အပိုင်း(၁၄)

9.1K 739 73
                                    


အချိန် အားဖြင့် အတော်ကြာခဲ့ပြီ ။

" သေသောသူကြာရင်မေ့၊ ပျောက်သောသူရှာရင်တွေ့ " ဆိုတဲ့ကြားဖူးနာဝရှိခဲ့ဖူးသောစကားစု သပ်သေတည်ကာ ယခုတော့ဖြင့်အငြိမ်းစားအရှိဟောင်း ဘုန်းမောင်တို့မိသားစု တွေ ဘယ်အရာကိုမှ လက်ဆုပ်လက်ကိုင်မပြနိုင်သေး။

"ဘယ်ဆီရောက်နေလဲ သားငယ်' သားတို့မိသားစုအပေါ် ဖေကြီးတို့ အပစ်ပြုမိခဲ့ပြီ ကလေးရယ် ! " လို ရင်ထဲ မချိတကဲ၊ မိူင်းညို့နေသော မျက်ဝန်များဖြင့် အတိတ်ကို တမ်းတလွမ်းမောနေဟန်အပြည့် ဆွေးတမြေ့မြေ့ နာကျင်စွာ ခြံတွင်းတစ်နေရာကို ငေးငိုင်ကာ ကြည့်နေမိတဲ့ အငြိမ်းစားအရာရှိကြီး ။

အချိန်များစွာကို စာကြည့်ခန်းလေးခေါ်  အမှတ်တရဟောင်းများ ထိန်းသိမ်းထားရာ ပြခန်းငယ်လေးထဲတွင်သာ ကုန်ဆုံးစေခဲ့ပြီ။

" ဖေကြီးတို့ ကတိမတည်ခဲ့နိုင်ဘူး ၊ တောင်းပန်ပါတယ်သားသားရယ် ဖေကြီးအမှားတွေ ပါကွာ "

စာကြည့်ခန်းထဲရှိ ကျွန်းစားပွဲကြီးရဲ့ အံ့ဆွဲလေးထဲက ရှေးဟောင်းဓါတ်ပုံလေးတစ်ခုကို ထုတ်ကြည့်ပြီး ပျက်ကွက်ခဲ့တဲ့တာဝန်တွေအတွက် ရစ်သိုင်းလာတဲ့ မျက်ရည်စတို့ကို လက်ခုံဖြင့်ဖိသုတ်ရင်း အရာရှိဟောင်းကြီး၏နှလုံးသားတို့ သည်က နာကျင်အောင့်မျက်နေခဲ့ရပြီ။ 

" ဘယ်ဆီရောက်နေလဲ သားသား၊ ဘယ်နေ့များမှ ဖေကြီးတို့ဆီပြန်လာမလဲ ကလေးရယ်"

ဟောင်းနွမ်းနေသော ဓါတ်ပုံလေးထဲက ချယ်ရီပင်အိုကြီး အောက် လက်လေးနှစ်ဖက်ကိုသတိအနေထားဖြင့် ဓါတ်ပုံရိုက်ခံနေသော ချစ်စဖွယ်ကောင်ငယ်လေးကို ပုခုံးကနေ ခပ်တင်းတင်းဆုပ်ကိုင်ထားသည့် သားမာန်။

အရပ်မြင့်သည်ကောင်လေးက သူ့ထက်နိမ့်သော တစ်ဖက်ကောင်လေးရဲ့ ပုခုံးလေးက်ိုတင်းနေအောင်ဆုပ်ကိုင်ပြီး ရပ်နေကြသည်။ အသက်အရွယ်အားဖြင့် ၅ နှစ်လောက်ကွာခြားပေမယ့် ချစ်စဖွယ်နီစပ်စပ် တောင်ပေါ်သားလေးက်ို ချီထားရမှ ကျေနပ်သည့်ကောင်လေး၊ အနားမှာအမြဲထားလို့ အမြဲဖြည့်ဆည်းပေးတက်တဲ့ ကလေးတို့သဘာဝအရ တောင်ပေါ်သားလေးကိုအရုပ်လေးလိုသဘောထားပြီးအနားမှ အမြဲထားပြီး အရိပ်တကြည့်ကြည့်နေခဲ့ဖူးတဲ့ ကောင်လေးက ခုတော့ မဟုတ်ပြန်တော့ဘူး ၊ အရွယ်ရောက်ကြီးပြင်းလာတော့ မိဘကို အမျိုးမျိုးသောကရအောင် လုပ်တက်သော ပြေ့ဘုန်းမာန် ဖြစ်နေပြီလေ။ 

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now