ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

29.2K 2.5K 22

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Gpဝင်မယ့်ကလေးတွေအတွက်

Ch-41

174 20 0
By SuMon5383

Ch-41  ရှုဝေ့ရှန်အတုရဲ့အထောက်အထားအမှန်က.....

  နောက်ထပ်ငါးမိနစ် သို့ ငါးမိနစ်ကျော်လောက်တူးပြီးချိန်တွင်တော့ မိမိမှာသတ္တုသေတ္တာလေးအားမြေပေါ်သို့ထုတ်ယူလိုက်နိုင်တော့သည်။

  သေတ္တာမှာအဘိဓာန်စာအုပ်ဆိုဒ်လောက်သာရှိသည်။ဒီထဲကိုခန္ဓာကိုယ်တစ်ခုထည့်ထားနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကလက်‌ေမာင်းတစ်ဖက်တောင်ဆံ့မှာမဟုတ်ဘူးလေ။

  မိမိမှာသေတ္တာအားခါယမ်းကြည့်လိုက်သော်ငြား အတွင်းမှနေဘာသံမှထွက်မလာခဲ့ပေ။မိမိမှထို‌ေသတ္တာအားဖွင့်လိုက်ရာ ပြာမှုန်များလွှင့်ထွက်လာသည်။မိမိလည်းသေတ္တာအားချက်ချင်းပိတ်လိုက်ရင်း ရှုဝေ့ရှန်ထံကြောက်ရွံ့စွာငေးကြည့်လိုက်သည်။

  ဒါတွေသာပြာတွေဆိုရင် ရှုဝေ့ရှန်ရဲ့အရိုးပြာပဲဖြစ်ရမယ်။ငါ့ကြောင့်မလို့အချို့ပြာတွေကလွှင့်ထွက်သွားပြီ။သာဓု သာဓု။

  ညီမဖြစ်သူက အစ်မဖြစ်သူရဲ့ခန္ဓာကိုယ်ကိုမီးရှို့ပစ်လိုက်တယ်ပေါ့လေ။

  တစ်ကယ်သာ သူမမှခန္ဓာကိုယ်အားမီးရှို့ခဲ့ပြီး အရိုးပြာများကိုဖွက်ထားခဲ့ပါလျှင် သူမ၏ရှုဝေ့ရှန်အဖြစ်ဟန်ဆောင်နေခြင်းကို မည်သူကမှရှာတွေ့နိုင်လိမ့်တော့မည်မဟုတ်ပေ။အချိန်ကြာလာသော် ဤကမ္ဘာ၌ရှုဝေ့ရှန်တစ်ဦးသာကျန်ရှိ‌ေနပေတော့မည်။

  မိမိကိုင်ထားသည်မှာအရိုးပြာထည့်ထားသောသေတ္တာတစ်လုံးမှန်းသိလိုက်ရသည်မှာ မိမိအားနောက်ကျောမလုံသလိုဖြစ်လာစေသည်။သူမခန္ဓာကိုယ်ကဘယ်လောက်ထိလောင်ကျွမ်းသွားရတာလဲ။ဒါကမီးသင်္ဂြိုလ်လိုက်တာမှမဟုတ်တာကို။

  မိမိသည်မြေကြီးများပေကျံနေသောလက်ဖြင့် ရှုဝေ့ရှန်၏ငွေလက်ကောက်အားကိုင်ထားကာ သူမကိုနှစ်သိမ့်လိုက်သည်။

  "နင်ကအခုပြာတွေအဖြစ်လောင်ကျွမ်းသွားပြီးပေမယ့် ဒါကနင့်ကိုဖော်ထုတ်ဖို့ အခြားလူတွေအတွက်ကျ မဖြစ်နိုင်မှာကိုငါစိုးရိမ်မိတယ်။စိတ်မပူပါနဲ့။နင့်ရဲ့ညီမကိုသူမလုပ်ခဲ့တာတွေအတွက်ကျိန်းသေအပြစ်ဒဏ်ခံရအောင်ငါလုပ်ပေးပါ့မယ်"

  ရှုဝေ့ရှန်သည်သူမ‌ေခါင်းအားတုံ့ဆိုင်းစွာငြိမ့်လိုက်သည်။သူမသည်သရဲတစ်ကောင်ဖြစ်နေသော်ငြား မိမိမှာသူမ၏ကျုံ့နေသောမျက်ခုံးများနှင့်မဲ့ကျနေသောပါးစပ်ကိုမြင်နေရသည်။မိမိအတွေးလွန်နေသည်လားကိုမသေချာသော်ငြား သူမသည်ယနေ့၌ထူးထူးဆန်းဆန်းပြုမူနေသည်ဟု ခံစားနေရသည်။သူမကငါ့ကိုမယုံလို့များလား။

  နောက်နေ့တွင် မိမိမှာစုယန်မနိုးလာခင်ထွက်လာလိုက်ပြီး ရှုဝေ့ရှန်အတု၏အိမ်ဆီတက္ကစီဖြင့်သွားလိုက်သည်။မိမိသည်မနက်စာပေါင်မုန့်အားမျိုချရင်း သူမအဆောက်အအုံအောက်တွင်စောင့်နေလိုက်သည်။အစီအစဉ်ကတော့ သူတို့ကိုယ်တိုင်ဖော်ထုတ်လာမည့်အရာတို့ကိုစိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းရန်သာဖြစ်သည်။သူမမှာအပြင်ထွက်လာလိမ့်မည်ဟု မိမိသေချာလေသည်။သူမတံခါးမှထွက်လာသည်နှင့် မိမိမှာသူမနောက်ကိုနောက်ယောင်ခံလိုက်မည်ဖြစ်သည်။မိမိမှာသူမနောက်လိုက်နေသ၍ ထူးခြားမှုတစ်ခုခု ဒါမှမဟုတ် သံသယဖြစ်ဖွယ်တစ်ခုခုအား ရှာတွေ့မိလိုက်နိုင်မည်မှာသေချာလေသည်။

  ဥပမာဆိုရလျှင် ယခုရှုဝေ့ရှန်သည် စိတ်ဆင်းရဲပြီးငိုကြွေးနေပုံရသည့်မိန်းမတစ်ဦးနှင့်စကားပြောနေလေသည်။ဒါနဲ့ပတ်သက်ပြီးညှီနံ့တစ်ခုခုရနေတယ်။သူတို့သည်ပန်းခြံရှိခုံတန်းရှည်ပေါ်ထိုင်ရင်းစကားပြောနေကြပြီး မိမိမှာရေခဲမုန့်လှည်း၏နောက်မှနေ သူတို့အားစောင့်ကြည့်နေသည်။ကံဆိုးသည်မှာ မိမိသည်ရွေ့နေသောလှည်းနောက်မှလိုက်နေရသည်။မိမိတို့ကြားအကွာအဝေးမှာဝေးသထက်ဝေးလာတော့သည်။

  မိမိသည် မိမိ‌အပေါ်ရှိပိုင်ရှင်အားကြည့်လိုက်ပြီး ရေခဲမုန့်လှည်းအားသွားနေသည်ကိုတားရန်ကြိုးစားလိုက်သည်။

  "ရှင်ဒီမှာခဏလေးနေပေးလို့ရမလား။ခဏလေးပါပဲ"

  "အရူးမ"

  မိန်းမကြီးသည် မိမိထံသူမမျက်လုံးများအား အကြင်နာမဲ့စွာလှိမ့်ပြလာပြီး ရေခဲမုန့်လှည်းအားရှေ့သို့ဆက်တွန်းလိုက်သည်။

  "ကျေးဇူးပြုပြီးနော်"

  မိမိသည်အသနားခံလိုက်ပြီး သူမထံ20rmbအားပေးလိုက်သည်။

  "ကျွန်မရေခဲမုန့်တစ်ခုဝယ်မယ်။ကျွန်မနဲ့ဒီမှာမိနစ်နည်းနည်းလောက်နေပေး"

  ပိုင်ရှင်သည်သက်ပြင်းချလိုက်ပြီး မိမိပိုက်ဆံများအားယူလိုက်သည်။ထို့နောက်သူမသည်မိမိထံ ရေခဲမုန့်လုံးသုံးလုံးပါသည့် ရေခဲမုန့်အားမိမိထံပေးလာကာ သူမလှည်းနောက်မိမိအားယာယီကာထားခွင့်ပေးလာသည်။

  မိမိသည်ရေခဲမုန့်အားလျက်လိုက်ပြီး မိမိဦးနှောက်မှာ‌ေတာ့အပိုင်းအစများအားစုစည်းရန်ကြိုးစားလိုက်သည်။မိမိမှာသူတို့ပြောနေသည့်စကားများကိုမကြားနိုင်သော်ငြား သူတို့၏မျက်နှာအမူအယာအရ ကြုံရာကျပန်းစကားများအားပြောနေခြင်းမဟုတ်သည်ကို မိမိပြောနိုင်လေသည်။

  "နင်အဲ့ဒီမိန်းမကိုသိလား"

  မိမိသည် ရှုဝေ့ရှန်အတု၏ဘေး၌ငိုနေသည့် သက်လတ်ပိုင်းမိန်းမဆီညွှန်ပြရင်း သရဲမရှုဝေ့ရှန်အားမေးလိုက်သည်။

  "ညည်းဘာပြောလိုက်တာလဲ"

  မိန်းမကြီးမှာမိမိအားမေးလာသည်။

  "အာ..မ‌ပွောပါဘူး..ဘာမှမ‌ပွောပါဘူး"

  မိမိသည်ရှုဝေ့ရှန်အားကြည့်လိုက်ရာ သူမမှာခေါင်းယမ်းလာခဲ့သည်။

  ဒီလိုဆိုရင် အဲ့မိန်းမကရှုဝေ့ရှန်အတုရဲ့လူတွေထဲကတစ်ယောက်ပေါ့။အရမ်းကောင်းတယ်ဟေ့။မိမိသည်ကျေနပ်နေသည့်အမူအယာဖြင့်ခေါင်းငြိမ့်လိုက်သည်။သူတို့လူခွဲသွားချိန်တွင် မိမိသည်ပစ်မှတ်အားပြောင်းကာ သက်လတ်ပိုင်းမိန်းမနောက်တိတ်တိတ်လေးစလိုက်တော့သည်။မကြာခင် မိမိတို့သည်မိဘမဲ့ကျောင်းတစ်ခုထံရောက်လာသည်။

  ဒါကကယ်ဗင်ပြောခဲ့တဲ့မိဘမဲ့ကျောင်းဖြစ်နိုင်လောက်တယ်။အပြင်ဘက်မှနေ မိမိသည်အချင်းချင်းကစားနေကြသည့်ကလေးအချို့ကိုမြင်နေရသည်။ရုတ်တရက်ဆိုသလို ကလေးတစ်ဦးမှာမိမိဘက်ဆီဘောလုံးအားပစ်လာသည်။ထိုဘောလုံးသည်မိမိခြေထောက်ရှေ့ကျလာသည်။ဘုရားသခင်ကတောင်ငါ့ကိုတစ်ကယ်ကူညီပေးနေတာပဲဟ။မိမိသည်ဘောလုံးအားကောက်လိုက်သည်။

  "မစ်။ဘောလုံးကိုသမီးဆီပြန်ပေးပါ့လားဟင်"

  တက်ကြွသောက‌ေလးမလေးတစ်ယောက်မှာ မိမိထံအော်ပြောလာသည်။

  "ကောင်းပြီလေ။ဒီမှာယူလိုက်"

  မိမိသည်‌ေနွးထွေးစွာပြုံးလိုက်သည်။ထို့နောက် မိမိသည်ဘောလုံးအားသူမထံအသာလေးပြန်ပစ်ပေးလိုက်သည်။မိမိမှဘောလုံးအားကောက်လိုက်ချိန်တွင် မိဘမဲ့ကျောင်းနှင့်ပိုနီးကပ်သွားရန်အခွင့်အရေးရလိုက်သည်။သို့သော်ငြား ပျော်ရွှင်မြူးတူးစွာဆော့နေကြသည့်ကလေးများကို အာရုံစိုက်ရမည့်အစား သစ်ပင်ကြီးတစ်ပင်၏အောင်ရှိဒန်းပေါ်တွင်တစ်ယောက်တည်းထိုင်နေသည့်‌ေကာင်ငယ်လေးမှာမိမိအာရုံအားဖမ်းယူသွားသည်။

  မိမိနှလုံးသားမှာတင်းကျပ်သွားတော့သည်။မိဘမဲ့ကျောင်း၊ဒန်း၊ရယ်မောပျော်ရွှင်နေကြတဲ့ကလေးတစ်သိုက်၊ထပ်ပြောရရင် သင်းကွဲနေသည့်ကလေးတစ်ဦး...။ထိုသည်မှာသမိုင်းမှသူ့ဘာသာသူတစ်ပတ်ပြန်လည်လာသလိုပင်။အခြားကမ္ဘာပေါ်ရှိ လွန်ခဲ့သောတစ်ဆယ့်ခြောက်နှစ်မှ နောက်ထပ်မိမိ(အားလုံးကိုကိုယ့်ဘာသာခေါင်းငုံ့ခံခဲ့ရသည့်)အားမိမိမှမြင်နေရသည်။

  "မင်းဘာလို့အခြားကလေးတွေနဲ့မကစားတာလဲ"

  မိမိသည်သူ့ထံစကားသွားပြောလိုက်သည်။

  သူပြန်မဖြေ၍ မိမိသည်ဒူးတစ်ဖက်ထောက်ချလိုက်သည်။မိမိမှာသူ့အားဆက်၍နှိုး‌ေဆာ်နေစဉ် သူသည်ခေါင်းမော့ကာမိမိနှင့်အကြည့်ချင်းဆုံလိုက်သည်။ကလေး၏မျက်လုံးအိမ်များမှာ နက်ရှိုင်းနေပြီး သူ့တစ်မျက်နှာလုံးသည်ဖြူဖျော့နေသည်။သူ့ကြည့်ရသည်မှာဖျားနာနေပုံရသည်။မိမိမှာသူသည်သရဲတစ်ကောင်ဟုပင်ထင်လာနီးပါးပင်။မိမိမှာတောင့်တင်းသွားရ‌ေတာ့သည်။

  သူသည်သူ၏ပါးစပ်အားဖွင့်၍

  "ရှောင်ရှင်းက ပေ့ကျဲလာမှာကိုစောင့်နေတာပါ။ရှောင်ရှင်းကပေ့ကျဲနဲ့ပဲကစားမှာ"

  "ပေ့ကျဲ"

  "ပေ့ကျဲနဲ့ကျဲကျဲမှာ ဖိနပ်ဆင်တူရှိတာပဲ။ကျဲကျဲ ပေ့ကျဲကိုသိလားဟင်"

  မိမိသည်ခေါင်းငုံ့လိုက်ပြီး ဖိနပ်များကိုကြည့်လိုက်သည်။ဤမနက်က မိမိသည်အလွန်အလျင်လိုနေ၍ ကြုံရာဖိနပ်တစ်ရံကိုစီးလာလိုက်သည်။မိမိစီးထားသည်မှာ ကျောင်းမှနေကျောင်းသားတိုင်းအားပေးခဲ့သည့်အားကစားဖိနပ်ပင်ဖြစ်သည်။

  ပေ့ကျဲကရှုဝေ့ရှန်အတုဖြစ်နိုင်မလား။

  ရှုဝေ့ရှန်သည်အထက်တန်းစားမိသားစုတစ်ခုမှဆင်းသက်လာသည်ဖြစ်၍ သူမပုံများကိုအင်တာနက်၌လွယ်လွယ်ရှာနိုင်လေသည်။မိမိသည်ထိုပုံအားရှောင်ရှင်းထံပြလိုက်သည်။

  "ဒါကမင်းရဲ့ပေ့ကျဲလား"

  ရှောင်ရှင်းသည်စိတ်လှုပ်ရှားစွာခေါင်းငြိမ့်လာသည်။

  "ကျဲကျဲ။မင်းကပေ့ကျဲကိုသိတယ်ပေါ့။ဒါဆိုသူမကိုလာဖို့ပြောပေးလို့ရမလားဟင်။ကျေးဇူးပြုပြီးသူမကိုပြောပေးပါ။ရှောင်ရှင်းကသူမကိုအများကြီးလွမ်းနေပြီလို့..."

  ကလေးမှာ အသက်ရှစ်နှစ်၊ကိုးနှစ်ပတ်လည်သာရှိလောက်ဦးမည်။ရှုဝေ့ရှန်နဲ့သူရဲ့ပတ်သက်မှုကဘာလဲ။ပေ့ကျဲဆိုတာက ရှုဝေ့ရှန်အတုရဲ့အထောက်အထားအစစ်လား။

Continue Reading

You'll Also Like

65.2K 6.5K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
12.1K 1.8K 32
A girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူ...
120K 13.3K 140
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
88.1K 12.3K 85
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...