အပိုင်း(၄၄၈)
မနက်စောစော လေ့ကျင့်ရေး လုပ်ဆောင်ရန် မို့ထင်က ထျန်းနင်ကို အိပ်ရာထဲမှ အတင်းဆွဲထုတ်သည်။ ထျန်းနင် သရုပ်ဆောင်ရမည့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းက အန္တရာယ်များ လွန်း၍ မို့ထင်နှင့်အတူတူ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
ဝေအန်က ထျန်းနင်ကို အန္တရာယ် များသော ဇာတ်ဝင်ခန်း ရိုက်ကူးရန် အသိပေးလိုက်၍ ပြင်ဆင်ရန် အချိန်တော်တော် ကြာလိမ့်မည်ဟု ရုပ်ရှင်အဖွဲ့သားများ ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းနင်က ကိုယ်ခံပညာရပ် အခြေခံ မရှိပေ။ သို့သော်လည်း ထျန်းနင်က တစ်ညတည်းဖြင့် သူမ မလုပ်ဆောင်နိုင်သည့် အလုပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သည်။
ထို့ကြောင့် အနာဂတ် ထျန်းနင်ကို လက်ရှိထျန်းနင်ကို ကြည့်ပြီး အကဲဖြတ်၍ မရပေ။ ထျန်းနင်က မိမိကိုယ်တိုင် အရည်အချင်း ရှိသည့် အပြင် အရည်အချင်းရှိသော မန်နေဂျာ မို့ထင်ကိုလည်း ပိုင်ဆိုင်ထားသည်။
မို့အကြီးအကဲက ရုပ်ရှင်ရိုက်ကွင်းမှာ ဆက်ရှိနေသေးသည်။ သူ့ဇာစ်မြစ် ပေါ်သွားပြီးနောက် ရိုးရာဝတ်စုံလေးကို ဝတ်ဆင်ပြီး ထျန်းနင်၏ သရုပ်ဆောင်မှုကို လမ်းညွှန်ပေးလေ့ ရှိသည်။
'ပျောက်ဆုံးနေသော ဆွေမျိုး' ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခြင်း တစ်လကြာပြီးနောက် ယခင် အနေအထားအထိ တိုးတက်လာခဲ့သည်။ ဂူရှန်၏ ဇာတ်ကောင်ကိုလည်း လူသစ်တစ်ဦးက ရယူသွားခဲ့သည်။ သူမက တင်းကျပ်သော လေ့ကျင့်ရေးကို ကျော်လွှားပြီးမှ သရုပ်ဆောင်ခွင့် ရခဲ့၍ သူက ထျန်းနင်ကို အရမ်းယဉ်ကျေးပြသည်။
မို့ထင် အလုပ်စောစော နားပြီး ထျန်းနင်၏ ရုပ်ရှင်ရိုက်ကွင်းကို လာလည်သည့်နေ့က သူ လာမည့်အကြောင်း မည်သူကိုမှ အသိမပေးခဲ့ပေ။
Takaက မို့ထင်ကို ယခင်က မမြင်ဖူး၍ ထျန်းနင်၏ ခင်ပွန်းမှန်း မသိခဲ့ပေ။ မို့ထင်၏အကြည့်က ထျန်းနင် အပေါ်သာ အာရုံစိုက်နေ၍ သူ မေးမြန်းမိသည်။
"မင်း အင်္ဂလိပ်လို ပြောတတ်လား"
"ဒါပေါ့"
မို့ထင် ပြုံးသည်။ တကယ်တမ်း မို့ထင်၏ အင်္ဂလိပ် အသံထွက်က Takaထက် ပိုတိကျသည်။
"ခင်ဗျားက သူ့ကို သဘောကျလို့လား"
Takaက ထျန်းနင်ကို ညွှန်ပြသည်။
"မင်းကို တစ်ခုတော့ သတိပေးလိုက်မယ် မင်း အချိန်မဖြုန်းနဲ့။ ငါ မျက်စိကျနေတဲ့သူကို ယှဉ်မလုရင် အကောင်းဆုံးပဲ"
"အို့စ် တကယ်လား"
မို့ထင် ပြုံးသည်။
"ကောင်မလေးက မင်း ချစ်သူလုပ်ဖို့ သဘောတူလို့လား"
"ဟွန့် ဘယ်မိန်းကလေးက ငါ့ရဲ့လူငယ်ဆန်တဲ့ ခန္ဓာကိုယ်ကို ငြင်းဆန်ရက်မလဲ"
Takaက ထျန်းနင်ကို ကြည့်ကာ ရယ်မောသည်။
မို့ထင်၏အကြည့်တွင် ခံစားချက် တချို့ ထင်ဟပ်နေသည်။ ထိုစဉ်အခိုက်အတန့် ထျန်းနင်၏ သရုပ်ဆောင်အလုပ် ပြီးစီးသွားသည်။ သူမ လှည့်ကြည့်လိုက်စဉ် မို့ထင် ရောက်နေခြင်းကို သတိထားမိသည်။
Takaက မို့ထင်၏ဘေးနားမှာ မတ်တတ်ရပ်နေ၍ သူ့ကို ပြုံးပြနေသည်ဟု ယူဆလိုက်သည်။ ထျန်းနင်က သူ့ကို ခပ်စိမ်းစိမ်း ကြည့်တတ်ပြီး သူမ၏အပြုံးကို မြင်တွေ့ရခဲသည်။
"မင်း မြင်လား။ သူ ငါ့ကို ပြုံးပြနေတယ်"
"ဟုတ်လား"
မို့ထင်က ကျီစယ်ချင်စိတ်ကို ထိန်းချုပ် မရခဲ့ပေ။ ခဏကြာပြီးနောက် ထျန်းနင် သူတို့နှစ်ယောက် အနား ချဉ်းကပ်လာသည်။ Takaက ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ရပ်လိုက်ပြီး သူ့အနား လမ်းလျှောက်လာသော အမျိုးသမီးကို နှုတ်ဆက်ရန် ပြင်ဆင်သည်။
ထျန်းနင်က မို့ထင်၏ရင်ခွင်ထဲ ချက်ချင်း ပြေးဝင်ပြီး သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားသည်။
"ဒီအချိန်ကြီး ဘာလို့လာတာလဲ"
မို့ထင်က သူမကို တင်းကျပ်စွာ ဖက်ထားပြီး ချိုသာသော လေသံဖြင့် ပြောဆိုသည်။
"ကိုယ်က ချစ်လေးရဲ့ မန်နေဂျာလေ။ ဘယ်အချိန်လာလာ ဖြစ်သင့် ဖြစ်ထိုက်တယ်လေ"
"ဒါဆိုရင် ခဏစောင့်နော်။ မိတ်ကပ်ဖျက် အဝတ်စားလဲပြီး အိမ်အတူတူ ပြန်ကြမယ်"
ထျန်းနင်က ခေါင်းလေးမော့ကာ ပြောသည်။
"ဒါရိုက်တာက ချစ်လေးကို မနက်ဖြန် တစ်ရက်နားခွင့် ပေးတယ်"
"ဒါဆိုရင်လည်း ပြန်ကြတာပေါ့"
မို့ထင်က စကားပြောပြီးနောက် ထျန်းနင်၏လက်ကို ဖမ်းဆုပ်သည်။ သို့သော်လည်း သူတို့ လှည့်ထွက်သွားစဉ် Takaကို လှမ်းစကားပြောသည်။
"ရှင် နောက်ဆို အရှင်တကွဲ အကျိုးနည်း မဖြစ်ဖို့ ဆုတောင်းပေးပါတယ်"
Taka ရှိုးတိုးရှန့်တန့် ဖြစ်သွားသည်။
သူက ဆံပင်ကို လက်ဖြင့် သပ်လိုက်ပြီး သူတို့စုံတွဲကို ခပ်ရဲရဲ မကြည့်ရဲပေ။ သူတို့ ထွက်သွားပြီးနောက် သူက ဝေအန်အနား ကပ်ကာ မေးမြန်းသည်။
"ထျန်းနင် ဖက်သွားတဲ့သူက..."
"ဪ သူလား။ သူက ထျန်းနင်ရဲ့မန်နေဂျာ ထျန်းနင်ရဲ့ခင်ပွန်းပေါ့။ ပြီးတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအိုလို့လည်း လူသိများတယ်"
မို့ထင်ကို ပြောခဲ့သည့် စကားများကြောင့် Taka၏မျက်နှာက အနီရောင် သန်းသွားသည်။
မို့ထင်က သူ့ဇနီးကို အိမ်ပြန်ခေါ်သွားခဲ့သည်။ သူ့ဇနီးကို အနှောင့်အယှက် ပေးမည့် ယင်ကောင်လို ယောက်ျားမျိုးကို သူ ကိုယ်တိုင် သူ့ဇနီးအနား ပို့ခဲ့မိသည်။
"မျက်နှာက မရွှင်မလန်း ဖြစ်နေပါလား။ Takaက ရှင့်ကို တစ်ခုခု ပြောလိုက်လို့လား"
ထျန်းနင်က ကားပေါ် တက်လိုက်ပြီး မို့ထင်၏ မျက်နှာအမူအရာကို ကြည့်ကာ ရယ်မောနေမိသည်။
"သူသာ ချစ်လေးရဲ့ ယောက်ျားကို အနိုင်ကျင့်လို့ကတော့ နည်းလမ်း ရှာကြံပြီး သူ့ကို သင်ခန်းစာ ပေးမယ် မစိုးရိမ်နဲ့"
"ဘယ်လို ဘယ်လို"
"ချစ်လေးက ယောက်ျားစီက သင်ယူထားတာလေ။ ရုပ်ရှင်ကို အသုံးချပြီး သူ့ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင် လုပ်ပေးမယ်။ ညဘက် အချိန်ပိုဆင်းခိုင်းမယ်"
မို့ထင်က ဖုန်းမခေါ်ခင် ထျန်းနင်၏လက်ကို ဖမ်းဆုပ်သည်။
"ကိုယ့်ဒေါသစိတ်တွေ ပြေလျော့အောင် ဘယ်လို လုပ်ရမလဲ ချစ်လေးက သိသာပဲ"
"ဒေါသထွက်စရာ သိပ်မလိုတော့ပါဘူး။ ရုပ်ရှင်ရိုက်ကူးဖို့ ၂လကျော်ကျော်ပဲ ကျန်တော့တယ်။ ဒါပြီးရင် ချစ်လေးနဲ့ သူက နောက်ထပ်ဆုံစရာ အကြောင်း မရှိတော့ဘူးလေ"
မို့ထင်က ခေါင်းညိတ်လိုက်ပြီး ကားစက်နှိုးလိုက်သည်။
"မဒမ်မို့က ဒီက လူကြီးမင်းမို့ကို လက်ထပ်ထားတာ တစ်နှစ်ပြည့် တော့မယ်ဆိုတော့ ဂုဏ်ပြုစကား ပြောသင့်တာပေါ့နော်"
ထိုစကားသံကို ကြားပြီးနောက် ထျန်းနင်က ပြုံးလိုက်ပြီး မို့ထင်အနား တိုးကပ်ကာ တီးတိုးပြောသည်။ မို့ထင်က သူမ ပြောလိုက်သည့် စကားကြောင့် အတွေးထဲ နစ်မြောသွားသည်။
"အခုရိုက်ကူးနေတဲ့ ရုပ်ရှင် အပြီးသတ် ရိုက်ကူး ပြီးရင်တော့ WH ရုပ်ရှင်က လွှင့်ဖို့ အကြမ်းဖျင်း ပြီးလောက်ပြီ။ ချစ်လေးအတွက် တခြားအလုပ်တစ်ခု မစီစဉ်ထားတော့ ကလေးယူဖို့ စောနေဦးမလား"
"လူကြီးမင်းမို့၊ ရှင်က နောက်နှစ်ဆိုရင် အသက်၃၄နှစ် ရောက်နေပြီနော်။ ရှင့်ကလေးက ရှင့်ကို ဘိုးဘိုးခေါ်တာ ကြားချင်လို့လား"
ထျန်းနင်က မို့ထင် ပြောသမျှ ခွန်းတုံ့ပြန်ခဲသည်။ သူမက အမြဲတမ်း သူ့စကားကို နာခံခဲ့သည်။
မို့ထင်က သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ ခေါင်းညိတ်သည်။
"ကိုယ် ဘာလုပ်သင့်လဲ မသိတော့ပါဘူး"
"ဒီလိုဆိုရင် မနက်ဖြန် တစ်ရက်တော့ နားရက် ယူလိုက်တော့။ တို့တွေရဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေ"
မို့ထင်က ဘာဆိုဘာမှ ပြန်မပြောခဲ့ပေ။ သူက ထျန်းနင်၏ စီစဉ်မှုကို တိတ်တဆိတ် နာခံနေပုံပင်။
"ဒါဆိုရင် ချစ်လေးတို့တွေ ဆေးစစ်ကြမယ်။ ချစ်လေးတို့ ကြိုးစားထားတဲ့ အချစ်ခရီးလမ်းလေးက ကလေးယူဖို့ အခွင့်အလမ်း များလား စစ်ဆေးကြမယ်"
မို့ထင်က ထျန်းနင် ပြောသမျှကို နားထောင်နေသည်။ သူ့မှာ ရွေးချယ်ခွင့် မရှိခဲ့ပေ။ မိန်းမ အလိုလိုက်သော အဖွဲ့အစည်း ရှိခဲ့လျှင် သူက ဥက္ကဋ္ဌ ဖြစ်နိုင်သည်။
"ကိုယ်တို့ မင်္ဂလာနှစ်ပတ်လည် နေ့ကို ကျင်းပလို့ ရပါတယ်။ လုချယ်ကို စီစဉ်ခိုင်းလိုက်မယ်"
ကလေးယူမည့်ကိစ္စကို တွေးတောလိုက်တိုင်း မို့ထင် အဆင်သင့် မဖြစ်သေး သကဲ့သို့ ခံစားရသည်။ တကယ်တမ်း သူက ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားနေရသည်။
အပိုင်း(၄၄၈)
ပြီး၏။
❤️အပိုင်း ၉၀၀အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️
ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်
Telegram acc chothinmarlay
viber acc 09969332009
Kpay 09969332009
Wavepay 09784327525