ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

26.3K 2.1K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၄၃၅)

105 7 0
By jellyflower1


အပိုင်း(၄၃၆)"နင့်အကြံအစည်က အောင်မြင်ပါ့မလား"
ထျန်းနင်က ခပ်တိုးတိုးလေး ရယ်မောနေသည်။ သူက ဂူရှန်၏ ဒေါသထွက်နေသော သို့တည်းမဟုတ် ကြောက်ရွံနေသော မျက်နှာအမူအရာကို ဂရုမစိုက်ဟန် ရယ်မောသည်။
ထိုမြင်ကွင်းကြောင့် ဂူရှန်က သူမကိုယ်သူမ သံသယဝင်စပြုလာသည်။"ပြောစမ်းပါ။ နင် ဘာကြောင့် အမြဲတမ်း တည်ငြိမ်နေရတာလဲ""မကောင်းမှုက ဘယ်တော့မှ မအောင်နိုင်ဘူးဆိုတာ သိလို့လေ"
ထျန်းနင်က လှောင်ရယ်သည်။
"ငါ့ကို မကောင်းကြံခဲ့တဲ့ လူတိုင်းကို အနိုင်ယူနိုင်ခဲ့လို့လေ"ထျန်းနင်ကို အသိဉာဏ်ချင်း ယှဉ်လျှင် ဂူရှန်က နောင်ဘဝအထိ မယှဉ်နိုင်မှန်း သိသည်။ သို့သော်လည်း ထျန်းနင်က အခက်အခဲတိုင်းကို ကျော်လွန်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။ လူတိုင်းက သူတို့ဘဝတွင် ကံဆိုးမှုအားလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသည့် ကာလရှိသည်။"ချိုးရှန့်ရဲ့လုပ်ရပ်က ငါတို့နှစ်ယောက်စလုံး အတွက် အကျိုးမရှိတာ သိတယ်။ ဒါပေမဲ့ ငါက သူ့ကို ကာကွယ်ပေးချင် နေတုန်းပဲ"
ထိုစကားကိုပြောပြီးနောက် ဂူရှန်က ထျန်းနင်ကို ထားရစ်ခဲ့ပြီး ထျန်းနင်ကလည်း သူ့အခန်းသူ ပြန်သွားသည်။ပိုင်ချိုးရှန့် ဖယ်ထုတ်ခံရသည့်အကြောင်း ဂူရှန် မသိသေးပုံပင်။ထျန်းနင်က သူမကို စိန်ခေါ်ရဲသူများကို အံ့အားသင့်မိသည်။ အဆုံးသတ်မှာ သူတို့ ဘာဆိုဘာမှ မကျန်ရစ်ခဲ့ပေ။ထိုနေ့ညက လုံကျဲ ထျန်းနင်ကို ဖုန်းဆက်လာသည်။ သူမက အခြေအနေကို စုံစမ်းရန် ဖုန်းဆက်ချင်ဖြစ်သည်။
"ဒီတစ်ခေါက် ဘယ်လို ဖြစ်ရတာလဲ။ အဘိုးအိုက ဘယ်သူလဲ။ ရှင်က အတင်းအဖျင်း သတင်းတွေကို ဆွဲဆောင်တဲ့ သံလိုက်လား။ ဖြေရှင်းမရတဲ့ ပြဿနာပေါ်တိုင်း ရှင်က ရှာဖွေမှု ထိပ်တန်းကို တန်းရောက်သွားတယ်နော်""တစ်ယောက်ယောက်က ဒါတွေအားလုံး တမင်ဖန်တီးထားတာလေ"
ထျန်းနင်က ကူကယ်ရာမဲ့ ရှင်းပြသည်။ ဇာတ်လမ်းတစ်ပုဒ်လုံးကို နားစွင့်ပြီးနောက် လုံကျဲ တအံ့တဩ ဖြစ်နေမိသည်။"နင် ကံဆိုးနေပါလား။ ဇာတ်ဆောင်မင်းသား နဲ့ ဇာတ်ပို့က စုံတွဲဆိုတော့ နင့်ကို ပယ်ထုတ်ဖို့ ကြိုးစားကြတာပေါ့။ နင် ထွက်သွားရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ မတွေးမိကြတာလား"
လုံကျဲ သက်ပြင်းချသည်။
"နင်က အခက်အခဲတိုင်းကို ဖြတ်ကျော်နိုင်တာ ငါသိပြီသားလေ။ အဲလိုမှ မဟုတ်ရင် နင်က ထျန်းနင် မဟုတ်တော့ဘူး""ဒါရိုက်တာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောသေးလဲ""သူက လူစားထိုးဖို့ ရှာနေတယ်"
ထျန်းနင် ပြန်ဖြေသည်။"နင့်နေရာ အစားထိုးဖို့လား""သူတို့က ပိုင်ချိုးရှန့်နေရာမှာ အစားထိုးမှာလေ""ကောင်းတာပေါ့"
လုံကျဲ ယခုမှ သက်ပြင်းချနိုင်သည်။
"ငါက ကိုယ်ဝန်ရဖို့ ကြိုးစားနေလို့သာပေါ့ မဟုတ်ရင် နင့်နောက် နေ့တိုင်း လိုက်နေမှာပါ။ သူဌေးက နင့်အတွက် ဘယ်လို လက်ထောက်မျိုး ငှားပေးထားတာလဲ။ ဒီလို ကိစ္စမျိုးကို ဘယ်လို လေးလေးနက်နက် ရင်ဆိုင်ရမလဲ မသိတာလား""ကိုယ်ဝန်လွယ်ရဖို့ပဲ အာရုံစိုက်ထားပါ။ ငါ့အတွက် စိတ်မပူနဲ့""ဘာမှမဖြစ်ဘူးဆိုရင်လည်း ငါ မစိုးရိမ်တော့ဘူး။ သူဌေးက နင့်ကို ကွာရှင်းတော့မယ် ဆိုတဲ့ သတင်းတွေပဲ ဆက်တိုက် ကြားနေရတော့ ဒေါကန်လာလို့ပါ"လုံကျဲက သူမကို တကယ် ဂရုစိုက်ကြောင်း သိနေ၍ ထျန်းနင် နားလည်သည်။ ထို့ကြောင့်လည်း သူမ ဖုန်းမချခင်အထိ လုံကျဲကို နားပူနားဆာ ပြောခွင့်ပြုထားခြင်း ဖြစ်သည်။ထို့နောက် သူမက မို့ထင် ဆက်သော ဖုန်းကို လက်ခံလိုက်သည်။ သူမ ဖုန်းကိုင်ကိုင်ချင်း သူ ပထမဆုံး ပြောသည့် စကားက
"ဘယ်သူနဲ့ ဖုန်းအကြာကြီး ပြောနေတာလဲ။ ဒီလောက် ဖုန်းဆက်တိုက် ခေါ်တာတောင် ဆက်လို့ မရဘူး""ခန့်မှန်းကြည့်လေ"
ထျန်းနင်က ကျီစယ်ဟန် မေးမြန်းသည်။"လုံကျဲ"
မို့ထင် ခန့်မှန်းသည်။
"ကိုယ်က ကျီစယ်ရုံပါ။ ဘယ်သူ ဖုန်းဆက်လဲ သိပါတယ်""အတင်းအဖျင်း သတင်းတွေကို ကိုယ်တို့တွေ ဖုံးကွယ်ထားပြီးပြီ။ ဒါပေမဲ့ ပိုင်ချိုးရှန့်က မီးလောင်ရာ လေပင့် စကားတွေ ထွက်ပြောဦးမယ် ထင်တယ်""အဲဒါအတွက်လည်း ပြင်ဆင်ထားပြီသားပါ"
ထျန်းနင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ယောက်ျား။ ပိုင်ချိုးရှန့်မှာ မကောင်းတဲ့ အကြံအစည် မရှိရင် သူနဲ့ ဂူရှန်ရဲ့ အချစ်ရေးကို ချီးမြှောက်မိမှာပါ။ ဂူရှန့်က ပိုင်ချိုးရှန့်အတွက် ဘာမဆို လုပ်ဖို့ ဆန္ဒ ရှိတဲ့ မိန်းမစားမျိုးပဲ။ အခုလောက်ဆို သူ့ရင်ထဲ ဗလောင်ဆူနေလောက်ပြီ""ဒါတွေ ကိုယ် ဂရုမစိုက်နိုင်ဘူး။ ချစ်လေးကို အနိုင်ကျင့်ဖို့ ကြိုးစားတဲ့သူတွေကို ကိုယ်က ဖျက်ဆီးပစ်ချင်တယ်"
မို့ထင်က လေးလေးနက်နက် ပြန်ဖြေသည်။
"ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဝေအန် သိတယ်။ ဒါကြောင့် ချစ်လေး ဘာမှလုပ်စရာ မလိုဘူး။ ပီအာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဟိုက်ဟွေ့ဖျော်ဖြေရေးက ဖြေရှင်းပေးလိမ့်မယ်"ပိုင်ချိုးရှန့် ပြဿနာရှာချင်လျှင် သူ့စိတ်ကြိုက် ပြဿနာရှာခွင့် ပေးထားသည်။ ထိုမှသာ ပိုင်ချိုးရှန့်ကို ရုပ်ရှင်မှ ဖယ်ထုတ်ပစ်နိုင်မည့် အကြောင်းပြချက် ကောင်းကောင်း ရလိမ့်မည်။ ပိုင်ချိုးရှန့်ကို အင်တာဗျူးတိုင်း ဝေ့လည်ကြောင်ပတ်သာ ဖြေဆိုတတ်သည်။ ထျန်းနင်က အဘိုးအိုနှင့် ပူးပေါင်းချင်၍ အဘိုးအို၏ နောက် တကောက်ကောက် လိုက်ခြင်းဖြစ်ပြီး တခြားသော ကိစ္စများကို သူ သေချာ မသိကြောင်း ဖြေဆိုသည်။
ဖျော်ဖြေရေးလောကကြီးသည် အခြေအမြစ် မရှိသော စွပ်စွဲမှုများ အမြဲ ဖြစ်ပေါ်လေ့ ရှိသည်။ ပိုင်ချိုးရှန့်က သူ့ကို နည်းနည်းလေး မကောင်းကြံချင်သော်လည်း မီဒီယာသမားများက ပုံကြီးချဲ့ခဲ့သည်။ [ထျန်းနင် မဖွယ်မရာ လုပ်ခံရတာ အမှန်ပဲ][သူနဲ့ အတူတူ ရုပ်ရှင်တွဲရိုက်တဲ့ သရုပ်ဆောင်မင်းသားဆက ထျန်းနင် မဖွယ်မရာ ပြုခံရတာကို သက်သေထူပေးတယ်။ မို့ထင်တို့ အိမ်ထောင်ရေး ဘယ်လို ဖြစ်သွားမှာလဲ][ မို့ထင်ရဲ့ အိမ်ထောင်ရေး အဆုံးသတ်တော့မယ်။ ထျန်းနင်ရဲ့ သတင်းကြောင့် မို့ထင်က သူ့ကိုယ်သူ ပိတ်လှောင်ထားတယ်]တမင်ရန်စနေသည့် မီဒီယာသမားများကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က အတင်းအဖျင်း သတင်းများကို ဖိနှိပ်ရန် ချက်ချင်း ကြိုးစားကြပြီး ပိုင်ချိုးရှန့်ကို သတိပေးစာ ပို့သည်။ "သရုပ်ဆောင်ကောင်း ဖြစ်လာဖို့ ပထမဆုံး ခြေလှမ်းက ရိုးသားတဲ့လူ တစ်ယောက် ဖြစ်အောင် သင်ယူဖို့ပဲပိုင်ချိုးရှန့်က လူလိမ်လူညာဖြစ်ကြောင်း ဟိုက်ဟွေ့ဖျော်ဖြေရေးက အရိပ်အမြွက် ပြခဲ့ခြင်း ဖြစ်သည်။ ခဏလေးအတွင်း လူအများက အမှား နှင့် အမှန်ကို ခွဲခြားရ ခက်ခဲခဲ့သည်။သို့သော်လည်း မို့ထင် နှင့် မို့အကြီးအကဲတို့က အလောတကြီး မဖြစ်ခဲ့ပေ။ ပိုင်ချိုးရှန့်၏ လုပ်ရပ်က သူ့ကို ရုပ်ရှင်မှ ဖယ်ထုတ်ပစ်ရန် လုံလောက်သော အကြောင်းပြချက် ရှိသည်။ ထို့ကြောင့် သူ အမှားထပ်လုပ်မည့် အချိန်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်။ယခုဖြစ်ရပ်က ရုပ်ရှင်၏ ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်သော်လည်း ဝေအန်က တုံ့ပြန်ခြင်း မရှိ တည်ငြိမ်နေသည်။ သူက နေမကောင်းသည့် အကြောင်းပြချက်ဖြင့် နှစ်ရက် ခွင့်ယူကာ သူ လုပ်ရမည့် အလုပ်များကို လက်ထောက် ဒါရိုက်တာ လက်ထဲ အပ်ခဲ့သည်။ အားလုံးနီးနီး အနားရနေပြီး အရေးမပါသော ဇာတ်ဝင်ခန်းလေးများသာ ရိုက်ကူးနေသည်။တကယ်တမ်းက သူက မို့ထင် စုံစမ်းပေးထားသည့် ရုပ်ရှင်မင်းသား နှင့် တွေ့ဆုံရန် ယူအက်စ်ကို ခရီးထွက်သွားခြင်း ဖြစ်သည်။ ဝေအန်က အာရှ၏ ရုပ်ရှင်ဈေးကွက်ကို အနောက်တိုင်းအထိ ထိုးဖောက်ချင်၍ ရုပ်ရှင်မင်းသားအသစ်နှင့် တွေ့ဆုံရန် သဘောတူခဲ့သည်။တစ်စုံတစ်ယောက်က မို့အကြီးအကဲကို အသုံးချရန် ကြိုးပမ်းခဲ့၍ သူ့ဘဝ အဆုံးသတ်တော့မည်ကို ဝေအန် သိနေသည်။

မို့အကြီးအကဲ၏ဇာစ်မြစ် ပေါ်သွားလျှင် ဖြစ်သွားမည့် ပိုင်ချိုးရှန့်၏ မျက်နှာအမူအရာကို စိတ်ကူးယဉ်ကြည့်ပြီး ကျေနပ်အားရ နေမိသည်။ထိုစဉ် မို့ထင်၏ တည်ငြိမ်စွာ တုံ့ပြန်မှုကြောင့် အတင်းအဖျင်း သတင်းက ထျန်းနင်ကို မထိခိုက်စေခဲ့ပေ။ သူမက မို့အကြီးအကဲကို ဆက်လက် ဂရုစိုက်ပေးပြီး သူ့စီမှ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို နားထောင်ကာ လေ့လာသည်။စုန့်ယန်ရှုက ထျန်းနင်ကို ပုန်းကွယ်နေရန် ဖျောင်းဖျသော်လည်း ထျန်းနင်က ခေါင်းခါ ငြင်းဆန်သည်။
"ငါက အစတည်းက ရိုးသားတယ်လေ။ ငါက ပုန်းနေလိုက်ရင် သူတို့ပြောနေတာ မှန်ကန်တယ်လို့ သက်သေပြပေးလိုက်သလိုပဲလေ။ ပြီးတော့ ငါ ဘာကိုမှ မကြောက်တတ်ဘူး"သူမ၏ နောက်တွင် ရုပ်ရှင်တစ်ဖွဲ့သားလုံး နှင့် မို့ထင် ရှိနေသည်။ပိုင်ချိုးရှန့်က ယခုပြဿနာမှ အကျိုးအမြတ် ရခဲ့လည်း မို့ထင် နှင့် ဝေအန်ကို သိက္ခာချသည့် လုပ်ရပ်မျိုး မလုပ်ဆောင်နိုင်ပေ။"အွန်း။ အစ်မရဲ့ပရိသတ်တွေကတော့ အစ်မ ဘာပဲပြောပြော ယုံကြည်မယ်လို့ ပြောကြတယ်"ထျန်းနင်က ပြုံးလျက် ခေါင်းညိတ်သည်။ သူမ၏နှုတ်မှ ထွက်လာသော စကားလုံးတိုင်းကိုသာ သူမ၏ပရိသတ်များက ယုံကြည်မည့်ပုံပင်။"သူတို့ကို စိတ်ရှည်ရှည် စောင့်ဖို့ ပြောလိုက်ဦး။ နောက်ဆုံးတော့ အမှန်တရားက ပေါ်လာမှာပါ""အင်း"
ထျန်းနင်၏ ယုံကြည်မှု ရှိသော မျက်နှာထားကြောင့် စုန့်ယန်ရှု စိုးရိမ်နေရန် မလိုအပ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူမက ထျန်းနင် ညွှန်ကြားသည့် အတိုင်း လုပ်ဆောင်ပြီး သူမ၏ ပရိသတ်များကို အသိပေးစာ ပေးပို့သည်။စုန့်ယန်ရှု၏ စကားသံကို ကြားပြီးနောက် ပရိသတ်များ စိတ်အေးချမ်းရသည်။ တခြားသူများက ထျန်းနင်ကို သိက္ခာချ ပြောဆိုသည့်တိုင် သူတို့က ထျန်းနင် လူကောင်း ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်သည်။ အတင်းအဖျင်း သတင်းက တစ်လောကလုံး ပြန့်နေသည့်တိုင် သူတို့ လုံးဝ မယုံကြည်ပေ။ထို့ကြောင့် ပိုင်ချိုးရှန့်ကို သင်ခန်းစာ ပေးမည့် အချိန်ကိုသာ ထိုင်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။တကယ်တမ်း ပိုင်ချိုးရှန့်၏လက်ထဲ ဝှက်ဖဲများ ရှိနေသေးသည်။ ဖျော်ဖြေရေးလောကထဲ ယခုလို အခြေအနေမျိုးအထိ တက်လှမ်းလာရန် သူ့မှာ သူ့ကိုယ်ပိုင် နည်းလမ်း ရှိသည်။အပိုင်း(၄၃၆)
ပြီး၏။

Continue Reading

You'll Also Like

805K 8.1K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
508K 32.1K 66
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
426K 10.6K 29
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...
10.1M 637K 167
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...