Ch-45 စုယန်ရဲ့ဝတ္တု
'သံသယရှိသူရဲ့အော်သံ' မိမိသည်ဝတ္တု၏နာမည်အားတိတ်တိတ်လေးဖတ်လိုက်ပြီး ဖောင်းကြွစာလုံးများကိုလက်ချောင်းဖြင့်ပွတ်သပ်လိုက်သည်။
ဒီစာအုပ်ကစုယန်ဖတ်တဲ့ဟာဆိုရင် ဆိုးတော့မဆိုးလောက်ပါဘူး။ဟုတ်တယ်မလား။
မိမိငယ်ရွယ်စဉ်ကတည်းမှ မိမိတွင်ကြောက်စရာကောင်းသည့်အားနည်းချက်တစ်ခုရှိလေသည်။စာသင်ချိန် ဒါမှမဟုတ် စာဖတ်ချိန်ရောက်လာတိုင်း မိမိမှာတစ်ကယ်ကြီးအိပ်ပျော်သွားတတ်သည်။မိမိ၏ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်သင်ယူနေစဉ်တွင် မိမိမှာဖြတ်သန်းနိုင်ရန် အမေရိကာနိုကော်ဖီအားမရေမတွက်နိုင်လောက်သည်အထိသောက်ခဲ့ရသည်။သို့သော်ဤတစ်ကြိမ်မှာတော့ မိမိအားနိုးကြားနေစေသည်။
ဘယ်တုန်းကစတာလဲ။ငါပထမဆုံးဓားထိုးခံရတုန်းကလား။ဒါမှမဟုတ် ပထမဆုံးလတ်လတ်ဆတ်ဆတ်ကြီးသွေးအန်တာကိုမြင်လိုက်ရတုန်းကလား။အဲ့ဒီအချိန်တုန်းက ငါ့နှလုံးကတစ်ကယ်ကြီးခုန်ပေါက်နေတာလေ။
ဤသည်မှာဇာတ်ကြောင်းပင်။
ဝတ္တုမှာအလုပ်ခရီးတစ်ခုသွားခဲ့သောအမျိုးသားတစ်ဦးအကြောင်းသာဖြစ်သည်။သူအိမ်ပြန်လာချိန်တွင် သူ၏ဇနီးသည်မှာအခြားအမျိုးသားတစ်ဦးနှင့်ဖောက်ပြန်နေသည်ကို မျက်မြင်တွေ့လိုက်ရသည်။သူ၏တွေ့ရှိမှုပြီးနောက် သူသည်ထိုနှစ်ယောက်အားမတော်တဆသတ်လိုက်မိသွားသည်။
အမျိုးသားမှာ သူသည်ကြီးလေးသောအပြစ်တစ်ခုကျူးလွန်လိုက်သလို ခံစားနေရသော်ငြား အခြားသူအားသတ်လိုက်ချိန်တွင် စိတ်ကျေနပ်မှုကိုလည်းခံစားလိုက်ရသည်။သူ၏အသိစိတ်နှင့်ဗီဇသည်အဆက်မပြတ်တိုက်ပွဲဝင်ကြတော့သည်။နောက်ဆုံးမှာတော့သူသည်မိမိကိုယ်ကိုပျက်စီးစေသောလမ်းကိုသာရွေးလိုက်သည်။
"ယော...ယောင်္ကျား"
ကုတင်ဘေးတွင်ထိုင်နေသည့်အမျိုးသမီး၏အင်္ကျီများသည်ဖရိုဖရဲဖြစ်နေသည်။သူမသည်တံခါးပေါက်၌ရပ်နေသည့်အမျိုးသားထံတစ်စိုက်မတ်မတ်ကြည့်နေသည်။
တံခါးအဟကြားမှနေ သူမသည်သူမခင်ပွန်းမှာသူမထံစူးစူးစိုက်စိုက်ကြည့်နေသည်ကိုမြင်ေနရသည်။သူ၏မျက်လုံးများမှာသွေးလိုနီရဲနေပြီး နဖူးမှသွေးကြောများမှာလည်း ထင်းထွက်နေသည်။သူ၏ပါးစပ်ထောင့်အား တင်းတင်းစေ့ပိတ်ထားသည်မှာ သူသည်သူ၏စိတ်ခံစားချက်များအားကြိုးစားဖိနှိပ်ထားရပုံရသည်။
အမျိုးသမီး၏ချစ်သူမှာ အဖတ်မလုပ်သည့်ပုံပေါက်ပြီး သူသည်သူ၏ဘောင်းဘီအားဝတ်ရန်ကုတင်ပေါ်မှလှိမ့်ဆင်းလိုက်သည်။ထို့နောက်သူသည်တံခါးဖွင့်ရန်သွားလိုက်သည်။
အမျိုးသားနှစ်ဦးမှာအကြည့်ချင်းဆုံသွားကြသည်။သို့သော်ချစ်သူဖြစ်သူမှာ ကြောက်လန့်သွားပုံမရှိပေ။အခြားတစ်ဖက်မှကြည့်သော် သူသည်အမျိုးသားထံတိုက်ရိုက်ပင်ခပ်ညစ်ညစ်ပြုံးပြနေသည်။သုံးစက္ကန့်ကြာပြီးနောက် သူသည်မာန်ဝင့်ပြီးစိတ်ေအးလက်ေအးဖြင့်သာ အမျိုးသားအားကျော်ေလျှာက်သွားသည်။
ကောလဟလေတွပြောနေကြသလို သူကပျော့ညံ့တဲ့လူတစ်ယောက်ပါပဲ။ချစ်သူဖြစ်သူမှာသူ့ဘာသာသူမောက်မာစွာဖြင့်တွေးလိုက်သည်။သူသည်သူ၏နောက်မှေနအလျင်အမြန်ချဉ်းကပ်လာသည့် ခပ်စိတ်စိတ်ခြေသံများနှင့်မူမမှန်သောအသံရှူသံတို့ကို သတိမပြုမိလိုက်ပေ။
ထိုသူမှာ ဇနီးသည်၏ခင်ပွန်းပင်။သူသည်အလှဆင်ထားသောပန်းအိုးအားဆတ်ကနဲယူလိုက်ကာ ချစ်သူဖြစ်သူ၏ခေါင်းထဲရိုက်ချလိုက်သည်။
သူသည်သူ၏လုပ်ရပ်အား ချောမွေ့သည့်လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပြီးပြည့်စုံစေလိုက်သည်။နောက်မှာပါလာသည်ကတော့ ဇနီးသည်၏ကြောက်လန့်တကြားအော်သံနှင့်ကွဲသွားေသာပန်းအိုး၏ အက်ကွဲသံများသာဖြစ်သည်။ချစ်သူဖြစ်သူမှာ ဘာတွေဖြစ်သွားမှန်းမသိလိုက်သေးခင်မှာပင် သူသည်သွေးအိုင်ထဲလှဲနေလိုက်ရပြီဖြစ်သည်။ဇနီးသည်မှာပြေးထွက်လာသည်။သူမသည် သူမရှေ့မှထိတ်လန့်စရာမြင်ကွင်းကြောင့် တုတ်တုတ်မှမလှုပ်နိုင်တော့ပေ။
သူမ၏သူရဲဘောကြောင်ကာ အားနည်းသည့်ခင်ပွန်းက....တစ်ကယ်ကြီးတစ်ယောက်ယောက်ကိုရိုက်လိုက်တယ်ပေါ့လေ။အမှန်တော့ ကြောက်ရွံ့မှုအပြင် သူမသည်အနည်းငယ်စိတ်လှုပ်ရှားမှုကိုလည်းခံစားနေရသည်။
အမျိုးသားမှာသူ၏ရှေ့တွင်သွေးအိုင်ရှိနေသော်ငြား ခေါင်းအေးအေးထားနိုင်သေးသည်။သူသည်ချစ်သူဖြစ်သူဘေးတွင်ဖြည်းဖြည်းချင်းကုန်းလိုက်ပြီး သူ၏အသက်ရှူသံအားလက်ချောင်းဖြင့်စစ်ဆေးလိုက်သည်။အတည်ပြုပြီးနောက် သူသည်သူ၏ဇနီးထံပြီးစလွယ်ကြေညာလိုက်သည်။
"သူသေပြီ"
"အား..."
အမျိုးသမီးမှာလေအေးအားပါးစပ်အပြည့်စုပ်ယူလိုက်မိကာ ဗီဒိုပေါ်ရှိသူမ၏ဖုန်းဆီလှည့်ရန်တိတ်တိတ်လေးကြိုးပမ်းလိုက်သည်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
အမျိုးသားမှာသူ၏ခေါင်းအားမော့လိုက်ပြီး သူမထံအေးစက်စက်ကြည့်လိုက်သည်။အမျိုးသားမှဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်သည်မှာ လေထုအားတင်းမာလာစေသည်။သူသည်ခန္ဓာကိုယ်အားကျော်သွားပြီး အမျိုးသမီးထံဦးတည်လိုက်သည်။
ပန်းအိုးကွဲသွားသောအခိုက်တွင် သူသည်ကမ္ဘာအသစ်တစ်ခုအားရှာဖွေတွေ့ရှိလိုက်ရသည်။သူသည်ပြန်လည်မွေးဖွားလာရသည်။
အမျိုးသမီးမှာလည်း အမျိုးသား၏ပြောင်းလဲမှုကိုသေချာပေါက်သတိပြုမိလိုက်သည်။သူရှေ့သို့တိုးလာလျှင် သူမသည်သူမ၏အခန်းတွင်းနောက်ပြန်ဆုတ်လိုက်သည်။
"ယောင်္ကျား။ကျွန်မမှားပါတယ်....ကျေးဇူးပြုပြီး....ကျွန်မကိုသွားခွင့်ပေးပါနော်"
အမျိုးသမီးမှာအသနားခံနေသည်။ဤသည်မှာသူ့ထံသို့ နူးညံ့ပြီးနာခံတတ်သည့်လေသံမျိုးသူမသုံးသည်မှာပထမဆုံးအကြိမ်ပင်။အဆုံးမှာတော့ သူမနောက်ဆုတ်စရာနေရာမရှိတော့သောအခါ သူမသည်ဒူးထောက်လိုက်ပြီး သူမလက်ဖဝါးများကိုအတူတူဖိထားလိုက်သည်။(T/N-ကန်တော့သလိုကိုပြောတာထင်တယ်နော်)
အမျိုးသားသည်အမျိုးသမီး၏မေးစေ့အားပင့်လိုက်သည်။သားရဲတစ်ကောင်လိုပင် သူ၏မျက်လုံးများမှာ အကြောက်အရွံ့ကင်းမဲ့နေသည်။
"အရမ်းနောက်ကျသွားပြီ"
သူသည်ရက်ရက်စက်စက်ဟောက်လိုက်သည်။သူ၏လက်များမှာ အမျိုးသမီး၏လှပသောလည်ပင်းဆီထိ အောက်သို့စရွှေ့လာသည်။
"အ..!"
အမျိုးသမီးမှာတုန်လှုပ်ခြောက်ခြားခြင်းမှနေ သူမကိုယ်သူမမရပ်တန့်နိုင်တော့ပေ။သေခြင်းတရားနှင့်ရင်ဆိုင်ရင်း သူမမျက်လုံးများမှာ ပြူးကျယ်လာသည်။သူမ၏ဘဝမှာဤကဲ့သို့အဆုံးသတ်သွားလိမ့်မည်ဟု သူမဘယ်တုန်းကမှတွေးမထားခဲ့ဘူးပေ။
အမျိုးသားမှာအားကိုတစ်ဖြည်းဖြည်းသုံးလိုက်သည်။အမျိုးသမီးမှာ သူမ၏ဦးနှောက်သည်အောက်ဆီဂျင်လစ်လပ်နေ၍ အသက်ရှူရန်ရုန်းကန်နေတော့သည်။သူမလုံးဝအသိစိတ်ပျောက်မသွားခင်တွင် အမျိုးသားမှာနောက်ဆုံးစာကြောင်းများအားရေရွတ်လာသည်။
"ဟုတ်တယ်။ဒီလိုမျိုးပဲ။မင်းရဲ့မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ထားလိုက်။ငါ့ရဲ့ပုံစံကိုထွင်းမှတ်ထား။ငါ့ရဲ့လက်ရှိသွင်ပြင်"
မိမိသည်ဆက်ဖတ်လိုက်သည်။
"ကျွန်မကပုံမှန်မဟုတ်တာမဟုတ်ပါဘူး။အဲ့ဒါကအခြားသူတွေနဲ့နှိုင်းယှဉ်ကြည့်နေလို့ပါပဲ။ကျွန်မကဒီကမ္ဘာရဲ့အရာရာတိုင်းအေပါ်တွယ်တာမှုနည်းနည်းပဲရှိတာလေ။ကျွန်မမှာကျွန်မကိုယ်တိုင်ပဲရှိတယ်။ရှင်ကျွန်မကိုဒီနေ့သတ်လိုက်ရင်တောင် ကျွန်မအလောင်းကိုဘယ်သူမှသတိပြုမိလာမှာမဟုတ်ဘူး။ဒါကြောင့်မလို့ ဆရာကြီးရေ ရှင်ကအရမ်းကံကောင်းတာပဲ။ရှင်ကရှင့်ရဲ့တစ်ဦးတည်းသောမျက်မြင်သက်သေကိုသတ်လိုက်ရမယ့်အပြင် ဘယ်သူကမှလည်းသိကြမှာမဟုတ်ဘူး။သူမဆီလာပြီးစစ်ဆေးကြည့်မယ့်လူတစ်ယောက်တောင်ရှိမှာမဟုတ်ဘူး....ရှင်ထွက်ပြေးဖို့အချိန်တွေအများကြီးရှိမှာပဲ။ကျွန်မကဘာတစ်ခုမှမရှိပဲ၂၅နှစ်နေခဲ့ပြီးပြီ။ဒီနေ့တော့ကျွန်မရဲ့အဓိပ္ပာယ်မဲ့တဲ့ဘဝကြီးက နောက်ဆုံးအဆုံးသတ်ကိုရောက်လာတော့မယ်။ကျွန်မပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကျွန်မတစ်ယောက်တည်းဖြစ်နေဦးမှာပဲ။....sirရှင်ပျော်လား"
"......"
"ကျွန်မရဲ့သေခြင်းကသာရှင့်ကိုပျော်အောင်လုပ်နိုင်မယ်ဆိုရင် ကျွန်မနောင်တမရှိပဲသေလို့ရပါပြီ...."
ဤသည်မှာအမျိုးသားမှအခြားပြစ်မှုအားကျူးလွန်နေစဉ် မျက်မြင်သက်သေတစ်ဦး၏စကားပြောခန်းအပိုင်းဖြစ်သည်။ဒါပေမယ့် ဒါကြီးကိုနားထောင်ရတာတာ ဘယ်လိုတောင်ရင်းနှီးနေရတာလဲဟ။စကားလုံးများမှနေ မိမိသည်နစ်နာသူ၏မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကိုခံစားနေရသည်။ဝတ္တုထဲတွင် ဤမျက်မြင်သက်သေမှာအမျိုးသား၏တိုက်ခိုက်မှုတွင် တစ်ဦးတည်းရှင်ကျန်သူဖြစ်လာခဲ့သည်။
(T/N-စုယန်တို့များဝတ္တုထဲတောင် သူ့ပိုင်ဆိုင်မှုေလးကိုမထိခိုင်းဘူးနော်)
နေဦး။ဒါကငါမလား။မိမိသည်စုယန်နှင့်ရှန်ရှောက်ချင်တို့ ပြစ်မှုကျူးလွန်ဟန်ဆောင်နေသည်အား ပထမဆုံးတွေ့လိုက်ချိန်ကို အမှတ်ရလိုက်သည်။ဒီစကားလုံးတွေက ငါမသေခင်ရှန်ရှောက်ချင်ကိုပြောခဲ့တဲ့ဟာတွေမလား။
ပြန်တွေးကြည့်ရလျှင် မိမိမှာအလွန်သတ္တိရှိခဲ့လေသည်။လက်ရှိမိမိမှာတော့ ထိုကဲ့သို့စကားများအား ပြောနိုင်တော့မည်မဟုတ်ပေ။
ရုတ်တရက်ဆိုသလို တစ်ခုခုမှာမိမိ၏ဦးခေါင်းမှတစ်ဆင့်အသိပေးလာသည်။မိမိသည်စာအုပ်အားအလျင်စလိုပိတ်ချလိုက်ပြီး ဤဝတ္တု၏စာရေးဆရာအား စိုးရိမ်တကြီးလှန်လှောလိုက်သည် _တုယု။
ဒါကစုယန်ဖြစ်နိုင်မလား။
မိမိ၏တွေ့ရှိမှုမှာ ကမ္ဘာသစ်အားတွေ့ရှိလိုက်သလိုပင်။မိမိမျက်လုံးများမှာ မယုံကြည်နိုင်မှုများနှင့်ပြည့်နှက်နေသည်။မိမိသည် 'သံသယရှိသူတစ်ဦး၏အော်သံ' ဆိုသည့်ခေါင်းစီးပေါ်ကို မိမိလက်ဖြင့်ထပ်ကာတလဲလဲပွတ်သပ်လိုက်သည်။ဒါကစုယန်ရဲ့ဝတ္တုပဲဖြစ်ရမယ်။အဲ့လိုမှမဟုတ်ရင် ငါ့ရဲ့စကားတွေကဒီထဲမှာရှိမနေရဘူးလေ။
မိမိသည်ရူးကြောင်ကြောင်ပြုံးလိုက်ပြီး စာအုပ်အားမိမိနှလုံးသားနားကပ်ထားလိုက်ကာ ထပ်ကာထပ်ကာရေရွတ်နေလိုက်သည်။
"တုယု။တုယု"
- - - - - - - -
နောက်တစ်နေ့မိမိတိုက်ခန်းမှထွက်လာချိန်တွင် မိမိမှာအလွန်စိတ်လက်ချမ်းသာနေသည်။နောက်ဆုံးတော့ ယနေ့သည်မိမိကျောင်းမှနှုတ်ထွက်ရန်သွားမည့်နေ့ဖြစ်သည်။
မိမိအသက်အရွယ်၌တက္ကသိုလ်ကျောင်းသူတစ်ယောက်အဖြစ် ဟန်ဆောင်ရန်မလိုအပ်တော့သည်ကိုသိလိုက်ရသည်မှာ မိမိအပြုံးအားအလွန်ကြီးမားအောင်ပြုလုပ်ခဲ့သည်။
နှုတ်ထွက်သည့်လုပ်ငန်းစဉ်များလုံးဝပြီးဆုံးသွားသည်နှင့် ပိုင်စီးလုမှာထပ်ရှိလာမှာမဟုတ်တော့ပေ။ဤနေ့မှစပြီး လင်းယိရှင်းသာရှိတော့မည်ဖြစ်သည်။ဖြစ်နိုင်သည်မှာ မိမိသည်သူလျှိုအလုပ်အားဘယ်တုန်းကမှမလုပ်ဖူးခဲ့ပေ။အခုချိန်ထိတိုင်အောင် မိမိသည်ပိုင်စီးလုဆိုသည့်အမည်နှင့် အဆက်အသွယ်မမိသေးပေ။
မိမိသည်ကျောင်းဝင်းအတွင်းလမ်းလျှောက်ကာ ဤအားလပ်ချိန်လေးအား ငြိမ်သက်စွာကျေနပ်နေလေသည်။အိမ်အလုပ်မရှိ၊သရဲတွေမရှိ ဒါမှမဟုတ် စုယန်လည်းမရှိ။ဘယ်လောက်စိတ်ကျေနပ်စရာကောင်းလိုက်သလဲ။
မိမိသည်ရေကန်ဘေးဖြတ်သွားနေရင်း အေးမြသောအရိပ်အောက်တွင် တစ်ယောက်နားထဲတစ်ယောက်ချစ်တီးတူးတစ်တီတူးပြောနေကြသည့် စုံတွဲတစ်တွဲအားသတိပြုမိလိုက်သည်။မိမိပါးစပ်မှာတွန့်သွားပြီး စိတ်ထဲတွင်အားလည်းကျသလို မနာလိုလည်းဖြစ်နေသည်။ဆက်ပြီးချိုမြိန်နေလိုက်ကြစမ်း။ဆက်ပြီးချစ်ခင်နေလိုက်ကြစမ်း။တစ်ကယ့်လူမှုေရးအသိုင်းအဝိုင်းထဲရောက်တဲ့အခါကျ နင်တို့နှစ်ယောက်ဒီလိုမျိုးလေးဘယ်လောက်ကြာကြာဆက်ရှိနေမလဲဆိုတာ ကြည့်ကြေသးတာပေါ့။
မိမိသည်ခေါင်းယမ်းလိုက်သည်။မိမိမှာထွက်သွားရန်ပြင်လိုက်စဉ် တစ်ယောက်ယောက်မှမိမိနာမည်အားအော်ခေါ်လိုက်သည်ကိုကြားလိုက်ရသည်။
"ပိုင်စီးလု"
အဲ့ဒါကငါ့ရဲ့အရင်နာမည်လေ။ထိုအမည်အားထပ်ကြားရသည်မှာ ထူးဆန်းနေသည်။မိမိသည်လှည့်လိုက်ပြီး ရင်းမြစ်အားရှာလိုက်သည်။အဲ့ဒါကယ်ဗင်ပဲ။သူသည်ကျောင်းအဆောက်အဦး၏ဒုတိယထပ်တွင် ရပ်ပြီးလက်ယမ်းပြနေသည်။
မိမိ၏ခန္ဓာကိုယ်သည် ထင်းရှူးပင်တစ်ပင်လိုဖြောင့်တန်းနေပြီး လက်ပြန်ပြလိုက်သည်။ထို့နောက် မိမိသည်သူ့ထံသို့ဦးတည်လိုက်သည်။