အပိုင်း(၃၅)

7.1K 458 18
                                    

ကိုသာထက်နဲ့ရင်းနှီးပြီးသားဖြစ်သည့် ကိုကိုကြီးက လက်ဆွဲခေါ်ကခန်းမထဲ ရဲဝင့်စွာလျှောက်လှမ်းခဲ့ရပြီ။ ဝါသနာရှင်လူငယ်များ ကိုယ့်အလှည့်ကျ ဝင်ရောက်ယှဉ်ပြိုင်ရမည့် နံပါတ်များကို လည်ပင်းချိတ်ဆွဲကာ ဝင်ပြိုင်ရမည်ဟု လွယ်အွေ့လေးရဲ့ နံပါတ် ၁၃ လေးကို လည်ပင်းကြိုးလေးချိတ်ပေးနေရင်းကိုခင်ဇော်မှနားလည်အောင်ရှင်းပြနေမိသည်။

ကိုကိုကြီးနဲ့အတူထိုင်နေပါသော ဗန်လွယ်အွေ့ကို လူတချို့က စူးစိုက်ကြည့်နေပါသော်လည်း တည်တင်းနေတဲ့ CEO ဘုန်းမြတ်ဟန်ရဲ့ အကြည့်စူးစူးအောက် ကြာရှည်စွာ မကြည့်ဝင့်ခဲ့ပါ။

" လက်ရှိ နံပါတ်ဘယ်လောက်ရောက်နေပြီလဲ အစ်ကို .."

လက်လေးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကာ မိမိစိတ်ထဲက ကြောက်လှန့်စိတ် မိမိစိတ်ထဲတွန်းလှန်ထဲဆဲ အခြေအနေမို့ ကိုခင်ဇော်ဘက်လှည့်ကာ မေးနေမိသည့် လွယ်အွေ့။

" လက်ရှိ လူတွေ့ဖြေနေတာ နံပါတ်၇ ဆိုလား..အစ်ကိုထပ်မေးထားမယ် အစ်ကိုလေး.."

" ငယ်လေးအလှည့်လိုသေးတာပဲ...ဘာစားမလဲ ငယ်လေး "

" စားခဲ့ပြီပြီ ကိုကိုကြီးအချိန်ရရဲ့လား.."

" သိပ်ရတာပေါ့ဗျာ..."

အပြုံးမျက်နှာဖြင့် နွေးထွေးစွာ ဖြေနေတဲ့ CEO ဘုန်းမြတ်ဟန်တို့ကို မသိသာသော ထောင့်နေရာလေးမှတိတ်တဆိတ်မှတ်တမ်းယူနေသည်ကို မည်သူမှ သတိမထားမိခဲ့ကြ။

ငယ်လေးရဲ့အနားထားပေးထားသော ကိုယ်ရံတော်တစ်ယောက်ပေးပို့လာတဲ့ short video လေးအရ အကြီးကောင်က ကလေးငယ်အနား ရှိနေခြင်း။ ကိုယ်တိုင်လိုက်၍ အားပေးမည်ဟု ကြံရွယ်ထားသမျှ အဆင်ပြေပါတယ်လို့ ဖြေကြားလာသောကလေးငယ်ကို စိတ်မဆိုးမိခဲ့။

အမှန်တကယ်လည်း ကိုယ်တိုင်ရင်းနှီးထောက်ထောက်ပံ့ထားသည့် May Production မို့ လူလုံးထွက်ပြလို့ အဆင်သိပ်မပြေလှပါ။ သော်စစ်တို့ Entertainment ကို မြန်မာပြည်ရောက်ရောက်ခြင်း တက်ခဲ့ရသော share holder meeting ကြောင့် လူလုံးထွက်ပြဖို့ အဆင်မပြေသေး။ ကလေးငယ် အထင်လွဲမခံနိုင်ပါ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now