အိမ်ကိုအရေးတကြီးသုတ်ပြာ ဖြင့် မျက်နှာမကောင်းစွာ ပြန်လာသော သားကြီးကိုကြည့်ပြီး မိ င်ဖြစ်သူ ဒေါ်မေကြည်ဟန်က ရင်ဘတ်လေးအသာဖိနေမိသည်။" သား...သားကြီး.."
မကောင်းတာ ဖြစ်ခဲ့သလား၊ မကောင်းတာ ဖြစ်တော့မှာလား မသိပေမယ့် ပျက်ယွင်းနေသော သားကြီး မျက်နှာကို ကြည့်ပြီး သားကြီး အနားသွားတာ လက်ကလေးဆုပ်ကိုင်လို့ မေးမိသည်။
" ဖေ....ဖေဖေ...ရော မေမေ "
" သား.....သားကြီး မကောင်းတာ တစ်ခုခု ဖြစ်ခဲ့လို့လား ဟင် "
" မဟုတ်ပါဘူး မေမေရ စိတ်မပူနဲ့နော် "
" မေမေ စိတ်ပူတယ်သားရယ် ၊ မေမေကို ပြောပါအုံး မင်းညီကလည်း ခုထိ မေမေတို့ဆီ အဆက်အသွယ်မလုပ်ဘူး သားကြီးရယ် သားငယ်လေးလည်း ပေါ်မလာဘူး ၊ သူတို့လေးတွေ အဆင်မပြေကြလို့လားကွယ် မေမေ့ရင်ပူလိုက်တာ သားရယ် မေမေ့ကိုပြောပါကွယ်"
ချည်ပဝါလေးခြုံထားပြီး လက်ထဲကစိပ်ပုတီးလေးကိုင်ကာ ပျက်ယွင်းနေတဲ့ မေမေ့အမေး စကားတွေကြောင့် ဘုန်းမြတ်ဟန် ကိုယ်ဟန်ကိုတစ်ချက်ပြန်ထိမ်းပြီး မေမေ့ကို ဟန်ဆောင်ပြုံးပြရင်း ခေါင်းခါနေမိသည်။
" မေမေ.."
စိတ်မချခြင်းများစွာဖြင့် သားသမီးတွေအတွက် ရတက်မအေးတဲ့ မေမေကိုကြည့်ပြီး သနားလွန်းလို့ မေမေကို အသာချော့ခေါ်ကာ ဧည့်ခန်းထဲက ဆိုဖာပေါ် အသာ ထိုင်ခိုင်းမိသည်။ အိမ်ကကောင်မလေးကို ရေ တစ်ခွက် ခပ်ခိုင်းပြီး မေမေကို စိတ်ဖြေဖို့ အသာချော့နေမိသည်။
" စိတ်မပူပါနဲ့မေမေရယ် နော် ....ရေလေး သောက်လိုက်အုံး "
အိမ်ကကောင်မလေး ယူလာပေးသော ရေဖန်ခွက်လေးကို ကိုင်ပြီးဂရုတစိုက်မေမေဆီ ကမ်းမိသည်။ တစ်ငုံသောက်ပြီး အမောပြေနေဟန် ပြသည့်မေမေကို လက်ကလေးဆုပ်ကိုင်ပြီး ပြုံးပြမိသည်။ အပေါ်ထပ်က ဆင်းလာသော ခြေအစုံတို့ကြောင့် ဖေဖေ လာနေပြီဆိုတာ သိရ၍ အပေါ်ထပ်ကိုမော့အကြည့် ပုံမန်ထက်တည်တင်းနေသော ဖေဖေ မျက်နှာထားတို့ကြောင့် ကိုယ်တစ်ချက်တွန့်သွားမိပြီ။
YOU ARE READING
တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
Fantasyသစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး ။ သစ္စာစကားတွေ အရာမဝင်ပေမယ့် တောင်ပေါ်မှာ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲနီနေဆဲပဲ ကိုကို ။ ပြေ့ဘုန်းမာန် ဗန်လွယ်အွေ့ ဘုန်းမြတ်ဟန် သော်စစ်ပိုင်