ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 409+410+411

139 11 0
By jellyflower1

အပိုင်း(၄၀၉)

တကယ်တမ်း ထျန်းနင်ကိုယ်တိုင်က 'Stupid'ရုပ်ရှင်၏ ဇာတ်ကား တစ်ကားလုံးကို မကြည့်ရသေးပေ။ ရုပ်ရှင်အစမ်းပြသည့်အချိန် သူမက 'WH'ရုပ်ရှင် ရိုက်ကူးလက်စ ဖြစ်သည်။

ထို့ကြောင့်လည်း သူမ၏အတွေးကို အများပြည်သူ၏ တုံ့ပြန်မှုက လွှမ်းမိုးထားသည်။

သူမအတွက်  'Stupid'ရုပ်ရှင်က ရှင်သန်ဖို့ ရုန်းကန်နေရသည်ဟု ခံစားမိသည်။

"ချစ်လေးရဲ့ သရုပ်ဆောင်စွမ်းရည်
တိုးတက်နှုန်းနဲ့ဆို တစ်နှစ် ရုပ်ရှင် သုံးကားက ချစ်လေး ရိုက်ကူးနိုင်တဲ့ အကန့်အသတ် ဖြစ်နိုင်တယ်။ ဒါကြောင့် နောက်နှစ်ဝက်မှာ နောက်ထပ်ရုပ်ရှင် တစ်ကား ထပ်ရိုက်ကူးနိုင်ဖို့ ကိုယ် ကူညီပေးမယ်။အဲဒါပြီးရင်တော့ ကလေး ယူဖို့ အားကြိုးမာန်တက် ပြင်ဆင်ပေါ့"

ထိုနေ့ညက သူတို့စုံတွဲလေးသည် စာကြည့်ခန်းထဲမှာ ဇာတ်ညွှန်းစာရွက်များကို လှန်လှော ဖတ်ရှုနေသည်။ မို့ထင်က စာရွက်များကို အလျင်အမြန် ဖတ်ရှုပြီးနောက် ဘေးဖယ်ထား လိုက်သည်။

"ယောက်ျား စကားကို ချစ်လေး နာခံမယ်"
ထျန်းနင်က မို့ထင်၏ ကျောလေးကို မှီကာ စကားပြန်ပြောသည်။
"ချစ်လေးတို့ အနာဂတ်အတွက် ယောက်ျား စီစဉ် ပေးထားတာကို သဘောကျတယ်"

ထျန်းနင်၏ အဖြေကြောင့် မို့ထင်၏ နှုတ်ခမ်းပါးလေးက ကျေနပ်ဟန် အပေါ်သို့ ကော့ညွှတ်သွားသည်။

"ဒီနှစ် ဖေးထျန်း လူသစ်ဆုကို ချစ်လေး ပိုင်ဆိုင်ရပြီး အဲဒီဆုနဲ့ အိမ်ပြန်လာစေချင်တယ်"

"ယောက်ျားက ချစ်လေးကို အဲဒီလောက်တောင် ယုံကြည်တာလား"
ထျန်းနင်က သူ့လက်ထဲမှ ဇာတ်ညွှန်း စာရွက်ကို အောက်ချထား လိုက်ပြီး မို့ထင်၏ ကျောပေါ် ခေါင်းတင်ကာ
"Stupid ရုပ်ရှင်ရဲ့ တိုးတက်မှု အခြေအနေ ဘယ်လိုရှိလဲ သိချင်လိုက်တာ"

"မစ္စမို့က ကိုယ့်ယောက်ျားရဲ့ အရည်အချင်းကို သံသယ ဝင်နေတာလား"
မို့ထင်က မျက်ခုံးလေး ပင့်ကာ လှည့်ကြည့်သည်။

"တကယ်တမ်း အဲဒီလို မဟုတ်ပါဘူး။ ချစ်လေး ရင်းနှီးတဲ့ ဝန်းကျင် မဟုတ်တော့ စိုးရိမ်စိတ် ဖြစ်မိရုံပါ"

"စိတ်အေးအေးထားပါ"
မို့ထင်က ထျန်းနင်ကို သူ့ပေါင်ပေါ် ထိုင်စေကာ ပွေ့ဖက်ထားသည်။
"ချစ်လေးက အဲဒီရုပ်ရှင်ကို မကြည့်ရသေးလို့ပါ။ ဒုတိယတစ်ခေါက် ရုပ်ရှင်အကြို ပြသရင် ကိုယ်တို့တွေ အတူတူ သွားကြည့်ကြမယ်လေ"

"ကောင်းပါ့မလား"

"ဖျော်ဖြေရေးလောကရဲ့ အကောင်းဆုံး ဝေဖန်သူကတောင် ချစ်လေးရဲ့ အရည်အချင်းကို ထောက်ခံနေတာလေ။ ချစ်လေးက ဘာတွေ တွေးနေတာလဲ"
မို့ထင်က မျက်ခုံးလေး မသိမသာ ပင့်တင်သည်။
"ချစ်လေး ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်တာ ဒီတစ်ခေါက် ပထမဆုံး အကြိမ်ပဲ"

"ချစ်လေး ထိန်းချုပ်လို့ရတဲ့ နယ််ပယ် မဟုတ်ဘူးလေ"

"ဘယ်လို ထိန်းချုပ်လို့ရလဲ သင်ပေးမယ်"
မို့ထင်က ထျန်းနင် ဘေးနား ထိုင်ပြီး ဆက်ပြောသည်။
"ရုပ်ရှင်ဈေးကွက်ကို နားလည်ဖို့ သိပ်မခက်ခဲပါဘူး။ ဖျော်ဖြေရေးလောကက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိတော့ တော်တော်လေး နယ်ပယ်ဆင်တယ်"

"ချစ်လေး ပြိုင်ဘက်ရဲ့ ခြိမ်းခြောက်တာကို ကြောက်နေတာ မလား"

"တခြားသူကို မကြည့်နဲ့။ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ထား"

"ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်ကအစ ဒါရိုက်တာ နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားတွေကပါ ကိုယ်တို့ ရုပ်ရှင်ကို ယုံကြည်မှု ရှိလို့ သုံးခါတိတိ ဇာတ်လမ်းအကြိုပြရဲတာပေါ့"

"ကိုယ်တို့ပြိုင်ဘက်နဲ့ နှိုင်းယှဉ်ခံရမှာကို မကြောက်ဘူး။ ကိုယ်အလုပ်ကိုယ်ပဲ အာရုံစိုက်ပြီး  အခြေအနေကို အကျိုးရှိရှိ အသုံးချရမယ်"

မို့ထင်၏စကားသံကို နားစွင့်ပြီးနောက် ထျန်းနင်က ခပ်တိုးတိုးလေး ရယ်မောသည်။
"ယောက်ျားက ဒီရုပ်ရှင်မှာ ယုံကြည်မှု ရှိတယ်လို့ ပြောချင်တာ မလား"

"ဒါပေါ့ ကိုယ်က အကဲဖြတ်တာ တော်တယ်လေ"

မို့ထင် စကားပြောနေစဉ် သူ့မျက်ဝန်းက ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်မှ ရှင်ဘုရင်နှင့် အသွင်တူသော အငွေ့အသက်များ ဖြာလဲ့နေသည်။

သူ့ယောက်ျား၏ အရည်အသွေးကို မေးခွန်းထုတ် နေစရာပင် မလိုအပ်ချေ။ ထို့ကြောင့်လည်း 'Stupid'ရုပ်ရှင် နှင့် ပတ်သက်သော စိုးရိမ်စိတ်များ တဖြည်းဖြည်းချင်း ပြေလျော့သွားသည်။ ထိုမှသာ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး လန်းဆန်းသွားသည်။

...

"ဘုရားသခင်၊ အကဲဖြတ်တာ မှားသွားပြီပဲ။ ထျန်းနင်ရဲ့ သရုပ်ဆောင် စွမ်းရည်က တကယ်ကို အံ့မခန်းပဲ"

"တခြားကိစ္စတွေ ဂရုမစိုက်ပါဘူး။ 'Stupid'ရုပ်ရှင်ကိုပဲ အလေးထား ပြောကြမယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ ထျန်းနင်က ဇာတ်ကောင်စရိုက်ထဲ မျောပါသွားတာ ထျန်းနင်ဆိုတာ လုံးဝ ပျောက်ကွယ်သွားတယ်။ အဲဒီရုပ်ရှင်က အံ့ဩစရာ ကောင်းလောက်အောင် ကောင်းတယ်"

"ထျန်းနင်ရဲ့ သရုပ်ဆောင် စွမ်းရည်က သာလွန်တယ်လို့ ငါ မပြောဘူးနော်။ ဒါပေမဲ့ ပြိုင်ဘက်ရုပ်ရှင်ကို ရိုက်ချဖို့ လုံလောက်တယ်။ ဟုတ်သား ထျန်းနင်က မော်ဒယ်နောက်ခံက လာတာလေ"

"ထျန်းနင်က သရုပ်ဆောင်ဖို့ တော်တော် အားထုတ်ထားပုံပဲ။ သူ့ပုံရိပ် အစစ်အမှန်ကိုပါ ပျောက်ကွယ်သွားအောင် သရုပ်ဆောင်နိုင်တော့ ထူးချွန်တယ်လို့ ပြောလို့ရတယ်"

"ထျန်းနင်ရဲ့ဇာတ်ကောင်ကို တခြားကျော်ကြားတဲ့ ငယ်ငယ်ရွယ်ရွယ် သရုပ်ဆောင် တစ်ယောက်ယောက်ကို ပေးလိုက်ရင် လူတိုင်းက ဝိုင်းပါရိုက်ချင်တဲ့ စရိုက် ဖြစ်သွားမယ်"

"ဒါပေမဲ့ ထျန်းနင်က သူ့ဇာတ်ကောင်ကို သဘောကျဖို့ ကောင်းအောင် သရုပ်ဖော်သွားတယ်"

"ထျန်းနင်ရဲ့ သရုပ်ဆောင် စွမ်းရည်ကို ချိုးချိုးနှိမ်နှိမ် ပြောခဲ့တဲ့သူ မကောင်းတဲ့ အကြံအစည် နဲ့ ဖြစ်လိမ့်မယ်။ ငါတော့ သူ့သရုပ်ဆောင်တာ ကြည့်ပြီး ရွံတဲ့ခံစားချက် မခံစားရဘူး။ ငါကတော့ 'Stupid'ရုပ်ရှင်ဘက်က ရပ်တည်မယ်။ သူတို့အတွက် အကောင်းဆုံး ဆုတောင်းပေးမယ်"

ရုတ်တရက် အွန်လိုင်းပေါ်မှာ Stupidရုပ်ရှင် နှင့် ပတ်သက်သော ဆွေးနွေးချက်များ ပေါ်ထွက်လာပြီး ထျန်းနင်ကို အာမခံသူများ ရှိလာသည်။ 'Devil Shooter'ရုပ်ရှင်၏ ချဲ့ကားလွန်းသော လုပ်ရပ်နှင့် ယှဉ်လိုက်လျှင် Stupid ရုပ်ရှင်ကို စေ့စေ့စပ်စပ် သေသေချာချာ ဖန်တီးထားသည်။

ရုပ်ရှင် နှစ်ကားက ကျော်ကြားမှုချင်း မတူညီသော်လည်း 'Stupid'ရုပ်ရှင်ကို အကောင်းမြင်သော မှတ်ချက်များကြောင့် ရုပ်ရှင်၏ တိုးတက်မှုကို တသမတ်တည်း ရှိစေသည်။

Devil Shooterရုပ်ရှင်က သူတို့ကို သိက္ခာချကာ ဂုဏ်သတင်းကျော်စော အောင် ကူညီပေးခဲ့၍ ကျေးဇူးတင်ထိုက်ပါသည်။

ရုပ်ရှင်ပရိသတ်များက ထျန်းနင် အကြောင်း အစပျိုး၍ အနိမ့်ဆုံး မျှော်လင့်ချက် ထားခဲ့၍သာ ရုံတင်ပြသချိန်တွင် အားလုံး ကျေနပ် အားရသော ရလာဒ်ကို ပိုင်ဆိုင်ရခြင်း ဖြစ်သည်။

ထျန်းနင်နှင့် ဆက်နွှယ်သော သိလိုစိတ်ကြောင့် လူအများစုက ဒုတိယအကြိမ် ရုံတင်ပြသမည့် အချိန်ကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။ ဤ အဖြစ်အပျက် အလုံးစုံက မို့ထင်၏ အစီအစဉ်သာ ဖြစ်သည်။ သူက လူတိုင်းကို အလွယ်တကူ ကျေနပ်စိတ် မဖြစ်ပေါ်စေချင်ပေ။ တရားဝင် ရုံတင်မည့် အချိန်အထိ စောင့်နေစေချင်သည်။

နှစ်ရက်ကြာပြီးနောက် ဒုတိယအကြိမ် ကြိုတင်ပြသရန် ကြေညာခဲ့သည်။ ယခင်က နည်းတူ မို့ထင်က အထူးဧည့်သည်တော် တချို့ကို ဖိတ်ကြားခဲ့သည်။အထူးဧည့်တော် စာရင်းတွင် စီးပွားရေး မိတ်ဖက်များ နှင့် ကျော်ကြားသော ဒါရိုက်တာများ ပါဝင်ကြသည်။ သူ့ရည်ရွယ်ချက်က ရိုးရှင်းသည်။ ထျန်းနင်ကို သံသယဝင်ခဲ့သူတိုင်းကို ထျန်းနင်၏ သရုပ်ဆောင် မညံ့ဖျင်းကြောင်း မျက်မြင် တွေ့သွားစေချင်သည်။

မို့ထင်က Devil Shooterရုပ်ရှင်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သူက ပုံမှန်အတိုင်း ဆုံးဖြတ်ချက် အလျင်စလို ချမှတ်ပြီး ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်ကိုင်သည်။

အထူးပွဲ အကြ်ိုပြသသည့် အချိန်အတောအတွင်း ထျန်းနင် နှင့် မို့ထင်တို့က ပရိသတ်များနှင့် အတူတူ ပွဲကြည့်သည်။ ထျန်းနင်က ရုပ်ရှင် အပြည့်အစုံကို ပထမဆုံး အကြိမ် ကြည့်ဖူးခြင်း ဖြစ်သည်။

ထျန်းနင်အတွက် ထူးဆန်းသော ခံစားချက် ဖြစ်နေသည်။ အထူးသဖြင့် ဖန်သားပြင်ပေါ်မှာ သူ့နာမည် ပေါ်လာသည့် အခါတိုင်း ထူးဆန်းသော ခံစားချက်ကို ခံစားရသည်။ မော်ဒယ်ဘဝက မခံစားရဖူးသည့် ဂုဏ်ယူဖွယ် ခံစားချက် ဖြစ်သည်။

ထျန်းနင်၏ဘေးနား ထိုင်ခုံမှာ မို့ထင် ထိုင်နေသည်။

သူက တစ်ချိန်လုံး ရုပ်ရှင်ဇာတ်ကား အပေါ် အာရုံစိုက်ထားသည်။ ထျန်းနင်၏ အနမ်း ဇာတ်ဝင်ခန်း နှင့် အတူနေသော ဇာတ်ဝင်ခန်းများကို ကြည့်နေစဉ် သူ့ဘက်က တုံ့ပြန်မှု သိပ်မရှိခဲ့ပေ။

ဖန်သားပြင်ပေါ်မှာ သရုပ်ဆောင်နေသည့် ဇာတ်ကောင်က ထျန်းနင်ဟု သူ မတွေးထားခဲ့ပေ။

ဤသည်ကား သူ့အတွက် ထူးဆန်းသော ခံစားချက် ဖြစ်နေသည်။

အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ ရုပ်ရှင်ရုံမီးအလင်းရောင်မှ လင်းလက်လာမှ လူတိုင်းက ဇာတ်ကား အဆုံးသတ်သည်ကို အသိအမှတ် ပြုကြသည်။ လူတိုင်းက ဇာတ်လမ်းသွားထဲ နစ်မျောနေကြသည်။
ဤရုပ်ရှင်က ခေတ်သစ် ရုပ်ရှင်ဈေးကွက် နှင့် ကိုက်ညီသော ရုပ်ရှင် မဟုတ်ခဲ့ပေ။ သို့သော်လည်း ဤရုပ်ရှင်က အံ့အားသင့်ဖွယ် ဖျော်ဖြေမှုကို ပေးစွမ်းသည်။

ဇာတ်လမ်းထဲ အလွန်တရား စွဲမက်ဖွယ် ရုပ်ရည် နှင့်  ဆွဲဆောင်မှု ရှိသော ဇာတ်ဝင်ခန်းများ မပါဝင်သော်လည်း ကြည့်ရှုသူကို မေ့ဖျောက် မရသော ခံစားချက် ပေးစွမ်းသည်။

အရေးကြီးဆုံး အချက်အနေဖြင့် ဇာတ်လမ်း အဆုံးသတ်သွားသည့်တိုင် သနားစဖွယ် မင်းသမီးဇာတ်ကောင်ကို သရုပ်ဆောင်သွားသူက ထျန်းနင်ဟု မယုံကြည်နိုင်ခြင်းပင်။

ရုပ်ရှင်အဆုံးသတ်သွားမှ  သရုပ်ဆောင် ၏ အမည်ကို စစ်ဆေးကြည့်မှ အမှန်တကယ် ထျန်းနင်ဖြစ်ကြောင်း အတည်ပြုနိုင်သည်။

ထျန်းနင်

စူပါမော်ဒယ်တစ်ဦးတွင် ကောင်းမွန်သော သရုပ်ဆောင် စွမ်းရည် ရှိနေသည်။

သူမကို သံသယ ဝင်ခဲ့သူများ အရှက်ဖြန်းဖြန်းကွဲရသည်။

သူမက မော်ဒယ် ဖြစ်ဖြစ် သရုပ်ဆောင် ဖြစ်ဖြစ် သူမ မလုပ်နိုင်သည့် အလုပ် ဘာမှ မရှိကြောင်း အမှန်တကယ် သက်သေပြသွားနိုင်သည်။

အပိုင်း(၄၀၉)
ပြီး၏။
အပိုင်း(၄၁၀)

"ထျန်းနင်၊ မင်း ဒီတစ်ခေါက်တော့ ခေါင်းမော့ ရင်ကော့လို့ရပြီ"

ထျန်းနင်၏ ပရိသတ်များက ဒုတိယအကြိမ် ပြသသော အထူးပွဲ ရုပ်ရှင်အကြိုပွဲကို စောင့်ကြည့်ပြီးမှ ထျန်းနင် ကိုယ်စား ပင့်သက်ရှိုက်နိုင်သည်။ ထျန်းနင်က သူ့ကို အားပေးထောက်ခံသော ပရိသတ်များကို စိတ်မပျက် စေခဲ့သည့် အပြင် သူမကို အားပေးရသည့်အတွက် ဂုဏ်ယူသော ခံစားချက် ဖြစ်စေသည်။

သူမ၏ဇာတ်ကောင်က ဇာတ်ရံ ဇာတ်ရုပ် ဖြစ်ပြီး တခြားသော ဇာတ်ကောင်များ နှင့် နှိုင်းယှဉ်လိုက်လျှင် ဇာတ်ဝင်ခန်း အများကြီး မပါသော်လည်း လူတိုင်း အသက်ရှုမှားလောက်အောင် ရင်သက်ရှုမော စေသော ခံစားချက်ကို ကြွင်းကျန်ရစ်စေသည်။

ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည် နှင့် ပတ်သက်ပြီး အကောင်းမြင် ဝေဖန်မှုများကြောင့် ယခင်က မှတ်ချက်ပေးခဲ့သော မကောင်းသော ဝေဖန်မှုများ အဆုံးသတ်သွားခဲ့သည်။

ပထမအကြိမ် အကြိုရုံတင် ပြသချိန်က ဒေါ်လာ ၁၀သန်း မကျော်ခဲ့သော်လည်း ဒုတိယအကြိမ် ရုံတင်ပြသချိန်တွင် ယခင်ကထက် ၂ဆ ဝင်ငွေ တိုးခဲ့ပြီး ပြိုင်ဘက် ရုပ်ရှင် ဖြစ်သော 'Devil Shooter' ရုပ်ရှင်ကို ကျော်လွန်နိုင်ခဲ့သည်။

ခန့်မှန်းခဲ့သည့် အတိုင်း ပြိုင်ဘက်များက ဒုတိယအကြိမ် အကြိုရုံတင် မပြသရဲကြပေ။ ပထမဆုံးအကြိမ် အပြိုင်ရုံတင် ပြသချိန်က ဝေဖန်ခံရမှုများကြောင့် တပ်ဆုတ်သွားမှန်း သိသာသည်။

သူတို့ရုပ်ရှင်က ထူးကဲသော ကွန်ပြူတာ ဖန်တီးမှုများကို သုံးထားပြီး ဇာတ်လမ်းသွား သိပ်မရှိ၍ ရုပ်ရည်ချောမောသော လူငယ်လေး၏ ပရိသတ်များကိုသာ ဆွဲဆောင်နိုင်ပြီး တခြားသူများ စိတ်ဝင်စားလာအောင် ညှို့ယူနိုင်ခြင်း မရှိခဲ့ပေ။

မို့ထင်၏တိုးတက်မှုနှုန်းက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိခဲ့သည်။

ဒုတိယအကြိမ်မြောက် အကြိုရုံတင် ပြသပြီးနောက် 'Stupid'ရုပ်ရှင်၏ ရလာဒ်က ပြောင်းပြန်ဖြစ်သွားခဲ့သည်။ သူတို့ ရုပ်ရှင်ကို မကောင်းမြင် ဝေဖန်ခဲ့သူတိုင်း အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။

သို့တိုင် ဤတိုးတက်မှုက လုံလောက်မှု မရှိသေးချေ။

'Stupid'ရုပ်ရှင်က ခေတ်ရေစီးကြောင်း ရုပ်ရှင် မဟုတ်ခဲ့၍ တရားဝင်ရုံတင် ပြသမှသာ အောင်နိုင်သည့်သူကို ဆုံးဖြတ်နိုင်လိမ့်မည်။

သို့သော်လည်း မို့ထင်၏နည်းဗျူဟာကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးမှ မည်သူကမှ 'Stupid'ရုပ်ရှင်၏ ရလာဒ်ကို မစိုးရိမ်ကြပေ။

မို့ထင်က ဖျော်ဖြေရေးလောက၏ ဆရာတစ်ဆူ ဖြစ်နေ၍ စိုးရိမ်နေရန် မလိုအပ်ပေ။

ထို့ကြောင့်လည်း မို့ထင်က ထျန်းနင်၏ တစ်သက်တာ ဘဝလက်တွဲဖော် ဖြစ်နေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးက ဉာဏ်ရည်ချင်း ကိုက်ညီမှု ရှိသည်။

အပြင်လောကတွင် တခြားသူများ စိုးရိမ်စိတ် များနေသည့်တိုင် သူတို့နှစ်ဦးက တည်တည်ငြိမ်ငြိမ်ဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။ သူတို့ဆုံးဖြတ်ချက်က လူတိုင်းကို တုန်လှုပ်စေသော ရလာဒ် ဖြစ်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ဒုတိယအကြိမ်မြောက် အကြိုရုံတင် ပြသပြီးနောက် ထျန်းနင်က ဒါရိုက်တာများ၏ အပြိုင်အဆိုင် ကမ်းလှမ်းသော စာတိုများ လက်ခံရရှိသည်။

သူမ၏ နောက်ခံအင်အား နှင့် သူမ၏ သရုပ်ဆောင် အရည်အချင်းကြောင့် မည်သူကမှ သူမကို အရဲတင်းစွာ သွားရောက် မတွေ့ဆုံရဲပေ။

သို့သော်လည်း သူတို့ မူလရည်ရွယ်ရာ ဖြစ်သည့် 'WH'ရုပ်ရှင်ကို အများသိအောင် တရားဝင် မကြေညာရသေးပေ။

'WH'ရုပ်ရှင်က အများသူငှာကို ပို၍ အုံကြွစေလိမ့်မည်ဟု မို့ထင် ယုံကြည်သည်။

လုံကျဲ၊ လုချယ် နှင့် ဖန်ယွီတို့က အားလပ်ချိန် ဖယ်ကာ ထျန်းနင်၏ ရုပ်ရှင်ကို သွားရောက် အားပေးကြသည်။ ထျန်းနင် သရုပ်ဆောင် ကောင်းလိမ့်မည်ဟု ကြိုတင် မျှော်လင့်ခဲ့သော်လည်း ယခုလောက်အထိ သရုပ်ဆောင် ကောင်းလိမ့်မည်မှန်း မသိခဲ့ကြပေ။

အထူးသဖြင့် လုံကျဲက အံ့ဩနေမိသည်။ ထျန်းနင် ရုပ်ရှင်ရိုက်ကူးနေစဉ် အတူတူ ရှိနေခဲ့သော်လည်း ရုပ်ရှင် ဇာတ်လမ်း အပြည့်အစုံကို ကြည့်ရှုပြီးနောက် သူမ အတော်ကလေး တုန်လှုပ်မိသည်။

ရုပ်ရှင်ပြီးဆုံးပြီးနောက် သူတို့သုံးဦး ရုံအပြင်ဘက်သို့ ပါးစပ်အဟောင်းသားဖြင့် အပြင်ထွက်လာခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခု ကြာပြီးနောက် နောက်ဆုံးတော့ ဖန်ယွီက လုံကျဲဘက် လှည့်ကာ မေးမြန်းလာသည်။
"ထျန်းနင်က တိတ်တိတ်လေး သရုပ်ဆောင် လေ့ကျင့်နေခဲ့တာလား"

"အမလေး ဖြစ်ရချည်းရဲ့။ ဘယ်အချိန်မှာ သရုပ်ဆောင်ပညာကို လေ့လာချိန် ရမလဲ။ ဒါပေမဲ့ ထျန်းနင်က ပညာရပ်တစ်ခုကို လေ့လာရင် ကျွမ်းကျင် အဆင့် ရောက်တဲ့အထိ အမြဲတမ်း လေ့ကျင့်တတ်တယ်။ ရှင်တို့ သတိထားမိရဲ့လား။ ထျန်းနင်ပါဝင်တဲ့ ရုပ်ရှင် ဖြစ်ဖြစ် ကြော်ငြာဖြစ်ဖြစ် ထျန်းနင်က သူဆိုတဲ့ ဖြစ်တည်မှု ပျောက်ကွယ်သွားအောင် သရုပ်ဆောင်တတ်တယ်။ ဒါက ပြောရရင် ဘုရားသခင် ပေးတဲ့ လက်ဆောင်ပဲ"
လုံကျဲက ဖန်ယွီကို တက်တက်ကြွကြွ ပြောပြနေသည်။

"မျက်လှည့်ဆန်တဲ့ အပြုအမူမျိုးကို ပထမဆုံး အကြိမ် မြင်ဖူးတာပဲ"
ဖန်ယွီက ထျန်းနင်၏ အရည်အချင်းကို  တကယ် အထင်ကြီးလေးစားမိသည်။

"သူက အရမ်းကြိုးစား အားထုတ်ထားတာလေ။ ဇာတ်ညွှန်းထဲက စာသား တစ်ကြောင်းချင်းစီကိုတောင် အလွတ်ရေရွတ်နိုင်တယ်။ ကျင်းကျင်းရော ရုပ်ရှင် ကြည့်ပြီးပြီလား"

"သူ မနက်ဖြန် အိမ်ပြန်လာရင် သူ့ကို ခေါ်ပြီး သွားကြည့်လိုက်မယ်။ စိတ်မပူနဲ့"
ဖန်ယွီက လုချယ်ဘက် လှည့်သည်။
"မင်းရဲ့မိန်းမကို အိမ်မြန်မြန် ပြန်ခေါ်သွားတော့။ စကားပြောတာ များလွန်းလို့ နားငြီးနေပြီ"

"မင်းက ရန်ပွဲကို အစပျိုးချင်တာလား"
လုချယ်က သူ့ဇနီးသည်ဘက်က ချက်ချင်း ရပ်တည်သည်။

"ငါ့မိန်းမ ဒီမှာ မရှိဘူးဆိုတိုင် မင်းတို့က ငါ့ကို အနိုင်ကျင့်ချင်တာလား"
ဖန်ယွီက အရှုံးပေးဟန် ရယ်မောသည်။
" 'Stupid'ရုပ်ရှင်နဲ့ ပတ်သက်ရင် မို့သူဌေး ယုံကြည်မှု လွန်ကဲ နေတဲ့ အကြောင်းအရင်းကို အခုတော့ သိသွားပြီ"

"ဇာတ်ကား ရုံမတင်ခင် ဆင်ဆာဖြတ်တဲ့ အချိန်တုန်းက မို့သူဌေးရဲ့ အကဲဖြတ်နိုင်စွမ်းကို ယုံကြည်ခဲ့တာတောင် ရုပ်ရှင်ကို အရမ်းစိတ်မဝင်စားလို့ မသွားမကြည့်ခဲ့မိဘူး။ အခုတော့ ကြည့်ခဲ့တဲ့ ရုပ်ရှင်လေး အကြောင်း ပြန်တွေးကြည့်တော့ မဆိုးဘူးလို့ ခံစားရတယ်"

"ငါတို့ထျန်းနင်က အားလုံးကို အံ့အားသင့်တဲ့ ခံစားချက် ပေးသွားတယ်။ လာကြ အိမ်ပြန်ကြမယ်။ ဂုဏ်ပြုပွဲ လုပ်ကြမယ်"

ဖန်ယွီက လုံကျဲ၏ ပွစိပွစိ ဆူညံသံကို နားမခံနိုင်ခဲ့ပေ။ တကယ်တမ်း ဟွားကျင်းကျင်းက လုံကျဲ နည်းတူပင်။

...

ထိုစဉ် ရုံသေးသေးလေး၏ နောက်ဆုံးအတန်းမှာ ပိုင်ချန်သုန်က ဟန်ရှင်းအာ နှင့်အတူတူ ရုပ်ဖျက်ကာ ရုပ်ရှင် လာကြည့်သည်။

တကယ်တမ်း သူ့ကို အဖော်အနေနှင့် အတင်း ဆွဲခေါ်လာ၍ ဖြစ်သည်။

သူက ဤရုပ်ရှင်ဇာတ်လမ်းသွားမျိုးကို သဘောမကျသော်လည်း လင်းရှန် နှင့် ထျန်းနင်၏ သရုပ်ဆောင် အရည်အချင်းက လေးစားဖွယ် ကောင်းကြောင်း မငြင်းဆန်နိုင်ပေ။

ထို့ကြောင့်လည်း ထျန်းနင် နှင့် အတူတူ အလုပ်တွဲလုပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

ထျန်းနင်က ကျော်ကြားမှု နှင့် ကံကောင်းခြင်းကို အလေးထား၍ သူမ သရုပ်ဆောင်ရမည့် ဇာတ်ကောင်ကို လေးနက်ခြင်း မဟုတ်မှန်း သူ သိသည်။

နှစ်နာရီကြာသည့် ရုပ်ရှင်လေးအဆုံးသတ်ရန် သိပ်မကြာခဲ့ပေ။ ဟန်ရှင်းအာက ဇာတ်လမ်းထဲ မျောပါကာ  ရှိုက်ငိုနေသည်။
"ထင်တဲ့ အတိုင်းပါပဲလား။ အစ်မက တကယ် ထူးချွန်တယ်။ ဇာတ်လမ်းကလည်း တကယ်ကောင်းတယ်။ ငါ သဘောကျတဲ့သူကို နောက်ဆုံးတော့ ဖန်သားပြင်ကြီး ပေါ်မှာ မြင်တွေ့ရပြီ"

"ဘာလို့ ငိုနေတာလဲ"
ပိုင်ချန်သုန်က  ဒေါသထွက်သော လေသံဖြင့် မေးမြန်းသည်။
"နောင်ဆို ဒီလို ရုပ်ရှင်အများကြီး ကြည့်ရတော့မှာလေ"

"ဟုတ်သားပဲ"
ဟန်ရှင်းအာက မျက်ရည်သုတ်လိုက်ပြီး ပိုင်ချန်သုန်ကို ကြည့်သည်။
"WHရုပ်ရှင်ကို ပိုမျှော်လင့် နေမိပြီ။ အစ်မက အဓိက ဇာတ်ဆောင် အနေနဲ့ သရုပ်ဆောင်ထားတော့ ပိုပြီး ဇာတ်ဝင်ခန်း များများ ကြည့်ရမယ်။ စိတ်လှုပ်ရှားဖို့ ပိုကောင်းမယ်"

ပိုင်ချန်သုန်က သူမကို စူးစူးရဲရဲ ကြည့်သည်။

သူမ၏ နှုတ်မှ ထွက်လာသည့် စကားလုံးတိုင်းက ထျန်းနင်နှင့် ပတ်သက်နေသည်။

ဟန်ရှင်းအာ၏ စိတ်အာရုံထဲ ထျန်းနင် တစ်ဦးတည်းသာ ရှိသည်။

"ရုပ်ရှင် ပြီးသွားပြီဆိုတော့ အိမ်ပြန်ကြမယ်"

"အစ်ကိုသုန်၊ ထျန်းနင်နဲ့ ထပ်ပူးပေါင်းပြီး ရုပ်ရှင် မရိုက်တော့ဘူးလား။ ညီမက ထျန်းနင်ကို တစ်နေ့လုံး မြင်တွေ့ချင်တာ"

"ငါ တစ်သက်လုံး သူနဲ့ တွဲပြီး အလုပ်မလုပ်နိုင်ဘူးလေ"
ပိုင်ချန်သုန်က ငြီးတွားသည်။

"ဟမ်"

"နောက်နှစ်ဝက်လောက်အထိ ကမ်းလှမ်းထားတာ မှန်သမျှ ငြင်းခဲ့တယ်။ ငါ အနားယူဖို့ လိုအပ်တယ်"
ပိုင်ချန်သုန်က လူတိုင်း ရုပ်ရှင်ရုံမှ ထွက်သွားမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ သူ့ထိုင်ခုံပေါ်မှ ထကာ ထွက်ပေါက်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။ ဟန်ရှင်းအာက သူ့နောက်မှ အလောတကြီး ပြေးလိုက်သွားရသည်။

"ရှင်က ဘာရုပ်ရှင်မှ မရိုက်ဘူးလား။ ဘာပွဲမှလည်း မတက်ဘူးလား။ ရှင့် ဘဏ်စာအုပ်ထဲက ပိုက်ဆံတွေ အကုန်ပြောင်တဲ့အထိ ထိုင်စားချင်တာလား"

'WH'ရုပ်ရှင်အတွက် အခကြေးငွေ မယူသည့် ကိစ္စကို သူမ မသိသေးပေ။

သရုပ်ဆောင် အလုပ်ကို မှီခိုပြီး ရှင်သန်ခဲ့လျှင် သူ ငတ်မွတ်ကာ သေသွားနိုင်သည်။ သူက ရုပ်ရှင် အများကြီး မရိုက်ကူးတတ်၊ သူ့စိတ်အခြေအနေ အလိုက် ရုပ်ရှင် ရိုက်သည်။

"ရှင်က ဘာမှမလုပ်တော့ ကျွန်မက ဘာလုပ်ရမှာလဲ။ တစ်နေ့လုံး ရှင်နဲ့ နေရမှာလား။ တစ်နေ့လုံး ကျွန်မကို ကျီစယ်နေချင်တာလား"

"မင်းပြောတာ မှန်တယ်"
ပိုင်ချန်သုန်က လက်ပိုက်ဟန်ဖြင့် ဟန်ရှင်းအာကို ကြည့်သည်။
"ရာသီဥတုက အရမ်းပူတယ်။ အားလပ်ရက် မြောက်ဝင်ရိုးစွန်းဘက် သွားလည်ချင်တယ်။ မင်းကို ငါနဲ့အတူတူ ခေါ်သွားမယ်"

ဟန်ရှင်းအာက မကျေမနပ် ရေရွတ်သည်။
"ကျွန်မက အလုပ်ကြိုးစားရတာ သဘောကျတယ်။ ရှင်နဲ့ တစ်နေ့လုံး အားအားလျားလျား မနေနိုင်ဘူး။ ရှင် ဒီလိုသာ အပျင်းထစ်နေရင်တော့ ကျွန်မ ရှင့်ရဲ့လက်ထောက် မလုပ်ချင်တော့ဘူး။ ကျွန်မက လူပျင်းလူညံ့တွေကို မုန်းတယ်..."

ပိုင်ချန်သုန်
"..."

သူတို့နှစ်ဦး၏ ခေါင်းပူထူစေသော အပြန်အလှန် ပြောဆိုမှုက ဖြတ်သွားဖြတ်လာများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ တခြားသူ သတိထားမိသွားမည်ကို စိုးရိမ်သည့် ပိုင်ချန်သုန်က ဟန်ရှင်းအာ၏ လည်တိုင်ကို အလျင်စလို လှမ်းဆွဲကာ ရုံထဲ ဆွဲခေါ်သွားသည်။
"ငါ အလုပ်လုပ်မယ် အလုပ်လုပ်မယ် အလုပ်လုပ်မယ်။ အိမ်ပြန်ရောက်တာနဲ့ ဇာတ်ညွှန်းတွေ စမ်းဖတ်ကြည့်မယ် ဟုတ်ပြီလား"

ဟန်ရှင်းအာက ရုပ်ရှင်ရုံထဲမှ အလောတကြီး ပြေးထွက်လာခဲ့ ရသော်လည်း သူမက ခိုးပြုံးဖြစ်အောင် ပြုံးနိုင်သေးသည်။

"ရှင် ရုပ်ရှင်တစ်ကားထပ်တော့ ပိုရိုက်ကူးသင့်တယ်။ တီဗီဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးသင့်တယ်"
ဟန်ရှင်းအာက သူ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေသည်။

"မင်းက တကယ့်ကို ရဲတင်းတာပဲ။ ငါ့ကိုယ်စား ကူညီဆုံးဖြတ်ရဲ သေးတယ်"

အပိုင်း(၄၁၀)
ပြီး၏။
အပိုင်း(၄၁၁)

'Stupid'ရုပ်ရှင်၏ဖိနှိပ်မှုကြောင့် 'Devil Shooter'ရုပ်ရှင် အဖွဲ့သားများက တန်ပြန်တိုက်ခိုက်ကြသည်။ ရုပ်ရှင်၏ အဓိကဇာတ်ဆောင်များက သူတို့လက်ရှိ အလုပ်များကို ရပ်ဆိုင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ကြော်ငြာ လုပ်ငန်းများတွင် ပါဝင်ကြပြီး ပရိသတ်များ နှင့် ထိတွေ့ခွင့်ရအောင် ပွဲတိုင်း တက်ရောက်ကြသည်။

သရုပ်ဆောင်မင်းသား တစ်ဦးက သူ့ပရိသတ်များကို သူ့ရုပ်ရှင် အားပေးထောက်ခံအောင် မျက်ရည်ခြူသော နည်းလမ်း ထုတ်သုံးလာခဲ့သည်။

အကျိုးဆက် အနေဖြင့် ပရိသတ်များက 'Stupid'ရုပ်ရှင်ကို သဘောမတွေ့ ဖြစ်ကာ သပိတ်မှောက်ကြသည်။

သူတို့အနုပညာရှင်ကို ထောက်ခံအားပေးရန် တချို့သော ပရိသတ်များက ပညာရှင်ဆန်သော ရုပ်ရှင် ဝေဖန်စာ ရေးသားသော ပေ့က်များကို 'Stupid'ရုပ်ရှင်နှင့် ပတ်သက်သည့် မကောင်းသော ဝေဖန်မှုများ ရေးသားပေးရန် တောင်းဆိုကြသည်။

သို့သော်လည်း မို့ထင်က ဤအပြုအမူကို တုံ့ပြန်မှု မရှိခဲ့ပေ။

ပြဿနာ တစ်ခုပြီး တစ်ခု ရင်ဆိုင်ခဲ့ရသည့်တိုင် သူက အစမှ အဆုံးအထိ တည်ငြိမ်နေခဲ့သည်။

သူက ဤအပြုအမူနှင့် ကျင့်သား ရနေပါသည်။ ရုပ်ရှင်လောကတွင်   ယခုလိုမျိုး ပြဿနာမျိုးကို မကြာခဏ ကြုံဆုံရသည်။ တစ်စုံတစ်ယောက်က တခြားသူ၏ ဘဝတက်လမ်းကို သူ့ကျော်ကြားမှုအတွက် ပိတ်ပင်ခဲ့လျှင် သူတို့က ရန်သူဖြစ်လာပြီး အမြစ်ဖျက် ချေမှုန်းပစ်သင့်သည်။

"သူဌေး၊ 'Devil Shooter'ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့ တက်သစ်စ နှစ်ယောက်က မဒမ် သရုပ်ဆောင်တာ သူတို့သရုပ်ဆောင်တွေလောက် မကောင်းဘူးလို့ ဝေဖန်နေကြသေးတယ်"
လုချယ်က သူ ဖတ်ရှုခဲ့သည့် ထျန်းနင် နှင့် ဆက်နွှယ်သော သတင်းများကို မှတ်မိသမျှ မို့ထင် သိအောင် အစီရင်ခံသည်။ တခြားသတင်းများကို မို့ထင်က လုံးဝ ဂရုမစိုက်ပေ။

အမြဲတစေ ပြောင်းလဲနေသော ဖျော်ဖြေရေးလောကကြီးထဲ မို့ထင် တစ်ဦးတည်းသာ သူ့နေရာတွင် မြဲမြံအောင် နေနိုင်စွမ်းရှိသည်။

လင်းရှန်က ထိပ်တန်း သရုပ်ဆောင် မင်းသား ဖြစ်နေ၍ သူတို့ပြိုင်ဘက်က လင်းရှန် နှင့် တခြားသူကို နှိုင်းယှဉ်ခြင်း မပြုရဲပေ။

"စိတ်မပူပါနဲ့ သူဌေး၊ လောရှင်းက သူတို့ကို ရှင်းထုတ်ပစ်ဖို့ သူ့ပရိသတ်တွေရဲ့ အကူအညီကို ယူထားတယ်"
လုချယ် ရယ်မောသည်။

ထျန်းကျင်းရွှမ်က ထျန်းနင်ကို ကာကွယ်ပေးရသည့် တစ်နေ့ ရောက်လာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

"ထျန်းနင်က သူ့မောင်လေးကို ချစ်မြတ်နိုးခဲ့တာ အလဟဿ မဖြစ်ဘူးပဲ"
မို့ထင်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်တော်တို့တွေက အိမ်ခြံမြေ အကျိုးတော်ဆောင် Tycoonကို သတိတော့ ထားသင့်တယ်နော်။ သူက လျှို့ဝှက်တဲ့ စရိုက်ရှိတယ်။ သူ့မှာ လက်သီးပုန်း တိုက်ခိုက်ချင်တဲ့ အကြံအစည် ရှိနေနိုင်တယ်"

"အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ သူတို့အနုပညာရှင်တွေကို စောင့်ကြည့်ထားဖို့ ဖန်ယွီကို ပြောထား"
မို့ထင်က သူ့လက်ထဲမှ ဇာတ်ညွှန်း အထူကြီးကို ကိုင်ဆောင်ကာ ညွှန်ကြားသည်။

ထို့နောက် လုချယ်က စာကြည့်ခန်းထဲမှလှည့်ထွက်လာခဲ့သည်။

ထျန်းနင်အတွက် အကောင်းဆုံးသော ဇာတ်ညွှန်းကို သူကိုယ်တိုင် ရွေးချယ် ပေးထားခြင်း ဖြစ်သော်လည်း ထျန်းနင် ထိခိုက်ဒဏ်ရာ ရမည်ကို စိုးထိတ်နေမိသည်။

ထျန်းနင် နွားနို့ခွက်လေးကို ကိုင်ဆောင်ကာ စာကြည့်ခန်းထဲ ဝင်လာသည်။ မို့ထင်၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရှုပြီး သူမက မျက်ခုံးလေးပင့်ကာ သူ့ဘေးနား ထိုင်သည်။
"ဘာဖြစ်လို့လဲ"

မို့ထင်က သူ့လက်ထဲမှာ ရှိနေသည့် ဇာတ်ညွှန်းကိုသာ ဆက်လက် အာရုံစိုက်ထားသည်။

ထျန်းနင်က သူ့အကြည့်နောက် လိုက်ပါကြည့်ရှုပြီး ဇာတ်ညွှန်း အမည်ကို အမှတ်တမဲ့ မြင်တွေ့သွားသည်။
'ပျောက်ဆုံးနေသော မိသားစုဝင်' အမည်ရှိသော ဇာတ်ညွှန်း စာအုပ်ဖြစ်သည်။

ဇာတ်လမ်းအမျိုးအစားက သည်းထိတ် ရင်ဖို အက်ရှင်ဇာတ်ကား ဖြစ်သည်။

ဇာတ်လမ်းတွင် တိုက်ခိုက်ခန်း၊ ပြေးလွှားခန်း နှင့် ပစ်ခတ်သော ဇာတ်ဝင်ခန်း အများအပြား ပါဝင်သည်။ ဤကဲ့သို့သော ရုပ်ရှင်မျိုးကို ရိုက်ကူးစဉ် သရုပ်ဆောင်က အနည်းနှင့် အများ ဒဏ်ရာ မကြာခဏ ရနိုင်သည်။

"အဲဒီရုပ်ရှင်မှာ သရုပ်ဆောင် စေချင်လို့လား"

ထျန်းနင်က ဇာတ်ညွှန်းကို လှန်လှောဖတ်ရှုပြီး ဇာတ်လမ်းအနှစ်ချုပ်ကို မြင်တွေ့သည်။ နှစ်ပေါင်းများစွာ ခင်ပွန်းသည် ပျောက်ဆုံးနေသော ရဲဝန်ထမ်း ဇနီးသည်၏ ဘဝအကြောင်း ရိုက်ကူးထားသော ဇာတ်လမ်း ဖြစ်သည်။ သူမ၏ နေ့စဉ်ဘဝ ရှင်သန်ရေးအတွက် အလုပ်လုပ်နေစဉ် တစ်ဖက်တွင်လည်း ပျောက်ဆုံးနေသော ခင်ပွန်းသည်ကို လိုက်လံရှာဖွေနေသည်။ အဆုံးသတ်မှာ သူ့ခင်ပွန်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုကို အမှတ်မထင် သိခွင့်ရခဲ့သည်။ သူနှင့် လက်မထပ်ခင်တည်းက  သူ့ခင်ပွန်းသည်က ရဲဌာနက အလိုရှိနေသည့် ပြစ်မှုကျူးလွန်သူ ဖြစ်နေခဲ့သည်။

ဤဇာတ်လမ်းတွင် ထျန်းနင် သရုပ်ဆောင်ရမည့် ဇာတ်ကောင် တိုက်ခိုက်ရခြင်းကို နှစ်သက်သူ ဖြစ်သည်။

သူက ပြဿနာကို နှုတ်ဖြင့် ဖြေရှင်းလေ့ မရှိဘဲ အကြမ်းဖက်ခြင်း နည်းလမ်းဖြင့် ဖြေရှင်းလေ့ရှိသည်။

"ဒီဇာတ်ကောင်က တကယ့်ကို ချစ်လေးအတွက် စိန်ခေါ်မှုကြီးပဲ"
ထျန်းနင် ရုတ်ခြည်း ရယ်မောသည်။
"ဒီဇာတ်လမ်းက သည်းထိတ်ရင်ဖိုစရာတွေနဲ့ ပြည့်နှက်နေတယ်။ ချစ်လေး ကြိုက်တယ်"

ဇာတ်ညွှန်းကို အကဲဖြတ်ပြီးနောက် မို့ထင် ကြည့်သည့် ပထမဆုံး အချက်က ဇာတ်လမ်းကြော ဖြစ်သည်။ ထို့အပြင် သူက ထျန်းနင်အတွက် ဇာတ်လမ်းအမျိုးအစား မျိုးစုံကို လက်ခံခဲ့သည်။

ထျန်းနင် သရုပ်ဆောင်နိုင်သည့် ဇာတ်လမ်းမျိုး ဖြစ်နေ၍လည်း ဇာတ်ညွှန်းကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ထျန်းနင်က တခြားသော သရုပ်ဆောင်များ နှင့် ခြားနားပြီး သူမက တူညီသော ဇာတ်လမ်းအမျိုးအစားကို ထပ်တလဲလဲ သရုပ်ဆောင်ချင်သည့် အတွေး မရှိပေ။ ထို့ကြောင့်လည်း သူက တီဗီဇာတ်လမ်းတွဲများ လက်မခံခဲ့ခြင်း ဖြစ်ပြီး ရုပ်ရှင် နှင့် နှိုင်းယှဉ်လိုက်လျှင် အချိန်အတော်ကြာအောင် ရိုက်ကူးရသည်။ ရုပ်ရှင်ကသာ ထျန်းနင်ကို အလျင်အမြန် အတွေ့အကြုံ ရရှိစေသည့် နည်းလမ်းကောင်း ဖြစ်သည်။

"ဒါပေမဲ့ ချစ်လေး ဒဏ်ရာ ရသွားနိုင်တယ်"
မို့ထင်က ဇာတ်ညွှန်းကို ပိတ်ကာ စကားပြန်ပြောသည်။
"တခြားဇာတ်လမ်းတွေ အရင်ဖတ်ကြည့်ပါဦးမယ်"

"ဘာတွေ ဖတ်ကြည့်နေဦးမှာလဲ။ ယောက်ျား ရွေးချယ်ပြီးပြီဆိုတော့ အကောင်းဆုံးပဲ ဖြစ်ရမယ်။ တခြားဟာတွေ စဉ်းစားနေဖို့ မလိုအပ်ဘူး။ ချစ်လေး လုပ်နိုင်တယ်"
ထျန်းနင်က အံ့အားသင့်စွာ ပြန်ပြောသည်။
"ခက်ခဲမှန်း သိပေမဲ့ ချစ်လေး ကြိုက်တယ်။ ကလေး မယူခင် နောက်ဆုံး ပရောဂျက် အနေနဲ့ အလုပ်ကြိုးစားသွားချင်တယ်။ ဒါမှ ချစ်လေးရဲ့ ပရိသတ်တွေ တအံ့တဩ ဖြစ်ကျန်ခဲ့မှာလေ"

မို့ထင်က ထျန်းနင်၏ ပခုံးလေးကို ဖက်သည်။ သူ့အပြုအမူကို လေ့လာကြည့်ခြင်းအားဖြင့် သူက ထျန်းနင်ကို မစွန့်စား စေချင်မှန်း ပေါ်လွင်သည်။

ကားပြိုင်မောင်းခြင်း၊ သေနတ်ပစ်ခြင်း၊ တိုက်ခိုက်ခန်း နှင့် ထွက်ပြေးခန်းများက သူ့ကို စိုးရိမ်စေသည်။

"ကိုယ်က ချစ်လေးရဲ့ မန်နေဂျာပါ။ ကိုယ် ဆုံးဖြတ်ပေးမယ်။ ပြီးတော့ 'Stupid'ရုပ်ရှင်'က တရားဝင် ရုံမတင်ရသေးဘူးလေ။ ဒီထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေ ချစ်လေး ရလာနိုင်တယ်"

မို့ထင် စိုးရိမ်နေခြင်းကို ထျန်းနင် နားလည်နိုင်သည်။ ထို့ကြောင့် သူမလည်း အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။ သူမက ရိုးရှင်းစွာ ပြုံးလိုက်ပြီး နွားနို့ခွက် သူ့ကို လှမ်းပေးသည်။
"ဒါ အရင်ဆုံးသောက်ဦး။ ရှင်က အသက် ၃၃နှစ် ရောက်ခါနီးပြီ။ အရိုးသန်မာဖို့ ကယ်စီရမ်ဓာတ် ထိန်းရမယ်"

မို့ထင်က ခေါင်းလှည့်ကြည့်စဉ် ထျန်းနင်၏ အပြုံးကို မြင်တွေ့ရသည်။ သူ့လက်တော့ကို ပိတ်လိုက်ပြီး ထျန်းနင်ကို ပွေ့ချီကာ
"ကိုယ့်တင်ပါး ခွန်အားကို ချစ်လေး သိအောင် ပြရသေးတာပေါ့"

...

ညဉ့်ဦးယံအချိန် တိတ်ဆိတ်သော စံအိမ်တော်အတွင်းမှာ အသက်၄၀ကျော် အရွယ် လူအိုကြီးက သူ့သူငယ်ချင်း နှင့်အတူတူ  စစ်တုရင်ကစားနေစဉ် သူ့လက်ထောက်က သူ့ရှေ့ ရုတ်တရက် ရောက်လာပြီး အစီရင်ခံသည်။
"ကျိုလူကြီးမင်း သူ ရောက်နေပါပြီ"

၂၀ကျော်ခါစ ကောင်မလေးက သူ့လက်ထောက်နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။ သူမ၏ အမူအရာက ကြောက်လန့်နေပုံ ရပြီး အနည်းငယ် တုန်ရီနေသည်။

"မိန်းကလေး ရှားကျင်းရီ ထိုင်ပါဦး"
ကျိုလူကြီးမင်းက သူ့စစ်တုရင်ကစားနည်းကို အာရုံစိုက်လျက် စကားပြန်ပြောသည်။

"ကျ ... ကျမ ...ကျွန်မရဲ့ မန်နေဂျာ မသိဘဲ အပြင်ထွက်လာမိလို့ အချိန်သိပ်မရဘူး"
မိန်းမငယ်လေးက ရှင်းပြသည်။

"အလျင် လိုလှချည်းလား"
ကျိုလူကြီးမင်းက ခေါင်းလေး မော့ကာ သူ့မျက်မှန်ကိုင်းကို ပင့်တင်သည်။
"မင်းက ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ အလာအလားကောင်း ရှိတဲ့ လူသစ် အဆိုတော်ပဲ။ ငါ မင်းကို အတော်ကလေး စိတ်ဝင်စားမိတယ်"

"ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုး မရှိဖူးပါဘူး။ ဘာလို့ ကျွန်မရဲ့ မောင်လေးကို ပြဿနာရှာတာလဲ"
ရှားကျင်းရီ မေးမြန်းသည်။

"မှန်ပါတယ်။ ငါတို့တွေ ရန်ငြိုး မရှိဖူးပါဘူး။ ဒါပေမဲ့ မင်းတို့သူဌေး နဲ့တော့ ရန်ငြိုးရှိတယ်။ ရုပ်ရှင်တစ်ကားမှာ ရင်းနှီးဖို့ဆိုတာ ငါ့အတွက် လွယ်ကူတာ မဟုတ်ဘူး။ ဒါပေမဲ့ နင်တို့ သူဌေးက ငါ့ကို ယှဉ်ပြိုင်ရတာ အားမရလို့ အများအမြင်ရော ဖျော်ဖြေရေးလောကမှာပါ ဖိနှိပ်ထားသေးတယ်။ ဒါကြောင့် ငါတို့ ဆက် သည်းမခံနိုင်တော့ဘူး။ သည်းခံနိုင်မယ်လို့ ထင်နေတာလား"
ထိုစကားကို ပြောပြီးနောက် သူ့လက်ထဲမှ စစ်တုရင် ပစ္စည်းကို အောက်ချထားလိုက်သည်။
"တကယ်တမ်း မင်းရဲ့အကူအညီ အများကြီး မလိုအပ်ပါဘူး။ ငါ တောင်းဆိုချင်တာ ရိုးရိုးလေးပဲ။ မို့ထင်က ထျန်းနင်ကို ဘယ်လောက်အထိ ဂရုစိုက်လဲ လူတိုင်း သိတယ်။ ထျန်းနင်နဲ့ ပတ်သက်တဲ့ နောက်ဆုံး သတင်းတွေကို ငါ သိချင်ရုံပဲ"

"ကျွန်မက အရည်အချင်း ရှိတဲ့ လူတွေအနား ကပ်နိုင်လောက်တဲ့ အတန်းအစား မဟုတ်ပါဘူး"
ရှားကျင်းရီက လက်ခါရမ်းသည်။

"ဟုတ်ပါတယ်။ မင်း လုပ်နိုင်ပါတယ်"
ကျိုလူကြီးမင်း ရယ်မောသည်။
"မင်း မသိသေးဘူးလား။ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အဆိုတော် လောရှင်းက တကယ်တမ်း ထျန်းနင်ရဲ့မောင် ထျန်းကျင်းရွှမ်ပဲလေ။ မင်းက သူနဲ့ အလုပ်တွဲလုပ်ဖူးတယ်ဆိုတော့ လောရှင်းက ထျန်းနင် အကြောင်း အကုန်သိမှာပဲလေ မဟုတ်ဘူးလား။ မင်းက သူကနေ ထျန်းနင် သတင်းစုံစမ်းကြည့်ပေါ့"

"ဒီအကြောင်းကို ရှင် ဘယ်လို သိတာလဲ"
ရှားကျင်းရီက တအံ့တဩ မေးမြန်းသည်။

"ဒါက ငါ့ကိစ္စပါ မင်း မေးစရာ အကြောင်း မရှိဘူး။ ထျန်းနင် ဘာလုပ်နေလဲပဲ ငါ သိချင်တယ်။ မို့ထင်က ငါ့တက်လမ်းကို နောက်တစ်ခါ လာပိတ်ရဲလို့ကတော့ သူ့အဖိုးတန် ထျန်းနင်ကို ထိခိုက်အောင် လုပ်ရမှာပဲ။ သူ့အကြံအစည်တွေကို ငါ ကြိုမသိဘူး ထင်နေတာလား"
ကျိုလူကြီးမင်း သရော်သည်။

အပိုင်း(၄၁၁)
ပြီး၏။

Continue Reading

You'll Also Like

1.4M 34.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.6M 152K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...