Unicode
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
[ပိတ်ထားသော ပြတင်းပေါက်နောက်ကွယ်မှ ရယ်သံ]
အဲ့လော့ကျွယ်၏ စကားမဆုံးခင်မှာ 'မြတ်နိုးမှုနှလုံးသားဓား'၏ ချွန်ထက်သောဓားသွားက သူ့ရှေ့ကိုရောက်နေပေပြီ။
ယခုအချိန်ဟာ စုယန်၏ သေရေးရှင်ရေးအခြေအနေပင်။ ကုဖေးတိသည် အဲ့လော့ကျွယ်ကို တိုက်ခိုက်ရန် သူ၏ဓားကို ပြင်းထန်စွာ လွှဲယမ်းခဲ့ပြီး သူ၏ဒဏ်ရာများကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပါ။
"ဟမ်း!" အဲ့လော့ကျွယ်သည် ကုဖေးတိ၏ ထိုးနှက်ချက်များကို တားဆီးရန် သူ့လက်ထဲရှိ အရိုးတောင်ဝှေးကို မြှောက်လိုက်သည်။ သူသည် အရိုးတောင်ဝှေးဖြင့် ကုဖေးတိ၏ ဓားအတွင်းမှ စွမ်းအားအားလုံးကို ချေမှုန်းပစ်လိုက်သည်။
အစောပိုင်းက သူသည် အကာအကွယ်မပါဘဲ စုယန်၏ လက်ဖဝါးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အတွင်းဒဏ်ရာမှာ အတော်အတန် ပြင်းထန်ခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် သူသည် ချောင်းဆိုးခြင်းကို မထိန်းနိုင်ဘဲ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေ၏။
ကုဖေးတိသည် နောက်ပြန်မဆုတ်ခဲ့ပေ။ သူသည် သူ၏ဓားကိုလှန်ကာ အဲ့လော့ကျွယ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်။
အဲ့လော့ကျွယ်သည် စုယန်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် ကုဖေးတိအား သရေကျအောင် တိုက်ခိုက်နိုင်သေးသည်။
သို့သော် စုယန်သည် ရေခဲဝိညာဉ်နှင့် 'ကြက်သွေးနီညှိုးနွမ်းခြင်း'၏ အကျိုးသက်ရောက်မှုကြောင့် သတိလစ်နေပြီး နှောင့်နှေးနေလို့ မရတော့ပေ။
ကုဖေးတိသည် သူ၏စိုးရိမ်စိတ်ကြောင့် မျက်လုံးများ နီရဲနေပြီဖြစ်သော်လည်း သူသည် အားကိုးရာမဲ့ဖြစ်နေပြီး စုယန်ကို အဲ့လော့ကျွယ်လက်ထဲမှ ပြန်မခေါ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးသည် ဟေးယွီအရိပ်တပ်ဖွဲ့ ဝတ်စုံများ ၀တ်ဆင်ထားပြီး စုန်းဖြူမျှော်စင်ထဲသို့ မီးခိုးရောင်ဝတ်ထားသော အလောင်းတစ်ခုကို ဆွဲခေါ်လာခဲ့သည်။
အဲ့လော့ကျွယ်၏ အကြည့်သည် မီးခိုးရောင် ၀တ်ထားသော အမျိုးသား၏ သွေးများ ဖုံးလွှမ်းနေသော အလောင်းပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် ရယ်မောလိုက်သည်။
"အဲ့လော့ယင်... ငါကိုယ်တော်ရဲ့ ချစ်လှစွာသော တူလေး" သူသည် ကုဖေးတိ၏ ထိုးနှက်ချက်ကို ခုခံလိုက်ပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ကြည့်ပါအုံး။ မင်းရဲ့ ကျောက်စိမ်းအိမ်တော်က အတန်းဖော်က ငါ့ကိုသတ်ပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်... ဒါပေမယ့် အချည်းနှီးပဲ"
ကုဖေးတိ၏ လည်ချောင်း အနည်းငယ် တုန်ယင်လာသည်။ သူ အနည်းငယ် ထိတ်လန့်သွားသည်မှာ ထင်ရှားပေ၏။
သို့သော် လက်ရှိအခြေအနေအရ လော့ယင်ကို ဂရုမစိုက်နိုင်ပေ။ စုယန်၏အသက်သည် ချည်မျှင်ဖြင့် ချည်နှောင်ထားသကဲ့သို့ အလွန်အရေးကြီးသော အခြေအနေတွင် ရှိနေသည်။ သူသည် အဲ့လော့ကျွယ်နှင့် တိုက်ပွဲတွင်သာ အာရုံစိုက်ပြီး စုယန်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ခေါ်နိုင်မှရမည်။
တဖြည်းဖြည်းချင်း ကုဖေးတိ၏ဓားတိုက်ခိုက်မှုများသည် ပိုမိုအားကောင်းလာပြီး အဲ့လော့ကျွယ်ကို လွှမ်းမိုးလာနိုင်ခဲ့သည်။ ၎င်းဟာ သူကျွမ်းကျင်သည့် လေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း သိသာထင်ရှားပါသည်။ သို့သော် သူသည် ယခင်ကနှင့် လုံးဝခြားနားသော အရှိန်အဟုန်ကို အကောင်အထည်ဖော်ခဲ့သည်။
သူသည် ရှေ့သို့ ပြတ်ပြတ်သားသား ဆက်တိုးနေပြီး နောက်ဆုတ်ရန် နေရာမရှိပေ။
ဒဏ်ရာဝေဒနာများက အရေးမကြီးပါ။ သေခြင်းတရားကို ကြောက်ရွံ့စရာ မရှိပါ...။
သတိမေ့နေသောစုယန်အား အဲ့လော့ကျွယ်၏လက်ထဲတွင် အသက်ရှူနှုန်း အားနည်းသွားသည်ကို ကူကယ်ရာမဲ့ကြည့်နေရခြင်းနှင့် ယှဉ်ပါက ဤကမ္ဘာတွင် တခြားမည်သည့်အရာကမှ သူအား ကြောက်ရွံ့စေရန် မစွမ်းဆောင်နိုင်ပါချေ။
သို့သော် အဲ့လော့ကျွယ်သည် အလွန်အစွမ်းထက်သည်။
ကုဖေးတိက သူ့ကို တောက်လျှောက် ဖိအားပေးနေချိန်မှာတောင် သူက သက်တောင့်သက်သာ ကိုင်တွယ်နိုင်ပါသေးသည်။
တိုက်ပွဲရှည်ကြာလေလေ စုယန်အတွက် ပိုအန္တရာယ်များလေလေဖြစ်သည်။ ကုဖေးတိသည် စိတ်လောနေပြီး သူ၏တိုက်ခိုက်မှုများသည် ပို၍ပို၍ စိတ်မရှည်ဖြစ်လာကာ အသွင်သဏ္ဍာန်များ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့သည်။
အဲ့လော့ကျွယ်သည် ကုဖေးတိ၏လှုပ်ရှားမှုများကို ပေါ့ပေါ့ပါးပါးနှင့် ကျွမ်းကျင်စွာ တားဆီးရန် သူ့လက်ကို မြှောက်လိုက်သည်။ သူက ရယ်မောပြီး ပြောလိုက်၏။
"......ပြီးသွားပြီ"
သူ့စကား၏နောက်တွင် အလွန်ထက်မြက်သော ဓားတစ်ချောင်းသည် သူ၏နောက်ကျောမှ ရင်ဘတ်တလျှောက် ထိုးဖောက်ဝင်ရောက်လာသည်။
ကုဖေးတိပင်လျှင် ဤရုတ်တရက်ပြောင်းလဲမှုကြောင့် အံ့သြသွားရသည်။
နောက်သို့ကြည့်ရန် ယိမ်းနွဲ့ယိမ်းယိုင်နှင့် ခေါင်းကိုလှည့်လိုက်စဉ် အဲ့လော့ကျွယ်၏ မျက်နှာပေါ်တွင် မထင်မှတ်ထားသော စိတ်ခံစားမှုများ စုပုံလာသည်။
လော့ယင်သည် ဒဏ်ရာများနှင့် သွေးများစွန်းထင်းနေခဲ့သည်။ သူသည် မကြာသေးမီက အလောင်းတစ်ခုဖြစ်ခဲ့ပါ၏။ သို့သော် ယခုအချိန်တွင် သူသည် ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အဲ့လော့ကျွယ်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
သူက တိုးတိုးလေး ခေါ်လိုက်၏။
"ဦးရီးတော်"
ထို့နောက် ဓားကို ဆွဲထုတ်လိုက်သည်။
ကုဖေးတိသည် အဲ့လော့ကျွယ်၏ လက်ကောက်ဝတ်ကို ဓားတစ်ချက် ပွတ်ဆွဲလိုက်ပြီး စုယန်အား အမြန်ဆွဲထုတ်ကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
လော့ယင် အနားရှိ အရိပ်တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသော သူသည် ချက်ချင်း ရှေ့သို့ တိုးလာကာ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။
"နှလုံးနွေးဆေးတွေ ကျန်သေးလား? သူ့ပါးစပ်ထဲထည့်လိုက်။ သူ့ကို ချက်ချင်းအပ်စိုက်ကုဖို့လိုတယ်။ နှောင့်နှေးနေလို့မရဘူး!"
ကုဖေးတိသည် လော့ယွီကို ကြောင်တက်တက် ကြည့်နေပြီးနောက် သတိဝင်လာကာ အမြန်ခေါင်းညိတ်လိုက်သည်။ စုယန်၏အင်္ကျီအောက်ရှိ ပိုးထည်အိတ်ကို ချက်ချင်းဖွင့်ပြီး နှလုံးနွေးဆေးပါဝင်သော ကြွေပုလင်းကို ထုတ်ယူလိုက်သည်။
ရုတ်တရက် တိုက်ခိုက်သံများ ထွက်ပေါ်လာ၏။
လော့ယွီသည် တအံ့တသြဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ ပြင်းထန်စွာ ဒဏ်ရာရပြီး သေဆုံးလုနီးပါး ဖြစ်နေသော အဲ့လော့ကျွယ်သည် ပြန်လည်ခုခံရန် ခွန်အားရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သူသည် လော့ယင်နှင့် အရိပ်တပ်ဖွဲ့ စစ်သားတစ်ဦးကို တိုက်ခိုက်နေလေ၏။
ကုဖေးတိသည် စုယန်၏ ပါးစပ်ထဲသို့ နှလုံးနွေးဆေးကို ထည့်ပြီးနောက် 'မြတ်နိုးမှုနှလုံးသားဓား'ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် တိုက်ပွဲဖြစ်နေသော လူနှစ်ယောက်ကို အဲ့လော့ကျွယ်ရန်မှ ကာကွယ်ရန် ပြင်လိုက်သည်။
အဲ့လော့ကျွယ်သည် ထိုအချိန်တွင် ရူးသွပ်လုနီးပါး ဖြစ်နေသည်။
သူ၏မျက်လုံးများသည် အဖြူရောင် အလွှာဖြင့် ဖုံးအုပ်နေပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
သို့သော် ဓားထိုးခံထားရသော သူ၏ရင်ဘတ်ပေါ်ရှိ အပေါက်သည် သွေးမထွက်တော့ပေ။ ထိုဒဏ်ရာမှ အဖြူရောင် ပိုးကောင်များ တွားသွားထွက်လာကာ သေစေနိုင်သော ဒဏ်ရာကို ယာယီ ဖိနှိပ်ရန် ကူညီပေးနေသည်။ သူ၏ ပြတ်ရှသွားသော လက်ကောက်ဝတ်သည်ပင် ကြွက်သားမျှင်များဖြင့် ပြန်လည်ချိတ်ဆတ်ထားသည်။
အဲ့လော့ကျွယ်သည် သေလုမျောပါးအခြေအနေတွင် ပိတ်မိနေသော သားရဲသဖွယ်ဖြစ်နေပြီး လော့ယင်သည် သူနှင့် ရင်ဆိုင်ရန် ရုန်းကန်နေရသည်။ ဆက်လက်တိုက်ပွဲဖြစ်နေရင်း လော့ယင်နှင့် စစ်သည်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ အနည်းငယ် အားနည်းသွားခဲ့သည်။
ကုဖေးတိသည် ငွေရောင်အပ်များဖြင့် ဖုံးလွှမ်းနေသော စုယန်၏ ခန္ဓာကိုယ်မှ အကြည့်ကို လွှဲလိုက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်ခဲ့သည်။ ဓားကိုင်ထားသော သူ၏လက်သည် အနည်းငယ် တုန်ယင်နေ၏။
နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘဲ သူ၏ ခြေထောက်တွေ အနည်းငယ် တုန်လှုပ်သွားပြီး စုယန်ကိုကူညီဖို့ ရှေ့သို့ လှမ်းချင်လာသည်။
ချက်ချင်းပင်၊ အေးစိမ့်သောလေသည် စုန်းဖြူမျှော်စင်၏ တံခါးဝမှ ရုတ်ခြည်း တိုးဝင်လာသည်။
စုဟွိုက်ကျူးသည် အတွင်းထဲသို့ ပြေးဝင်လာ၏။ သူ၏မျက်နှာမှာ နှင်းကဲ့သို့ ဖြူဖျော့နေသော်လည်း သူ၏မျက်လုံးများက ကြယ်များသဖွယ် စူးရှတောက်ပနေလေသည်။
အဲ့လော့ကျွယ်က အံကြိတ်ပြီး ပြောလိုက်၏။
"အဲဒါ မင်းပဲ! မင်း အသက်ရှင်နေတုန်းပဲ! မင်းက ငါ့ရဲ့ ကျင်းအာကို ခိုးသွားတဲ့အယုတ်တမာကောင်!"
သူသည် လော့ယင်နှင့် တိုက်ပွဲကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး အရိုးတောင်ဝှေးဖြင့် စုဟွိုက်ကျူးကို တိုက်ခိုက်လိုက်သည်။
ဖြူဖွေးသော ပိုးကောင် အများအပြားသည် သူ၏အရေပြားတစ်လျှောက်မှ ဖောက်ထွက်လာပြီး အရိုးတောင်ဝှေးတစ်လျှောက် ပြေးကာ စုဟွိုက်ကျူး၏ ပါးလွှာသော ဓားဆီသို့ တစ်ခဏချင်း ရောက်ရှိသွားသည်။
စုဟွိုက်ကျူးသည် 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို ဖြန့်ကျက်လိုက်ပြီး ဓား၏အစွန်းတွင် စုပြုံနေသော ပိုးကောင်များကို အေးစက်သော အတွင်းအားဖြင့် လှီးဖြတ်လိုက်သည်။
ပိုးကောင်များသည် လက်ခံကောင်နှင့် ကွဲကွာသွားသည့်အခါ ချက်ချင်းဆိုသလို အဖြူရောင်မီးတောက်များအဖြစ် လောင်ကျွမ်းသွားပြီး အစအနမကျန်ဘဲ ပျောက်ကွယ်သွားလေသည်။
အဲ့လော့ကျွယ်နှင့် စုဟွိုက်ကျူး ထိပ်တိုက်တွေ့သောအခါ၊ တစ်ဖက်တွင် လော့ယင်သည် အခွင့်အရေးတစ်ခုကို တွေ့ရှိခဲ့သည်။ သူက ဓားကို မြှောက်ကာ အဲ့လော့ကျွယ်၏လည်ပင်းကို ချိန်ရွယ်လိုက်လေ၏။
--သို့သော် စုဟွိုက်ကျူး၏ ပါးလွှာသောဓားဖြင့် တားဆီးခံခဲ့ရသည်။
"သူက မီးတောက်ဖြူကူကို နှိုးဆွပြီးပြီ" စုဟွိုက်ကျူးက ကုဖေးတိကိုကြည့်ဖို့ ခေါင်းကိုလှည့်ပြီး "နောက်ဆုံး လုပ်ကြံမှုကို မင်းလုပ်မှရမယ်!"
၎င်းကိုကြားတော့ အဲ့လော့ကျွယ်က အော်ဟစ်ပြီး ကုဖေးတိကို တိုက်ခိုက်ဖို့ လှည့်လိုက်သည်။
စုဟွိုက်ကျူးသည် သူ၏ဓားကို လှန်လိုက်ပြီး ကုဖေးတိအား ပြောလိုက်၏။ "သူ့ခေါင်းကို ဖြတ်လိုက်!"
'မြတ်နိုးမှုနှလုံးသားဓား'သည် အမိန့်အတိုင်း ရွေ့လျားသွားသည်။
၎င်းသည် တစ်ချက်တည်းဖြင့် ခေါင်းကို တိကနဲ ပြတ်သွားစေပါ၏။
စုဟွိုက်ကျူးက လော့ယင်ကို နောက်ပြန်ဆွဲခေါ်သွားခဲ့သည်။
အဲ့လော့ကျွယ်၏ ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် ယိမ်းယိုင်သွားကာ နောက်ဆုံးတွင် ကြာကြာမထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြိုလဲကျသွားသည်။
တစ်စက္ကန့်အတွင်းမှာပင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အပူလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပဲ လက်သည်းခွံအရွယ်ရှိသော ငွေဖြူရောင် ပိုးကောင်တစ်ကောင်သည် အဲ့လော့ကျွယ်၏ ခန္ဓာကိုယ်ထဲမှ တိုးထွက်လာသည်။ ၎င်းသည် ရုတ်တရက် အတောင်ပံများကို ဖြန့်ကာ မယုံနိုင်လောက်အောင် လျင်မြန်သောအရှိန်ဖြင့် ကုဖေးတိ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားလေ၏။
ကုဖေးတိ၏အဝတ်သည် လောင်ကျွမ်းပြီး ပေါက်ပြဲသွားခဲ့သည်။ ကူပိုးကောင်သည် သူ၏ အရေပြားနှင့် ကြွက်သားများမှတဆင့် နှလုံးထဲရောက်သည်အထိ အပြင်းအထန် တိုးဝင်သွားခဲ့လေ၏။
"အား--!" ကုဖေးတိသည် နာကျင်စွာ ညည်းတွားရင်း သူ၏ရင်ဘက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ခဏအကြာတွင် သူ ချွေးသီးများ ထွက်ကျလာသည်။
'မြတ်နိုးမှုနှလုံးသား'ဓားသည် မြေပေါ်သို့ ပြုတ်ကျသွားလေ၏။ သူသည်းမခံနိုင်ဘဲ ဒူးထောက်ထိုင်ချလိုက်ပြီး ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိစေရန် သူ၏ အတွင်းအားကို ထိန်းကျောင်းခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ပူလောင်နေသော ချော်ရည်များဖြင့် ဝိုင်းရံထားခံရသလို ခံစားနေရသည်။
အေးခဲနေသော လက်တစ်စုံသည် ကုဖေးတိ၏ လည်တိုင်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး 'ကြက်သွေးနီညှိုးနွမ်းခြင်း'၏ အေးစက်သော အတွင်းအားသည် ဖြည်းညှင်းစွာ စီးဝင်လာကာ ကုဖေးတိကို အနည်းငယ် သက်သာရာရစေသည်။
စုဟွိုက်ကျူးက ချောင်းဆိုးလိုက်ပြီး သူ့လည်ချောင်းထဲက သွေးတွေကို မျိုချလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ လော့ယွီကို မေးလိုက်၏။
"စုယန် ဘယ်လိုနေလဲ? သူ ဘယ်တော့ နိုးမှာလဲ?"
လော့ယွီသည် ငွေအပ်တစ်ချောင်းကို လှည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ဆိုသည်။
"သူ့ခန္ဓာကိုယ်က ဇာမဏီကျောက်စိမ်းရဲ့ အကာအကွယ်ကို ဆုံးရှုံးသွားပြီး 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို အတင်းလှည့်ပတ်ခဲ့တယ်...... သူ့နှလုံးကို အေးခဲမသွားစေဖို့ ငါအစွမ်းကုန် ကြိုးစားပြီးပြီ။ ဘယ်တော့နိုးမလဲဆိုတာကတော့...."
စုဟွိုက်ကျူးက မျက်မှောင်ကြုတ်ကာ ဆိုသည်။
"ဒါပေမယ့် သူ့အကူအညီမပါရင် ဖေးတိ သေရလိမ့်မယ်"
ထိုအချိန်တွင် လူတိုင်း တုန်လှုပ်ချောက်ချားနေပြီး ဤပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မသိနိုင်ခဲ့ကြပေ။
အချိန်အတော်ကြာပြီးနောက်၊ လော့ယင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ဒီနေရာကိုကာကွယ်ဖို့ အစောင့်တစ်ယောက် ထားခဲ့မယ်။ ကျွန်တော် တော်ဝင်နန်းတွင်းက ကမောက်ကမဖြစ်မှုကို အရင်ဖြေရှင်းပြီး နောက်မှပြန်လာခဲ့ပါမယ်"
လော့ယင် စုန်းဖြူမျှော်စင်မှ ထွက်သွားသည်ကို ကြည့်ပြီးနောက် လော့ယွီသည် အံကြိတ်ကာ ပြောလိုက်သည်။
"လက်ရှိအခြေအနေအရ ငါတို့ စွန့်စားကြည့်ရုံပဲပေါ့"
စုဟွိုက်ကျူးက မေးသည်။
"ဘယ်လိုလုပ်ပြီးလဲ?"
လော့ယွီသည် ကုဖေးတိကိုကြည့်ကာ စူးစူးဝါးဝါးပြောသည်။
"အခုပဲ မင်းက မီးတောက်ကူဖြူရဲ့ အပူဓာတ်ကို စုယန်ရဲ့ ခန္ဓာကိုယ်ထဲကို ဖြန့်ပေးရမယ်။ ဒါက မင်းတို့နှစ်ယောက်စလုံး အသက်ရှင်ခွင့်ရဖို့ ဖြစ်နိုင်တယ်"
ထိုအချိန်တွင်၊ ကုဖေးတိ၏အရေပြားသည် တစ်ပြင်လုံး နီရဲစွာ လောင်ကျွမ်းနေပြီး၊ သူ၏ ခြေလက်လေးဖက်စလုံးတွင် အက်ကွဲကြောင်းလေးများ ပေါ်လာကာ သွေးများ စိမ့်ထွက်နေသည်။
သူသည် နာကျင်ကိုက်ခဲမှုကို သည်းခံပြီး လော့ယွီကို ကြည့်ရန် ရုန်းကန်နေရသည်။
"သူ......အဲဒါကို ခံနိုင်ရည်ရှိမှာလား......"
လော့ယွီက ဆို၏။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"
လော့ယွီက စုယန်ကို ကုဖေးတိ၏ နံဘေးသို့ သယ်သွားပြီး နီးကပ်စွာ ထားလိုက်သည်။ သူက စုယန်၏ လက်ချောင်းတစ်ချောင်းကို ဆွဲကိုင်လိုက်ပြီး ငွေအပ်တစ်ချောင်းနှင့် ထိုးကာ ကုဖေးတိ၏ နှုတ်ခမ်းနားသို့ တေ့လိုက်၏။
"မီးကူကိုထိန်းချုပ်ဖို့ မင်းသူ့ရဲ့သွေးတချို့ကိုစုပ်ယူရမယ်" လော့ယွီက ပြောသည်။
ကုဖေးတိ၏ မခံမရပ်နိုင်သောအမူအရာကိုမြင်တော့ လော့ယွီက အကြံထပ်ပေးလိုက်သည်။
"ဒါက မင်းတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်ပဲ။ မင်းစိတ်ရှည်သည်းခံဖို့လိုတယ်။ မင်းရဲ့စိတ်ခံစားမှုကြောင့်နဲ့ မင်းရဲ့ဆုံးဖြတ်ချက်တွေကို မထိခိုက်စေနဲ့"
ကုဖေးတိသည် မျက်လုံးများကိုမှိတ်ပြီး တစ်စက္ကန့်မျှ အံကြိတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် ပါးစပ်ကိုဖွင့်ကာ စုယန်၏လက်ချောင်းမှ အေးခဲနေသောသွေးများကို စုပ်ယူလိုက်ပါ၏။
ထူးခြားသည်မှာ စုယန်၏ သွေးများ ပါးစပ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ကုဖေးတိ၏ ခန္ဓာကိုယ်အတွင်းရှိ မီးတောက်ဖြူကူသည် အတော်လေး ငြိမ်သက်သွားခဲ့သည်။
"သူ့ရဲ့ 'ချန်ချန်း'ထဲကို အတွင်းအားတွေလွှဲလိုက်။ ပြီးရင် သူ့ရဲ့ 'တု'မယ်ရီဒီယန်ကနေ ကျောအောက်ဖက် 'မင်းမန်'အထိ ဖြန့်ကျက်လိုက်ပါ" လော့ယွီက ညွှန်ကြားလိုက်သည်။
ကုဖေးတိသည် စုယန်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး လော့ယွီ၏ ညွှန်ကြားချက်များအတိုင်း စုယန်၏ ခန္ဓာကိုယ်အတွင်းသို့ အတွင်းအားများ လွှဲပြောင်းပေးခဲ့သည်။
တောက်လောင်နေသော အပူဓာတ်ကို ရရှိပြီးနောက် ရေခဲဝိညာဉ်သည် မီရီဒီယန်များတစ်လျှောက် စီးဆင်းပြီး ကုဖေးတိ၏ အတွင်းစွမ်းအားများကို ဖြိုခွင်းကာ ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်ခဲ့သည်။ မီးတောက်ဖြူကူသည် ပိုမိုဆိုးရွားလာကာ ရေခဲဝိညာဉ်ကို ဖြိုခွဲရန် ကုဖေးတိ၏ မယ်ရီဒီယန်များအတွင်းသို့ ပျံ့နှံ့ရောက်ရှိသွားသည့် ၎င်း၏ လောင်ကျွမ်းနိုင်သောစွမ်းအားအချို့ကို တစ်နေရာတည်းတွင် စုစည်းလိုက်သည်။
ဤသို့ဖြင့် သူတို့၏ ခန္ဓာကိုယ် နှစ်ခုစလုံးသည် တိုက်ပွဲဖြစ်နေပြီး အတွင်းပိုင်းတွင် နာကျင်မှုများ ချက်ချင်း ထွက်ပေါ်လာသည်။
ကုဖေးတိသည် မညည်းတွားဘဲ မနေနိုင်ပေ။ သူ၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ သတိလစ်နေဆဲ စုယန်သည်ပင် သူ့လက်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားပါ၏။
"သည်းခံပါ!" လော့ယွီက ထပ်ပြီး မကူညီနိုင်တော့ဘဲ သူ့ကိုသာ တွန်းအားပေးနိုင်ခဲ့သည်။
"ဘာပဲဖြစ်ဖြစ် မင်းနောက်မဆုတ်ရဘူး။ မင်းအရှုံးပေးလိုက်ရင် မင်းတို့ နှစ်ယောက်လုံး သေဆုံးရလိမ့်မယ်!"
ကုဖေးတိ၏ သတိသည် တုန်လှုပ်စပြုနေပြီဖြစ်သည်။ သို့သော် ထိုစကားကို ကြားလိုက်သည်နှင့် နောက်ဆုံး မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာလေ၏။
ဝေဒနာသည် ပို၍ ပို၍ ပြင်းထန်လာသည်။ ကုဖေးတိသည် မထိန်းနိုင်ဘဲ သူ၏လည်ချောင်းမှ ခါးသီးသော ညည်းညူသံ ထွက်ပေါ်လာသည်။
စုယန်၏ ပါးစပ်နှင့် နှာခေါင်းတို့မှလည်း သွေးများ စီးကျလာ၏။ ထို့နောက်တွင် သူ၏မျက်ခုံးများသည် ဖြည်းညှင်းစွာ တွန့်ကျိုးသွားပြီး မရည်ရွယ်ဘဲ ငိုရှိုက်သံများစွာကို ထုတ်လွှတ်မိလိုက်သည်။
"အရမ်းနာတယ်......" စုယန်သည် သူ့၏ ဗလာကျင်းနေသော မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထောင့်ကနေ မျက်ရည်များ စီးကျလာပါ၏။
သူသည် ခပ်လှမ်းလှမ်းရှိ ရင်ခွင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ "နာတယ် အား...မင်းဘာလုပ်နေတာလဲ......"
စုယန်၏ နာကျင်စွာအော်ဟစ်သံကိုကြားသောအခါ ကုဖေးတိသည် မသိစိတ်က သူ၏အတွင်းအားကို ပြန်လည်ဆုတ်ခွာချင်ခဲ့သော်လည်း မီးတောက်ဖြူကူက ရုတ်တရတ် ပြင်းထန်လာသောကြောင့် တုန်လှုပ်သွားခဲ့သည်။
စုယန်၏ မျက်လုံးများက ဖြည်းဖြည်းချင်း အာရုံစူးစိုက်မိပြီး ကုဖေးတိကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။
"ဖေးတိ! မင်းဘာဖြစ်နေတာလဲ?!"
"မင်း သူ့ရဲ့ မီးတောက်ဖြူကူကို ချေမှုန်းဖို့ ကူညီပေးရမယ်" လော့ယွီက စုယန်၏ ပုခုံးကို ဖိပြီးပြောလိုက်သည်။
"ဒါမှမဟုတ်ရင် ဆယ့်ငါးမိနစ်အတွင်း သူ့ခန္ဓာကိုယ် ပေါက်ကွဲပြီး သူသေရလိမ့်မယ်!"
"ကျွန်တော်...... ကျွန်တော် ဘာလုပ်ရမလဲ" စုယန်၏ နှလုံးသားမှာ စိုးရိမ်မှုများ ပြည့်သွားသည်။
"'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်ပေးပြီး မီးတောက်ဖြူကူကို နှိမ်နင်းဖို့ ကူညီပေးလိုက်" လော့ယွီက ဆက်လက် ညွှန်ကြားသည်။
စုယန်သည် ခေါင်းညိတ်ကာ ကုဖေးတိ၏ အတွင်းအားနှင့် ပေါင်းစပ်ရန် 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို လှည့်ပတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် ကုဖေးတိ၏ မီးတောက်ဖြူကူကို ယဉ်ပါးအောင်လုပ်ခြင်းသည် စုယန်၏ ရေခဲဝိညာဉ်ကို ယဉ်ပါးအောင်လုပ်ခြင်းနှင့် လုံးဝ ကွဲပြားပါသည်။
ရေခဲဝိညာဉ်မှာ မူလက သခင်မရှိသလို အသိစိတ်လည်းမရှိပေ။ စုယန်သည် ရေကန်အောက်တွင် သေလုမျောပါး အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရပြီး သူ၏ မယ်ရီဒီယန်များတွင် ခိုအောင်းရန် ရေခဲဝိညာဉ်ကို မွေးမြူမိခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင် မီးတောက်ဖြူကူသည် မူလက အဲ့လော့ကွေးဂိုဏ်း၏ စုန်းခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်း နှစ်ပေါင်းများစွာ မွေးမြူထားခံခဲ့ရသည်။ ၎င်းသည် တော်ဝင်စုန်းသွေးဖြင့် ကြီးပြင်းလာခဲ့ပြီး အဲ့လော့ကွေးဂိုဏ်း၏ တော်ဝင်သွေး မပါရှိသော အပြင်လူများအပေါ် လွန်စွာ ရက်စက်ပေသည်။
ထို့ကြောင့် ကုဖေးတိ ကြုံတွေ့နေရသော အခြေအနေသည် စုယန်၏ မူလအခြေအနေထက် ပို၍ ခြိမ်းခြောက်ခံနေရသည်။
ကံကောင်းထောက်မစွာ၊ စုယန်သည် အဲ့လော့ကွေး၏ တော်ဝင်သွေးကို ပိုင်ဆိုင်ထားခဲ့ပြီး 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို လေ့ကျင့်ခဲ့သည်။ သူကူညီပေးနေသ၍ ကုဖေးတိ၏ အသက်အန္တရာယ်ကို ဖြေရှင်းနိုင်ပါသည်။
မီးတောက်ဖြူကူကိုထိန်းကျောင်းခြင်းလုပ်ငန်းစဥ်သည် နာကျင်ပြီး ရှည်ကြာသည်။
လော့ယွီသည် သူတို့ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ စုယန်နှင့် ကုဖေးတိ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို ဂရုတစိုက်ကြည့်နေသည်။
စုဟွိုက်ကျူးသည် အဲ့လော့ကျွယ်၏အလောင်းကို စုန်းဖြူမျှော်စင်မှဖယ်ရှားပြီးနောက်၊ အတွင်းရှိ လူသုံးယောက်ကို ကာကွယ်ရန် မျှော်စင်တံခါးရှေ့တွင် ရပ်နေသည်။
ခပ်လှမ်းလှမ်းတွင် အဲ့လော့ကွေး၏ ဟေးယွီတပ်မှ တပ်ဖွဲ့နှစ်ဖွဲ့သည် တိုက်ပွဲဖြစ်နေကြသည်။ လော့ယင်သည် တော်ဝင်မင်းသား၏ ပြန်လည်ထူထောင်ရေးတိုက်ပွဲအလံကို လွှင့်ထူပြီး သူ၏စစ်တပ်ကို နန်းတော်ထဲသို့ ဦးဆောင်ခဲ့လေ၏။
ရေခဲ့လွင်ပြင်တွင် ကုရော့ဟိုင်သည် ဖူလင်းယွင်၊ ဖန်ရှီတို့နှင်အတူ ထန်းယွင်စံအိမ်နှင့် ချန်ဖုန်းရွာ၏ လက်ရွေးစင်တပ်များအား ဦးဆောင်ကာ အဲ့လော့ကွေး၏ စစ်သည်များကို ဟန့်တားခဲ့ကြသည်။
တောင်ပိုင်းနယ်စပ်တွင်မူ ချင်ကျန်းယွဲ့နှင့် ချီထုန်း တို့သည် အဲ့လော့ကွေး၏ လက်ဝဲကာကွယ်ရေးတပ်ကို တိုက်ခိုက်ရန်အတွက် တော်ဝင်ခုံရုံးစစ်တပ်ကို ဦးဆောင်ခဲ့ကြလေသည်။
......
ပုလဲစံအိမ်၊ ကျောက်စိမ်းအိမ်တော်၌။
ပိတ်ထားသည့် ပြတင်းပေါက်နောက်မှ စူးစူးဝါးဝါးရယ်မောသံတစ်ခု ထွက်ပေါ်လာလေ၏။
_4.1.24
Thank for reading ❣️
Zawgyi
အခန္း-၁၁၀ အဆုံးသတ္တိုက္ပြဲ။
[ပိတ္ထားေသာ ျပတင္းေပါက္ေနာက္ကြယ္မွ ရယ္သံ]
အဲ့ေလာ့ကြၽယ္၏ စကားမဆုံးခင္မွာ 'ျမတ္နိုးမႈႏွလုံးသားဓား'၏ ခြၽန္ထက္ေသာဓားသြားက သူ႕ေရွ႕ကိုေရာက္ေနေပၿပီ။
ယခုအခ်ိန္ဟာ စုယန္၏ ေသေရးရွင္ေရးအေျခအေနပင္။ ကုေဖးတိသည္ အဲ့ေလာ့ကြၽယ္ကို တိုက္ခိုက္ရန္ သူ၏ဓားကို ျပင္းထန္စြာ လႊဲယမ္းခဲ့ၿပီး သူ၏ဒဏ္ရာမ်ားကို ဂ႐ုစိုက္ရန္ အခ်ိန္မရွိခဲ့ပါ။
"ဟမ္း!" အဲ့ေလာ့ကြၽယ္သည္ ကုေဖးတိ၏ ထိုးႏွက္ခ်က္မ်ားကို တားဆီးရန္ သူ႕လက္ထဲရွိ အရိုးေတာင္ေဝွးကို ျမႇောက္လိုက္သည္။ သူသည္ အရိုးေတာင္ေဝွးျဖင့္ ကုေဖးတိ၏ ဓားအတြင္းမွ စြမ္းအားအားလုံးကို ေခ်မႈန္းပစ္လိုက္သည္။
အေစာပိုင္းက သူသည္ အကာအကြယ္မပါဘဲ စုယန္၏ လက္ဖဝါးျဖင့္ တိုက္ခိုက္ခံခဲ့ရၿပီး အတြင္းဒဏ္ရာမွာ အေတာ္အတန္ ျပင္းထန္ခဲ့သည္။ ထိုလႈပ္ရွားမႈေၾကာင့္ သူသည္ ေခ်ာင္းဆိုးျခင္းကို မထိန္းနိုင္ဘဲ သူ၏ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား စီးက်လာေလ၏။
ကုေဖးတိသည္ ေနာက္ျပန္မဆုတ္ခဲ့ေပ။ သူသည္ သူ၏ဓားကိုလွန္ကာ အဲ့ေလာ့ကြၽယ္ကို ထပ္မံတိုက္ခိုက္ခဲ့သည္။
အဲ့ေလာ့ကြၽယ္သည္ စုယန္ကို လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္ထားၿပီး အျခားတစ္ဖက္ျဖင့္ ကုေဖးတိအား သေရက်ေအာင္ တိုက္ခိုက္နိုင္ေသးသည္။
သို႔ေသာ္ စုယန္သည္ ေရခဲဝိညာဥ္ႏွင့္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'၏ အက်ိဳးသက္ေရာက္မႈေၾကာင့္ သတိလစ္ေနၿပီး ေႏွာင့္ေႏွးေနလို႔ မရေတာ့ေပ။
ကုေဖးတိသည္ သူ၏စိုးရိမ္စိတ္ေၾကာင့္ မ်က္လုံးမ်ား နီရဲေနၿပီျဖစ္ေသာ္လည္း သူသည္ အားကိုးရာမဲ့ျဖစ္ေနၿပီး စုယန္ကို အဲ့ေလာ့ကြၽယ္လက္ထဲမွ ျပန္မေခၚနိုင္ခဲ့ေပ။
ထိုအခ်ိန္တြင္ မ်က္ႏွာဖုံးစြပ္ထားသည့္ အမ်ိဳးသားႏွစ္ဦးသည္ ေဟးယြီအရိပ္တပ္ဖြဲ႕ ဝတ္စုံမ်ား ၀တ္ဆင္ထားၿပီး စုန္းျဖဴေမွ်ာ္စင္ထဲသို႔ မီးခိုးေရာင္ဝတ္ထားေသာ အေလာင္းတစ္ခုကို ဆြဲေခၚလာခဲ့သည္။
အဲ့ေလာ့ကြၽယ္၏ အၾကည့္သည္ မီးခိုးေရာင္ ၀တ္ထားေသာ အမ်ိဳးသား၏ ေသြးမ်ား ဖုံးလႊမ္းေနေသာ အေလာင္းေပၚသို႔ က်ေရာက္သြားၿပီး ႐ုတ္တရက္ ရယ္ေမာလိုက္သည္။
"အဲ့ေလာ့ယင္... ငါကိုယ္ေတာ္ရဲ႕ ခ်စ္လွစြာေသာ တူေလး" သူသည္ ကုေဖးတိ၏ ထိုးႏွက္ခ်က္ကို ခုခံလိုက္ၿပီး မ်က္ခုံးပင့္ကာ ေမးလိုက္သည္။
"ၾကည့္ပါအုံး။ မင္းရဲ႕ ေက်ာက္စိမ္းအိမ္ေတာ္က အတန္းေဖာ္က ငါ့ကိုသတ္ၿပီး အာဏာသိမ္းဖို႔ ႀကိဳးစားခဲ့တယ္... ဒါေပမယ့္ အခ်ည္းႏွီးပဲ"
ကုေဖးတိ၏ လည္ေခ်ာင္း အနည္းငယ္ တုန္ယင္လာသည္။ သူ အနည္းငယ္ ထိတ္လန႔္သြားသည္မွာ ထင္ရွားေပ၏။
သို႔ေသာ္ လက္ရွိအေျခအေနအရ ေလာ့ယင္ကို ဂ႐ုမစိုက္နိုင္ေပ။ စုယန္၏အသက္သည္ ခ်ည္မွ်င္ျဖင့္ ခ်ည္ေႏွာင္ထားသကဲ့သို႔ အလြန္အေရးႀကီးေသာ အေျခအေနတြင္ ရွိေနသည္။ သူသည္ အဲ့ေလာ့ကြၽယ္ႏွင့္ တိုက္ပြဲတြင္သာ အာ႐ုံစိုက္ၿပီး စုယန္ကို တတ္နိုင္သမွ် အျမန္ဆုံး ျပန္ေခၚနိုင္မွရမည္။
တျဖည္းျဖည္းခ်င္း ကုေဖးတိ၏ဓားတိုက္ခိုက္မႈမ်ားသည္ ပိုမိုအားေကာင္းလာၿပီး အဲ့ေလာ့ကြၽယ္ကို လႊမ္းမိုးလာနိုင္ခဲ့သည္။ ၎ဟာ သူကြၽမ္းက်င္သည့္ ေလ့က်င့္မႈတစ္ခုျဖစ္ေၾကာင္း သိသာထင္ရွားပါသည္။ သို႔ေသာ္ သူသည္ ယခင္ကႏွင့္ လုံးဝျခားနားေသာ အရွိန္အဟုန္ကို အေကာင္အထည္ေဖာ္ခဲ့သည္။
သူသည္ ေရွ႕သို႔ ျပတ္ျပတ္သားသား ဆက္တိုးေနၿပီး ေနာက္ဆုတ္ရန္ ေနရာမရွိေပ။
ဒဏ္ရာေဝဒနာမ်ားက အေရးမႀကီးပါ။ ေသျခင္းတရားကို ေၾကာက္႐ြံ႕စရာ မရွိပါ...။
သတိေမ့ေနေသာစုယန္အား အဲ့ေလာ့ကြၽယ္၏လက္ထဲတြင္ အသက္ရႉႏႈန္း အားနည္းသြားသည္ကို ကူကယ္ရာမဲ့ၾကည့္ေနရျခင္းႏွင့္ ယွဥ္ပါက ဤကမာၻတြင္ တျခားမည္သည့္အရာကမွ သူအား ေၾကာက္႐ြံ႕ေစရန္ မစြမ္းေဆာင္နိုင္ပါေခ်။
သို႔ေသာ္ အဲ့ေလာ့ကြၽယ္သည္ အလြန္အစြမ္းထက္သည္။
ကုေဖးတိက သူ႕ကို ေတာက္ေလွ်ာက္ ဖိအားေပးေနခ်ိန္မွာေတာင္ သူက သက္ေတာင့္သက္သာ ကိုင္တြယ္နိုင္ပါေသးသည္။
တိုက္ပြဲရွည္ၾကာေလေလ စုယန္အတြက္ ပိုအႏၲရာယ္မ်ားေလေလျဖစ္သည္။ ကုေဖးတိသည္ စိတ္ေလာေနၿပီး သူ၏တိုက္ခိုက္မႈမ်ားသည္ ပို၍ပို၍ စိတ္မရွည္ျဖစ္လာကာ အသြင္သ႑ာန္မ်ား တျဖည္းျဖည္း ဆုံးရႈံးလာခဲ့သည္။
အဲ့ေလာ့ကြၽယ္သည္ ကုေဖးတိ၏လႈပ္ရွားမႈမ်ားကို ေပါ့ေပါ့ပါးပါးႏွင့္ ကြၽမ္းက်င္စြာ တားဆီးရန္ သူ႕လက္ကို ျမႇောက္လိုက္သည္။ သူက ရယ္ေမာၿပီး ေျပာလိုက္၏။
"......ၿပီးသြားၿပီ"
သူ႕စကား၏ေနာက္တြင္ အလြန္ထက္ျမက္ေသာ ဓားတစ္ေခ်ာင္းသည္ သူ၏ေနာက္ေက်ာမွ ရင္ဘတ္တေလွ်ာက္ ထိုးေဖာက္ဝင္ေရာက္လာသည္။
ကုေဖးတိပင္လွ်င္ ဤ႐ုတ္တရက္ေျပာင္းလဲမႈေၾကာင့္ အံ့ၾသသြားရသည္။
ေနာက္သို႔ၾကည့္ရန္ ယိမ္းႏြဲ႕ယိမ္းယိုင္ႏွင့္ ေခါင္းကိုလွည့္လိုက္စဥ္ အဲ့ေလာ့ကြၽယ္၏ မ်က္ႏွာေပၚတြင္ မထင္မွတ္ထားေသာ စိတ္ခံစားမႈမ်ား စုပုံလာသည္။
ေလာ့ယင္သည္ ဒဏ္ရာမ်ားႏွင့္ ေသြးမ်ားစြန္းထင္းေနခဲ့သည္။ သူသည္ မၾကာေသးမီက အေလာင္းတစ္ခုျဖစ္ခဲ့ပါ၏။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူသည္ ဓားကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားၿပီး အဲ့ေလာ့ကြၽယ္ကို ေအးစက္စြာ စိုက္ၾကည့္ေနေလသည္။
သူက တိုးတိုးေလး ေခၚလိုက္၏။
"ဦးရီးေတာ္"
ထို႔ေနာက္ ဓားကို ဆြဲထုတ္လိုက္သည္။
ကုေဖးတိသည္ အဲ့ေလာ့ကြၽယ္၏ လက္ေကာက္ဝတ္ကို ဓားတစ္ခ်က္ ပြတ္ဆြဲလိုက္ၿပီး စုယန္အား အျမန္ဆြဲထုတ္ကာ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္သည္။
ေလာ့ယင္ အနားရွိ အရိပ္တပ္ဖြဲ႕ဝတ္စုံ ဝတ္ဆင္ထားေသာ သူသည္ ခ်က္ခ်င္း ေရွ႕သို႔ တိုးလာကာ မ်က္ႏွာဖုံးကို ဖယ္ရွားလိုက္သည္။
"ႏွလုံးေႏြးေဆးေတြ က်န္ေသးလား? သူ႕ပါးစပ္ထဲထည့္လိုက္။ သူ႕ကို ခ်က္ခ်င္းအပ္စိုက္ကုဖို႔လိုတယ္။ ေႏွာင့္ေႏွးေနလို႔မရဘူး!"
ကုေဖးတိသည္ ေလာ့ယြီကို ေၾကာင္တက္တက္ ၾကည့္ေနၿပီးေနာက္ သတိဝင္လာကာ အျမန္ေခါင္းညိတ္လိုက္သည္။ စုယန္၏အကၤ်ီေအာက္ရွိ ပိုးထည္အိတ္ကို ခ်က္ခ်င္းဖြင့္ၿပီး ႏွလုံးေႏြးေဆးပါဝင္ေသာ ေႂကြပုလင္းကို ထုတ္ယူလိုက္သည္။
႐ုတ္တရက္ တိုက္ခိုက္သံမ်ား ထြက္ေပၚလာ၏။
ေလာ့ယြီသည္ တအံ့တၾသျဖင့္ ေခါင္းကို လွည့္ၾကည့္လိုက္ရာ ျပင္းထန္စြာ ဒဏ္ရာရၿပီး ေသဆုံးလုနီးပါး ျဖစ္ေနေသာ အဲ့ေလာ့ကြၽယ္သည္ ျပန္လည္ခုခံရန္ ခြန္အားရွိေနေသးသည္ကို ေတြ႕လိုက္ရသည္။ သူသည္ ေလာ့ယင္ႏွင့္ အရိပ္တပ္ဖြဲ႕ စစ္သားတစ္ဦးကို တိုက္ခိုက္ေနေလ၏။
ကုေဖးတိသည္ စုယန္၏ ပါးစပ္ထဲသို႔ ႏွလုံးေႏြးေဆးကို ထည့္ၿပီးေနာက္ 'ျမတ္နိုးမႈႏွလုံးသားဓား'ကို တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ သူသည္ တိုက္ပြဲျဖစ္ေနေသာ လူႏွစ္ေယာက္ကို အဲ့ေလာ့ကြၽယ္ရန္မွ ကာကြယ္ရန္ ျပင္လိုက္သည္။
အဲ့ေလာ့ကြၽယ္သည္ ထိုအခ်ိန္တြင္ ႐ူးသြပ္လုနီးပါး ျဖစ္ေနသည္။
သူ၏မ်က္လုံးမ်ားသည္ အျဖဴေရာင္ အလႊာျဖင့္ ဖုံးအုပ္ေနၿပီး နတ္ဆိုးတစ္ေကာင္ကဲ့သို႔ ျဖစ္ေန၏။
သို႔ေသာ္ ဓားထိုးခံထားရေသာ သူ၏ရင္ဘတ္ေပၚရွိ အေပါက္သည္ ေသြးမထြက္ေတာ့ေပ။ ထိုဒဏ္ရာမွ အျဖဴေရာင္ ပိုးေကာင္မ်ား တြားသြားထြက္လာကာ ေသေစနိုင္ေသာ ဒဏ္ရာကို ယာယီ ဖိႏွိပ္ရန္ ကူညီေပးေနသည္။ သူ၏ ျပတ္ရွသြားေသာ လက္ေကာက္ဝတ္သည္ပင္ ႂကြက္သားမွ်င္မ်ားျဖင့္ ျပန္လည္ခ်ိတ္ဆတ္ထားသည္။
အဲ့ေလာ့ကြၽယ္သည္ ေသလုေမ်ာပါးအေျခအေနတြင္ ပိတ္မိေနေသာ သားရဲသဖြယ္ျဖစ္ေနၿပီး ေလာ့ယင္သည္ သူႏွင့္ ရင္ဆိုင္ရန္ ႐ုန္းကန္ေနရသည္။ ဆက္လက္တိုက္ပြဲျဖစ္ေနရင္း ေလာ့ယင္ႏွင့္ စစ္သည္၏ ပူးေပါင္းတိုက္ခိုက္မႈမွာ အနည္းငယ္ အားနည္းသြားခဲ့သည္။
ကုေဖးတိသည္ ေငြေရာင္အပ္မ်ားျဖင့္ ဖုံးလႊမ္းေနေသာ စုယန္၏ ခႏၶာကိုယ္မွ အၾကည့္ကို လႊဲလိုက္ၿပီး တိုက္ပြဲထဲသို႔ ဝင္ေရာက္ခဲ့သည္။ ဓားကိုင္ထားေသာ သူ၏လက္သည္ အနည္းငယ္ တုန္ယင္ေန၏။
ေနာက္ဆုံးေတာ့ သူ သည္းမခံနိုင္ေတာ့ဘဲ သူ၏ ေျခေထာက္ေတြ အနည္းငယ္ တုန္လႈပ္သြားၿပီး စုယန္ကိုကူညီဖို႔ ေရွ႕သို႔ လွမ္းခ်င္လာသည္။
ခ်က္ခ်င္းပင္၊ ေအးစိမ့္ေသာေလသည္ စုန္းျဖဴေမွ်ာ္စင္၏ တံခါးဝမွ ႐ုတ္ျခည္း တိုးဝင္လာသည္။
စုဟြိုက္က်ဴးသည္ အတြင္းထဲသို႔ ေျပးဝင္လာ၏။ သူ၏မ်က္ႏွာမွာ ႏွင္းကဲ့သို႔ ျဖဴေဖ်ာ့ေနေသာ္လည္း သူ၏မ်က္လုံးမ်ားက ၾကယ္မ်ားသဖြယ္ စူးရွေတာက္ပေနေလသည္။
အဲ့ေလာ့ကြၽယ္က အံႀကိတ္ၿပီး ေျပာလိုက္၏။
"အဲဒါ မင္းပဲ! မင္း အသက္ရွင္ေနတုန္းပဲ! မင္းက ငါ့ရဲ႕ က်င္းအာကို ခိုးသြားတဲ့အယုတ္တမာေကာင္!"
သူသည္ ေလာ့ယင္ႏွင့္ တိုက္ပြဲကို ခ်က္ခ်င္း စြန႔္လႊတ္လိုက္ၿပီး အရိုးေတာင္ေဝွးျဖင့္ စုဟြိုက္က်ဴးကို တိုက္ခိုက္လိုက္သည္။
ျဖဴေဖြးေသာ ပိုးေကာင္ အမ်ားအျပားသည္ သူ၏အေရျပားတစ္ေလွ်ာက္မွ ေဖာက္ထြက္လာၿပီး အရိုးေတာင္ေဝွးတစ္ေလွ်ာက္ ေျပးကာ စုဟြိုက္က်ဴး၏ ပါးလႊာေသာ ဓားဆီသို႔ တစ္ခဏခ်င္း ေရာက္ရွိသြားသည္။
စုဟြိုက္က်ဴးသည္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'ကို ျဖန႔္က်က္လိုက္ၿပီး ဓား၏အစြန္းတြင္ စုၿပဳံေနေသာ ပိုးေကာင္မ်ားကို ေအးစက္ေသာ အတြင္းအားျဖင့္ လွီးျဖတ္လိုက္သည္။
ပိုးေကာင္မ်ားသည္ လက္ခံေကာင္ႏွင့္ ကြဲကြာသြားသည့္အခါ ခ်က္ခ်င္းဆိုသလို အျဖဴေရာင္မီးေတာက္မ်ားအျဖစ္ ေလာင္ကြၽမ္းသြားၿပီး အစအနမက်န္ဘဲ ေပ်ာက္ကြယ္သြားေလသည္။
အဲ့ေလာ့ကြၽယ္ႏွင့္ စုဟြိုက္က်ဴး ထိပ္တိုက္ေတြ႕ေသာအခါ၊ တစ္ဖက္တြင္ ေလာ့ယင္သည္ အခြင့္အေရးတစ္ခုကို ေတြ႕ရွိခဲ့သည္။ သူက ဓားကို ျမႇောက္ကာ အဲ့ေလာ့ကြၽယ္၏လည္ပင္းကို ခ်ိန္႐ြယ္လိုက္ေလ၏။
--သို႔ေသာ္ စုဟြိုက္က်ဴး၏ ပါးလႊာေသာဓားျဖင့္ တားဆီးခံခဲ့ရသည္။
"သူက မီးေတာက္ျဖဴကူကို ႏွိုးဆြၿပီးၿပီ" စုဟြိုက္က်ဴးက ကုေဖးတိကိုၾကည့္ဖို႔ ေခါင္းကိုလွည့္ၿပီး "ေနာက္ဆုံး လုပ္ႀကံမႈကို မင္းလုပ္မွရမယ္!"
၎ကိုၾကားေတာ့ အဲ့ေလာ့ကြၽယ္က ေအာ္ဟစ္ၿပီး ကုေဖးတိကို တိုက္ခိုက္ဖို႔ လွည့္လိုက္သည္။
စုဟြိုက္က်ဴးသည္ သူ၏ဓားကို လွန္လိုက္ၿပီး ကုေဖးတိအား ေျပာလိုက္၏။ "သူ႕ေခါင္းကို ျဖတ္လိုက္!"
'ျမတ္နိုးမႈႏွလုံးသားဓား'သည္ အမိန႔္အတိုင္း ေ႐ြ႕လ်ားသြားသည္။
၎သည္ တစ္ခ်က္တည္းျဖင့္ ေခါင္းကို တိကနဲ ျပတ္သြားေစပါ၏။
စုဟြိုက္က်ဴးက ေလာ့ယင္ကို ေနာက္ျပန္ဆြဲေခၚသြားခဲ့သည္။
အဲ့ေလာ့ကြၽယ္၏ ခႏၶာကိုယ္သည္ အႀကိမ္အနည္းငယ္ ယိမ္းယိုင္သြားကာ ေနာက္ဆုံးတြင္ ၾကာၾကာမထိန္းနိုင္ဘဲ ေျမျပင္ေပၚသို႔ ျပင္းထန္စြာ ၿပိဳလဲက်သြားသည္။
တစ္စကၠန႔္အတြင္းမွာပင္ သူ႕ခႏၶာကိုယ္မွ ျပင္းထန္ေသာ အပူလွိုင္းတစ္ခု ထြက္ေပၚလာသည္။
ခ်က္ခ်င္းဆိုသလိုပဲ လက္သည္းခြံအ႐ြယ္ရွိေသာ ေငြျဖဴေရာင္ ပိုးေကာင္တစ္ေကာင္သည္ အဲ့ေလာ့ကြၽယ္၏ ခႏၶာကိုယ္ထဲမွ တိုးထြက္လာသည္။ ၎သည္ ႐ုတ္တရက္ အေတာင္ပံမ်ားကို ျဖန႔္ကာ မယုံနိုင္ေလာက္ေအာင္ လ်င္ျမန္ေသာအရွိန္ျဖင့္ ကုေဖးတိ၏ ရင္ဘတ္ထဲသို႔ တိုးဝင္သြားေလ၏။
ကုေဖးတိ၏အဝတ္သည္ ေလာင္ကြၽမ္းၿပီး ေပါက္ၿပဲသြားခဲ့သည္။ ကူပိုးေကာင္သည္ သူ၏ အေရျပားႏွင့္ ႂကြက္သားမ်ားမွတဆင့္ ႏွလုံးထဲေရာက္သည္အထိ အျပင္းအထန္ တိုးဝင္သြားခဲ့ေလ၏။
"အား--!" ကုေဖးတိသည္ နာက်င္စြာ ညည္းတြားရင္း သူ၏ရင္ဘက္ကို တင္းတင္းဆုပ္ကိုင္လိုက္သည္။ ခဏအၾကာတြင္ သူ ေခြၽးသီးမ်ား ထြက္က်လာသည္။
'ျမတ္နိုးမႈႏွလုံးသား'ဓားသည္ ေျမေပၚသို႔ ျပဳတ္က်သြားေလ၏။ သူသည္းမခံနိုင္ဘဲ ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး ျပင္းထန္ေသာ နာက်င္မႈကို ခံနိုင္ရည္ရွိေစရန္ သူ၏ အတြင္းအားကို ထိန္းေက်ာင္းခဲ့သည္။ သူ၏တစ္ကိုယ္လုံးသည္ ပူေလာင္ေနေသာ ေခ်ာ္ရည္မ်ားျဖင့္ ဝိုင္းရံထားခံရသလို ခံစားေနရသည္။
ေအးခဲေနေသာ လက္တစ္စုံသည္ ကုေဖးတိ၏ လည္တိုင္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'၏ ေအးစက္ေသာ အတြင္းအားသည္ ျဖည္းညွင္းစြာ စီးဝင္လာကာ ကုေဖးတိကို အနည္းငယ္ သက္သာရာရေစသည္။
စုဟြိုက္က်ဴးက ေခ်ာင္းဆိုးလိုက္ၿပီး သူ႕လည္ေခ်ာင္းထဲက ေသြးေတြကို မ်ိဳခ်လိဳက္သည္။ သူက မ်က္ေမွာင္ၾကဳတ္ကာ ေလာ့ယြီကို ေမးလိုက္၏။
"စုယန္ ဘယ္လိုေနလဲ? သူ ဘယ္ေတာ့ နိုးမွာလဲ?"
ေလာ့ယြီသည္ ေငြအပ္တစ္ေခ်ာင္းကို လွည့္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ ဆိုသည္။
"သူ႕ခႏၶာကိုယ္က ဇာမဏီေက်ာက္စိမ္းရဲ႕ အကာအကြယ္ကို ဆုံးရႈံးသြားၿပီး 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'ကို အတင္းလွည့္ပတ္ခဲ့တယ္...... သူ႕ႏွလုံးကို ေအးခဲမသြားေစဖို႔ ငါအစြမ္းကုန္ ႀကိဳးစားၿပီးၿပီ။ ဘယ္ေတာ့နိုးမလဲဆိုတာကေတာ့...."
စုဟြိုက္က်ဴးက မ်က္ေမွာင္ၾကဳတ္ကာ ဆိုသည္။
"ဒါေပမယ့္ သူ႕အကူအညီမပါရင္ ေဖးတိ ေသရလိမ့္မယ္"
ထိုအခ်ိန္တြင္ လူတိုင္း တုန္လႈပ္ေခ်ာက္ခ်ားေနၿပီး ဤျပႆနာအား မည္သို႔ေျဖရွင္းရမည္ကို မသိနိုင္ခဲ့ၾကေပ။
အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ ေလာ့ယင္က တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္။
"ဒီေနရာကိုကာကြယ္ဖို႔ အေစာင့္တစ္ေယာက္ ထားခဲ့မယ္။ ကြၽန္ေတာ္ ေတာ္ဝင္နန္းတြင္းက ကေမာက္ကမျဖစ္မႈကို အရင္ေျဖရွင္းၿပီး ေနာက္မွျပန္လာခဲ့ပါမယ္"
ေလာ့ယင္ စုန္းျဖဴေမွ်ာ္စင္မွ ထြက္သြားသည္ကို ၾကည့္ၿပီးေနာက္ ေလာ့ယြီသည္ အံႀကိတ္ကာ ေျပာလိုက္သည္။
"လက္ရွိအေျခအေနအရ ငါတို႔ စြန႔္စားၾကည့္႐ုံပဲေပါ့"
စုဟြိုက္က်ဴးက ေမးသည္။
"ဘယ္လိုလုပ္ၿပီးလဲ?"
ေလာ့ယြီသည္ ကုေဖးတိကိုၾကည့္ကာ စူးစူးဝါးဝါးေျပာသည္။
"အခုပဲ မင္းက မီးေတာက္ကူျဖဴရဲ႕ အပူဓာတ္ကို စုယန္ရဲ႕ ခႏၶာကိုယ္ထဲကို ျဖန႔္ေပးရမယ္။ ဒါက မင္းတို႔ႏွစ္ေယာက္စလုံး အသက္ရွင္ခြင့္ရဖို႔ ျဖစ္နိုင္တယ္"
ထိုအခ်ိန္တြင္၊ ကုေဖးတိ၏အေရျပားသည္ တစ္ျပင္လုံး နီရဲစြာ ေလာင္ကြၽမ္းေနၿပီး၊ သူ၏ ေျခလက္ေလးဖက္စလုံးတြင္ အက္ကြဲေၾကာင္းေလးမ်ား ေပၚလာကာ ေသြးမ်ား စိမ့္ထြက္ေနသည္။
သူသည္ နာက်င္ကိုက္ခဲမႈကို သည္းခံၿပီး ေလာ့ယြီကို ၾကည့္ရန္ ႐ုန္းကန္ေနရသည္။
"သူ......အဲဒါကို ခံနိုင္ရည္ရွိမွာလား......"
ေလာ့ယြီက ဆို၏။
"ဒါက တစ္ခုတည္းေသာ နည္းလမ္းပဲ"
ေလာ့ယြီက စုယန္ကို ကုေဖးတိ၏ နံေဘးသို႔ သယ္သြားၿပီး နီးကပ္စြာ ထားလိုက္သည္။ သူက စုယန္၏ လက္ေခ်ာင္းတစ္ေခ်ာင္းကို ဆြဲကိုင္လိုက္ၿပီး ေငြအပ္တစ္ေခ်ာင္းႏွင့္ ထိုးကာ ကုေဖးတိ၏ ႏႈတ္ခမ္းနားသို႔ ေတ့လိုက္၏။
"မီးကူကိုထိန္းခ်ဳပ္ဖို႔ မင္းသူ႕ရဲ႕ေသြးတခ်ိဳ႕ကိုစုပ္ယူရမယ္" ေလာ့ယြီက ေျပာသည္။
ကုေဖးတိ၏ မခံမရပ္နိုင္ေသာအမူအရာကိုျမင္ေတာ့ ေလာ့ယြီက အႀကံထပ္ေပးလိုက္သည္။
"ဒါက မင္းတို႔ႏွစ္ေယာက္ရဲ႕အနာဂတ္အတြက္ပဲ။ မင္းစိတ္ရွည္သည္းခံဖို႔လိုတယ္။ မင္းရဲ႕စိတ္ခံစားမႈေၾကာင့္နဲ႕ မင္းရဲ႕ဆုံးျဖတ္ခ်က္ေတြကို မထိခိုက္ေစနဲ႕"
ကုေဖးတိသည္ မ်က္လုံးမ်ားကိုမွိတ္ၿပီး တစ္စကၠန႔္မွ် အံႀကိတ္လိုက္သည္။ ေနာက္ဆုံးတြင္ သူသည္ ပါးစပ္ကိုဖြင့္ကာ စုယန္၏လက္ေခ်ာင္းမွ ေအးခဲေနေသာေသြးမ်ားကို စုပ္ယူလိုက္ပါ၏။
ထူးျခားသည္မွာ စုယန္၏ ေသြးမ်ား ပါးစပ္ထဲသို႔ ဝင္လာသည္ႏွင့္ တၿပိဳင္နက္ ကုေဖးတိ၏ ခႏၶာကိုယ္အတြင္းရွိ မီးေတာက္ျဖဴကူသည္ အေတာ္ေလး ၿငိမ္သက္သြားခဲ့သည္။
"သူ႕ရဲ႕ 'ခ်န္ခ်န္း'ထဲကို အတြင္းအားေတြလႊဲလိုက္။ ၿပီးရင္ သူ႕ရဲ႕ 'တု'မယ္ရီဒီယန္ကေန ေက်ာေအာက္ဖက္ 'မင္းမန္'အထိ ျဖန႔္က်က္လိုက္ပါ" ေလာ့ယြီက ၫႊန္ၾကားလိုက္သည္။
ကုေဖးတိသည္ စုယန္ကို ရင္ခြင္ထဲတြင္ ေပြ႕ဖက္ထားၿပီး ေလာ့ယြီ၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း စုယန္၏ ခႏၶာကိုယ္အတြင္းသို႔ အတြင္းအားမ်ား လႊဲေျပာင္းေပးခဲ့သည္။
ေတာက္ေလာင္ေနေသာ အပူဓာတ္ကို ရရွိၿပီးေနာက္ ေရခဲဝိညာဥ္သည္ မီရီဒီယန္မ်ားတစ္ေလွ်ာက္ စီးဆင္းၿပီး ကုေဖးတိ၏ အတြင္းစြမ္းအားမ်ားကို ၿဖိဳခြင္းကာ ျပင္းထန္စြာ တန္ျပန္တိုက္ခိုက္ခဲ့သည္။ မီးေတာက္ျဖဴကူသည္ ပိုမိုဆိုး႐ြားလာကာ ေရခဲဝိညာဥ္ကို ၿဖိဳခြဲရန္ ကုေဖးတိ၏ မယ္ရီဒီယန္မ်ားအတြင္းသို႔ ပ်ံ့ႏွံ႕ေရာက္ရွိသြားသည့္ ၎၏ ေလာင္ကြၽမ္းနိုင္ေသာစြမ္းအားအခ်ိဳ႕ကို တစ္ေနရာတည္းတြင္ စုစည္းလိုက္သည္။
ဤသို႔ျဖင့္ သူတို႔၏ ခႏၶာကိုယ္ ႏွစ္ခုစလုံးသည္ တိုက္ပြဲျဖစ္ေနၿပီး အတြင္းပိုင္းတြင္ နာက်င္မႈမ်ား ခ်က္ခ်င္း ထြက္ေပၚလာသည္။
ကုေဖးတိသည္ မညည္းတြားဘဲ မေနနိုင္ေပ။ သူ၏လက္မ်ားကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားမိသည္။ သတိလစ္ေနဆဲ စုယန္သည္ပင္ သူ႕လက္ထဲတြင္ ျပင္းထန္စြာ တုန္လႈပ္သြားပါ၏။
"သည္းခံပါ!" ေလာ့ယြီက ထပ္ၿပီး မကူညီနိုင္ေတာ့ဘဲ သူ႕ကိုသာ တြန္းအားေပးနိုင္ခဲ့သည္။
"ဘာပဲျဖစ္ျဖစ္ မင္းေနာက္မဆုတ္ရဘူး။ မင္းအရႈံးေပးလိုက္ရင္ မင္းတို႔ ႏွစ္ေယာက္လုံး ေသဆုံးရလိမ့္မယ္!"
ကုေဖးတိ၏ သတိသည္ တုန္လႈပ္စျပဳေနၿပီျဖစ္သည္။ သို႔ေသာ္ ထိုစကားကို ၾကားလိုက္သည္ႏွင့္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ အလင္းတန္းေလးတစ္ခု ထြက္ေပၚလာေလ၏။
ေဝဒနာသည္ ပို၍ ပို၍ ျပင္းထန္လာသည္။ ကုေဖးတိသည္ မထိန္းနိုင္ဘဲ သူ၏လည္ေခ်ာင္းမွ ခါးသီးေသာ ညည္းၫူသံ ထြက္ေပၚလာသည္။
စုယန္၏ ပါးစပ္ႏွင့္ ႏွာေခါင္းတို႔မွလည္း ေသြးမ်ား စီးက်လာ၏။ ထို႔ေနာက္တြင္ သူ၏မ်က္ခုံးမ်ားသည္ ျဖည္းညွင္းစြာ တြန႔္က်ိဳးသြားၿပီး မရည္႐ြယ္ဘဲ ငိုရွိုက္သံမ်ားစြာကို ထုတ္လႊတ္မိလိုက္သည္။
"အရမ္းနာတယ္......" စုယန္သည္ သူ႕၏ ဗလာက်င္းေနေသာ မ်က္လုံးမ်ားကို ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္ၿပီး သူ၏ မ်က္လုံးေထာင့္ကေန မ်က္ရည္မ်ား စီးက်လာပါ၏။
သူသည္ ခပ္လွမ္းလွမ္းရွိ ရင္ခြင္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ကာ ရွိုက္ႀကီးတငင္ ငိုေႂကြးခဲ့သည္။ "နာတယ္ အား...မင္းဘာလုပ္ေနတာလဲ......"
စုယန္၏ နာက်င္စြာေအာ္ဟစ္သံကိုၾကားေသာအခါ ကုေဖးတိသည္ မသိစိတ္က သူ၏အတြင္းအားကို ျပန္လည္ဆုတ္ခြာခ်င္ခဲ့ေသာ္လည္း မီးေတာက္ျဖဴကူက ႐ုတ္တရတ္ ျပင္းထန္လာေသာေၾကာင့္ တုန္လႈပ္သြားခဲ့သည္။
စုယန္၏ မ်က္လုံးမ်ားက ျဖည္းျဖည္းခ်င္း အာ႐ုံစူးစိုက္မိၿပီး ကုေဖးတိကို ျမင္ေသာအခါ စိုးရိမ္တႀကီး ေမးလိုက္သည္။
"ေဖးတိ! မင္းဘာျဖစ္ေနတာလဲ?!"
"မင္း သူ႕ရဲ႕ မီးေတာက္ျဖဴကူကို ေခ်မႈန္းဖို႔ ကူညီေပးရမယ္" ေလာ့ယြီက စုယန္၏ ပုခုံးကို ဖိၿပီးေျပာလိုက္သည္။
"ဒါမွမဟုတ္ရင္ ဆယ့္ငါးမိနစ္အတြင္း သူ႕ခႏၶာကိုယ္ ေပါက္ကြဲၿပီး သူေသရလိမ့္မယ္!"
"ကြၽန္ေတာ္...... ကြၽန္ေတာ္ ဘာလုပ္ရမလဲ" စုယန္၏ ႏွလုံးသားမွာ စိုးရိမ္မႈမ်ား ျပည့္သြားသည္။
"'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'ကို သူ႕ခႏၶာကိုယ္ထဲ လွည့္ပတ္ေပးၿပီး မီးေတာက္ျဖဴကူကို ႏွိမ္နင္းဖို႔ ကူညီေပးလိုက္" ေလာ့ယြီက ဆက္လက္ ၫႊန္ၾကားသည္။
စုယန္သည္ ေခါင္းညိတ္ကာ ကုေဖးတိ၏ အတြင္းအားႏွင့္ ေပါင္းစပ္ရန္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'ကို လွည့္ပတ္လိုက္သည္။
ယခုတစ္ႀကိမ္တြင္ ကုေဖးတိ၏ မီးေတာက္ျဖဴကူကို ယဥ္ပါးေအာင္လုပ္ျခင္းသည္ စုယန္၏ ေရခဲဝိညာဥ္ကို ယဥ္ပါးေအာင္လုပ္ျခင္းႏွင့္ လုံးဝ ကြဲျပားပါသည္။
ေရခဲဝိညာဥ္မွာ မူလက သခင္မရွိသလို အသိစိတ္လည္းမရွိေပ။ စုယန္သည္ ေရကန္ေအာက္တြင္ ေသလုေမ်ာပါး အေတြ႕အႀကဳံမ်ားကို ျဖတ္သန္းခဲ့ရၿပီး သူ၏ မယ္ရီဒီယန္မ်ားတြင္ ခိုေအာင္းရန္ ေရခဲဝိညာဥ္ကို ေမြးျမဴမိခဲ့ျခင္းျဖစ္သည္။
အျခားတစ္ဖက္တြင္ မီးေတာက္ျဖဴကူသည္ မူလက အဲ့ေလာ့ေကြးဂိုဏ္း၏ စုန္းေခါင္းေဆာင္၏ ခႏၶာကိုယ္အတြင္း ႏွစ္ေပါင္းမ်ားစြာ ေမြးျမဴထားခံခဲ့ရသည္။ ၎သည္ ေတာ္ဝင္စုန္းေသြးျဖင့္ ႀကီးျပင္းလာခဲ့ၿပီး အဲ့ေလာ့ေကြးဂိုဏ္း၏ ေတာ္ဝင္ေသြး မပါရွိေသာ အျပင္လူမ်ားအေပၚ လြန္စြာ ရက္စက္ေပသည္။
ထို႔ေၾကာင့္ ကုေဖးတိ ႀကဳံေတြ႕ေနရေသာ အေျခအေနသည္ စုယန္၏ မူလအေျခအေနထက္ ပို၍ ၿခိမ္းေျခာက္ခံေနရသည္။
ကံေကာင္းေထာက္မစြာ၊ စုယန္သည္ အဲ့ေလာ့ေကြး၏ ေတာ္ဝင္ေသြးကို ပိုင္ဆိုင္ထားခဲ့ၿပီး 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'ကို ေလ့က်င့္ခဲ့သည္။ သူကူညီေပးေနသ၍ ကုေဖးတိ၏ အသက္အႏၲရာယ္ကို ေျဖရွင္းနိုင္ပါသည္။
မီးေတာက္ျဖဴကူကိုထိန္းေက်ာင္းျခင္းလုပ္ငန္းစဥ္သည္ နာက်င္ၿပီး ရွည္ၾကာသည္။
ေလာ့ယြီသည္ သူတို႔ေဘးတြင္ တင္ပ်ဥ္ေခြထိုင္ကာ စုယန္ႏွင့္ ကုေဖးတိ၏ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနမ်ားကို ဂ႐ုတစိုက္ၾကည့္ေနသည္။
စုဟြိုက္က်ဴးသည္ အဲ့ေလာ့ကြၽယ္၏အေလာင္းကို စုန္းျဖဴေမွ်ာ္စင္မွဖယ္ရွားၿပီးေနာက္၊ အတြင္းရွိ လူသုံးေယာက္ကို ကာကြယ္ရန္ ေမွ်ာ္စင္တံခါးေရွ႕တြင္ ရပ္ေနသည္။
ခပ္လွမ္းလွမ္းတြင္ အဲ့ေလာ့ေကြး၏ ေဟးယြီတပ္မွ တပ္ဖြဲ႕ႏွစ္ဖြဲ႕သည္ တိုက္ပြဲျဖစ္ေနၾကသည္။ ေလာ့ယင္သည္ ေတာ္ဝင္မင္းသား၏ ျပန္လည္ထူေထာင္ေရးတိုက္ပြဲအလံကို လႊင့္ထူၿပီး သူ၏စစ္တပ္ကို နန္းေတာ္ထဲသို႔ ဦးေဆာင္ခဲ့ေလ၏။
ေရခဲ့လြင္ျပင္တြင္ ကုေရာ့ဟိုင္သည္ ဖူလင္းယြင္၊ ဖန္ရွီတို႔ႏွင္အတူ ထန္းယြင္စံအိမ္ႏွင့္ ခ်န္ဖုန္း႐ြာ၏ လက္ေ႐ြးစင္တပ္မ်ားအား ဦးေဆာင္ကာ အဲ့ေလာ့ေကြး၏ စစ္သည္မ်ားကို ဟန႔္တားခဲ့ၾကသည္။
ေတာင္ပိုင္းနယ္စပ္တြင္မူ ခ်င္က်န္းယြဲ႕ႏွင့္ ခ်ီထုန္း တို႔သည္ အဲ့ေလာ့ေကြး၏ လက္ဝဲကာကြယ္ေရးတပ္ကို တိုက္ခိုက္ရန္အတြက္ ေတာ္ဝင္ခုံ႐ုံးစစ္တပ္ကို ဦးေဆာင္ခဲ့ၾကေလသည္။
......
ပုလဲစံအိမ္၊ ေက်ာက္စိမ္းအိမ္ေတာ္၌။
ပိတ္ထားသည့္ ျပတင္းေပါက္ေနာက္မွ စူးစူးဝါးဝါးရယ္ေမာသံတစ္ခု ထြက္ေပၚလာေလ၏။
_4.1.24
Thank for reading ❣️