွင်း၌ ဝါးစာလိပ်များတွင် ရေးထိုးထားသော မရေမတွက်နိုင်သည့် မှတ်တမ်းဟောင်းများနှင့် စာရွက်စာတမ်းများ ပါရှိလေသည်။
သို့သော်လည်း ဤစာရွက်စာတမ်းများကို အလယ်ပိုင်းလွင်ပြင် အက္ခရာများဖြင့် ရေးသားထားခြင်းမဟုတ်ဘဲ မြွေနှင့်တူပြီး တွန့်လိမ်ထုံးဖွဲ့ထားသော စာရေးဟန်အမျိုးအစားဖြင့် ရေးသားထားခြင်းဖြစ်သည်။ ကုဖေးတိသည် ရေးသားထားသည်များကို နားမလည်နိုင်ပေ။
"ဒါက အဲ့လော့ကွေးဂိုဏ်းရဲ့ ရှေးခေတ်စာရေးဟန်ပဲ" လော့ယွီသည် ကုဖေးတိထံမှ ဝါးစာလိပ်တစ်လိပ်ကို ယူကာ ပြောလိုက်သည်။
"အခုအချိန်မှာ မင်းသားတွေနဲ့ တော်ဝင်မျိုးနွယ်တွေပဲ ဖတ်နိုင်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူက စာလိပ်ကိုလှန်လိုက်ပြီး
"ဒီစာလိပ်မဟုတ်သေးဘူး။ အားလုံးကို ဒီနေရာယူခဲ့။ ငါကိုယ်တိုင်ရှာမယ်"
စုယန်နှင့် ကုဖေးတိက ခေါင်းညိတ်ပြပြီး ချက်ချင်းပင် ကျန်နေသည့် မှတ်တမ်းများနှင့် စာရွက်စာတမ်းများကို သွားယူခဲ့သည်။
"မင်းတို့အားလုံး အဆင်ပြေနေတာကို တွေ့ရတော့ ငါစိတ်သက်သာရာရသွားတယ်"
စုန်းဖြူမျှော်စင်အပြင်ဘက်မှ ရွှင်မြူးသောအသံတစ်ခုပေါ်လာပြီး မျှော်စင်အတွင်းမှ လူများအားလုံး လှည့်ကြည့်လိုက်ကြသည်။
ချင်ကျန်းယွဲ့သည် စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး တံခါးဝမှ ဖြတ်လျှောက်လာကာ လော့ယွီအား ပြုံးပြလိုက်၏။
"မင်းရဲ့တူလေးက စကားများများ မပြောတတ်ပေမယ့် သူက ကိစ္စတွေကို နည်းစနစ်ကျကျ ကိုင်တွယ်နိုင်တယ်။ တကယ်တော့ အဲ့လော့ကွေးတော်ဝင်နန်းတွင်းမှာ သူ့ကို လက်ခံတဲ့လူတွေ အများကြီးရှိတယ်"
လော့ယွီသည် ၎င်းကိုကြားသောအခါ ပြုံးလိုက်ပြီး ဆို၏။ "ဘယ်လိုပဲဖြစ်ဖြစ်၊ သူက ငါ့အစ်ကိုတော်ရဲ့ သွေးသားဖြစ်ပြီး ဟေးယွီတပ်မှာလည်း အတွေ့အကြုံတွေ ရခဲ့တယ်လေ။ စစ်သူကြီးတွေနဲ့ စစ်သည်တွေက သူ့ကို ထောက်ခံကြပြီး တော်ဝင်နန်းတွင်းက လူအများအပြားကလည်း သဘာဝအတိုင်း သူ့ဘေးမှာ ရပ်တည်ကြတယ်"
လော့ယွီက ခေတ္တရပ်ပြီးနောက် မေးလိုက်သည်။
"မင်းဘာလို့ ဒီကို တစ်ယောက်တည်း လာတာလဲ? စစ်မြေပြင်အခြေအနေက တည်ငြိမ်သွားပြီလား?"
ချင်ကျန်းယွဲ့က ဆိုသည်။
"သန်းယန်က ဧကရာဇ်ရဲ့စာကို ယူလာပြီး အလယ်ပိုင်းလွင်ပြင်နဲ့ အဲ့လော့ကွေးကြားမှာ မဟာမိတ်ဖွဲ့ဖို့ လော့ယင်နဲ့ ဆွေးနွေးနေတယ်။ မဟာမိတ်ခေါင်းဆောင်ကုလည်း ဒီကိုလာနေတယ်လို့ ကြားခဲ့ရတယ်။ အခု သူဘယ်ရောက်နေပြီလဲမသိဘူး"
သူက နံရံထောင့်မှာ တင်ပျဉ်ခွေထိုင်နေသည့် စုဟွိုက်ကျူးကိုကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"ငါတို့မဆုံတာ အတော်ကြာခဲ့ပြီ"
စုဟွိုက်ကျူးက မတုံ့ပြန်ခဲ့ပါ။
လော့ယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးဆို၏။
"ဟိုင်ကော လာနေတာ ကောင်းပါတယ်။ ဒီငွေပင်အပ်က ခဏတာပဲ ထိန်းထားနိုင်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ပြဿနာကို သူကိုယ်တိုင် လာပြီးဖြေရှင်းပေးဖို့ လိုအပ်နေသေးတယ်"
သူ၏စကားကိုကြားသောအခါ စုဟွိုက်ကျူးက နောက်ဆုံးတွင် သည်းမခံနိုင်ဘဲ ပြောလာသည်။
"သူက ဘယ်လိုဖြေရှင်းနိုင်မှာလဲ? သူ့အသက်ပဲ ဆုံးရှုံးသွားရလိမ့်မယ်........ ဒါတွေအားလုံးကို ကိုင်တွယ်ပြီးရင် ငါ ယင်ထန်နတ်ဂိုဏ်းကို ပြန်သွားပြီး ဂန္ဓမာခန်းမဆောင်ကို ပြန်လည်ထူထောင်မယ်။ တစ်သက်လုံး သူနဲ့ ရောယှက်နေတာထက်စာရင်တော့ ပိုကောင်းတာပေါ့"
လော့ယွီသည် ခဏမျှ တိတ်ဆိတ်သွားသည်။ သူက လက်ထဲက စာလိပ်တွေကို ငုံ့ကြည့်ရင်း ပြော၏။
"...... ငါတို့ အဖြေကို သေချာပေါက် ရှာတွေ့မှာပါ။ မင်းရဲ့ အခြေအနေကို သူသိပြီးသားဖြစ်တာကြောင့် မင်းကို အရင်ကလို လုပ်ခွင့်ပေးမှာမဟုတ်တော့ဘူး"
သူတို့နှစ်ယောက်ကြား စကားပြောတာကို နားထောင်ရင်း ကုဖေးတိသည် သူ့လက်ထဲမှ စာလိပ်များကို တင်းကျပ်စွာ ဆုပ်လိုက်မိသည်။
တခဏချင်းမှာပင် သူ ငြိမ်သက်သွားပြီး လော့ယွီ ဘေးသို့ ချဉ်းကပ်လာကာ ဝါးစာလိပ်အနည်းငယ်ကို ချပေးလိုက်သည်။ သူသည် မျက်လုံးမှိတ်ပြီး ကူအဆိပ်ကို နှိမ်နင်းနေသော စုဟွိုက်ကျူးအား တစေ့တစောင်းခိုးမကြည့်ဘဲမနေနိုင်ပေ။ ထို့နောက် ကုဖေးတိသည် လှေကားဆီသို့ ပြန်လှည့်ကာ စာရွက်စာတမ်းများကို ဆက်လက်သယ်ယူရန် ပြင်လိုက်လေ၏။
ကုဖေးတိ၏အမူအရာပျက်သွားသည်ကိုမြင်လိုက်ရသောအခါ စုယန်က သူကိုင်ထားသည့် စာလိပ်တွေကို အလျင်စလိုချလိုက်ပြီး သူ့ကိုဖမ်းဆွဲကာ မေးသည်။
"မင်းဘာကိစ္စရှိလို့လဲ?"
"ဘာမှမဟုတ်ပါဘူး" ကုဖေးတိက တခြားမပြောဘဲ အပေါ်ထပ်သို့ တက်သွားလေ၏။
စုယန်သည် ကုဖေးတိ၏နောက်သို့ လိုက်သွားကာ သူ့ကို တားလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ဆို၏။
"ငါတို့ တစ်ယောက်ကိုတစ်ယောက် မဖုံးကွယ်ဖို့ သဘောတူခဲ့တယ်မဟုတ်လား? မင်းငါ့ကိုမပြောပြရင် ငါစိတ်ဆိုးရလိမ့်မယ်"
ကုဖေးတိက သက်ပြင်းတစ်ချက်ချကာ တုံ့ဆိုင်းနေပြီးနောက် ပြောလေသည်။
"ဒါက လူကြီးတွေရဲ့ကိစ္စပါ။ တကယ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး။ ကိုယ့်ရဲ့အထင် သက်သက်ပဲ"
စုယန်က လွန်စွာမကျေမနပ်ဖြစ်သောအမူအရာဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ကုဖေးတိက ကူကယ်ရာမဲ့စွာ ဆို၏။
"ဒါက ကိုယ့်ရဲ့အထင်သက်သက်ပဲလို့.. ဒီထက်မပိုဘူး"
စုယန် : "ဒီလိုဆိုရင်တောင် ငါသိချင်နေသေးတယ်"
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ ကုဖေးတိက ပြောသည်။
"ကိုယ့်အဖေနဲ့ မင်းရဲ့အဖေကြားက ဆက်ဆံရေးက ... သာမန်မဟုတ်ဘူးလို့ ကိုယ်ထင်နေတယ်"
ထိုအဖြေကိုကြားတော့ စုယန်က ပြောသည်။
"သူတို့က ကျောက်စိမ်းအိမ်တော်က အတန်းဖော်တွေပဲလေ။ သူတို့နှစ်ယောက်ကြားက ခံစားချက်တွေက တော်တော်လေးနက်သင့်တယ်။ မင်း ဒီလိုမျက်နှာမျိုး လုပ်နေဖို့ မလိုပါဘူး"
"ကိုယ်ဆိုလိုတာက.." ကုဖေးတိ ခေတ္တရပ်လိုက်ပြီး တိုးညှင်းစွာဆို၏။
"....သူတို့ရဲ့ဆက်ဆံရေးက ကိုယ်တို့နဲ့တူတယ်လို့လေ....."
စုယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲဒါ .... မဖြစ်နိုင်ဘူး.....!" သူက တုန်လှုပ်ခြောက်ခြားစွာ ပြောလိုက်၏။
"ဒါပေမယ့် ......" စုယန်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များ ရုတ်တရက် ပေါ်လာသည်။ အမျိုးသားအဝတ်အစားဝတ်ထားသည့် ချီထုန်းနှင့် သူနှင့်ခွဲလို့မရသော လော့ယင်၊ လော့ယွီနှင့် ချင်ကျန်းယွဲ့တို့၏ လက်ချောင်းများတိတ်တဆိတ်ထိတွေ့မှု၊ စုဟွိုက်ကျူးနှင့် ကုရော့ဟိုင်တို့ တစ်ချိန်က ပြောခဲ့ဖူးသော စကားများ....။
ဤကမ္ဘာသည် ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့သည်။ စာအုပ်ထဲက ဇာတ်ကောင်အားလုံးနှင့် ဇာတ်လမ်းဇာတ်ကြောင်းများ၏ ဆက်စပ်မှုကို စာရေးဆရာက ဖန်တီးထားခြင်းပင်။
အချို့သော 'မဖြစ်စလောက်အကြောင်းအရာများ' သည် ရုပ်ရှင်များတွင် ရှိနေနိုင်သောကြောင့် ဝတ္ထုများတွင် အဘယ်ကြောင့် မတည်ရှိနိုင်ရမည်နည်း?
ဇာတ်ညွှန်းထဲက မိစ္ဆာဂိုဏ်း၏သခင်ငယ်သည် ယောက်ျားများနှင့် ဆက်တိုက် ပရောပရီလုပ်နေခဲ့သည်မှာ အမှန်ပင်...။
စုယန်သည် အလွန်စိတ်ရှုပ်သွားသည်။ သူ၏နဖူးကို ဆုပ်ကိုင်ထားပြီး သူ၏ရင်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားလေ၏။
-- မူရင်းစာရေးသူရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ? သူမက လိင်တူစာပေကို တကယ်ရေးခဲ့တာလား? ဒါကြောင့် သူ လိင်တူစာပေအဖြစ် ကူးပြောင်းခဲ့တာလား?
ကုဖေးတိသည် စုယန်၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး သူ၏နဖူးပွန်းပဲ့သွားခြင်း ရှိမရှိ စစ်ဆေးရန် သူ့လက်နှစ်ဖက်ကို ချက်ချင်းဆန့်ထုတ်လိုက်သည်။
သူက စုယန်အား နှစ်သိမ့်ပေးလိုက်ပါ၏။
"မင်း ဒီလောက် စိတ်ဆင်းရဲသွားစရာ မလိုပါဘူး။ အဲဒါ ကိုယ့်ရဲ့ ခန့်မှန်းချက်ပဲ။ အဲဒါ အမှန်ဆိုရင်တောင် သူတို့ အိမ်ထောင်မပြုနိုင်ဘူး။ ဒါကြောင့် မင်းနဲ့ကိုယ် ညီအစ်ကိုတွေ ဖြစ်လာမှာကို စိတ်ပူနေစရာ မလိုဘူး... အာ ကိုယ်ဆိုလိုချင်တာက......"
စုယန်က ကုဖေးတိကို ပွေ့ဖက်လိုက်ပြီး သူ၏လည်တိုင်၌ သူ့မျက်နှာကို မြုပ်နှံထားလိုက်သည်။
"ငါ စိတ်တွေ အရမ်းပင်ပန်းနေတယ်......"
ကုဖေးတိက စုယန်၏ဆံပင်ကို ပွတ်သပ်လိုက်သည်။ သူကပြုံးလိုက်ပြီး ဆိုလေ၏။
"ဘာပဲဖြစ်ဖြစ် ကိုယ်တို့ရဲ့ဆက်ဆံရေးက ပြောင်းလဲမှာမဟုတ်ဘူး။ သေချာပေါက်ပဲ"
စုယန်က 'ဟွန့်'ဟု အသံပြုပြီး ပြောလိုက်သည်။
"မင်းက ပြောင်းလဲရဲလို့လား? စမ်းကြည့်လိုက်လေ!"
ကုဖေးတိက ရယ်မောလိုက်ပြီး
"ကိုယ်က ဘယ်လိုစိတ်နဲ့ ပြောင်းလဲနိုင်မှာလဲ?"
သူတို့နှစ်ယောက်သည် မျှော်စင်ထိပ်က အခန်းကျဉ်းလေးထဲ၌ ပုန်းအောင်းနေပြီး နောက်ဆုံး စာလိပ်တွေကို အောက်ထပ်သို့ မသယ်ဆောင်ခင်အထိ တခဏတာ ချစ်ခြင်းမေတ္တာများ မျှဝေခဲ့ကြလေသည်။ သူတို့ ဆင်းလာပြီးနောက် စုဟွိုက်ကျူးကို မတွေ့ရတော့ပေ။
စုယန် မသိစိတ်က မေးလိုက်မိသည်။
"ဂိုဏ်းခေါင်းဆောင် ဘယ်မှာလဲ?"
လော့ယွီသည် စာဖတ်နေရာမှ မော့ကြည့်လာပြီး မျက်လုံးများကို မှေးကျဉ်းကာ ပြောလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ကုက အခုပဲ ရောက်လာတယ်။ အဲဒါ သူနဲ့ ဆွေးနွေးစရာရှိလို့ ခေါ်သွားပြီ"
စုယန် "......"
ကုဖေးတိ "......"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ အမူအရာများ အနည်းငယ် တင်းမာသွားသည်။
လော့ယွီက သူတို့တွေးနေသည်ကို သဘောပေါက်သော်လည်း ရှင်းပြရခက်သောကြောင့် သက်ပြင်းချပြီး စာရွက်များကို ဆက်ဖတ်နေခဲ့သည်။
မကြာခင်မှာပင် လော့ယင်နှင့် ချီထုန်းသည် အစောင့်အကြပ်များစွာနှင့်အတူ စုန်းဖြူမျှော်စင်ဆီသို့ ရောက်လာခဲ့သည်။ ပြီးနောက် အဲ့လော့ကွေး၏ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြ၏။ ပြီးသည်နှင့် လော့ယင်နှင့် လော့ယွီနှစ်ဦးစလုံးသည် မီးတောက်ဖြူကူနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ရှာဖွေခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက် လော့ယင်ကပြုံးကာ ဆို၏။
"ရှာတွေ့ပြီ"
လော့ယွီသည် ချက်ချင်း စာလိပ်ပေါ်ရှိ အဲ့လော့ကွေး၏ ရှေးဟောင်းစာပေကို ဘာသာပြန်ဆိုခဲ့သည်။
"မီးတောက်ဖြူကူသည် ကူတစ်သောင်း၏ ခေါင်းဆောင်ဖြစ်ပြီး ကူအဆိပ်အမျိုးအစားတစ်ရာကို အမှန်တကယ်ဖြေရှင်းနိုင်သည်။ သို့သော်၊ ကူညီရန်အတွက် အဲ့လော့ကွေး၏တော်ဝင်သွေး လိုအပ်ပြီး ထိုသွေးကို သယ်ဆောင်ထားသူသည် သရဖူဆောင်းသည့်အရွယ် အသက်နှစ်ဆယ်ရှိရမည်ဖြစ်သည်......"
သူစာကို ဖတ်ပြီးနောက် စုယန်ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ဆိုသည်။
"ဒါကြောင့် ကျင်းအာက မင်းကိုကျိန်စာတိုက်ခဲ့တာပဲ။ သူမက စုဟွိုက်ကျူးကိုမျှော်လင့်ချက်ပေးခဲ့ပေမယ့် အဲဒါက ဆုပ်ကိုင်ဖို့ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တစ်ခုပဲ"
လော့ယင်က ထိတ်လန့်သွားပြီး မေးသည်။
"ဘာကျိန်စာလဲ?"
လော့ယွီက ခေါင်းတယမ်းယမ်းဖြင့် ပြန်မဖြေခဲ့ပေ။
စုယန်သည် ရုတ်တရက် တောင့်တင်းသွားသည်။ လော့ယွီသာ ပြန်ထုတ်မပြောခဲ့ပါက သူ့ခန္ဓာကိုယ်၌ 'ဘယ်တော့မှ သရဖူမဆောင်းရ' ဆိုသည့် ကျိန်စာရှိသည်ကို သူမေ့နေခဲ့ပြီဖြစ်သည်။
ကုဖေးတိသည် စုယန်၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်သော်လည်း သူဘာပြောရမှန်းမသိပေ။
လော့ယင်၏ အကြည့်များသည် ထိုနေရာရှိ လူအနည်းငယ်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း အဖြေမရခဲ့ပေ။ သူက စာလိပ်ပေါ်ရှိ စကားလုံးများကို ဆက်လက်ဖတ်ရှုရန် ခေါင်းငုံ့လိုက်သည်။
"အကယ်၍ မီးကူအား သယ်ဆောင်ထားသူသည် အသက်နှစ်ဆယ်မပြည့်သေးပါက ကူအဆိပ် ဖယ်ရှားခြင်းလုပ်ငန်းစဉ်ကိုလုပ်ဆောင်ရန် တော်ဝင်သွေးပါရှိသောအခြားသူနှင့် လက်တွဲနိုင်သည်"
"သို့သော် ထိုလူနှစ်ယောက်သည် နှစ်ကိုယ်တူကျင့်ကြံရန်လိုအပ်ပြီး ယင်နှင့်ယန် စွမ်းအားမျှတမှသာလျှင် ကူအဆိပ်ကို အောင်မြင်စွာ နှိမ်နင်းနိုင်မည်ဖြစ်သည်"
"သိုင်းလောကမှာ နှစ်ကိုယ်တူကျင့်ကြံတာက အဆန်းမဟုတ်ပေမယ့်......" လော့ယွီ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"... ယောက်ျားလေးနှစ်ယောက်က ယင်နဲ့ယန်စွမ်းအားတွေ ညီမျှအောင် လေ့ကျင့်နိုင်တာက ရှားတယ်။ အဲဒီနည်းလမ်းကို ဘယ်မှာရှာရမှန်းမသိဘူး။ ဖြစ်နိုင်ရင် ငါတို့ ကျောက်စိမ်းအိမ်တော်ကိုပြန်သွားပြီး ရှစ်ဇွင်းကိုမေးသင့်တယ်ထင်တယ်"
ထိုစကားကိုကြားသောအခါ နှုတ်ဆိတ်နေသည့် ချီထုန်းက ပြုံးကာ ပြောလာသည်။
"ဒီနည်းလမ်းမျိုးက တကယ်ရှားတယ်။ လောလောဆယ် ကျောက်စိမ်းအိမ်တော်မှာ အဲဒီလို မှတ်တမ်းမျိုး မရှိပေမယ့်... အဲဒါကိုလုံးဝမရနိုင်ဘူးလို့ မဆိုလိုဘူး။ မင်းတို့ ကျောက်စိမ်းအိမ်တော်ရဲ့ ရွေးချယ်မှုမှာ ပါဝင်ခဲ့တုန်းက တောင်တံခါးရှေ့မှာ တိလင်း ရိုက်နှက်တာကို ခံခဲ့ရတဲ့ သွေးသောက် ညီအစ်ကိုနှစ်ယောက်ကို မှတ်မိသေးလား? သူတို့ရဲ့ အတွင်းအားတွေက ညီမျှပြီး သူတို့လေ့ကျင့်ထားတာက မင်းတို့ရှာနေတဲ့နည်းလမ်း ဖြစ်နိုင်တယ်"
_10.1.24
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
ဟီးဟီး အစပိုင်းက ဇာတ်ပို့လေးတွေရဲ့ အရေးပါမှုကို မင်းတို့မသိပါဘူး..
Thanks for reading ❣️
Zawgyi
အခန္း-၁၁၁ ခန႔္မွန္းခ်က္မ်ားႏွင့္ နည္းလမ္းရွာေဖြျခင္း။
[ကိုယ္တို႔ ညီအစ္ကိုျဖစ္လာမွာကို မင္းစိတ္ပူေနစရာ မလိုဘူး...]
အဲ့ေလာ့ေကြးအား အာဏာသိမ္းရန္ တိုက္ပြဲသည္ ေနေရာညပါ ၾကာျမင့္ခဲ့သည္။ ထိုနည္းတူစြာ စုယန္ႏွင့္ ကုေဖးတိ၏ အခ်င္းခ်င္း ကယ္တင္သည့္ ျဖစ္စဥ္သည္လည္း ေန႕ေရာညပါ ၾကာျမင့္ခဲ့ေလ၏။
ႏွင္းမုန္တိုင္းသည္ တေျဖးေျဖး ရပ္တန႔္သြားၿပီး ေမွာင္မဲေနသည့္ ေကာင္းကင္ႀကီး တဖန္ျပန္လည္ေတာက္ပလာသည့္အခါမွ တိုက္ပြဲသံမ်ား ၿငိမ္သက္သြားခဲ့ေလသည္။
စုန္းျဖဴေမွ်ာ္စင္အတြင္းတြင္၊ စုယန္ႏွင့္ ကုေဖးတိတို႔၏ အသက္ရႈသံမ်ားသည္ တျဖည္းျဖည္း ၿငိမ္သက္သြားသည္။
ႏွစ္ေယာက္စလုံးသည္ တစ္ေယာက္ကို တစ္ေယာက္ နီးကပ္စြာ ေပြ႕ဖက္ထားၾကသည္။ မ်က္လုံးဖြင့္လိုက္ၿပီး တစ္ဖက္လူကိုၾကည့္လိုက္ရာ ႏြမ္းနယ္သည့္ အၿပဳံးမ်ား ထြက္ေပၚလာေလ၏။
မီးေတာက္ျဖဴကူသည္ ေရခဲဝိညာဥ္ကို အခ်ိန္အတန္ၾကာ ဆန႔္က်င္တိုက္ခိုက္ခဲ့သည္။ အဆုံးတြင္၊ ၎သည္ ၎၏ကံၾကမၼာကို လက္ခံခဲ့ၿပီး ကုေဖးတိ၏ခႏၶာကိုယ္အတြင္း၌ ၿငိမ္သက္စြာ ပုန္းေအာင္းေနေတာ့ေလ၏။ ေရခဲဝိညာဥ္သည္လည္း အားအင္ ကုန္ဆုံးသြားပုံရသည္။ ၎သည္ စုယန္၏ မယ္ရီဒီယန္ အတြင္းသို႔ တျဖည္းျဖည္း နစ္ျမဳပ္သြားၿပီး ထပ္မံမလႈပ္ရွားပါေတာ့ေခ်။
သို႔ေသာ္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' ေၾကာင့္ စုယန္၏ ကိုယ္အပူခ်ိန္သည္ နိမ့္က်ေနေသးသည္။ ေရခဲလြင္ျပင္၏ ေအးခဲေသာေလထဲတြင္ သူ၏အသက္ရႈသံသည္ အနည္းငယ္မွ်ေသာ အပူကိုပင္ မသယ္ေဆာင္နိုင္ခဲ့ပါ။
သူတို႔ ႏွစ္ေယာက္စလုံး အသက္အႏၲရာယ္ ကင္းသြားသည္ကို ျမင္ေသာအခါ ေလာ့ယြီက သက္ျပင္းခ်လိဳက္သည္။
"မင္းတို႔ ႏွစ္ေယာက္စလုံး ဒီမွာ အနားယူေနပါ။ ငါ ေလာ့ယင္ကို သြားၾကည့္လိုက္အုံးမယ္..."
သူ႕စကားမဆုံးခင္ စုန္းျဖဴေမွ်ာ္စင္၏ တံခါးအျပင္ဘက္ရွိ စုဟြိုက္က်ဴးသည္ ႐ုတ္တရက္ အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးလာသည္။ သူသည္ ေမွ်ာ္စင္ထဲသို႔ ျပန္ဝင္လာၿပီး တံခါးတိုင္ကို ေထာက္ကိုင္ရင္း အသက္ျပင္းျပင္းရႉလိုက္၏။
စုဟြိုက္က်ဴး၏ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား စီးက်လာသည္ကို ျမင္လိုက္ရသည္ႏွင့္ ေလာ့ယြီသည္ 'က်စ္' ဟု အသံျပဳကာ သူ႕ကိုတြဲရန္ ေရွ႕သို႔ လွမ္းလာခဲ့သည္။
"မင္းအဆင္ေျပရဲ႕လား? အခ်စ္ကူကို တကယ္ပဲ ဖိႏွိပ္နိုင္စြမ္း မရွိေတာ့ဘူးလား?"
စုဟြိုက္က်ဴးက တိုးလ်ေသာ ေလသံျဖင့္ ေျဖးညွင္းစြာ ေျပာသည္။
"ငါအဆင္ေျပပါတယ္။ မင္း ငါ့အနားကို အရမ္းမကပ္သင့္ဘူး။ ငါ့အေျခအေနအရ ...... ငါထိန္းခ်ဳပ္နိုင္မႈကို ဆုံးရႈံးလြယ္တယ္ ...... ငါျပင္းထန္လာတဲ့အခါ ဘယ္သူ႕ကိုမွ အသိအမွတ္မျပဳနိုင္တာမ်ိဳး ျဖစ္သြားနိုင္တယ္......"
ထိုစကားကိုၾကားေတာ့ ေလာ့ယြီက ဟြန႔္ကနဲ ႏွာမႈတ္လိုက္သည္။ သူက လက္ကိုျမႇောက္ကာ စုဟြိုက္က်ဴး၏ မ်က္ခုံးၾကားေနရာကို ေငြအပ္တစ္ေခ်ာင္းထိုးစိုက္ခဲ့သည္။
"*ဟိုင္ေပါအာက ဒီမွာ မရွိဘူး။ ငါမင္းကို ခဏထိန္းထားေပးမယ္"
(*ဟိုင္ေပါအာ <ပင္လယ္လွိုင္းကေလး> ကုေရာ့ဟိုင္ အတြက္ နာမည္ေျပာင္)
ထိုနာမည္ကိုၾကားေတာ့ စုဟြိုက္က်ဴးက မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလိုက္သည္။
"သူ႕ကို ဒီလိုေခၚဖို႔ မင္းကို ဘယ္သူက ခြင့္ျပဳလိုက္တာလဲ?"
ေလာ့ယြီက ဆို၏။ "မင္းအသက္ဘယ္ေလာက္ရွိၿပီလဲ? မင္းရဲ႕သားေတာင္ အသက္ႏွစ္ဆယ္ျပည့္ေတာ့မယ္။ မင္းက နာမည္ေျပာင္ေလးတစ္ခုကို ေမာင္ပိုင္စီးထားခ်င္ေနတုန္းပဲ ...... မင္းဒီေလာက္ထိ သူ႕ကိုဂ႐ုစိုက္ေနရင္ ဘာလို႔...."
စုယန္ႏွင့္ ကုေဖးတိ၏ ေျခသံမ်ား နီးကပ္လာသည္ကို ၾကားလိုက္ရသည္ႏွင့္ ေလာ့ယြီသည္ အေၾကာင္းအရာကို အဆုံးသတ္ၿပီး စုဟြိုက္က်ဴးအား တိတ္တဆိတ္ အပ္စိုက္ကုထုံး ျပဳလုပ္ေပးခဲ့သည္။
ကုေဖးတိက ခဏတာ စဥ္းစားေနၿပီးေနာက္ ေမးလာ၏။
"အႀကီးအကဲရဲ႕ ခႏၶာကိုယ္ထဲမွာ ကူအဆိပ္ရွိတာလား?"
စုဟြိုက္က်ဴးက သူ႕ကို တစ္ခ်က္ ၾကည့္လိုက္ေသာ္လည္း တုံ႕ျပန္ျခင္း မရွိခဲ့ေပ။
ေလာ့ယြီက ထိတ္လန႔္သြားၿပီး ဆို၏။
"မင္းဘယ္လိုသိတာလဲ?"
ကုေဖးတိက ေျပာသည္။
"မီးေတာက္ျဖဴကူကို ယဥ္ပါးေအာင္ လုပ္ၿပီးေတာ့ ကူအဆိပ္နဲ႕ ပတ္သတ္တဲ့ အာ႐ုံခံနိုင္စြမ္း ရွိလာတယ္လို႔ ထင္တယ္... ဒါေပမယ့္ အႀကီးအကဲရဲ႕ ခႏၶာကိုယ္ထဲက ကူအမ်ိဳးအစားကိုေတာ့ အတိအက် မေျပာနိုင္ေသးပါဘူး"
ကုေဖးတိရဲ႕စကားကိုၾကားေတာ့ ေလာ့ယြီက စုဟြိုက္က်ဴးကို မ်က္ေမွာင္ၾကဳတ္ၿပီး စိုက္ၾကည့္လိုက္သည္။ သူက ခဏေလာက္ စူးစမ္းေလ့လာၿပီးေနာက္ ဆို၏။
"စုန္းျဖဴေမွ်ာ္စင္အတြင္းမွာ ကူအဆိပ္ကို ေျဖရွင္းနိုင္တဲ့ သမိုင္းအေထာက္အထားေတြ အမ်ားႀကီး ရွိနိုင္တယ္။ အခု ငါတို႔က အဲ့ေလာ့ေကြးဂိုဏ္းက စုန္းေခါင္းေဆာင္ရဲ႕ မီးေတာက္ျဖဴကူကို ရထားၿပီး စုယန္ကလည္း ေတာ္ဝင္စုန္းေသြးကို ပိုင္ဆိုင္ထားတယ္... ငါတို႔ မင္းရဲ႕ ကူအဆိပ္ကို ကုသလို႔ ရနိုင္တယ္!"
သူစကားေျပာေနစဥ္ သူ႕မ်က္လုံးမ်ား ႐ုတ္တရက္ေတာက္ပသြားကာ အငယ္တန္းႏွစ္ေယာက္ကို လွည့္ၾကည့္လိုက္သည္။
"မင္းတို႔ ႏွစ္ေယာက္စလုံး ဒီေနရာနဲ႕ သက္ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြ ရွိမရွိ သြားရွာၾကည့္ပါလား"
စိတ္မရွည္ေတာ့ေသာ ကုေဖးတိႏွင့္ စုယန္တို႔သည္ ခ်က္ခ်င္းပင္ ေခါင္းညိတ္ကာ စုန္းျဖဴေမွ်ာ္စင္နံရံရွိ ေၾကာင္လိမ္ေလွကားဆီသို႔ ေျပးသြားၾကသည္။
ကုေဖးတိက ေျပာလိုက္၏။
"မင္းက ေအာက္ေျခကေနစၿပီးရွာလိုက္။ ကိုယ္ကေမွ်ာ္စင္ထိပ္ကိုတက္ၿပီး အေပၚကေန စရွာမယ္"
"ေကာင္းၿပီ" စုယန္က ခ်က္ခ်င္း သေဘာတူလိုက္သည္။
သူတို႔ႏွစ္ေယာက္လုံး ေၾကာင္လိမ္ေလွကားတစ္ေလွ်ာက္ တစ္ခန္းၿပီးတစ္ခန္း ရွာေဖြခဲ့ၾကသည္။ မၾကာမီတြင္၊ ကုေဖးတိသည္ အေပၚႏွင့္အနီးဆုံးအခန္းအတြင္း၌ လွ်ို႔ဝွက္အခန္းတစ္ခုကို ေတြ႕ရွိခဲ့ေလ၏။ အခန္းအတြင္း၌ ဝါးစာလိပ္မ်ားတြင္ ေရးထိုးထားေသာ မေရမတြက္နိုင္သည့္ မွတ္တမ္းေဟာင္းမ်ားႏွင့္ စာ႐ြက္စာတမ္းမ်ား ပါရွိေလသည္။
သို႔ေသာ္လည္း ဤစာ႐ြက္စာတမ္းမ်ားကို အလယ္ပိုင္းလြင္ျပင္ အကၡရာမ်ားျဖင့္ ေရးသားထားျခင္းမဟုတ္ဘဲ ေႁမြႏွင့္တူၿပီး တြန႔္လိမ္ထုံးဖြဲ႕ထားေသာ စာေရးဟန္အမ်ိဳးအစားျဖင့္ ေရးသားထားျခင္းျဖစ္သည္။ ကုေဖးတိသည္ ေရးသားထားသည္မ်ားကို နားမလည္နိုင္ေပ။
"ဒါက အဲ့ေလာ့ေကြးဂိုဏ္းရဲ႕ ေရွးေခတ္စာေရးဟန္ပဲ" ေလာ့ယြီသည္ ကုေဖးတိထံမွ ဝါးစာလိပ္တစ္လိပ္ကို ယူကာ ေျပာလိုက္သည္။
"အခုအခ်ိန္မွာ မင္းသားေတြနဲ႕ ေတာ္ဝင္မ်ိဳးႏြယ္ေတြပဲ ဖတ္နိုင္လိမ့္မယ္"
ထိုသို႔ေျပာၿပီးေနာက္ သူက စာလိပ္ကိုလွန္လိုက္ၿပီး
"ဒီစာလိပ္မဟုတ္ေသးဘူး။ အားလုံးကို ဒီေနရာယူခဲ့။ ငါကိုယ္တိုင္ရွာမယ္"
စုယန္ႏွင့္ ကုေဖးတိက ေခါင္းညိတ္ျပၿပီး ခ်က္ခ်င္းပင္ က်န္ေနသည့္ မွတ္တမ္းမ်ားႏွင့္ စာ႐ြက္စာတမ္းမ်ားကို သြားယူခဲ့သည္။
"မင္းတို႔အားလုံး အဆင္ေျပေနတာကို ေတြ႕ရေတာ့ ငါစိတ္သက္သာရာရသြားတယ္"
စုန္းျဖဴေမွ်ာ္စင္အျပင္ဘက္မွ ႐ႊင္ျမဴးေသာအသံတစ္ခုေပၚလာၿပီး ေမွ်ာ္စင္အတြင္းမွ လူမ်ားအားလုံး လွည့္ၾကည့္လိုက္ၾကသည္။
ခ်င္က်န္းယြဲ႕သည္ စစ္ဝတ္စုံကို ၀တ္ဆင္ထားၿပီး တံခါးဝမွ ျဖတ္ေလွ်ာက္လာကာ ေလာ့ယြီအား ၿပဳံးျပလိုက္၏။
"မင္းရဲ႕တူေလးက စကားမ်ားမ်ား မေျပာတတ္ေပမယ့္ သူက ကိစၥေတြကို နည္းစနစ္က်က် ကိုင္တြယ္နိုင္တယ္။ တကယ္ေတာ့ အဲ့ေလာ့ေကြးေတာ္ဝင္နန္းတြင္းမွာ သူ႕ကို လက္ခံတဲ့လူေတြ အမ်ားႀကီးရွိတယ္"
ေလာ့ယြီသည္ ၎ကိုၾကားေသာအခါ ၿပဳံးလိုက္ၿပီး ဆို၏။ "ဘယ္လိုပဲျဖစ္ျဖစ္၊ သူက ငါ့အစ္ကိုေတာ္ရဲ႕ ေသြးသားျဖစ္ၿပီး ေဟးယြီတပ္မွာလည္း အေတြ႕အႀကဳံေတြ ရခဲ့တယ္ေလ။ စစ္သူႀကီးေတြနဲ႕ စစ္သည္ေတြက သူ႕ကို ေထာက္ခံၾကၿပီး ေတာ္ဝင္နန္းတြင္းက လူအမ်ားအျပားကလည္း သဘာဝအတိုင္း သူ႕ေဘးမွာ ရပ္တည္ၾကတယ္"
ေလာ့ယြီက ေခတၱရပ္ၿပီးေနာက္ ေမးလိုက္သည္။
"မင္းဘာလို႔ ဒီကို တစ္ေယာက္တည္း လာတာလဲ? စစ္ေျမျပင္အေျခအေနက တည္ၿငိမ္သြားၿပီလား?"
ခ်င္က်န္းယြဲ႕က ဆိုသည္။
"သန္းယန္က ဧကရာဇ္ရဲ႕စာကို ယူလာၿပီး အလယ္ပိုင္းလြင္ျပင္နဲ႕ အဲ့ေလာ့ေကြးၾကားမွာ မဟာမိတ္ဖြဲ႕ဖို႔ ေလာ့ယင္နဲ႕ ေဆြးေႏြးေနတယ္။ မဟာမိတ္ေခါင္းေဆာင္ကုလည္း ဒီကိုလာေနတယ္လို႔ ၾကားခဲ့ရတယ္။ အခု သူဘယ္ေရာက္ေနၿပီလဲမသိဘူး"
သူက နံရံေထာင့္မွာ တင္ပ်ဥ္ေခြထိုင္ေနသည့္ စုဟြိုက္က်ဴးကိုၾကည့္လိုက္ၿပီး ၿပဳံးလိုက္သည္။
"ငါတို႔မဆုံတာ အေတာ္ၾကာခဲ့ၿပီ"
စုဟြိုက္က်ဴးက မတုံ႕ျပန္ခဲ့ပါ။
ေလာ့ယြီက သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီးဆို၏။
"ဟိုင္ေကာ လာေနတာ ေကာင္းပါတယ္။ ဒီေငြပင္အပ္က ခဏတာပဲ ထိန္းထားနိုင္တယ္။ သူ႕ရဲ႕ ခႏၶာကိုယ္က ျပႆနာကို သူကိုယ္တိုင္ လာၿပီးေျဖရွင္းေပးဖို႔ လိုအပ္ေနေသးတယ္"
သူ၏စကားကိုၾကားေသာအခါ စုဟြိုက္က်ဴးက ေနာက္ဆုံးတြင္ သည္းမခံနိုင္ဘဲ ေျပာလာသည္။
"သူက ဘယ္လိုေျဖရွင္းနိုင္မွာလဲ? သူ႕အသက္ပဲ ဆုံးရႈံးသြားရလိမ့္မယ္........ ဒါေတြအားလုံးကို ကိုင္တြယ္ၿပီးရင္ ငါ ယင္ထန္နတ္ဂိုဏ္းကို ျပန္သြားၿပီး ဂႏၶမာခန္းမေဆာင္ကို ျပန္လည္ထူေထာင္မယ္။ တစ္သက္လုံး သူနဲ႕ ေရာယွက္ေနတာထက္စာရင္ေတာ့ ပိုေကာင္းတာေပါ့"
ေလာ့ယြီသည္ ခဏမွ် တိတ္ဆိတ္သြားသည္။ သူက လက္ထဲက စာလိပ္ေတြကို ငုံ႕ၾကည့္ရင္း ေျပာ၏။
"...... ငါတို႔ အေျဖကို ေသခ်ာေပါက္ ရွာေတြ႕မွာပါ။ မင္းရဲ႕ အေျခအေနကို သူသိၿပီးသားျဖစ္တာေၾကာင့္ မင္းကို အရင္ကလို လုပ္ခြင့္ေပးမွာမဟုတ္ေတာ့ဘူး"
သူတို႔ႏွစ္ေယာက္ၾကား စကားေျပာတာကို နားေထာင္ရင္း ကုေဖးတိသည္ သူ႕လက္ထဲမွ စာလိပ္မ်ားကို တင္းက်ပ္စြာ ဆုပ္လိုက္မိသည္။
တခဏခ်င္းမွာပင္ သူ ၿငိမ္သက္သြားၿပီး ေလာ့ယြီ ေဘးသို႔ ခ်ဥ္းကပ္လာကာ ဝါးစာလိပ္အနည္းငယ္ကို ခ်ေပးလိုက္သည္။ သူသည္ မ်က္လုံးမွိတ္ၿပီး ကူအဆိပ္ကို ႏွိမ္နင္းေနေသာ စုဟြိုက္က်ဴးအား တေစ့တေစာင္းခိုးမၾကည့္ဘဲမေနနိုင္ေပ။ ထို႔ေနာက္ ကုေဖးတိသည္ ေလွကားဆီသို႔ ျပန္လွည့္ကာ စာ႐ြက္စာတမ္းမ်ားကို ဆက္လက္သယ္ယူရန္ ျပင္လိုက္ေလ၏။
ကုေဖးတိ၏အမူအရာပ်က္သြားသည္ကိုျမင္လိုက္ရေသာအခါ စုယန္က သူကိုင္ထားသည့္ စာလိပ္ေတြကို အလ်င္စလိုခ်လိဳက္ၿပီး သူ႕ကိုဖမ္းဆြဲကာ ေမးသည္။
"မင္းဘာကိစၥရွိလို႔လဲ?"
"ဘာမွမဟုတ္ပါဘူး" ကုေဖးတိက တျခားမေျပာဘဲ အေပၚထပ္သို႔ တက္သြားေလ၏။
စုယန္သည္ ကုေဖးတိ၏ေနာက္သို႔ လိုက္သြားကာ သူ႕ကို တားလိုက္သည္။ သူက မ်က္ေမွာင္ၾကဳတ္ကာ ဆို၏။
"ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ မဖုံးကြယ္ဖို႔ သေဘာတူခဲ့တယ္မဟုတ္လား? မင္းငါ့ကိုမေျပာျပရင္ ငါစိတ္ဆိုးရလိမ့္မယ္"
ကုေဖးတိက သက္ျပင္းတစ္ခ်က္ခ်ကာ တုံ႕ဆိုင္းေနၿပီးေနာက္ ေျပာေလသည္။
"ဒါက လူႀကီးေတြရဲ႕ကိစၥပါ။ တကယ္ေတာ့ ႀကီးႀကီးမားမား မဟုတ္ပါဘူး။ ကိုယ့္ရဲ႕အထင္ သက္သက္ပဲ"
စုယန္က လြန္စြာမေက်မနပ္ျဖစ္ေသာအမူအရာျဖင့္ သူ႕ကို စိုက္ၾကည့္ေနသည္။
ကုေဖးတိက ကူကယ္ရာမဲ့စြာ ဆို၏။
"ဒါက ကိုယ့္ရဲ႕အထင္သက္သက္ပဲလို႔.. ဒီထက္မပိုဘူး"
စုယန္ : "ဒီလိုဆိုရင္ေတာင္ ငါသိခ်င္ေနေသးတယ္"
အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္၊ ကုေဖးတိက ေျပာသည္။
"ကိုယ့္အေဖနဲ႕ မင္းရဲ႕အေဖၾကားက ဆက္ဆံေရးက ... သာမန္မဟုတ္ဘူးလို႔ ကိုယ္ထင္ေနတယ္"
ထိုအေျဖကိုၾကားေတာ့ စုယန္က ေျပာသည္။
"သူတို႔က ေက်ာက္စိမ္းအိမ္ေတာ္က အတန္းေဖာ္ေတြပဲေလ။ သူတို႔ႏွစ္ေယာက္ၾကားက ခံစားခ်က္ေတြက ေတာ္ေတာ္ေလးနက္သင့္တယ္။ မင္း ဒီလိုမ်က္ႏွာမ်ိဳး လုပ္ေနဖို႔ မလိုပါဘူး"
"ကိုယ္ဆိုလိုတာက.." ကုေဖးတိ ေခတၱရပ္လိုက္ၿပီး တိုးညွင္းစြာဆို၏။
"....သူတို႔ရဲ႕ဆက္ဆံေရးက ကိုယ္တို႔နဲ႕တူတယ္လို႔ေလ....."
စုယန္၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။
"အဲဒါ .... မျဖစ္နိုင္ဘူး.....!" သူက တုန္လႈပ္ေျခာက္ျခားစြာ ေျပာလိုက္၏။
"ဒါေပမယ့္ ......" စုယန္၏ စိတ္ထဲတြင္ မေရမတြက္နိုင္ေသာ ပုံရိပ္မ်ား ႐ုတ္တရက္ ေပၚလာသည္။ အမ်ိဳးသားအဝတ္အစားဝတ္ထားသည့္ ခ်ီထုန္းႏွင့္ သူႏွင့္ခြဲလို႔မရေသာ ေလာ့ယင္၊ ေလာ့ယြီႏွင့္ ခ်င္က်န္းယြဲ႕တို႔၏ လက္ေခ်ာင္းမ်ားတိတ္တဆိတ္ထိေတြ႕မႈ၊ စုဟြိုက္က်ဴးႏွင့္ ကုေရာ့ဟိုင္တို႔ တစ္ခ်ိန္က ေျပာခဲ့ဖူးေသာ စကားမ်ား....။
ဤကမာၻသည္ ဝတၳဳတစ္ပုဒ္ျဖစ္ခဲ့သည္။ စာအုပ္ထဲက ဇာတ္ေကာင္အားလုံးႏွင့္ ဇာတ္လမ္းဇာတ္ေၾကာင္းမ်ား၏ ဆက္စပ္မႈကို စာေရးဆရာက ဖန္တီးထားျခင္းပင္။
အခ်ိဳ႕ေသာ 'မျဖစ္စေလာက္အေၾကာင္းအရာမ်ား' သည္ ႐ုပ္ရွင္မ်ားတြင္ ရွိေနနိုင္ေသာေၾကာင့္ ဝတၳဳမ်ားတြင္ အဘယ္ေၾကာင့္ မတည္ရွိနိုင္ရမည္နည္း?
ဇာတ္ၫႊန္းထဲက မိစာၦဂိုဏ္း၏သခင္ငယ္သည္ ေယာက္်ားမ်ားႏွင့္ ဆက္တိုက္ ပေရာပရီလုပ္ေနခဲ့သည္မွာ အမွန္ပင္...။
စုယန္သည္ အလြန္စိတ္ရႈပ္သြားသည္။ သူ၏နဖူးကို ဆုပ္ကိုင္ထားၿပီး သူ၏ရင္ထဲမွာ တုန္လႈပ္ေျခာက္ျခားသြားေလ၏။
-- မူရင္းစာေရးသူရဲ႕စိတ္ထဲမွာ ဘာေတြျဖစ္ေနတာလဲ? သူမက လိင္တူစာေပကို တကယ္ေရးခဲ့တာလား? ဒါေၾကာင့္ သူ လိင္တူစာေပအျဖစ္ ကူးေျပာင္းခဲ့တာလား?
ကုေဖးတိသည္ စုယန္၏ လုပ္ရပ္ေၾကာင့္ ထိတ္လန႔္သြားၿပီး သူ၏နဖူးပြန္းပဲ့သြားျခင္း ရွိမရွိ စစ္ေဆးရန္ သူ႕လက္ႏွစ္ဖက္ကို ခ်က္ခ်င္းဆန႔္ထုတ္လိုက္သည္။
သူက စုယန္အား ႏွစ္သိမ့္ေပးလိုက္ပါ၏။
"မင္း ဒီေလာက္ စိတ္ဆင္းရဲသြားစရာ မလိုပါဘူး။ အဲဒါ ကိုယ့္ရဲ႕ ခန႔္မွန္းခ်က္ပဲ။ အဲဒါ အမွန္ဆိုရင္ေတာင္ သူတို႔ အိမ္ေထာင္မျပဳနိုင္ဘူး။ ဒါေၾကာင့္ မင္းနဲ႕ကိုယ္ ညီအစ္ကိုေတြ ျဖစ္လာမွာကို စိတ္ပူေနစရာ မလိုဘူး... အာ ကိုယ္ဆိုလိုခ်င္တာက......"
စုယန္က ကုေဖးတိကို ေပြ႕ဖက္လိုက္ၿပီး သူ၏လည္တိုင္၌ သူ႕မ်က္ႏွာကို ျမဳပ္ႏွံထားလိုက္သည္။
"ငါ စိတ္ေတြ အရမ္းပင္ပန္းေနတယ္......"
ကုေဖးတိက စုယန္၏ဆံပင္ကို ပြတ္သပ္လိုက္သည္။ သူကၿပဳံးလိုက္ၿပီး ဆိုေလ၏။
"ဘာပဲျဖစ္ျဖစ္ ကိုယ္တို႔ရဲ႕ဆက္ဆံေရးက ေျပာင္းလဲမွာမဟုတ္ဘူး။ ေသခ်ာေပါက္ပဲ"
စုယန္က 'ဟြန႔္'ဟု အသံျပဳၿပီး ေျပာလိုက္သည္။
"မင္းက ေျပာင္းလဲရဲလို႔လား? စမ္းၾကည့္လိုက္ေလ!"
ကုေဖးတိက ရယ္ေမာလိုက္ၿပီး
"ကိုယ္က ဘယ္လိုစိတ္နဲ႕ ေျပာင္းလဲနိုင္မွာလဲ?"
သူတို႔ႏွစ္ေယာက္သည္ ေမွ်ာ္စင္ထိပ္က အခန္းက်ဥ္းေလးထဲ၌ ပုန္းေအာင္းေနၿပီး ေနာက္ဆုံး စာလိပ္ေတြကို ေအာက္ထပ္သို႔ မသယ္ေဆာင္ခင္အထိ တခဏတာ ခ်စ္ျခင္းေမတၱာမ်ား မွ်ေဝခဲ့ၾကေလသည္။ သူတို႔ ဆင္းလာၿပီးေနာက္ စုဟြိုက္က်ဴးကို မေတြ႕ရေတာ့ေပ။
စုယန္ မသိစိတ္က ေမးလိုက္မိသည္။
"ဂိုဏ္းေခါင္းေဆာင္ ဘယ္မွာလဲ?"
ေလာ့ယြီသည္ စာဖတ္ေနရာမွ ေမာ့ၾကည့္လာၿပီး မ်က္လုံးမ်ားကို ေမွးက်ဥ္းကာ ေျပာလိုက္သည္။
"မဟာမိတ္ေခါင္းေဆာင္ကုက အခုပဲ ေရာက္လာတယ္။ အဲဒါ သူနဲ႕ ေဆြးေႏြးစရာရွိလို႔ ေခၚသြားၿပီ"
စုယန္ "......"
ကုေဖးတိ "......"
ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ကာ အမူအရာမ်ား အနည္းငယ္ တင္းမာသြားသည္။
ေလာ့ယြီက သူတို႔ေတြးေနသည္ကို သေဘာေပါက္ေသာ္လည္း ရွင္းျပရခက္ေသာေၾကာင့္ သက္ျပင္းခ်ၿပီး စာ႐ြက္မ်ားကို ဆက္ဖတ္ေနခဲ့သည္။
မၾကာခင္မွာပင္ ေလာ့ယင္ႏွင့္ ခ်ီထုန္းသည္ အေစာင့္အၾကပ္မ်ားစြာႏွင့္အတူ စုန္းျဖဴေမွ်ာ္စင္ဆီသို႔ ေရာက္လာခဲ့သည္။ ၿပီးေနာက္ အဲ့ေလာ့ေကြး၏ လက္ရွိအေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾက၏။ ၿပီးသည္ႏွင့္ ေလာ့ယင္ႏွင့္ ေလာ့ယြီႏွစ္ဦးစလုံးသည္ မီးေတာက္ျဖဴကူႏွင့္ပတ္သက္သည့္ စာ႐ြက္စာတမ္းမ်ားကို ရွာေဖြခဲ့ၾကသည္။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ ေလာ့ယင္ကၿပဳံးကာ ဆို၏။
"ရွာေတြ႕ၿပီ"
ေလာ့ယြီသည္ ခ်က္ခ်င္း စာလိပ္ေပၚရွိ အဲ့ေလာ့ေကြး၏ ေရွးေဟာင္းစာေပကို ဘာသာျပန္ဆိုခဲ့သည္။
"မီးေတာက္ျဖဴကူသည္ ကူတစ္ေသာင္း၏ ေခါင္းေဆာင္ျဖစ္ၿပီး ကူအဆိပ္အမ်ိဳးအစားတစ္ရာကို အမွန္တကယ္ေျဖရွင္းနိုင္သည္။ သို႔ေသာ္၊ ကူညီရန္အတြက္ အဲ့ေလာ့ေကြး၏ေတာ္ဝင္ေသြး လိုအပ္ၿပီး ထိုေသြးကို သယ္ေဆာင္ထားသူသည္ သရဖူေဆာင္းသည့္အ႐ြယ္ အသက္ႏွစ္ဆယ္ရွိရမည္ျဖစ္သည္......"
သူစာကို ဖတ္ၿပီးေနာက္ စုယန္ကို ႐ုတ္တရက္ ေမာ့ၾကည့္လိုက္ၿပီး ဆိုသည္။
"ဒါေၾကာင့္ က်င္းအာက မင္းကိုက်ိန္စာတိုက္ခဲ့တာပဲ။ သူမက စုဟြိုက္က်ဴးကိုေမွ်ာ္လင့္ခ်က္ေပးခဲ့ေပမယ့္ အဲဒါက ဆုပ္ကိုင္ဖို႔ မျဖစ္နိုင္တဲ့ေမွ်ာ္လင့္ခ်က္တစ္ခုပဲ"
ေလာ့ယင္က ထိတ္လန႔္သြားၿပီး ေမးသည္။
"ဘာက်ိန္စာလဲ?"
ေလာ့ယြီက ေခါင္းတယမ္းယမ္းျဖင့္ ျပန္မေျဖခဲ့ေပ။
စုယန္သည္ ႐ုတ္တရက္ ေတာင့္တင္းသြားသည္။ ေလာ့ယြီသာ ျပန္ထုတ္မေျပာခဲ့ပါက သူ႕ခႏၶာကိုယ္၌ 'ဘယ္ေတာ့မွ သရဖူမေဆာင္းရ' ဆိုသည့္ က်ိန္စာရွိသည္ကို သူေမ့ေနခဲ့ၿပီျဖစ္သည္။
ကုေဖးတိသည္ စုယန္၏ လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္လိုက္ေသာ္လည္း သူဘာေျပာရမွန္းမသိေပ။
ေလာ့ယင္၏ အၾကည့္မ်ားသည္ ထိုေနရာရွိ လူအနည္းငယ္ကို လွည့္ပတ္ၾကည့္လိုက္ေသာ္လည္း အေျဖမရခဲ့ေပ။ သူက စာလိပ္ေပၚရွိ စကားလုံးမ်ားကို ဆက္လက္ဖတ္ရႈရန္ ေခါင္းငုံ႕လိုက္သည္။
"အကယ္၍ မီးကူအား သယ္ေဆာင္ထားသူသည္ အသက္ႏွစ္ဆယ္မျပည့္ေသးပါက ကူအဆိပ္ ဖယ္ရွားျခင္းလုပ္ငန္းစဥ္ကိုလုပ္ေဆာင္ရန္ ေတာ္ဝင္ေသြးပါရွိေသာအျခားသူႏွင့္ လက္တြဲနိုင္သည္"
"သို႔ေသာ္ ထိုလူႏွစ္ေယာက္သည္ ႏွစ္ကိုယ္တူက်င့္ႀကံရန္လိုအပ္ၿပီး ယင္ႏွင့္ယန္ စြမ္းအားမွ်တမွသာလွ်င္ ကူအဆိပ္ကို ေအာင္ျမင္စြာ ႏွိမ္နင္းနိုင္မည္ျဖစ္သည္"
"သိုင္းေလာကမွာ ႏွစ္ကိုယ္တူက်င့္ႀကံတာက အဆန္းမဟုတ္ေပမယ့္......" ေလာ့ယြီ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။
"... ေယာက္်ားေလးႏွစ္ေယာက္က ယင္နဲ႕ယန္စြမ္းအားေတြ ညီမွ်ေအာင္ ေလ့က်င့္နိုင္တာက ရွားတယ္။ အဲဒီနည္းလမ္းကို ဘယ္မွာရွာရမွန္းမသိဘူး။ ျဖစ္နိုင္ရင္ ငါတို႔ ေက်ာက္စိမ္းအိမ္ေတာ္ကိုျပန္သြားၿပီး ရွစ္ဇြင္းကိုေမးသင့္တယ္ထင္တယ္"
ထိုစကားကိုၾကားေသာအခါ ႏႈတ္ဆိတ္ေနသည့္ ခ်ီထုန္းက ၿပဳံးကာ ေျပာလာသည္။
"ဒီနည္းလမ္းမ်ိဳးက တကယ္ရွားတယ္။ ေလာေလာဆယ္ ေက်ာက္စိမ္းအိမ္ေတာ္မွာ အဲဒီလို မွတ္တမ္းမ်ိဳး မရွိေပမယ့္... အဲဒါကိုလုံးဝမရနိုင္ဘူးလို႔ မဆိုလိုဘူး။ မင္းတို႔ ေက်ာက္စိမ္းအိမ္ေတာ္ရဲ႕ ေ႐ြးခ်ယ္မႈမွာ ပါဝင္ခဲ့တုန္းက ေတာင္တံခါးေရွ႕မွာ တိလင္း ရိုက္ႏွက္တာကို ခံခဲ့ရတဲ့ ေသြးေသာက္ ညီအစ္ကိုႏွစ္ေယာက္ကို မွတ္မိေသးလား? သူတို႔ရဲ႕ အတြင္းအားေတြက ညီမွ်ၿပီး သူတို႔ေလ့က်င့္ထားတာက မင္းတို႔ရွာေနတဲ့နည္းလမ္း ျဖစ္နိုင္တယ္"
_10.1.24
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
ဟီးဟီး အစပိုင္းက ဇာတ္ပို႔ေလးေတြရဲ႕ အေရးပါမႈကို မင္းတို႔မသိပါဘူး..
Thanks for reading ❣️