Ch-46 ကယ်ဗင်၏ထိပ်တိုက်ရင်ဆိုင်မှု
ထွက်မသွားခင်တွင် မိမိမှာသူမယုံကြည်လျှင်ေတာင်မှ သူ့အားရှုဝေ့ရှန်နှင့်ပတ်သက်ပြီးပြောပြရပေမည်။
အရေးပေါ်အခြေအနေအတွက် မိမိသည်အိတ်ထဲလှန်လှောလိုက်သည်။ကံကောင်းထောက်မစွာဖြင့် မိမိတွင်ရှုဝေ့ရှန်၏လက်ကောက်ရှိနေလေသည်။မိမိသည်အိတ်အားပုတ်လိုက်သည်။ဤပစ္စည်းနှင့်သာဆိုလျှင် ကယ်ဗင်သည်မိမိစကားများအားယုံကြည်ပေလိမ့်မည်။
မိမိမှအဆောက်အဦးထံရောက်ခါနီးချိန်တွင် ကယ်ဗင်သည်ဒုတိယထပ်မှခုန်ချလာသည်ကိုတွေ့လိုက်ရသည်။မိမိသည်ပါးစပ်အားဖုံးလိုက်ပြီး နေရာတွင်ပင်အေးခဲသွားတော့သည်။မိမိသည်ကယ်ဗင်ပြုတ်ကျသွားသည့်ချုံပုတ်အားကြည့်လိုက်သည်။စက္ကန့်အနည်းငယ်အကြာတွင် ထိုနေရာမှာလှုပ်လာပြီး သူပြန်ထွက်လာသည်။
သူ၏ငယ်ရွယ်သောခန္ဓာကိုယ်ကိုကျေးဇူးတင်ရပေမည်။သူသည်ဒုတိယထပ်မှနေခုန်ဆင်းလာသည်ကိုပင် ပွန်းရာခြစ်ရာမရှိအောင်စီစဉ်ခဲ့လေသည်။ထိုသည်မှာ မိမိ၏ရပ်တန့်လုနီးနီးနှလုံးသားလေးအား ငြိမ်သက်စေရန်အတွက်တော့ အတော်လေးခက်ခဲနေသေးလေသည်။ထို့ကြောင့်မိမိမှာကယ်ဗင်ဆီလျှောက်သွားပြီး အပြစ်ရှာနေသောပုံစံဖြင့်ပြောလိုက်သည်။
"ဒီလောက်မြင့်တဲ့နေရာတစ်ခုကနေနင်ဘယ်လိုတောင်ခုန်ဆင်းနိုင်ရတာလဲ။နင်ဒဏ်ရာရသွားသေးလား"
ကယ်ဗင်၏အမူအယာသည် သူ၏ပုံပှန်ချိန်ထက်တော်တော်လေးအေးစက်နေသည်။သူမှမိမိအားစိုက်ကြည့်နေသည်မှာ မိမိကျောရိုးများပင်တုန်လှုပ်သွားစေသည်။
"ဘာလဲ။ငါ့မျက်နှာပေါ်မှာတစ်ခုခုရှိလို့လား"
"ငါနဲ့လိုက်ခဲ့"
ကယ်ဗင်သည်မိမိ၏ဆန္ဒပြမှုကိုအရေးမလုပ်ပဲ မိမိအားဘက်စကက်ဘောကွင်းဆီဆွဲခေါ်သွားသည်။ကံမကောင်းသည်မှာ မြင်ကွင်းထဲတွင်ဘယ်သူမှရှိမေနပါပေ။မိမိတို့အတွင်းရောက်သောအခါ ကယ်ဗင်သည်မိမိတို့၏နောက်ရှိတံခါးအားလော့ခ်ချလိုက်ပြီး မိမိနှလုံးသည်လည်း တံခါးမှအသံလို*ဒုန်း*ကနဲမြည်သွားသည်။ယနေ့၌ သူ၏အပြုအမူသည်အလွန်ပုံမှန်ဟုတ်မနေပါပေ။
ကယ်ဗင်ကငါ့ဆီကနေဘာလိုချင်လို့လဲ။
မိမိသည်ဘက်စကက်ဘောကွင်းအားဝေ့ဝဲကြည့်လိုက်ပြီး အတွင်းပိုင်းအထိဆက်လျှောက်သွားလိုက်သည်။ကယ်ဗင်မှဘာပြောချင်နေနေ မိမိသည်လုံခြုံေရးအတိုင်းအတာအတွက် မိမိတို့ကြားတွင်စိတ်ချရသည့်အကွာအဝေးကိုထိန်းသိမ်းထားရပေမည်။
သူတံခါးအားလော့ခ်ချပြီးချိန်တွင် မိမိသည်အဝေးဆုံးရှိဘက်စကက်ဘောတိုင်ဆီပြေးသွားပြီးဖြစ်သည်။မိမိသည်ဘာမှအထွေအထူးမရှိသလိုပြုမူရင်း တိုင်အားခေါက်ကာတီးတိုးရေရွတ်လိုက်သည်။
"အိုးး။ အတော်လေးခိုင်တာပဲ။မဆိုးပါဘူး..."
*အဟွတ် အဟွတ်*မိမိသည်ကယ်ဗင်မှတဖြေးဖြေးချဉ်းကပ်လာသည်အားကြည့်ရင်း
"နင်ငါ့ကိုဘာလို့ဒီနေရာခေါ်လာတာလဲ။နင်ငါနဲ့ပြိုင်ချင်တယ်လို့တော့မပြောနဲ့နော်။ဟားဟားဟား ငါကဘက်စကက်ဘောကိုဘယ်လိုကစားရမှန်းမသိဘူးဟ။ဟားဟား။နင်တော့လူမှားရှာမိပြီ....ဟားဟား!ဟား..."
မိမိမှာစိုးထိတ်မိချိန်တိုင်းတွင် ဗရုတ်သုတ်ခများပြောထွက်သွားလေ့ရှိသည်။
ကယ်ဗင်၏မျက်နှာမှာ မှိုင်းညို့နေဆဲဖြစ်ပြီး သူ၏အရှိန်အားစမြှင့်လိုက်သည်။
"ဖြေးဖြေးနော်"
မိမိသည်သူမှရှေ့ဆက်တိုးလာသည်အား တားရန်လက်မြှောက်လိုက်သည်။မိမိသည်မိမိတို့ကြား၌ ငါးမီတာအကွာအဝေးတစ်ခုအားထိန်းထားနိုင်ရန် ကြိုးပမ်းချင်လေသည်။
"နင်ဘာပြောချင်နေသမျှကို နင်ရှိနေတဲ့နေရာကနေပဲပြော"
"မင်းကဘယ်သူလဲ"
ကယ်ဗင်သည်သူ၏ခြေလှမ်းများအားရပ်လိုက်ကာ မိမိထံစူးစူးစိုက်စိုက်ကြည့်လာသည်။ထိုသည်မှာမိမိအားဖြတ်၍မြင်နိုင်နေသည့်အလားပင်။
မိမိသည်သူဆိုလိုသည်အားနားမလည်၍ ပြန်မဖြေခဲ့ပေ။
မိမိမှဘာပြောရမည်အားစဉ်းစားနေသော်ငြား ကယ်ဗင်သည်ဒီထက်ပို၍မစောင့်နိုင်တော့ပေ။သူသည်သူ၏အိတ်ထဲမှတွန့်ကြေနေသောစာရွက်အပိုင်းအစတစ်ခုအား ထုတ်လိုက်ကာမြေကြီးပေါ်ပစ်ချလိုက်သည်။
"မင်းဘယ်သူလဲလို့ငါမေးနေတယ်လေ"
သူသည်ကုန်းအော်လာသည်။
မိမိမှာရှုပ်ထွေးနေပြီး စာရွက်ပိုင်းလေးအားကောင်လိုက်သည်။မိမိသည်တွန့်ေကြေနေသာထိုစာရွက်အားပြန့်အောင်ဖြန့်လိုက်ကာမှ ထိုသည်မှာဘက်စကက်ဘောအဖွဲ့အစည်းထံမိမိတင်သွင်းခဲ့သည်အချက်အလက်ဖြစ်ကြောင်းနားလည်လိုက်သည်။နာမည်ကော်လံအောက်တွင် မိမိမှာမိမိ၏နာမည်အရင်းလင်းယိရှင်းအားရေးထားခဲ့လေသည်။
"မင်းနာမည်ကလင်းယိရှင်းလား"
မိမိ၏အံ့အားသင့်သွားသောအမူအယာအားမြင်လိုက်သော ကယ်ဗင်မှမေးလာသည်။
ပြီးသွားပြီ။ပိုင်စီးလုဆိုတဲ့နာမည်ကငါနဲ့မသင့်တော်ဘူးဆိုတာကို သိနေတယ်လေ။ဒါတွေအားလုံးကစုယန်ရဲ့အမှားပဲ။သူကဘာလို့တက္ကသိုလ်အတွက်ငါ့နာမည်အစစ်ကိုမသုံးခဲ့ရတာလဲ။ငါကဘာလို့ပိုင်စီးလုဖြစ်နေရမှာလဲ။သူကြောင့်မလို့ ငါ့မှာအမြဲတမ်းအထင်လွဲနေရတယ်။
"ဒါက..."
လက်ရှိမှာတော့ မိမိ၏ပါးစပ်မှာခြောက်သွေ့နေပြီး ဆင်ခြေတစ်ခုထွက်လာရန် အလျင်စလိုကြိုးစားရင်း ခေါင်းအားငုံ့ထားလိုက်သည်။မိမိခေါင်းမော့လိုက်ချိန်တွင် ကယ်ဗင်သည်မိမိရှေ့သို့ရောက်နေလေပြီ။မိမိမှေနာက်ထပ်စကားမပြောနိုင်သေးခင်မှာပင် သူသည်မိမိအားထောင့်တစ်ခုထံတွန်းပို့လာသည်။သူ၏လက်နှစ်ဖက်မှာနံရံပေါ်ထောက်ထားပြီး မိမိအားပြေးပေါက်မရှိအောင်လုပ်လိုက်သည်။
မိမိသည်ခန္ဓာကိုယ်အားနောက်ဆုတ်ကာ အေးစက်နေသောနံရံထံမိမိနောက်ကျောကပ်လိုက်သည်။မိမိသည်လက်မောင်းတစ်ခုလုံးကြက်သီးထနေသည်ကိုခံစားနေရသည်။
အလင်းရောင်မှာကယ်ဗင့်နောက်တွင်ရှိနေပြီး သူ့မျက်နှာမှာအမှောင်ကျနေသည်။သူဘာကြောင့်အရမ်းစိတ်တိုနေသည်ကိုမိမိနားမလည်တော့ပေ။ရှုဝေ့ရှန်အတုကသူ့ကိုတစ်ခုခုပြောလိုက်လို့လား။ငါဒီနေရာကနေချက်ချင်းထွက်သွားရမယ်လို့။
သို့သော်ပေးအပ်လာသောမိမိ၏လက်ရှိအနေအထားအရ မိမိ၏လွတ်လပ်ခွင့်ထံထွက်သွားရန်ကိုခွင့်မပြုခဲ့ပေ။မိမိမှယခုလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ တုံးအသလိုပြုမူသည်ပင်။ပြောရလျှင် မိမိမှဤတက္ကသိုလ်ထံရောက်လာရသည့်ရည်ရွယ်ချက်မှာ စုယန်အားကူညီရန်သာဖြစ်သည်။ထပ်ပေါင်းရလျှင် မိမိမှာရှုဝေ့ရှန်အတုထံစစ်ဆေးမှုတစ်ခုကိုတိတ်တိတ်လေးလုပ်နေသည်လေ။
ကယ်ဗင်၏ပုံမှန်မဟုတ်သည့်အသက်ရှူသံသည် ဤတိတ်ဆိတ်နေသည့်ဘက်စကက်ဘောကွင်း၌ အလွန်တရာသတိပြုမိစရာကောင်းနေသည်။သူသည်ခြေတစ်လှမ်းထပ်ကပ်လာသည်။
မိမိမှာအန္တရယ်အားတွန်းလှန်ရင်းပင် ရုတ်ချည်းအတွေးတစ်ခုပေါ်လာသည်။ဒီလူဆိုးလေးကငါ့ကိုနမ်းချင်နေတာဖြစ်နိုင်မလား။
မိမိမှအောက်ခြေလွတ်နေစဉ်တွင် ကယ်ဗင်သည်သူ၏ပါးစပ်အားဖွင့်ကာ မိမိပြန်မဖြေလာသည့်မေးခွန်းကိုထပ်မေးလာသည်။
"မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။မင်းကဘယ်သူလဲ။ပိုင်စီးလုလား လင်းယိရှင်းလား"
မိမိသည်ကယ်ဗင့်၏လက်မောင်းပေါ်လက်တင်လိုက်ကာ မိမိမှာသူ့အားထပ်ကပ်မလာစေချင်တော့သည်ကို အသိပေးလိုက်သည်။
"ကောင်းပြီလေ။နင်သိချင်နေတယ်မလား။ငါနင့်ကိုပြောပြမယ်။ဒါပေမယ့်ခပ်လှမ်းလှမ်းကပဲရပ်နေပေးလို့ရမလား"
မိမိသည်အနည်းငယ်စမ်းသပ်ကာ ကယ်ဗင့်အားတွန်းရန်အားနည်းနည်းစိုက်လိုက်သည်။
"နင်ကငါနဲ့အရမ်းနီးနေပြီး တစ်ကယ်ကြီးကိုသက်တောင့်သက်သာမရှိအောင်လုပ်နေတာပဲ"
ကယ်ဗင်သည်မိမိစကားများအားတွေးတောနေပုံရသည်။ခေတ္တမျှတုံ့ဆိုင်းနေပြီးသော် သူသည်ခြေလှမ်းအချို့ပြန်ဆုတ်လိုက်သည်။သို့သော်သူ၏မျက်နှာမှာ တစ်ချိန်လုံးမိမိထံကျန်ရှိနေသည်။သူသည်မိမိထွက်ပြေးသွားမည်အားကြောက်နေပုံရသည်။
မိမိတို့ကြား၌စိတ်ချရသောအကွာအဝေးရှိသည်ကို သေချာအောင်လုပ်ပြီးသည်နှင့် မိမိသည်ပြီးစီးလာခဲ့သောကျောင်းနှုတ်ထွက်စာကိုထုတ်ကာ သူထံပြလိုက်သည်။
"ဒါက..."
သူ့မျက်လုံးများမှာဖောင်အားစစ်ဆေးနေသာ်။
"မင်းကဒီမှာစာဆက်မသင်တော့ဘူးလား"
"ငါကအသက်ကြီးနေပြီကို ဘာလို့တက္ကသိုလ်မှာစာသင်နေရမှာလဲ"
မိမိသည်ဝမ်းပန်းတနည်းသက်ပြင်းချကာ မိမိ၏မှတ်ပုံတင်ကဒ်အစစ်အားသူ့ကိုပြလိုက်သည်။
"မင်းက၂၅နှစ်တောင်ရှိပြီလား"
ကယ်ဗင်မှအော်လာသည်။သူ့ပါးစပ်မှာမိမိမှကြက်ဥတစ်လုံးထည့်နိုင်လောက်သည်အထိ အကျယ်ကြီးဟနေသည်။
မိမိသည်အနည်းငယ်စိတ်ဆိုးသွားပြီး ကယ်ဗင့်အားကြည့်လိုက်သည်။ငါကနင့်ကိုကြည့်ခွင့်ပေးရင် ကြည့်ရုံပဲကြည့်သင့်တယ်လေ။ငါ့အသက်အကြောင်းကိုပြောမနေနဲ့။ငါကနင့်ထက်အသက်ကြီးမှန်းသိနေရင်တောင် နင့်ဘာသာနင်ထဲတွေးနေလေ။ဘာလို့အကျယ်ကြီးပြောနေရတာလဲ။သေချာပေါက် ဒီကလေးကအစစ်အမှန်လူမှုအသိုင်းအဝိုင်းကိုဘယ်တုန်းကမှမကြုံခဲ့ဖူးဘူးပဲ။
"ဒါဆိုမင်းရည်ရွယ်ချက်ကဘာလဲ"
ကယ်ဗင်သည်မိမိ၏အိုင်ဒီအားမြင်ပြီးသည်နှင့် သူ၏ထိပ်တိုက်ရင်ဆိုင်မှုမှာ ပိုပြီးယုံကြည်ချက်ရှိလာပုံရသည်။
မိမိသည်ရွေးစရာမရှိတော့ပေ။မိမိမှဤအကြောင်းကိုမထုတ်ဖော်သရွေ့ ယနေ့ထွက်သွားနိုင်မည်မဟုတ်တော့ပေ။
မိမိသည်မိမိအိတ်ထဲမှရှုဝေ့ရှန်၏လက်ကောက်အားထုတ်ယူလိုက်ပြီး ကယ်ဗင့်ရှေ့ပြလိုက်သည်။
"ဒါကိုရှင်ရင်းနှီးမနေဘူးလား။ဒါကဘာလဲရှင်သိတယ်မလား"
"ဒါကရှန်ရှန်ရဲ့လက်ကောက်လေ။ဒါကမင်းဆီမှာဘယ်လိုလုပ်ရှိနေတာလဲ"
ကယ်ဗင်သည် ထိုအရာအားမိမိထံမှယူလိုက်ကာ နောက်နည်းနည်းဆုတ်လိုက်သည်။သူသည်လက်ကောက်အားအံ့အားသင့်စွာကြည့်ရင်း ဂရုတစိုက်စစ်ဆေးလိုက်သည်။
"အဲ့ဒါကိုငါရှာတွေ့ခဲ့တာ။ပြီးတော့ဒါကိုသိပ်မကြာသေးခင်ကပဲနင်ရှုဝေ့ရှန်ဆီလက်ဆောင်အနေနဲ့ပေးခဲ့တာကိုငါသိတယ်လေ"
ယခုအချိန်တွင် ကယ်ဗင်၏ဒေါသများပျောက်သွားပြီဟု မိမိပြောနိုင်လေသည်။မိမိသည်စိတ်သက်သာရာရသွားကာ တင်ပလ္လင်ချိတ်ထိုင်ချလိုက်သည်။မိမိသည်ဘေးရှိနေရာအားပုတ်ပြကာ လာထိုင်ရန်အချက်ပြလိုက်သည်။ထို့နောက်မိမိသည်ခေါင်းမော့ပြီး ပြောလိုက်သည်။
"ငါနင့်ကိုေပြာပြချင်တဲ့ပုံပြင်တစ်ပုဒ်ရှိတယ်"
"...."
ကယ်ဗင်သည်စကားတစ်ခွန်းမှမပြောပဲ နှုတ်ခမ်းများအားတင်းတင်းစေ့ထားသည်။သူသည်လက်ကောက်အားမြဲနေအောင်ဆုပ်ကိုင်ထားသည်။
မိမိသည်သူဂရုမစိုက်သည်ကို အရေးမလုပ်ပဲ မိမိခေါင်းထဲရှိဖန်တီးထားသောပုံပြင်အားဝေမျှလိုက်သည်။
"လွန်ခဲ့တဲ့အချိန်တစ်ခုမှာ အမွှာတစ်စုံရှိတယ်တဲ့။သူတို့ကမွေးလာတာနဲ့ သူတို့မိဘတွေရဲ့စွန့်ပစ်တာခံလိုက်ရပြီး မိဘမဲ့ကျောင်းတစ်ခုမှကျန်ရစ်ခဲ့ကြတယ်။အကြီးမလေးကိုချမ်းသာတဲ့မိသားစုတစ်ခုကမွေးစားသွားပြီး အဲ့အချိန်ကစလို့ သူမကသူမရဲ့အခြေခံလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှစိုးရိမ်စရာမရှိတော့ဘူးလေ။သူမမှာကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေး၊သူငယ်ချင်းတွေအများကြီးရှိပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အကောင်းမြင်တတ်တဲ့မိန်းကလေးတစ်ေယာက်ဖြစ်လာတယ်။အငယ်မလေးကျတော့ သူမကိုသာမာန်မိသားစုတစ်ခုကမွေးစားလိုက်တယ်။တစ်ဖြည်းဖြည်းနဲ့ မိသားစုရဲ့ဝင်ငွေကထွက်ငွေကိုမကာမိတော့ဘူး။သူမရဲ့မိသားစုကအကြွေးရှင်ေတွဆီကနေစပြီးပုန်းရှောင်ရပြီး သူတို့ကဆက်တိုက်ပြေးနေရတော့တာပဲ။သူမနေ့ရက်တွေကအရမ်းခက်ခဲပြီး သူမကတစ်ဖြည်းဖြည်းနဲ့မကောင်းတဲ့လူတွေနဲ့စပြီးပတ်သက်လာတော့တာပေါ့။သူမရဲ့ကိုယ်ရည်ကိုယ်သွေးက ရက်စက်ပြီးအန္တရာယ်ရှိလာတယ်။တစ်နည်းနည်းနဲ့ရက်စက်တဲ့ညီမလေးကသူမမှာသူမနဲ့တစ်ထပ်တည်းတူေပမယ့် သူမနဲ့ဆန့်ကျင်ဘက်ပြီးပြည့်စုံတဲ့ဘဝမှာနေနေတဲ့အစ်မတစ်ယောက်ရှိမှန်းသိသွားရောလေ။သူမအစ်မမှာ ပျော်ရွှင်ပြီး လွယ်ကူတဲ့ဘဝရှိနေလို့ သူမကအစ်မဖြစ်သူဆီချဉ်းကပ်ဖို့အကောင်းဆုံးကြိုးစားတော့တာပဲ။အောင်မြင်ပြီးတဲ့နောက်ကျ သူမကအစ်မဆီကနေငွေတွေစညှစ်ပြီလေ။သူမအစ်မကကြင်နာတတိတဲ့အမျိုးသမီးဖြစ်နေတော့ သူမကသူမညီမဘာလိုချင်ချင် အမြဲပေးတာပေါ့။ဘာလို့လဲဆိုတော့ သူမကညီမဖြစ်သူကိုချေးလိုက်တယ်လို့ပဲခံစားရလို့လေ။ဒီလိုနဲ့ပဲ ညီအစ်မတတွေက ဘယ်သူမှမသိအောင်ထပ်ကာထပ်ကာတိတ်တိတ်လေးဆက်တွေ့ကြပါလေရော။ဒါပေမယ့်တစ်နေ့ကျ အစ်မဖြစ်သူကသူမညီမရဲ့ငွေချေးမှုကိုငြင်းပယ်လိုက်တော့ ညီမဖြစ်သူကသူမကိုရက်ရက်စက်စက်သတ်ပစ်လိုက်တယ်။ညီမဖြစ်သူကအစ်မဖြစ်သူရဲ့ကိုယ်ကိုဖျက်ဆီးပစ်ပြီး သူမဘဝကိုယူလိုက်တယ်။ပြောရရင် သူတို့ကတစ်ထပ်တည်းတူတဲ့အမွှာတွေလေ။အဲ့ကစပြီး ညီမဖြစ်သူကအစ်မဖြစ်သူရဲ့မိဘတွေနဲ့အတူကျေကျေနပ်နပ်ကြီးနေထိုင်ပြီး သူမအစ်မရဲ့ကောင်လေးနဲ့တွဲခဲ့တယ်။အစ်မဖြစ်သူကဒီကမ္ဘာကြီးမှာဘယ်တုန်းကမှမတည်ရှိခဲ့သလိုပေါ့"