ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 400+401+402

117 9 0
By jellyflower1

အပိုင်း(၄၀၀)

ထျန်းနင် ရိုက်ကူးရသော ဇာတ်ဝင်ခန်းများက ပို၍ ပို၍ ဆိုးဝါးလာပြီး ဗုံးပေါက်ကွဲသော အခန်းများပင် ပါဝင်လာခဲ့သည်။ ဤကဲ့သို့သော ဇာတ်ဝင်ခန်းများ ရိုက်ကူးလျှင် မို့ထင်က ကျွမ်းကျင် ပညာရှင်များ ငှားရမ်းပြီး လုံခြုံစိတ်ချသော ရိုက်ကူးရေး ဖြစ်အောင် သူ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပြီးမှ ထျန်းနင် နှင့် ပိုင်ချန်သုန်ကို ရိုက်ကွင်း သွားခွင့်ပြုသည်။

သည်လိုနှင့် ကျော်ကြားသော စူပါမော်ဒယ် ထျန်းနင်က တခြားသူ၏ အမြင်အာရုံမှ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မော်ဒယ်ရှိုးလ်ပွဲများတွင် မြင်တွေ့စရာ အကြောင်းအရင်း မရှိပေ။ ဖက်ရှင်လောကသားများက ထျန်းနင်ကို နှမြောမိကြသည်။

သူမ၏ မော်ဒယ် အလုပ်တိုးတက်နေစဉ် တခြားအသက်မွေးဝမ်းကြောင်း ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက တွေးထင်မည်နည်း။ ယခုတော့ ထျန်းနင်က သရုပ်ဆောင်မင်းသမီး လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သို့တိုင် လူတိုင်းက ထျန်းနင် သရုပ်ဆောင်သည့် ဗီဒီယို အတိုလေးကိုသာ မြင်တွေ့ခွင့်ရသေးသည်။ သူမ တကယ် သရုပ်ဆောင်ထားသည့် ရုပ်ရှင်က တရားဝင် မထွက်သေးပေ။

ထိုစဉ်အခိုက်အတန့် ပါရမီရှင် ရှာဖွေပေးသော ရှိုးလ်ပွဲများ ပေါ်လာပြီး ပရိသတ်များ စိတ်ဝင်စားဆုံး အစီစဉ် ဖြစ်ခဲ့သည်။ K & G အမည်ရှိသော အမျိုးသားအဖွဲ့အသစ်လည်း အရမ်းကို ကျော်ကြားနေခဲ့သည်။

တကယ်တမ်း ဟိုက်ဟွေ့ဖျော်ဖြေရေးမှာလည်း စင်တင်ချင်သည့် လူသစ်တစ်ဦး ရှိနေသေးသည်။ သူ့အမည်က လောရှင်း ဖြစ်ပြီး ၎င်းကောင်လေးကို ပါရမီရှင် ရှာဖွေသည့် ရှိုးလ်ပွဲတွင် သူ့ထူးခြားသော အသံကြောင့် သတိထားမိခြင်း ဖြစ်သည်။

သူ့နာမည်အရင်းကို လော့ရှင်းဟုသာ လူတိုင်း လက်ခံ နေသည်။ ထို့ကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကလည်း ကောင်လေး၏ သရုပ်အမှန်ကို ဖုံးကွယ်ပေးခဲ့သည်။ သူက ထျန်းနင်နှင့် သွေးသားတော်စပ်သည့် အမှန်တရားကို မည်သူမျှ မသိခဲ့ပေ။

သူ့အားလပ်ချိန်တိုင်း ထျန်းကျင်းရွှမ်က ထျန်းနင်ထံ စာပို့လေ့ရှိသည်။
"အစ်မ၃၊ ကျွန်တော် စင်ပေါ် တက်ခွင့် ရတော့မယ်"

"ဘယ်တော့တက်ရမှာလဲ"
ထျန်းနင်က မိတ်ကပ်ဖျက်ကာ စကားပြန်ပြောသည်။

"ဗုဒ္ဓဟူးနေ့လေ။ အေဂျင်စီက သူတို့အစီအစဉ်မှာ ပါဝင်ဖို့ ကျွန်တော့်ကို ကမ်းလှမ်းတယ်လေ"

ထျန်းကျင်းရွှမ်၏ လေသံကို နားစွင့်ကြည့်ရုံဖြင့် သူ့မှာ မျှော်လင့်ချက် နှင့် စိတ်လှုပ်ရှားသော ခံစားချက်များ လွှမ်းမိုးနေကြောင်း သိနိုင်သည်။ သို့သော်လည်း ဖျော်ဖြေရေး လောက၏ လူသစ်များက နောက်ခံအင်အား မရှိလျှင် အနိုင်ကျင့်ခံရတတ်သည့် အမှန်တရားကို ထျန်းနင် မပြောပြမိခဲ့ပေ။

ယခုအချိန်မှာ သူက ဖျော်ဖြေရေးလောက၏ အပေါ်ယံ ချိုမြိန်မှုကိုသာ ခံစားနေသည်။ သူလည်း တဖြည်းဖြည်းချင်း အမှောင်ထဲ သက်ဆင်းတော့မည်။

"မောင်လေးမှာ အရေးတကြီး ကိစ္စပေါ်ရင် မင်းယောက်ဖကို  သွားတွေ့နော်"
ထျန်းနင် ပြောကြားသည်။
"အစ်မ အားလပ်ရက်ရရင် မင်း သီချင်းဆိုတာ လာအားပေးမယ်"

"ရပါတယ် အစ်မရယ်။ အစ်မက အခု ရုပ်ရှင်ရိုက်ကူးနေရမှန်း အရမ်း အရေးကြီးမှန်း ကျွန်တော် သိပါတယ်။ အလုပ်ကိုပဲ အာရုံစိုက်ပါ"
ထျန်းကျင်းရွှမ်က ထျန်းနင်၏စကားကို စိတ်ကူးထဲပင် မထည့်ထားခဲ့ပေ။ သူ့မှာ မို့ထင်ကို အကူအညီတောင်းချင်သည့် အတွေးမျိုးလည်း မရှိိနေပေ။ သူက ကျော်ကြားရန် ကိုယ့်အားကိုယ်ကိုးမည်ဟု ကြွေးကြော်ထား၍ မည်သူ တစ်ဦးတစ်ယောက်၏ အကူအညီကိုမျှ မယူချင်ခဲ့ပေ။

ထျန်းနင်က သူ့စိတ်သဘောထားကို နားလည်သည်။ ထို့ကြောင့်လည်း အခက်အခဲ တချို့ကို သူ ဘယ်လို ရင်ဆိုင်မလဲ သူမ သိချင်မိသည်။

"ယန်ရှု။ လာမယ့် ဗုဒ္ဓဟူးနေ့ အားလပ်လား အချိန်ဇယား ကြည့်စမ်းပါဦး"
ထျန်းနင်က ဖုန်းကို အောက်ချထားလိုက်ပြီး သူ့လက်ထောက်ကို မေးမြန်းသည်။

စုန့်ယန်ရှုက ထျန်းနင်၏အလုပ်အချိန်ဇယားကို ကြည့်ပြီး ပြန်ဖြေသည်။
"အချိန်ဇယားအရတော့ ဘာအလုပ်မှ မရှိဘူး။ ဒါပေမဲ့ အန်ကျီဟောင်စီကနေ ခွင့်ရက် တစ်ရက် ယူသင့်တယ် ထင်မိ"

"ဟမ်"
ထျန်းနင် နားမလည်နိုင်ပေ။

"အစ်မရဲ့ မွေးနေ့လေ"

ထျန်းနင် ခပ်တိုးတိုးလေး ရယ်မောကာ ခေါင်းညိတ်ပြသည်။
"အချိန်ကုန် အရမ်းမြန်တယ်။ ဘာလိုလိုနဲ့ ၂၇နှစ်အရွယ် ရောက်ခါနီးပြီပဲ"

"အဲဒီနေ့အတွက် မို့သူဌေးက တစ်ခုခု ပြင်ဆင်ထားလောက်မယ် ထင်တယ်"

မို့ထင်နှင့် ပထမဆုံးအကြိမ် ဆင်နွှဲရမည့် မွေးနေ့ပွဲ ဖြစ်၍ မို့ထင်က သူမ၏မွေးနေ့ကို မှတ်မိမလား သိချင်မိသည်။ သူမ၏ မွေးနေ့ကို သူမ တစ်ဦးတည်းသာ အမြဲတမ်း ကုန်ဆုံးခဲ့ပြီး မွေးနေ့ပွဲ ကျင်းပလေ့ မရှိပေ။ သူမနှင့် ဟန်ယွီဖန် ချစ်သူ ဖြစ်စဉ်က ဟန်ယွီဖန်က သူမကို အမြဲ လျစ်လျူရှုထားခဲ့၍ သူမ၏ မွေးနေ့ပွဲလေးက သူမအတွက် အဓိပ္ပါယ် မရှိခဲ့ပေ။

"အစ်မကို ကူညီပေးဦး။ အဝတ်စားလဲရမယ်။ နောက်ထပ် ဇာတ်ဝင်ခန်း ရိုက်ကူးရဦးမယ်"

"ဟုတ်ကဲ့ပါ"

...

'WH'ရုပ်ရှင်က ထင်ထားသလောက် ရိုက်ကူးရေး မလွယ်ကူခဲ့ပေ။ ဤရုပ်ရှင်က ကပ်ဘေးကာလကို ရိုက်ကူးထားသည့် ကြောက်လန့်ဖွယ် ရုပ်ရှင်ဖြစ်နေ၍ ထျန်းနင် နှင့် ပိုင်ချန်သုန်က ခက်ခဲသော အခြေအနေကို မကြာခဏ သည်းညည်းခံရသည်။

အထူးသဖြင့် မိုးရေထဲ ရိုက်ကူးရသည့် ဇာတ်ဝင်ခန်း ဖြစ်သည်။

သွေးများ အလောင်းများ နှင့် ဝေခွဲရခက်ခဲသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အန်ကျီဟောင်က လူသစ်ဖြစ်သော်လည်း သူက အတော်ကလေး စေ့စပ်သေချာသူ ဖြစ်သည်။ ပိုင်ချန်သုန်ကဲ့သို့ ထူးချွန်သည့် သရုပ်ဆောင် မင်းသားပင် သူ့ရှေ့မှာ မကြာခဏ ပြန်လည်ရိုက်ကူးရ၍ ဇာတ်ရံ နှင့် ဇာတ်ပို့များက ဆိုဖွယ်ရာ မရှိပေ။

ထို့အပြင် ဇာတ်ဝင်ခန်း အများစုက ပင်လယ်သမုဒ္ဒရာတွင် ရိုက်ကူးရပြီး ရေထဲမှာ တိုက်ခိုက်ရသည့် ဇာတ်ဝင်ခန်းများပင် ပါဝင်လိုက်သေးသည်။ ထျန်းနင်က တစ်နေ့လုံး နီးပါး ရေထဲ အချိန်ကုန်နေရ၍ သူမ၏ လက်ချောင်းလေးများ ရေစိုပြီး ရှုံ့တွလာသည်။

"ထျန်းနင် ဘာပဲလုပ်လုပ် အရမ်း အလုပ်ကြိုးစားတယ်"
ထျန်းနင် မော်ဒယ်ဘဝတုန်းက အဖြစ်အပျက်များကို ပြန်တွေးမိသည်။

ဟိုးအတိတ်အချိန်က သူတို့ချင်း မဆုံခင်တည်းက သူက သူမကို ဒုက္ခပေးသလို ဖြစ်စေခဲ့သည်။ သူမက အရာရာမှာ လေးလေးနက်နက် တွေးတော လုပ်ဆောင်တတ်သူ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အရိုးသားဆုံး ဖွင့်ဟဝန်ခံရလျှင် ထျန်းနင်၏ ပညာရှင်ဆန်သော အပြုအမူများကြောင့် အန်ကျီဟောင် အတော်ကလေး စိတ်ဖိစီးမိသည်။ အကြောင်းမူကာ ရိုက်ကူးရေးတွင် မို့ထင် ရှိနေ၍ သူ့မှာ စိတ်ရှုပ်နေမိသည်။

"ထျန်းနင် အလုပ်ကြိုးစားတာကို လူတိုင်း အသိအမှတ်ပြုမှာပါ။ ကြိုးစားသလောက် အကျိုးဖြစ်ထွန်း မှာပါ"

ထျန်းနင်က ပင်ပန်းဆင်းရဲခံကာ ဇာတ်ကောင်စရိုက်ကို ပုံဖော်နေမှန်း သိ၍ မို့ထင်က သူမ၏ အပြုအမူများကို မဟန့်တားခဲ့ပေ။

ဇာတ်ဝင်ခန်း အဆုံးသတ်မှသာ မို့ထင်က တခြားသူအားလုံးကို လျစ်လျူရှုပြီး မျက်နှာသုတ်ပဝါလေး ကိုင်ဆောင်ကာ ထျန်းနင်အနား ပြေးသွားတတ်သည်။ လှိုင်းခတ်မှု ပြင်းထန်သည့်တိုင် သူက ထျန်းနင်ကို ပွေ့ချီပြီး ကမ်းခြေ ပြန်ခေါ်သွားသည်။

"ချစ်လေး ဒီလိုတွေ ဒုက္ခခံနေတာ မြင်ရတိုင်း ချစ်လေးကို သရုပ်ဆောင်လောကထဲ ဆွဲသွင်းမိတာ နောင်တ ရမိတယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်း တစ်ခန်း အပြီးသတ် ရိုက်ကူးပြီးတိုင်း ကိုယ့်ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ခံစားမိပြန်တယ်"

"စကားက ရှေ့နောက် မညီပါလား"

မို့ထင်က သူ့ဆံပင်များ ခြောက်အောင် သုတ်ပေးနေသည့် အပြုအမူလေးကို ထျန်းနင် စောင့်ကြည့်နေမိသည်။ အပြုံးလေးက သူမ၏မျက်နှာပေါ်မှာ တဖြည်းဖြည်းချင်း ပေါ်လွင်လာသည်။
"ယောက်ျားရဲ့ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ ချစ်လေး သရုပ်ဆောင်ထားတဲ့ လူရွေးပွဲ ဗီဒီယို အတိုလေးကို ကြည့်မိတိုင်း ကိုယ့်ဘာသာကိုယ် ဂုဏ်ယူပြီး ကျေနပ်မိတယ်"

"ဒါနဲ့ မို့သူဌေး။ ချစ်လေး ဗုဒ္ဓဟူးနေ့ အားလပ်ရက်ယူချင်တယ်"
ထျန်းနင်က ထူထဲသော သဘတ်အောက်မှ မို့ထင်ကို ချောင်းကြည့်ကာ တောင်းဆိုသည်။

"ချစ်လေး လုပ်ချင်တာ တစ်ခုခု ရှိသေးလို့လား"
မို့ထင်က ချိုသာစွာ မေးမြန်းသည်။

"အဲဒီနေ့က ဘာနေ့လဲ သိလို့လား"

"ကိုယ့်ဇနီးလေးရဲ့ မွေးနေ့ကို မေ့စရာလား"
မို့ထင်က သူမ၏ဆံနွယ်များ ခြောက်အောင် ဆက်သုတ်ပေးသည်။

"ချစ်လေး ဘာပဲလုပ်ချင်လုပ်ချင် ကိုယ်က ချစ်လေး ဆန္ဒအတိုင်း လုပ်ပေးမယ်"

"ကျင်းရွှမ် ဖျော်ဖြေတာ ကြည့်ချင်တယ်"

"ကိုယ် စီစဉ်ပေးမယ်"
မို့ထင်က ချက်ချင်း သဘောတူပေးသည်။ ထျန်းနင်က တစ်ရက်မှ အားလပ်ရက်မယူဘဲ တစ်လလုံး ဆက်တိုက် ရုပ်ရှင်ရိုက်ကူးနေသည်။ ဤနှစ် မွေးနေ့က သူတို့အတူတူ ဆင်နွှဲရမည့် ပထမဆုံး မွေးနေ့ပွဲ ဖြစ်သည်။ ထို့ကြောင့် သူကလည်း သာမန်ကာ လျှံကာ မဖြတ်ကျော်ချင်ပေ။
"ဒီနေ့ ရိုက်ကူးရေး ပြီးဆုံးပြီဆိုတော့ ဟိုတယ်ပြန်ပြီး အနားယူသင့်တယ်"

"ဒါပေမဲ့ နောက်တစ်ခန်း ထပ်ရိုက်ကူးချင်သေးတယ်"

"ပိုင်ချန်သုန်ကို အားလပ်ချိန် ပေးဦးလေ။ သူက မင်းနဲ့ တစ်ချိန်လုံး အတူတူ ရှိချင်နေတာ မဟုတ်ဘူးလေ"
မို့ထင်က နဖူးကို အနမ်းခြွေကာ စကားပြောသည်။

"စောနတုန်းက ရိုက်ကူးထားတာ တကယ်အဆင်ပြေပါတယ်။ ပြန်ရိုက်ကူးဖို့ မလိုအပ်အောင် အဆင်ပြေတယ်။ ချစ်လေး ရေထဲ ထပ်သွားရင် ကိုယ့်နှလုံးသားလေး တကယ် ရင်ကွဲနာ ကျလိမ့်မယ်"

ထျန်းနင်က ပိုင်ချန်သုန်ကို လှည့်ကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
"သူနဲ့ ရှင်းအာ နည်းနည်းလေးတောင် အဆင့်မတက်လာဘူးပဲ"

"သူက ကိုယ့်တစ်ဝမ်းကွဲ ညီ ဖြစ်ပေမဲ့ လူတိုင်းရဲ့စိတ်သဘောထားက ခြားနားတယ်လေ"

တကယ်တမ်း ပိုင်ချန်သုန်၏ စိတ်ရှည်သည်းခံစိတ် ကုန်ခမ်းနေပါပြီ။

ဟန်ရှင်းအာက သူနှင့် ပတ်သက်သည့် ခံစားချက် နည်းနည်းလေးမျှ ဖြစ်မလာခဲ့ပေ။

သူ့ရုပ်ရည်က တစ်စုံတစ်ရာ မှားယွင်းနေသည်လော။ သူ့ကို အရမ်း အသက်ကြီးသည်ဟု တွေးတောနေသည်လော။

...

ထိုစဉ် ထျန်းနင် ခန့်မှန်းခဲ့သည့်အတိုင်း ထျန်းကျင်းရွှမ်က ဖျော်ဖြေရေးလောက၏ ကောင်းမွန်သော အတွေ့အကြုံများကို စံစားပြီးနောက် ဆိုးယုတ်သော အတွေ့အကြုံများကိုလည်း ခံစားရဦးမည်။ ဤအဖြစ်အပျက်က ထျန်းနင် ရိုက်ကူးရေးဖြင့် အလုပ်ရှုပ်နေစဉ် ဖြစ်ပျက်ခဲ့သည်။

သို့သော်လည်း ဤပြဿနာက ထျန်းကျင်းရွှမ်ကြောင့် အစပျိုးခဲ့ခြင်း မဟုတ်ပေ။ ထျန်းနင်ကြောင့်သာ ရန်စပျိုးမိခြင်း ဖြစ်သည်။

အပိုင်း(၄၀၀)
ပြီး၏။

အပိုင်း(၄၀၁)

လူသစ် ထျန်းကျင်းရွှမ်က စင်ပေါ်တက်ခွင့်ရသည့် အခွင့်အရေးကို ရှားရှားပါးပါး ပိုင်ဆိုင်ခွင့် ရခဲ့သည်။

ပွဲ မကျင်းပမှီ နှစ်ရက်ခန့် အလိုမှာ ထျန်းကျင်းရွှမ်ကို အစမ်းလေ့ကျင့်သည့် အခမ်းအနားသို့ ဖိတ်‌ကြားသည်။

သူ့‌ဇာတ်ကြောင်းကို မည်သူမှ မသိဘဲ ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ဝင်ရောက်ခဲ့၍ တခြားသော အနုပညာရှင်များ နှင့်အတူတူ မန်နေဂျာ တစ်ဦးတည်းကို မျှဝေသုံးရသည်။

အမျိုးသား အဆိုတော်အဖွဲ့ K & Gလည်း အစမ်းလေ့ကျင့်သော အခမ်းအနားသို့ ဖိတ်ကြားခံရသည်။ သူတို့အားလုံးက လူသစ်များ ဖြစ်ကြ၍ နားနေခန်း တစ်ခန်းတည်းကို မျှဝေသုံးစွဲရသည်။

သို့သော်လည်း ကောင်လေး တစ်ယောက်က ထျန်းနင်၏ဓာတ်ပုံကို မျက်နှာဖုံးတင်ထားသော မဂ္ဂဇင်းကို ကောက်ယူပြီး သူမကို စော်စော်ကားကား ပြောဆိုသည်။

"ဒီမိန်းမက မော်ဒယ်ထျန်းနင်မလား။ ဒီမိန်းမ အိပ်ရာထဲမှာ အပြုစု တော်လို့သာ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအိုကို အပိုင်ဖမ်းနိုင်တာပေါ့။ သူ့ ခြေထောက်တွေ ကြည့်စမ်းပါဦး ဒီအလှတရားကို မြင်တွေ့တဲ့ ပုရိသတိုင်း ပွတ်သပ်ချင်တဲ့ အာသီသ ဖြစ်မှာပဲ"

"သူက မင်းထက် အရပ်ရှည်တယ်။ အိပ်မက်သာ ဆက်မက်နေလိုက်တော့"

"ထွီ၊ ငါသာ ဒီမိန်းမကို တစ်ည ပိုင်ဆိုင်ခွင့် ရရင် ဒင်း အိပ်ရာထဲက မထနိုင်အောင်ကို ကဲပစ်ဦးမယ်"

ဝုန်း

သူတို့နောက် စားပွဲမှ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။ ထျန်းကျင်းရွှမ် မတ်တတ်ထလိုက်ပြီး ဆိုဖာပေါ် ထိုင်နေသော ကောင်လေးအဖွဲ့ကို အကြည့်စူးစူးဖြင့် မကျေမချမ်း ကြည့်ရှုသည်။
"မင်းတို့ ဘယ်သူကို စော်ကားနေတယ် ထင်နေလဲ"

အသက်၁၇/၁၈နှစ် အရွယ် ကောင်လေး သုံးယောက်က  မတ်တတ်ထရပ်လိုက်ပြီး သူတို့၏ ခရမ်းရောင် ဆံပင်များကို ဟန်ပါပါ သပ်လိုက်သည်။
"ငါတို့က ထျန်းနင် အကြောင်း ပြောနေတာလေ။ အဲတော့ ဘာဖြစ်လဲ"
ကောင်လေးတစ်ယောက်က လှောင်ရယ်သည်။

"ဟေ့ သူက ဟိုက်ဟွေ့ဖျော်ဖြေရေးက အဆိုတော်နော် ပြဿနာ မရှာကြနဲ့"
ကောင်လေးတစ်ယောက်က မာန်တက်နေသော လူငယ်ကို အလွန်တည်ငြိမ်ဟန် အမူအရာဖြင့် သတိပေးသည်။

‌မာန်တက်နေသော ကောင်လေးက သရော်လိုက်သည်။
"ဟိုက်ဟွေ့က လူတိုင်းကို ထိန်းချုပ်နိုင်မယ်လို့ တွေးထင်နေသလား ငါ့ဆန္ဒရှိတဲ့အတိုင်း ထျန်းနင်ကို စော်ကားလို့ မရဘူးလား"

"မင်းတို့တွေ ဘယ်အေဂျင်စီကလဲ"
ထျန်းကျင်းရွှမ် မေးမြန်းသည်။

"ဟိုက်ဟွေ့ဖျော်ဖြေရေးကို ရန်မရှာဖို့ မင်းကို ပြောနေတယ်နော်"
အဖွဲ့ခေါင်းဆောင်က သူ့အဖွဲ့သားများကို ဟန့်တားကာ ထျန်းကျင်းရွှမ် နှင့် စကားပြောသည်။
"သူတို့က မစဉ်းစား မဆင်ခြင်ဘဲ ပြောမိလို့ပါ။ သူတို့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ထျန်းကျင်းရွှမ်က ကောင်လေးအဖွဲ့ကို သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ကြည့်ရှုကာ လှည့်ထွက်လာ ခဲ့သည်။

သူ ထွက်သွားသည်နှင့် ကောင်လေး နှစ်ယောက်က သူတို့အရှေ့က စားပွဲခုံကို ဒေါသတကြီး ဆောင့်ကန်သည်။

"သူက ဟိုက်ဟွေ့ဖျော်ဖြေရေးက အဆိုတော်လေ။ သူ့အသံက မဆိုးဘူး။ သီချင်းဆိုတာ ပညာရှင်ဆန်တယ်။ ငါတို့ရဲ့ အ‌ဓိကရန်သူ ဖြစ်လာနိုင်တယ်"

"သူက ငါတို့ရန်သူ ဆိုတော့ သူ့ကို ရှင်းထုတ်ဖို့ နည်းလမ်း စဉ်းစားကြတာပေါ့"

သူတို့သုံးယောက်က တစ်ဦးကို တစ်ဦး နားလည်ဟန် ကြည့်သည်။

...

ထျန်းကျင်းရွှမ် နည်းနည်းလွန်သွားမှန်း သဘောပေါက်သည်။ အစမ်းလေ့ကျင့်ပွဲ ဖိတ်ကြားခံရသည့် လူအသစ်အနေဖြင့် သည်းခံစိတ်ထားရှိရန် အကောင်းဆုံး ကြိုးစားခဲ့သည်။သို့တိုင် သူ့အစ်မကို စော်စော်ကားကား ပြောဆိုသည့် အတင်းအဖျင်းကို သူ့နားဖြင့် ဆက်ဆက်ကြားရချိန် သည်းခံနိုင်စိတ် ကုန်ခမ်းခဲ့သည်။

ထို့အပြင် ထျန်းနင်က သူတို့စော်ကားချင်တိုင်း စော်ကားနိုင်သည့် အတန်းအစားထဲ မပါဝင်ပေ။

ထိုအကြောင်းကို တွေးမိ၍ ထျန်းကျင်းရွှမ်က ထျန်းနင်ထံ စာပို့လိုက်သည်။
"အစ်မ၃၊ အစ်မကို စော်စော်ကားကား ပြောတဲ့ စကားကို အစ်မကိုယ်တိုင် ကြားရင် အစ်မ ဘယ်လို တုံ့ပြန်လဲ"

တကယ်တမ်း ထျန်းကျင်းရွှမ်က ယခုလို တုံ့ပြန်တတ်သူ မဟုတ်ပေ။  ယခုလို အခြေအနေမျိုးကို ထျန်းနင်ရော ဟွာကျင်းကျင်းရော ရင်ဆိုင်ဖူးသည်။
တခြားသူများ၏ အမြင်ကို ဂရုစိုက်နေစရာ အကြောင်းမရှိ၍ မကြားသလိုသာ လျစ်လျူရှုထားသည်။

ထျန်းနင်က သူ့မောင်လေး၏စာကို မြင်လိုက်သည်နှင့် ဘာဖြစ်ပျက်နေလဲ အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။
ထို့ကြောင် သူမ ချက်ချင်း စာပြန်သည်။ 
"သူတို့ကို လျစ်လျူရှုထားလိုက်ပါ။ သူတို့နာမည်ကို မှတ်မိလား အစ်မကို ပေးထား။ မောင်လေးက ဒီလောက် လုပ်ပေးရင် ရပြီ"

"ဒေါသ မထွက်ဘူးလား"

"ဒေါသထွက်စရာ အကြောင်း မရှိဘူးလေ။ ဒါပေမဲ့ ဒီဖျော်ဖြေရေးလောက နယ်ပယ်ကျဉ်းပါတယ်။ တစ်နေ့ သူတို့က ငါ့လက်ထဲ ရောက်လာမှာပါ"
သူမက ရန်သူကို ရုတ်တရက် တိုက်ခိုက်တတ်သည့် အကျင့်ရှိသည်။

ထျန်းကျင်းရွှမ်ဘက်မှ ပြန်စာ မလာသောအခါ သူမ ထပ်မေးသည်။
"သူတို့ နာမည်ပြော"

"‌ဗုဒ္ဓဟူးနေ့ ဆုပေးပွဲ အခမ်းအနားမှာ မောင်လေး သီချင်းဆိုမှာ အစ်မ သိတယ်မလား။ ဒီနေ့က ပွဲမကျင်းပပီ အစမ်းလေ့ကျင့်တဲ့ ပွဲလေ။  K&G bandနဲ့ ထိပ်တိုက်တိုးတယ် အစ်မရဲ့။ အဲဒီကောင်တွေက အစ်မအကြောင်း ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်။ ဒါကြောင့် ကျွန်တော် စိတ်မထိန်းနိုင်တော့လို့ သူတို့နဲ့ စကားအချေအတင် ဖြစ်တယ်"

"နောက်ဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ဒီလောကကြီးက မင်းထင်ထားသလောက် မရိုးရှင်းဘူး"

ထျန်းကျင်းရွှမ်က ဖျော်ဖြေရေး လောက၏ အရှုပ်အထွေးကို နက်နက်နဲနဲ နားမလည်သေး၍ ဖြစ်နိုင်သည်။

သို့သော်လည်း ထျန်းနင် ဖုန်းအောက်ချထား လိုက်ပြီး ချက်ချင်း စုန့်ယန်ရှုဘက် လှည့်သည်။
"လုံကျဲကို ဖုန်းခေါ်ပေး။  K&G အဖွဲ့က ကောင်လေးတွေ အကြောင်း စုံစမ်းခိုင်း။ မြန်မြန်လုပ်"

"ဟုတ်ကဲ့ပါ၊ ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက်ထားပါ။ လိုချင်တဲ အချက်အလက်တွေ ရတာနဲ့ ကျွန်မ လာပေးမယ်"
ထျန်းနင်က ကတိတည်မှန်း စုန့်ယန်ရှု သိပါသည်။

သူမက ထျန်းကျင်းရွှမ်၏ အလုပ်ကိစ္စတွင် ဝင်မစွက်ဖက်ကြောင်း ပြောခဲ့သော်လည်း သူမက မျက်နှာလွှဲခဲပစ် လုပ်မည့်သူ မဟုတ်ပေ။

သူမ အသက်၁၇နှစ် အရွယ်ထဲက အနုပညာလောကထဲ ဝင်ရောက်ခဲ့၍ အနုပညာသက်တမ်း ၁၀နှစ် ရှိနေပါပြီ။

ထိုစဉ် အတောအတွင်း လူပေါင်းစုံ နှင့် ဆုံတွေ့ဖူးသည်။ ထို့ကြောင့်လည်း ထျန်းနင်က ထျန်းကျင်းရွှမ်ကို သူမ တတ်နိုင်စွမ်းသလောက် ကာကွယ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။

ညနေ ၃နာရီ

ထျန်းနင်က နောက်ထပ်ဇာတ်ဝင်ခန်း ရိုက်ကူးရန် နေရာရွေ့ပြောင်းရသည်။

ထိုစဉ်အခိုက်အတန့် စုန့်ယန်ရှုကလည်း သူ့အရည်အချင်းကို ထုတ်ဖော်ရန် ထျန်းနင် စေခိုင်းသည့် အတိုင်း လုံကျဲပေးသော အချက်အလက်များကို စုဆောင်းကာ ထျန်းနင်ကို တင်ပြသည်။

"အဲဒီအဖွဲ့မှာ အဖွဲ့ဝင် သုံးယောက် ရှိတယ်။ အဲဒီထဲက ဟန်ရှန့် နဲ့ ရောကျီဟန်က လူချမ်းသာတွေလေ။ သူတို့က ဖျော်ဖြေရေးလောကထဲ ပျော်စေပျက်စေ ဝင်လာတာ နှစ်ယောက်စလုံးက ပြဿနာကောင်တွေလေ။ သူတို့ မိသားစုကလည်း ထိန်းမရလို့ ဒီလောကထဲ တွန်းပို့ခဲ့တာ။ လုံကျဲပေးတဲ့ သတင်းအရ သူတို့က ဆေးခြောက်သုံးတဲ့ ရာဇဝင်ရှိဖူးတယ်။ အဖွဲ့ခေါင်းဆောင်ကိုတော့ tanlentပြိုင်ပွဲကနေ ရွေးချယ်ထားလို့ အတော်အတန် အရည်အချင်း ရှိတယ်။ သူ့စရိုက်က အရမ်းတည်ငြိမ်ပြီး မကောင်းတဲ့ စရိုက်ဆိုး မရှိဘူး"

"သူတို့သုံးယောက်စလုံးက  Ice Age Entertainment Agencyကလေ။ ကြည့်ပျော်ရှုပျော် ရုပ်ရည်ကြောင့် သူတို့က အခုနောက်ပိုင်း နာမည်ကျော်လာတယ်"

"သူတို့က လောရှင်းရဲ့ အဓိကရန်သူတွေပဲ"

"သူတို့ ဆေးခြောက်သုံးတဲ့ မှတ်တမ်း ရှာထားဖို့ လုံကျဲကို ပြောထား"
ထျန်းနင်က တည်ငြိမ်စွာ ညွှန်ကြားသည်။
"ထျန်းကျင်းရွှမ်က ရန်သူကို ရင်ဆိုင်ဖို့ အသင့်မဖြစ်လောက်သေးဘူး။ ဒါပေမဲ့အခုလို အနေအထားမျိုးမှာ သူက သူ့ရန်သူတွေနဲ့ အခန်းမျှသုံးရမှာပဲ။ ဒါဆို ဒင်းတို့တွေ ကျင်းရွှမ်ကို လုပ်ကြံဖို့ ပိုလွယ်ကူတာပေါ့"

"အွန်း တခြားဘာခိုင်းစရာ ရှိသေးလဲ"

"လုံကျဲကို အဖွဲ့ခေါင်းဆောင်နဲ့ စကားပြောခိုင်း။ သူ့စိတ်က တည်ငြိမ်တယ်ဆိုတော့ အကျိုး အပြစ် အကောင်း အဆိုးကို ဝေဖန်ပိုင်းခြား နိုင်မှာပါ"

အကျင့်စရိုက်ဆိုး ရှိသော လူနှစ်ဦးနှင့် အတူတူဆက်နေလျှင် သိပ်မကြာခင် သူလည်း ချောက်ထဲကျသွားနိုင်သည်။

သူမက တခြားသူများ ကို ထိခိုက်စေချင်သည့် အတွေးမရှိ၊ သူမ ချစ်ခင်လေးစားရသော မိတ်ဆွေ နှင့် မိသားစုများကို ကာကွယ် စောင့်ရှောက် ချင်ရုံပင်။

"ဟုတ်ကဲ့။ ဒါဆိုရင် အခုပဲ အလုပ်စလုပ်တော့မယ်"

ထျန်းနင်၏ ကြိုတင်ပြင်ဆင်သည့် အလုပ်က အရမ်းကို ကြောက်လန့်ဖွယ် ဖြစ်သော်လည်း အားလုံး ခြုံငုံမှု ရှိသည်။
"ငါ ပြင်ဆင်ထားသမျှ လက်တွေ့ အသုံးဝင်ဖို့ပဲ လိုအပ်ပါတယ်"

ထျန်းနင်၏ စကားသံကို ကြားပြီးနောက် စုန့်ယန်ရှု အနည်းငယ် တုန်လှုပ်သွားသည်။
သူမက ရန်သူကို တိုက်ခိုက်တိုင်း ခင်ပွန်းသည်လို သွေးအေးရက်စက်သည်။

သိပ်မကြာလိုက် ထျန်းနင်တို့ ရိုက်ကူးရေးအဖွဲ့သားများ နယ်မြေအသစ်ကို ရောက်ရှိခဲ့သည်။ ရုပ်ရှင် တစ်ဝက်နား ရောက်ခါနီးတိုင်း ရိုက်ကူးရေးက ပိုပိုခက်ခဲလာသည်။ ထျန်းနင် နှင့် ပိုင်ချန်သုန် နှစ်ဦးစလုံး ရိုက်ကူးရေးမှာ အစွမ်းကုန် အာရုံစိုက်ထားရသည်။ ထိုမှသာ သဲထိတ်ရင်ဖိုဖွယ် ဇာတ်ဝင်ခန်းများကို ပရိသတ် စိတ်ဝင်စားအောင် သရုပ်ဖော်နိုင်လိမ့်မည်။

စုန့်ယန်ရှုက ထျန်းနင်၏လှုပ်ရှားမှုတိုင်းကို မို့ထင်သိအောင် နေ့တိုင်း အစီရင်ခံသည်။ ထျန်းနင်ကလည်း ဤအပြုအမူကို တိတ်ဆိတ် ခွင့်ပြုပေးထားသည်။ သူမက မို့ထင် ငှားရမ်းထားသူ ဖြစ်နေ၍ သတင်းပို့သည့် အလုပ်မျိုး လုပ်လိမ့်မည်ဟု မျှော်မှန်းထားသည်။

ထျန်းကျင်းရွှမ်၏ အခြေအနေကို ကြားသိပြီးနောက် မို့ထင် မတုန်လှုပ်ခဲ့ပေ။ သူက အေးအေးဆေး စကားပြောသည်။
"ထျန်းနင် ညွှန်ကြားတဲ့ အတိုင်း ဆက်လုပ်"

အပိုင်း(၄၀၁)
ပြီး၏။
အပိုင်း(၄၀၂)

လုံကျဲပေးသော သတင်းအချက်အလက်တိုင်းက တိကျသေချာသည်။ သူမ နှစ်ပေါင်းများစွာ ချိတ်ဆက်ထားသော အဆက်အသွယ်များ‌ကြောင့် ဖျော်‌ဖြေရေးလောကထဲ အလွယ်တကူဝင်ရောက်နိုင်ခြင်း ဖြစ်သည်။

ထျန်းနင် စုံစမ်းရန် ခက်ခဲသော သတင်းများကို လုံကျဲက စုံစမ်းပေးလေ့ ရှိသည်။ ထို့အပြင် လုချယ်ကလည်း သူမကို ကူညီပေးနေ၍  ထျန်းနင် စုံစမ်းခိုင်းသော ကောင်လေး နှစ်ယောက် သတင်းကို အမြန်ဆုံး ရှာတွေ့ခဲ့သည်။

လုချယ်က ကောင်လေးနှစ်ယောက် ဆေးခြောက်ရောင်းသူ ရှာဖွေနေသော သတင်းကို လက်ပူးလက်ကြပ် စုံစမ်းမိထားသည်။

ကောင်လေး နှစ်ယောက်က အရမ်းကို ရဲတင်းလွန်းသည်။ သူတို့ကိုယ် သူတို့ အထင်ကြီးလွန်းနေသည်။  မို့ထင်က ဆေးသုံးစွဲခြင်းကို လုံးဝ မကြိုက်သူ ဖြစ်၍ သူ့အနုပညာရှင်တိုင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။

ထျန်းနင် လိုချင်သည့် သက်သေက သူမလက်ထဲ မကြာခင် ရောက်လာလိမ့်မည်။

"အစ်မထျန်းနင် အခု ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"

"အဲဒီကောင်လေး သုံးယောက် ဘာဆက်လုပ်မလဲ စောင့်ကြည့်ဦးမယ်။ သူတို့တွေ ကျင်းရွှမ်ကို ပြဿနာ မရှာသရွေ့တော့  သူတို့ကို ‌အေးဆေးဆေး ရဲလက်အပ်မယ်။ ဒါပေမဲ့ သူတို့ဘက်က တစ်ခုခု လုပ်လာရင်တော့ ငါ့ကို လမ်းဆုံးပို့တယ်လို့ သတ်မှတ်ပြီး သူတို့ကို သင်ခန်းစာ ပေးရလိမ့်မယ်"
ထျန်းနင်က ခဏမျှ ရပ်တန့်ပြီး ဆက်ပြောသည်။

"ဒါက ကျင်းရွှမ်အတွက်လည်း သင်ခန်းစာ ဖြစ်သွားလိမ့်မယ်"

"အဲဒီနေ့က အစ်မရဲ့မွေးနေ့မလား"

"အဲဒီမွေးနေ့က ကျင်းရွှမ်ကို ကာကွယ်ပေးရသလောက် အရေးမပါပါဘူး"

ကျင်းရွှမ်ကို ဂရုစိုက်ပေးမည်ဟု သူ့မိခင်ကို ကတိပေးထားမိ၍ သူမ ကတိတည်ရမည်။

"လောရှင်း အမှားလုပ်ရင်ရော ဘာဆက်လုပ်မလဲ"
စုန့်ယန်ရှု စပ်စုကြည့်သည်။

"ဖြစ်လာတော့မှပဲ ဆက်ပြောကြတာပေါ့။ အရိုးသားဆုံး ဝန်ခံရရင် သူ သီချင်းဆိုတာ နားထောင်ဖူးတယ်။ အသံက မဆိုးဘူး။ ဒါကြောင့်လည်း သူ ဗုဒ္ဓဟူးနေ့ ဖျော်ဖြေမှာကို သွားကြည့်ချင်တယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က သူ့ကိုယ်သူ မှန်ထဲ ပြန်ကြည့်လိုက်ပြီး ရယ်မောသည်။
"အရင်ကဆိုရင် ငါက အစ်မကောင်းရော သမီးကောင်းရော မဖြစ်ခဲ့ဖူးဘူး။ မို့ထင်နဲ့ ကလေးမယူခင် အဲဒီဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဖော်ချင်တယ်။ နောင်အနာဂတ်မှ မွေးဖွားလာမယ့် ငါ့ကလေးလေးကို အကောင်းမြင်စိတ် ရှိပြီး ဉာဏ်ပညာရှိတဲ့သူ ဖြစ်စေချင်သလို စိတ်ကောင်းနှလုံးကောင်း ရှိပြီး ကျန်းမာရေးလည်း ကောင်းစေချင်တယ်။ အဲဒီလို ကလေးမျိုးလေး မွေးဖွားလာဖို့ မျှော်လင့်တယ်"

"ဘယ်တော့ ကလေးယူမယ် ဆုံးဖြတ်ထားလဲ"

"ဒီနှစ်ကုန်ရင် ကလေးယူမယ် စဉ်းစားထားတယ်။ ငါလည်း ၂၇နှစ်ရောက်နေပြီ။ မို့ထင်ဆို အသက် ၃၃ပြည့်ပြီ။ ငါတို့တွေ ကလေးယူသင့်နေပြီ"
ထျန်းနင် ပြန်ဖြေသည်။

"မို့သူဌေး ဒီအကြောင်းကို သိလား"

"ငါ စကားတစ်ခွန်းတောင် ပြောစရာ မလိုဘဲ သူက ငါ့စိတ်သဘောထားကို သိနေပြီသားလေ"
ထျန်းနင်က ပြုံးလျက် မိတ်ကပ်ဆက်ဖျက်သည်။

တကယ်တမ်း ထျန်းနင်၏စကားလုံးများကြောင့် ထျန်းနင်အပေါ် ထားရှိသော စုန့်ယန်ရှု၏ သဘောထားများ ပြောင်းလဲသွားခဲ့သည်။

ထျန်းနင်နှင့် မဆုံခင်က ထျန်းနင်ကို တခြားသော အနုပညာရှင်များကဲ့သို့ အပျော်အပါးမက်ကာ ပေါ့ပျက်ပျက် နေထိုင်တတ်မည်ဟု တွေးခဲ့ဖူးသည်။

သူမနှင့် ရင်းနှီးလာပြီးနောက်ပိုင်း သူမက ခံစားချက်များဖြင့် ပြည့်နှက်နေသော လူသားမှန်း သဘောပေါက်ခဲ့သည်။ တကယ်တမ်း သူမကို စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေသူဟု သတ်မှတ်ပေးသင့်ပါသည်။

သူက ရေပေါ်စီ လမ်းစဉ် မလိုက် သကဲ့သို့ အများမိုးခါးရေသောက်တိုင်း မသောက်တတ်ပေ။

သူမ ချစ်ချင်သူက သူမက ချစ်ခင်ပြီး သူမ လုပ်ချင်သည်ကို လုပ်ကိုင်တတ်သည်။

သူမကို အပေါ်ယံကြည့်လိုက်လျှင် ပျော့ညံ့သည်ဟု ထင်ရသော်လည်း သူမက ရန်သူ နှင့် မိတ်ဆွေကို သေချာ ခွဲခြားတတ်သူ ဖြစ်သည်။

ထို့ကြောင့်လည်း သူမက မို့ထင်၏ ချစ်ခင်မှုကို ပိုင်ဆိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

...

ထိုစဉ် ရုပ်ရှင်ရိုက်ကွင်း နောက်တစ်နေရာ ပြောင်းလဲသွားသည်။ ရာသီဥတု အခြေအနေ ဆိုးရွားလွန်း၍ ပိုင်ချန်သုန် နှင့် ထျန်းနင်တို့ ဆက်လက် ရုပ်ရှင်ရိုက်ကူးရန် အဆင်မပြေပေ။

မိုးရေထဲ အချိန်အတော် ကြာအောင် မတ်တတ် ရပ်ခဲ့ရသောကြောင့် ပိုင်ချန်သုန် ဖျားနေပါပြီ။

ဟန်ရှင်းအာက ပိုင်ချန်သုန်အတွက် ရေခဲအိတ် ယူပေးရ၊ ဆေးယူပေးရနှင့် ဗျာများနေသည်။ ပိုင်ချန်သုန်က ဇဝေဇဝါ ဖြစ်နေသော စိတ်အခြေအနေဖြင့် ဟန်ရှင်းအာကို မြင်သည်နှင့် ဗလုံး|ဗထွေးရေရွတ်သည်။
"မင်း ဒီလောက် စိုးရိမ်နေမယ်မှန်း သိရင် ငါ ခဏခဏ ဖျားပေးပါတယ်'

"ဟာသလုပ်နေတာ ရပ်တော့"
ဟန်ရှင်းအာက သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ထိုးသည်။

"ဒီည မင်း ငါ့ကို အဖော်လုပ်ပေးလို့ ရမလား"
ပိုင်ချန်သုန်က သူ့ကုလားထိုင်ခုံလေးပေါ် ထိုင်ကာ သနားချင့်စဖွယ် တောင်းဆိုသည်။ သူ့အမူအရာက အသက်၃၀အရွယ် အမျိုးသားနှင့် မတူညီပေ။

"ကျွန်မက အဖော်မလုပ်ပေးရင် ရှင့်ကို ဘယ်သူက အဖော်လာလုပ်ပေးမှာလဲ။ ကျွန်မသာ ရှင့်လက်ထောက် မဟုတ်ရင် ရှင် ဘယ်လိုများ ရှေ့ဆက်မလဲ"

"ငါ တစ်ယောက်တည်းလည်း ရင်ဆိုင်နိုင်ပါတယ်"

ဤစကားလုံးက ဟန်ရှင်းအာ၏ရင်ကို ထိရှစေ၍ သူမ လေသံပျော့လိုက်သည်။
"ရှင့်ဘေးနားမှာ သူငယ်ချင်းရော မိသားစုရော မရှိတော့ အထီးမကျန်ဘူးလား။ လူသားတွေက လူ့မှုပတ်ဝန်းကျင်မှာ နေရတဲ့ သက်ရှိတွေလေ။ တစ်ဘဝလုံး တစ်ယောက်တည်း နေလို့ ဖြစ်ပါ့မလား"

"မင်းအနားမှာ ရှိနေပေးမယ်ဆိုရင် မင်းကို အနှောင့်အယှက် မပေးတော့ဘူး။ ကိုယ် အနားယူလိုက်ဦးမယ်"
ထိုစကားကို ပြောပြီးနောက် ပိုင်ချန်သုန်က သူ့မျက်လုံးများကို ပိတ်လိုက်ပြီး စကား ထပ်မပြောတော့ပေ။

ဟန်ရှင်းအာက မရေရာသော မေးခွန်းပေါင်းများစွာဖြင့် ကျန်နေခဲ့သည်။ ပိုင်ချန်သုန်က သူမကို သူ့လက်ထောက် ဖြစ်စေချင်သည့် အကြောင်းအရင်းကို စဉ်းစား မရပေ။

သူ့မှာ ပြောချင်နေသည့် ဇာတ်လမ်းတစ်ပုဒ် ရှိနေနိုင်သည်။ ဤအတွေးက လုံးဝ မှန်ကန်သည်။

သို့သော်လည်း သူမကို အမှန်အတိုင်း ဖွင့်ပြောလာအောင် သူမ ဘာဆက်လုပ်သင့် သနည်း။

ညလယ်ခေါင်ကြီး ပိုင်ချန်သုန် အဖျားတက်ကာ ခန္ဓာကိုယ်က အထိန်းအချုပ် ကင်းမဲ့စွာ ခိုက်ခိုက်တုန်လာသည်။ ဟန်ရှင်းအာ အရမ်း ထိတ်လန့်သွား၍ သူ့ကို ချက်ချင်း စောင်ခြုံပေးသည်။ ပိုင်ချန်သုန်က ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ ဟန်ရှင်းအာကို ဖက်လိုက်သော်လည်း ဟန်ရှင်းအာ ပါးရိုက်လိုက်၍ နှာခေါင်းသွေးလျှံလုနီးပါး ဖြစ်သွားသည်။

"ဖျားနေတာကို အခွင့်ကောင်းယူပြီး ငါ့ကို လာဖက်ရဲသေးတယ် အရူးကောင်"

"ငါ နေကောင်းမှန်း မင်းဘယ်လို သိလဲ"
ပိုင်ချန်သုန်က နှာခေါင်းကို ကိုင်ကာ အထွန့်တက်နေသည်

"ရှင် သရုပ်ဆောင်တာ အရမ်းကို ပိုနေလို့လေ"

"တကယ်လား။ ဒါဆို နောက်တစ်ခေါက် သေချာ ထိန်းချုပ်မှပဲ"
ပိုင်ချန်သုန်က အသက်ခပ်ပြင်းပြင်းရှုကာ ပြန်လှဲလိုက်သည်။
"ငါ အရမ်းခေါင်းကိုက်နေတယ်။ ညာနေတာ မဟုတ်ဘူး"

"ရှင် အရင်တုန်းက ဖျားရင် ဘယ်သူ ဂရုစိုက်ပေးလဲ"

ဤမေးခွန်းကြောင့် ပိုင်ချန်သုန် မျက်နှာပျက်သွားသည်။
"မင်းက ငါအိပ်နေတာကို အနှောင့်အယှက် ပေးတယ် ထွက်သွားတော့"

"ဘဝင်ရူးကောင် ဟွန့်"

သို့သော်လည်း သူ ယခုလို ပြုမူနေ၍ ဟန်ရှင်းအာ၏ သံသယစိတ်က ပိုသေချာခဲ့သည်။

သူ့မှာ သေချာပေါက် လျှို့ဝှက်ချက် ရှိနိုင်သည်။

...

ထျန်းနင်၏ မွေးနေ့ရက် နီးကပ်လာပါပြီ။ ဇနီးသည်ထျန်းနင်ကို ပထမဆုံး မွေးနေ့ ဆုတောင်းပေးသူက သူပဲ ဖြစ်ချင်မိသည်။

ထျန်းနင်က သူမ၏ရိုက်ကူးရေးကို အပြီးသတ် ရိုက်ကူးခဲ့သည်။ အဝေးတစ်နေရာမှ မို့ထင်၏ ထည်ဝါသော ပုံရိပ်ကြောင့် သူမက သူ့အနား ပြေးသွားပြီး သူ့ပါးမို့မို့ကို ဖျတ်ခနဲ နမ်းသည်။
"အသက်၂၇နှစ်ပြည့်တဲ့ ပထမဆုံးအနမ်းကို တို့အချစ်ဆုံး ယောက်ျားပဲ ပိုင်ရမယ်"

"မစ္စမို့။ ကိုယ့်ဘာသာကိုယ် လက်ဆောင် အနေနဲ့ ပေးဖို့ ကျွန်တော်မျိုးကြီးက ရိုက်ကွင်းအထိ လာခဲ့တာပါ"
မို့ထင်က ယင်းအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ သူမ၏ခါးလေးကို ဖက်လိုက်ပြီး ဆက်ပြောသည်။
"ဒီလက်ဆောင်ကို လက်ခံမှာလား"

"လက်ဝတ်ရတနာတွေ စိန်လက်စွပ်တွေ လက်ဆောင်ရမယ်လို့ တွေးထားတာနော်"

"ချစ်လေးက ကိုယ့်ရဲ့ သက်လုံအားကို ပို သဘောတွေ့မယ်လို့ ကိုယ်က တွေးထားတာနော်"

ထျန်းနင်က မို့ထင်နှင့် လိုက်ပါရယ်မောသည်။ သူတို့စုံတွဲ၏ ကြင်နာသော အပြုအမူများက တခြားသော သရုပ်ဆောင်များ နှင့် အလုပ်သမားများ၏ စိတ်အာရုံကို ဖမ်းစားနိုင်သည်။ အထူးသဖြင့် ပိုင်ချန်သုန်၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သူ့မျက်ဝန်းများက စူးစမ်းသော အငွေ့အသက်များဖြင့် လင်းလက်နေသည်။

"အစ်မထျန်းနင်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ရိုက်ကူးရေး အဖွဲ့သားများက ဂုဏ်ပြုကြသည်။

"ထျန်းနင် မွေးနေ့မှာပျော်ရွှင်ပါစေ"
အန်ကျီဟောင်ကလည်း သူမကို ပြုံးပြကာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးသည်။
"မင်းအတွက် လက်ဆောင်က အားလပ်ရက် တစ်ရက်ပေးမယ်။ သဘောတွေ့ရဲ့လား"

"ကျေးဇူးတင်ပါတယ်"
ထျန်းနင်က မို့ထင်၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး အားလုံးကို ဦးညွှတ်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့တွေ အခု ပြန်ရင် အဆင်ပြေမလား"

"မြန်မြန်ပြန်တော့ မို့သူဌေးက မင်းကို မျှော်လင့်နေလောက်ပြီ"
ဝန်ထမ်းက ကျီစယ်သည်။

အပိုင်း(၄၀၂)
ပြီး၏။

Continue Reading

You'll Also Like

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...