အပိုင်း(၄၄၁)
"ဒီတစ်ခေါက် ပြဿနာက အရမ်းကြီးမား သွားတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက ထျန်းနင်ကို ထပ်ပြီး မကာကွယ်နိုင် လောက်တော့ဘူး ဟုတ်တယ်မလား"
"သူတို့ ကာကွယ်ရင်လည်း ဒီလောကကြီးထဲ တရားမျှတမှုဆိုတာ မရှိတော့ဘူး။ သူတို့မှာ အာဏာ နဲ့ အဆင့်အတန်း ရှိရုံနဲ့ တခြားသူ အားလုံးကို ချနင်းနိုင်မယ်လို့ ထင်နေတာလား"
"သူ့ကို အဘိုးကြီးနဲ့ ပတ်သက်နေတယ်လို့ ပြောမိရုံနဲ့ တခြားသူကို ရိုက်နှက်ဖို့ လူငှားရတယ်လို့။ အဲဒီမိန်းမ ဘယ်လို ဖြေရှင်းချက် ပေးမလဲ သိချင်မိတယ်"
"ငါတော့ ထျန်းနင်ကို လက်ဖျားခါမိတယ်။ ထျန်းနင်ကို လုပ်ချင်ရာ လုပ်ခွင့် ပေးထားတော့မှာလား"
"ဒီတစ်ခေါက်တော့ ငါတို့တွေ ထျန်းနင်ကို ဖျော်ဖြေရေးလောကထဲကနေ မောင်းထုတ်ပစ်ရမယ်။ ဘယ်သူမှ ကန့်ကွက်လို့ မရဘူး"
"ဟုတ်တယ်။ ထျန်းနင်ကို မောင်းထုတ်ပစ်ရမယ်"
...
ခန်းမဆောင်တစ်ခန်းလုံး ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။ သတင်းထောက် အများစုက ပိုင်ချိုးရှန့်ကို ကူညီ လက်စားချေပေးရန် ကတိပြုပြီး ဒေါသအားလုံးကို ထျန်းနင်ထံ ပုံချသည်။
သူတို့က တရားမျှတမှုကို လိုချင်ကြသည်။
ပိုင်ချိုးရှန့်က အားလုံး၏ တုံ့ပြန်မှုကို ကြည့်ပြီး သူ့မျက်ဝန်းထဲမှ မှောင်မိုက်မှုကို ဖုံးကွယ်ရန် ကြိုးစားသည်။ မည်သူမှ သတိမထားမိခင် သူ့နှုတ်ခမ်းပါးလေးက အပေါ်သို့ အနည်းငယ် ကော့ညွှတ်သွားသည်။
ကင်မရာမီးအလင်းရောင်များ အဆက်မပြတ် တလျှပ်လျှပ် လင်းလက်နေစဉ် ပိုင်ချိုးရှန့် နှင့် သူ့မန်နေဂျာက တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်သည်။ တခြားသူများ မည်သည့်အကြောင်း တွေးတောနေလဲ သူတို့ သဘောပေါက်သည်။
သို့သော်လည်း မီဒီယာသမားများ သူတို့ဌာနေ သူတို့ပြန်သွားပြီး သတင်းရေးသားရန် ဟောခန်း ခန်းမဆောင် တံခါးများ ဖွင့်လိုက်သည်။
လူတိုင်း နောက်လှည့်လိုက်စဉ် တံခါးပေါက်မှာ မတ်တတ်ရပ်နေသော ထျန်းနင်ကို မြင်တွေ့ရသည်။ ထျန်းနင်က အပြာနုရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။
"အို့စ် ထျန်းနင်ပဲ။ ထျန်းနင် ရောက်နေတယ်"
"ဒီနေရာကို လာရဲသေးတယ်"
"ထျန်းနင်... "
သတင်းသမားများက ထျန်းနင်ကို ဝန်းရံကြပြီး မေးခွန်းမေးရန် ကြိုးစားကြသည်။
"ထျန်းနင်၊ မင်းရဲ့ဖြူစင်မှုကို သက်သေပြချင်လို့ ဒီနေရာကို ရောက်လာတာလား"
"ထျန်းနင် စကားတစ်ခွန်းလောက် ပြောပေးပါ... "
"ထျန်းနင်... "
ထျန်းနင်က သတင်းသမားများကို ယုံကြည်မှုရှိစွာ ပြုံးပြသည်။ ထို့နောက် သူမ စကားပြောသည်။
"ပိုင်ချိုးရှန့် ပြောသမျှကို နားထောင်ရတာ နေ့တစ်ဝက် ကုန်သွားပြီမလား။ အခု ကျွန်မ ပြောမှာကို နားထောင်ရမယ့် အလှည့်ပဲ"
သတင်းသမားများက ထျန်းနင်၏စကားသံကို ကြားပြီးနောက် သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားလာသည်။ ထျန်းနင်က အရာရာတိုင်းကို ပြောင်းပြန်လှန်ပေးပြီး သူတို့ကို အံံ့အားသင့်ဖွယ် သတင်းများ ရေးသားနိုင်အောင် အမြဲတမ်း ကူညီပေးခဲ့သည်။
"အားလုံးပဲ ကျေးဇူးပြုပြီး ထိုင်ပေးကြပါ။ ဒါက နဂိုတုန်းက ပိုင်ချိုးရှန့်ရဲ့ သတင်းစာရှင်းလင်းပွဲပေမဲ့ ကျွန်မက အဲဒီအရှုပ်အထွေးထဲ ဆွဲခေါ်ခံရသူ ဖြစ်နေလို့ ပြောသင့်ပြောထိုက်တာ ပြောဖို့ ဒီနေရာကို ရောက်လာရတာပဲ။ ကျွန်မက ဘာမှမလုပ်ဘဲ တိတ်တိတ်လေး ထိုင်စောင့်နေရမလား ဟုတ်လား"
သူတို့အားလုံးက ပို၍ ဆန်းကြယ်သော သတင်းအသစ်များ ရေးသားချင်၍ သတင်းထောက်များက သူတို့ထိုင်ခုံစီ ဖြည်းဖြည်းချင်း ပြန်သွားပြီး ပွဲကောင်လေးကို စောင့်ကြည့်ရန် ပြင်ဆင်နေကြသည်။
ပိုင်ချိုးရှန့် နှင့် သူ့မန်နေဂျာက ဟန်မပျက်အောင် တစ်ယောက်ကိုယ် တစ်ယောက် အကြည့်ဖြင့် သတိပေးလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ထျန်းနင်က ရင်ဆိုင်ရ လွယ်ကူသူ မဟုတ်ပေ။
ထျန်းနင်က အပြုံးလေးဖြင့် စင်ပေါ် တက်လာသည့် မြင်ကွင်းကို စောင့်ကြည့်နေမိသည်။ သူမက မီဒီယာများနှင့် မျက်နှာချင်း မဆိုင်ခင် ဦးညွှတ်လိုက်သည်။
"ပိုင်ချိုးရှန့်ကို မေးခွန်းတချို့ မေးချင်တယ်"
"ထျန်းနင် မင်းမှာ ဘာအကြံအစည်တွေ ရှိနေသေးလို့လဲ။ ငါ့ကို နာကျင်အောင် လုပ်ရတာ မလုံလောက်သေးလို့လား"
ပိုင်ချိုးရှန့်က မကျေမနပ် ပြောဆိုသည်။
"ကျွန်မက အကြောင်းအရင်း နှစ်ချက်ကြောင့် ရှင့်ကို လူလွှတ်ရိုက်ခိုင်းတယ်လို့ ရှင် စွပ်စွဲခဲ့တယ်နော်။ ပထမတစ်ချက်က တရားခံဖုန်းထဲမှာ ကျွန်မရဲ့ဖုန်းနံပါတ် ရှိနေလို့။ ဒုတိယတစ်ချက် အဲဒီလူက ကျွန်မနဲ့ အရင်က အဆက်အသွယ် ရှိခဲ့ဖူးလို့။ ဒါဆိုရင်တော့ အဲဒီဖြစ်ရပ် နောက်ကွယ်က အမှန်တရားကို ကျွန်မကပဲ ထုတ်ဖော်ရတာပေါ့"
"ပထမဆုံး အနေနဲ့ ပြောချင်တာတော့ ငါ့ဖုန်းနံပါတ် လူအများကြား ပြန့်သွားတာ သိပ်မကြာသေးဘူး။ ဒီမှာ ရောက်နေတဲ့ လူတိုင်းမှာ ကျွန်မ ဖုန်းနံပါတ် ရှိမှာ သေချာတယ်။ အားလုံးက ကျွန်မကို ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်"
ထိုစကားသံကို ကြားပြီးနောက် လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်ကြသည်။
"ဒုတိယအချက်အနေနဲ့ ပြောချင်တာက အဲဒီဗီဒီယိုထဲက လူက ကျွန်မကို လမ်းညွှန်ခိုင်းတာပဲ။ သူက ရှင့်မိတ်ဆွေလို့ ပြောတယ်။ ဒါကြောင့် ရှင် ဘယ်မှာရှိနေလဲ ပြောခဲ့ရုံပဲ။ ဒါက တစ်စုံ တစ်ယောက်ကို ပိုက်ဆံပေးပြီး ထိခိုက်အောင် လုပ်တဲ့ လုပ်ရပ် ဖြစ်သွားလား"
"မင်း ဖန်တီးထားတဲ့ ဇာတ်လမ်းကို ယုံကြည်မယ်လို့ တွေးနေတာလား"
ပိုင်ချိုးရှန့်က မေးငေါ့ကာ ထျန်းနင်ကို မေးခွန်းထုတ်သည်။
သို့သော်လည်း ထျန်းနင်က အလျင်လိုခြင်း မရှိ ပြန်ဖြေသည်။
"ပိုင်ချိုးရှန့်က ဒီဖြစ်ရပ် တစ်ခုလုံးကို သူကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ပါဘူးလို့ ရှင်တို့ ဘယ်လို သက်သေပြချင်လဲ။ သူ ထိခိုက်ဒဏ်ရာ ရသွားရုံနဲ့ပဲ ယုံကြည်လိုက်တာလား"
ထျန်းနင်၏မေးခွန်းကို ကြားပြီးနောက် မီဒီယာက လှောင်ရယ်သည်။
"ပိုင်ချိုးရှန့်က သူကိုယ်တိုင် ဇာတ်ညွှန်းရေး သူ့ဘာသာ ဒါရိုက်တာ လုပ်ခဲ့တယ်လို့ ပြောချင်တာလား။ ဘယ်သူက အဲဒီလို လုပ်ရပ်မျိုး လုပ်မှာလဲ"
"ပိုင်ချိုးရှန့်က သက်သေမရှိဘဲ ထင်ရာမြင်ရာ လျှောက်ပြောနေတာလေ မဟုတ်ဘူးလား"
ထျန်းနင်က ခန်းမဆောင်တစ်ခန်းလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းချုပ်ခဲ့သည်။
"သူနဲ့ မင်းကြားမှာ ဘာရန်ငြိုးရှိနေလို့ မင်းကို ချောက်ချရမှာလဲ။ မင်း တခြားတစ်ယောက်ကို အပြစ်ပုံချ ချင်ရင်လည်း ပိုကောင်းတဲ့ အကြောင်းပြချက် ရှာကြံသင့်တယ်"
"ရန်ငြိုး မရှိဘူး ဟုတ်လား"
ထျန်းနင်က စင်အောက်မှာ ရှိနေသူ အားလုံးကို ကြည့်ကာ ယင်းစကားလုံးကို ဖိပြောသည်။ ထို့နောက် သူမ သရော်သည်။
"သူနဲ့ ကျွန်မကြားမှာ ရန်ငြိုး မရှိဘူးလို့ ဘယ်သူပြောလဲ"
"ဒါဆိုရင် မင်းတို့ကြား ဘာရန်ငြိုးရှိလဲ ပြောလေ"
မီဒီယာက စိန်ခေါ်သည်။
ထျန်းနင်က ခေါင်းမော့ကာ ရှင်းမပြခင် စက္ကန့်ပိုင်းမျှ စောင့်ဆိုင်းခဲ့သည်။
"ဒီလိုဆိုရင်တော့ မကြာခင်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အရင်ဆုံး ပြောပြရတာပေါ့။ ကားရိုက်ကူးရေး တစ်ခု ရိုက်ကူးစဉ်က ကျွန်မစီးမယ်ကား ဘရိတ် ဖျက်ခံထားရတယ်။ အချိန်မီ ကြိုသိခဲ့လို့သာပေါ့ မဟုတ်ရင် အခုအချိန် အိပ်ရာထဲ လဲနေမယ်သူက ကျွန်မ ဖြစ်သွားလိမ့်မယ်။ ရုပ်ရှင်အဖွဲ့အားလုံး သက်သေအနေနဲ့ ရှိတယ်"
"နောက်ပြီး ဟေးအကြီးအကဲဆိုတဲ့ လူတစ်ယောက် ပေါ်လာတယ်။ သူက ကျွန်မ သရုပ်ဆောင်တဲ့ ပုံစံကို သဘောမကျလို့ သူ့စီက သင်ယူသင်တာ သင်ယူရင်း သူ့ကို စောင့်ရှောက်ပေးဖို့ သဘောတူခဲ့တယ်။ ဒါမှလည်း ကျွန်မနဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူမှာလေ။ ဒါပေမဲ့ ဒီကိစ္စကို ပြောင်းပြန်လှန်ပြီး ကျွန်မက အဘိုးနဲ့ပဲ မလျော်မကန်လုပ်နေသလို ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲတော့မလို သတင်းလွှင့်ကြတယ်"
"အဲဒီနောက် ကျွန်မရဲ့ဖုန်းနံပါတ်က လူသိထင်ရှား ဖြစ်အောင် ပေါက်ကြားသွားတယ်"
"ပြီးတော့ ကျွန်မက လူငှားပြီး ရိုက်ပါတယ်လို့ စွပ်စွဲခံရပြန်တယ်"
"ဟိုးအစတည်းက အထိခိုက်ဆုံးက ကျွန်မပါ။ ဒါဆို ပိုင်ချိုးရှန့်က ဘယ်လိုဖြစ်ပြီး မတရားခံရသူ ဖြစ်သွားတာလဲ"
ထျန်းနင် မေးမြန်းသည်။
မီဒီယာသမားများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည်။ သူတို့က ပြဿနာ တစ်ခုလုံးကို သေချာ သဘောမပေါက်သေးပေ။
"ရှင်တို့အားလုံးက မီဒီယာ ခေါင်းဆောင်တွေပါ။ ကျွန်မက တစ်ယောက်ယောက်ကို မကောင်းကြံချင်ရင် အရမ်းကြီး အကြံထုတ်နေဖို့ လိုအပ်လို့လား။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ကျောထောက် နောက်ခံရှိနေလို့ အေးဆေးလေး ဖြေရှင်းလို့ရတယ်။ ဒီလို မျှော်လင့်ချက်မဲ့ နေတဲ့ အခြေအနေမျိုးထဲ ခုန်ဆင်းနေဖို့ လိုအပ်လို့လား။ ရှင်တို့ စဉ်းစားကြည့်စမ်းပါဦး"
"ကျွန်မမှာ မို့ထင်ရှိနေပြီသားလေ။ ကျွန်မလိုချင်တာကို ပိုင်ဆိုင်ရဖို့ သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုး လုပ်ဖို့ လိုအပ်လို့လား"
"ပြီးတော့ တခြားသူကို ရင်ဆိုင်ဖို့ အောက်တန်းကျတဲ့ နည်းလမ်းကို ကျွန်မက သုံးခဲ့ဖူးလို့လား"
"ပိုင်ချိုးရှန့်က မင်းကို သိက္ခာချဖို့ ကြိုးစားခဲ့တယ်လို့ အခိုင်အမာ ပြောချင်တာလား။ သူက ဘာအကြောင်းကြောင့် အဲဒီလို လုပ်ရမလဲ"
ထျန်းနင်နှင့် ရန်ငြိုးရန်စ မရှိပါဘဲ ပိုင်ချိုးရှန့်က သူ့ကိုယ်သူ ဒုက္ခပြန်ပေးသည့် လုပ်ရပ်မျိုး လုပ်ဆောင်ရသည့် အကြောင်းအရင်းကို သတင်းထောက်များ နားမလည်နိုင်ပေ။
"ထျန်းနင်၊ မင်း ပြောပြနေတဲ့ ဇာတ်လမ်းက ယုတ္တိမတန်တာ မင်း မတွေးမိဘူးလား"
ပိုင်ချိုးရှန့်က သတင်းထောက်အားလုံး၏ သံသယကို အစပျိုးပေးသည်။ လူထုက သူ့ဘက်မှ ရပ်တည် ပေးလိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၍ ထျန်းနင်က သူတို့စိတ်ကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်စွမ်း မရှိဟု အကြွင်းမဲ့ ယုံကြည်သည်။
"ကျွန်မက ဇာတ်လမ်းထွင်ပြီ ပြောခဲ့တာလား အမှန်တရားလား ရှင် သိပါတယ်"
ထျန်းနင်က ပြုံးပြုံးလေးဖြင့် သူ့ကို ခနဲသည်။ သူမ၏မျက်ဝန်းများက ဒေါသအရိပ်အယောင်ကို ပြသနေသည်။
"ကျွန်မက ရှင့်ကို အရင်တုန်းက အခွင့်အရေး ပေးခဲ့ဖူးတယ်"
"မင်း သိထားတာ ငါတို့ကို မြန်မြန် ပြောပါ။ ကျီစယ်နေတာ ရပ်လိုက်တော့"
သတင်းထောက် တစ်ဦးက စိတ်မရှည်ဟန် ထအော်ပြောသည်။
"ပိုင်ချိုးရှန့်က ကျွန်မကို သိက္ခာချတဲ့ လုပ်ရပ်မျိုး လုပ်ရတာ အတော်ကလေး ရိုးရှင်းပါတယ်"
"သူနဲ့ ဂူရှန်က ချစ်သူတွေ ဖြစ်နေလို့လေ"
"ဇာတ်ဆောင်မင်းသား နဲ့ ဇာတ်ပို့က စုံတွဲတွေ ဖြစ်နေရင် ဘာတွေ ဖြစ်လာနိုင်လဲ။ ကျွန်မကိုသာ ရုပ်ရှင်ကနေ ဖယ်ပစ်နိုင်ရင် ဇာတ်ပို့က ဇာတ်ဆောင်မင်းသမီး ဖြစ်လာမှာလေ"
အပိုင်း(၄၄၁)
ပြီး၏။
❤️အပိုင်း ၉၀၀အထိ ဝယ်ယူ ဖတ်ရှုနိုင်ပါသည်။ ၁၅ပိုင်းပါ Pdf bookတစ်အုပ်ကို ၃၀၀ကျပ်ပါ ရှင့်❤️
ဝယ်ယူအားပေးချင်တဲ့ စာဖတ် ပရိသတ်များက ဆက်သွယ်ရန်
Telegram acc chothinmarlay
viber acc 09969332009
Kpay 09969332009
Wavepay 09784327525