Ch-52 ဟုန်ရှောင်ပေ့၏ဇာတ်လမ်း(P-4*final*)
ရှုဝေ့ရှန်သည်နံရံအားမှီလိုက်ပြီးအေးစက်စက်ရယ်မောလိုက်သည်။အစောပိုင်းက သူမသည်ကယ်ဗင့်၏ဖုန်းအားတိတ်တိတ်လေးရှာကြည့်ခဲ့သည်။သူမသည်ထိုထဲ၌ သူမနှင့်တစ်ပုံစံတည်းတူညီသောရုပ်သွင်ဖြင့်မိန်းကလေးတစ်ဦး၏ဓာတ်ပုံအယ်လ်ဘယ်အားသတိပြုမိခဲ့သည်။သို့သော်ငြား သူမသည်အမြန်အစားအစာယူနီဖောင်းအားဝတ်ဆင်ထားသည်။ထိုသည်မှာသေချာပေါက်ကိုသူမဟုတ်မနေခဲ့ပေ။
ထိုအချိန်တွင်ရှုဝေ့ရှန်သည် သူမမှာသူမ၏မိသားစုနှင့်ချစ်ရသူထံမှသစ္စာဖောက်ခံလိုက်ရသလိုခံစားခဲ့ရသည်။
သူမသည်သူမ၏ကြင်နာတတ်သောနှလုံးသားရှိသည့်ပုံရိပ်အားလွှတ်ချကာ သူမ၏စစ်မှန်သော မနာလိုကာကောက်ကျစ်တတ်သည့်သဘာဝကို ဖော်ထုတ်ခဲ့သည်။ရှုဝေ့ရှန်သည်လက်စားချေမည်ဟုတိတ်တဆိတ်ကတိပြုခဲ့သည်။နင်တို့နှစ်ယောက်ကငါ့ကိုဒီလိုမျိုးဆက်ဆံခဲ့တယ်ပေါ့လေ။ငါကသေချာပေါက်ကိုနင်တို့ကိုအလွှတ်ပေးမှာမဟုတ်ဘူး။
နောက်ရက်အနည်းငယ်အကြာတွင် ရှုဝေ့ရှန်သည်ဟုန်ရှောင်ပေ့ထံမှစာတစ်စောင်ရရှိခဲ့သည်။ဟုန်ရှောင်ပေ့သည်သူမအားစွန့်ပစ်နေရာတစ်ခု၌တွေ့ချင်နေသည်။သူမသည် သူမ(ရှုဝေ့ရှန်)နှင့်အရေးကြီးကိစ္စတစ်ခုခုကိုဆွေးနွေးချင်သည်ဟု ပြောခဲ့သည်။
"ပြီးပြည့်စုံတယ်....."
ကယ်ဗင်သည်ဟုန်ရှောင်ပေ့နှင့်တွေ့ပြီးချိန်ကတည်းမှ သူသည်စိတ်ဒဏ်ရာအားကျော်ဖြတ်နေခဲ့သည်။သူသည်ရှုဝေ့ရှန်၏ဖုန်းကောတစ်ခုကိုမှ ကိုင်ရန်ငြင်းဆန်ခဲ့သည်။သူသည်သူ၏အိမ်မှနေတောင်ထွက်မလာခဲ့ပေ။
ချိန်းဆိုမှုမတိုင်မီတွင် ရှုဝေ့ရှန်သည်စူပါမားကတ်သို့သွားကာ ဓားတစ်ချောင်းအားဝယ်လိုက်သည်။သူမသည်ဓားအား သူမ၏ေဒါ်လာသန်းချီတန်အိတ်ထဲထည့်လိုက်သည်။
တွေ့မည့်နေရာသည် ဓာတုစွန့်ပစ်စက်ရုံဟောင်းတစ်ခုဖြစ်သည်။မည်းမှောင်ကာ အုံ့မှိုင်းနေသည့်တိမ်တိုက်များနှင့်ေပါင်းစပ်လိုက်သော် ထိုသည်မှာပြစ်မှုကျူးလွန်ရန်အတွက် ကိုက်ညီသောအခင်းအကျင်းလိုဖြစ်နေသည်။
ဟုန်ရှောင်ပေ့၏ခန္ဓာကိုယ်ဘာသာစကားအရ ရှုဝေ့ရှန်သည်သူမမှာပိုက်ဆံချေးချင်နေကြောင်းကို ချက်ချင်းပြောနိုင်ခဲ့သည်။သူမသည်ပေါ့ပြက်ပြက်ရယ်သွမ်းလိုက်သည်။ယခုတွင် ဟုန်ရှောင်ပေ့၏မျက်နှာမှာ ရိုးရှင်းစွာပင်သူမအားဒေါသထွက်စေသည်။
"နှစ်သိန်း။နင်ကဘာလို့ဒီလောက်အများကြီးလိုနေတာလဲ"
ယခင်ကရှုဝေ့ရှန်သည် ဟုန်ရှောင်ပေ့အားမည်မျှပမာဏနေနေ ချေးပေးခဲ့သည်။သို့သော်ငြား ရှုဝေ့ရှန်မှာ သူမ၏ညီမနှင့်ချစ်ရသူတို့၏စကားဝိုင်းအားတွေးမိသောအခိုက်တွင် သူမခံစားနေရသမျှအားလုံးသည် အမုန်းတရားသာဖြစ်သည်။
"နင်ဒီလိုမျိုးမပြောဖို့ငါတောင်းပန်ပါတယ်။ကျေးဇူးပြုပြီးငါ့အစ်မကိုကောင်းကောင်းဆက်ခံပေးပါ"
သူမသည် ဟုန်ရှောင်ပေ့၏စကားများအား သူမစိတ်ထဲပြန်တွေးမိလေလေ ပိုခါးသက်လာသလိုခံစားရမိလေလေပင်။
သူမ(ဟုန်)ကသူမ(ရှု)ကိုသနားနေတာလား။သူမ(ရှု)ကတစ်ကယ်ကြီး ဆင်းရဲလွန်းပြီးအောက်ခြေလူတန်းစားတစ်ယောက်ရဲ့သနားတာကိုခံနေရတာလား။တစ်လျှောက်လုံးတွင် သူမသည်ဟုန်ရှောင်ပေ့ရှေ့၌ ကယ်တင်ရှင်လိုသာပေါ်လာခဲ့ရသည်။သူမသည်သူတို့၏နေရာအားချိန်းပစ်ရန်ကို လုံးဝခွင့်ပြုလိမ့်မည်မဟုတ်ပေ။
ဘာဖြစ်ဖြစ် ရှုဝေ့ရှန်သည်ဤအရာအားမြိုသိပ်မထားနိုင်တော့ပေ။ထို့ကြောင့်သူမသည်ဟုန်ရှောင်ပေ့၏တောင်းဆိုမှုအားခိုင်ခိုင်မာမာငြင်းဆိုခဲ့သည်။
"ဒီတောင်းဆိုမှုကမသင့်တော်မှန်းငါသိပါတယ်။ငါသိတဲ့ကလေးတစ်ယောက်ခွဲစိတ်မှုတစ်ခုလုပ်ဖို့လိုနေခဲ့တဲ့အချက်ကြောင့်သာမဟုတ်ရင် ငါနင့်ကိုပိုက်ဆံအတွက်ထပ်မေးနေမှာမဟုတ်ပါဘူး အစ်မရယ်။ဒါပေမယ့် ငါ့မှာတစ်ကယ်ကိုအခြားရွေးချယ်စရာမရှိတော့လို့ပါ။အစ်မ ကျေးဇူးပြုပြီးငါ့ကိုကူညီပါနော်။ငါကနှစ်သိန်းပဲလိုပြီး ကလေးလည်းခွဲစိတ်ဖို့လုပ်နိုင်သွားလိမ့်မယ်။ငါနင့်ကိုနောက်ကျပြန်ဆပ်မှာပါ"
ဟုန်ရှောင်ပေ့မှာအသနားခံလိုက်သည်။
"ပြန်ဆပ်မယ်။နင်ကဘယ်လိုပြန်ဆပ်မှာလဲ။ငါတို့တွေ့ကြတဲ့အချိန်တိုင်း နင်ငါ့ဆီကဘယ်လောက်တောင်ယူပြီးပြီလဲ။နင်ဘယ်လိုပြန်ဆပ်မှာလဲ"
ရှုဝေ့ရှန်သည်အေးစက်စွာတုံ့ပြန်ခဲ့သည်။
"ပြီးတော့ နင်ကဘာလို့ပိုက်ဆံအတွက်အမြဲမေးနေရတာလဲ"
နေဝင်ချိန်အလင်းရောင်မှနေ ဟုန်ရှောင်ပေ့သည်ရှုဝေ့ရှန်၏လေသံမှာပြောင်းသွားကြောင်းရှင်းရှင်းလင်းလင်းသတိပြုမိခဲ့သည်။သူမ၏မျက်နှာအမူအယာသည်လည်း အန္တရာယ်ပေးတော့မည့်ပုံပြောင်းသွားသည်။
"အစ်မ နင်ဘာဆိုလိုတာလဲ"
"ငါနင့်ကိုပြောပြမယ်ေနာ် ကယ်ဗင့်ရဲ့မိသားစုကလည်းအရမ်းချမ်းသာတယ်လေ။နင်သာပိုက်ဆံကိုအရမ်းလိုနေရင် ဘာလို့သူ့ရွှေတွင်းကနေအခွင့်ကောင်းမယူရတာလဲ။တစ်ကယ်က မဟုတ်ေသးပါဘူး။နင်တို့နှစ်ယောက် အရင်အချိန်ေတွကတည်းကသိခဲ့ပြီးသားကို။နင်ကသူချမ်းသာမှန်းသိပြီးတာလည်းဖြစ်နိုင်တာပေါ့လေ။နင်ကရည်ရွယ်ချက်ရှိရှိအဲ့ဒါကိုလုပ်နေတာဖြစ်ရမယ်။မှန်တာပေါ့။ရွှေတွင်းနှစ်တွင်းထဲကို တစ်ချိန်တည်းခြေချတာက မကောင်းတာလည်းဖြစ်နိုင်တာပဲ။နင်ကအခြားတစ်ယောက်ကိုအသုံးမချခင် သူတို့ထဲကတစ်ယောက်က ထုတ်ပေးနေတာရပ်တဲ့အထိတော့စောင့်ရမှာပေါ့နော်..."
"အစ်မ....."
"ငါနင်တို့နှစ်ယောက်အကြောင်းသိပြီးပြီ။ငါကနင်စွန့်ကျဲပေးလိုက်တဲ့အချစ်ကိုလိုနေလိမ့်မယ်လို့နင်ကထင်နေတာလား"
ရှုဝေ့ရှန်သည်ဟုန်ရှောင်ပေ့၏မေးအားကြမ်းတမ်းစွာပင့်လိုက်ပြီး ဒေါသတကြီးစူးစူးဝါးဝါးအော်တော့သည်။
"ငါကနင့်ကိုကျေးဇူးတွေတင်နေလိမ့်မယ်လို့နင်ကထင်နေတာလား။ကောင်းပြီလေ နင်မှားသွားပြီ။နင့်ရဲ့နည်းလမ်းကငါ့အတွက်တော့ အကြီးမားဆုံးစော်ကားမှုကြီးပဲ"
"အစ်မ ငါမဟုတ်...."
ဟုန်ရှောင်ပေ့သည်သူမ၏အစ်မအားတားရန်မကြိုးစားခဲ့ပေ။သူမသည် ခုခံရန်အကြောင်းပြချက်တစ်ခုကိုမှမတွေးနိုင်ခဲ့ချေ။သူမသည်ရှုဝေ့ရှန်မှ စိတ်ငြိမ်သွားရန်သာလိုချင်ခဲ့ပြီး ဒါမှသာသူမသည်သူမ၏ရှင်းပြလာသည်ကို နားထောင်နိုင်ပါလိမ့်မည်။
"ပါးစပ်ပိတ်ထားစမ်း။ငါပြောပြမယ်။တစ်ကယ်တော့ ငါနင့်ကိုကျေးဇူးတင်သင့်တာဟ။နင်ကနင့်ရဲ့တည်ရှိမှုကိုအခြားလူတွေဆီပြောတာကနေတားခဲ့တယ်လေ။အခုတော့နင်ဒီကမ္ဘာကပျောက်သွားရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး"
ရှုဝေ့ရှန်သည်သူမအိတ်ထဲနှိုက်ကာ ဓားအားဆွဲထုတ်လိုက်သည်။သူမသည်လှုပ်ရှားပါတော့မည်။
ဟုန်ရှောင်ပေ့သည်သူမခန္ဓာကိုယ်အားထိုးသွင်းလာတော့မည့် တောက်ပနေသောဓားအားပြာပြာသလဲရှောင်တိမ်းလိုက်သည်။
"အစ်မ"
သူမမျက်လုံးများမှာပြူးကျယ်နေသည်။သူမသည် သူမ၏သွေးရင်းအစ်မရှုဝေ့ရှန်မှ သူမအားသတ်ရန်လုပ်နေသည်ကိုမယုံကြည်နိုင်ခဲ့ပေ။ဟုန်ရှောင်ပေ့၏လက်များသည် ရှုဝေ့ရှန်၏ဓားအောက်ကျလာမည်ကိုတားရန်လုပ်နေခဲ့သည်။သူမသည်မထိန်းချုပ်ထားနိုင်တော့ပဲ တုန်ယင်နေခဲ့သည်။
"နင်ကသေတော့မှာကိုကြည့်ရင်း ငါအမှန်တရားကိုပြောလိုက်မယ်။ငါကယ်ဗင့်ကိုတစ်ကယ်ကြိုက်တာဟ။ငါနင့်ကိုဘယ်ေလာက်များများကူညီခဲ့တယ်ဆိုတာစဉ်းစားပြီး ကြင်ကြင်နာနာနဲ့ငါ့ကိုတစ်ကြိမ်ေလာက်ကူညီပေးပါဟာ။အခြားကမ္ဘာဆီတိတ်တိတ်လေးထွက်သွားပေးရင် သူကနင့်ကိုမေ့နိုင်သွားမှာပဲလေ"
"နင်ရူးနေပြီ"
ဟုန်ရှောင်ပေ့သည် ရှုဝေ့ရှန်၏လက်အားမိမိဆီမှနေတွန်းလွှတ်လိုက်သည်။ပြောရလျှင် ဟုန်ရှောင်ပေ့မှာသူမတစ်ဘဝလုံး အလုပ်ကြမ်းမျိုးစုံလုပ်ခဲ့ရလေသည်။သဘာဝကျစွာပင် သူမသည်ရှုဝေ့ရှန်ထက် ရုပ်ပိုင်းဆိုင်ရာအရပိုသန်မာလေသည်။
ဟုန်ရှောင်ပေ့သည်ရှုဝေ့ရှန်နောက်တွင် မြောင်းတစ်ခုအားဝိုးတဝါးမြင်နေရသည်။သူမသာရှုဝေ့ရှန်အားထိုနေရာဆီတွန်းလိုက်ပြီး ဓားအားတစ်နေရာရာလွှင့်ပစ်လိုက်သရွေ့ သူမအဆင်ပြေသွားပေလိမ့်မည်။
ထိုအရာအားတွေးရင်း ဟုန်ရှောင်ပေ့သည်သူမ၏အစီအစဉ်ကိုစတင်အကောင်အထည်ဖော်လိုက်သည်။
"နင်..."
ဟုန်ရှောင်ပေ့၏အားသည်သူမထင်ထားသည်ထက်ကျော်လွန်နေခဲ့သည်။ရှုဝေ့ရှန်သည်အလွန်စိုးရိမ်လာမိသည်။သူမသာယနေ့မအောင်မြင်ခဲ့ပါက ဘယ်တော့မှအခွင့်အရေးထပ်ရှိတော့မည်မဟုတ်ပေ။နောက်ပြီးကယ်ဗင်သာဤအကြောင်းအားသိသွားခဲ့ပါလျှင် သူသည်သူမအားသေချာပေါက်ထားသွားမည်ဖြစ်သည်။
ရှုဝေ့ရှန်သည်စိတ်ထဲမှနေ ခါးသက်စွာသက်ပြင်းချလိုက်သည်။ဘာလို့သူမကသူ့ကိုသူမဆီအများကြီးလွှမ်းမိုးထားခွင့်ပြုထားရတာလဲလို့လေ။
သူတို့ရုန်းကန်နေကြစဉ်မှာပင် ရှုဝေ့ရှန်သည်နောက်ဆုံးရိုက်ချက်အားလုပ်ရန်တွေးလိုက်သည်။သူမသည်တွန်းထိုးရာ၌သူမ၏ခွန်အားကုန်အားအသည်းအသန်သုံးခဲ့သည်။ရုတ်တရက်ဆိုသလိုပင် ရှုဝေ့ရှန်သည်တစ်ခုခုပေါ်တက်နင်းမိသွားပုံရပြီး ရှေ့သို့ချော်ကျလာသည်။ဟုန်ရှောင်ပေ့မှာ သူမရင်ဘတ်ထဲဓားစိုက်လာချိန်တွင် တစ်စက္ကန့်ဖြင့်အောင်အောင်မြင်မြင်ရှောင်တိမ်းခဲ့သည်။
ထိုအခိုက်တွင်အားလုံးမှာတိတ်ဆိတ်နေသည်။
ရှုဝေ့ရှန်၏ကိုယ်သည်လိမ်သွားပြီး ဓားမှာသူမကိုယ်ထဲဝင်သွားသည်ကိုငေးကြည့်နေခဲ့မိသည်။ထို့နောက်သူမသည်နောက်ပြန်လဲကျသွားသည်။သူမသည်သူမ၏နောက်ဆုံးစကားများကိုပြောဖို့ရန်ပင်အချိန်မရှိလိုက်ပေ။တစ်ဆယ်စက္ကန့်အတွင်းမှာပင် အသက်ရှင်နေသည့်လက္ခဏာမကျန်ရစ်ခဲ့တော့ပေ။
အရာအားလုံးသည်ခပ်မြန်မြန်ဖြစ်သွားခဲ့သည်။ဟုန်ရှောင်ပေ့သည်သူမ၏နဂိုနေရာမှနေ ဘယ်ေတာ့မှရွှေ့မလာခဲ့တော့ပေ။
"အစ်မ..."
ဟုန်ရှောင်ပေ့သည်ဒူးတစ်ဖက်ထောက်လိုက်ကာ ရှုဝေ့ရှန်၏ကိုယ်ကိုခပ်ဖွဖွထိလိုက်သည်။သူမ၏လက်များမှာ လတ်လတ်ဆတ်ဆတ်သွေးများဖြင့်ဖုံးလွှမ်းသွားသည်။ဟုန်ရှောင်ပေ့သည် သတိလစ်လုနီးနီးဖြစ်သွားကာ မြေကြီးပေါ်လဲကျသွားတော့သည်။
"ငါဘာလုပမြလဲ။ငါဘာလုပရြမလဲ"
သူမသည်သူမ၏ပတ်ဝန်းကျင်အားပြာပြာသလဲရှာဖွေလိုက်သည်။မြင်ကွင်းထဲတွင် သရဲတစ်ကောင်တောင်ရှိမနေခဲ့ပေ။ဤကဲ့သို့အခြေအနေမျိုးနှင့် သူမမှာသူမကိုယ်သူမမည်ကဲ့သို့ရှင်းပြနိုင်ပါမည်နည်း။ဤအရာအားတစ်ဦးတစ်ယောက်မှနေ ဘယ်လိုပုံမျိုးဖြင့်ကြည့်မိပါစေ သူမမှာလူသတ်သမားဖြစ်သည်။
ရှုဝေ့ရှန်မှာလဲကျခဲ့ပြီးသူမကိုယ်သူမမတော်တဆသတ်မိသွားသည်ဟု သူမအားမည်သူကယုံပါမည်နည်း။
ဟုန်ရှောင်ပေ့သည်ဖုန်းအားထုတ်ကာ သွေးရူးသွေးတန်းဖြင့်တစ်ယောက်ယောက်အားခေါ်ဆိုရန်ကြိုးစားလိုက်သည်။သူမတွေးမိသည့်တစ်ဦးတည်းသောလူမှာကယ်ဗင်သာဖြစ်သည်။
"ငါ့ကိုကယ်ပါဦး...ဘာ...ငါအခုဘာလုပ်ရမလဲ"
ကယ်ဗင်မှဖုန်းကိုင်လိုက်ချိန်တွင် ဟုန်ရှောင်ပေ့သည်ငိုကြွေးနေသည်။အစကသူသည်အိမ်၌စိတ်ကောက်နေခဲ့သည်။သို့သော်ယခုတော့ သူသည်အလွန်နိုးကြားလာတော့သည်။
"ဘာဖြစ်တာလဲ။ငိုနေတာရပ်လိုက်တော့နော်။ငါ့ကိုအကြောင်းစုံပြောပြလေ။မင်းအခုဘယ်မှာလဲ"
ကယ်ဗင်ရောက်လာချိန်တွင် ဟုန်ရှောင်ပေ့သည်ရှုဝေ့ရှန်၏ကိုယ်ဘေးတွင်ထိုင်နေခဲ့သည်။သူမမျက်လုံးများမှာ မြေကြီးပေါ်ကိုသာတကုတ်တခဲကြည့်နေရင်းဗလာသက်သက်ဖြစ်နေသည်။
အခုကယ်ဗင်ရောက်ချိန်တွင် ဟုန်ရှောင်ပေ့သည်သူမ၏ပါးစပ်အားဖွင့်လာသည်။
"ငါအဲ့ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ရပါဘူး။အစ်မကငါ့ကိုသတ်ချင်နေခဲ့တာ။ဒါကြောင့်...ဒါကြောင့်မလို့ငါကဓားကိုဖမ်းကိုင်ခဲ့တာ။ပြီးတော့အေကြာင်းပြချက်အချို့ကြောင့် သူမကလဲသွားပြီး ငါ့ဆီပြုတ်ကျလာတာ။ပြီးတော့အခု....ငါဘယ်လိုလုပ်ရမလဲ"
သူမသည်အခြားသူ၏အကြောင်းအားဇာတ်ကြောင်းပြန်နေသလိုပင်။ယခုဟုန်ရှောင်ပေ့မှာတည်ငြိမ်သွားခဲ့သည်။
"မင်းဘာဖြစ်ခဲ့တာလဲ"
ဟုန်ေရှာင်ပေ့သည် သူမခေါင်းအားယမ်းကာ ကယ်ဗင့်ထံစေ့စေ့ကြည့်ပြီး သူ၏အင်္ကျီလက်အားအသည်းအသန်ဖမ်းဆွဲလိုက်သည်။
"အဲ့ဒါနင်ငါ့ကိုမယုံလို့မလား။ငါကသူမကိုသတ်လိုက်တယ်လို့နင်ကထင်နေတာမလား"
ကယ်ဗင်သည်ဟုန်ရှောင်ပေ့အားနှစ်သိမ့်ရန်လုပ်လိုက်ပြီး သူမခေါင်းအားဖွဖွလေးပုတ်လိုက်သည်။
"ငါနင့်ကိုယုံပါတယ်။ဒါကြောင့်မလို့နင်ကလည်းငါ့ကိုယုံရမယ်နော်။ငါဒီပြဿနာကိုေဖြရှင်းဖို့မင်းကိုကူညီပေးမယ်။မကြောက်နဲ့နော်။ဘာလုပ်ရမလဲလို့ငါစဉ်းစားပါရစေဦး..."
သူတို့သာရဲများအားခေါ်လိုက်ပါက သူမှထိုအရာအားဘယ်လိုပင်ရှင်းပြနေပါစေ ဟုန်ရှောင်ပေ့သည်ထောင်ကျမည်ဖြစ်သည်။
ထို့ကြောင့်အဆုံးမှာ သူမအားကာကွယ်ရန်အတွက် ကယ်ဗင်သည်ရှုဝေ့ရှန်၏ကိုယ်အား စွန့်ပစ်ကျေးရွာဘက်သယ်သွားခဲ့သည်။ထို့နောက်သူ၏ကားမှနေ ဓာတ်ဆီအချို့အားယူလိုက်ပြီး ရှုဝေ့ရှန်၏အလောင်းပေါ်လောင်းချကာ မီးရှီု့ပစ်လိုက်သည်။မီးသည်လျှို့ဝှက်ချက်များအားလုံးကိုဖျက်ဆီးပစ်ပြီး သူတို့ကိုပြာမှုန်များအဖြစ်ပြောင်းလိုက်သည်။
ကယ်ဗင်သည်ဟုန်ရှောင်ပေ့ဘက်လှည့်လိုက်သည်။
"ဒီနေ့ကစပြီး မင်းကရှုဝေ့ရှန်ပဲ"