Ch-53 အရမ်းကြောက်စရာကောင်းတာပဲ။
မိမိသည်ဝင်္ကပါတစ်ခုထဲဝင်ရောက်သွားမိသလိုခံစားနေရသည်။ဘယ်သူ့စကားတွေကအမှန်လဲ။ဘယ်သူ့စကားတွေကအလိမ်အညာလဲ။ထူးဆန်းသည်မှာ မိမိသည်သရဲမရှုဝေ့ရှန်အားဘယ်တော့မှထပ်မတွေ့ရတော့ချေ။
သူမသည်မိမိဘဝထဲမှနေ လေလိုပျောက်ကွယ်သွားခဲ့သည်။
"ဘာလို့လဲ"
ဟုန်ရှောင်ပေ့၏ဇာတ်လမ်းအားကြားပြီးသည်နှင့် မိမိသည်အဘွားမုန့်ထံအလည်သွားခဲ့သည်။မိမိမှာခါးထောက်လိုက်ပြီး သူမအားဖြေလာရန်အမိန့်ပေးလိုက်သည်။
"ဘာကိုလဲ"
သူမသည်မိမိ၏ရုတ်ချည်းလည်ပတ်မှုအားအံ့ဩသွားပုံရပြီး သူမထိုင်ခုံပေါ်မှနေအတော်ကြာကြာလှုပ်မလာတော့ပေ။
"ကျွန်မသရဲဆီကကြားခဲ့ရတဲ့ဇာတ်လမ်းက ဘာဖြစ်လို့လူဆီကကြားရတဲ့ဇာတ်လမ်းနဲ့မတူရတာလဲ။ကျွန်မသာရှုဝေ့ရှန်ကိုကျွန်မကိုယ်ထဲဝင်ခွင့်ပြုလိုက်ရင် သူမအတွေ့အကြုံတွေကိုခံစားနိုင်မယ်ဆိုပြီးရှင်မပြောခဲ့ဘူးလား။ကျွန်မမြင်နေရတာအမှန်ဟုတ်မနေတာဖြစ်နိုင်မလား"
အဘွားမုန့်သည်ခေါင်းငုံ့ရင်း ထိုအကြောင်းအားစဉ်းစားလိုက်သည်။
"သရဲတစ်ကောင်ကိုမင်းကိုယ်ထဲဝင်ခွင့်ပြုလိုက်ရင် မင်းကသူမကိုမင်းရဲ့စိတ်ထဲမှာယာယီပဲနေရာယူခွင့်ပြုပေးရတယ်။အဲ့လိုနဲ့မင်းကသူမရဲ့အတွေးတွေကိုမြင်နိုင်တာလေ။ဒါပေမယ့်လည်း သူမကသာမင်းကိုလိမ်ညာချင်ခဲ့မယ်ဆိုရင် သဘာဝကျကျမင်းမြင်နေရတာတွေက သူမရဲ့စိတ်ကူးယဉ်ပုံရိပ်ပေါ်အခြေခံထားတာတွေပဲဖြစ်လိမ့်မယ်"
"သူမလုပ်နိုင်ပါ့မလား"
မိမိသည်ပါးစပ်အားကျယ်ကျယ်ဖွင့်လိုက်မိသည်။မိမိသည် မိမိ၏ခွန်အားများအားလုံးမှာ မိမိထံမှစုပ်ထုတ်သွားခြင်းခံလိုက်ရသလိုခံစားနေရပြီး ထိုင်ခုံပေါ်ခွန်အားမဲ့စွာထိုင်ချလိုက်သည်။
"ဒါဆို...ဒါဆိုကျွန်မအလိမ်ခံခဲ့ရတာလား"
"မင်းနဲ့နောက်ဆုံးအကြိမ်ကအတူလာခဲ့တဲ့သရဲဆီကနေအလိမ်ခံလိုက်ရတာလား"
အဘွားမုန့်သည်သူမခန္ဓာကိုယ်အားကိုင်းကာရှေ့သို့မှီလိုက်သည်။
မိမိမှာခေါင်းငြိမ့်ရင်း
"ကျွန်မဖြစ်ခဲ့ပုံပဲ"
ရှုဝေ့ရှန်၏လှည့်စားခံလိုက်ရသည်မှာ သူစိမ်းတစ်ခုမှမိမိခေါင်းနောက်အားရိုက်ချလိုက်သလိုမျိုးပင်။ထိုအကြောင်းအားမိမိတွေးမိလေလေ မိမိမှာဆွံ့အသွားရလေလေပင်။
"သူမကကျွန်မဆီနစ်နာသူတစ်ဦးလိုရောက်လာပြီး သူမကိုသတ်သွားတဲ့လူကို သူမဖမ်းတဲ့နေရာမှာကူညီပေးဖို့တောင်းဆိုခဲ့တာ။ဒါပေမယ့်သူမကသာသူမရဲ့ကိုယ်ပိုင်သေခြင်းကိုဖြစ်စေတဲ့လူဖြစ်နေပြန်တယ်။ဘာတွေလဲနော်။ဘယ်လိုလုပ်ပြီး ဒီလိုလူတစ်ယောက်ရှိနေနိုင်တာလဲ....အာ။မဟုတ်သေးပါဘူး။ဘယ်လိုလုပ်ပြီး ဒီလိုသရဲတစ်ကောင်ရှိနေနိုင်ရတာလဲ"
"ဒီကမ္ဘာမှာရှိတဲ့သရဲတိုင်းကကောင်းနေတာမဟုတ်ဘူးလေ။ဆိုးတဲ့သရဲတွေလည်းပဲရှိတာပဲ။လူဆိုးတွေရှိနေတယ်ဆိုမှတော့ သဘာဝကျကျသရဲဆိုးတွေလည်းရှိနေမှာပဲလေ"
အဘွားမုန့်သည်မိမိအားနှစ်သိမ့်ပေးလာသည်။
"ရှင်ဘာလို့ကျွန်မကိုအခုဒီလိုတွေပြောနေရတာလဲ"
မိမိသည်ဒေါသတကြီးတုံ့ပြန်လိုက်သည်။
"ကျွန်မသာအချက်အလက်တွေသိခဲ့မယ်ဆိုရင်အလိမ်အညာဖြစ်ကြောင်းပြနိုင်ခဲ့ပြီး ကျွန်မကိုယ်ကျွန်မလည်းပြင်ဆင်နိုင်ခဲ့မှာပဲ"
"ငါမင်းကိုကြိုမပြောခဲ့ဘူးလား။မင်းဘာသာမင်းေမ့သွားတာဖြစ်နိုင်တယ်"
"ဟမ်"
မိမိသည်ခေါင်းယမ်းရင်း ချက်ချင်းပင်ယုံကြည်ချက်ပျောက်ဆုံးသွားခဲ့ရသည်။
"တ...တစ်ကယ်လား"
"ဖြစ်နိုင်တာကငါပြောဖို့မေ့သွားတာလား"
အဘွားမုန့်သည်သူမဘာသာရှုပ်ထွေးနေပုံရသည်။
သူမသည်သူမအတွေးများဖြင့်လုံးချာလိုက်နေစဉ် မိမိသည်အသံမြှင့်လိုက်သည်။
"ဒါပေါ့။ရှင်မပြောခဲ့ဘူးလေ။အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်ကျွန်မကလှည့်စားခံရမှာလဲ"
မိမိမှာထိုစကားအားပြောနေသော်ငြား တစ်ကယ်တော့ မိမိမှတ်ဉာဏ်များသည်ေယာင်ဝါးဝါးပေါ်လာသည်။အဘွားမုန့်မှာမိမိအားတစ်ကြိမ်သတိပေးခဲ့သည်ဟု မိမိထင်မိသည်။ထိုအချိန်၌ မိမိသည်အာရုံမစိုက်မိလိုက်သည်မှာဖြစ်နိုင်လေသည်။
အဘွားမုန့်သည်အကြောင်းအရာမှနေ အခြားဘက်ဆီရုတ်ချည်းပြောင်းသွားသည်။
"စကားမစပ် ငါ့ရဲ့အဖိုးတန်မြေးလေးခုနောက်ပိုင်းဘာတွေလုပ်နေလဲ"
"သူကဘာလုပ်ရမှာလဲ။ထုံးစံအတိုင်းပေါ့...ကောင်းကောင်းစားတယ်။ကောင်းကောင်းအိပ်တယ်။သူ့မှာအဆိပ်ရှိတဲ့လျှာနဲ့ေကျာက်တုံးလိုနှလုံးသားလည်းရှိနေသေးတယ်"
မိမိသည်ပြီးစလွယ်ပြန်ဖြေလိုက်သည်။
"သူနဲ့နီးစပ်နေတဲ့မိန်းမတစ်ယောက်ယောက်များရှိနေလား။အခုချိန်သူကတစ်ယောက်ယောက်ကိုကြိုက်နေလားဆိုတာကို မင်းသိလား။ဒါမှမဟုတ်ဖြစ်နိုင်တာက..."
အမှန်တော့ မိမိသည်ကိုယ့်ဘာသာကိုယ်ပြန်တွေးလိုက်သည်။စုယန်သည်အပြောင်းအလဲမြန်သောလူတစ်ဦးဖြစ်သည်။သူပျော်နေချိန်တွင် သူကသင့်ကိုချစ်ခင်ပြီးနှစ်သက်နေပုံရသည်။သို့သော်သူစိတ်တိုချိန်တွင်တော့ သူသည်သင့်အားလျစ်လျူရှုထားပါလိမ့်မည်။သူကြိုက်သည့်ဘယ်သူမဆိုမှာ ကံဆိုးမှုအများအပြားအားခံစားရပေလိမ့်မည်။
"သူနဲ့အနီးဆုံးရှိနေတဲ့မိန်းမသားကကျွန်မပဲလေ။ဘွားဘွားရေ ကျွန်မကစုယန်နားကိုရှင်လွှတ်ထားပေးတဲ့အတွင်းလူတစ်ယောက်မဟုတ်ဘူးနော်။လုပ်ငန်းပတ်သက်မှုအဆင့်ပေါ်မှာဆို စုယန်ကကျွန်မကိုလစာပေးတယ်လေ။ကျွန်မကကျွန်မရဲ့ဘော့စ်ရဲ့လျှို့ဝှက်ချက်တွေကိုပေါက်ကြားစေမှာကိုငြင်းဆိုပါတယ်နော်။ဒါကလက်ထောက်တစ်ယောက်ရဲ့အခြေခံစည်းမျဉ်းပဲလေ"
"ငါတို့မှာလဲ လုပ်ငန်းပတ်သက်မှုရှိတယ်လေ။ငါတို့ကညီအစ်မတော်ထားကြတာ။...ဒါကသာမန်အကြောင်းအရာလေးတစ်ခုပဲကို။လာစမ်းပါ။ငါတို့မြေးလေးအကြောင်းပြောကြစို့"
မိမိသည်ရင်ဘတ်၌ဓားထိုးခံလိုက်ရပြီး သွေးအန်လုနီးနီးဖြစ်သွားရသည်။မိမိသည်မိမိတို့မှာသွေးသောက်ညီအစ်မဖြစ်နေပြီကိုလုံးလုံးမေ့သွားခဲ့ေလသည်။
"ဘွားဘွားရှင့်။ရှင်လျှောက်မစလို့ရမလား။ဘွားဘွားရေ ရှင့်အသက်ကဘယ်လောက်လဲ။ကျွန်မတို့ဘယ်လိုလုပ်သွေးသောက်ညီအစ်မဖြစ်နိုင်မှာလဲ"
"သွေးသောက်ညီအစ်မဖြစ်တာကာ အသက်ေတွနဲ့ဘာမှမဆိုင်ဘူးလေ။ထပ်ပြောရရင် ငါကငါ့ရဲ့စုယန်နဲ့ပတ်သက်ပြီးမသင့်လျော်တဲ့အတွေးတွေ မင်းမှာရှိလာမှာကို တားဆီးဖို့ကြိုးစားနေရတာလေ"
အဘွားမုန့်သည်ပြုံးလိုက်သည်။ရုတ်ချည်းဆိုသလို သူမ၏အပြုံးမှာသူမမျက်နှာထက်၌အေးခဲသွားခဲ့သည်။
"ဘာလဲ။ဘာလဲ။ဘာလို့ရှင့်အမူအယာကရုတ်ချည်းပြောင်းသွားရတာလဲ"
အဘွားမုန့်၏ပါးရေနားရေများသည် အတူတကွတွဲကျနေသည်။သူမသည်မလှုပ်မယှက်ဖြစ်နေသည်။ထိုသည်မှာမိမိအားစိုးရိမ်မိသွားစေသည်။
"မလှုပ်နဲ့။ငါကြည့်ပါရစေဦး"
အဘွားမုန့်သည်ခိုင်ခိုင်မာမာပြောလာရင်း သူမသည်မိမိ၏မျက်ခွံအားစတင်လှန်လှောကာ အထက်အောက်စစ်ဆေးနေတော့သည်။
"ဘာဖြစ်လို့လဲ"
"မင်းသရဲတစ်ကောင်ကိုမင်းကိုယ်ထဲဝင်ဖို့ တိတ်တိတ်လေးခွင့်ပြုပေးထားပြန်တာလား"
အဘွားမုန့်သည်မိမိအားလေးလေးနက်နက်မေးလိုက်သည်။
မိမိသည်သူမအားဗလာသက်သက်စိုက်ကြည့်ရင်း
"သေချာပေါက်မဟုတ်ဘူးပေါ့။ကျွန်မကရှင့်ရဲ့ကြီးကြပ်မှုအောက်မှာပဲလုပ်သင့်တယ်လို့ ရှင်မပြောခဲ့ဘူးလား။....ဘာလဲ။ကျွန်မမှာတစ်ခုခုဖြစ်နေလို့လား"
"ဆိုးရွားတဲ့သွေးသား၊ဖြူဖျော့နေတဲ့အသားအရည်၊မှောင်မိုက်နေတဲ့မျက်လုံးအိမ်...."
တစ်ကယ်တော့ မိမိမှာကိုယ့်ဘာသာတွေးမိလိုက်သည်။အဲ့ဒါကစုယန်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့်မဟုတ်ဘူးဆိုတာရှင်သေချာရဲ့လား။
"မင်းရဲ့လက်ရှိအခြေအနေအရ မင်းခန္ဓာကိုယ်ထဲသရဲတစ်ေကာင်ကိုဝင်ဖို့ခွင့်ပြုမပေးခဲ့တာတောင် သရဲကမင်းရဲ့သဘောတူညီချက်မပါဘဲမင်းကိုယ်ထဲဝင်ဖို့အကြိမ်ကြိမ်ကြိုးစားလာမှာပဲ။ကံကောင်းတာကသူမမအောင်မြင်ခဲ့ဘူးလေ"
အဘွားမုန့်၏စကားများသည်ကြောက်စရာကောင်းလွန်းလှသည်။မိမိလက်မောင်းများတွင်ကြက်သီးများပင်ထလာတော့သည်။ရုတ်တရက်ဆိုသလို နေရာတိုင်းသည်အေးစိမ့်လာသလိုစတင်ခံစားလာရသည်။
"ဒါဆိုရှင်ပြောချင်တာက ရှုဝေ့ရှန်ကကျွန်မကိုယ်ထဲခိုးဝင်ဖို့လုပ်နေတယ်ပေါ့လေ။ဘာလို့လဲ"
"မင်းကမင်းရဲ့သွေးကိုသူမအတွက်ချခဲ့တယ်လေ။ဒါကစာချုပ်တစ်ခုကိုလက်မှတ်ထိုးလိုက်တာနဲ့တူတူပဲရယ်။သူမမှာမင်းရဲ့ကိုယ်ထဲဝင်ဖို့အခွင့်အရေးရှိတယ်။ပုံစံအရတော့ သူမမှာမကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေပြီး ဒီကမ္ဘာမှာဆက်နေဖို့အတွက် မင်းနဲ့လူစားလဲချင်နေတာပဲ"
"ကြောက်စရာကောင်းလိုက်တာ။ပြန်တွေးလိုက်တော့ ကျွန်မအပြင်သွားတုန်းကတစ်ချိန်ရှိခဲ့တာပဲ။အစကတော့ ကျွန်မကလုံးဝအဆင်ပြေနေေပမယ့် ရုတ်တရက်ကြီးအရာရာတိုင်းကဝေဝါးလာတာလေ။ကျွန်မနိုးလားတဲ့အချိန်ကျ ဆေးရုံရောက်နေပြီ။အဲ့ဒါကရောသူမနဲ့ဆက်နွှယ်နေမလား"
"ငါတော့ထင်တာပဲ။မင်းသတိလစ်သွားရတာက သရဲကမင်းကိုယ်ထဲဝင်ချင်နေပြီး မင်းအသိစိတ်ကိုအတင်းအကြပ်လွှမ်းမိုးချင်နေတာကြောင့်ပဲ။ကံကောင်းတာက သူမကလုပ်ထုံးလုပ်နည်းတွေနဲ့မရင်းနှီးဘဲကျရှုံးသွားတယ်လေ"
အဘွားမုန့်သည်သူမခုံဆီမှီထိုင်ရင်းပွင့်ပွင့်လင်းလင်းပြောလာသည်။
ရှုဝေ့ရှန်ကဒီလောက်ထိကြောက်စရာကောင်းတဲ့လူဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ငါကကြင်ကြင်နာနာနဲ့သူမကိုကူညီနေပေမယ့် သူမကကျငါနဲ့လူစားလဲချင်နေတယ်ပေ့ါလေ။ဒါကြီးနဲ့ငါ့ကိုသတ်လိုက်တာနဲ့ကြားမှာဘာကွာတော့လို့လဲ။
"ဒါဆိုအခုကျွန်မဆီမှာဘာတွေဖြစ်လာမှာလဲ။ကျွန်မကသူမဆီကနေအမြဲတမ်းပုန်းနေရတော့မှာလား"
မိမိသည်အဘွားမုန့်ထံအကြိမ်အနည်းငယ်မျှကပျာကယာကြည့်လိုက်သည်။သူမမှာအင်မတန်စိတ်အေးလက်သာရှိနေပုံရ၍ မိမိသည်ခြေဆောင့်လိုက်သည်။
"ဒါကကျွန်မရဲ့ဘဝနဲ့ပတ်သက်နေတာနော်။ရှင့်အေနနဲ့အဲ့ဒါကိုပိုပြီးအလေးထားပေးလို့ရမလား"
"မပူပါနဲ့။စာချုပ်ကသူ့သက်ရောက်မှုကာလကုန်လွန်တာနဲ့သဘာဝအတိုင်းပြေလျော့သွားလိမ့်မယ်။အဲ့အချိန်အတွင်းတော့ ကိုယ့်ဘာသာကာကွယ်ဖို့ ဒါကိုဝတ်ထားလိုက်"
အဘွားမုန့်သည်မိမိအားဆွဲကြိုးတစ်ကုံးပေးလာသည်။ထိုအရာသည်သရဲများမိမိနားရှိနေခြင်းမှကာကွယ်နိုင်သည်ဟု သူမကပြောခဲ့သည်။
မိမိသည် ထိုပေါ်၌သရဲတစ်ကောင်ပုံေရးဆွဲထားသည့် ရုပ်ဆိုးဆိုးဆွဲကြိုးအားကိုင်ထားရင်းကိုယ့်ဘာသာတွေးလိုက်သည်။အိုး ဘုရားရေ။ငါကဘယ်လိုတောင်ကံဆိုးနိုင်ရတာလဲ။ငါကမကောင်းတဲ့သရဲတစ်ကောင်ရဲ့ ပစ်မှတ်ထားပြီးအသုံးချတာခံနေရတာပဲ။ဘာကသနားစရာအကောင်းဆုံးလဲဆိုရင် ငါ့ဘဝကဆွဲကြိုးတစ်ကုံးပေါ်မှာမှီခိုနေရတာပဲ။
အဘွားမုန့်ဆီမှေနအိမ်ပြန်လမ်းမှာအဆုံးအစမဲ့နေသည်ဟု မိမိခံစားနေရသည်မှာဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
လမ်းမီးအောက်တွင် မိမိသည်အရက်သမားသရဲအားမြင်နေရသည်။သူသည်အရက်ပုလင်းလွတ်တစ်လုံးအားကိုင်ထားလေသည်။အဲ့ဒါကအန္တရာယ်ရှိတဲ့လက်နက်တစ်ခုဖြစ်နိုင်တယ်.....သူနဲ့ဝေးဝေးနေ....သူနဲ့ဝေးဝေးနေ။
ထို့အပြင် လတ်တလောကပင် ဤနား၌ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့သည်။ရလဒ်အနေဖြင့် အနားတွင်သရဲအသစ်တစ်ကောင်ရှိလေသည်။သူသည်လွန်ခဲ့သောရက်အနည်းငယ်ကမှဆုံးသွားတာဖြစ်ပြီး သူသည်ဤကမ္ဘာမှထွက်မသွားချင်သေးပေ။ငါသူနဲ့ဝေးဝေးမှာနေရမယ်....ဝေးဝေးမှာနေရမယ်။
ပြီးလျှင် လမ်းဆုံရှိအထက်တန်းကျောင်းသူသရဲမကိုလည်း မိမိမှာအမြဲမြင်နေရသည်။သူမသည်သူမ၏ရီပို့ကတ်အားကိုင်ထားသည်။အား။သူမကငါနဲ့အကြည့်ချင်းဆုံခဲ့တာပဲ...မဖြစ်ဘူး....သူမနဲ့ဝေးဝေးမှာနေရမယ်...ဝေးဝေးမှာနေရမယ်။
မိမိနှင့်ရင်းနှီးနေသောဤသရဲများအားလုံးသည် ဆိုးဝါးသည်ဟုရုတ်ချည်းထင်နေမိသည်။သူတို့ကငါ့ကိုဘာလို့ကြည့်နေကြတာလဲ။သူတို့ကလည်းငါနဲ့လူစားလဲချင်နေတာလားဟင်။
မိမိ၏မတည်ငြိမ်သောစိတ်အခြေအနေကြောင့်တိုက်ခန်းဆီပြန်ရောက်လာေသာအခါ မိမိ၏ခပ်လန်းလန်းဘော်ဒီဂတ်သရဲ၏မျက်နှာကိုတောင်မကြည့်ခဲ့ပေ။
မှတ်ထားစမ်း။ငါ့ရဲ့ဘော်ဒီဂတ်လန်းလန်းလေးရဲ့မျက်နှာက သူ့ရဲ့အရာရာပဲ။ငါသူ့ကိုအနားမှာထားရတဲ့အကြောင်းရင်းက အဲ့ဒါပဲလေ။
အခုတော့ မိမိမှာမိမိ၏အိမ်မွေးတိရိစ္ဆာန်သရဲလေးများနှင့်တောင် မျက်လုံးချင်းမဆုံရဲတော့ပေ။မိမိ၏ကိုယ်အား ဆိုဖာတွင်းကျုံ့ဝင်လိုက်ကာ သူတို့ကစားသည်ကိုကြည့်နေလိုက်သည်။ပုံမှန်အားဖြင့် မိမိသည်သူတို့အားကျေနပ်နေသည့်အမူအယာဖြင့်ငေးနေမိမည်ဖြစ်သော်ငြား ယနေ့တော့မိမိသည်သူတို့မှာမိမိနှင့်လူစားလဲဖို့လုပ်နေသည်ဟုဆက်တွေးနေမိသည်။ငါသာသတင်းစာထဲပါသွားရင်ဘာဖြစ်သွားမလဲ။ခေါင်းစည်း : ဝိုး။အမျိုးသမီးတစ်ဦးကခွေးတစ်ကောင်လိုပြုမူနေပါတယ်ဗျို့။
ထိုအရာအားရိုးရိုးလေးပုံဖော်ကြည့်ရသည်မှာ မအီမသာဖြစ်စေသည်။
စုယန်၏ဖိနပ်များမှာဝင်ပေါက်တွင်ရှိနေသည်။သူသည်သူ၏ကိုယ်ပိုင်အခန်းထဲတွင်အလုပ်ရှုပ်နေသည်ဟု မိမိယူဆလိုက်သည်။
မိမိသည်ဧည့်ခန်းထဲရှိမီးအားလုံးကိုဖွင့်လိုက်ပြီး ဆွဲကြိုးကိုလက်ချောင်းထိပ်များဖြင့်ဆက်တိုက်ပွတ်သပ်နေလိုက်သည်။
ပြီးခဲ့သည့်၂၅နှစ်တာကာလအတွင်း မိမိအားအန္တရာယ်ပေးချင်သောသရဲတစ်ကောင်နှင့်ကြုံတွေ့ရသည်မှာ ပထမဆုံးပင်ဖြစ်သည်။ဤထိတ်လန့်မှုအားကျော်ဖြတ်ရန် မိမိသည်အချိန်အတော်ကြာယူရေပလိမ့်မည်။ဆိုရိုးများအတိုင်း
"မြွေကိုက်တာတစ်ကြိမ်ခံရဖူးရင် ဆယ်နှစ်ကြာအောင်ကြိုးတစ်ချောင်းကိုမင်းကြောက်နေလိမ့်မယ်တဲ့"
"သနားဂရုဏာပြည့်ဝသော ဗုဒ္ဓ.....သနားဂရုဏာပြည့်ဝသောဗုဒ္ဓ...."
မိမိသည်ရေရွတ်နေခဲ့သည်။
မိမိမှထိုင်ခုံပေါ်ဖင်ပူအောင်မထိုင်ရသေးခင်မှာပင် မိမိဖုန်းမှာမြည်လာသည်။မိမိမှာလန့်သွားရသည်။ထိုသည်မှာမသိသောနံပါတ်တစ်ခုဖြစ်သည်။
"ဟယ်လို..."
"နင်ငါ့ကိုစောင့်ကြည့်နေတာမှန်းငါသိတယ်"