အပိုင်း(၄၄၉)
မြို့၏တခြားတစ်ဖက်ခြမ်း
ထျန်းရွှမ်က ထျန်းမိသားစုမှ ထွက်လာပြီးနောက် ကလေးယူရန် ပြင်ဆင်နေခဲ့သည်။ လပိုင်းခန့် အချိန်ယူပြီးနောက် ကိုယ်ဝန်ဆောင်ရသော လက္ခဏာများ ပေါ်လာသည်။ ပေကျင်းမြို့၏ အကောင်းဆုံး ဆေးရုံတွင် ထျန်းရွှမ် ထိုင်နေစဉ် အခိုက်အတန့်လေး ဖြစ်သည်။
ထျန်းမိသားစု ပြန်သွားနိုင်ရန် အလို့ငှာ သူမ အချိန်အကြာကြီး သည်းခံ စောင့်ဆိုင်းခဲ့ရသည်။ အထူးသဖြင့် ထျန်းနင် ပို၍ ပို၍ ကျော်ကြားလာသော နေ့ရက်များ မြင်ရ ကြားရ၍ မနာလို ဝန်တိုစိတ်များ ဖြစ်ပေါ်နေရသည်။ ထျန်းနင် သူမကို ဦးညွှတ်ရမည့် နေ့ရက်ကို စိတ်ကူးယဉ် နေမိသည်။
"မိန်းကလေးထျန်းရွှမ်၊ ဂုဏ်ယူပါတယ်။ မင်းရဲ့ ကိုယ်ဝန်က ၈ပတ် ရှိနေပါပြီ"
ဆရာဝန်က ရှင်းပြသည်။
"မင်းရဲ့ခန္ဓာကိုယ်ကို မင်း သေချာစောင့်ရှောက် ထားလို့ ကလေးက အရမ်းကို ကျန်းမာပါတယ်"
ထျန်းရွှမ်က ကျန်းမာရေး အတည်ပြုချက်ကို ဆုပ်ကိုင်ကာ သက်ပြင်းချမိသည်။
"ကလေးက ယောက်ျားလေးလား မိန်းကလေးလား သိလို့ ရပြီလား"
"အမ်"
ဆရာဝန်က တအံ့တဩ ထျန်းရွှမ်ကို ငေးစိုက်ကြည့်ကာ ခေါင်းခါသည်။
"ကလေး ၈ပတ်လောက်နဲ့ လိင် အကဲဖြတ်လို့ ရတဲ့ နည်းပညာရှိပေမဲ့ ဆေးရုံက အဲဒီနည်းပညာ သုံးခွင့်မပြုဘူး။ ဒါကြောင့် ကိုယ်ဝန်ငါးလ မတိုင်ခင်တော့ သားသားလေးလား မီးမီးလေးလား ဆုံးဖြတ်လို့ ရမှာပါ"
ထျန်းရွှမ်၏ မျက်နှာအမူအရာ သုန်မှုန်သွား သော်လည်း သူမက ဆရာဝန်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် မတောင်းဆိုခဲ့ပေ။
သူမ ကိုယ်ဝန်လွယ်ထား၍ ထျန်းအကြီးအကဲ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သော ဝှက်ဖဲကို ပိုင်ဆိုင် ထားပါပြီ။
ဆေးစစ်ဆေးပြီးနောက် ထျန်းရွှမ်က ဆေးရုံမှ ထွက်လာခဲ့သည်။ သို့သော်လည်း ဓာတ်လှေကားထဲ ဝင်ရောက်လိုက်စဉ် လုချယ်ကို အမှတ်တမဲ့ လှမ်းမြင်သည်။
လုချယ်က မို့ထင်၏ ညာလက်ရုံးမှန်း သူမ သိထား၍ လုချယ် ဆေးရုံ ရောက်နေသည့် အကြောင်းအရင်းကို သူမ စူးစမ်းချင်သည်။
မို့ထင်နှင့် လုချယ်တို့၏ ဆက်ဆံရေးကြောင့် ထျန်းရွှမ်က လုချယ်၏နောက်ကို နောက်ယောင်ခံ လိုက်ပြီး အခြေအနေကို စူးစမ်းသည်။ လုချယ်က သူ့အလှည့် ရောက်သည် အထိ ဆရာဝန်အခန်း အရှေ့မှာ စိတ်ရှည်ရှည် စောင့်နေသည်။
ထျန်းရွှမ်က ကျော်ကြားသော ဆရာဝန်၏ လက်ထောက်ကို လာဘ်ထိုးပြီး သူမ သိချင်သည့် အကြောင်းအရာကို စူးစမ်းသည်။
"ထျန်းမိန်းကလေး၊ ကျွန်မ သိရသလောက်တော့ နောက်နှစ်ရက် လောက်နေရင် ထျန်းနင် ဆေးစစ်ဆေးဖို့ လာမယ်တဲ့"
"သူ နေမကောင်းလို့လား"
"ကြည့်ရတာ ကလေးယူဖို့ ပြင်ဆင်နေပုံပဲ"
လက်ထောက်က ခန့်မှန်းသည်။
"ကလေးယူဖို့ ပြင်ဆင်နေတယ် ဟုတ်လား"
ထိုစကားသံကို ကြားပြီးနောက် ထျန်းရွှမ်၏ မျက်နှာ ဖြူဖျော့သွားသည်။ ထိုကိစ္စနှင့် စပ်လျဉ်းပြီး သူ့ယောက္ခမနှင့် တိုင်ပင်ရမည်။
"ထျန်းနင်က အရည်အချင်း ဘယ်လိုပဲ ရှိရှိ အနုပညာရှင် ဖြစ်နေတယ်။ မို့မိသားစုမှာ တည်မြဲတဲ့ အဆင့်အတန်းရဖို့ ကလေးယူရမယ်"
"ဒီလိုသာဆိုရင် ဘယ်လိုလုပ်ရပါ့။ ထျန်းနင် နဲ့ ငါ အကြံတူနေပါလား"
ထျန်းရွှမ်အတွက် ကိုယ်ဝန်ဆောင်ရန် ကြိုးစားခြင်းက မလွယ်ကူပေ။ သူမ နှင့် ထျန်းနင်တို့ တစ်ပြိုင်နက်တည်း ကိုယ်ဝန်ဆောင် ရလျှင် ထျန်းအိမ်တော် ပြန်မည့် အကြံအစည် ပျက်သုန်း သွားလိမ့်မည်။
"စိတ်အေးအေး ထားပါ။ ဘုရားသခင်က ငါတို့ကို ဒီသတင်း သိအောင် ကူညီပေးထားတော့ ငါတို့တွေ လက်ဦးမှု ယူလို့ ရတယ်လေ။ အခု ငါတို့ရဲ့ အကောင်းဆုံး အစီအစဉ်က ထျန်းနင်ရဲ့ ဆေးမှတ်တမ်းကို လက်ဆော့ဖို့ပဲ"
"ထျန်းနင်ရဲ့ ခန္ဓာကိုယ်က ပြဿနာရှိတယ်လို့ ဖန်တီးရမယ်။ သူ့သားအိမ်ကို ဖယ်ထုတ်ပစ်ဖို့ အယုံကြည်ရဆုံး ဆရာဝန် လိုအပ်တယ်။ ဒါမှ တစ်သက်လုံး ကိုယ်ဝန်ဆောင်လို့ မရမှာလေ"
သားအိမ် ဖယ်ထုတ်ပစ်မည်။
ဤစကားလုံးက ထျန်းရွှမ်ကို ထိတ်လန့် စေသည်။
သူမက ထျန်းနင်ကို မုန်းတီးသော်လည်း သားအိမ် ထုတ်ပစ်မည် ဟူသော စကားကြောင့် သူမ လန့်ဖျပ်နေမိသည်။
သို့သော်လည်း သူမ လက်တုံ့ပြန်ရဦးမည်။
အကြီးမားဆုံးသော ထောက်ချောက်ကြီးက ထျန်းနင်တို့ မင်္ဂလာနှစ်ပတ်လည်နေ့တွင် စောင့်ကြိုနေခြင်းကို ထျန်းနင် ကြိုတင် မသိခဲ့ပေ။
...
နောက်နှစ်ရက် ကြာပြီးနောက်
မို့ထင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးနောက် Taka ရှုံးနိမ့်သွား သကဲ့သို့ ခံစားနေရသည်။ သူက မို့ထင်ထက် ငယ်ရွယ်သော်လည်း သူ့ကို အနိုင်ယူနိုင်သည့် အခြေအနေ မရှိကြောင်း သဘောပေါက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် Takaက ယခင်လို ရုပ်ရှင်ရိုက်ကွင်းတွင် မော်မော်ကြွားကြွား မနေထိုင်ရဲပေ။ တကယ်တမ်း သူက ထျန်းနင်ကို အကြိမ်ကြိမ် ရှောင်တိမ်းနေသည်။
ဝေအန်က ထူးဆန်းနေ သကဲ့သို့ ခံစားရ၍ ထျန်းနင်ကို မေးမြန်းသည်။
"မင်းက Takaကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်တာလား။ ကြွက်က ကြောင်ကို မြင်ရင် ပြေးသလို ရှောင်ပြေးနေပါလား"
"ဒါရိုက်တာဝေ ကျွန်မက အဲဒီလောက်အထိ အရည်အချင်း မရှိပါဘူး။ ကျွန်မ အထင် မမှားရင်တော့ သူက မို့ထင်ကို ရှုံးသွားလို့ပဲ ဖြစ်မယ်"
ဝေအန် ခေါင်းညိတ်လိုက်ပြီး ရယ်ကာ မောကာဖြင့် မို့ထင်ကို ချီးမွမ်းသည်။
"ယောက်ျားလေး လူငယ်မျိုးဆက်သစ် တွေထဲ မို့ထင်ကို ယှဉ်နိုင်တဲ့သူ မတွေ့သေးဘူး။ မင်း ယောက်ျားက တကယ်ကို အရည်အချင်း ရှိပါတယ်"
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာဝေ"
"မင်းလည်း မဆိုးရှာပါဘူး။ မင်းက မို့ထင်ရဲ့ လက်တွဲဖော်ကောင်းပါ"
ဝေအန်က ထျန်းနင်ကိုလည်း အရိုးသားဆုံး ချီးမွမ်းသည်။
"မင်း ကလေးယူဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်။ မင်းရဲ့ သရုပ်ဆောင် အလုပ်ကိုရော ဘယ်လို လုပ်မှာလဲ"
"မင်းရဲ့ သရုပ်ဆောင် အလုပ်က အခုမှ အစပျိုးတာလေ"
"WH ရုပ်ရှင်က ဒီနှစ်ကုန်ခါနီး ရုံတင်မယ်။ အခု ရိုက်ကူးနေတဲ့ 'Lost Realative'ရုပ်ရှင်က နောက်နှစ် နွေရာသီမှာ ပြသမှာလေ။ ကျွန်မက ဖျော်ဖြေရေး လောကထဲက အပြီးတိုင် နုတ်ထွက်သွားတာမှ မဟုတ်တာလေ။ ဒါရိုက်တာဝေ ၊ မော်ဒယ်အလုပ်က တစ်သက်လုံး လုပ်လို့ မရဘူး။ သရုပ်ဆောင် အလုပ်ကတော့ ကျွန်မ သရုပ်ဆောင်နိုင်သရွေ့ ပြန်အလုပ်လုပ်လို့ ရတယ်"
ထိုစကားသံကို ကြားပြီးနောက် ဝေအန်က ထျန်းနင်၏ပခုံးကို ပုတ်ကာ စကားပြန်ပြောသည်။
"ဒီလိုစကား ပြောတော့ ငါ မင်းကို ယုံကြည်လိုက်မယ်။ မင်းရဲ့ ရုပ်ရှင်တွေကို ငါ လေ့လာကြည့်ပြီးပြီ။ Stupid ရုပ်ရှင်က နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်နိုင်တယ်"
"ပြီးတော့ WH ရုပ်ရှင်ကိုလည်း ဒီနှစ်ကုန်ပိုင်းမှာ အရည်အသွေးမြင့်မြင့် ထုတ်လွှင့်မှာပဲ။ ၁၀စက္ကန့်စာ ဇာတ်လမ်းတိုလေး ကြည့်ရုံနဲ့ မင်း သရုပ်ဆောင်ထားတာ အံ့မခန်းပဲ ဆိုတာ သိတယ်"
"အခု ရုပ်ရှင်လည်း ရှိသေးတယ် ဆိုတော့ ဘာမှ မစိုးရိမ်နဲ့တော့။ ဒါတွေ အားလုံးက မင်းကို ထိပ်တန်းရောက်အောင် ပံ့ပိုးပေးလိမ့်မယ်"
ထိုစကားသံကြောင့် ထျန်းနင် အနည်းငယ် အံ့အားသင့်မိသည်။
နိုင်ငံတကာ တန်းဝင် မော်ဒယ် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုခဲ့သည့် အနေအထား ရောက်ခဲ့သည်။ သရုပ်ဆောင် မင်းသမီးကောင်း တစ်ဦး ဖြစ်လာရန် မည့်သည့် အဆင့် ရောက်ရမည်နည်း။
"မင်းတို့ မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပဖို့ အားလပ်ရက် တစ်ရက်ယူဖို့ ညှိနေတယ် ကြားတယ်။ ဒါနဲ့ မင်းတို့ လက်ထပ်ထားတာမှ မကြာသေးဘူးမလား"
ဝေအန်က ထျန်းနင်တို့၏ အချစ်ရေးကို သိထားသည်မှာ မကြာသေးသော်လည်း သူတို့နှစ်ယောက်၏ စိတ်ဝင်စားဖွယ် ကိစ္စ တော်တော်များများကို ကြားသိထားသည်။
တကယ်တမ်း သူတို့ လက်ထပ်ထားခြင်းကို ဖေဖော်ဝါရီလမှ ကြေညာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထျန်းနင်က တုံ့ပြန်ခြင်း မရှိဘဲ ဝေအန်ကို ဟန်ပါပါ ကြည့်လိုက်သည်။
ဝေအန်က သူမ၏အကြည့်ကို သဘောပေါက် မိ၍ ထပ်မမေးမြန်းခဲ့ပေ။ ရုပ်ရှင် တိုးတက်မှု အတွက် မစိုးရိမ်ရန် နှင့် ကောင်းမွန်စွာ အနားယူရန် အသိပေးခဲ့သည်။
ဝေအန်ကို ကျေးဇူးတင်စကား ပြောပြီးနောက် ထျန်းနင်က စုန့်ယန်ရှုနှင့်အတူတူ ထွက်လာခဲ့သည်။ ထိုစဉ် အခိုက်အတန့် ထျန်းကျင်းရွှမ်က သူမကို ဖုန်းဆက်လာခဲ့သည်။
"နင့်ကိုယ်နင် စိုးရိမ်တာ ပိုကောင်းမယ်နော်။ အခုဆိုရင် မောင်လေးက ဂီတလောကရဲ့ မင်းသားလေး ဖြစ်နေပြီ။ ရူးမိုက်တဲ့ ကိစ္စတွေ လုပ်တာ ရပ်တော့"
ထျန်းကျင်းရွှမ် ကျော်ကြားနေသော သတင်းကို ထျန်းနင် သတိထားမိသည်။ မကြာသေးခင်က ချောက်ချခံရသော အဖြစ်အပျက်ကြောင့် ဖျော်ဖြေရေး လောကထဲ မည်သို့ ရှင်သန်သင့်ကြောင်း ထျန်းကျင်းရွှမ် သဘောပေါက်သွားသည်။
ထျန်းနင်လည်း စိတ်အေးရသည်။ ကလေးရှိလာ၍ ဖျော်ဖြေရေးလောကမှ ဆုတ်ခွာလိုက်လည်း သူမက ထျန်းကျင်းရွှမ် အတွက် ပူပန်နေစရာ မလိုအပ်ချေ။
သို့တိုင် ကလေးယူသည့် ကိစ္စက အမှန်တကယ် လွယ်ကူမည်နည်း။
အပိုင်း(၄၄၉)
ပြီး၏။
❤️အပိုင်း ၉၀၀အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️
ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်
Telegram acc chothinmarlay
viber acc 09969332009
Kpay 09969332009
Wavepay 09784327525