အပိုင်း(၄၅၀)
ထျန်းနင် အိမ်ပြန်ရောက်ချိန်က နေဝင်ခါနီး အချိန် ဖြစ်နေ၍ မို့ထင် အလုပ်လုပ်နေတုန်း ဖြစ်သည်။
ထျန်းနင်က ဧည့်ခန်းထဲ မတ်တတ်ရပ်ကာ သူတို့အတူတူ အလှဆင်ထားသော အိမ်လေးကို ကြည့်ရှုနေသည်။ သူတို့အတူတူ ကုန်ဆုံးခဲ့သော တစ်နှစ်တာ ကာလက ချိူမြွန်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
မနက်ဖြန်က သူတို့နှစ်ဦးနှင့် သက်ဆိုင်သော မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်သည်။ မနှစ်က ဘဝ အနိမ့်အမြင့် အတက်အကျများကို သူမ တွေ့ကြုံ ခဲ့ရပြီး လောကဓံမှ ကြိုးစား ရုန်းထွက်ခဲ့ရသည်။ သူမကို ပျော်ရွှင်စေသည့် တစ်ခုတည်းသော အကြောင်းအရင်းက သူမ ဘေးနား မို့ထင် ရှိနေခြင်း ဖြစ်သည်။
သူမက နာရီကို လှမ်းကြည့်လိုက်၍ စောနေသေးကြောင်း သတိပြုမိသည်။ နဂိုက မို့ထင်အတွက် အရသာရှိသော ညစာ ပြင်ဆင်ပေးရန် စိတ်ကူးယဉ်ခဲ့သော်လည်း လုံကျဲက သူမကို ရုတ်တရက် ဖုန်းဆက် လာခဲ့သည်။
လုံကျဲက သူတို့ မင်္ဂလာနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုစကား ပြောပေးရန် ဖုန်းဆက်သည်ဟု တွေးခဲ့သော်လည်း ဖုန်းကိုင်ကိုင်ချင်း လုံကျဲ၏ စိုးရိမ်တကြီး အသံကို ကြားရသည်။
"ထျန်းနင်၊ မင်း ရိုက်ကွင်းမှာလား။ အခု ငါနင့်ကို လာတွေ့လို့ ရမလား"
"ငါက အိမ်မှာလေ။ ဘာဖြစ်လို့လဲ"
လုံကျဲ၏ အသံကြောင့် ထျန်းနင်၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားသည်။
"ဘယ်သူ့ကို ဆက်သွယ်လို့ ဆက်သွယ် ရမယ်မှန်း မသိဘူး။ ငါ့စိတ် ထူပူနေတဲ့ အချိန် ပထမဆုံး တွေးမိတာ နင်ပဲ"
"ဘာဖြစ်တာလဲ ငါ့ကို ပြောစမ်းပါ"
လုံကျဲ ငိုကြွေးနေမှန်း ထျန်းနင် သိသည်။ လုချယ်က သူမကို အနိုင်ကျင့်စရာ အကြောင်းအရင်း မရှိပေ။
"ငါ... ငါ ပေကျင်းဆေးရုံမှာ"
ထျန်းနင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ လုံကျဲက ခုတလော ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားနေပြီး ယခုထိ ကံမကောင်းသေးပေ။ လုံကျဲ၏ ခန္ဓာကိုယ်တွင် ချို့ယွင်းချက် ရှိနေသည်လော။ ထျန်းနင်က အတွေး မလွန်ဘဲ နှစ်သိမ့်သည်။
"လုံကျဲကိုမကြောက်နဲ့နော်။ နင် ရောက်နေတဲ့ လိပ်စာ ငါ့ကို ပို့လိုက် ငါ့လာခဲ့မယ်"
"လုချယ်ကို မပြောနဲ့နော်"
လုံကျဲက သူမရောက်နေသည့် နေရာကို မပြောခင် ရှိုက်တငင်ငင် ငိုကြွေးကာ စကားပြောသည်။
ထျန်းနင်က သူမကို မမှတ်မိအောင် သရုပ်ဖျက်ပြီးနောက် ဆေးရုံသို့ ကားမောင်း ထွက်လာခဲ့သည်။
မိနစ်၄၀ကြာပြီးနောက် သူမက သုတ်သုတ်ပျာပျာဖြင့် ဆေးရုံထဲ ဝင်သွားပြီး လုံကျဲကို ရှာဖွေသည်။ ဆေးရုံ အဆောင်၂တွင် ထိုင်နေသော လုံကျဲကို နောက်ဆုံးတော့ ရှာတွေ့ခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ"
လုံကျဲ၏ မျက်လုံးများက နီရဲဖောင်းကားနေပြီး ထျန်းနင် အနား ကပ်ကာ တီးတိုးပြောသည်။ ထျန်းနင်က ခဏမျှ မှင်တက်သွားသော်လည်း သူ့ကို ချက်ချင်း နှစ်သိမ့်သည်။
"အဆင်ပြေသွားမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို နာခံလေ"
သူမက ပုံမှန်မဟုတ် သွေးဆင်းနေ၍ ဆရာဝန်က သူမကို ကိုယ်ဝန်ပျက်သွားသည်ဟု သံသယဝင်ခဲ့သည်။ ထို့ကြောင့် လုံကျဲက ကြောက်ကြောက်လန့်လန့်ဖြင့် ထျန်းနင်ကို ဖုန်းဆက်ခြင်း ဖြစ်သည်။
"လုချယ်ကို ဘာလို့ ဖုန်းမဆက်တာလဲ"
"အခုတလော လုချယ်က တအား အလုပ်ဒဏ်ပိနေတယ်။ သူ့ကို စိတ်ပျက်တဲ့ ခံစားချက် မခံစားစေချင်ဘူး"
လုံကျဲ သက်ပြင်းချမိသည်။ သူမ၏ အကြည့်တွင် ဒေါသနှင့် အပြစ်ရှိသော ခံစားချက်များ ပြည့်နှက်နေသည်။
"ငါ နမော်နမဲ့ နေမိလို့ပါ။ ငါတို့တွေ ကလေးရဖို့ အကြာကြီး ကြိုးစားထားရတာလေ"
"ကိုယ့်ဘာသာကိုယ် အပြစ်မတင်ပါနဲ့"
ထျန်းနင်က သူ့ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးသည်။
"အရင်ဆုံး ဆေးစစ်ကြည့်ရအောင်ကွယ်"
"ငါ အဲလောက်အထိ သတ္တိ မရှိဘူး"
လုံကျဲ ကြောက်နေမိသည်။ ရလဒ်က ဆရာဝန် ခန့်မှန်းသည့်အတိုင်း အတိအကျ ဖြစ်နေမည်ကို သူမ စိုးရိမ်နေမိသည်။
သူမက ရလဒ်ကို လက်ခံရန် ခဲယဉ်းနေသည်။
"ငါ တကယ် ကြောက်တယ်။ ငါ ငါလေ လုချယ်အတွက် ကလေး တစ်ယောက်လောက် မွေးပေးချင်တယ်"
"ဒါဆိုရင် ငါတို့အတူတူ ဆေးစစ်ကြမယ်လေ ဘယ်လိုလဲ"
ထျန်းနင်က လုံကျဲကို အားပေးစကား ပြောရန် ကြိုးစားသည်။
"ဆရာဝန်က ခန့်မှန်းရုံသက်သက်ပါ။ ငါတို့တွေ သေသေချာချာ စစ်ဆေးကြည့်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ငါက မနက်ဖြန် ဆေးစစ်ရမှာပဲလေ အခု နင်နဲ့ အတူတူ အရင် စစ်ဆေးလိုက်လဲ ရတာပဲ"
"ပြီးတော့ နင်က တကယ် ကိုယ်ဝန်ဆောင် နေရပြီး ကိုယ်ဝန်မပျက်ရင်ရော"
"နင် သေချာ မစစ်ဆေးလို့ ခံစားရမယ် အကျိုးဆက်ကိုရော တွေးမိရဲ့လား"
ထျန်းနင်၏ ဖျောင်းဖျမှုကို လုံကျဲ ယုံကြည်လက်ခံပြီး နောက်ဆုံး ခေါင်းညိတ်သည်။
"ဒါဆိုရင် အတူတူ ဆေးစစ်ကြတာပေါ့"
"အင်း။ ဒါဆို ငါ နင်နဲ့အတူတူ ဆေးစစ်ကြည့်မယ်"
ထျန်းနင်က ဆရာဝန်ကို အဆင်သင့် ပြင်ဆင်ထားရန် ချက်ချင်း ပြောခဲ့သော်လည်း ဆေးစစ်ဆေးရန် စောင့်ဆိုင်းနေသော လူနာအများကြီး ရှိနေသေးသည်။
ultrasound က မရှင်းလင်း၍ hCGသွေးစစ်ဆေးခြင်း လုပ်ဆောင်ရန် သူတို့ကို အရင်ဆုံး စီစဉ်ပေးသည်။
"ထျန်းမိန်းကလေး။ ဆေးစစ်တဲ့ အဖြေက အကြမ်းဖျင်းအားဖြင့် ၆နာရီလောက်တော့ ကြာနိုင်တယ်။ ဆေးရုံမှာပဲ ဆက်စောင့်နေချင်လား"
"ကျွန်မရဲ့သူငယ်ချင်း ultrasound ရိုက်တာကို အဖော်လိုက်ပေးချင်သေးတယ်"
"ကောင်းပါပြီ။ မင်းရဲ့ultrasoundအဖြေကို အမြန်ဆုံး ရအောင် ကြိုးစားပေးပါမယ်"
ထိုစကားကို ပြောပြီးနောက် ဆရာဝန် လှည့်ထွက်သွားသည်။ ထျန်းနင်က လုံကျဲ၏လက်ကို ဆုပ်ကိုင်ကာ ချိုသာစွာ အားပေးစကား ပြောသည်။
"ငါ့ရဲ့ultrasoundရလဒ်ကို မစိုးရိမ်နဲ့နော်"
မည်သို့ပင်ဆိုစေကာမူ သူတို့ စစ်ဆေးသည့် ကိစ္စကို တစ်စုံတစ်ယောက်က ဓာတ်ပုံ ခိုးရိုက်သွားခဲ့လျှင် သတင်းခေါင်းစည်းပိုင်းတွင် ထပ်ပါလာနိုင်သည်။ သူမက လုံကျဲ ယုံကြည်လက်ခံလာအောင် သွေးစစ်ကြည့်ခြင်းသာ ဖြစ်သည်။ သားအိမ်ကို ultrasound ရိုက်ကူးရန် မလိုအပ်သေးပေ။
"ကောင်းပါပြီ"
ဆရာဝန်က ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။
ထျန်းနင်က လုံကျဲနှင့်အတူတူ ဆရာဝန် အခန်းထဲ အဖော်လိုက်ပေးပြီး သူ့ စိတ်တည်ငြိမ်အောင် ကြိုးစား ဖျောင်းဖျပေးသည်။ ခဏကြာပြီးနောက် သူမ ရုပ်ရှင်ရိုက်ကွင်း ရှိနေသေးလား အတည်ပြုရန် မို့ထင် ဖုန်းဆက်လာသည်။
ထျန်းနင်က လုံကျဲကို ကြည့်ကာ ခေါင်းခါလျက် ပြန်ဖြေသည်။
"လုံကျဲနဲ့ မဆုံရတာ ကြာလို့ ဒိတ်နေကြတယ်။ ဒီနေ့ည အိမ်ပြန်နောက်ကျမယ်"
"ဒီလိုဆိုရင် ကိုယ်က မင်းအတွက် ညစာပြင်ပေးထားရမလား။ ချစ်လေးကို စောင့်နေရဦးမလား"
"အဆင်ပြေပါတယ် ထင်ရယ်။ ထင် အရင် ညစာ စားပြီး အနားယူထားလိုက်ဦး"
မို့ထင်က တခြားဘာဆိုဘာမှ မမေးမြန်းခဲ့ပေ။ သူက အပြင်ဘက်မှာ အကြာကြီး မနေရန် နှင့် ဘေးကင်းလုံခြုံမှုကို အလေးထားရန် အသိပေးခဲ့သည်။
ဖုန်းချလိုက်ပြီးနောက် ထျန်းနင်က ဆေးရုံမှာ လုံကျဲကို အဖော်စောင့်ပေးသည်။ ခဏကြာပြီးနောက် ဆရာဝန်က လုံကျဲကို ultrasoundရိုက်ကူးရန် အသိပေးသည်။
လုံကျဲက စိုးရိမ်တကြီးဖြင့် ထျန်းနင်၏လက်ကို ဆုပ်ကိုင်ကာ အခန်းထဲ ဝင်သွားသည်။အစပိုင်းတွင် ဆရာဝန်က သူ မြင်တွေ့ရသော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သော်လည်း အခြေအနေကို ရှင်းပြသည်။
"မင်းက ကိုယ်ဝန် ရှိတာ မဟုတ်ပါဘူး။ ရာသီလာတာပဲ ဖြစ်မယ်။ စိုးရိမ်နေဖို့ မလိုအပ်ဘူး"
ဆေးစစ်ချက် အဖြေကို ကြားရပြီးနောက် အစပိုင်းတွင် လုံကျဲ စိတ်ပျက်မိသော်လည်း ကိုယ်ဝန်ပျက်ကျသည့် ကိစ္စမဟုတ်၍ သူမ ရင်အေးရသည်။
"ကျွန်မရဲ့ခန္ဓာကိုယ်ကရော..."
"မင်းရဲ့ခန္ဓာကိုယ်ကလည်း ကျန်းမာပါတယ်။ ကျန်းမာရေး ချို့ယွင်းနေတာ မရှိပါဘူး။ အရမ်းကြီး မထိတ်လန့်ပါနဲ့"
ဆရာဝန်က သူ့လက်ထဲမှ ကိရိယာများကို အောက်ချကာ ပြုံးပြသည်။
"တစ်ခါတရံ ကိုယ်ဝန်ဆောင်တာက ကံတရားနဲ့လည်း ဆိုင်တယ်။ မင်းကိုယ်မင်း အရမ်းကြီး ဖိအား မပေးပါနဲ့။ အဲဒီလို စိတ်ဖိစီးမှုတွေ များနေရင် ကိုယ်ဝန် ရဖို့ ပိုခက်ခဲတယ်"
ထျန်းနင်က လုံကျဲကို အိပ်ရာပေါ်မှ ဆွဲထူပြီး အဝတ်အစား လဲပေးသည်။
"အခုရော နေလို့ကောင်းသွားပြီလား"
လုံကျဲက ခဏမျှ ချင့်ချိန်စဉ်းစားပြီး နောက်ဆုံးတော့ သက်ပြင်းချသည်။ အနည်းဆုံး သူမ၏ခန္ဓာကိုယ်က ချို့ယွင်းနေခြင်း မဟုတ်၍ စိတ်အေးရသည်။ သို့သော်လည်း ကြောက်လန့်သော စိတ်ကြောင့် သူမ၏ဒူးများ အားနည်းနေပြီး ခန္ဓာကိုယ်က အေးစက်နေသည်။
သိပ်မကြာလိုက် အမျိုးသမီးနှစ်ဦး ဆေးရုံမှ ထွက်ခွာလာခဲ့သည်။ ထျန်းနင်က လုံကျဲကို ကြည့်ကာ မေးမြန်းသည်။
"ဒီလိုကိစ္စလေးကို တစ်ယောက်တည်း ကျိတ်ခံစားပြီး လုချယ်ကို မပြောဘဲ နေရလား"
"နင်က သူ့ကို ယုံကြည်ပေးလို့ မရဘူးလား"
"ဒါက ယုံကြည်တာ မယုံကြည်တာနဲ့ မဆိုင်ဘူး။ ငါက သူ့ကို အရမ်း အလေးထားတော့ သူ စိတ်ပျက်သွားမှာ မမြင်ချင်ရုံပါ"
ထျန်းနင်က လုံကျဲကို ကြည့်ပြီး အံ့ဩနေမိသည်။ လုံကျဲက လက်ထပ်ပြီးတည်းက သူမကိုယ်သူမ တန်ဖိုးချနေသည်။ လုချယ်ကို အရမ်း အလေးထားလွန်းသည်။
"အခုကစပြီး သတိပေးလိုက်မယ်နော်။ ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာရင် နင်ကိုယ်တိုင် လုချယ်ကို ပြောမလား။ ငါ ပြောပေးရမလား။ နင် ရွေးချယ်ပေါ့"
ထျန်းနင်က လေးလေးနက်နက် ပြောသည်။
"ကိုယ့်ဘာသာ ထင်ကြေးပေးပြီး လုချယ် နေရကျပ်အောင် မလုပ်နဲ့ဦး"
"နင်လည်း ငါနဲ့ ထပ်တူ ခံစားရလို့လား"
လုံကျဲက မေးမြန်းသည်။
"ငါသာ လုချယ်ဆိုရင်တော့ နင့်ကို စိတ်ဆိုးမိမှာပဲ။ နင် အရင်ဖုန်းဆက်တဲ့သူက သူဖြစ်သင့်တာလေ"
ထျန်းနင်က တည့်တိုး ပြောလိုက်သည်။
"လုချယ်က နင့်ကို သဘောကျတာလေ။ ကလေးယူချင်လို့ နင်နဲ့ လက်ထပ်ခဲ့တာလား။ အခုနောက်ပိုင်း နင်က ဒီကိစ္စနဲ့ပဲ နင့်ကိုယ်နင် ဖိအားပေးနေပါလား"
" ထျန်းနင်၊ နင် သွေးစစ်ထားတဲ့ အဖြေကို စောင့်ယူချင်သေးလား"
လုံကျဲက အသိပေးသည်။
"ဒါက အရေးမကြီးပါဘူး။ ငါ့ဖုန်းနံပါတ် ပေးခဲ့တယ်လေ။ အဖြေထွက်လာရင် သူတို့ ငါ့ကို ဆက်သွယ်လိမ့်မယ်"
အပိုင်း(၄၅၀)
ပြီး၏။
❤️အပိုင်း ၉၀၀အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️
ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်
Telegram acc chothinmarlay
viber acc 09969332009
Kpay 09969332009
Wavepay 09784327525