" မတွေ့ရတာတောင် ရက်ကြာပြီနော် မသော်၊ကိုဂျွန်။ ကျွန်တော်တို့ ရောက်
လာပါပြီခင်ဗျ "
"ဟမ် အင်း...လာ လာကြလေ
ကောင်လေးတွေ"
သူတို့အခန်းထဲအရောက်
ဆန်းဆက် နှုတ်ဆက်လိုက်တာက
ကိုဂျွန်ကိုဖြစ်သော်လည်း ပြန်စကားပြောသည်က မျက်နှာ
အပျက်ပျက်နှင့် မသော်ပင်။
ကိုဂျွန်က မကောင်းတတ်သည့် မျက်နှာနဲ့ ပြုံးသာပြပြီး သူ့ဘေးက ကျောင်းသူ
တွေနဲ့သာ စကားဆက်ပြောလို့နေသည်။
နေစင်ဟန် ဆန်းဆက်အနောက်ကို
လိုက်ရင်းသာ ဂီတာကိုယူပြီး သူတို့
ထိုင်နေကြခုံအလွတ်တွေမှာသွား
ထိုင်လိုက်သည်။
ဆန်းဆက်ကတော့ အေးအေးဆေး
ဆေးပင် ဂီတာကြိုးကို
ညှိနေပေမယ့်တော်ရုံ ဘယ်သူ
အမြင်ကိုမှ ဂရုမစိုက်တတ်သည့်
သူ့မှာ။
ကိုဂျွန်နဲ့မသော်မှာ သိသိသာသာပင်
အရင်ကလိုသူတို့နဲ့ စကားလာဝိုင်း
မဖွဲ့တော့ပဲ တခြားတရင်းတနှီးရှိခဲ့ကြ
တဲ့သူတို့ကိုအားပေးအားမြောက်
လုပ်ခဲ့ကြတဲ့ သင်တန်းသူလေးတွေ
ကလည်း သူနဲ့ မျက်လုံးချင်းစုံချိန်
အကြည့်လွှဲသွားကြရသည်။ သေချာ
ပေါက် သူ့ကို ရှောင်ဖယ်ချင်နေကြတာ
။သူ့ကြောင့်ဆန်းဆက်ကို အနေ
မခက်စေချင်။
"ဆန်းဆက် ငါအတန်းပြန်သွား
လိုက်လို့ရမလား "
"ဘာဖြစ်လို့လဲ အခုမှ ရောက်တာလေ"
ဂီတာကြိုးကိုညှိနေရင်းသာ ဆန်းဆက်
ကသူ့ကိုမကြည့်လာ။
"ရှင်းသန့် ရောက်လာရင်အတန်းမှာ စကားပြောဖော်မရှိဘဲ တစ်ယောက်
တည်းဖြစ်နေမှာစိုးလို့။သိတယ်မ
လား ကလေးလိုဖြစ်နေတဲ့သူ့
ရည်းစားကို ဘုန်းပြည့်ငါ့လက်ထဲ
အပ်ထားတာ"
"သူများရည်းစားကို မင်းကဘာလို့
လိုက်ပူနေတာလဲ။မင်းအရှေ့မှာ ရှိ
နေတာကမှ"
မျက်လုံးချင်း စုံအောင်စိုက်ကြည့်ပြီး
အေးဆေးစွာပင် တုံ့ပြန်သည့် ဆန်း
ဆက်ရဲ့ အပြောတွေအောက်မှာ အကြည့်ချင်းစကားပြောသည်။
သူကပဲ သဘောကျနေလို့လား ဆန်း
ဆက်ရဲ့အရှိန်အဝါက သူကြာကြာ
အကြည့်ချင်းမဆုံနိုင်လောက်
အောင် ချောရက်လွန်းတာပင်။
"ဆန်းဆက်"
"မင်းအရှေ့မှာရှိနေတာကငါ။ငါ့ကိုပဲ
ကြည့် တစ်ခြားသူတွေကို အရေးမပါလို့ စိတ်ထဲကိုမထည့်ထားနဲ့ ကြားလား။
သင်စရာရှိတာသင်ပြီးမှ သွားမယ်"
"အင်း"
ခေါင်းအသာညိတ်လိုက်ရင်းသာ
ဆန်းဆက်ပြောသလိုပဲ ဂီတာတီး
ဆက်သင်ဖို့ကိုပဲ အာရုံထားလိုက်သည်။
----
" ဒီနေ့ ရာသီဥတု သာယာတယ်နော်"
"အင်း ဒါပေမဲ့ပြောလို့မရဘူး။မိုးက
သူရွာချင်ရင် ရုတ်တရက် ရွာချမှာ"
နှစ်ယောက်အတူတူ ဓါတ်လှေကားကနေ တတိယအထပ်မှာထွက်လာရင်း ယှဥ်
တွဲကာ ကော်ရစ်တာတစ်လျှောက် လူ
ရှင်းတဲ့နေရာမှာရပ်လိုက်သည်။
music clubကနေ အပြန်နေစင်နဲ့သူအတန်းထဲကိုသွားကြဖို့ပင်။ အထပ်
တူပေမယ့်အခန်းတွေက ကျောင်းရဲ့
အလယ်ကနေဆန့်ကျင်ဘက်တစ်ဖက်ဆီပင်။
"နေစင်"
"အင်း"
"ဆိုင်ကယ်ပါလာလား"
"ပါတယ်လေ ဆိုင်ကယ်ဦးထုပ်ရော
မိုးကာရော "
"လိုင်စင်ရော"
ဆက်ပြောမလို့လုပ်ပြီးမှ ကြောင်တောင်တောင်ဖြစ်နေတဲ့ကောင်လေး။ တကယ်ပဲ ဘာလေးလဲ။
"ဒဏ်ငွေရိုက်မလို့စစ်နေတဲ့သူမဟုတ်ဘူးလေကွာ။ဘာလို့မေးတာလဲ တစ်ကယ်
မသိတာလား"
"ဆန်းဆက်"
လူရှင်းနေတဲ့ကော်ရစ်တာတစ်
လျှောက် ဘေးဘောင်တန်းကိုကိုင်
ကာ ရပ်လိုက်သူနဲ့လိုက်ရပ်ရသည်။
လူကိုခေါ်ပြီး ငေးကြည့်နေပေမယ့်
ဘာမှမပြော။
" လာကြိုမယ် ပြောတာဘာလို့
လက်မခံတာလဲ။
"ဆန်းဆက်"
"ငါ့ကိုဘာလို့လက်မခံသေးတာလဲ"
နာမည်ပဲခေါ်နေသူကို အားမရစွာ ထုတ်
ပြောရတော့သည်။ပြတ်သွားပြီလို့
အသိပေးထားတာ တစ်ပတ်ပင်ပြည့်
တော့မည်။အခုထိ ဒီကောင်လေးက သူ
နဲ့တွဲသွားတွဲလာ လုပ်နေတာကလွဲလို့တရားဝင်အတိအလင်း အဖြေမ
ရသေး။တစ်နည်းအားဖြင့် ချစ်သူ
တွေအဖြစ် အဆင့်မတက်နိုင်သေး။
" အခုမှမင်းတို့ ပြတ်သွားရုံပဲရှိသေးတယ်လေ။တစ်ဖက်ကိုငါအားနာ!!"
" အဲဒီဘက်ကို အားနာစရာမလိုဘူး
။ မင်းနဲ့ဘာမှမဆိုင်လို့ ။အစထဲက ငါ
လုပ်ယူခဲ့တဲ့ ပတ်သက်မှုအတွက်
ဝတ်ရည်ဦးကို အားနာရမှာက ငါတစ်ယောက်တည်းပဲ။ အပြစ်
ရှိတာလည်း ငါတစ်ယောက်တည်းပဲ။
မင်းကိုတွေ့တဲ့အချိန်ငါ့ဘက်ကပဲစ
ခဲ့တယ် မင်းကို တကယ်အတည်တွဲ
ချင်လို့မင်းကိုအတည်ကြီးချစ်မိ
သွားလို့ သူ့ကိုငါ့မိသားစုကြောင့်
တွဲခဲ့တယ်ဆိုတာကအစ အကုန်ဝန်ခံပြီး
မင်းအတွက်ဖြတ်ခဲ့တာ။အကုန်ငါ
မကောင်းလို့ဆိုတာ ဝတ်ရည်
ကနားလည်သွားပြီ။မင်းကို ဘာ
အပြစ်မှယူမှာမဟုတ်ဘူး။ငါ့ကိုပဲ
ထပ်ပြီးမမြင်ချင်လောက်အောင် သူငယ်ချင်းသံယောဇဥ်တောင်မရှိတော့လောက်အောင် စိတ်နာသွားတာ"
"ဆန်းဆက်"
လက်လေးကိုင်ချင်လို့ အရှေ့တိုး
ဖို့လုပ်ပြီးမှ ကျောင်းမှာဆိုတဲ့အသိ
ဝင်သည်။ဒီကောင်လေးရဲ့ရိုးရှင်း
စွာ ဆွဲဆောင်မှုကတော်ရုံမဟုတ်။
သူကအခုဆိုရင် အရည်ပျော်ကျ
လို့ ရုန်းမထွက်နိုင်အောင်ပင်ဖြစ်
နေလုသလို...။
"တစ်ကယ်လို့ ထွက်ခဲ့တဲ့သတင်းတွေ
ကြောင့် လူတွေမကောင်းပြောမှာ
ကြောက်နေတယ်ဆိုရင်လည်းငါတို့ အတွင်းလူတွေပဲသိအောင်တွဲလို့
ရတယ်လေကွာ။အဓိကကတွဲဖို့ပဲ"
တစ်ဆက်တည်းအလောတကြီး
ပြောပြီးမှ အရမ်းကြီး ဖိအားပေး
သလို ဖြစ်နေမှာစိုးလို့ ဘရိတ်အုပ်
လိုက်ရသည်။
"မင်းကိုငါ့အပိုင်အတိအလင်းဖြစ်ပြီ
ဆိုတဲ့ အဖြေလေး အသိလေးရ
ချင်နေပြီ။အဲ့တာလေးတစ်ခုပဲ နေစင်"
ဆန်းဆက်ကို အသာပြုံးပြလိုက်ရသည်။
ကိုယ်သဘောကျနေတဲ့သူက
ကိုယ့်ကို လိုက်နေတယ်ဆိုတဲ့ ခံစားချက်လောက် ရင်ခုန်ရတာ ဘယ်မှာရှိမလဲ။
ကော်ရစ်တာဘေးဘီမှာလူရှိမရှိ တစ်
ချက်ကြည့်လိုက်ပြီးဆန်းဆက်
လက်ကို ခပ်ဖွဖွကိုင်လိုက်တော့
သူ့လက်ကို ခပ်တင်းတင်းပြန်ကိုင်
ထားသည်။
"ငါမင်းဆီလာမှာသေချာတာမလို့
အချိန်ခဏလေးပဲ ထပ်စောင့်ပေး
မယ်မလား ဆန်း"
ဆန်းဆက် မျက်နှာကို စူးစိုက်ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက်
အကြည့်နှင့်ပင် ...။ငါလည်းမင်းနဲ့
အဆင့်တက်ချင်ပေမဲ့ တဖက်နဲ့ပြတ်
ထားတာမကြာသေးပဲ အဲဒီလောက်
ထိတော့ ငါကစိတ်မမာနိုင်ဘူး။ ဖြစ်
နိုင်ရင်ဒီလိုပဲ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်တဲ့အချိန်ရောက်
လာတဲ့အထိ မင်းနဲ့ရှေ့ဆက်သွား
ချင်မိပါတယ်။ရောက်လာပါစေ
လို့လည်းငါဆုတောင်းတယ်။
-----------------------------------------
"အဖေ့စကားကို ဘာလို့ငြင်းဆန်
နေတာလဲသား။မင်းအဘိုးကလည်း
မင်းကို ဘာသာစကားတွေပါကျွမ်းလာအောင် foreignမှာပဲ နှစ်ကြာကျောင်းသွားတက်စေချင်နေတယ်"
"ဒီမှာလည်း အဆင်ပြေနေတာပဲ
အဖေ ကျွန်တော် မသွားဘူး"
ဦးထင်ပိုင်ရဲ့ မျက်ခုံးတွေတွန့်ချိုး
သွားသည်။ဧည့်ခန်းမှာ သားဖြစ်သူနဲ့
နှစ်ယောက်ထဲ တိတ်တဆိတ်စကား
ပြောနေချင်း။
" အကြောင်းပြချက်ပေး"
ဗျူဟာ သူ့အဖေကိုကြည့်လိုက်ချိန်
ဦးထင်ပိုင်က မျက်နှာတည်နေလျက်ရှိပြီး အခြေအနေမကောင်းတော့ဘူးဆိုတာ ရိပ်စားမိလိုက်သည်။
Foreignမှာ ကျောင်းသွားတတ်
တဲ့လား။အခုတောင် မျက်စိဒေါက်
ထောက် အလွတ်မပေးတာ။ဦးထင်ပိုင်
သူ့ကိုပြောဖို့စကားတွေစဖို့ လမ်းဖွင့်
နေပြီဆိုတာသူသိလိုက်သည်။
"အဖေ့ကို လုံလောက်တဲ့ အကြောင်း
ပြချက်ပေး။မင်း အိမ်ပြန်ရောက်လာ
ထဲက အဖေဒီလောက်မေးနေတာတောင် ပါးစပ်ပိတ်နေတာက မိဘတွေကို
စော်ကားလိုက်တာနဲ့အတူတူဘဲ။
မိဘတွေက အနောက်ကနေ စိတ်သောကတွေရောက်ပြီး မင်းအမေဆိုမင်း
အိမ်ပြန်ရောက်မလာမချင်း ထမင်း
တောင်မစားနိုင်ဘူး။အနည်းဆုံးတော့
သား ဘာဖြစ်လို့ အဲဒီလိုကောင်တွေနဲ့ပတ်သက်ခဲ့တာလည်းဆိုတာ အဖေ
တို့ကို အကြောင်းပြချက်တော့ပေးသင့်တယ်"
နောက်ဆုံးတော့ စကားလမ်းကြောင်း
က ဒီကိုပဲရောက်ခဲ့တာပင်။ဗျူဟာက
ပါးစပ်ပိတ်နေသလို ဦးထင်ပိုင်ကလည်း သားဖြစ်သူ ပြန်ရောက်လာထဲက
ချော့မော့ကာပင်မေးခဲ့သည်ကို စိတ်ကုန်သွားဟန်ရှိပြီး ဦးထင်ပိုင် အမှန်အကန်
ပင် ဒေါသထွက်နေလေပြီ။
"သားသုံးဖို့လုပ်ခဲ့သလား"
" ကျွန်တော်ပြောရင် အဖေကယုံမှာလား"
" အဖေ့သားကိုအဖေမှမယုံရင် ဘယ်
သူကယုံမှာတဲ့လဲ"
ဦးထင်ပိုင်မှာ အဖေဆိုသောဂုဏ်နှင့်
သူ့ကို အကျိုးအကြောင်းပြောပြစေချင်နေသည်ကို ဗျူဟာသိသော်လည်း။
" ပြောလေ သား"
"ကျွန်တော် မပြောချင်ဘူး။အဖေ
ထင်ချင်သလိုထင်လို့ရတယ်"
" ဗျူဟာပိုင် မင်းဘာအချိုးချိုး
တာလဲ။ဒါအဖေကို ပြောရမယ့်စကားလား "
"သားအဖတွေ ဘာတွေဖြစ်တာလဲ။
အစ်ကို ကလေးကို ဘာတွေပြော
နေပြန်ပြီလဲ။သား သူ့ဘာသာနေပါစေ။
သားကသူမလုပ်ဘူးလို့ ကျွန်မကိုပြောပြီးသားလေ ကလေးကိုဘာလို့ တစ်ချိန်လုံး ချောင်ပိတ်ပြီး မေးနေရတာလဲ"
ဒေါ်ခိုင်နီလာမှာ ထမင်းစားခန်းထဲကနေ သစ်သီးစိတ်ပန်းကန်နှင့်ထွက်လာပြီး ပန်းကန်ကိုစားပွဲပေါ် အမြန်တင်ကာ
ဗျူဟာအရှေ့တွင်ကာ၍ဝင်ထိုင်လိုက်သည်။
"မင်းဖယ်နေခိုင် မင်းအလိုလိုက်လွန်းလို့ မင်းသားကဒီလိုဆိုးနေတာ သူက
တော့ မလုပ်ဘူးပဲပြောမှာပေါ့။သူ့ ခြေထောက်နဲ့သူ ဒီလိုကောင်တွေနဲ့
သွားပတ်သက်ပြီးမှ နောက်ကြောင်း
လိုက်ရှင်းရတဲ့ မိဘတွေကို တောင်း
ပန်စကား တစ်ခွန်းမပြောဘူး
။ နောက်မလုပ်တော့ပါဘူး တခွန်းမပြောဘူး။မင်း အလိုလိုက်လွန်းလို့ မင်းသားက ကြာရင်ပျက်စီးတော့မယ်"
"ရှင် တော်လိုက်တော့ကိုထင်ပိုင်။သားမှာလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့။
နောက်မဖြစ်စေရဘူးလို့သားက က
ကျွန််မကို ကတိပေးထားပြီးသား။
ဟုတ်တယ်မလားသား။အဖေ့ကို
ပြောလိုက် သားမလုပ်ပါဘူး နောက်
တခါဒီလိုမဖြစ်စေရဘူး လို့"
အဖေနဲ့သားကြား ဗျာများနေတဲ့
အမေဖြစ်သူကို မကြည့်ရက်ပေ
မယ့် ဗျူဟာ ဦးထင်ပိုင်ကိုဖြေရှင်း
ချက်မပေးဘဲ အသံတိတ်နေဆဲပင်။
"အဖေ ဒေါသထွက်နေတယ်။အမေ့ကို
ပြောသလိုပြောပြလိုက်လေသား
လိမ္မာတယ် ပြောလိုက်နော်"
"မင်းသားကို ဒီထက်ပိုပြီးမယု
ယနေနဲ့။မင်းအမေကိုပဲ မင်း အချို
သပ်လို့ရမယ်။ငါ့ကိုလာပြီး အကြော
တင်းနေတယ်ဟုတ်လား ဗျူဟာပိုင်။
ဖအေကမကြမ်းချင်လို့ ချော့မေးနေ
တာကို ဖအေကို လေးစားရိုသေမှုမရှိဘူး။
ငါမွေးလို့လူဖြစ်လာတဲ့ကောင်က
အဖေတစ်ယောက်လုံးကိုပမာမခန့်
လာလုပ်နေတယ်။မင်းအမေလည်းမ
င်းကို ဒီတစ်ခါ ကာပေးလို့မရတော့ဘူး
။မတက်နဲ့ဘယ်ကျောင်းမှ ။မိဘတွေက လွတ်လပ်ခွင့်ပေးတာကို အခွင့်ကောင်း
ယူပြီး ဒီအရွယ်နဲ့အတတ်ကောင်း
တွေ တတ်နေတယ်ဟုတ်လား။အိမ်ထဲ
မှာပဲနေ အဲ့ကျောင်းလည်းထွက်လိုက်
။ငါစကားအဖြစ်ပြောနေတာမဟုတ်
ဘူး မင်းဒီနေ့ကစပြီး ကိုယ့်လုပ်ရပ်ကိုယ် နောင်တမရမချင်း အိမ်ထဲကအိမ်
ပြင် ထွက်ဖို့မစဉ်းစားနဲ့"
"သားကို ဘယ်လိုစကားတွေပြော
နေတာလဲ ကိုထင်ပိုင်။အဖေ့ကိုနောက်
မဖြစ်စေရဘူး တောင်းပန်လိုက်နော်
သား အဖေကဒေါသထွက်နေလို့ ပြော
နေတာ။သားကိုအမေယုံတယ် အမေ့သားကို"
သူ့အမေအနောက်ကနေ
မတ်တပ်ထရပ်လိုက်သည့် ဗျူဟာ
ဦးထင်ပိုင်ကို တစ်ခါမှမကြည့်ဖူး
သည့်အကြည့်ဖြင့်စူးစိုက်ကြည့်လျက် နာကျင်စွာ ပြုံးလိုက်သည်။သူ့ဆီကနေ တောင်းပန်စကားပြောလိုက်ရင်
အဖေဒေါသထွက်နေတာ အဆင်ပြေသွားမယ်ဆိုတာ သိသော်လည်းသူပေကပ်
ကာ မပြောချင်လို့ကို ဘာတစ်ခွန်းမှ
ပြောဖို့ စိတ်ကူးမရှိတော့ဘူး။ငါမွေးလို့လူဖြစ်လာတာတဲ့လား။ တကယ်ပဲလားအဖေ။
" ကျွန်တော်ဘယ်လိုပဲပြောပြော
ကျွန်တော် ပြောတဲ့စကားထက် အဘိုး
မရင်ငယ်မိသားစုပြောတဲ့စကားကိုပဲ
အဖေနားထောင်မှာပဲမလား"
"ဘာ!!"
ဦးထင်ပိုင်မှာ များစွာအံ့သြကြီး
နေသလို ပါးစပ်ဖွင့်ဟလျက် ဗျူဟာ
ကိုရင်နာသလို ငေးရင်း
ထရပ်လိုက်သည်။
ဦးထင်ပိုင်ရဲ့ လျင်မြန်လှတဲ့ လက်သီး
တစ်ချက်က ဗျူဟာရဲ့ပါးစောင်ထက်ကို ရောက်ရှိသွားချိန် ဒေါ်ခိုင်နီလာမှာတော့။
"သား!!"
" အောက်တန်းစားကောင်!!မင်းလူကြီး
ကို ဘယ်လိုစကားပြောလိုက်တာလဲ!! ဘယ်လိုဖြစ်ပြီး ငါမွေးထားတဲ့သားက
ဒီလိုအရိုင်းအစိုင်းကောင်ဖြစ်နေရတာလဲ!!"
"ရှင် ကျွန်မသားကို မထိနဲ့ ကိုထင်ပိုင်
ရှင်ကများ!!"
ဒေါ်ခိုင်နီလာရဲ့ ရင်ဘတ်ကိုဖိပြီးအော်သံကျယ်အဆုံးမှာ ဦးထင်ပိုင်အသိစိတ်
ဝင်လာပြီး ဗျူဟာကိုပြန်ကြည့်သည်။
ဦးထင်ပိုင်ကိုယ်တိုင် ကိုယ့်ကိုကိုယ်
မယုံနိုင်ဖြစ်နေသည်မို့ သူလက်သူပြန်ကြည့်ရင်း သားဖြစ်သူ မျက်ရည်တွေပြည့်
နေတာကိုသာနောက်ဆုံးမြင်လိုက်ရပြီး
ဗျူဟာမှာဧည့်ခန်းထဲကနေ အိမ်
အပြင်ကိုထွက်သွားချိန်။
"သားး!! အမေ့ကလေး"
"ခိုင် ခိုင်!!သတိထားအူံး။
ခြံထဲမှာဘယ်သူရှိနေလဲ ဗျူဟာပိုင်ကို
ခြံပြင်မထွက်သွားစေနဲ့။နင်တို့အဲ့မှာ
ဘာရပ်ကြည့်နေတာလဲ သားအနောက်
ကိုမြန်မြန်လိုက်လေ ငါ့သားကိုအိမ်
ထဲပြန်ဆွဲခေါ်လာခဲ့"
"ဟုတ်ကဲ့ ဆရာ"
ဦးထင်ပိုင် သတိမေ့မလိုဖြစ်နေတဲ့
ဒေါ်ခိုင်နီလာကိုတွဲထားပြီး ကြောင်
အကာ ဧည့်ခန်းဝမှာရပ်ကြည့်နေကြ
တဲ့အိမ်အကူ ကောင်မလေးတွေကို
အော်ဟစ်သံကဧည့်ခန်းထဲပဲ့တင်သံ
ထပ်သွားသည်။
--------------
" ညနေထဲက ဘူတာကြီးထွက်သွားတာ ဘယ်ဝေ့နေလို့အခုမှရောက်တာလဲ
နေစင်။ငါကမင်း အိမ်ပြန်သွားပြီထင်လို့ "
ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်ပြီးအထဲ
ဝင်လိုက်တာနဲ့ကိုဖြိုးက ဆော်သြသည်။
ညနေက လူရလို့ သွားပို့ပေးတာပင်။
"မဟုတ်ဘူး လူပို့ပြီး စားသောက်ဆိုင်ကပါဆယ်ဖုန်းဝင်လာလို့ အမှာအိမ်
လိုက်ပို့ပေးနေတာ"
"အော် စီးပွားရေးကောင်းချက်။ငါmenuအသစ်တွေလုပ်ထား
တယ်။မြည်းကြည့်မလား"
"မမြည်းဘူး တစ်ပွဲလုံးစားမှာ"
"အေးပါကွာ ကျွေးပါတယ် ခဏစောင့်"
ကောင်တာအနောက်က ဆိုင်အကာ
ထဲကိုကိုဖြိုးကပြန်ဝင်သွားသည်။
ဆိုင်ကနေရာချဲ့လိုက်ပြီး
Juiceတွေအပြင် တစ်ခြား လူငယ်
အကြိုက် စားစရာတွေကိုပါအစမ်း
တင်နေပြီဖြစ်သည်။
ဆိုင်က တခြား အဖျော်ဆရာ ကောင်လေး နှစ်ယောက်ကလည်း သူနဲ့လှမ်းစကားပြောနေရင်းက လူကျလာလို့
အလုပ်များသွားသည်။
သူလည်း ဘာလုပ်ပေးစရာရှိလဲ ကြည့်နေတုန်းဖုန်းကမြည်လာသည်။
ဖုန်းစခရင်ပေါ်က unknown
contact။
"ဟယ်လို ပြောပါခင်ဗျ"
တစ်ဖက်က ခဏကြာသည်အထိ
အသံတိတ်နေသည်မို့။
"ဟယ်လို ဘယ်သူလဲခင်ဗျ ဖုန်း
မှားနေတာလား "
"နေစင်"
ကြားလိုက်ရသည့်အသံ။
"အင်း ဗျူဟာ...ပြော"
"ဟယ်လို...ပြောလေ ဗျူဟာပိုင်။
ဒါဘယ်သူ့ဖုန်းလဲ"
"မင်း ဘာဖြစ်နေတာလဲ အခုဘယ်မှာလဲ"
"မင်းအခု ဘယ်မှာလဲပြော"
ဖုန်းချလိုက်ပြီးတာနဲ့ ဆိုင်ထဲက
ထွက်လာမိသည်မှာ "စားမယ်ဆိုပြီး
ဘယ်သွားဦးမလို့လဲ ဟေ့ရောင်"
ဆိုတဲ့ ကိုဖြိုးခေါ်သံကိုပင် ပြန်မဖြေနို
င်ဘဲ ဆိုင်ကယ်စက်နိုးကာ ထွက်လာ
ခဲ့လိုက်သည်။
ဆန်းဆက်နဲ့ဝတ်ရည်ဦး ပြတ်သွား
ပြီဆိုတာ စသိထဲက ဗျူဟာပိုင် လှုပ်ရှား
လို့ရအောင် ဆက်သွယ်နေကြအတိုင်း
မက်ဆေ့စ်နဲ့သတင်းပို့ပေးခဲ့တယ်။
အချိန်ကောင်းမှာသူ့ကောင်မလေးနဲ့
ဗျူဟာပိုင် ပြန် အဆင်ပြေဖို့ ကိုယ့်
တာဝန်ကိုယ်ကျေပေးနေပါသော်လည်း သတင်းပို့ထားပေးရုံမှအပ ဘာတွေ
လုပ်နေလဲမသိရ။ကျောင်းလည်း
သိပ်မလာဘူးလို့ဘုန်းပြည့်ဆီကနေ
သိထားတယ်။နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးမှာ ဗျူဟာပိုင် ဒီတစ်ခါ
မာနတွေကိုလျော့ပြီး သူ့ ကောင်မလေးစိတ်ပြန်လည်လာအောင် လုပ်နိုင်ဖို့
အဆင်ပြေနိုင် ဖို့တော့မျှော်လင့်သည်။
-----
မိုးဖွဲလေးသာ ရွာနေပြီး လူခြေတိတ်
သည့် အချိန်။ သူတို့ကျောင်းရှိသည့်
လမ်းမကြီးကနေတစ်ဆင့် ချိုးဝင်
လာခဲ့ရသည့်လမ်းသွယ်လေးမလို့ ယဥ်အသွားအလာက မရှိသလောက်ကို
နည်းနေပြီ။ ကျောင်းအနီးမှာရှိတဲ့
လမ်းကဆိုင်မလို့ ဗျူဟာပိုင်ပြော
တာနဲ့သူအချိန်တိုအတွင်း ရောက်လာနိုင်ခြင်းပင်။
ဆိုင်ရဲ့တံစက်မြိတ်မှာ ဆိုင်ကယ်ရပ်
ပြီးတာနဲ့ အထဲကိုဝင်တော့ နေ့လည်
ဘက်လူကျသည့်ဆိုင်ထဲကခုံတွေမှာ
လူတောင်သိပ်မရှိပေ။ချောင်ကျ
သည့်နေရာမှာ တစ်ယောက်တည်းထိုင်
နေတဲ့ ဗျူဟာပိုင်နဲ့ နောက်ထပ်တစ်ဝိုင်း
မှာ အစ်မအရွယ်တစ်ယောက်နဲ့
အဒေါ်ကြီးတစ်ယောက်သာရှိသည်။
"ဗျူဟာ"
မှာထားသည့်အအေးက စားပွဲပေါ်တွင်
အရာပင်မယွင်းနေ။ သူဒီကိုဘာနဲ့
လာတာလဲ ။ ဆိုင်ရှေ့မှာကားလည်း
မတွေ့ ။ဆက်လာတဲ့ဖုန်းကလည်း
ဒီဆိုင်ကငှားဆက်တာထင်သည်။
အိမ်နေရင်းအဝတ်အစားတွေနဲ့ ဆံပင်
ကပွယောင်းနေပြီး သူစိုက်ကြည့်နေ
သည်ကို မျက်နှာလွှဲသွားချိန် ဘယ်
ဘက်ပါးပြင်က ပါးစောင်နားမှာ
လက်သီးတစ်ချက်စာ နီ
ရဲနေသည်ကိုတွေ့လိုက်ရသည်။
ဗျူဟာပိုင်ကို ဘယ်သူကဒီလိုလုပ်ရဲ
မှာတဲ့လဲ။
" ငါရောက်လာပြီ"
ဘေးကခုံမှာ ဝင်ထိုင်ပေးရင်း အဖော်
လုပ်ပေးသည့်တိုင် စကားတစ်ခွန်းမှ
မပြောပါချေ။ ဒီမှာတစ်ယောက်တည်း
ဘာလုပ်နေတာလဲ။ ဘုန်းပြည့်ဆီကို
တောင်မသွားပဲနဲ့လေ။
"ငါ့မှာ ပိုက်ဆံပါမလာလို့ ဒီအအေးဖိုး
တစ်ချက်ရှင်းပေးပါလား။ပြန်ပေးမယ်"
" ရတယ် အခုက ဆက်ထိုင်အုံးမှာလား။ဆက်ထိုင်မယ်ဆိုရင်လည်းရတယ်
။မိုးကတော့ ဒီလိုပဲနည်းနည်းဆီပဲ
ဆက်ရွာနေတာပဲ။မင်း ဘုန်းပြည့်
ကွန်ဒိုကို သွားမယ်ဆိုရင်တော့ ငါ
လိုက်ပို့ပေးမယ်"
ဘာမှမပြော စားပွဲခုံကိုသာ စိတ်လွတ်
နေတဲ့သူလို စိုက်ကြည့်နေသည်။
အဖေဆီကအထိုးခံရလာတဲ့နာကျင်မှု
ထက်ကို စိတ်အခြေအနေက ပိုမကောင်း ဖြစ်နေဟန်ရှိသည်။ ဗျူဟာပိုင်မှာ
လည်း ဒီလိုပုံစံမျိုး ရှိတာကို မျက်မြင်
တွေ့လိုက်ရမှတော့ ။
နှစ်သိမ့်ပေးချင်ပေမဲ့ စကားမှား
သွားမှာစိုးလို့ ဘေးကနေ အဖော်
လုပ်ပေးရင်းသာ မိုးသံ
တစ်ဖြောက်ဖြောက်ကြားမှာ...။
ဆိုင်မှာလူတွေအကုန်ရှင်းပြီးဆိုင်ရှင်
ဆိုင်သိမ်းဖို့လုပ်မှပင် စိတ်နဲ့လူမကပ်နေ
သူကိုခေါ်၍ ဆိုင်အပြင်သို့ထွက်
လာခဲ့ကြသည်။
"ဘုန်းပြည့်ဆီသွားမှာလား"
"မသွားဘူး"
" အဲဒါဆိုရင် ငါ့အိမ်ကိုလိုက်ခဲ့။ငါ့
အိမ်မှာညအိပ်လို့ရတယ်"
အခုမှ မျက်နှာချင်းဆိုင်ကြည့်လာ
သူက အံ့သြနေဟန်အတိ။
"မင်းအစ်မကို ငါမတွေ့ရဲဘူး"
"ငါ့အစ်မက ဒီအချိန် သူ့အခန်းထဲ
မှာ အိပ်လို့တရေးတောင်ရနေပြီ။
မင်းလာတာတောင်
မသိလို့တွေ့စရာမလိုဘူး"
"ကိုလေးကရော"
"ကိုလေးက ငါတို့နဲ့မနေဘူး။ သူ့မိသားစုနဲ့ အဖွားအိမ်မှာနေတာ"
ငြိမ်နေလျက်ပင် တိတ်သွားပြန်သည်။
ကားတွေဖုန်းတွေပါထားခဲ့ပြီး
ပိုက်ဆံတောင်မယူလာ
ဘုန်းပြည့်ဆီကို လည်း မသွားချင်တဲ့
အထိ ဗျူဟာပိုင်က သူ့မိသားစုနဲ့
ပတ်သက်တဲ့ သူအကုန်လုံးကို မေ့
ထားချင်ဟန်။ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်
သက်ပြီးအဖေနဲ့ အကြီးအကျယ်
စကားများလာဟန်ရှိသည်။
"ဦးထုပ်ဆောင်းလိုက်နော်"
"မင်းပဲဆောင်း"
"ငါက ဆိုင်ကယ်မောင်းရင် မိုးရေ
ထိနေကျပဲ ဒီလောက်မိုးပြေးက
ဘာမှမဖြစ်ဘူး ။မင်းဖျားမှာစိုးလို့"
ကမ်းပေးနေတဲ့ ဆိုင်ကယ်ဦးထုပ်ကို
မယူ။ ဘာမှပြန်မပြောတော့ လက်လျော့လိုက်ရင်းသာ သူပဲဆောင်းလိုက်
ရင်း ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုး
လိုက်သည်။
"တက်လေ"
သူ့အနောက်ကနေတက်ထိုင်လိုက်
သူကို တင်ရင်း မိုးပြေးလေးဆိုပေမဲ့
ဖြေးဖြေးမောင်းရင် မိုးပိုစိုမှာစိုးလို့
ဆိုင်ကယ်ကို အရှိန်တင်လိုက်သည်။
---------------------
အိမ်နားရောက်မှမိုးက သည်းလာ
သည်။သူ့ဆိုင်ကယ်သံကြားတာနဲ့ အ
မေကတံခါးဝကထွက်ကြည့်နေပြီးခြံ
တံခါးဖွင့်ပြီးတာနဲ့ ခြံထဲကို ဆိုင်ကယ်
တွန်းပြီးဝင်လာခဲ့ရင်း...။ ဆိုင်ကယ်
ပေါ်က ဆင်းအပြီး ခြံဝမှာပဲရပ်နေသူ
ကိုအိမ်ထဲသို့ခေါ်၍ နှစ်ယောက်စလုံး
အိမ်ထဲသို့ရောက်စဉ် အဖေနှင့်
အမေက တအံ့တသြနှင့်ဖြစ်နေရှာသည်။
"တစ်ကျောင်းထဲက ကျွန်တော့်
သူငယ်ချင်း ဗျူဟာပိုင်တဲ့။ကျောင်း
ကစာတွေလုပ်ရမဲ့ သားlaptopက
ဟိုတစ်နေ့ထဲကပျက်ချင်နေတာလေ။
အဲ့ဒါသူကအဲ့ဒီအပိုင်းကျွမ်းလို့
ကြည့်ခိုင်းမလို့အိမ်ကိုအပါခေါ်လာ
တာ။သားသူငယ်ချင်း ဒီညဒီမှာ
အိပ်မယ် အမေ"
"လာ အိမ်အထဲကိုဝင်လာလေ သား "
အထဲရောက်နေပြီးသားကိုအမေ
က ဗျူဟာပိုင်ကိုကြည့်ပြီး ထပ်
ခေါ်သည်။သူ့ရဲ့ ယောကျာ်းလေး
သူငယ်ချင်းတွေအကုန်လုံးကို
အမေကသိသည်။ သူ့သူငယ်ချင်း
တွေထဲမှာ ဗျူဟာပိုင်အကြောင်း
တစ်ခါမှမပြောပြဖူးတာမလို့ပင်။
"လာခဲ့လေသား။သားနဲ့တစ်ကျောင်း
ထဲကလား အန်တီကတစ်ခါမှမမြင်
ဖူးလို့ ကြည့်နေတာ။ မိုးရေစိုခဲ့ကြ
တာလား။ သူငယ်ချင်းကို အခန်းထဲ
ခေါ်သွားပြီး အဝတ်အစားတွေလဲဖို့
ပေးလိုက်သား တော်ကြာအအေး
ပတ်ပြီးဖျားကုန်မယ်"
" ဆံပင်တွေပါစိုနေပါလား အဝတ်
အစားမြန်မြန်လဲခိုင်းလိုက် နေနေ။သွား အထဲဝင်သွားဘာမှအားမနာနဲ့ကောင်လေး"
တီဗီကြည့်နေရင်း လှမ်းပြောတဲ့
အဖေကိုကြည့်လိုက် သူတို့ကိုကြို
နေတဲ့ အမေ့ကိုကြည့်လိုက်နှင့်ဗျူဟာပိုင်
က လူကြီးတွေကို အားနာနေဟန်
ရှိသည်။ နေရခက်မှာဆိုးလို့အမြန်ပင်။
"လာ ငါ့အခန်းထဲသွားရအောင်"
မလတ်အခန်းရှေ့ကနေဖြတ်ပြီး
မီးဖိုချောင်နှင့်ကပ်ရပ်အခန်းတံခါး
ကိုဖွင့်လိုက်သည်။ ဗျူဟာပိုင်
ဝင်လာချိန်အခန်းတံခါးဘောင်နှင့်သူ့
အရပ်ကကွက်တိလောက်ပင်ကျ
နေတာပင်။မိုးကသိပ်မများတော့
အင်္ကျီတွေကအပေါ်တပိုင်းပင်စို
သွားပေမဲ့ ဗျူဟာပိုင်ဆံပင်က
တော့ သုတ်မှဖြစ်မည်။
"ထိုင်လေ ကုတင်ပေါ်မှာထိုင်"
"ဘောင်းဘီစိုနေတယ်"
မွေ့ယာကိုခေါက်တင်ထားသည့်
လူနှစ်ယောက်အိပ်စာလောက်တောင်
မရှိသည့်ကုတင်လေးမှာခင်းထားတဲ့
ကဖျာလေးပေါ်ကို ထိုင်ချဖို့အထိ
မဝံ့ရဲဖြစ်နေအောင်အားနာတတ်လိ
မ့်မည်ဟု မထင်ထားတာတော့အမှန်။
" ရတယ် သိပ်မစိုပါဘူးထိုင်နေ
လိုက်။ငါမင်းဝတ်ဖို့ အဝတ်အစားရှာရဦးမယ်"
"ရှိတာပဲပေး တော်ရင်ရပြီ"
ခန္ဓာကိုယ်ချင်းကသိပ်မကွာပေမဲ့ အရပ်က အင်္ကျီရွေးရတာ ကြန့်ကြာစေသည်။
ဘီရိုထဲကနေ သူမဝတ်ရသေးတဲ့
အင်္ကျီနဲ့ ဘောင်းဘီအသစ်တွေကို ရှာလို့အပြီး။
"သားတို့"
အမေ အခန်းဝကိုရောက်လာတာနဲ့
ဗျူဟာပိုင်က ကုတင်ပေါ်ထိုင်နေရာကအလျင်အမြန်ထရပ်သည်။
"အဝတ်အစားလဲပြီးရင် ထမင်းစား
ဖို့ ထွက်လာခဲ့ကြနော်သား၊သူငယ်ချင်း
ကို ခေါ်လာခဲ့။သားလေး အန်တီထမင်း
ပူပူလေးနွှေးထားတယ် ထွက်လာခဲ့
နော်သား ဒါမှမဟုတ်နေနေကို အထဲမှာပဲယူလာခိုင်းရမလား"
"ကျွန်တော် ထမင်းစားပြီးပြီအန်တီ"
"ဟုတ်လို့လား အားမနာနဲ့။အားနာ
စရာမလိုဘူးဗိုက်ဆာတဲ့အချိန်ပြော
နော်သား အချိန်မရွေး ထစားလို့ရ
တယ်။အန်တီထမင်းပြင်ပြီးအုပ်ဆောင်းဖုံးထားပေးမယ်။ထမင်းမစားချင်ရင်လည်း မင်း သူငယ်ချင်းကို ခေါက်ဆွဲပြုတ်ပဲဖြစ်ဖြစ် ကြိုက်တာလုပ်ကျွေးခိုင်း။
အခုက အန်တီထမင်းဟင်းနွှေးထား
ပေးလို့ ပူပူလေးထပ်စားလိုက်ပါ့လားသား"
"ကျွန်တော် တစ်ကယ် ဗိုက်မဆာ
လို့ပါအန်တီ ကျေးဇူးပါ"
"အမေ့အခန်းဘီရိုထဲက စောင်နဲ့ခေါင်းအုံးအသစ်ထုတ်ပေးအုံး"
အမေ့အနား အပြေးသွားရတာပင်။
ဘယ် သူငယ်ချင်းအိမ်ကိုအလည်
လာလာ စကားပြောမပျက်ပဲ
ထမင်းခေါ်ကျွေးချင်တဲ့
အမေ့ကို အခန်းဝကနေ ခေါ်ထုတ်ဖို့
လုပ်ရတယ်။အိမ်ခေါ်လာပြီးညပေး
အိပ်တဲ့သူငယ်ချင်းကstageကျောင်း
တုန်းကစာအတူလုပ်တဲ့ဘော်ဒါ
အရင်းတွေလောက်ကလွဲပြီး မရှိ
သလောက်ရှားသည်မို့ အမေကလည်းအထူးအဆန်းဖြစ်နေဟန်။ဒါပေမဲ့လည်း
ဧည့်ဝတ်ကကျေမြဲ။
"အော် အေး ဟုတ်သား။ အန်တီစောင်
တွေထုတ်လိုက်ဦးမယ် ဗိုက်ဆာ
လာရင်နေနေနဲ့ ထမင်းထွက်စားလိုက်နော်သား"
"ဟုတ်ကဲ့ အန်တီ"
အမေ့ကိုစကားပြောနေတဲ့ အမူအယာ
ကအစ တရိုတသေနဲ့ပင်။
"စောင်တွေသွားယူဖို့ခဏနော်လို့သာ
ပြောခဲ့ပြီး " သဘတ်ပေးကာ
အခန်းတံခါးပိတ်ခဲ့လိုက်
သည် ။သူကတော့အဝတ်အစားတွေ
ယူလာခဲ့ပြီးရေချိုးခန်းထဲမှာသာ
ဝင်လဲလိုက်သည်။
မီးဖိုချောင်မှာမှာရှိနေတဲ့အမေက
တော့ သူ ရေချိုးခန်းထဲက ထွက်
လာတာနဲ့ထမင်းဝိုင်းကိုအုပ်
ဆောင်းဖုံးလိုက်ပြီး။
"တစ်ခါမှဒီကောင်လေး အကြောင်း
မပြောပြဖူးပါလားသား။ အားနာနေတယ်ထင်တယ် သူငယ်ချင်းကိုဧည့်ဝတ်ကျေအောင် ထမင်းထွက်လာစားခိုင်း
လိုက် အမေတို့ဝင်အိပ်တော့မယ်"
"သူ မစားချင်လို့ဖြစ်မယ်။ရတယ် ကျွန်တော်မေးပြီး နောက်မှ အခန်းထဲယူသွားပေးလိုက်မယ်"
အမေ့ပါးကိုရွှတ်ကနဲပင်နမ်းလိုက်လျက်။
"ကျွန်တော့်ကိုအများကြီးကူညီပေး
ဖူးတော့ကျောင်းမှာအရင်းနှီးဆုံး
သူငယ်ချင်းလို့တောင် ပြောလို့ရ
တယ်။ သူ့အိမ်နဲ့အဆင်မပြေဖြစ်
လာလို့ခေါ်လာတာ သူနေသာသလို
နေပါစေ အမေစကားသွား
မများနေနဲ့တော့။အိုကေလား"
"အဲ့ဒီလိုလား သိပြီ အမေသိပြီ"
အမေက သဘောပေါက်သွားတဲ့ပုံနဲ့
သူငယ်ချင်းကိုဧည့်ဝတ်ကျေအောင်
ဆက်ဆံလို့ မှာသွားပြီး စောင်တွေ
ပေးကာ အိပ်ချိန်ရောက်နေပြီမလို့
တီဗီပိတ် မီးတွေပိတ်ကာ အိမ်ရှေ့မှာ
ခြင်ထောင်ထောင်၍အိပ်နေလေပြီ
။ အခန်းကနှစ်ခန်းပဲ ရှိတာမလို့
အဖေနဲ့အမေက အိမ်ရှေ့မှာအိပ်တာပင်။
စောင်နဲ့ခေါင်းအုံးကိုသယ်ပြီး အခန်း
တံခါးကိုဖွင့်လိုက်စဥ် ဗျူဟာပိုင်က
ကြမ်းခင်းမှာထိုင်နေပြီး သူ့စားရေး
စားပွဲပုကပ်ထားသည့်နံရံက မှတ်
စုတိုတွေကိုကြည့်နေသည်။
အဝတ်အစားလဲပြီးသွားပြီး လည်ပင်းမှာတော့ ပုဝါတင်ထားသည်ပင်။ ဆံပင်
တွေက သုတ်ထားပုံမရ။
"မင်းတစ်ကယ် ဗိုက်မဆာဘူးလား"
"အင်း..ငါအိပ်ချင်နေပြီ"
"မအိပ်နဲ့အုံးလေ မင်းခေါင်းတွေရေစိုနေတယ် သဘတ်နဲ့သုတ်လိုက်အုံး"
အမေလာကြည့်တုန်းက ပြန်ဖြေသည်နှင့်ခြားနားစွာ ငြိမ်သက်နေပြီး သဘတ်နဲ့သူ့ခေါင်းသူ သုတ်နေသည်။
"ဆံပင်သုတ်ပြီးရင် ကုတင်ပေါ်မှာ
အိပ်လိုက်တော့ ငါကအိမ်ရှေ့မှာ
အိပ်မယ်"
" ငါဒီမှာအိပ်လည်းရတယ်"
ချက်ချင်းပြန်မပြောနိုင်အောင်ပဲ။
သူများအိမ်ရောက်နေတော့ အားတော့တကယ်နာတတ်တာပင်။
" မရဘူး။ဧည့်သည်ကိုအောက်ဆင်း
အိပ်ခိုင်းတယ်ဆိုပြီးငါ့အမေငါ့ကိုဆူလိမ့်မယ်။ပူလို့ ငါက အခန်းထဲမှာ မအိပ်
ချင်ရင်အိမ်ရှေ့မှာထွက်အိပ်နေကြပဲ
ငါ့အမေခြင်ထောင်တွေတောင်ထောင်
ပြီးပြီ။မင်းကုတင်ပေါ်မှာလွတ်လွတ်
လပ်လပ်အိပ်လိုက်တော့။တစ်ခုခု
လိုရင် ငါ့ကိုထွက်လာပြီးခေါ်လို့လည်းရတယ်"
ကုတင်ပေါ်မှာ အိပ်ရာခင်းအသစ်
စောင်တွေခေါင်းအုံးတွေအသစ်နဲ့ အိပ်ရာခင်းလို့ပြီးတော့မှလှည့်
ကြည့်လိုက်သည်။
ဆံပင်ကိုသာသုတ်နေပြီး ဘာမှပြန်မပြောတော့ ဗျူဟာပိုင် နားချင်နေပြီဆိုသာသိသည်မလို့။
"ငါသွားအိပ်ပြီနော်။မင်းတစ်ခုခု
စားချင်ရင် ငါ့ကိုထွက်ခေါ်လိုက်။ဒါမှ
မဟုတ်ရင် အဆာပြေမုန့်နဲ့အအေးဘူး
တွေကဒီမှာနော်"
"အင်း"
လိုအပ်တာမှန်သမျှအခန်းထဲထည့်
ပေးထားပြီး
လိုသလောက်ပဲပြောရဲတာပင်။
အိမ်နေရင်းတောင်အရောင်ထွက်နေပြီးbrandတွေပဲဝတ်ထားသည်
ဆိုတာ တွေးကြည့်စရာတောင်မလို။
မိဘတွေနဲ့စိတ်ဆိုးပြီးအိမ်ပေါ်က
ဆင်းလာတဲ့ သူဌေးသားကိုမှသွား
သနားပြနေရင် ရယ်စရာတွေဖြစ်ကုန်မှာပေါ့။ သူသာသွားချင်ရင် ကြိုက်တဲ့နေရာ သွားလို့ရရဲ့သားနဲ့ လိုက်ခဲ့တာက အတွေ့အကြုံအသစ်တွေလိုချင်လို့
များလားတောင်ထင်မိတယ်။
အခန်းထဲဘာလိုသေးလဲ တခဏ
ရပ်ကြည့်ပြီးမှအခန်းတံခါးကိုဖွင့်မည်အလုပ်။
"နေစင်"
ပြန်လှည့်အကြည့်။
"ကျေးဇူးပဲ"
ပြုံးသာပြလိုက်ရင်း အခန်းတံခါး
ပိတ်ပြီး ထွက်လာခဲ့လိုက်သည်။
"မလိုပါဘူး သူငယ်ချင်းတွေပဲမလားလို့"
မထုတ်ပြောဖြစ်ခဲ့တာလေးပေါ့။
ဘာမှမဟုတ်တာလေးကိုကျေးဇူးက
မလိုပါဘူး။ပုံမှန်အတိုင်းပဲနေပါ။ လောလောဆယ် စိတ်အခြေအနေ
မကောင်းလို့ ယုံကြည်မှု နည်းနည်း
လျော့နေပေမယ့် ဘယ်တော့
တစ်လိုင်းပြန်ဖြစ်မလဲမသိဘူး။
သူဌေးသားက အဲကွန်းမရှိတဲ့
အခန်းကျဥ်းထဲမှာ ဒီည မအိပ်တတ်မှာ
ကိုပဲသူအစိုးရိမ်ကြီးစိုးရိမ်နေမိရ
တော့သည်။
*****************************************
" မေတြ႕ရတာေတာင္ ရက္ၾကာၿပီေနာ္ မေသာ္၊ကိုဂြၽန္။ ကြၽန္ေတာ္တို႔ ေရာက္
လာပါၿပီခင္ဗ် "
"ဟမ္ အင္း...လာ လာၾကေလ
ေကာင္ေလးေတြ"
သူတို႔အခန္းထဲအေရာက္
ဆန္းဆက္ ႏႈတ္ဆက္လိုက္တာက
ကိုဂြၽန္ကိုျဖစ္ေသာ္လည္း ျပန္စကားေျပာသည္က မ်က္ႏွာ
အပ်က္ပ်က္ႏွင့္ မေသာ္ပင္။
ကိုဂြၽန္က မေကာင္းတတ္သည့္ မ်က္ႏွာနဲ႔ ျပဳံးသာျပၿပီး သူ႕ေဘးက ေက်ာင္းသူ
ေတြနဲ႔သာ စကားဆက္ေျပာလို႔ေနသည္။
ေနစင္ဟန္ ဆန္းဆက္အေနာက္ကို
လိုက္ရင္းသာ ဂီတာကိုယူၿပီး သူတို႔
ထိုင္ေနၾကခုံအလြတ္ေတြမွာသြား
ထိုင္လိုက္သည္။
ဆန္းဆက္ကေတာ့ ေအးေအးေဆး
ေဆးပင္ ဂီတာႀကိဳးကို
ညႇိေနေပမယ့္ေတာ္႐ုံ ဘယ္သူ
အျမင္ကိုမွ ဂ႐ုမစိုက္တတ္သည့္
သူ႕မွာ။
ကိုဂြၽန္နဲ႔မေသာ္မွာ သိသိသာသာပင္
အရင္ကလိုသူတို႔နဲ႔ စကားလာဝိုင္း
မဖြဲ႕ေတာ့ပဲ တျခားတရင္းတႏွီး႐ွိခဲ့ၾက
တဲ့သူတို႔ကိုအားေပးအားေျမာက္
လုပ္ခဲ့ၾကတဲ့ သင္တန္းသူေလးေတြ
ကလည္း သူနဲ႔ မ်က္လုံးခ်င္းစုံခ်ိန္
အၾကည့္လႊဲသြားၾကရသည္။ ေသခ်ာ
ေပါက္ သူ႕ကို ေ႐ွာင္ဖယ္ခ်င္ေနၾကတာ
။သူ႕ေၾကာင့္ဆန္းဆက္ကို အေန
မခက္ေစခ်င္။
"ဆန္းဆက္ ငါအတန္းျပန္သြား
လိုက္လို႔ရမလား "
"ဘာျဖစ္လို႔လဲ အခုမွ ေရာက္တာေလ"
ဂီတာႀကိဳးကိုညႇိေနရင္းသာ ဆန္းဆက္
ကသူ႕ကိုမၾကည့္လာ။
"႐ွင္းသန္႔ ေရာက္လာရင္အတန္းမွာ စကားေျပာေဖာ္မ႐ွိဘဲ တစ္ေယာက္
တည္းျဖစ္ေနမွာစိုးလို႔။သိတယ္မ
လား ကေလးလိုျဖစ္ေနတဲ့သူ႕
ရည္းစားကို ဘုန္းျပည့္ငါ့လက္ထဲ
အပ္ထားတာ"
"သူမ်ားရည္းစားကို မင္းကဘာလို႔
လိုက္ပူေနတာလဲ။မင္းအေ႐ွ႕မွာ ႐ွိ
ေနတာကမွ"
မ်က္လုံးခ်င္း စုံေအာင္စိုက္ၾကည့္ၿပီး
ေအးေဆးစြာပင္ တုံ႔ျပန္သည့္ ဆန္း
ဆက္ရဲ႕ အေျပာေတြေအာက္မွာ အၾကည့္ခ်င္းစကားေျပာသည္။
သူကပဲ သေဘာက်ေနလို႔လား ဆန္း
ဆက္ရဲ႕အ႐ွိန္အဝါက သူၾကာၾကာ
အၾကည့္ခ်င္းမဆုံႏိုင္ေလာက္
ေအာင္ ေခ်ာရက္လြန္းတာပင္။
"ဆန္းဆက္"
"မင္းအေ႐ွ႕မွာ႐ွိေနတာကငါ။ငါ့ကိုပဲ
ၾကည့္ တစ္ျခားသူေတြကို အေရးမပါလို႔ စိတ္ထဲကိုမထည့္ထားနဲ႔ ၾကားလား။
သင္စရာ႐ွိတာသင္ၿပီးမွ သြားမယ္"
"အင္း"
ေခါင္းအသာညိတ္လိုက္ရင္းသာ
ဆန္းဆက္ေျပာသလိုပဲ ဂီတာတီး
ဆက္သင္ဖို႔ကိုပဲ အာ႐ုံထားလိုက္သည္။
----
" ဒီေန႔ ရာသီဥတု သာယာတယ္ေနာ္"
"အင္း ဒါေပမဲ့ေျပာလို႔မရဘူး။မိုးက
သူ႐ြာခ်င္ရင္ ႐ုတ္တရက္ ႐ြာခ်မွာ"
ႏွစ္ေယာက္အတူတူ ဓါတ္ေလွကားကေန တတိယအထပ္မွာထြက္လာရင္း ယွဥ္
တြဲကာ ေကာ္ရစ္တာတစ္ေလွ်ာက္ လူ
႐ွင္းတဲ့ေနရာမွာရပ္လိုက္သည္။
music clubကေန အျပန္ေနစင္နဲ႔သူအတန္းထဲကိုသြားၾကဖို႔ပင္။ အထပ္
တူေပမယ့္အခန္းေတြက ေက်ာင္းရဲ႕
အလယ္ကေနဆန္႔က်င္ဘက္တစ္ဖက္ဆီပင္။
"ေနစင္"
"အင္း"
"ဆိုင္ကယ္ပါလာလား"
"ပါတယ္ေလ ဆိုင္ကယ္ဦးထုပ္ေရာ
မိုးကာေရာ "
"လိုင္စင္ေရာ"
ဆက္ေျပာမလို႔လုပ္ၿပီးမွ ေၾကာင္ေတာင္ေတာင္ျဖစ္ေနတဲ့ေကာင္ေလး။ တကယ္ပဲ ဘာေလးလဲ။
"ဒဏ္ေငြ႐ိုက္မလို႔စစ္ေနတဲ့သူမဟုတ္ဘူးေလကြာ။ဘာလို႔ေမးတာလဲ တစ္ကယ္
မသိတာလား"
"ဆန္းဆက္"
လူ႐ွင္းေနတဲ့ေကာ္ရစ္တာတစ္
ေလွ်ာက္ ေဘးေဘာင္တန္းကိုကိုင္
ကာ ရပ္လိုက္သူနဲ႔လိုက္ရပ္ရသည္။
လူကိုေခၚၿပီး ေငးၾကည့္ေနေပမယ့္
ဘာမွမေျပာ။
" လာႀကိဳမယ္ ေျပာတာဘာလို႔
လက္မခံတာလဲ။
"ဆန္းဆက္"
"ငါ့ကိုဘာလို႔လက္မခံေသးတာလဲ"
နာမည္ပဲေခၚေနသူကို အားမရစြာ ထုတ္
ေျပာရေတာ့သည္။ျပတ္သြားၿပီလို႔
အသိေပးထားတာ တစ္ပတ္ပင္ျပည့္
ေတာ့မည္။အခုထိ ဒီေကာင္ေလးက သူ
နဲ႔တြဲသြားတြဲလာ လုပ္ေနတာကလြဲလို႔တရားဝင္အတိအလင္း အေျဖမ
ရေသး။တစ္နည္းအားျဖင့္ ခ်စ္သူ
ေတြအျဖစ္ အဆင့္မတက္ႏိုင္ေသး။
" အခုမွမင္းတို႔ ျပတ္သြား႐ုံပဲ႐ွိေသးတယ္ေလ။တစ္ဖက္ကိုငါအားနာ!!"
" အဲဒီဘက္ကို အားနာစရာမလိုဘူး
။ မင္းနဲ႔ဘာမွမဆိုင္လို႔ ။အစထဲက ငါ
လုပ္ယူခဲ့တဲ့ ပတ္သက္မႈအတြက္
ဝတ္ရည္ဦးကို အားနာရမွာက ငါတစ္ေယာက္တည္းပဲ။ အျပစ္
႐ွိတာလည္း ငါတစ္ေယာက္တည္းပဲ။
မင္းကိုေတြ႕တဲ့အခ်ိန္ငါ့ဘက္ကပဲစ
ခဲ့တယ္ မင္းကို တကယ္အတည္တြဲ
ခ်င္လို႔မင္းကိုအတည္ႀကီးခ်စ္မိ
သြားလို႔ သူ႕ကိုငါ့မိသားစုေၾကာင့္
တြဲခဲ့တယ္ဆိုတာကအစ အကုန္ဝန္ခံၿပီး
မင္းအတြက္ျဖတ္ခဲ့တာ။အကုန္ငါ
မေကာင္းလို႔ဆိုတာ ဝတ္ရည္
ကနားလည္သြားၿပီ။မင္းကို ဘာ
အျပစ္မွယူမွာမဟုတ္ဘူး။ငါ့ကိုပဲ
ထပ္ၿပီးမျမင္ခ်င္ေလာက္ေအာင္ သူငယ္ခ်င္းသံေယာဇဥ္ေတာင္မ႐ွိေတာ့ေလာက္ေအာင္ စိတ္နာသြားတာ"
"ဆန္းဆက္"
လက္ေလးကိုင္ခ်င္လို႔ အေ႐ွ႕တိုး
ဖို႔လုပ္ၿပီးမွ ေက်ာင္းမွာဆိုတဲ့အသိ
ဝင္သည္။ဒီေကာင္ေလးရဲ႕႐ိုး႐ွင္း
စြာ ဆြဲေဆာင္မႈကေတာ္႐ုံမဟုတ္။
သူကအခုဆိုရင္ အရည္ေပ်ာ္က်
လို႔ ႐ုန္းမထြက္ႏိုင္ေအာင္ပင္ျဖစ္
ေနလုသလို...။
"တစ္ကယ္လို႔ ထြက္ခဲ့တဲ့သတင္းေတြ
ေၾကာင့္ လူေတြမေကာင္းေျပာမွာ
ေၾကာက္ေနတယ္ဆိုရင္လည္းငါတို႔ အတြင္းလူေတြပဲသိေအာင္တြဲလို႔
ရတယ္ေလကြာ။အဓိကကတြဲဖို႔ပဲ"
တစ္ဆက္တည္းအေလာတႀကီး
ေျပာၿပီးမွ အရမ္းႀကီး ဖိအားေပး
သလို ျဖစ္ေနမွာစိုးလို႔ ဘရိတ္အုပ္
လိုက္ရသည္။
"မင္းကိုငါ့အပိုင္အတိအလင္းျဖစ္ၿပီ
ဆိုတဲ့ အေျဖေလး အသိေလးရ
ခ်င္ေနၿပီ။အဲ့တာေလးတစ္ခုပဲ ေနစင္"
ဆန္းဆက္ကို အသာျပဳံးျပလိုက္ရသည္။
ကိုယ္သေဘာက်ေနတဲ့သူက
ကိုယ့္ကို လိုက္ေနတယ္ဆိုတဲ့ ခံစားခ်က္ေလာက္ ရင္ခုန္ရတာ ဘယ္မွာ႐ွိမလဲ။
ေကာ္ရစ္တာေဘးဘီမွာလူ႐ွိမ႐ွိ တစ္
ခ်က္ၾကည့္လိုက္ၿပီးဆန္းဆက္
လက္ကို ခပ္ဖြဖြကိုင္လိုက္ေတာ့
သူ႕လက္ကို ခပ္တင္းတင္းျပန္ကိုင္
ထားသည္။
"ငါမင္းဆီလာမွာေသခ်ာတာမလို႔
အခ်ိန္ခဏေလးပဲ ထပ္ေစာင့္ေပး
မယ္မလား ဆန္း"
ဆန္းဆက္ မ်က္ႏွာကို စူးစိုက္ၾကည့္ရင္း တစ္ေယာက္ကိုတစ္ေယာက္
အၾကည့္ႏွင့္ပင္ ...။ငါလည္းမင္းနဲ႔
အဆင့္တက္ခ်င္ေပမဲ့ တဖက္နဲ႔ျပတ္
ထားတာမၾကာေသးပဲ အဲဒီေလာက္
ထိေတာ့ ငါကစိတ္မမာႏိုင္ဘူး။ ျဖစ္
ႏိုင္ရင္ဒီလိုပဲ တစ္ေယာက္စိတ္ကို တစ္ေယာက္နားလည္တဲ့အခ်ိန္ေရာက္
လာတဲ့အထိ မင္းနဲ႔ေ႐ွ႕ဆက္သြား
ခ်င္မိပါတယ္။ေရာက္လာပါေစ
လို႔လည္းငါဆုေတာင္းတယ္။
-----------------------------------------
"အေဖ့စကားကို ဘာလို႔ျငင္းဆန္
ေနတာလဲသား။မင္းအဘိုးကလည္း
မင္းကို ဘာသာစကားေတြပါကြၽမ္းလာေအာင္ foreignမွာပဲ ႏွစ္ၾကာေက်ာင္းသြားတက္ေစခ်င္ေနတယ္"
"ဒီမွာလည္း အဆင္ေျပေနတာပဲ
အေဖ ကြၽန္ေတာ္ မသြားဘူး"
ဦးထင္ပိုင္ရဲ႕ မ်က္ခုံးေတြတြန္႔ခ်ိဳး
သြားသည္။ဧည့္ခန္းမွာ သားျဖစ္သူနဲ႔
ႏွစ္ေယာက္ထဲ တိတ္တဆိတ္စကား
ေျပာေနခ်င္း။
" အေၾကာင္းျပခ်က္ေပး"
ဗ်ဴဟာ သူ႕အေဖကိုၾကည့္လိုက္ခ်ိန္
ဦးထင္ပိုင္က မ်က္ႏွာတည္ေနလ်က္႐ွိၿပီး အေျခအေနမေကာင္းေတာ့ဘူးဆိုတာ ရိပ္စားမိလိုက္သည္။
Foreignမွာ ေက်ာင္းသြားတတ္
တဲ့လား။အခုေတာင္ မ်က္စိေဒါက္
ေထာက္ အလြတ္မေပးတာ။ဦးထင္ပိုင္
သူ႕ကိုေျပာဖို႔စကားေတြစဖို႔ လမ္းဖြင့္
ေနၿပီဆိုတာသူသိလိုက္သည္။
"အေဖ့ကို လုံေလာက္တဲ့ အေၾကာင္း
ျပခ်က္ေပး။မင္း အိမ္ျပန္ေရာက္လာ
ထဲက အေဖဒီေလာက္ေမးေနတာေတာင္ ပါးစပ္ပိတ္ေနတာက မိဘေတြကို
ေစာ္ကားလိုက္တာနဲ႔အတူတူဘဲ။
မိဘေတြက အေနာက္ကေန စိတ္ေသာကေတြေရာက္ၿပီး မင္းအေမဆိုမင္း
အိမ္ျပန္ေရာက္မလာမခ်င္း ထမင္း
ေတာင္မစားႏိုင္ဘူး။အနည္းဆုံးေတာ့
သား ဘာျဖစ္လို႔ အဲဒီလိုေကာင္ေတြနဲ႔ပတ္သက္ခဲ့တာလည္းဆိုတာ အေဖ
တို႔ကို အေၾကာင္းျပခ်က္ေတာ့ေပးသင့္တယ္"
ေနာက္ဆုံးေတာ့ စကားလမ္းေၾကာင္း
က ဒီကိုပဲေရာက္ခဲ့တာပင္။ဗ်ဴဟာက
ပါးစပ္ပိတ္ေနသလို ဦးထင္ပိုင္ကလည္း သားျဖစ္သူ ျပန္ေရာက္လာထဲက
ေခ်ာ့ေမာ့ကာပင္ေမးခဲ့သည္ကို စိတ္ကုန္သြားဟန္႐ွိၿပီး ဦးထင္ပိုင္ အမွန္အကန္
ပင္ ေဒါသထြက္ေနေလၿပီ။
"သားသုံးဖို႔လုပ္ခဲ့သလား"
" ကြၽန္ေတာ္ေျပာရင္ အေဖကယုံမွာလား"
" အေဖ့သားကိုအေဖမွမယုံရင္ ဘယ္
သူကယုံမွာတဲ့လဲ"
ဦးထင္ပိုင္မွာ အေဖဆိုေသာဂုဏ္ႏွင့္
သူ႕ကို အက်ိဳးအေၾကာင္းေျပာျပေစခ်င္ေနသည္ကို ဗ်ဴဟာသိေသာ္လည္း။
" ေျပာေလ သား"
"ကြၽန္ေတာ္ မေျပာခ်င္ဘူး။အေဖ
ထင္ခ်င္သလိုထင္လို႔ရတယ္"
" ဗ်ဴဟာပိုင္ မင္းဘာအခ်ိဳးခ်ိဳး
တာလဲ။ဒါအေဖကို ေျပာရမယ့္စကားလား "
"သားအဖေတြ ဘာေတြျဖစ္တာလဲ။
အစ္ကို ကေလးကို ဘာေတြေျပာ
ေနျပန္ၿပီလဲ။သား သူ႕ဘာသာေနပါေစ။
သားကသူမလုပ္ဘူးလို႔ ကြၽန္မကိုေျပာၿပီးသားေလ ကေလးကိုဘာလို႔ တစ္ခ်ိန္လုံး ေခ်ာင္ပိတ္ၿပီး ေမးေနရတာလဲ"
ေဒၚခိုင္နီလာမွာ ထမင္းစားခန္းထဲကေန သစ္သီးစိတ္ပန္းကန္ႏွင့္ထြက္လာၿပီး ပန္းကန္ကိုစားပြဲေပၚ အျမန္တင္ကာ
ဗ်ဴဟာအေ႐ွ႕တြင္ကာ၍ဝင္ထိုင္လိုက္သည္။
"မင္းဖယ္ေနခိုင္ မင္းအလိုလိုက္လြန္းလို႔ မင္းသားကဒီလိုဆိုးေနတာ သူက
ေတာ့ မလုပ္ဘူးပဲေျပာမွာေပါ့။သူ႕ ေျခေထာက္နဲ႔သူ ဒီလိုေကာင္ေတြနဲ႔
သြားပတ္သက္ၿပီးမွ ေနာက္ေၾကာင္း
လိုက္႐ွင္းရတဲ့ မိဘေတြကို ေတာင္း
ပန္စကား တစ္ခြန္းမေျပာဘူး
။ ေနာက္မလုပ္ေတာ့ပါဘူး တခြန္းမေျပာဘူး။မင္း အလိုလိုက္လြန္းလို႔ မင္းသားက ၾကာရင္ပ်က္စီးေတာ့မယ္"
"႐ွင္ ေတာ္လိုက္ေတာ့ကိုထင္ပိုင္။သားမွာလည္း သူ႕အေၾကာင္းနဲ႔သူ႐ွိမွာေပါ့။
ေနာက္မျဖစ္ေစရဘူးလို႔သားက က
ကြၽန္္မကို ကတိေပးထားၿပီးသား။
ဟုတ္တယ္မလားသား။အေဖ့ကို
ေျပာလိုက္ သားမလုပ္ပါဘူး ေနာက္
တခါဒီလိုမျဖစ္ေစရဘူး လို႔"
အေဖနဲ႔သားၾကား ဗ်ာမ်ားေနတဲ့
အေမျဖစ္သူကို မၾကည့္ရက္ေပ
မယ့္ ဗ်ဴဟာ ဦးထင္ပိုင္ကိုေျဖ႐ွင္း
ခ်က္မေပးဘဲ အသံတိတ္ေနဆဲပင္။
"အေဖ ေဒါသထြက္ေနတယ္။အေမ့ကို
ေျပာသလိုေျပာျပလိုက္ေလသား
လိမၼာတယ္ ေျပာလိုက္ေနာ္"
"မင္းသားကို ဒီထက္ပိုၿပီးမယု
ယေနနဲ႔။မင္းအေမကိုပဲ မင္း အခ်ိဳ
သပ္လို႔ရမယ္။ငါ့ကိုလာၿပီး အေၾကာ
တင္းေနတယ္ဟုတ္လား ဗ်ဴဟာပိုင္။
ဖေအကမၾကမ္းခ်င္လို႔ ေခ်ာ့ေမးေန
တာကို ဖေအကို ေလးစား႐ိုေသမႈမ႐ွိဘူး။
ငါေမြးလို႔လူျဖစ္လာတဲ့ေကာင္က
အေဖတစ္ေယာက္လုံးကိုပမာမခန္႔
လာလုပ္ေနတယ္။မင္းအေမလည္းမ
င္းကို ဒီတစ္ခါ ကာေပးလို႔မရေတာ့ဘူး
။မတက္နဲ႔ဘယ္ေက်ာင္းမွ ။မိဘေတြက လြတ္လပ္ခြင့္ေပးတာကို အခြင့္ေကာင္း
ယူၿပီး ဒီအ႐ြယ္နဲ႔အတတ္ေကာင္း
ေတြ တတ္ေနတယ္ဟုတ္လား။အိမ္ထဲ
မွာပဲေန အဲ့ေက်ာင္းလည္းထြက္လိုက္
။ငါစကားအျဖစ္ေျပာေနတာမဟုတ္
ဘူး မင္းဒီေန႔ကစၿပီး ကိုယ့္လုပ္ရပ္ကိုယ္ ေနာင္တမရမခ်င္း အိမ္ထဲကအိမ္
ျပင္ ထြက္ဖို႔မစဥ္းစားနဲ႔"
"သားကို ဘယ္လိုစကားေတြေျပာ
ေနတာလဲ ကိုထင္ပိုင္။အေဖ့ကိုေနာက္
မျဖစ္ေစရဘူး ေတာင္းပန္လိုက္ေနာ္
သား အေဖကေဒါသထြက္ေနလို႔ ေျပာ
ေနတာ။သားကိုအေမယုံတယ္ အေမ့သားကို"
သူ႕အေမအေနာက္ကေန
မတ္တပ္ထရပ္လိုက္သည့္ ဗ်ဴဟာ
ဦးထင္ပိုင္ကို တစ္ခါမွမၾကည့္ဖူး
သည့္အၾကည့္ျဖင့္စူးစိုက္ၾကည့္လ်က္ နာက်င္စြာ ျပဳံးလိုက္သည္။သူ႕ဆီကေန ေတာင္းပန္စကားေျပာလိုက္ရင္
အေဖေဒါသထြက္ေနတာ အဆင္ေျပသြားမယ္ဆိုတာ သိေသာ္လည္းသူေပကပ္
ကာ မေျပာခ်င္လို႔ကို ဘာတစ္ခြန္းမွ
ေျပာဖို႔ စိတ္ကူးမ႐ွိေတာ့ဘူး။ငါေမြးလို႔လူျဖစ္လာတာတဲ့လား။ တကယ္ပဲလားအေဖ။
" ကြၽန္ေတာ္ဘယ္လိုပဲေျပာေျပာ
ကြၽန္ေတာ္ ေျပာတဲ့စကားထက္ အဘိုး
မရင္ငယ္မိသားစုေျပာတဲ့စကားကိုပဲ
အေဖနားေထာင္မွာပဲမလား"
"ဘာ!!"
ဦးထင္ပိုင္မွာ မ်ားစြာအံ့ၾသႀကီး
ေနသလို ပါးစပ္ဖြင့္ဟလ်က္ ဗ်ဴဟာ
ကိုရင္နာသလို ေငးရင္း
ထရပ္လိုက္သည္။
ဦးထင္ပိုင္ရဲ႕ လ်င္ျမန္လွတဲ့ လက္သီး
တစ္ခ်က္က ဗ်ဴဟာရဲ႕ပါးေစာင္ထက္ကို ေရာက္႐ွိသြားခ်ိန္ ေဒၚခိုင္နီလာမွာေတာ့။
"သား!!"
" ေအာက္တန္းစားေကာင္!!မင္းလူႀကီး
ကို ဘယ္လိုစကားေျပာလိုက္တာလဲ!! ဘယ္လိုျဖစ္ၿပီး ငါေမြးထားတဲ့သားက
ဒီလိုအ႐ိုင္းအစိုင္းေကာင္ျဖစ္ေနရတာလဲ!!"
"႐ွင္ ကြၽန္မသားကို မထိနဲ႔ ကိုထင္ပိုင္
႐ွင္ကမ်ား!!"
ေဒၚခိုင္နီလာရဲ႕ ရင္ဘတ္ကိုဖိၿပီးေအာ္သံက်ယ္အဆုံးမွာ ဦးထင္ပိုင္အသိစိတ္
ဝင္လာၿပီး ဗ်ဴဟာကိုျပန္ၾကည့္သည္။
ဦးထင္ပိုင္ကိုယ္တိုင္ ကိုယ့္ကိုကိုယ္
မယုံႏိုင္ျဖစ္ေနသည္မို႔ သူလက္သူျပန္ၾကည့္ရင္း သားျဖစ္သူ မ်က္ရည္ေတြျပည့္
ေနတာကိုသာေနာက္ဆုံးျမင္လိုက္ရၿပီး
ဗ်ဴဟာမွာဧည့္ခန္းထဲကေန အိမ္
အျပင္ကိုထြက္သြားခ်ိန္။
"သားး!! အေမ့ကေလး"
"ခိုင္ ခိုင္!!သတိထားအူံး။
ျခံထဲမွာဘယ္သူ႐ွိေနလဲ ဗ်ဴဟာပိုင္ကို
ျခံျပင္မထြက္သြားေစနဲ႔။နင္တို႔အဲ့မွာ
ဘာရပ္ၾကည့္ေနတာလဲ သားအေနာက္
ကိုျမန္ျမန္လိုက္ေလ ငါ့သားကိုအိမ္
ထဲျပန္ဆြဲေခၚလာခဲ့"
"ဟုတ္ကဲ့ ဆရာ"
ဦးထင္ပိုင္ သတိေမ့မလိုျဖစ္ေနတဲ့
ေဒၚခိုင္နီလာကိုတြဲထားၿပီး ေၾကာင္
အကာ ဧည့္ခန္းဝမွာရပ္ၾကည့္ေနၾက
တဲ့အိမ္အကူ ေကာင္မေလးေတြကို
ေအာ္ဟစ္သံကဧည့္ခန္းထဲပဲ့တင္သံ
ထပ္သြားသည္။
--------------
" ညေနထဲက ဘူတာႀကီးထြက္သြားတာ ဘယ္ေဝ့ေနလို႔အခုမွေရာက္တာလဲ
ေနစင္။ငါကမင္း အိမ္ျပန္သြားၿပီထင္လို႔ "
ဆိုင္ေ႐ွ႕မွာ ဆိုင္ကယ္ရပ္ၿပီးအထဲ
ဝင္လိုက္တာနဲ႔ကိုၿဖိဳးက ေဆာ္ၾသသည္။
ညေနက လူရလို႔ သြားပို႔ေပးတာပင္။
"မဟုတ္ဘူး လူပို႔ၿပီး စားေသာက္ဆိုင္ကပါဆယ္ဖုန္းဝင္လာလို႔ အမွာအိမ္
လိုက္ပို႔ေပးေနတာ"
"ေအာ္ စီးပြားေရးေကာင္းခ်က္။ငါmenuအသစ္ေတြလုပ္ထား
တယ္။ျမည္းၾကည့္မလား"
"မျမည္းဘူး တစ္ပြဲလုံးစားမွာ"
"ေအးပါကြာ ေကြၽးပါတယ္ ခဏေစာင့္"
ေကာင္တာအေနာက္က ဆိုင္အကာ
ထဲကိုကိုၿဖိဳးကျပန္ဝင္သြားသည္။
ဆိုင္ကေနရာခ်ဲ႕လိုက္ၿပီး
Juiceေတြအျပင္ တစ္ျခား လူငယ္
အႀကိဳက္ စားစရာေတြကိုပါအစမ္း
တင္ေနၿပီျဖစ္သည္။
ဆိုင္က တျခား အေဖ်ာ္ဆရာ ေကာင္ေလး ႏွစ္ေယာက္ကလည္း သူနဲ႔လွမ္းစကားေျပာေနရင္းက လူက်လာလို႔
အလုပ္မ်ားသြားသည္။
သူလည္း ဘာလုပ္ေပးစရာ႐ွိလဲ ၾကည့္ေနတုန္းဖုန္းကျမည္လာသည္။
ဖုန္းစခရင္ေပၚက unknown
contact။
"ဟယ္လို ေျပာပါခင္ဗ်"
တစ္ဖက္က ခဏၾကာသည္အထိ
အသံတိတ္ေနသည္မို႔။
"ဟယ္လို ဘယ္သူလဲခင္ဗ် ဖုန္း
မွားေနတာလား "
"ေနစင္"
ၾကားလိုက္ရသည့္အသံ။
"အင္း ဗ်ဴဟာ...ေျပာ"
"ဟယ္လို...ေျပာေလ ဗ်ဴဟာပိုင္။
ဒါဘယ္သူ႕ဖုန္းလဲ"
"မင္း ဘာျဖစ္ေနတာလဲ အခုဘယ္မွာလဲ"
"မင္းအခု ဘယ္မွာလဲေျပာ"
ဖုန္းခ်လိုက္ၿပီးတာနဲ႔ ဆိုင္ထဲက
ထြက္လာမိသည္မွာ "စားမယ္ဆိုၿပီး
ဘယ္သြားဦးမလို႔လဲ ေဟ့ေရာင္"
ဆိုတဲ့ ကိုၿဖိဳးေခၚသံကိုပင္ ျပန္မေျဖႏို
င္ဘဲ ဆိုင္ကယ္စက္ႏိုးကာ ထြက္လာ
ခဲ့လိုက္သည္။
ဆန္းဆက္နဲ႔ဝတ္ရည္ဦး ျပတ္သြား
ၿပီဆိုတာ စသိထဲက ဗ်ဴဟာပိုင္ လႈပ္႐ွား
လို႔ရေအာင္ ဆက္သြယ္ေနၾကအတိုင္း
မက္ေဆ့စ္နဲ႔သတင္းပို႔ေပးခဲ့တယ္။
အခ်ိန္ေကာင္းမွာသူ႕ေကာင္မေလးနဲ႔
ဗ်ဴဟာပိုင္ ျပန္ အဆင္ေျပဖို႔ ကိုယ့္
တာဝန္ကိုယ္ေက်ေပးေနပါေသာ္လည္း သတင္းပို႔ထားေပး႐ုံမွအပ ဘာေတြ
လုပ္ေနလဲမသိရ။ေက်ာင္းလည္း
သိပ္မလာဘူးလို႔ဘုန္းျပည့္ဆီကေန
သိထားတယ္။ႏွစ္ခါျပန္မရႏိုင္တဲ့ အခြင့္အေရးမွာ ဗ်ဴဟာပိုင္ ဒီတစ္ခါ
မာနေတြကိုေလ်ာ့ၿပီး သူ႕ ေကာင္မေလးစိတ္ျပန္လည္လာေအာင္ လုပ္ႏိုင္ဖို႔
အဆင္ေျပႏိုင္ ဖို႔ေတာ့ေမွ်ာ္လင့္သည္။
-----
မိုးဖြဲေလးသာ ႐ြာေနၿပီး လူေျခတိတ္
သည့္ အခ်ိန္။ သူတို႔ေက်ာင္း႐ွိသည့္
လမ္းမႀကီးကေနတစ္ဆင့္ ခ်ိဳးဝင္
လာခဲ့ရသည့္လမ္းသြယ္ေလးမလို႔ ယဥ္အသြားအလာက မ႐ွိသေလာက္ကို
နည္းေနၿပီ။ ေက်ာင္းအနီးမွာ႐ွိတဲ့
လမ္းကဆိုင္မလို႔ ဗ်ဴဟာပိုင္ေျပာ
တာနဲ႔သူအခ်ိန္တိုအတြင္း ေရာက္လာႏိုင္ျခင္းပင္။
ဆိုင္ရဲ႕တံစက္ၿမိတ္မွာ ဆိုင္ကယ္ရပ္
ၿပီးတာနဲ႔ အထဲကိုဝင္ေတာ့ ေန႔လည္
ဘက္လူက်သည့္ဆိုင္ထဲကခုံေတြမွာ
လူေတာင္သိပ္မ႐ွိေပ။ေခ်ာင္က်
သည့္ေနရာမွာ တစ္ေယာက္တည္းထိုင္
ေနတဲ့ ဗ်ဴဟာပိုင္နဲ႔ ေနာက္ထပ္တစ္ဝိုင္း
မွာ အစ္မအ႐ြယ္တစ္ေယာက္နဲ႔
အေဒၚႀကီးတစ္ေယာက္သာ႐ွိသည္။
"ဗ်ဴဟာ"
မွာထားသည့္အေအးက စားပြဲေပၚတြင္
အရာပင္မယြင္းေန။ သူဒီကိုဘာနဲ႔
လာတာလဲ ။ ဆိုင္ေ႐ွ႕မွာကားလည္း
မေတြ႕ ။ဆက္လာတဲ့ဖုန္းကလည္း
ဒီဆိုင္ကငွားဆက္တာထင္သည္။
အိမ္ေနရင္းအဝတ္အစားေတြနဲ႔ ဆံပင္
ကပြေယာင္းေနၿပီး သူစိုက္ၾကည့္ေန
သည္ကို မ်က္ႏွာလႊဲသြားခ်ိန္ ဘယ္
ဘက္ပါးျပင္က ပါးေစာင္နားမွာ
လက္သီးတစ္ခ်က္စာ နီ
ရဲေနသည္ကိုေတြ႕လိုက္ရသည္။
ဗ်ဴဟာပိုင္ကို ဘယ္သူကဒီလိုလုပ္ရဲ
မွာတဲ့လဲ။
" ငါေရာက္လာၿပီ"
ေဘးကခုံမွာ ဝင္ထိုင္ေပးရင္း အေဖာ္
လုပ္ေပးသည့္တိုင္ စကားတစ္ခြန္းမွ
မေျပာပါေခ်။ ဒီမွာတစ္ေယာက္တည္း
ဘာလုပ္ေနတာလဲ။ ဘုန္းျပည့္ဆီကို
ေတာင္မသြားပဲနဲ႔ေလ။
"ငါ့မွာ ပိုက္ဆံပါမလာလို႔ ဒီအေအးဖိုး
တစ္ခ်က္႐ွင္းေပးပါလား။ျပန္ေပးမယ္"
" ရတယ္ အခုက ဆက္ထိုင္အုံးမွာလား။ဆက္ထိုင္မယ္ဆိုရင္လည္းရတယ္
။မိုးကေတာ့ ဒီလိုပဲနည္းနည္းဆီပဲ
ဆက္႐ြာေနတာပဲ။မင္း ဘုန္းျပည့္
ကြန္ဒိုကို သြားမယ္ဆိုရင္ေတာ့ ငါ
လိုက္ပို႔ေပးမယ္"
ဘာမွမေျပာ စားပြဲခုံကိုသာ စိတ္လြတ္
ေနတဲ့သူလို စိုက္ၾကည့္ေနသည္။
အေဖဆီကအထိုးခံရလာတဲ့နာက်င္မႈ
ထက္ကို စိတ္အေျခအေနက ပိုမေကာင္း ျဖစ္ေနဟန္႐ွိသည္။ ဗ်ဴဟာပိုင္မွာ
လည္း ဒီလိုပုံစံမ်ိဳး ႐ွိတာကို မ်က္ျမင္
ေတြ႕လိုက္ရမွေတာ့ ။
ႏွစ္သိမ့္ေပးခ်င္ေပမဲ့ စကားမွား
သြားမွာစိုးလို႔ ေဘးကေန အေဖာ္
လုပ္ေပးရင္းသာ မိုးသံ
တစ္ေျဖာက္ေျဖာက္ၾကားမွာ...။
ဆိုင္မွာလူေတြအကုန္႐ွင္းၿပီးဆိုင္႐ွင္
ဆိုင္သိမ္းဖို႔လုပ္မွပင္ စိတ္နဲ႔လူမကပ္ေန
သူကိုေခၚ၍ ဆိုင္အျပင္သို႔ထြက္
လာခဲ့ၾကသည္။
"ဘုန္းျပည့္ဆီသြားမွာလား"
"မသြားဘူး"
" အဲဒါဆိုရင္ ငါ့အိမ္ကိုလိုက္ခဲ့။ငါ့
အိမ္မွာညအိပ္လို႔ရတယ္"
အခုမွ မ်က္ႏွာခ်င္းဆိုင္ၾကည့္လာ
သူက အံ့ၾသေနဟန္အတိ။
"မင္းအစ္မကို ငါမေတြ႕ရဲဘူး"
"ငါ့အစ္မက ဒီအခ်ိန္ သူ႕အခန္းထဲ
မွာ အိပ္လို႔တေရးေတာင္ရေနၿပီ။
မင္းလာတာေတာင္
မသိလို႔ေတြ႕စရာမလိုဘူး"
"ကိုေလးကေရာ"
"ကိုေလးက ငါတို႔နဲ႔မေနဘူး။ သူ႕မိသားစုနဲ႔ အဖြားအိမ္မွာေနတာ"
ၿငိမ္ေနလ်က္ပင္ တိတ္သြားျပန္သည္။
ကားေတြဖုန္းေတြပါထားခဲ့ၿပီး
ပိုက္ဆံေတာင္မယူလာ
ဘုန္းျပည့္ဆီကို လည္း မသြားခ်င္တဲ့
အထိ ဗ်ဴဟာပိုင္က သူ႕မိသားစုနဲ႔
ပတ္သက္တဲ့ သူအကုန္လုံးကို ေမ့
ထားခ်င္ဟန္။ ျဖစ္ခဲ့တဲ့ကိစၥနဲ႔ ပတ္
သက္ၿပီးအေဖနဲ႔ အႀကီးအက်ယ္
စကားမ်ားလာဟန္႐ွိသည္။
"ဦးထုပ္ေဆာင္းလိုက္ေနာ္"
"မင္းပဲေဆာင္း"
"ငါက ဆိုင္ကယ္ေမာင္းရင္ မိုးေရ
ထိေနက်ပဲ ဒီေလာက္မိုးေျပးက
ဘာမွမျဖစ္ဘူး ။မင္းဖ်ားမွာစိုးလို႔"
ကမ္းေပးေနတဲ့ ဆိုင္ကယ္ဦးထုပ္ကို
မယူ။ ဘာမွျပန္မေျပာေတာ့ လက္ေလ်ာ့လိုက္ရင္းသာ သူပဲေဆာင္းလိုက္
ရင္း ဆိုင္ကယ္ေပၚတက္ကာ စက္ႏိႈး
လိုက္သည္။
"တက္ေလ"
သူ႕အေနာက္ကေနတက္ထိုင္လိုက္
သူကို တင္ရင္း မိုးေျပးေလးဆိုေပမဲ့
ေျဖးေျဖးေမာင္းရင္ မိုးပိုစိုမွာစိုးလို႔
ဆိုင္ကယ္ကို အ႐ွိန္တင္လိုက္သည္။
---------------------
အိမ္နားေရာက္မွမိုးက သည္းလာ
သည္။သူ႕ဆိုင္ကယ္သံၾကားတာနဲ႔ အ
ေမကတံခါးဝကထြက္ၾကည့္ေနၿပီးျခံ
တံခါးဖြင့္ၿပီးတာနဲ႔ ျခံထဲကို ဆိုင္ကယ္
တြန္းၿပီးဝင္လာခဲ့ရင္း...။ ဆိုင္ကယ္
ေပၚက ဆင္းအၿပီး ျခံဝမွာပဲရပ္ေနသူ
ကိုအိမ္ထဲသို႔ေခၚ၍ ႏွစ္ေယာက္စလုံး
အိမ္ထဲသို႔ေရာက္စဥ္ အေဖႏွင့္
အေမက တအံ့တၾသႏွင့္ျဖစ္ေန႐ွာသည္။
"တစ္ေက်ာင္းထဲက ကြၽန္ေတာ္႕
သူငယ္ခ်င္း ဗ်ဴဟာပိုင္တဲ့။ေက်ာင္း
ကစာေတြလုပ္ရမဲ့ သားlaptopက
ဟိုတစ္ေန႔ထဲကပ်က္ခ်င္ေနတာေလ။
အဲ့ဒါသူကအဲ့ဒီအပိုင္းကြၽမ္းလို႔
ၾကည့္ခိုင္းမလို႔အိမ္ကိုအပါေခၚလာ
တာ။သားသူငယ္ခ်င္း ဒီညဒီမွာ
အိပ္မယ္ အေမ"
"လာ အိမ္အထဲကိုဝင္လာေလ သား "
အထဲေရာက္ေနၿပီးသားကိုအေမ
က ဗ်ဴဟာပိုင္ကိုၾကည့္ၿပီး ထပ္
ေခၚသည္။သူ႕ရဲ႕ ေယာက်ာ္းေလး
သူငယ္ခ်င္းေတြအကုန္လုံးကို
အေမကသိသည္။ သူ႕သူငယ္ခ်င္း
ေတြထဲမွာ ဗ်ဴဟာပိုင္အေၾကာင္း
တစ္ခါမွမေျပာျပဖူးတာမလို႔ပင္။
"လာခဲ့ေလသား။သားနဲ႔တစ္ေက်ာင္း
ထဲကလား အန္တီကတစ္ခါမွမျမင္
ဖူးလို႔ ၾကည့္ေနတာ။ မိုးေရစိုခဲ့ၾက
တာလား။ သူငယ္ခ်င္းကို အခန္းထဲ
ေခၚသြားၿပီး အဝတ္အစားေတြလဲဖို႔
ေပးလိုက္သား ေတာ္ၾကာအေအး
ပတ္ၿပီးဖ်ားကုန္မယ္"
" ဆံပင္ေတြပါစိုေနပါလား အဝတ္
အစားျမန္ျမန္လဲခိုင္းလိုက္ ေနေန။သြား အထဲဝင္သြားဘာမွအားမနာနဲ႔ေကာင္ေလး"
တီဗီၾကည့္ေနရင္း လွမ္းေျပာတဲ့
အေဖကိုၾကည့္လိုက္ သူတို႔ကိုႀကိဳ
ေနတဲ့ အေမ့ကိုၾကည့္လိုက္ႏွင့္ဗ်ဴဟာပိုင္
က လူႀကီးေတြကို အားနာေနဟန္
႐ွိသည္။ ေနရခက္မွာဆိုးလို႔အျမန္ပင္။
"လာ ငါ့အခန္းထဲသြားရေအာင္"
မလတ္အခန္းေ႐ွ႕ကေနျဖတ္ၿပီး
မီးဖိုေခ်ာင္ႏွင့္ကပ္ရပ္အခန္းတံခါး
ကိုဖြင့္လိုက္သည္။ ဗ်ဴဟာပိုင္
ဝင္လာခ်ိန္အခန္းတံခါးေဘာင္ႏွင့္သူ႕
အရပ္ကကြက္တိေလာက္ပင္က်
ေနတာပင္။မိုးကသိပ္မမ်ားေတာ့
အက်ႌေတြကအေပၚတပိုင္းပင္စို
သြားေပမဲ့ ဗ်ဴဟာပိုင္ဆံပင္က
ေတာ့ သုတ္မွျဖစ္မည္။
"ထိုင္ေလ ကုတင္ေပၚမွာထိုင္"
"ေဘာင္းဘီစိုေနတယ္"
ေမြ႕ယာကိုေခါက္တင္ထားသည့္
လူႏွစ္ေယာက္အိပ္စာေလာက္ေတာင္
မ႐ွိသည့္ကုတင္ေလးမွာခင္းထားတဲ့
ကဖ်ာေလးေပၚကို ထိုင္ခ်ဖို႔အထိ
မဝံ့ရဲျဖစ္ေနေအာင္အားနာတတ္လိ
မ့္မည္ဟု မထင္ထားတာေတာ့အမွန္။
" ရတယ္ သိပ္မစိုပါဘူးထိုင္ေန
လိုက္။ငါမင္းဝတ္ဖို႔ အဝတ္အစား႐ွာရဦးမယ္"
"႐ွိတာပဲေပး ေတာ္ရင္ရၿပီ"
ခႏၶာကိုယ္ခ်င္းကသိပ္မကြာေပမဲ့ အရပ္က အက်ႌေ႐ြးရတာ ၾကန္႔ၾကာေစသည္။
ဘီ႐ိုထဲကေန သူမဝတ္ရေသးတဲ့
အက်ႌနဲ႔ ေဘာင္းဘီအသစ္ေတြကို ႐ွာလို႔အၿပီး။
"သားတို႔"
အေမ အခန္းဝကိုေရာက္လာတာနဲ႔
ဗ်ဴဟာပိုင္က ကုတင္ေပၚထိုင္ေနရာကအလ်င္အျမန္ထရပ္သည္။
"အဝတ္အစားလဲၿပီးရင္ ထမင္းစား
ဖို႔ ထြက္လာခဲ့ၾကေနာ္သား၊သူငယ္ခ်င္း
ကို ေခၚလာခဲ့။သားေလး အန္တီထမင္း
ပူပူေလးေႏႊးထားတယ္ ထြက္လာခဲ့
ေနာ္သား ဒါမွမဟုတ္ေနေနကို အထဲမွာပဲယူလာခိုင္းရမလား"
"ကြၽန္ေတာ္ ထမင္းစားၿပီးၿပီအန္တီ"
"ဟုတ္လို႔လား အားမနာနဲ႔။အားနာ
စရာမလိုဘူးဗိုက္ဆာတဲ့အခ်ိန္ေျပာ
ေနာ္သား အခ်ိန္မေ႐ြး ထစားလို႔ရ
တယ္။အန္တီထမင္းျပင္ၿပီးအုပ္ေဆာင္းဖုံးထားေပးမယ္။ထမင္းမစားခ်င္ရင္လည္း မင္း သူငယ္ခ်င္းကို ေခါက္ဆြဲျပဳတ္ပဲျဖစ္ျဖစ္ ႀကိဳက္တာလုပ္ေကြၽးခိုင္း။
အခုက အန္တီထမင္းဟင္းေႏႊးထား
ေပးလို႔ ပူပူေလးထပ္စားလိုက္ပါ့လားသား"
"ကြၽန္ေတာ္ တစ္ကယ္ ဗိုက္မဆာ
လို႔ပါအန္တီ ေက်းဇူးပါ"
"အေမ့အခန္းဘီ႐ိုထဲက ေစာင္နဲ႔ေခါင္းအုံးအသစ္ထုတ္ေပးအုံး"
အေမ့အနား အေျပးသြားရတာပင္။
ဘယ္ သူငယ္ခ်င္းအိမ္ကိုအလည္
လာလာ စကားေျပာမပ်က္ပဲ
ထမင္းေခၚေကြၽးခ်င္တဲ့
အေမ့ကို အခန္းဝကေန ေခၚထုတ္ဖို႔
လုပ္ရတယ္။အိမ္ေခၚလာၿပီးညေပး
အိပ္တဲ့သူငယ္ခ်င္းကstageေက်ာင္း
တုန္းကစာအတူလုပ္တဲ့ေဘာ္ဒါ
အရင္းေတြေလာက္ကလြဲၿပီး မ႐ွိ
သေလာက္႐ွားသည္မို႔ အေမကလည္းအထူးအဆန္းျဖစ္ေနဟန္။ဒါေပမဲ့လည္း
ဧည့္ဝတ္ကေက်ၿမဲ။
"ေအာ္ ေအး ဟုတ္သား။ အန္တီေစာင္
ေတြထုတ္လိုက္ဦးမယ္ ဗိုက္ဆာ
လာရင္ေနေနနဲ႔ ထမင္းထြက္စားလိုက္ေနာ္သား"
"ဟုတ္ကဲ့ အန္တီ"
အေမ့ကိုစကားေျပာေနတဲ့ အမူအယာ
ကအစ တ႐ိုတေသနဲ႔ပင္။
"ေစာင္ေတြသြားယူဖို႔ခဏေနာ္လို႔သာ
ေျပာခဲ့ၿပီး " သဘတ္ေပးကာ
အခန္းတံခါးပိတ္ခဲ့လိုက္
သည္ ။သူကေတာ့အဝတ္အစားေတြ
ယူလာခဲ့ၿပီးေရခ်ိဳးခန္းထဲမွာသာ
ဝင္လဲလိုက္သည္။
မီးဖိုေခ်ာင္မွာမွာ႐ွိေနတဲ့အေမက
ေတာ့ သူ ေရခ်ိဳးခန္းထဲက ထြက္
လာတာနဲ႔ထမင္းဝိုင္းကိုအုပ္
ေဆာင္းဖုံးလိုက္ၿပီး။
"တစ္ခါမွဒီေကာင္ေလး အေၾကာင္း
မေျပာျပဖူးပါလားသား။ အားနာေနတယ္ထင္တယ္ သူငယ္ခ်င္းကိုဧည့္ဝတ္ေက်ေအာင္ ထမင္းထြက္လာစားခိုင္း
လိုက္ အေမတို႔ဝင္အိပ္ေတာ့မယ္"
"သူ မစားခ်င္လို႔ျဖစ္မယ္။ရတယ္ ကြၽန္ေတာ္ေမးၿပီး ေနာက္မွ အခန္းထဲယူသြားေပးလိုက္မယ္"
အေမ့ပါးကို႐ႊတ္ကနဲပင္နမ္းလိုက္လ်က္။
"ကြၽန္ေတာ္႕ကိုအမ်ားႀကီးကူညီေပး
ဖူးေတာ့ေက်ာင္းမွာအရင္းႏွီးဆုံး
သူငယ္ခ်င္းလို႔ေတာင္ ေျပာလို႔ရ
တယ္။ သူ႕အိမ္နဲ႔အဆင္မေျပျဖစ္
လာလို႔ေခၚလာတာ သူေနသာသလို
ေနပါေစ အေမစကားသြား
မမ်ားေနနဲ႔ေတာ့။အိုေကလား"
"အဲ့ဒီလိုလား သိၿပီ အေမသိၿပီ"
အေမက သေဘာေပါက္သြားတဲ့ပုံနဲ႔
သူငယ္ခ်င္းကိုဧည့္ဝတ္ေက်ေအာင္
ဆက္ဆံလို႔ မွာသြားၿပီး ေစာင္ေတြ
ေပးကာ အိပ္ခ်ိန္ေရာက္ေနၿပီမလို႔
တီဗီပိတ္ မီးေတြပိတ္ကာ အိမ္ေ႐ွ႕မွာ
ျခင္ေထာင္ေထာင္၍အိပ္ေနေလၿပီ
။ အခန္းကႏွစ္ခန္းပဲ ႐ွိတာမလို႔
အေဖနဲ႔အေမက အိမ္ေ႐ွ႕မွာအိပ္တာပင္။
ေစာင္နဲ႔ေခါင္းအုံးကိုသယ္ၿပီး အခန္း
တံခါးကိုဖြင့္လိုက္စဥ္ ဗ်ဴဟာပိုင္က
ၾကမ္းခင္းမွာထိုင္ေနၿပီး သူ႕စားေရး
စားပြဲပုကပ္ထားသည့္နံရံက မွတ္
စုတိုေတြကိုၾကည့္ေနသည္။
အဝတ္အစားလဲၿပီးသြားၿပီး လည္ပင္းမွာေတာ့ ပုဝါတင္ထားသည္ပင္။ ဆံပင္
ေတြက သုတ္ထားပုံမရ။
"မင္းတစ္ကယ္ ဗိုက္မဆာဘူးလား"
"အင္း..ငါအိပ္ခ်င္ေနၿပီ"
"မအိပ္နဲ႔အုံးေလ မင္းေခါင္းေတြေရစိုေနတယ္ သဘတ္နဲ႔သုတ္လိုက္အုံး"
အေမလာၾကည့္တုန္းက ျပန္ေျဖသည္ႏွင့္ျခားနားစြာ ၿငိမ္သက္ေနၿပီး သဘတ္နဲ႔သူ႕ေခါင္းသူ သုတ္ေနသည္။
"ဆံပင္သုတ္ၿပီးရင္ ကုတင္ေပၚမွာ
အိပ္လိုက္ေတာ့ ငါကအိမ္ေ႐ွ႕မွာ
အိပ္မယ္"
" ငါဒီမွာအိပ္လည္းရတယ္"
ခ်က္ခ်င္းျပန္မေျပာႏိုင္ေအာင္ပဲ။
သူမ်ားအိမ္ေရာက္ေနေတာ့ အားေတာ့တကယ္နာတတ္တာပင္။
" မရဘူး။ဧည့္သည္ကိုေအာက္ဆင္း
အိပ္ခိုင္းတယ္ဆိုၿပီးငါ့အေမငါ့ကိုဆူလိမ့္မယ္။ပူလို႔ ငါက အခန္းထဲမွာ မအိပ္
ခ်င္ရင္အိမ္ေ႐ွ႕မွာထြက္အိပ္ေနၾကပဲ
ငါ့အေမျခင္ေထာင္ေတြေတာင္ေထာင္
ၿပီးၿပီ။မင္းကုတင္ေပၚမွာလြတ္လြတ္
လပ္လပ္အိပ္လိုက္ေတာ့။တစ္ခုခု
လိုရင္ ငါ့ကိုထြက္လာၿပီးေခၚလို႔လည္းရတယ္"
ကုတင္ေပၚမွာ အိပ္ရာခင္းအသစ္
ေစာင္ေတြေခါင္းအုံးေတြအသစ္နဲ႔ အိပ္ရာခင္းလို႔ၿပီးေတာ့မွလွည့္
ၾကည့္လိုက္သည္။
ဆံပင္ကိုသာသုတ္ေနၿပီး ဘာမွျပန္မေျပာေတာ့ ဗ်ဴဟာပိုင္ နားခ်င္ေနၿပီဆိုသာသိသည္မလို႔။
"ငါသြားအိပ္ၿပီေနာ္။မင္းတစ္ခုခု
စားခ်င္ရင္ ငါ့ကိုထြက္ေခၚလိုက္။ဒါမွ
မဟုတ္ရင္ အဆာေျပမုန္႔နဲ႔အေအးဘူး
ေတြကဒီမွာေနာ္"
"အင္း"
လိုအပ္တာမွန္သမွ်အခန္းထဲထည့္
ေပးထားၿပီး
လိုသေလာက္ပဲေျပာရဲတာပင္။
အိမ္ေနရင္းေတာင္အေရာင္ထြက္ေနၿပီးbrandေတြပဲဝတ္ထားသည္
ဆိုတာ ေတြးၾကည့္စရာေတာင္မလို။
မိဘေတြနဲ႔စိတ္ဆိုးၿပီးအိမ္ေပၚက
ဆင္းလာတဲ့ သူေဌးသားကိုမွသြား
သနားျပေနရင္ ရယ္စရာေတြျဖစ္ကုန္မွာေပါ့။ သူသာသြားခ်င္ရင္ ႀကိဳက္တဲ့ေနရာ သြားလို႔ရရဲ႕သားနဲ႔ လိုက္ခဲ့တာက အေတြ႕အၾကဳံအသစ္ေတြလိုခ်င္လို႔
မ်ားလားေတာင္ထင္မိတယ္။
အခန္းထဲဘာလိုေသးလဲ တခဏ
ရပ္ၾကည့္ၿပီးမွအခန္းတံခါးကိုဖြင့္မည္အလုပ္။
"ေနစင္"
ျပန္လွည့္အၾကည့္။
"ေက်းဇူးပဲ"
ျပဳံးသာျပလိုက္ရင္း အခန္းတံခါး
ပိတ္ၿပီး ထြက္လာခဲ့လိုက္သည္။
"မလိုပါဘူး သူငယ္ခ်င္းေတြပဲမလားလို႔"
မထုတ္ေျပာျဖစ္ခဲ့တာေလးေပါ့။
ဘာမွမဟုတ္တာေလးကိုေက်းဇူးက
မလိုပါဘူး။ပုံမွန္အတိုင္းပဲေနပါ။ ေလာေလာဆယ္ စိတ္အေျခအေန
မေကာင္းလို႔ ယုံၾကည္မႈ နည္းနည္း
ေလ်ာ့ေနေပမယ့္ ဘယ္ေတာ့
တစ္လိုင္းျပန္ျဖစ္မလဲမသိဘူး။
သူေဌးသားက အဲကြန္းမ႐ွိတဲ့
အခန္းက်ဥ္းထဲမွာ ဒီည မအိပ္တတ္မွာ
ကိုပဲသူစိုးရိမ္ေနမိသည္။
*****************************************