တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
By maiyuri18
465K 30.6K 2.3K
သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final
8.5K 366 45
By maiyuri18
(သံတွဲမြို့၊ ငပလီ အ​ကြောင်းများကို Wikipedia ၊ Pristine Mermaid Resort Page တို့က က်ိုးကားယူထားပါတယ်ရှင့်...)
ငပလီကမ်းခြေလို့ ပြောလိုက်တာနဲ့ ပင်လယ်ရေပြင်ပြာပြာ သဲသောင်ပြင်ဖြူလွလွနဲ့ အုန်းပင်တန်းတွေကို ပြေးမြင်ကြသလို အာရှတိုက်ရဲ့ အလှပဆုံးသော ကမ်းခြေထဲကအလှဆုံးကမ်းခြေတစ်ခု အဖြစ်သတ်မှတ်ခြင်းခံထားရသည့် ကမ်းခြေလည်း ဖြစ်၏။
ကမ္ဘာလှည့်ခရီးသွားမျးကို အဓိကဆွဲဆောင်သော ကမ်းခြေပြေပြစ်ခြင်း၊ ရေပြင်ပြာပြာ၏အလှတရား၊ ဖြူလွလွသဲသောင်ပြင်တို့ကို အုန်းပင်(တချို့အုန်းပင်ကောက်)လေးဖြင့် စီစီရီရီအနားသတ်ထားပြန်သေးသည်။ အထပ်မြင့် တိုက်တာအဆောက်အဦးများ ကန့်သတ်ထားပြီး သဘာဝအလှတရားကို သဘာဝအတိုင်း ထိန်းသိမ်းထားသော သဘာဝ၏ အလှတရားတစ်ခုဖြစ်သည့်  ငပလီကမ်းခြေကို ရန်ကုန်မှ သံတွဲမြို့ထိ တောတောင်တန်းများမှတဆင့် ကားလမ်းမလေးအတိုင်း သဘာဝတောတောင်ရူခင်းများကိုနှစ်သက်ခံစားရင်း ခရီးသွားခဲ့ခြင်းများကို video recorderလေးဖြင့် ပြေ့ဘုန်းမာန်၏ အကူအညီတောင်းမူကြောင့် ရန်ကုန်စထွက်သည်မှစ သော်စစ်ပိုင် မှတ်တမ်းယူနေမိသည်။
သံတွဲရောက်သည်ထိမရပ်မနားခရီးဆက်ခဲ့ကြသောကြောင့်သံတွဲရှိ hotel တစ်ခုတွင် အနားယူရန် ဘုန်းမြတ်ဟန် ဆုံးဖြတ်လိုက်သည်။ငယ်ရွယ်လွန်းသော သမီးငယ် ပါဝင်သည့်အပြင် ကားမူးခြင်းဒဏ်ကိုခံစားနေရသော ဖိုးသာထူး ခေါင်းမူးနေခြင်းကြောင့် တစ်ညတာနားခိုရမည်ဖြစ်သည်။
" ကိုကို ဒါ ငပလီရောက်ခါနီးပြီလား...."
အထုပ်အပိုးတွေချရင်း ဘေးနားကပ်ကာ သိလိုရာကို ခေါင်းလေးလှည့်ကြည့်ရင်း အမေးစကားဆိုလာသူလေး ။ အမြဲဝတ်ဆင်ပေးနေကြ အဖြူရောင် ချည်သားရူံ့ချည်ဘောင်းဘီလေးကို အပြာရောင်နုနု ကိုအဖြူရောင်စာတန်းပါ T shirt လေးကို အပေါ်ဝတ်ဂျင်းပြာနုလေးကြောင့် မြင်ရကြည်နူးဖွယ်ရာ ခရီးသွားတစ်ယောက်အသွင် တစ်ကိုယ်ရည်အသုံးအဆောင် ကြိုးလွယ် ကင်မရာတစ်လုံးကို လည်ပင်းမှာချိတ်၍ ဦးထုပ်အဝိုင်းဆောင်းထားသည့် ကလေးငယ်က ပုံမှန်လူတွေလို လှမ်းလျှောက်နိုင်သော်လည်း ခရီးဝေးဝေးလျှောက်လှမ်းခြင်းကို ဆင်ခြင်ရ၏။ ထောင့်နှဲ့ခြင်းမရှိပေမယ့် လှမ်းလျှောက်ပါများရင် ခြေချင်းဝတ်အထက်ရှိခွဲစိတ်ရာလေးက သိသိသာသာ နာလာတက်သည်ဆိုတဲ့ ဆရာဝန်တွေရဲ့အကြံပြုချက်ကြောင့် ငယ်လေးကိုမည်သည့်အလေးပင်ပစ္စည်းမှ သယ်ယူခြင်းမပြုပဲ အနီးအနားကိုသာ ပြေ့ဘုန်းမာန် မျက်စိရှေ့လျှောက်လှမ်းပြုထားမိသည်။
" မလိုတော့ဘူး ငယ်ရ...ဒါ သံတွဲမြို့လို့ ခေါ်တယ်...ကိုယ့်အချစ်ကြားဖူးတယ်ဟုတ် .."
နှာဖျားလေးကို လက်ကလေးဖြင့်တောက်ကာ ခပ်စစဆိုလာသူရဲ့ ခါးကိုခပ်တင်းတင်းဖက်ထားရင်း ဆိုဖာပေါ်ထိုင်နေသူရဲ့ ပေါင်ပေါ်ထိုင်ကာ သိချင်ရာကိုစပ်စုရမည်လေ။
ချစ်ရသူများနှင့်အတူ ထွက်လာသော အပမ်းဖြေခရီးဝယ် လွယ်အွေ့လေး သိလိုရာများနေခဲ့၏။
ပျော်ရွှင်ကြည်နူးရ၏။
မေ့မရပါသော နေ့ရက်တွေအတွက် ကောင်းစွာမှတ်တမ်းယူနေ၏။
" ကိုကို့ရှင်းပြ ...ဒီမြို့အကြောင်း..."
" ရှင်းပြခလေး စရံချပါခင်မျာ့...."
" ပြွတ်စ်.~~~ ဒီပါးလေးရော....နမ်းပြီးပြီနော်..."
" ဟားးးးးးးကိုယ့်အချစ်က tourist လေးလား..."
" သိချင်တာကိုးး...."
" ဟုတ်ပါပီ ..ကိုကို့သိသလောက်ပြောပြမယ်နော်...ခြေထောက်လေး ဒီပေါ်တင်ထား...အားနာစရာမလိုဘူး.."
" ဟုတ် ကိုကို..."
နားခိုရာအခန်းငယ်လေးအတွင်းဝယ် အထုပ်အချို့နေရာချပေးနေသော ပြေ့ဘုန်းမာန်ကို အနားလက်ယပ်ခေါ်ကာ အနီးနားထိုင်စေပြီး ကပ်ချွဲနေသော အကောင်ပေါက်လေး လွယ်အွေ့။ ခြေထောက်လေးက်ိုပေါင်ပေါ်တင်ပေးခြင်းအပေါ် အမြဲအားနာနေတက်သည့် အမျိုးသားငယ်။
" သံတွဲမြို့ခေါ် တဲ့ ဒွါရဝတီမြို့ ကို သံတွဲမြစ်ရဲ့ အရှေ့ဘက်ကမ်းနဲ့ တောက်ဘက်ခြမ်းမှာရှိပြီး ပင်လယ်ကမ်းခြေမှနေ ၄မိုင်/၅မိုင်ဝေးတယ်။ သံတွဲမြို့ကို တောင်တန်းတွေက ဝန်းရံထားပြီး မြို့နေလူထုက တောင်ကုန်းလေးကိုနောက်ခံထားပြီး တည်နေကြတယ်လေ။ သံတွဲမြို့မှာ အထင်ကရ သံတွဲလေဆိပ်ရှိတယ်လေ...."
" ဟုတ်လား....ရန်ကုန်ကနေ သံတွဲထိ air flight နဲ့ တိုက်ရိုက် လာလို့ရတာပေါ့ နော်ကိုကို..."
" ရတာပေါ့ ..ကိုကိုတို့အပြန် သံတွဲ လေဆိပ်ကနေပဲ ရန်ကုန်ဆင်းကြမှာလေ..."
" အွင်းးဆက်ပြောပြ...."
" အင်း..တောင်ကုန်းလေးပေါ်တည်ရှိနေတဲ့ သံတွဲမြို့က ဥရောပတိုက်သား အရာရှိများနေထိုင်ကြတဲ့အိမ်တွေ ဒီမြို့မှာတွေ့ရတယ်။ လူဦးရေက နည်းပါးပြီး ရုံးစိုက်ရာမြို့လည်းဖြစ်တယ်လေ၊ လွန်ခဲ့သော ၁၉ရာစုက ပထမအဂ်လိပ်-မြန်မာစစ်ပွဲမှာ ရခိုင်တိုင်းအတွက် မြို့စောင့်တပ်ချထားရာ ဌာနချုပ်လည်း ဖြစ်ခဲ့တယ်ဆိုထားတယ်။ အဲ့ချိန်က ကျေးရွာကြီးတစ်ရွာအဖြစ်ပေါ့ ငယ်လေးရ....။ခုတော့ သံတွဲမြို့က ခရိုင်မြို့တစ်မြို့အဖြစ် ခရိုင်တရားရုံး၊ ဆေးရုံကြီးတွေ၊ စည်ကားတဲ့စျေးကြီးတွေ၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ စည်ကားရာ မြို့ဖြစ်နေပြီလေ။ သံတွဲမြို့က သစ်၊ စပါး၊ ငါးခြောက်အဓိကထွက်ပြီး ကိုကို့တို့လို ရန်ကုန်က အပမ်းဖြေလာကြသူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နှစ်သက်ကြတဲ့ငပလီကမ်းခြေရှိတယ်လေ...."
" ဒါဆို ငပလီကမ်းခြေက သံတွဲမြို့မှာရှိတာပေါ့နော် ကိုကို..."
" ငပလီကသံတွဲမြို့ရဲ့ ၄မိုင်ခန့်အကွာမှာရှိတာလေ...ဒီသံတွဲမြို့ရဲ့ ၇မိုင်ဝေးတဲ့ မဇင်လေဆိပ်ကနေရန်ကုန်ကို ရက်သတ္တပတ်အတွင်း သုံးကြိမ်မျှလေကြောင်းခရီးထွက်ရှိပြီး စနေနေ့တွေမှာ အထူးခရီး​စဉ်ရှိတယ်တဲ့...."
" ဟုတ်လား.....ကိုကို့က ဗဟုသုတ အိုးကြီးပဲ ...သားယောကျာ်းက တော်ချက်ဗျာ.."
"ဟားးးးးးဒီကလေး ကပ်ချွဲနေတယ် ...ဘာသိချင်သေးလို့လဲဟင်....ကိုယ့်အချစ်က ငချွဲလေးဖြစ်နေပြီ တဖြေးဖြေး လူကပ်ကလေးဗျ...."
"ကိုကို့တို့ကအလိုလိုက်တာကိုး....ဒါနဲ့ ဟိုဟာသိချင်သေးတယ်...ပြောပြပါ..."
" ဟုတ်ကဲ့ခင်မျာ့..."
" ငပလီ အကြောင်း....ဟီး....သားကိုချစ်တယ်ဟုတ်..."
" ချစ်တာပေါ့ကွာ.....ကိုယ့်အချစ်မမေးလဲ ကိုကို့ပြောပြမလို့ပါ...ဒီလို ငယ်လေးရ....ငပလီကမ်းခြေက သံတွဲမြို့နဲ့ ၄မိုင်အကွာတည်ရှိပြီး ကမ်းခြေအလျားက ၂မိုင်ရှည်လျားတယ် ထူးခြားစွာဖြင့် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားတယ်လေ။ ကမ်းခြေတစ်လျှောက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းတွေ၊ ဂေါက်ကွင်းတွေ ၊ ဟိုတယ်တွေဖြင့်စည်ကားရာ ကမ်းခြေတစ်ခုဖြစ်ပြီး အရင်က ငပလီဆိုတာရွာလေးတစ်ရွာဖြစ်တယ်လေ။ မှတ်တမ်းအရ ၁၈၂၆ ပထမအဂ်လိပ်-မြန်မာစစ်ပွဲအပြီး အီတလီလူမျိုးတွေက အီတလီနိုင်ငံမှာရှိသော မြို့တစ်ခုဖြစ်တဲ့ နာပိုလီ( Napoli)ကိုအစွဲပြုခေါ်ဝေါ်ကြပေမယ့် ရခိုင်လူမျိုးတို့ စကားအရ ငပလီ ဖြစ်လာတာပေါ့ အချစ်ရဲ့...."
" အွင်း....စိတ်ဝင်စားစရာကောင်းလိုက်တာ...."
" အီတလီစကားအရ အလွန်သာယာပြီး ရူခင်းကောင်းတာကြောင့် နာပလီလို့လည်း ခေါ်ကြပြန်သေးတယ်လေ..."
" အင်း...သားတို့ကကြ ငပလီလို့ပဲသိထားတာ...ခုလိုတွေမသိဘူးရယ်...."
" ကိုယ့်အမျိုးသားစိတ်ဝင်စားရာ ဒေသတွေကို လေ့လာမှတ်သားရတာပေါ့အချစ်ရယ်....စာပေကတဆင့်သိနိုင်သလို ၊ လူငယ်သဘာဝတောတောင်ကမ်းခြေလေ့လာရင်းလည်း ကိုယ့်နိုင်ငံမှာရှိတဲ့ အဖိုးတန်ရူမျှော်ခင်းတွေ၊ ဒေသရှိအဖိုးတန်အကြောင်းအရာတွေ  သိခွင့်ရတာပေါ့..."
" အင်းပေါ့....ဆက်ပြောပေး ကိုကို..သားစိတ်ဝင်စားတယ်...."
" ငပလီမှာ ကိုလိုနီခတ်ကစပြီး ခရီးသွားလုပ်ငန်းတွေ တိုးတက်လာပြီး ၂၀၀၈ခုနှစ်နောက်ပိုင်း ပုဂ္ဂလိက ဟိုတယ်တွေ များစွာပေါ်လာပြီး ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာခဲ့တယ်လေ...နောက်ပြီး အထင်ကရ အဖြစ်ဆုံး အမြင့်၆ပေရှိ ရေသူမ( ရခိုင်အခေါ်ရီသူမ) ရုပ်ထုကို ၁၉၇၄ ဧပြီလမှာ လွတ်လပ်ရေးမော်ကွန်းတင်  စာရေးစရာကြီး ရာမညကိုကိုနိုင်က ငပလီကမ်းခြေ အဏ္ဏဝါရိပ်သာရှေ့မှာ လေးရက် သုံးညတိုင်တိုင် အပင်ပမ်းခံထုလုပ်ခဲ့တယ်လေ..."
" ကိုကို ဒါတွေ ဘယ်လို သိ..."
" ဆိုင်ရာမှတ်တမ်းမှတ်ရာတွေကြောင့်ပေါ့ ..."
" အင်း....."
" လူရည်ချွန်စခန်း၊ တပ်မတော်သားတို့အတွက် နာလန်ထစခန်း၊ ငပလီဂေါက်ကွင်းနှင့် ငပလီဝန်းကျင်ရှိ ကျွန်းတွေများစွာရှိတယ်လေ။ အဲ့အထဲက ပုလဲကျွန်းခေါ် အပေါ်ရည်ကျွန်းက ထူးခြားလှပတဲ့ နေရာလဲဖြစ်တယ်လေ...အချစ်ရဲ့...."
" ဟိုညက ဦးဇော် ပြောပြတဲ့ ပုလဲကျွန်းပေါ့နော် ကိုကို...."
" ဒါပေါ့ဗျာ...."
" သွားချင်လာပြီ....." ပြေ့ဘုန်းမာန်ပေါင်ပေါ်ထိုင်နေရင်း ခပ်စစအပြုံးတို့ဖြင့် လူကို ကလူဤသို့မြူဤသို့ဖြစ်နေတဲ့ ကလေးငယ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်ကာ ပွေ့ဖက်ထားရင်း ခေါင်းကိုမော့ကာ ပြေ့ဘုန်းမာန် အသော့ရယ်မောနေမိသည်။
ထိုကလေး သိပ်ကို မြူစွယ်သည်မို့ ....။
ရင်ခွင်ထဲရှိထိုကလေး၏ သာယာချိုသာသည့်ရယ်သံသဲ့သဲ့လေးကအစ နှလုံးသားကမ္ဘာကိုဆွဲကိုင်လူပ်နိုင်သည်မို့ ထိုအပြုံးလေးများ ပျက်ပျယ်မသားအောင် အရိပ်တကြည့်ကြည့်နေခဲ့ရသည်မဟုတ်လား။ ချစ်လှစွာသောလေးရယ် ရယ်သံလွင်လွင်တို့က နံနက်လင်းအရုဏ်အနှံ့ မင်္ဂလာအပေါင်း ပြည့်စုံစေသည်မို့ ။
" ဟားးးးကိုယ့်အချစ်က  တကယ့်ငချွတ်လေးဗျာ...ချစ်လိုက်တာ ဒီကိုကိုနမ်းပါရစေအုံး..."
" ဒီနေရာနမ်းကိုကို ...." ဆ်ိုကာ မျက်ဝန်းလေးမှိတ်ပြီး မော့ပင့်ပေးလာသူလေးကို မေ့ဖျားကနေ ခပ်ဖွဖွကိုင်ရင်း ကလေးငယ်မျက်နှာအနှံ့ နမ်းရိူက်မိသည်။
" အွင်းးးးးးးး"
အနမ်းပန်းများကျဲချရာ၏ အနားသတ်ဖြစ်သောနှင်းဆီဖူးလေးပေါ် နှတ်ခမ်းနှစ်လွှာကို ထပ်တူကျမိတော့တော့ ပွင့်ဟလာသည့် နှင်းဆီလွှာကြား တိုးဝင်ကာ စုပ်ယူမိသည့် ဝတ်ရည်ချိုများကို အမိအရ နမ်းရိူက်မိသည့်အခိုက် အချိန်ကြာမြင့်သည်နှင့်တပြိုင်နက် ဘယ်/ညာ ရမ်းကာ တွန်းကန်လာသူလေးအသက်ရူဖို့ရန် စက္ကန့်ဝက်မျှ အနားပေး၍တဖန် ပြန်လည်သိမ်းပိုက်မိသည့် အနမ်းကြမ်းများအောက်ဝယ် လွယ်အွေ့တစ်ယောက် မလူးသာမလွင့်သာ မြူစွယ်မိတာ မှားခဲ့သည်လား။
"  အဟွတ်....သေတော့မှာပဲ...ကိုကိုက လုပ်လိုက်ရင် ဇွတ်....."
" ဟားးးးးးကိုယ့်က ဒါလေးနဲ့ အသေခံစရာလား...နမ်းလို့တောင်မဝတာကို..."
" ကိုကို့နမ်းဝရင် လဲသားသေတော့မလားမသိ..."
" ဟားးးးးးမသေပါဘူး အချစ်ရယ်...ကိုယ့်အမျိုးသားလေးကိုအပြည့်အဝချစ်ချင်တာလေ "
" ချစ်တာချစ်လို့ရပါတယ် အဲလို ဇွတ်မတင်းဖက်မနမ်းနဲ့လေဗျာ..."
" မှတ်ထားပါ့မယ် ခင်မျာ့...ဟုတ်ပြီလား...." နူတ်ခမ်းဖျားလေးကိုလက်မလေးဖြင့် သုပ်ကာ ပြုံးစစရယ်သော့နေသူ အမျိုးသားအား ဗန်လွယ်အွေ့ မျက်စောင်းထိုးပြမိတိုင်း ချစ်ရသူကိုကို့က အကြိမ်ကြိမ် ရယ်မောခဲ့ပါသည်။
" ဟုတ်ပါပြီဗျာ....အနားယူရအောင် မနက်မှ ငပလီဘက် ခရီးဆက်မယ်လေ...ခုတော့ ကိုယ့်အချစ်က အင်အားပြည့်အောင် အိပ်ရေးဝဝအိပ်ရမယ်နော်..."
" ဒီရင်ခွင်ထဲ အိပ်မှာ....."
" သိပ်ရတာပေါ့...." ဆိုကာ ကလေးငယ်ပွေ့သနည်း လက်လျိုဝင်၍ ပွေ့ဖက်ကာ အိပ်ယာပေါ်ဝယ် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း တေးသီချင်းအချို့ ညီးဆိုကာ ချော့သိပ်နေမိသည်။
ကလေးငယ်ကို ချော့သိပ်ရင်း ကလေးငယ်နဲ့ အဆင်ပြေပြီဆိုကတည်းက ညီအစ်ကိုနှစ်ယောက် ကြိုတင်စီစဉ်ခဲ့သော အစီအစဉ်လေးအား အစ်ကိုလက်ထောက် John လက်ထဲ အပ်ခဲ့ရသည်မို့ အဆင်မှပြေရဲ့လား၊ ဘာတွေလိုအပ်နေသေးလဲ စသော အတွေးများဖြင့် အိပ်ပျက်စေသော ညတစ်ညဖြစ်သောကြောင့် လုပ်ငန်းကိုတာဝန်ယူဆောင်ရွက်နေသည့် မျိုးကိုနဲ့ ဇေယျာတို့နှစ်ယောက်အပြင် ကလေးငယ်အတွက်စီစဉ်ထားသော ကိုယ်ရံတော်အချို့ရော ဒီခရီးစဉ်မှ အဆင်ပြေရဲ့လားဟု အတွေးများနေခဲ့သည်။
( Hello John )
အားလုံး အဆင်သင့်ဖြစ်ပါပြီ ဆိုတဲ့ ဂျွန်ရဲ့ ဖြေသံအဆုံး အပြုံးလေးတစ်ခု ပြေ့ဘုန်းမာန်မျက်နှာပေါ် ချိပ်ဆွဲထားမိ၏။
ဘာမှမသိသေးသော ကလေးငယ်တစ်ယောက် surprise ကြောင့် ဘယ်လောက်ပျော်ရွှင်မလဲ မြင်ချင်မိ၏ ။အိပ်ယာပေါ် ခြေကားယားလေးအိပ်နေသော ကလေးငယ်ဘေးလှဲဝင်အိပ်ကာ ပျော်ရွှင်စရာ နေ့တစ်မနက်အတွက် တွေးကာ ပျော်နေမိသည်။ အိပ်ပျော်နေသော ကလေးငယ်ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်၍ ခပ်ဖွဖွဖက်ကာ အိပ်စက်ခြင်းဆီသို့........။
ကောင်းကင်တခွင်ရာသီဥတုကြည်လင်နေသော နေ့တနေ့ဝယ် ပင်လယ်ပြာပြာကြီးကို ကားပေါ်မှမြင်နေသည်ကိုအားမရနိုင်စွာ ကလေးငယ်လေးသဖွယ် ပင်လယ်ပြင်ဆီအပြေးလှမ်းချင်နေသော အမျိုးသားငယ်ကို ခါးသိမ်လေးမှဖမ်းဆွဲထားချိန်များ ဟစ်အော်ကာ ရန်လုပ်မင်းမူနေသေး၏။
တစ်ဖွဲ့သားလုံးရဲ့ သဘောတကျရယ်သံတို့ကာ နားခိုရာhotel စင်ဝင်အနီး ပြည့်လျှံနေခဲ့ရသည်။
ဦးဇော်စီစဉ်ပေးထားသည့် သီးသန့်ဘန်ကလိုနားခိုရာဆီကို မကျေနပ်မျက်နှာလေးဖြင့် လိုက်နေပါသော ထိုကလေးငယ်ငယ်။
" ပင်လယ်ကြီးရေ.........."
ငပလီရောက်ပြီဆိုလျှင် ဖိုးသာထူးနောက်ကို အပြေးလေး လိုက်ချင်နေတဲ့ အမျိုးသားကို လက်ဆွဲ၍ ရင်ထိတ်စွာ တားဆီးနေမိသည်။
" အလျှင်လို မပြေးပါနဲ့ ငယ်ရယ်....ကိုကို့ရင်ကွဲရမှာ သိသားနဲ့ အချစ်ရာ..."
" ဟီး သားမေ့သွားတာကိုကို....."
" နောက်မဖြစ်စေနဲ့နော်...."
" ဟုတ်ကိုကို.....
ပင်လယ်ကမ်းစပ်ဆီကနေ *ကိုကိုရေ လှမ်းအော်နေသော ဖိုးသာထူးနဲ့ကိုသာထက်ကို မိဝေတစ်ယောက် ခါးထောက်စွာသာ ကြည့်နေမိသည်လေ။ ဘုန်းမြတ်ဟန်တို့စုံတွဲကလည်း သမီးငယ်လေးကို ပင်လယ်ကြီနှင့်မိတ်ဆက်ပေးချင်သည်ဆိုကာ ဆိုင်ရာမိသားစုဝင်အလိုက်ပျော်မြူးနေပုံကို လွယ်အွေ့လေး ကြည့်နေရင်း အပျော်တွေကူးစက်လာသလို ခပ်တင်းတင်းဆုပ်ကိုင်ထားသော ကိုကို့လက်ကို ပြန်လည်ဆုပ်ကိုင်ထားမိသည်။
" ကိုကို. သားတို့သွားရ​အောင်....."
ဖိုးသားထူးက မြင်ရဲ့လား မသိ လက်မြောက်ပြကာ ခုန်ချင်နေသော ကလေးက ခြေချင်းဝတ်အနာလေးမေ့နေသည်ထင်၏။
" အဲလိုတွေ မခုန်ပါနဲ့ဗျာ.....နော်...."
" ဟိုကိုသွားချင်နေပြီလေ..."
" ခဏနားပြီးမှ ကိုကို့တို့ သွားကြမယ်လေနော်...ခဏနားရအောင် ငယ် "
" အကြာကြီး မနားဘူးနော် ကိုကို့....သား ဖိုးသာထူးနဲ့ ဆော့ချင်တယ်..."
" ဖြစ်ရမှာပေါ့ ငယ်လေးရာ...ကိုယ့်အချစ်က လိမ္မာသားနဲ့ ..."
ပင်လယ်ဆီသွားချင်နေသည့်ကလေးလက်ကိုခပ်တင်းတင်းဆွဲကာခေါ်မိတော့ ခေါင်းလှည့်ကာပင် သံယောဇဉ်မပြတ်နိုင်သလို ငဲ့ကာကြည့်နေပြန်သေးသည်။
အဆိုးလေး ကလေးငယ်ငယ်။
" လာပါအုံး ဖက်ထားချင်လို့...."
ကလေးငယ်ကိုပေါင်ပေါ်တင်ကာ မပြောပလောက်သော ၄မိုင်ခရီးအတွက် စိုးရိမ်မူလွန်ကဲနေပါသော ပြေ့ဘုန်းမာန်က အမျိုးသားငယ်ကို ရင်ခွင်ထဲထား၍ မျက်စိအောက်က မပျောက်မခံခဲ့ပါလေ။
" ကိုကို့ သားသွားချင်တယ်..."
လည်ပင်ကြားတိုးဝင်ရင်း အချွဲပိုကာ မူဟန်ကြွယ်နေပုံ အတက်ပညာကို ထိုကလေး ဘယ်ကသင်ယူထားပါလိမ့်နည်း။
" အင်းပါ....."
" အဲ့အင်းပါက ဘယ်တော့လဲ...."
" ခုက နေပူရှိန်မြင့်နေပြီ ကလေးရယ်ညနေကြ ကိုကိုလိုကိပို့မှာပါ..."
" ခုသွားချင်နေတာလေ...."
" နားရအောင်ခု တော့..."
" ဟွန့် ~ လာမပြောနဲ့ ..." ဆိုကာ ပေါင်ပေါ်က ဆင်း၍ ကုတင်လေးပေါ်ခွေအိပ်ကာ ဆန္ဒပြသူလေးကြောင့် ပြေ့ဘုန်းမာန် ရယ်နေမိသည်။
တကယ့် အဆိုးလေး ကလေးငယ်က...။
စိတ်ကောက်ကာဝင်အိပ်နေပါသော ကလေးငယ်ကိုကြည့်နေရင်း ဝင်လာသော ph call ကြောင့်အပြင်ထွက်ကာ John ၏ အစီအရင်ခံနေမူကို နားထောင်နေမိသည်။ မျိုးကိုဆီဆက်သွယ်၍ အားလုံးအဆင်ပြေစေရန် ညွှန်ကြားဖို့လည်း မမေ့ခဲ့ပါ။
ကြိုတင်စီစဉ်ထားသော မနက်ဖန်ကျရောက်တော့မည့် ဖေဖေ့ကိုယ်တ်ိုင်လက်ထပ်ပေးခဲ့သော မဂ်လာနှစ်ပတ်လည် ၄ နှစ်ပြည့်အချိန်အခါမို့ အစီအစဉ်တစ်ချို့ကို John ကိုလက်လွဲအပ်ထားခဲ့သည်။ John အစီအရင်ခံလာသော ပုံများကိုကြည့်ရင်း မနက်ဖန်ချိန်ခါအတွက် ရင်ခုန်နေရပြီမဟုတ်ပါ့လား။
ကလေးငယ်တစ်ယောက် စိတ်ကောက်ကာပင် ညနေစာစားသည်ချိန်ထိ အခန်းထဲစား၍ စကားပြောမလာခဲ့ပါ။
" ကလေး...ဒါဘယ်လဲ..."
မနက်လင်းလင်းချင်း ကမ်းခြေကိုသွားခွင့်မပေး၍ စိတ်ကောက်ကာ တစ်ဖက်ရှိ အစ်ကိုတို့ နားခိုရာ ဘန်ကလိုဆီ ထွက်သွားပါသော ကလေးအား ခါးထောက်၍သာ ရယ်နေမိသည်။ အားလုံးနဲ့ကြိုတင်တိုင်ပင်သည့်အတိုင်း မဂ်လာနှစ်ပတ်လည်နေ့မို့ ....။
" အယ်....မမ့တို့ငယ်လေးပါ့လား... လာ...ဝင်လေ "
အခန်းတံခါးဖွင့်ရင်း က်ိုမာန်အလိုကျ ဘာမှမသိသူတစ်ယောက်အနေဖြင့် စိတ်ဆိုးလာသော လွယ်အွေ့လေးကိုပွေ့ဖက်ပြီး အခန်းထဲခေါ်ထားမိသည်။
အလှပြင်သူလေး/ငါးယောက်ရှိနေသည့် မမကလျာအခန်းကို ကြောင်,အ ကာပင်ငေးကြည့်နေမိသည်။
" ပွဲရှိလို့လား မမကလျာ..."
" အင်း...ငယ်လေးကိုပြင်ပေး ..မာမီတို့ လှပစေနော်.."
" အယ်..သားက ဘာလို့...."
" နည်းနည်းပါ ငယ်လေးရ...နော်...."
" မမကလျာ....."
မိကပ်အလှပြင်သူတချို့က အနားကပ်လာပြီး မျက်နှာကို ပင့်မော့ကြည့်လာသည်မို့ ။
" ပင်ကိုယ်လှပြီးသားများ ဘယ်လိုပြင်ပြင် လှပီးသားပါ မင်းသမီးရယ်.."
စိန်နားကပ်ပန်ဆင်ရင်း မမကလျာအား ပြောလာသည့်မိကပ်အလှပြင်သူကို ဘာ/ညာမသိ ကြောင်ကြည့်နေမိသည်။ အဝတ်အစားပုံများ မ,သယ်လာသော လူအချို့ကြောင့် ဘာပွဲရှိသလဲမသ်ိပေမယ့် မမကလျာစကားအတ်ိုင်း ထိုင်နေပေးမိသည်။
" တို့ကလေးက်ို မာမီတို့ဆီ အပ်လိုက်ပီနော်..."
" စိတ်ချ အချောဆုံးဖြစ်စေရမယ်..."
" မမ....."
" နည်းနည်းပါးပါးပါ မောင်လေးရာ...နော်..."
ဘာ/ညာမသိ ချစ်ရသူကိုစိတ်ကောက်ကာ ကိုကိုကြီးဆီထွက်လာခါမှ အလှပြင်ခံနေရသည့် လွယ်အွေ့လေး။ မမကလျာက ခဏနော်ဆိုပြီး ထွက်သွားပြီး မိကပ်အလှပြင်သူများက အဝတ်အစားများလဲပေးနေသည့်အပြင် တောင်ပေါ်ဒေသတွင်တွေ့ရတက်သည့် ရှားပါးသစ်ခွလေးကို သေးငယ်သောအဖြူရောင်ပန်းလေးဖြင့်ရစ်ခွေကာ လုပ်ထားသောပန်းကုံးလေးများကို ခေါင်းပေါ်တင်ပေးသောကြောင့် အတင်းငြင်းဆန်ခဲ့ရသေးသည်။
" ဒါက ဘာလို့ သားကို လုပ်ပေးတာလဲ....."
" ဒါလေးပါမှ ပြည့်စုံမှာမို့ပါ ကျေးဇူးရှင်လေးရယ်"
အလှပြင်သူခေါင်းဆောင်က တောင်းပန်ခယကာပင် ထိုသစ်ခွရှားပါးမျိုးစိတ်ပန်းကုံးလေရအား အလှဆင်ပေးနေပြန်သေးသည်။
အစ်ကိုလေးဒါလေးနဲ့ ပြီးပြည့်စုံမှာဆိုပြီး ကိုယ်လုံးပေါ်မှန်ကြီးရှေ့ ကိုယ်တိုင်ကြည့်မိသည့်အခိုက် မဂ်လာဆောင်သတို့သားအသွင်။
အဖြူရောင်အနောက်တိုင်းဝတ်စုံလေးကို အဖြူရောင်ပန်းကုံးလေးခေါင်းတွင်အလှဆင်ထားပေးသော်အခါ ဘာရယ်မသိ ရင်ခုန်ခြင်းတို့အတူ နားမလည်ခြင်းတို့က ရင်ထဲစုပေါင်းနေ၏။
" ပြီးပြီလားဝေ့...." အော်သံတစ်ခုနင့်အတူ ဝင်လာသော အစ်ကိုသာထက်က သေသပ်သားနားစွာ ဝတ်ဆင်ထားပြန်သေးသည်။
" မိဝေ့မောင်က ချောလိုက်တာ...အဆင်သင့်ဖြစ်ပြီလား..." ကိုယ်လုံးပေါ်မှန်ထဲကြည့်နေစဉ် ဘယ်ချိန်ဝင်လာမှန်းမသိတဲ့ အစ်ကိုသာထက်က သေသပ်သားနားစွာ ဝတ်စားဆင်ယင်မူကြောင့် ပွဲတစ်ခုအတွက် ဆိုတာကျိန်းသေ သိလိုက်ရပြီ။
ဘာပွဲမှန်း မသိရသေး။ မိဝေရော ဘယ်မလဲ....?
ကိုကိုကရော ?
" ရင်ခုန်နေလား ကိုငယ်..."
" ဘာပွဲရှိလို့လဲအစ်ကို..."
" ခဏနေသိရမှာပေါ့...အဆင်သင့်ဖြစ်ရင်သွားရအောင်.."
" ဟုတ် အစ်ကို..."
" ဒါလေးစည်းအုံးမယ်ဗျာ....ခဏလေးပါ..."
" ဘာကြီးလဲ ...ဘာလို့လဲ ..သားကိုတစ်ခုခုပြောကြအုံးလေ "
ကိုသာထက်ခေါ်ဆောင်ရာ နောက်ကို Romantic movie တွေထဲကအတိုင်း အဖြူရောင်ပါဝါစလေး မျက်စိအုပ်ကာ လက်တွဲခေါ်လာခဲ့သည့်အတိုင်း လွယ်အွေ့လေးရဲ့ အမေးစကားတို့ကို အော်ရယ်၍သာ ကိုသာထက်တုန့်ပြန်နေသေးသည်။
" သားကို ဘယ်ခေါ်လာတာလဲ၊ ဘာလို့မျက်စိအုပ်ခေါ်လာတာလဲ လို့ ..အစ်ကို...မိဝေနဲ့တိုင်ပြောမယ်.."
" ဟားးးးးအေးပါကွာ...."
ကောင်းကင်ပြာပြာ တိမ်တိုက်ကင်းစင်ပြီး နေ့သာသောမနက်ခင်းအချိန်ခါ ပင်လယ်ရေပြင်ပြာပြာ ကိုနောက်ခံထားပြီး ဖြူလွလွသဲသောင်ပြင်ပေါ်  အဖြူရောင် ပန်းပေါင်းစုံတို့ အလှဆင်ထားသော ၄နှစ်ပြည့် မဂ်လာနှစ်ပတ်လည်အချိန်အခါဝယ် ဖိတ်ကြားထားသည့် မိဘဆွေမျိုးများရှေ့ ထပ်မံ၍ နှစ်ဖက်မိဘများ အလယ် တင့်တောင်းတင့်တယ် ထပ်မံလက်ထပ်ယူပါရစေလို့ မိဘများကို အသိပေးလာသည့် ပြေ့ဘုန်းမာန်စကားအရ လူအိုကြီး ဦးဘုန်းမောင်စုံတွဲအပြင် လွယ်အွေ့ တက်နေကျ ဘုရားကျောင်းက ဖာသာကိုတောင်းဆိုကာ ကိုဇေယျာက ငပလီကို ခေါ်ဆောင်လာခဲ့ကြပြီး ကိုသာထက်တို့ကို ငယ်လေးမိဘများသဖွယ်သဘောထားပါ ရိုရိုသေသေတောင်းခံလာခဲ့ခြင်း စသောအကြောင်းအရာကို လွယ်အွေ့မသိစေပဲ ကြိုတင်စီစဉ်ခဲ့ ယနေ့ကျရောက်လာသော နေ့မြတ်ချိန်ခါအတွက် အားလုံးပျော်ရွှင်စွာပါဝင်ခဲ့ကြသည်။
ရောင်စုံမွှေးကြိုင်သည့်ပန်းများစွာစီခင်းထားသော လျှောက်လှမ်းမထက်ဝယ် ကိုသာထက်တို့နှစ်ယောက် ရပ်တန့်နေပြီဆိုလျှင်ပဲ ကျမ်းစာအုပ်ကိုင်ထားသော ခရစ်ဘာသာဝင်တို့ဘာသာရေးအယူအဆအတိုင်း လွယ်အွေ့လေးကို တိုင်းသိပြည်သိ မိဘမောင်နှမတွေကြား social media ကိုအသုံးပြုကာ ယနေ့ မဂ်လာပွဲထပ်မံပြုလုပ်ခြင်း။
" အစ်ကို....ဘယ်ရောက်ပြီလဲ "
" အင်းရောက်ပြီ...အစ်ကို ဖွင့်ပြီနော်..."
" ဟုတ် ..."
" ဟင်....." မျက်စိရှေ့မြင်လိုက်ရသည့် ပန်းပေါင်းစုံခြံရံထားသည့် မဂ်လာပွဲဝယ် မိသားစုများက ဧည့်ပရိတ်သတ်အဖြစ်ပါဝင်ထားသည့် မင်္ဂလာပွဲထိပ်တွင် အနက်ရောင် Suite ဝတ်စုံပြည့်ဆင်မြန်းထားသည့် ကိုကို့က မတ်တပ်ရပ်နေပြီး ပြုံးလျှက်သား ကြည့်နေပြန်သေးသည်။
လျှောက်လမ်းမထိပ်ဝယ် အံ့ဩခြင်းတို့ရောနေသည့် ရင်ခုန်စိတ်လူပ်ရှားခြင်း၊ ဝမ်းသာကြည်နူးရခြင်း စသော...စသော ခံစားမူများကို တပြိုက်နက်ခံစားရသူအဖို့ ခြေထောက်တွေ ခွေယိုင်ကာ ငိုချင်စိတ်ဖြစ်လာမိသည်။
ကြည်နူးဝမ်းသာခြင်းတို့ သင်္ကေတ မျက်ရည်ကြည်တို့ခပ်စစဖြစ်ပေါ်လာသည်မို့ စကားတစ်ခွန်းမဟနိုင်ပဲ အပေါ်မော့၍သာ မျက်တောင်ခတ်နေမိသည့် သတို့သားလေး ဗန်လွယ်အွေ့။
ကိုသာထက်လက်ကိုချိတ်တွဲကာ မင်္ဂလာလျှောက်လမ်းမပေါ်ခြေချမိသည့်အခိုက် မိဘဆွေမျိုးများက လက်ခုပ်ဩဘာပေးသည့် ကောင်းချီးမင်္ဂလာတွေကြား ကြည်နူးခြင်းမျက်ရည်တို့ ကျဆင်းခဲ့ရပြီ။
" အစ်ကို....." ခပ်အဲ့အဲ့ငိုသံလေးရောရှက်ကာ ဝမ်းသာလွန်းလို့ လက်ဖျားထိပ်လေးတို့ အေးစက်နေသည်အထိ ၊ အေးစက်နေသောလက်ဖျားလေးကို ခပ်ဖွဖွထိကာ ခေါင်းညိတ်ကာ အားပေးနေသူ ကိုသာထက်ပင်လျှင် ထပ်တူ ပျော်ရွှင်ခဲ့ရသည်။
" အဆင်သင့်ဖြစ်ရင် အစ်ကိုတို့သွားရအောင်..." ကိုသာထက်လက်လေးကိုကိုင်ထားသည့် ဗန်လွယ်အွေ့လက်ထဲ အဖြူရောင်ပန်းစည်းလေး လာထည့်ပေးသည့် May Entertainment founderကြောင့် ရစ်သီလာသော မျက်ရည်စတို့ကို tissue လေးဖြင့်တို့ထိနေမိသည်။
ကိုသာထက်ကပြုံးလျှက်သားနှစ်သိမ့်ပေးပြီး မိသားစုများက ဩဘာလက်ခုပ်တီးကာ ချီးမြှောက်ပေးနေပြန်သည်။
အဖြူရောင်စားပွဲလေးပေါ်ဝယ် ပုလဲကျွန်းဒေသထွက်  ပုလဲရတနာတို့ ဝန်းရံထားသည့် မဂ်လာမော်ကွန်းတင်လက်စွပ်နှစ်ကွင်းက မော်ကြွားလှပလွန်းသည်။ ကိုသာထက်လက်ကို တင်းအောင်ဆုပ်ပြီး ဘဝမှာ ဘယ်တုန်းကမှ မမက်ခဲ့ဖူးသော အိမ်မက်လေးအသက်ဝင်လာမူကို မျက်တောင်မခတ်တမ်းကြည့်ပြီး ပျော်ရွှင်ကြည်နူးမူက ရင်ထဲအပြည့်။
မင်္ဂလာလျှောက်လမ်းမပေါ် စတင်ခြေချမိသည်နှင့် မတ်တပ်ရပ်ကာ ကောင်းချီးလက်ခုပ်ဩဘာတို့ဖြင့် ချီးကျူးဖွဲ့သီခဲ့ကြသည်။
တစ်လှမ်းမှသည် နောက်တစ်လှမ်းကို ဂုဏ်ယူဝင့်ကြွားမူဟန် ၊ ဝမ်းသာကြည်နူးရခြင်း တို့ပေါင်းစပ်ကာ မိဘဆွေမျိုးတို့ပေးအပ်သော ကောင်းချီးမင်္ဂလာအဝဝကို လွယ်အွေ့လေးခံယူရင်း ...ချစ်ရသူကြီး ပြုံးလျှက်သား ခေါင်းလေးညိတ်ပြပြီး စောင့်နေသည့် ဘာသာရေးထုံးတမ်းအရ ဖာသာရှေ့မှောက်ဝယ် ကိုသာထက်လက်ကိုတွဲ၍ ဖြတ်ကျော်လာခဲ့ပြီ။
" ကိုကို...."
" သဘောကျရဲ့ ကလေး...."
" အင်း...." ပြုံးပျော်လျှက်ခေါင်းညိတ်ကာ ဖြေနေမိသည်။
" အစ်ကိုတို့အိမ်က ကလေးကို ကြင်နာစောင့်ရှောက်ပေးပါ "
" စိတ်ချယုံကြည်ပေးပါ အစ်ကို"
ပြေ့ဘုန်းမာန်ဆီ လက်လွဲမအပ်ခင် ကိုသာထက်တောင်းဆိုလာသော တစ်ခွန်းထဲ ကတိစကားတို့ကို မိဘများရှေ့ ကတိပေးကာ မျက်ရည်စတို့ ရစ်သိုင်းနေတဲ့ ကလေးငယ်လက်ကို ဆုပ်ကိုင်ရင်း ကတိကဝတ်ပြုနေမိသည်။
မိဘအမျိုးဆွေများ၏ လက်ခုပ်ဩဘာသံအဆုံး ကျမ်းစာကိုင်ထားသော ဖာသာရဲ့ အချိန်ကြရောက်လာပြီဆိုတဲ့ စကားသံအဆုံး ဒုတိယအကြိမ် မိဘအမျိုးအဆွေတွေကြား ပင်လယ်ပြင်ရေပြာပြာ၊ ကောင်းကင်ပြာပြာကြီးအောက်ဝယ် မဂ်လာသတို့သားနှစ်ယောက်က ဖာသာ၏ စကားအဆုံး ကတိအပြန်အလှန်ပြုကြပြီး မင်္ဂလာဦးအကြင်နာအနမ်းများကို ဝေ့သီလာသောမျက်ရည်တွေကြား အနမ်းများဖလှယ်မိကြသည်။
" Congratulations ပါသားတို့ ..ဘုရားသခင်ကောင်းချီးပေးပါစေ .."
" Thank you Father .."
ပျော်ရွှင်ကြည်နူးရသော အချိန်အခါဝယ် မိဘဧည့်သည်တော်များ လှည့်အကြည့် ရှေ့ဆုံးခုံတွင်မတ်တပ်ရပ်ကာ ဩဘာလက်ခုပ်တီးပေးနေသော ဖေကြီးဦးဘုန်းမောင်ကိုမြင်ချင်း လွယ်အွေ့လေးအပြေးသွားကာ ပွေ့ဖက်ထားမိသည်။
" ဖေကြီး"
" သားငယ်အတွက် ဂုဏ်ယူပါတယ် ...ဖေကြီး စိတ်ချပါပြီ ..."
" ဟုတ် ကျေးဇူးပါ ဖေကြီး...မေကြီးရော အားလုံး..."
" မေကြီးတို့က ထပ်တူပျော်ရွှင်ကြည်နူးရပါတယ်ကွယ်....သားနှစ်ယောက်လုံးကို မေကြီးကချစ်တယ်နော် "
" မေကြီးကိုလည်း ချစ်တယ် ..." ဒေါ်မေကြည်ဟန်ပါးပြင်လေးကို ပျော်ရွှခြင်းမျက်ရည်စတို့ကြားက အပြေးလေး နမ်းရိူက်မွှေးကြူမိသည်။
" တို့အိမ်က ကောင်လေးနှစ်ယောက်အတွက် ကိုကိုကြီးတို့ ဂုဏ်ယူနေပါတယ်ကွာ..."
" Congratulations ပါ မောင်လေးတို့ ...."
မင်္ဂလာအခန်းအနား အစီအစဉ်မှူးသော်စစ်ပိုင်က လက်ကိုင်  microphone လေးကို အရာရှိကြီး ဦးဘုန်းမောင်လက်ထဲ တလေးတစားထည့်ပေးလိုက်သော်အခါ .......။
" ဖေကြီး တို့ ထပ်တူထပ်မျှကြည်နူးပါတယ်..ဖေဖေ့သားနှစ်ယောက် နားလည်မူကိုယ်စီနဲ့ ရှေ့ဆက်လျှောက်လှမ်းပါလို့ ဖေဖေ့မှာချင်တယ်..."
" မေမေ့သားနှစ်ယောက် အမြဲပျော်ရွှင်ကြပါစေ....မေမေ အရမ်းပျော်နေပါတယ် သားတို့ရယ်.."
မျက်ရည်စတို့သုတ်ကာ အသံတုန်ရီနေသော ဒေါ်မေကြည်ဟန်ကိုပြေ့ဘုန်းမာန်ပွေ့ဖက်ထားလိုက်သည်။
" ကျေးဇူးတင်ပါတယ် မေမေ ..."
" အစ်ကိုတို့ ညီလေးကို စောင့်ရှောက်ပေးပါ....ဘာအခက်အခဲတွေကြုံကြုံ လက်တွဲမဖြုတ်ပဲ ပျော်ရွှင်မူတွေပဲ ပေးပါ..."
" စိတ်ချပါ အစ်ကို ..ကျေးဇူးပါ"
" မိဝေ....." microphone လေးကို မိဝေလက်ထဲထည့်မိသည့်အခိုက် သပ်ရပ်သားနားစွာ ဝတ်ဆင်ထားသော မိဝေတစ်ယောက်မျက်ရည်တို့ဖိသုတ်ပြီး ငိူရိူက်နေသည်မို့ မိဝေအသံတို့က တုန်ရီနေခဲ့ပြီ။
" ကျုပ်မောင့်လေးကို စောင့်ရှောက်ပေးပါ..တကယ်လို့ အလိုမရှိတော့ရင် ကျုပ်တို့ကို ပြောပါ ကျုပ်တို့ရင်ခွင်အောက် စိတ်မပျက်စေရအောင် ထားပါ့မယ် ...."
" မိဝေရာ...အဲလိုမပြောရဘူးလေ...."
" မသိဘူး...ကျုပ်ဝမ်းနည်း/ဝမ်းသာကြီး...." ကိုသာထက်ပွေ့ဖက်ထားသည့် မိဝေက ငိုရိူက်နေပြန်သေးသည်။
" ငါတို့ကောင်ကြီး ချစ်တက်မူက လိုက်မမှီဘူး...Congratulations ဘုန်းမာန်.."
" ကိုမာန်တို့ ထာဝရပျော်ရွှင်ပါစေ...."
" Thank you all...."
" Congratulations ပါ Boss ..."
" Congratulations ပါဆရာ..."
" Congratulations ပါ သူဌေး..."
" Congratulations ......"
" Congratulations,........Congratulations ......စသော ကောင်းချီးမင်္ဂလာစကားတို့ဖြင့် ချီးမြှောက်ပေးလာမူအပေါ် ကလေးငယ် လက်ကလေးကိုမြဲအောင် ဆုပ်ကိုင်ပြီး မိသားစုအမျိုးအဆွေများကို ပြုံးလျှက်သား ကျေးဇူးတင်စကားတုန့်ပြန်နေရင်း တောင်းဆိုပေးအပ်လာသည့် ကတိစကားတို့အား ကတိသစ္စာတို့ တည်မြဲမည်ဖြစ်ကြောင်း အထပ်ထပ်အကြိမ်ကြိမ် ပြုပေးကြသော ကောင်းချီးမင်္ဂလာစကားသံတွေကြား တေးသီချင်းတွေသီဆိုတက်သည့် တောင်ပေါ်သားလေး ဗန်လွယ်အွေ့နှင့် Mann Group ပဲ့ကိုင်ရှင် ပြေ့ဘုန်းမာန်တို့၏ ပျော်ရွှင်ဖွယ်ရာ ၄နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှသည် ဒုတိယအကြိမ် မင်္ဂလာရွှေရတုမင်္ဂလာ ကောင်ကင်းပြာပြာအောက်ဝယ် နေ့တနေ့၏ ကျက်သရေမင်္ဂလာအဖြာဖြာ ကျရောက်သည့်ယနေ့ ရေပြင်ပြာပြာ ငပလီကမ်းခြေပေါ်ရှိ သဲသောင်ဖြူလွလွပေါ်ဝယ် ထပ်မံကျင်းပခဲ့ကြသည်။
ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ အဖြာဖြာတို့သည် ဤမင်္ဂလာသတို့သား နှစ်ဦးအပါ် ကျရောက်ပါစေ....။
ယနေ့ ထူးမြတ်လှသည့် နေ့မြတ်မင်္ဂလာအချိန်အခါမို့ ပျော်ရွှင်ကြည်နူးခြင်း ရသကို စာဖတ်သူတို့ ထပ်တူထပ်မျှ ခံစားရပါစေ .....။
ကောင်းချီးမင်္ဂလာရှိသော အချိန်ခါသမယ ဖြူစင်မေတ္တာအရင်းတည်လို့ လူသားအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ....။
#မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Take care all
#Thank you all
[Note 📝 " ဗန်လွယ်အွေ့ "ဆိုတဲ့အမည်လေးကို များပြားလှသော ချင်းတိုင်းရင်းသားအနွယ်ဝင်ထဲက မည့်သည့်လူမျိုးစုဖြင့် ကိုက်ညီသည်/မည့်သည့်မြို့ဒေသက တိုင်းရင်းသားအမည်အစ ဆိုတဲ့ ရိုးရာအမည် မှည့်ခေါ်ခြင်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ခွင့်ပေးသော ချင်းမိတ်ဆွေကိုလည်း ဦးစွာပထမ ကျေးဇူးတင်ပါရစေ။ ချင်းလူမျိုးအသိမိတ်ဆွေဆီကနေ တဆင့် သိနားလည်ခဲ့ရသော ဗဟုသုတထဲကမှ လူမျိုး/ကိုးကွယ်ရာဘာသာရေး/အယူအဆတွေကို ထိခိုက်မူမရှိအောင် မမ အတက်နိုင်ကြိုးစားရေးပါထားပါရှင့်။ အကယ်၍ တစ်ခန်းတစ်နေရမှ စကားလုံးအချို့ အဆင်မပြေခဲ့ရင်ထပ်မံ တောင်းပန်ပါရစေ(မည့်သည့်လူမျိုး/ကိုးကွယ်ရာ ကိုမှ ထိခိုက်စေလိုခြင်းမရှိခဲ့ပါ)
အခန်းဆက်တစ်ခုပြီး နောက်တစ်ခု ပိုမိုခိုင်ခံတဲ့ဇာတ်အိမ်တွေဖန်တီးချင်လာအောင် ခွန်းအားသစ်တွေပေးလာသော စာဖတ်သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ဂုဏ်ပြုချီးကျူးပါရစေ မမ ဖန်တီးတဲ့ဇာတ်လမ်းလေးက ဂရုဏရသကိုဖြစ်စေတယ်/ငိုရတယ်/ အမောပြေတယ်/လွမ်းမောရတယ်ဆိုတဲ့ comments တွေကြောင့်လည်း ဒီလိုအောင်မြင်စွာဇာတ်သိမ်းနိုင်ခဲ့ပါသည်ရှင့်။
"တေးသစ္စာဖွဲ့ ချစ်ခြင်းမေတ္တာ" လေးကို စ၊ လယ်၊ ဆုံး ဖတ်ရူ့အားပေးခဲ့ကြသော စာဖတ်သူအားလုံး ကျေးဇူးတင်စွာဖြင့် ဘေးကင်းကျန်းမာစေကြောင်း ဆုမွန်ခြွေလျှက်........
ဆက်လက်ကြိုးစားပါအုံးမည်။
Maiyuri (10.1.2024) ]
Zawgyi
ပျော်ရွှင်ကြည်နူးရ၏။
" သိချင်တာကိုးး...."
" ဟုတ် ကိုကို..."
" အွင်းးဆက်ပြောပြ...."
" ငပလီကသံတွဲမြို့ရဲ့ ၄မိုင်ခန့်အကွာမှာရှိတာလေ...ဒီသံတွဲမြို့ရဲ့ ၇မိုငျဝေးတဲ့ မဇင်လေဆိပ်ကနေရန်ကုန်ကို ရက်သတ္တပတ်အတွင်း သုံးကြိမ်မျှလေကြောင်းခရီးထွက်ရှိပြီး စနေနေ့တွေမှာ အထူးခရီးစဉ်ရှိတယ်တဲ့...."
" ဟုတ်ကဲ့ခင်မျာ့..."
" ကိုကို ဒါတွေ ဘယ်လို သိ..."
" အင်း....."
" ဒါပေါ့ဗျာ...."
" ဒီနေရာနမ်းကိုကို ...." ဆျိုကာ မျက်ဝန်းလေးမှိတ်ပြီး မော့ပင့်ပေးလာသူလေးကို မေ့ဖျားကနေ ခပ်ဖွဖွကိုင်ရင်း ကလေးငယ်မျက်နှာအနှံ့ နမ်းရိုက်မိသည်။
" အွင်းးးးးးးး"
အနမ်းပန်းများကျဲချရာ၏ အနားသတ်ဖြစ်သောနှင်းဆီဖူးလေးပေါ် နှတ်ခမ်းနှစ်လွှာကို ထပ်တူကျမိတော့တော့ ပွင့်ဟလာသည့် နှင်းဆီလွှာကြား တိုးဝင်ကာ စုပ်ယူမိသည့် ဝတ်ရည်ချိုများကို အမိအရ နမ်းရိုက်မိသည့်အခိုက် အချိန်ကြာမြင့်သည်နှင့်တပြိုင်နက် ဘယ်/ညာ ရမ်းကာ တွန်းကန်လာသူလေးအသက်ရူဖို့ရန် စက္ကန့်ဝက်မျှ အနားပေး၍တဖန် ပြန်လည်သိမ်းပိုက်မိသည့် အနမ်းကြမ်းများအောက်ဝယ် လွယ်အွေ့တစ်ယောက် မလူးသာမလွင့်သာ မြူစွယ်မိတာ မှားခဲ့သည်လား။
" ဒီရင်ခွင်ထဲ အိပ်မှာ....."
( Hello John )
" ပင်လယ်ကြီးရေ.........."
" နောက်မဖြစ်စေနဲ့နော်...."
" ဟုတ်ကိုကို.....
အဆိုးလေး ကလေးငယ်ငယ်။
" အင်းပါ....."
" အဲ့အင်းပါက ဘယ်တော့လဲ...."
" ခုသွားချင်နေတာလေ...."
" နားရအောင်ခု တော့..."
" ကလေး...ဒါဘယ်လဲ..."
အခန်းတံခါးဖွင့်ရင်း ကျိုမာနျအလိုကြ ဘာမှမသိသူတစ်ယောက်အနေဖြင့် စိတ်ဆိုးလာသော လွယ်အွေ့လေးကိုပွေ့ဖက်ပြီး အခန်းထဲခေါ်ထားမိသည်။
" ပွဲရှိလို့လား မမကလျာ..."
" အယ်..သားက ဘာလို့...."
" မမကလျာ....."
" တို့ကလေးကျို မာမီတို့ဆီ အပ်လိုက်ပီနော်..."
" မမ....."
ဘာပွဲမှန်း မသိရသေး။ မိဝေရော ဘယ်မလဲ....?
ကိုကိုကရော ?
" ရင်ခုန်နေလား ကိုငယ်..."
" ဟုတ် အစ်ကို..."
" ဟားးးးးအေးပါကွာ...."
" အစ်ကို....ဘယ်ရောက်ပြီလဲ "
" ဟုတ် ..."
" ကိုကို...."
" သဘောကျရဲ့ ကလေး...."
" Thank you Father .."
" ဖေကြီး"
" မေကြီးကိုလည်း ချစ်တယ် ..." ဒေါ်မေကြည်ဟန်ပါးပြင်လေးကို ပျော်ရွှခြင်းမျက်ရည်စတို့ကြားက အပြေးလေး နမ်းရိုက်မွှေးကြူမိသည်။
" ကျေးဇူးတင်ပါတယ် မေမေ ..."
" မိဝေ....." microphone လေးကို မိဝေလက်ထဲထည့်မိသည့်အခိုက် သပ်ရပ်သားနားစွာ ဝတ်ဆင်ထားသော မိဝေတစ်ယောက်မျက်ရည်တို့ဖိသုတ်ပြီး ငိုရိုက်နေသည်မို့ မိဝေအသံတို့က တုန်ရီနေခဲ့ပြီ။
" မသိဘူး...ကျုပ်ဝမ်းနည်း/ဝမ်းသာကြီး...." ကိုသာထက်ပွေ့ဖက်ထားသည့် မိဝေက ငိုရိုက်နေပြန်သေးသည်။
" Thank you all...."
" Congratulations ......"
#Take care all
#Thank you all
Maiyuri (10.1.2024) ]
Continue Reading
You'll Also Like
44.4K 1.3K 46
တစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။
2.2K 100 11
Jill Valentine x Female Reader "Captivated by the vivid memories of you, my heart holds onto the restless dream we shared, never letting go." Life in...
280K 13.5K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
9.3K 1K 44
هذه الرواية ستأخذ كم الي عالم لم نسمع عنه من قبل معروف عنه ان من يدخل اليه لا يعود فهيا اربطوا الأحزمة و استعدوا الي رحلة مليئة بالمغامرات (مكتملة)