အပိုင်း(၃၁)

7.5K 587 56
                                    


" May Entertainment " ဆိုတဲ့ ခံ့ညားလွန်းတဲ့ ဆိုင်းပုဒ်ကြီးအောက် ပြေ့ဘုန်းမာန်တစ်ယောက် လွယ်အွေ့လေးကြောင့်သာ ခြေချမိခြင်း။ ကိုယ်နားမလည်သော ဖျော်ဖြေရေး ဂီတလောကထဲ ဘယ်သောအခါမှ ရင်းနှီးမြုပ်နှံခြင်းမရှိသော်လည်း ယခုတော့ မဟုတ်ခဲ့ရပြီ။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒထက် ကလေးငယ်ရဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်ပေးနိုင်ဖို့သာ အဓိကထားပြီး ရည်ရွယ်ကာ သော်စစ်တို့ Entertainment ဆီ ရင်းနှီးမြုပ်နှံခဲ့သည်။

CEO နေရာယူပါလို့ တကူးတကလာပြောသော သူငယ်ချင်းကြီးကို လက်ခါပြ၍ သော်စစ်တို့လက်ထဲသာ လက်လွဲအပ်ထားမိသည်။ မြန်မာပြည်ကို ခြေပြန်ချကတည်းက Canada က လုပ်ရင်းစွဲအလုပ်အကိုင်များကို ရူံးချုပ်သဘောမျိုးဖြင့် စာရင်းဇယားများကိုသာ ကိုင်တွယ်ပြီး ရုံးထိုင်နေမိကာ ကလေးငယ်နှင့်ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးစားနေခဲ့သည်။

တစ်နေ့က သော်စစ်တို့ Entertainment က ဝါသနာရှင်အဆိုတော်များကို ကမ်းလက်ပေးကာ ခေါ်ယူပြီး ဖောင်ဖြည့်စေကာ မကြာခင်လူရွေးပွဲစတင်တော့မည် ဆိုလာပြီး အဓိက ရင်းနှီးမြုပ်နှံသူတစ်ယောက် အနေဖြင့် share holders များတွေ့ဆုံပွဲ ကို မအားတဲ့ကြားကနေ မဖြစ်မနေ လာတက်ပေးပါလို့ ဆိုလာသောကြောင့် ပြေ့ဘုန်းမာန် suits အပြည့်စုံဖြင့် ပွဲလာတက်ခြင်း။

များပြားသော အထပ်ပေါင်းများစွာဖြင့် တည်ထောင်ထားသော May Entertainment ရဲ့မျက်နှာစာ ကားပါကင်မှာ ပြေ့ဘုန်းမာန်စီးလာသော Mercedes -Maybach S- Class ကားသစ်ကြီးက ထည်ဝါခန့်ညားစွာ ဝင်ရောက်လာပြန်တော့ Security များက ဦးညွှတ်အလေးပြုပြီး ကြိုဆိုနေကြသည်။

May Entertainment Founder ပိုင်ရှင် ဒေါ်မေသရဖီ ကိုယ်တိုင်ဦးဆောင်ကာ company Entrance ရှေ့ ခန်းခန်းနားနားကြိုဆိုနေပြန်တော့ ဝန်ထမ်းမိသားစုများစွာနှင့် လက်တွဲလုပ်ကိုင်နေကြသူ share holders များစွာကပါ သိချင်လိုစိတ်များပြားလာခဲ့ရပြီလေ။

ဒီနေ့ လာမည့် ပုဂ္ဂိုလ်က မည်သူနည်း။

အရေးကြီး share holders တွေ meeting ခန်းထဲရောက်နေပြီမဟုတ်လား။

Entertainment founder ဒေါ်မေသရီရဲ့ PAကအစ လက်ထဲက ဖိုင်တွဲတွေ ကိုင်ပြီး company ဝင်ပေါက်ကိုသာ မျော်ငေးနေမိသည် ။သော်စစ်ကိုယ်တိုင်သော်ကား အတွင်းရေးမှူးဘေးအမှာစကားပါးရင်း ပြေ့ဘုန်းမာန်ကို လာရောက်ကြိုဆိုနေပြန်သေးသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now