ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 424+425+426

102 7 0
By jellyflower1

အပိုင်း(၄၂၄)

ပျောက်ဆုံးနေသော မိသားစုဝင် ရုပ်ရှင်၏ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က ရုပ်ရှင်ရိုက်ကူးရေး မစတင်မှီ ပွဲကျင်းပရန် စီစဉ်ခဲ့သည်။ ထျန်းနင်ကလည်း အခမ််းအနားပွဲကို တက်ရောက်ပေးရန် အတည်ပြုသည်။

ထျန်းနင်၏ပရိသတ်များအတွက် ထျန်းနင်ကို မြင်တွေ့ခွင့်ရမည့် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်သည်။ ထျန်းနင်က ရိုက်ကူးရေးအတွက် သူမကိုယ်သူမ မပိတ်လှောင်ခင် နောက်ဆုံး တက်ရောက်သည့် ပွဲလည်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာအနှံံ့ ရှိသော သူမ၏ပရိသတ်များ စုဝေးကာ သူမနှင့် အနီးကပ် ဆုံတွေ့ခွင့် ရမည့်ပွဲကို တက်ရန် စီစဉ်ကြသည်။

သူမ မော်ဒယ်ဖြစ်ခဲ့သည့် အချိန်မှ စပြီး လက်ရှိ သရုပ်ဆောင် မင်းသမီး လမ်းကြောင်းကို လျှောက်လမ်းသည့် အပြောင်းလဲကို ပရိသတ်များ မျက်မြင်တွေ့ရသည်။ သို့သော်လည်း ထျန်းနင်က သူမလှမ်းသည့် ခြေလှမ်းတိုင်းကို ဂုဏ်ရှိရှိ သိက္ခာရှိရှိ လှမ်းခဲ့၍ သူမ၏ ထူးချွန်သော အရည်အချင်းများကို လေးစားမိသည်။

သတင်းစာရှင်းလင်းပွဲက  ထျန်းနင်ကို တခြားသော သရုပ်ဆောင်များနှင့် ပထမဆုံး ဆုံတွေ့ခွင့် ပေးသော အခွင့်အရေးလည်း ဖြစ်သည်။ ထို့ကြောင့် စင်နောက်ဘက်မှာ သူမက ပိုင်ချိုးရှန့်၊ ဂူရှန်တို့နှင့် ဆုံတွေ့သည်။

ပိုင်ချိုးရှန့်က အရပ်ရှည်ရှည် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သုန်မှုန်သော မျက်နှာအမူရာ ဖြစ်နေသည်။ သူ စကားမပြောလျှင် အနီးနား ရှိသူများက ဖိနှိပ်စွမ်းအားကို ခံစားရ၍ သူက ရုပ်ရှင်၏ဇာတ်ဆောင် မင်းသား နှင့် တော်တော်ကလေး တူသည်။ သူ့ကို မင်းသား ရွေးချယ်ခဲ့သော ဝေအန်၏အမြင် စူးရှသည်။

ဂူရှန်ကလည်း နက်မှောင်သော ဆံပင်ရှည်နှင့် ရည်မွန်သော အမူအရာ ရှိသည်။ သူမက ပွင့်လင်း ရင်းနှီးပုံ ပေါက်သော်လည်း သူ့စိတ်ကို ဖတ်နိုင်ရန် ခက်ခဲသည်။ သူမက စကားပြောသည့်သူ အပေါ်မူတည်ပြီး ပြောင်းလဲတတ်သည့် လူတန်းစား ဖြစ်သည်။

"ငါ ကြားတာတော့ လူရွေးပွဲက တကယ်မိုက်တယ်တဲ့။ ဒါကြောင့် မင်းနဲ့ အလုပ်တွဲလုပ်ရလို့ ဂုဏ်ယူမိပါတယ်"
ဂူရှန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဆွဲ နှုတ်ဆက်သည်။

ထျန်းနင် ပြန်ပြုံးပြပြီး သူ့လက်ကို ဆုပ်ကိုင်ကာ လက်ဆွဲ နှုတ်ဆက်သည်။

"မင်းတို့တွေ လူချင်းဆုံဖူးပြီ ထင်တယ်"
ဝေအန်က နားနေခန်းထဲ ရုတ်တရက် ဝင်လာပြီး သူတို့ကို ပြုံးပြသည်။
"စင်ပေါ်တက် ရတော့မယ်။ သတင်းထောက်တွေက ဖြေရခက်တဲ့ မေးခွန်းတွေ မေးလာနိုင်လို့ မင်းတို့တွေ သင့်သလို ပြန်ဖြေကြပါ"

"စိတ်မပူပါနဲ့ ဒါရိုက်တာဝေ"
ဂူရှန်က ဒါရိုက်တာဝေကို ခေါင်းညိတ်ပြသည်။

"ဒါနဲ့ ထျန်းနင်၊ မို့သူဌေး ဒီပွဲကို မလာဘူးလား"
မို့ထင်က ထျန်းနင်၏မန်နေဂျာ ဖြစ်သည့် သတင်းကို ဝေအန်ကြားထားသည်။ တကယ်တမ်း သူမက မို့ထင် စီစဉ်ပေးသည့် တစ်ဦးတည်းသော အနုပညာရှင် ဖြစ်သည်။ သို့သော်လည်း မို့ထင်ကို သူမ၏ လူရွေးပွဲ နှင့် သူမ၏ ရုပ်ရှင်ပွဲတွင် မမြင်တွေ့ရပေ။

"သူ မကြာခင် ရောက်လာမှာပါ"
ထျန်းနင် ပြန်ဖြေသည်။

ဂူရှန် နှင့် ပိုင်ချိုးရှန့်က စကားတစ်ခွန်းမျှ မဆိုဘဲ အကြည့်ချင်း ဖလှယ်သည်။ မို့ထင်၏အမည်ကိုကြားရ၍ ထျန်းနင်ကို စက်ဆုပ်သော ခံစားချက်များ ပို၍ တိုးလာသည်။ သို့သော်လည်း သူတို့ခံစားချက် အစစ်အမှန်ကို ကောင်းကောင်း ဖုံးကွယ်ထားပြီး မပေါ်လွင်စေပေ။

ခဏကြာပြီးနောက် သတင်းစာ ရှင်းလင်းပွဲ စတင်သည်။ ဂူရှန်က ဇာတ်ရံဖြစ်သောကြောင့် စင်ပေါ် ပထမဆုံး တက်သွားသည်။

သူမ၏ချစ်သူက ထျန်းနင်နှင့်အတူတူ စင်ပေါ် တက်ရမည့် အကြောင်း တွေးမိ၍ ဂူရှန် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။ သို့သော်လည်း ယခုအချိန်တွင် သည်းခံခြင်းက သူမအတွက် အကောင်းဆုံး ဖြစ်သည်။

သိပ်မကြာလိုက် အဓိကဇာတ်ဆောင်များ စင်ပေါ် တက်လာခဲ့သည်။ ထျန်းနင် နှင့် ပိုင်ချိုးရှန့်က ပရိသတ်ထုကြီးကို နွေးနွေးထွေးထွေး ဂါရဝပြုလိုက်သည်။

"ဟား ဟား မို့သူဌေး ဒီမှာ မရှိဘူးဆိုတော့ အဓိကဇာတ်ဆောင် နှစ်ယောက်ကို အရမ်းလိုက်ဖက်တယ်လို့ ပြောလို့ ရတယ်မလား"
အစီအစဉ်မှူးက အရဲတင့်စွာ စနောက်သည်။

ထျန်းနင်က ကပိုကရို ပြုံးလိုက်ပြီး မိုက်ခရိုဖုန်းကို လက်ခံသည်။
"သူက တိုက်ရိုက်ထုတ်လွှင့်တာ ကြည့်နေမှာပါ"

"အို့စ် ဟုတ်သားပဲ"
အမျိုးသမီး သတင်းထောက်က သူမ၏နှုတ်ကို  လက်ဖြင့် ကွယ်သည်။
"ကံကောင်းစေတဲ့ ထျန်းနင်လေးက ငါတို့ကို သတိပေးလို့ပေါ့"

"တကယ်တမ်း သူတို့က လိုက်ဖက်ညီပါတယ်"

"ဒါပေါ့ ရုပ်ရှင်ထဲမှာ သူတို့က အတူတူ ကြည့်ကောင်းနေဖို့ လိုအပ်တယ်လေ။ ဒါပေမဲ့ တကယ့် လက်တွေ့ဘဝမှာ ဘယ်သူက မို့သူဌေးကို ယှဉ်နိုင်ပါ့မလဲ။ ငါတို့ထျန်းနင်က အကောင်းတကာ့ အကောင်းဆုံးကို လက်ထပ်ခဲ့တာလေ"

ပရိသတ်များ၏ ဆွေးနွေးပြောဆိုမှုကြောင့် ဂူရှန်က ပိုင်ချိုးရှန့်ကို သတိပေးဟန် ကြည့်သည်။ သူမ၏ချစ်သူကို ထျန်းနင်နှင့် လိုက်ဖက်ကြောင်း ပြောဆိုနေခြင်းက သူမ၏ရင်ကို လောင်မြိုက်စေသည်။ သူမ သရုပ်ဆောင်ခွင့် ရမည့် ဇာတ်ဆောင်မင်းသမီးနေရာနှင့် အတူတူ သူမ၏ချစ်သူကို ခိုးယူသွားသည်ဟု ခံစားမိသည်။

သို့သော်လည်း မည်သူကမှ ဂူရှန်၏ မျက်နှာအမူအရာကို သတိမထားမိခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ သူမ နှင့် ပိုင်ချိုးရှန့်က တိတ်တိတ်ပုန်း ချစ်သူတွေ ဖြစ်နေသည်။

ပွဲဆက်လက် ကျင်းပနေစဉ်  မို့ထင် ရောက်လာပြီး ပရိသတ်အားလုံး၏ အရှေ့ဘက်မှာ ထိုင်သည်။ မို့ထင်ကို လှမ်းမြင်ကြ၍ ပရိသတ်များ အုတ်အော်သောင်နင်း ဖြစ်သွားသည်။ သို့တိုင် မို့ထင်က ပုံမှန်အတိုင်း တည်ငြိမ်နေပြီး စင်ပေါ်မှာ ရှိသော ထျန်းနင်ကို ကြည့်နေသည်။

ထျန်းနင်က ဂူရှန်နှင့် တစ်တန်းတည်း အတူတူ ထိုင်နေရ၍ ဂူရှန်၏မျက်နှာအမူအရာကို သတိမထားမိခဲ့ပေ။ သို့တိုင်  တစ်စုံတစ်ရာ လွဲမှားနေသည်ဟု မို့ထင် ခံစားနိုင်သည်။ ဂူရှန်က သူမ ပိုင်ဆိုင်ရမည့် ဇာတ်ဆောင်မင်းသမီး နေရာကို ထျန်းနင် လုယူခဲ့၍ ထျန်းနင် အပေါ် မကောင်းသော အကြံအစည် ရှိနေနိုင်သည်။ သူမကို ပို၍ သတိထားသင့်ကြောင်း မို့ထင် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် သတင်းထောက်များ မေးခွန်း မေးမြန်းမည့် အစီအစဉ် ရောက်လာခဲ့သည်။

ခက်ခဲသော မေးခွန်းတချို့ကို ရင်ဆိုင် ဖြေဆိုရန် သရုပ်ဆောင်များက ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူတို့ ဘယ်သော်အခါမှ မမျှော်လင့်ခဲ့ဖူသည့် ပထမဆုံး မေးခွန်းက ဂူရှန်ကို အရှိုက်ထိစေခဲ့သည်။

"ပထမဆုံး မေးခွန်းကတော့ ဒါရိုက်တာဝေကို မေးချင်ပါတယ်။ စင်ပေါ်မှာ ရှိနေတဲ့ မင်းသမီး နှစ်လက်လုံးက ထူးချွန်တဲ့ သရုပ်ဆောင်မင်းသမီးတွေ ဆိုတာ လူတိုင်း သိမှာပါ။ ဒါပေမဲ့ ငါတို့တွေ သိချင်နေတာက ဒါရိုက်တာက ဂူရှန်ကို ကျော်ပြီး ထျန်းနင်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းပဲ"

သတင်းထောက် တစ်ဦးက မတ်တတ်ထရပ်ပြီး မေးမြန်းသည်။ သူမ၏လေသံက ယဉ်ကျေးဟန် ရှိသောလည်း သူမ၏မေးခွန်းက ပြတ်သားလွန်းသည်။ သို့သော်လည်း ဝေအန်က ယခုလို မေးခွန်းမျိုးကို မတုန်လှုပ်ပေ။

"မင်း ပြောခဲ့သလိုပါပဲ ဒီအမျိုးသမီး နှစ်ယောက်စလုံးက အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေပါ။ ဒါပေမဲ့ သူတို့ တစ်ဦးချင်းစီမှာ ဇာတ်ကောင် နဲ့ သင့်လျော်မယ် စွမ်းရည် ကိုယ်စီ ရှိကြတယ်။ ငါတို့ကို အံ့ဩတုန်လှုပ်စေခဲ့တဲ့ ရလဒ် အပေါ်  မူတည်ပြီး ဆုံးဖြတ်ချက် ချခဲ့တာပဲ"

"ဒါရိုက်တာ ရည်ညွှန်းချင်တဲ့ စွမ်းရည်က ဘယ်လိုမျိုးလဲ ဆိုတာ ပိုအသေးစိတ် ပြောပြလို့ ရမလား။ လူကြီးအနေနဲ့ သူတို့ကို ဘယ်လို မြင်လဲ"

ဝေအန်က အမျိုးသမီးနှစ်ဦးကို လှည့်ကြည့်ပြီး သတင်းထောက်ဘက် ပြန်လှည့်ကာ ပြုံးသည်။
"ငါ့အမြင်မှာ ဂူရှန်က ရက်စက်တဲ့ ကျားပဲ။ သူ  သရုပ်ဆောင်တာ ပညာသား ပါသလို တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတွေဆို အထင်ကြီးလောက် စရာပါပဲ။ အကြမ်းဖက်တဲ့ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတွေကို လှလှပပ ပုံဖော်သွားနိုင်လို့ ကျေနပ်ဖွယ်ပါပဲ"

"ထျန်းနင်က အပေါ်ယံကြည့်ရင် ပျော့ညံ့သယောင် ရှိပေမဲ့ တကယ်တမ်း သူက အိပ်နေတဲ့ ခြင်္သေ့။ 'Stupid'ရုပ်
ရှင်မှာ သူ သရုပ်ဆောင်သွားတာ အားလုံး မြင်မှာပါ။ သူက အခုမှ သရုပ်ဆောင် အလုပ်ကို လုပ်ပေမဲ့ သူမက အလုပ်ကြိုးစားပြီး သရုပ်ဆောင် ပါရမီ ပါတာ ငြင်းမရပါဘူး"

"သူတို့မှာ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရှိပါတယ်။ ယှဉ်လို့ မရနိုင်ပါဘူး"

"ဝိုး ဒါရိုက်တာက အလှလေး နှစ်ယောက်ကို သားရဲတွေနဲ့ ယှဉ်ပြသွားတာပဲ"
အစီအစဉ်မှူးက ရယ်မောသည်။

"ကဲကဲ ဒုတိယမေးခွန်းက ချိုးရှန့်ကို မေးမယ်။ ချိုးရှန့်က ထျန်းနင်နဲ့ အလုပ်တွဲလုပ်ရတော့မယ် ဆိုတော့ ဘယ်လိုမိန်းကလေးမျိုးကို မင်းသား သဘောကျလဲ။ အမျိုးသမီး ကြည့်ရှုသူတွေ ကိုယ်စား မေးမြန်းတာပါ။ မင်းရဲ့ ပါတနာဖြစ်လာမယ်သူက ဘယ်လိုအရည်အချင်းမျိုးတွေ ရှိရမလဲ"
သတင်းထောက်က ပိုင်ချိုးရှန့်ထံ ချက်ချင်း အာရုံလွှဲခဲ့သည်။

ဝိုင်အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပိုင်ချိုးရှန့်က ကင်မရာဘက် လှည့်ကာ ပြုံးသည်။
"သူမက အရမ်းရှည်ရမယ်။ အေးအေးဆေးဆေး နေတတ်တဲ့ မိန်းကလေး ဖြစ်ရမယ်"

"ဒါဆိုရင် မင်းဘေးနားမှာ ရှိတဲ့ အမျိုးသမီး နှစ်ယောက်ထဲ ဘယ်သူက မင်း အကြိုက်နဲ့ ပိုကိုက်မလဲ"
အစီအစဉ်မှူးက ထျန်းနင်နှင့် ဂူရှန်ကို စကားဝိုင်းထဲ ဆွဲထည့်လာသည်။

ပိုင်ချိုးရှန့်က နှစ်ဖက်စလုံးကို ကြည့်ကာ အေးအေးဆေးဆေး ပြန်ဖြေသည်။
"ရှထုန်လို့ မိန်းကလေးက ကျွန်တော့် အကြိုက်ပဲ"

ရှထုန် အမည်က ပျောက်ဆုံးနေသော မိသားစုဝင် ရုပ်ရှင်မှ ထျန်းနင် သရုပ်ဆောင်ရမည့် ဇာတ်ကောင်၏ အမည် ဖြစ်သည်။

ထိုစဉ်အခိုက်အတန့် ဂူရှန်၏မျက်ဝန်းများ နီရဲလာသည်။ သူ့ချစ်သူက ရေလိုက်ငါးလိုက် ပြောဆိုနေမှန်း သိသော်လည်း သူ့ချစ်သူ နှုတ်ဖျားမှ တခြားမိန်းကလေးကို ပိုသဘောကျသည်ဟု ပြောဆိုခြင်းကို လက်ခံရန် ခက်ခဲနေသည်။

သူမ၏ မျက်စိရှေ့မှ အဖြစ်အပျက်က သူမအတွက် ရယ်ဖွယ်အတိပင်။

အကျိုးဆက်အနေဖြင့် ထျန်းနင် နှင့် မို့ထင်တို့ အပေါ် ထားရှိသော သူမ၏ အမုန်းတရားများ နောက်တစ်ကြိမ် တိုးပွားလာခဲ့သည်။

အကယ်၍ ဤရုပ်ရှင်က သူမ၏ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲနိုင်သည့် အခွင့်အရေးကောင်း မဟုတ်ခဲ့လျှင် သူမက ထျန်းနင်နှင့် ယှဉ်ပြိုင်မည့် အတွေး မရှိပေ။

သို့သော်လည်း ကံဆိုးစွာ သူမမှာ ရွေးချယ်ခွင့် မရှိခဲ့ပေ။

အပိုင်း(၄၂၄)
ပြီး၏။

အပိုင်း(၄၂၅)

ပျောက်ဆုံးနေသော မိသားစုဝင် ရုပ်ရှင်ကို ဇွန်လကုန်ခါနီး စတင်ရိုက်ကူးရန် တရားဝင်ကြေညာခဲ့သည်။ ဟိုးယခင်ရတုန်းက ထျန်းနင်က မို့ထင်၏ အသက်၃၃နှစ်ပြည့် မွေးနေ့ ကျင်းပပြီးမှ ရုပ်ရှင်ရိုက်ကူးရန် ကြံရွယ်ခဲ့သည်။ သို့သော်လည်း မို့ထင်က သူမ၏မန်နေဂျာ တစ်ဦးအနေဖြင့် ရုပ်ရှင် အဖွဲ့သားများက ထျန်းနင်ကို အထင်မြင်သေးမည့် ရန်မှ ကာကွယ်ပေးချင်သည်။ ထို့ကြောင့် တခြားသူအားလုံး နှင့် တန်းတူ တစ်ပြိုင်နက်တည်း ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ခဲ့သည်။

"ကိုယ့်ဘေးနားမှာ ချစ်လေး နေချင်မှန်း ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ်မွေးနေ့ ရောက်ရင် ကိုယ် မင်းနား ရှိနေပေးမယ်လေ"
မို့ထင်က သူမ၏ဆံနွယ်လေးများ သပ်ပေးကာ ပြုံးသည်။

"အင်းပါ"
ထျန်းနင်က ခြေဖျားလေး ထောက်ကာ မို့ထင်၏ နှုတ်ခမ်းကို လှစ်ခနဲ နမ်းသည်။ သူ့အမိန့်ကြောင့် သူမ ရိုက်ကူးရေး သွားရန် သေချာသွားသည်။

ဤလောကကြီးထဲ သူမအတွက် အရေးကြီးဆုံးက သူမ၏ခင်ပွန်း ဖြစ်နေသောကြောင့် မော်ဒယ် အလုပ်ဖြစ်ဖြစ် သရုပ်ဆောင် အလုပ်ဖြစ်ဖြစ် မို့ထင်ကို ယှဉ်နိုင်စွမ်း မရှိပေ။

သရုပ်ဆောင်ဝါသနာ အတွက် သူမ ခွန်အား ရှိသလောက် အစွမ်းကုန် ကြိုးစားမည်။ မို့ထင်အတွက် ဆိုလျှင် သူမ၏ အသက်ကို စတေးရဲသည့် ဆန္ဒ ရှိသည်။

စုန့်ယန်ရှုက ထျန်းနင်ကို အဖော်ပြုပြီး ရိုက်ကွင်း လိုက်သွားသည်။ ရိုက်ကူးရေး ပထမနေ့တွင် သူတို့က တည်းခိုရမည့် ဟိုတယ် တန်းသွားသည်။ နောက်တစ်နေ့ အထိ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းတွင် ထျန်းနင်၏ အပိုင်း မပါဝင်သေး၍ ရိုက်ကွင်း သွားရန် မလိုအပ်သေးပေ။ ထို့ကြောင့်  မို့ထင်ကို လက်ဆောင်ပေးမည့် အကြောင်းကိုသာ တစ်ညလုံး တွေးတောနေခဲ့သည်။

ယမန်နေ့ညက  ထျန်းနင် ၊ စုန့်ယန်ရှု နှင့် ဒါရိုက်တာဝေအန်တို့ ညစာ အတူတူ စားပြီးနောက် ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ကြသည်။ သို့သော်လည်း သူမ ပြန်လာသည့် လမ်းခုလတ်တွင်  သူမ ရင်းနှီးနေသော လူနှစ်ယောက်ကို  ဟိုတယ်၏ ဥယျာဉ်ထဲ အမှတ်တမဲ့ မြင်လိုက်သည်။

သူမက ဖျတ်ခနဲ မြင်လိုက်ရသော်လည်း သူတို့က ဘယ်သူလဲ သေချာ သိသည်။ စုန့်ယန်ရှုကိုယ်တိုင်ပင် ခြေလှမ်းတန့်လိုက်ပြီး တအံ့တဩ ပြောသည်။

"အစ်မ..."

"ငါ မြင်တယ်"
ထျန်းနင် တုံ့ပြန်သည်။

"ညီမ ထပ်စုံစမ်းလိုက်ရမလား"
စုန့်ယန်ရှု မေးမြန်းသည်။

"အခုတော့ နှုတ်လုံထားဦး"
ထျန်းနင်က တိတ်တဆိတ် ညွှန်ကြားသည်။
"ဒီကိစ္စကို အတည်မပြုခင်တော့ ဘယ်သူကိုမှ မပြောနဲ့ဦး"

ဂူရှန်တို့စုံတွဲ ခက်ခက်ခဲခဲ  ဖုံးကွယ်ထားသော အချစ်ရေးကို ထျန်းနင်က အလွယ်လေး စုံစမ်းမိသွားသည်။

"ဟုတ်ကဲ့"
စုန့်ယန်ရှု ခေါင်းညိတ်သည်။

ထျန်းနင်၏တုံ့ပြန်မှုက ဤဖြစ်ရပ်ကို လေးလေးနက်နက် သဘောမထားခြင်း မဟုတ်ပေ။ တကယ်တမ်း သူမ၏ အပြုအမူက လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ အကယ်၍ အမျိုးသားဇာတ်ဆောင် နှင့် ဇာတ်ပို့တို့က အချစ်ရေး ဆက်နွှယ်မှု ရှိနေလျှင် ခေါင်းဆောင်မင်းသမီး အနေဖြင့် သရုပ်ဆောင်မည့် သူ့အတွက် အန္တရာယ် များလွန်းသည်။

"မနက်ဖြန် ဂူရှန်နဲ့ တွဲရိုက်ရမယ့် ဇာတ်ဝင်ခန်း ရှိတယ်မလား။ သူနဲ့ အလုပ်တွဲလုပ်တဲ့အခါ သတိထားရင် ပိုကောင်းမယ်"

ထျန်းနင်၏ဘေးကင်းလုံခြုံမှုက အဓိက ဖြစ်ကြောင်း မို့ထင် ညွှန်ကြားခဲ့ခြင်းကို သူမ မမေ့လျော့ပေ။

"ငါ သိတယ်"
ထျန်းနင်က သူမနှင့် စုန့်ယန်ရှုတို့ လမ်းမခွဲခင် ခေါင်းညိတ်ပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့သည်။

သူမနှင့် ဂူရှန် ရုပ်ရှင်တွဲဖက် ရိုက်ကူးရလျှင် အသိပေးရန် မို့ထင် မှာကြားထား၍ သူ့ကို ဖုန်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ ချစ်လေး"
မို့ထင်က ကားမောင်းနေစဉ် ဖုန်းကိုင်လိုက်သည်။

"အရင်ဆုံး ကားရပ်၊ ပြီးမှ ချစ်လေး စကားပြောမယ်"
ထျန်းနင်က သူ့ကို ဘေးဖြစ်မှာ စိုးရိမ်မိသည်။

မို့ထင်က ရယ်ကာမောကာဖြင့် စကားဆက်မပြောခင် လမ်းဘေး တစ်နေရာမှာ ကားရပ်လိုက်သည်။
"ရပြီ ဆက်ပြောတော့"

"မနက်ဖြန် ဂူရှန်နဲ့ တွဲရိုက်ရမယ့် ဇာတ်ဝင်ခန်း ရှိတယ်။ နေ့လည်ခင်းလောက်မှ ရိုက်ကူးရမှာလေ"
ထျန်းနင် ပြန်ဖြေသည်။

"ယောက်ျားကို လာစေချင်လို့"

သူ့ဇနီးသည်၏ စကားသံကို ကြားပြီးနောက် မို့ထင်၏မျက်ဝန်းများ အနည်းငယ် မှောင်မိုက်သွားပြီး သတင်းစာ ရှင်းလင်းပွဲ၌ ဖြစ်သွားသော ဂူရှန်၏ မျက်နှာအမူအရာကို ပြန်တွေးမိသည်။ ထို့ကြောင့် သူ ချက်ချင်း သဘောတူသည်။
"နေ့လည်ခင်း ကိုယ် လာခဲ့ပါ့မယ်။ ချစ်လေးလည်း ရိုက်ကူးရေး အတွက်သာ အာရုံစိုက်ထားလိုက်။ ကိုယ်လည်း အတူတူရှိနေတော့ တခြားကိစ္စတွေ စိုးရိမ်နေဖို့ မလိုအပ်ဘူး"

"အင်းပါ"
ထျန်းနင် ပြန်ဖြေသည်။
"ဒါပဲလေ။ လုပ်စရာ ရှိတာ ဆက်လုပ်တော့။ ဒီည စောစော အိပ်ဦးနော်။ ချစ်လေး အနားမှာ မရှိတာနဲ့ ညဉ့်နက်မှ မအိပ်နဲ့ဦး။ စောစောအိပ်ရဲ့လား လာစစ်ဆေးမှာနော်"

"ဟုတ်ပါပြီ မိန်းမရယ်"
မို့ထင်က ဇနီးသည် ကျေနပ်အောင် ပြောပြီးမှ ဖုန်းချသည်။ ထျန်းနင်က တစ်ခုခုကို စုံစမ်းမိ၍ ယခုလို နောက်ကျသည့် အချိန်မှ သူ့ကို ဖုန်းခေါ်ခြင်း ဖြစ်နိုင်သည်ဟု သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။

သို့သော်လည်း ထျန်းနင်က မရှင်းပြခဲ့၍ သူလည်း မမေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ သူမက သူ့ကို ပြောပြချင်လျှင် ပြောပြပြီလောက်ပြီ။ ဤသည်ကား သူတို့ တစ်ဦးနှင့် တစ်ဦး နားလည်ပေးသည့် အပိုင်းဖြစ်သည်။

သန်းခေါင်ယံအချိန်

တိတ်ဆိတ်သော ဟိုတယ်အခန်းအတွင်း ချစ်သူစုံတွဲက သူတို့သွေးသား ဆန္ဒ ပြီးမြောက်အောင် လုပ်ဆောင်ပြီးခါစ ဖြစ်သည်။ သူတို့က ကုတင်ခေါင်းရင်းကို မှီကာ တစ်ယောက်ကိုယ် တစ်ယောက် ထွေးပွေ့ထားသည်။ ဂူရှန်က ပိုင်ချိုးရှန့်၏ လည်တိုင်ကို ဖက်ကာ သူ့အနား တိုးကပ်ကာ တိတ်တိတ်လေး ပြောသည်။
"မနက်ဖြန် ထျန်းနင်နဲ့ ရုပ်ရှင်တွဲ ရိုက်ရမယ်။ အဲဒီဇာတ်ဝင်ခန်းမှာ ဇာတ်ကြမ်းတွေပါတယ်။ အဲဒီ အခွင့်အရေးကို အမိအရ အသုံးချရင် မကောင်းဘူးလား။ ချစ်လေးတို့ လက်ဦးမှု ယူသင့်တယ်"

"မလုပ်ရဘူး"
ပိုင်ချိုးရှန့်က ငြင်းဆန်သည်။
"မင်း မိုက်ရူးရဲ မဆန်နဲ့"

"ဒါပေမဲ့ သူနဲ့ ရှင်အတူတွဲ ရိုက်မယ့် ဇာတ်ဝင်ခန်းအထိ စောင့်နေရင် အချိန်ဖြုန်းရာ မရောက်ပါဘူး။ မနက်ဖြန် သူ့ဆံပင်ကို ဆောင့်ဆွဲပြီး ခေါင်း ရိုက်ခွဲရမယ် ဇာတ်ဝင်ခန်းလေ"

"မရဘူး။ မင်း မလုပ်ရဘူး"

"ဘာလို့ မရတာလဲ။ဒီလို မတော်တဆ ဖြစ်ရပ်တွေက ဖြစ်နေကျပဲလေ။ ရှင်နဲ့ ကျွန်မ မကျော်ကြားခင်တုန်းကလည်း ဒီလိုမျိုးတွေ ကြုံတွေ့ဖူးတယ်လေ။ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ဘဲ အားအလွန်အကျွံ သုံးမိတယ်လို့ ပြောလိုက်ရုံပဲလေ"

"စိတ်ရှည်ရှည် စောင့်ပါဦး"
ပိုင်ချိုးရှန့်က ဂူရှန်၏ ပခုံးကို ဖိကိုင်သည်။
"ကိုယ့်စကားကို နားထောင်စမ်းပါ"

ဂူရှန်က စကားအပို မပြောသော်လည်း သူမ၏အတွေးထဲ အကြံအစည်က ကွန့်မြူးနေသည်။ တကယ်တမ်း သူမက ပို၍ ပို၍ ပိုင်ဆိုင်ချင်စိတ် ဖြစ်ပေါ်လာသည်။

ထျန်းနင်ကို ရုပ်ရှင်မှ ဖယ်ထုတ်ပစ်နိုင်သည့် အခွင့်အရေးက ရှားရှားပါးပါး ဖြစ်သည်။

သို့တိုင် ပိုင်ချိုးရှန့်က သတိကြီးလွန်းနေသည်။

သူမ အရင်ဆုံး လုပ်ကြံပြီးမှ သင့်လျော်သလို ဖြေရှင်းချက် ပေးရမည်။

ဒွိဟဖြစ်နေသော ခံစားချက်ကို ဖိနှိပ်ကာ ဂူရှန်က နောက်တစ်နေ့ မနက်ခင်း ရောက်မည့်အချိန်ကို သည်းခံ စောင့်ဆိုင်းနေသည်။

ထျန်းနင်က သူမ တစ်ကိုယ်တည်း ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများကို ရိုက်ကူးနေစဉ် ဂူရှန်က ရုပ်ရှင်ရိုက်ကွင်း မရောက်သေးပေ။

သူမ ရောက်လာသောအချိန်မှာ ထျန်းနင်က သူမ၏ ခင်ပွန်းကို နေရာအနှံ့ လိုက်လံရှာဖွနေသော ဇာတ်ဝင်ခန်းကို ရိုက်ကူးနေသည်။

သို့သော်လည်း ဂူရှန်က ထျန်းနင်၏ သရုပ်ဆောင် အရည်အချင်းကို အာရုံမစိုက်နိုင်ပေ။

အကြောင်းမူကား သူမ၏ ရင်ထဲ အတွင်းကျိတ်ကြံနေသော အကြံအစည်ကြောင့် ဖြစ်သည်။ တကယ်တမ်း သူမက ထျန်းနင်၏ ဦးခေါင်းကို ကြည့်လေ ကြည့်လေ ထျန်းနင် ထိခိုက်ဒဏ်ရာ ရပြီး ရုပ်ရှင်မှ နုတ်ထွက်မည့် အကြောင်း စိတ်ကူးယဉ်နေမိသည်။

"ပြောရမယ်ဆိုရင် ထျန်းနင်ရဲ့ သရုပ်ဆောင်စွမ်းရည်က အပြစ်ပြောစရာတောင် မရှိဘူး။ ထျန်းနင်က ထူးချွန်တဲ့ သရုပ်ဆောင်မင်းသမီး ဖြစ်ဖို့ မွေးလာသလိုပဲ"

"ဟုတ်တယ် အမှန်ပဲလေ။ ထျန်းနင်က လူတွင်ကျယ် မလုပ်သလို ပြဿနာလည်း မရှာဘူး။ သူက ဇာတ်ကောင် စရိုက်ထဲ ဈာန်ဝင်တာလည်း အရမ်းကို မြန်ဆန်တယ်။ တကယ့်ကို မဆိုးရှာပါဘူး"

ဂူရှန် ဘေးနားမှာ ရှိသော ဝန်ထမ်းများက ထျန်းနင် အကြောင်း ဆွေးနွေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်းနင် အပေါ် ထားရှိသော အမုန်းအာဃာတများ ပို၍ တိုးပွားလာသည်။

နေ့လည်စာ စားသုံးပြီးနောက် လက်ထောက် ရုပ်ရှင်အဖွဲ့သားများက  ထျန်းနင် နှင့် ဂူရှန်တို့ ရိုက်ကူးရေး အဆင်ပြေအောင်  ပြင်ဆင်ပေးကြသည်။

"ဂူရှန်မှာ ကင်မရာ ဖွင့်တာနဲ့ မင်းက ထျန်းနင်ရဲ့ဆံပင်ကို နောက်ကနေ ဆောင့်ဆွဲပြီး ရေချိုးခန်းထဲ တရွတ်တိုက် ဆွဲခေါ်သွားပြီး ခေါင်းကို ရေထဲ နှစ်ရမယ်။ ထျန်းနင် ဘေးကင်းဖို့ အတွက် စဉ်းစားပြီး ရိုက်ကွက် နည်းနည်း ပြောင်းချင်တယ်"
ဝေအန် ရှင်းပြသည်။
"ဂူရှန်၊ မင်းက ဝါရင့် သရုပ်ဆောင်ဆိုတော့ မင်းရဲ့ ခွန်အားကို ဘယ်လောက် အတိုင်းအတာ ထိ သုံးရမလဲ မင်း သေချာ သိမှာပါ"

"ဟုတ်ကဲ့ ကျွန်မ သိပါတယ် ဒါရိုက်တာ"
ဂူရှန်က အပြစ်ရှိဟန် ခေါင်းညိတ်ပြသည်။

"ဇာတ်ကွက် ပြောင်းပြန် လုပ်လိုက်ရင် မကောင်းဘူးလား"

သူမက ထျန်းနင်၏ ဦးခေါင်းကို တိုင်ဖြင့် ဆောင့်ရန် ကြံရွယ်ခဲ့သော်လည်း ဇာတ်ကွက်က ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။

ဤကဲ့သို့ ရှေ့ဆက်လျှင် သူမ၏အကြံအစည် ပျက်သုန်းသွားလိမ့်မည်။

"ဒါရိုက်တာ ကျွန်မတို့တွေ ဇာတ်ကွက် ပြောင်းလဲစရာ မလိုပါဘူး။ ဇာတ်လမ်းထဲ အစ်မကြီးက ရုတ်တရက် ဒေါသထွက်ပြီး ညီမဖြစ်သူကို အသိတရားဝင်အောင် လုပ်ပေးတဲ့ ဇာတ်ဝင်ခန်းလေ။ မူလ ဇာတ်ကြောအတိုင်းပဲ သရုပ်ဆောင်ပါရစေ"
ထျန်းနင် ရုတ်ခြည်း အကြံပြုသည်။

"ဒါပေမဲ့ အဲဒီလို သရုပ်ဆောင်ရင် မင်း ထိခိုက်နိုင်တယ်"

"အစ်မဂူရှန်က ပရောဖက်ရှင်နယ်ဆန်တဲ့ သရုပ်ဆောင်လေ။ ကျွန်မကို ထိခိုက်အောင် မလုပ်လောက်ပါဘူး။ ဟုတ်တယ်မလား"
ထျန်းနင်က ဂူရှန်ကို လေးလေးနက်နက် ကြည့်ရှုသည်။

ဂူရှန် စက္ကန့်ပိုင်းမျှ အံ့အားသင့်သွားပြီး သူမ၏ မျက်နှာပေါ်မှာ အပြုံးလေး စွဲထင်သွားသည်။
"ဒါပေါ့ ငါတို့နှစ်ယောက်စလုံးက ပရောဖက်ရှင်နယ်ဆန်တဲ့ သူတွေလေ"

"ဒီလိုဆိုရင် မြန်မြန် အစမ်းသရုပ်ဆောင် ကြည့်ကြမယ်"
ဝေအန် ဝင်ရောက် ပြောဆိုသည်။

အပိုင်း(၄၂၅)
ပြီး၏။

အပိုင်း(၄၂၆)

ဂူရှန်က ထျန်းနင်ကို နားလည်ရခက်စွာ ငေးကြည့်နေသည်။ ထျန်းနင် ကိုယ်တိုင် အန္တရာယ်တောထဲ ခုန်ဆင်းရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။ သူမ ဆုံးရှုံးရတော့မည် ထင်ခဲ့သော အခွင့်အရေးကို ပြန်လည်ပိုင်ဆိုင်ခွင့် ရခဲ့သည်။

"အိုကေ အဆင်သင့်ပဲ"

ဂူရှန်က သူမကို ကျောခိုင်းထားသော ထျန်းနင်ကို စောင်းငဲ့ကြည့်သည်။ သူမ၏ခွန်အားဖြင့် ထျန်းနင်ကို အလွယ်တကူ ထိခိုက်အောင် လုပ်ဆောင်နိုင်သည်။ သို့သော်လည်း တချို့သော အကြောင်းအရင်းကြောင့် သူမ အလွန်အမင်း စိုးရိမ်လာသည်။ တကယ်တမ်း သူမ၏လက်ဖဝါး ချွေးစို့လာသည်။

သို့သော်လည်း သူမ ယခုလို ကြံရွယ်ရသည့် အကြောင်းအရင်းက ထျန်းနင် ကြောင့် ဖြစ်နေ၍ သူမကို အပြစ်မတင်သင့်ပေ။

ဂူရှန်က ထျန်းနင်ကို လုပ်ကြံရန် စီစဉ်နေစဉ် မို့ထင်က ရုတ်ခြည်း ‌ရိုက်ကွင်း ရောက်လာသည်။ သူက ဧကရာဇ်ဟန် အမူအရာဖြင့် ရိုက်ကွင်းထဲ လမ်းလျှောက်လာပြီး အမျိုးသမီး နှစ်ဦးကို ကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိ ဂူရှန်၏ကျောကုန်းမှ ချွေးများ စီးကျလာသည်။

"မို့သူဌေး၊ ဒီကို ဘာကိစ္စရှိလို့ လာတာလဲ"
ဝေ့အန်က မတ်တတ်ထရပ်ပြီး မေးမြန်းသည်။
"ထျန်းနင်စီ လာလည်တာလား"

"မဟုတ်ဘူး"
မို့ထင်က အမျိုးသမီးနှစ်ယောက်ကို ငေးကြည့်လျက် ပြန်ဖြေသည်။
'Hidden Expert'ကလို ပြဿနာမျိုး ထပ်ဖြစ်မှာ စိုးရိမ်လို့ပါ။ ဒါရိုက်တာဝေ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်"

"ပြဿနာမရှိပါဘူး။ ဒါက သမာရိုးကိစ္စ လေးလေ ။ ကျွန်တော်က ဘာကြောင့် ရေးကြီးခွင်ကျယ် လုပ်နေရမလဲ"
ဝေအန်က ခေါင်းညိတ်လျက် ပြုံးသည်။

"ဂူရှန်လာခဲ့၊ အဆင်သင့်ပဲ မလား"

ဂူရှန်က မို့ထင်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး သူ့အကြည့်စူးစူးကို သတိထားမိသည်။ သူမကို စောင့်ကြည့်နေသည်ဟု ခံစားမိ၍ အစမ်းသရုပ်ဆောင်တိုင်း ခဏခဏ အမှားလုပ်မိသည်။

အဆုံးသတ်မှာ ထျန်းနင်က စိတ်လှုပ်ရှား နေသော ဂူရှန်ကို လှည့်ကြည့်ပြီး မေးမြန်းသည်။
"ထင် ရှိနေတာ နင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေလို့လား"

"အမ် အဲလို မဟုတ်ပါဘူး။ ငါ့အကြောင်းနဲ့ ငါပါ"

"အားနာပါတယ်။  'Hidden Expert' ရိုက်ကွင်းမှာ တခြားသူက ငါ့ကို အမြင့်က ပြုတ်ကျအောင် လုပ်ကြံခဲ့တာကို သူက မျက်မြင်တွေ့ထားတော့ စိုးရိမ်လွန်နေတာပါ။ နင့်ကို ဖိအား ဖြစ်စေရင် အားနာမိပါတယ်"
ထျန်းနင်က ဂူရှန်၏မျက်ဝန်းကို လေးလေးနက်နက် ကြည့်ရှုကာ ရှင်းပြသည်။
"သူ စိုးရိမ်လွန်နေတာ မမြင်ရက်လို့ ရိုက်ကွင်း လိုက်လာခိုင်းတာပါ"

"မို့သူဌေးက နင့်ကို ဂရုစိုက်လို့ပါ"
ဂူရှန် ပြန်ဖြေသည်။ သို့သော်လည်း သူမ၏အသံက တုန်ယင်နေခြင်းကို သတိမထားမိခဲ့ပေ။

"ငါလည်း မတတ်နိုင်ဘူး။ ငါတို့ရဲ့ အသက်အန္တရယ်က ဆက်စပ်နေတော့ သူက ငါ အနိုင်ကျင့်ခံရမှာ မမြင်ရက်လို့လေ"
ထျန်းနင် ရယ်မောသည်။

ထိုစကားသံကို ကြားပြီးနောက် ဂူရှန်က အခြေအနေကို သဘောပေါက်သွားသည်။ ထျန်းနင်က သူမကို သတိပေးနေခြင်းသာ ဖြစ်သည်။ အကယ်၍ ထျန်းနင် တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမက အကြောင်းကောင်းပြလည်း မို့ထင်က သူမကို ခွင့်လွှတ်ပေးမည့် သဘော မရှိပေ။

သူ၏ကျောရိုးတစ်လျှောက် အအေးဓာတ် လွှမ်းခြုံသွားပြီး ဦးခေါင်းအထိ အေးခဲလာသည်။ မို့ထင် နှင့် ထျန်းနင်တို့၏ အလွန်အမင်း သတိထားသော အပြုအမူကို ရုတ်ခြည်း ခံစားမိလာသည်။ ထိုစဉ် အခိုက်အတန့် သူမ၏ အသိဉာဏ်ထဲ သတိပေးသံကြီးကို ထပ်တလဲလဲ ကြားနေရသည်။ အကယ်၍ သူမသာ ထျန်းနင်ကို လုပ်ကြံခဲ့လျှင် သူမ၏ ဘဝ အဆုံးသတ်သွားနိုင်သည်။

"နောက်တစ်ခေါက် ကြိုးစားကြည့်ရအောင်"

ဂူရှန် ခေါင်းညိတ်သည်။ ဤတစ်ကြိမ် သူမ၏ ခံစားချက်ကို ထိန်းညှိလိုက်ပြီး ထျန်းနင် အပေါ် ထားရှိသော သူမ၏ အမုန်းတရားများ ပြေပျောက်အောင် သရုပ်ဆောင်ခြင်းတွင် စွမ်းအားအကုန် ထုတ်သုံးကာ အာရုံစိုက်သည်။

ဤတစ်ခေါက် ရိုက်ကွင်း အောင်မြင်ခဲ့သည်။ တကယ်တမ်း ဂူရှန်က ထျန်းနင်၏ သရုပ်ဆောင်မှုကို လုံးဝ သတိမပြုမိပေ။ သူမကိုယ်သူမ ထိန်းချုပ်ရန် အာရုံစိုက်နေရသည်။

မို့ထင်က ရုပ်ရှင်ရိုက်ကွင်းမှာ တိတ်တဆိတ် မတ်တတ်ရပ်နေသည်။ အမျိုးသမီး နှစ်ဦး၏ ရိုက်ကူးရေး ပြီးဆုံးမှ သူက ထျန်းနင် အနား ချဉ်းကပ်ကာ မေးမြန်းသည်။
"အားလုံး အဆင်ပြေရဲ့လား"

"ဒါပေါ့"
ထျန်းနင် ပြုံးသည်။
"အစ်မဂူက အရမ်းကို သရုပ်ဆောင် ထူးချွန်တယ်လေ။ မှားစရာ အကြောင်း ရှိပါ့မလား"

"ချစ်လေး တစ်ခုခု ဖြစ်လို့ကတော့ ဒီရုပ်ရှင်က အပြီးတိုင် ပျောက်ဆုံးသွား စေရမယ်"
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်၏ပခုံးပေါ် လက်တင်လိုက်ပြီး သူမကို ဘေးတစ်ဖက် ခေါ်ဆောင်သွားသည်။ စိတ်ပျက်အားလျော့နေသော ဂူရှန်မှာ ကြောက်ကြောက်ရွံရွံဖြင့် ကျန်ရစ်ခဲ့သည်။

ထျန်းနင် အဝတ်အစားလဲရန် ဘန့်ကား ရှိရာသို့ ထွက်လာခဲ့သည်။  အဝတ်အစား လဲနေစဉ် ထျန်းနင်က မို့ထင်ဘက် လှည့်ကာ ရှင်းပြသည်။
"ယောက်ျား ရောက်မလာခင်တည်းက ချစ်လေး နောက်ကျော မလုံသလို ခံစားရတယ်။ တစ်ယောက်ယောက်က လောင်မြိုက်နေတဲ့ အကြည့်စူးစူးနဲ့ ကြည့်နေသလို ခံစားရတယ်။ 'ထင်' ဂူရှန် နဲ့  ပိုင်ချိုးရှန့် မူမမှန်သလို ခံစားရတယ်။ သူတို့ကို ဥယျာဉ်ထဲ အမှတ်တမဲ့ လှမ်းမြင်ပေမဲ့ သံသယ ဝင်မိတယ် မရိုးဖြောင့်သလို ခံစားရတယ်"

"ဒါဆိုရင် အဲဒီရုပ်ရှင်မှာ သရုပ်မဆောင်နဲ့ တော့လေ"

မို့ထင်၏ မျက်နှာပေါ်မှ လေးနက်သော အမူအရာကြောင့် ထျန်းနင် ရုတ်တရက် ရယ်မောသည်။
"ယောက်ျားရဲ့ သတိပေးတဲ့ အကြည့်တွေကြောင့် ဂူရှန်က ချစ်လေးကို ရန်မရှာရဲတော့ပါဘူး"

"သူက ယောက်ျားကို ကြောက်သွားလောက်ပြီ။ ရုပ်ရှင်ကနေ နုတ်ထွက်ချင်လို့ ဒီကိစ္စကို ယောက်ျားသိအောင် ပြောပြနေတာ မဟုတ်သလို ပြဿနာကို ဖြေရှင်းချင်လို့လဲ မဟုတ်ဘူး"

"အခုလို ပြဿနာမျိုးကို ချစ်လေး တစ်ယောက်တည်း ဖြေရှင်းနိုင်တာ ယောက်ျား သိမှာပါ။  ဒါပေမဲ့ ချစ်လေးက ယောက်ျားကို မထိမ်ချန်ချင်ဘူးလေ။ ချစ်လေးက ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် သဘောမထားတာ သိစေချင်လို့။ မူမမှန်တာ တစ်ခုခု ဖြစ်ခဲ့ရင် ယောက်ျားကို တန်းအသိပေးပါ့မယ်"

မို့ထင်က ထျန်းနင်ကို ကြည့်ကာ သူ့ရင်ခွင်ထဲ ဆွဲခေါ်ပြီး နဖူးလေးကို နမ်းလိုက်သည်။
"ဘာပဲဖြစ်လာ ဖြစ်လာ ချစ်လေးနဲ့ အတူတူ ယောက်ျား ရှိနေပေးမယ်"

"ဒါပေမဲ့ ပိုင်ချိုးရှန့်ကို အထူးသတိထားဖို့ မှာချင်တယ်။ ယောက်ျားတွေရဲ့စိတ်က မိန်းမတွေထက် ပိုလျှို့ဝှက််တယ်"

ထျန်းနင်က ပြုံးရုံသာ ပြုံးနေခဲ့သည်။
"ဒီလောကကြီးထဲ ချစ်လေး အရှုံးပေးချင်တဲ့သူက ယောက်ျား တစ်ယောက်တည်းပဲ။ တခြားသူတွေကို အလွယ်တကူ မရှုံးနိမ့်ပါဘူး"

"ဒါပေါ့ ဒီလိုစိတ်ကူးက ရုပ်ရှင်ကို ဘေးကင်းကင်း ရိုက်ကူးနိုင်တဲ့ အကောင်းဆုံး အကြံအစည်ပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်မှာ မကောင်းတဲ့ အကြံအစည် ရှိလို့ကတော့ ချစ်လေးက သူတို့ တွေးထားသလောက် အနိုင်ကျင့်ရ လွယ်ကူတဲ့သူ မဟုတ်ဘူး။ တစ်ယောက်ယောက်က ချစ်လေးကို အနိုင်ကျင့်ချင်ရင် အဲဒီလူက ယောက်ျားပဲ ဖြစ်ရမယ်"

မို့ထင်က ကူကယ်ရာမဲ့ သက်ပြင်းချသည်။
"ကိုယ်က ချစ်လေးကို နိုင်စားရက်ပါ့မလား"

"ဒါဆိုရင် ချစ်လေးက ယောက်ျားကို နွဲ့ဆိုး ဆိုးပေးမယ်လေ"
ထျန်းနင်က သူ့အကျင့်အတိုင်း မို့ထင်၏ လည်တိုင်ကို ကိုက်သည်။

ဂူရှန်က မို့ထင် ရိုက်ကူးရေးကွင်းမှ ထွက်သွားသည်ကို စောင့်ကြည့်နေသော်လည်း ထျန်းနင်ကို အကောက်ကြံရဲသည့် အတွေး မရှိတော့ပေ။ ထျန်းနင်က ငတုံး မဟုတ်မှန်းလည်း သူ သဘောပေါက် သွားသည်။ တကယ်တမ်း ထျန်းနင်က ခရေစေ့တွင်းကျ တွေးတောတတ်သူ ဖြစ်သည်။ သူမက သူ့ကို အသိပေးသွားသည့် အပြင် အပြစ်မကျူးလွန်အောင် သတိပေးသွားသည်။

ထို့နောက် ဂူရှန်က ပိုင်ချိုးရှန့်ထံ ကြောက်ကြောက်လန့်လန့်ဖြင့် စာတိုပို့သည်။
"ထျန်းနင်ကို ဘာမှ မလုပ်နဲ့တော့။ ကိုယ့်ဘာသာကိုယ် ဒုက္ခပေးသလို ဖြစ်တော့မယ်။ အဲဒီဆု မရလည်း ငါ အသက်ရှင်နိုင်သေးတယ်။ ငါ့မှာ လိုလိုလားလား စောင့်ချင်တဲ့ ဆန္ဒ ရှိတယ်"

သူမ ပို့ပေးသည့် စာတိုကို ဖတ်ရှုပြီးနောက် ပိုင်ချိုးရှန့်က ခေါင်းမော့ကာ သူမကို စောင်းငဲ့ကြည့်သည်။ သူက ပြန်စာ မပို့ဘဲ သူ့ဖုန်းကို အောက်ချလိုက်သည်။

ပိုင်ချိုးရှန့်က ခေါင်းမာမှန်း ဂူရှန် သိသည်။ သို့သော်လည်း ထျန်းနင်က သူတို့ ရန်ရှာနိုင်သည့် အဆင့်အတန်း မဟုတ်နေပေ။

သူတို့ဘက်က အကြောင်းပြချက် ကောင်းကောင်းမွန်မွန် ပေးနိုင်ခဲ့သည့်တိုင် မို့ထင်က သူတို့ကို ခွင့်လွှတ်မည့် အတွေး မရှိနိုင်ချေ။ သူမက ဤအမှန်တရားကို နောက်မကျခင် သိခွင့် ရခဲ့၍ ကံကောင်းသွားသည်။

သူမက ဇာတ်ပို့အနေဖြင့် သရုပ်ဆောင်ရ၍ စိတ်မပျော်ပိုက်သော်လည်း ထျန်းနင်နှင့် သူမ၏ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ခြင်းက ပိုကောင်းမွန်သော နည်းလမ်း ဖြစ်လိမ့်မည်။ ထိုမှသာ ပိုင်ချိုးရှန့်၏ မိုက်ရူးရဲဆန်သော အပြုအမူများကို ဟန့်တားနိုင်လိမ့်မည်။

"အစ်မထျန်းနင်။ ညီမတို့တွေ ဟိုနှစ်ယောက်ကို ဆက်စောင့်ကြည့် ထားရဦးမလား"
ရက်အတော်ကြာအောင် ရုပ်ရှင်ရိုက်ကူးပြီးမှ စုန့်ယန်ရှုက မေးမြန်းသည်။

"ဂူရှန်နဲ့ ပတ်သက်ရင် စိတ်အေးထားလို့ ရပြီ။ ဒါပေမဲ့ ပိုင်ချိုးရှန့် နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ စဉ်းစားဦးမယ်"
ထျန်းနင်က သိုဝှက်လွန်းသော အမျိုးသား၏ သုန်မှုန်နေသော မျက်နှာအမူအရာကို တွေးမိသည်။
"ဘယ်သူ့ရဲ့သည်းခံနိုင်စွမ်း ပိုမြင့်လဲ စောင့်ကြည့်ရတာပေါ့။ သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်းကြံရွယ် ရမယ်"

အပိုင်း(၄၂၆)
ပြီး၏။

Continue Reading

You'll Also Like

20.5M 760K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
34.8M 1.4M 58
One thing, just one little thing Julie had to do to have a... Let's say decent... First day at her new school... Don't. Draw. Attention. First impres...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...