အပိုင်း(၄၉)

5.2K 362 15
                                    


မိဝေ" နင့်မောင် မနေ့ည ပွဲမှာ ထိခိုက်မိလို့ မြို့လည်က PARA ဆေးရုံကြီးမှာ ကုသနေတယ် " ဆိုလာသော ကိုသာထက်ကို မိဝေတစ်ယောက် မကြည်ကြည့်ကာ *ကျုပ်ကို အဲ့ဆေးရုံခုလိုက်ပို့ဆိုကာ ဖြီးလိမ်းပြင်ဆင်ခြင်းမရှိဘဲ ပိုက်ဆံအိတ်လေးယူပြီး ဘာတစ်ခွန်းမှပြောမလာပဲ ခြံတံခါးတွေပိတ်လို့ အမိန့်စေခိုင်းလာသူမိဝေရင်ထဲ ဘယ်လောက်များစ်ိုးထိတ်နေမလဲ ကိုသာထက်ခန့်မှန်းနိုင်သည်မို့ မိဝေအလိုကျ PARA ဆေးရုံကြီးဆီသို့.....။

"မိဝေ......"

" ဖယ်စမ်းပါ.....ကျုပ်အကုန်နားလည်တယ် ...."

ကုတင်ပေါ်မှာ ငုပ်တုပ်လေးထိုင်ပြီး ချစ်ရသူကိုအပြစ်မြင်မစ်ိုးလို့ စိုးရိမ်မျက်နှာလေးဖြင့် အစ်မဖြစ်သူကို မော့ကြည့်နေပါသော ဗန်လွယ်အွေ့။

ကိုငယ့်သက်ဆိုင်သူကို ရိုတ်ပစ်မယ်ဟု ကျိန်းနေသည့် မိဝေတစ်ယောက် ဆေးရုံကုတင်လေးပေါ်က ကိုငယ့်ကိုကြည့်ပြီး စိတ်လျော့လိုက်ပုံရသည်။

ညိုးငယ်မျက်နာလေးဖြင့် ကိုငယ် ထိုင်နေပါသော ကုတင်လေးအနီးခုံလေးပေါ်ထိုင်ကာ မောင်ငယ့်မျက်နှာလေးကို ရစ်ဝဲနေတဲ့မိဝေက ကိုငယ့်လက်ကလေးဆုပ်ကိုင်ပြီး ငိုချင်စိတ်ကိုအတော်ထိန်းထားပုံရသည်။

" အစ်ကိုတို့ရောက်လာပြီလား ..."

ဆိုဖာပေါ်ဝယ် laptop တစ်လုံးဖြင့် အလုပ်လုပ်နေပါသော သူဌေးဖြစ်သူပြေ့ဘုန်းမာန်က မိဝေတို့စုံတွဲကို တလေးတစားနူတ်ဆက်လာပြန်သေး၏။ကိုသာထက်တို့လင်မယား ကလေးငယ်အပေါ် ဘယ်လိုသံယောဇဉ်တွယ်တာတယ်ဆိုတာ ကိုယ်အမြင်လက်တွေ့မို့ သူတို့ပြစ်တင်ရင်လည်း လည်စင်းခံပေးဖို့ အသင့်နေပေးထားသော်လည်း ကလေးငယ်ငယ်အနားဝယ် ဝမ်းနည်းမျက်ရည်တို့ရစ်သိုင်းကာ ငိုရိူက်နေပါသော အစ်မဖြစ်သူကိုကြည့်ပြီး ကိုယ့်ကလေးငယ်ကပါ ပြန်လည်ချော့မြူနေရသည့် အဖြစ်။ မိဝေပုခုံးလေးကို ခပ်ဖွဖွပုတ်ကာ ခေါင်းလေးညိတ်ပြီး နစ်သိမ့်ပေးနေသူ ကိုသာထက်။

" ဖိုးသာထူးကရော ...."

" ကျူရှင်တက်နေတယ်လေ......ညစာကြည့်တန်းလည်း ဝင်နေပြီဗျ...မင်းညီက .."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now