အပိုင်း(၆)

13K 860 38
                                    

Lacage ကို လက်တစ်ဖက်က ဆွဲပြီး ပေါ့ပါးတဲ့ အိတ်ကိုကိုင်ကာ ခပ်တင်းတင်းပိတ်ထားသော ဒုက္ခအိုးလေး အခန်းကိုလည်း အချိန်တစ်ခုထိ ရပ်ကြည့်မိသည်။ တံခါးခေါက်ရနိုးနိုး၊ နူတ်ဆက်ရနိုးနိုး ဖြစ်နေသော ဇဝေဇဝါစိတ်ကို လက်ထပ်စာချုပ်လေးက လှောင်ပြောင်နေသလို။ နူတ်ဆက်မနေတော့ပါဘူး ဆိုပြီးအခန်းတံခါးကို ခေါက်ဖို့ ဆန့်တန်းထားသော လက်ကိုပြန်ရုတ်ပြီး condo ထဲမှာ ထွက်ခဲ့ပြီ။

အထပ်မြင့် condo အောက်ကအနက်ရောင်ပြောင်လက်နေသော သော်စစ်ရဲ့ MarcedesEQ က စွဲမက်စရာ ။ ကားတွေကိုမက်မောတက်တဲ့သော်စစ်က ကားတွေစုဆောင်းရတာဝါသနာကြီးတက်သူ။ Car showroom ဖွင့်ရန်စီစဉ်ပြီး ဒီမှာ အခြေချဖို့ ပြန်လာသည့်သော်စစ်။

" မြန်မာပြည်က ထွက်ရမှာ အဲသလောက်ပျော်လား ဘုန်းမာန်၊ မင်းသားရူံးလောက်တယ် "

" မဟုတ်ရပါဘူးကွာ ၊ မင်းရဲ့ ကလေးက အမိုက်စားပါ့ပဲ ...စွဲမက်စရာအပြည့် ."

" အေးဆို ၊ ဒါနဲ့ မင်းကလေးကိုဘယ်လို ထားခဲ့လဲ "

Lacage ကို ကားပေါ်တင်ပြီး ၊ ကားမှန်တံခါးကိုမှီရပ်နေသော သော်စစ်အမေးစကားကြောင့် ဟိုဒုက္ခအိုးလေး ရှိနေမည့်အခန်းကို တချက်မော့ကြည့်မိသည်။

အိပ်ပျော်နေမယ်အထင်ဖြင့်။

ခေါင်းခါ၍ ဖြေမိသည်။

" airport နဲ့နီးစပ်ရာ cafe တစ်ခုမောင်းကွာ ..."

Breakfast ကို သော်စစ်နှင့်အပြင်မှာပဲ စားပြီး မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ လွယ်အွေ့နဲ့ ဆွေးနွေးမူအကြောင်းကိုပြောမိသည်။

တရားမျှတမူမရှိသော တစ်ဖက်ဆန်အိမ်ထောင်ရေးကို ကိုယ်တိုင်ပြုလုပ်ခဲ့ပြီ။

နောင်တကင်းသည်ဆိုတာ လိမ်ညာခဲ့သည်မဟုတ် ကိုယ်ပြောသမျှ ခေါင်းလေးငုံ့ကာ နာခံတက်သော ကောင်လေးကြောင့် ရင်ဘတ်ထဲက မွန်းကြပ်နေဆဲ။ မှားနေမှန်းသိရဲ့ ထားခဲ့ရတာ သောကမကင်းပြီ။

တောင်းပန်စကားတောင် မျက်နာချင်းဆိုင်မပြောရဲတဲ့ ကိုယ့်အခြေအနေက သူကို နှိပ်စက်ခဲ့ရပြီ။

" ဘုန်းမာန်ရာ....."

သော်စစ်၏ မချိတင်ကဲစကားသံတွေကို နားမထောင်နိုင်ခဲ့ မိနစ်မခြားမေ့ပျောက်ထားရမည့် ဒုက္ခအိုးလေးအကြောင်းကို မြန်မာပြည်က မထွက်ခွါခင် နောက်ဆုံးမိနစ်အထိ မွန်းကြပ်နေဆဲ၊ အားနာနေဆဲ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာOù les histoires vivent. Découvrez maintenant