ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

စာစဉ်(၂၈) Ep 391+392+393

125 10 0
By jellyflower1

အပိုင်း(၃၉၁)

ထိုစဉ်အခိုက်အတန့် သူမက မနှစ်မြို့စရာကောင်းသော သတင်းထောက်များနှင့် ကင်မရာကို မျက်နှာချင်း ဆိုင်လိုက်ပြီး ရှားယွီလင်းက သူမ နှစ်၂၀ကျော် ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်များကို စားပွဲခုံပေါ် တင်ပေးထားလိုက်သည်။

သူမက အရှက်တကွဲ အကျိုးနည်း ဖြစ်မည်ကို မစိုးရိမ်ပေ။

သူမက ခင်ပွန်းသည် နှင့် သမီးကို ယှဉ်ရွေးချယ်ခဲ့သောအခါ နှစ်ပေါင်းများစွာ လူမှား ရွေးချယ်ခဲ့ဖူးသည်။ ယခုတော့ အမှန်တရားကို ရင်ဆိုင်ရန် သူမ ဆုံးဖြတ်လိုက်ပါပြီ။

"ကျွန်မရဲ့သမီးလေးကို မယားငယ် သမီးလို့ ခေါ်ပြီး အရှက်ခွဲနေတဲ့ လုပ်ရပ်တွေ ရပ်တန့်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်မကလည်း တရားဝင် ဇနီးသည် ဖြစ်သလို ထျန်းနင်ကလည်း တရားဝင်သမီးပါ"
"ဒါကိုတောင် ရှင်တို့က ဆက်ပြီး သံသယဝင်နေသေးရင် ဒီသက်သေတွေ ငှားထားပေးလို့ ရတယ်။ ဒါတွေအကုန်လုံးက အတုလုပ်လို့ မရဘူးလေ"

"နောက်ပြီး ကျွန်မ ကတိတစ်ခု သစ္စာပြုချင်တယ်။ အခုအချိန်က စပြီးတော့ ကျွန်မရဲ့သမီးလေးကို ထိခိုက်နစ်နာအောင် ဘယ်သူမှ ထပ်လုပ်လို့ မရတော့ဘူး။ ကျွန်မရဲ့သမီးလေးကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်"

မီဒီယာက သူတို့ကင်မရာများဖြင့် စင်ပေါ်မှ လှုပ်ရှားမှုများကို အဆက်မပြတ် ရိုက်ကူးကြသည်။ သူတို့က ရှားယွီလင်း၏မျက်နှာအမူအရာကို အသေးစိတ် မှတ်တမ်း တင်ထားချင်ပုံပင်။

ထျန်းမိသားစုတွင် ဤကဲ့သို့သော သိက္ခာကျဖွယ် ဖြစ်ရပ်မျိုး ရှိနေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

ဤဖြစ်ရပ်က ထျန်းနင် မွေးဖွားခဲ့ခြင်း နောက်ကွယ်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ဖြစ်လိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။

ရှားယွီလင်းက သူ့သမီး ဘေးကင်းလုံခြုံရန် သူ့ခင်ပွန်းသည်၏ မှားယွင်းသော လုပ်ရပ်ကို ဖော်ထုတ်သွားလိမ်မည်ဟု မည်သူက မျှော်လင့်မည်နည်း။

"မဒမ်ရှား။ ဒီကနေ့ အမှန်တရားကို ထုတ်ပြော လိုက်တော့ တစ်ယောက် ယောက်က လက်စားလာချေမှာ မကြောက်ဘူးလား"

သတင်းထောက်များ၏ မေးမြန်းမှုကြောင့် ရှားယွီလင်းက မဲ့ရွဲ့လိုက်ပြီး မျက်ရည်သုတ်ကာ ပြန်ဖြေသည်။
"ဒီကနေ့ ဒီနေရာမှာ မတ်တတ်ရပ်နိုင်တဲ့ အကြောင်းအရင်းက မိသားစု ပြိုကွဲမှာကိုတောင် မမှုလို့ပဲ။ ကျွန်မရဲ့သမီးလေးကို မော်မော်ကြွားကြွား ရှင်သန်စေချင်တယ်။ အခုကစပြီးတော့ ကျွန်မသမီးလေးက မော်ဒယ်ရှိုးလ်ပဲ လျှောက်လျှောက် ရုပ်ရှင်ပဲရိုက်ရိုက် သူ့အမေကြောင့် အရှက်ရစရာ မလိုတော့ဘူး။ သူ့အမေက အရှက်ရစေတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့လို့ သိက္ခာကျစရာ မလိုတော့ဘူး"

"လက်စားချေတာကတော့ ကျွန်မရဲ့သမီး ဘဝလေး ကောင်းစားမယ်ဆိုရင် လက်စားချေခံရလဲ မကြောက်ပါဘူး"

"ဒီနေ့ပွဲလေးကို တက်ရောက်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်"

သူမ၏တုံံပြန်မှုကို နားထောင်ပြီးနောက် သတင်းထောက်များက ဆူညံသည်အထိ ဆွေးနွေးကြသည်။

"ထျန်းမိသားစု အတွင်းရေးက အတော်ကလေး ဆိုးရွားတာပဲ။ ထျန်းနင် လုပ်ကြံခံရတဲ့ အခြေအနေက မဒမ်ရှားကို ဒီလို ထုတ်ပြောလာအောင် တွန်းအားပေးလိုက်တာပဲ"

"ရိုက်ကူးရေးမှာ ထျန်းနင် အမြင့်က ပြုတ်ကျတာက ဖျော်ဖြေရေးလောကရဲ့ ပြိုင်ဆိုင်မှုတွေကြောင့်လို့ ထင်ခဲ့မိတာ။ တကယ်တမ်းက ထျန်းမိသားစုနဲ့ ဆက်စပ်နေတာကိုး။ ထျန်းမိသားစုရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကြောင့်သာ မဒမ်က သူ့သမီးကို ကာကွယ်ချင်လို့ ရှေ့ထွက် စကားပြောလာတာကို ငါ နားလည်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်က သူ့အသက်ကို ဇီဝိန်ခြွေသွား နိုင်တယ်နော်"

"ဟုတ်တာပေါ့။ တကယ်တမ်း မဒမ် ရှားက မေတ္တာ စေတနာထားလွန်းပါတယ်ဟာ။ ငါ့သာဆို ကိုယ့်ယောက်ျားကို လုယူခဲ့တဲ့ မိန်းမရဲ့ ကလေးတွေကို သည်းမခံနိုင်လောက်ဘူး။ တခြားသူရဲ့ကလေး ဘေးကင်းဖို့ ကိုယ့်သွေးသားအရင်းကို  ဘေးတွန်းထားရတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခုတော့ အမှန်တရား ပေါ်သွားပြီဆိုတော့ ထျန်းနင်က တရားဝင်ကလေးဆိုတာ လူတိုင်း သိသွားပြီ။ မဒမ်ရှားကလည်း လျန်မိသားစုနဲ့ ထျန်းမိသားစု လက်စားချေလာမှာကို သတိတရား လက်ကိုင်ထားပြီး ရှောင်ရှားတော့ပေါ့"

လက်စားချေခြင်း

သူမက လက်စားချေခံရမည်ကို မစိုးရိမ်ပေ။

ဤဘဝတွင် ထျန်းချင်းဝမ်က သူမကို တစ်ကြိမ် သစ္စာဖောက်ခဲ့ပြီး သူမက သူ့ကို သစ္စာပြန်ဖောက်ခဲ့ခြင်းသာ ဖြစ်၍ သူမတို့နှစ်ဦးစလုံး အခွင့်အရေး တန်းတူ ဖြစ်သွားပါပြီ။

"ယွီလင်း၊ နင် အဲလောက်အထိ စိတ်ဓာတ်မာမယ်လို့ ငါ မထင်ခဲ့မိဘူး"
သူ့သူငယ်ချင်းက သူ့ပခုံးလေးကို ပုတ်ကာ သက်ပြင်းချသည်။
"ဒီလို အားလုံးကို ဖွင့်ချလိုက်တာ ကောင်းပါတယ်။ ထျန်းနင် နင့်အပေါ် နားလည်သွားမှာပါဟာ"

အရာအားလုံးကို ဖွင့်ချပြီးနောက် ရှားယွီလင်းမှာ သူ့ရင်ထဲမှ သူ့နှလုံးသားလေး ဆွဲဆုတ် ခံရသကဲ့သို့ ခံစားရသည်။ သူမ စင်ပေါ်က ဘယ်လို ဆင်းသွားလဲ မသိခဲ့သော်လည်း ခန်းမ တံခါးပေါက်ဝမှာ ထျန်းချင်းဝမ်ကို လှမ်းမြင်မိသည်။ သို့သော်လည်း သူတို့ မျက်ဝန်းချင်းဆုံခိုက် သူမ ချက်ချင်း အကြည့်လွှဲလိုက်သည်။

သူမက ထျန်းနင်မိသားစုကို နောက်ထပ် နောက်ထပ် မလိုချင်တော့ပေ။ တတ်နိုင်သလောက် သူတို့မိသားစုနှင့် ခပ်ကင်းကင်း နေချင်သည်။ သူမက သူ့သမီးလေးကိုသာ ပြန်လိုချင်ခဲ့သည်။

အမျိုးသမီးနှစ်ဦးက ခန်းမဆောင်ထဲမှ ခပ်မြန်မြန် ထွက်ခွာသွားပြီး လုံခြုံရေး၏အကူအညီဖြင့် သူတို့အခန်းထဲ ပြန်သွားသည်။ သို့သော်လည်း အခန်းတံခါး ပိတ်လိုက်သည်နှင့် ရှားယွီလင်း ပြိုလဲသွားသည်။

"ဒီလျှို့ဝှက်ချက်ကြီးကို နှစ်ပေါင်းများစွာ ဖုံးကွယ်ခဲ့ရတာ နင် အတော်လေး ခက်ခဲခဲ့မှာပဲ။ နင်တကယ့်ကို စိတ်ဓာတ်သန်မာတယ်"
သူ့သူငယ်ချင်းက သူမကို နောက်ကျောမှ သိုင်းဖက်ကာ နှစ်သိမ့်သည်။
"နင့်ဆုံးဖြတ်ချက်အတိုင်း လုပ်ခဲ့ပြီးပြီဆိုတော့ ဘဝကို ရဲရဲရင့်ရင့် ရှေ့ဆက်ကြမယ်။ အရာအားလုံးက အရမ်းကြီး မဆိုးရွားနေသေးပါဘူး။ နင့်မှာ နင့်သမီးရော သားမက်ရော ရှိသေးတယ်လေ"

"ငါ မျက်နှာသွားသစ်လိုက်ဦးမယ်"
ရှားယွီလင်းက သူ့သူငယ်ချင်း၏ ရင်ခွင်ထဲမှ တိုးထွက်ပြီး ရေချိုးခန်းထဲ ဒယိမ်းဒယိုင် လမ်းလျှောက်သွားသည်။ သူမ၏သူငယ်ချင်းကို စိုးရိမ်နေသည့်တိုင် ကိုယ်ပိုင်အချိန် ပေးသင့်သည်ဟု တွေးမိသည်။ ထိုမှသာ ရှားယွီလင်း စိတ်သက်သာရာ ရလိမ့်မည်။

သို့သော်လည်း ၁၀မိနစ်ကြာသည့်တိုင် ရေချိုးခန်းတံခါးက ဆက်လက်ပိတ်ထားသည်။

သူမ၏သူငယ်ချင်း ခဏတာ ချီတုံ့ချတုံ့ဖြစ်နေပြီး အခြေအနေကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း အဆက်မပြတ် တံခါးခေါက်သံကို ရုတ်ခြည်း ကြားလိုက်ရပြီး ထျန်းနင်၏အသံကိုပါ ဆက်ကြားရသည်။

"အန်တီရှောင်၊ တံခါးဖွင့်ပေးပါ"

ရှောင်ကျဲ တုန်လှုပ်သွားပြီး တံခါးပေါက်နား ပြေးသွားကာ တံခါးဖွင့်ပေးလိုက်သည်။

တံခါးပေါက်မှာ မို့ထင် နှင့် ထျန်းနင် မတ်တတ်ရပ်နေသည်။ သူတို့နှစ်ဦးစလုံး အရပ်ရှည်နေ၍ သူမ မော့ကြည့်ရသည်။

"မင်းရဲ့အမေ ရေချိုးခန်းထဲ ဝင်နေတာ တော်တော်ကြာနေပြီ။ အန်တီ စိုးရိမ်မိလာလို့"

ထျန်းနင်က သူမ၏နောက်မှ ပါလာသော အမျိုးသားကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး မို့ထင်က လုချယ်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ၂မိနစ်ကြာပြီးနောက် ဟိုတယ်မန်နေဂျာက အခန်းသော့ကို ယူဆောင်ကာ သူမတို့စီ ရောက်လာပြီး အခန်းသော့ကို လွှဲပေးသည်။

ထျန်းနင်က ကတ်ကို အသုံးပြုပြီး ရေချိုးခန်းတံခါးကို ဖွင့်ကာ အခန်းထဲ ဝင်လိုက်သည်။ သူမ အခန်းထဲ လမ်းလျှောက် ဝင်ဝင်ချင်း ရေချိုးကန် ဘေးနားမှာ ထိုင်နေသော ရှားယွီလင်းကို မြင်တွေ့ရသည်။ သူမ၏ မျက်ရည်များက တာကျိုးသည့်အလား ကျဆင်းလာသည်။

"မေမေ..."
ထျန်းနင်က ချိုသာစွာ လှမ်းခေါ်သည်။

ထိုအသံကို ကြားပြီးနောက် ရှားယွီလင်းက ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လာသည်။ ထျန်းနင်ကို မြင်တွေ့တွေ့ချင်း မျက်ရည်စက်များက သူ့မျက်ဝန်းမှ ကျဆင်းလာသည်။
"နောက်ဆုံးတော့ မေမေလို့ ခေါ်ချင်စိတ် ဖြစ်လာပြီပေါ့"

ထျန်းနင်က ရှားယွီလင်းအနားကို တလှမ်းချင်း လှမ်းသွားပြီး သူမ၏ အရှေ့မှာ ဒူးထောက်လိုက်သည်။ ထို့နောက် သူမ အမေ၏ ရေခဲတမျှ အေးစက်သော လက်ကို ကိုင်ကာ
"သမီးက သားသမီးဆိုး ဖြစ်နေပြီလား"

"အဲလိုမဟုတ်ပါဘူး။ အမေ့သမီးလေး ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အမေ သွန်သင်ဆုံးမထားသမျှကို သမီးလေးက အမြဲအမှတ်ရပြီး နာခံနေတတ်တာပါ"
ရှားယွီလင်းက အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်။ သူ့သမီးကို သူ အရမ်းလွမ်းနေမိသည်။ သူ့သမီးလေးက သူ့ကို 'မေမေ'ဟု လှမ်းခေါ်သော အသံလေးကို ကြားချင်ခဲ့သည်မှာ ကြာပါပြီ။

"ဒါဆိုရင် ဒီလိုထပ်မပြောတော့ဘူး။ အတိတ်မှာ ဖြစ်ခဲ့တာတွေကို အတိတ်မှာပဲ ချန်ခဲ့မယ်။ အခုကစပြီးတော့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြမယ်"

"မဖြစ်သေးဘူး။ သမီးနဲ့ ထိုက်တန်တာတွေ ပိုင်ဆိုင်ရဖို့ အမေ ကူညီပေးရဦးမယ်"
ရှားယွီလင်းက ငြင်းဆန်သည့် အနေဖြင့် ခေါင်းခါရမ်းသည်။ သူမတတ်နိုင်သလောက် အဆိုးရွားဆုံး လုပ်ရပ်မျိုးကို လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားခဲ့ပြီး သူမ၏လုပ်ရပ်ကြောင့် ဤကမ္ဘာလောကြီးထဲမှ ထာဝရ ပျောက်ကွယ်ခဲ့လျှင် ထျန်းမိသားစုကို မည်သူက ချုပ်ကိုင်မည်နည်း။

"သမီးက ထျန်းမိသားစုရဲ့တရားဝင်သားသမီး စာရင်းမှာပဲ ပါတယ်။ ဘယ်သူကိုမှ အောက်ကျို့နေဖို့ မလိုအပ်ဘူး။ အရင်တုန်းက အမေ တကယ့်ကို တစ်ကိုယ်ကောင်းဆန် ခဲ့မိပါတယ်။ ဒါကြောင့်လည်း အမေ့သမီးလေး နှစ်ပေါင်းများစွာ စိတ်နာကြည်းခဲ့ ရတာပေါ့"

"အခုတော့ အမေ အမှန်တရားကို မြင်တတ်သွားပြီ"

"ထျန်းမိသားစုကို ရှောင်နေမယ် အစီအစဉ် မရှိတော့ဘူး။ တကယ်တမ်း ငါတို့ ပိုင်ဆိုင်သင့်တဲ့ အရာအားလုံးကို ပြန်ယူရမယ်"

"သမီးက အဲလိုလုပ်ချင်တယ်မလား။ သမီး စိတ်ကြိုက် ဆက်လုပ်ပါ။ သမီး နဲ့မို့ထင် ပျော်ရွှင်နေရင် အမေလည်း ပျော်ပါတယ်"
ရှားယွီလင်းက ထျန်းနင်၏ မျက်နှာလေးကို ဖမ်းဆုပ်ကာ ဆက်ပြောသည်။
"ထျန်းရွှမ်က သမီးကို ထိခိုက်အောင် လုပ်ချင်တောင် အမေ လက်ပိုက်ကြည့်မနေတော့ဘူး။ ဒါကြောင့် အမေက ထျန်းမိသားစုရဲ့ အိမ်ထောင်ဦးစီး ဖြစ်လာစေရမယ်"

"အမေ အရင်တုန်းက ပျော့ညံ့ခဲ့ဖူးပေမဲ့ အခုကစပြီးတော့ သမီးကို ကာကွယ်ပေးမယ်"

သူ့မိခင်ထံမှ ကြင်နာယုယမှုကို နှစ်ပေါင်းများစွာ မရခဲ့ဖူး၍ သူမ၏နှလုံးသားလေး ယခုမှ အကြင်နာဖုံးလွှမ်းကာ နွေးထွေးနေရသည်။

"ဒါပေမဲ့"

"ဒါက အမေရဲ့ဆုံးဖြတ်ချက် ဆိုတော့ သမီးဖြစ်တဲ့သူက အမေ့ဆုံးဖြတ်ချက်ကို လေးစားရမှာပေါ့"
မို့ထင်က ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲခေါ်လိုက်ပြီး နွေးထွေးအောင် ဖက်ထားလိုက်သည်။
"အမေ့မှာလည်း သူ့ဖြည့်ဆည်းပေးချင်တဲ့ သူ့ဆန္ဒလေး ရှိမှာပေါ့"

"မို့ထင် မှန်တယ်"
ရှားယွီလင်းက မျက်ရည်သုတ်ကာ မတ်တတ် ထရပ်သည်။ ထို့နောက် သူမက မို့ထင်နှင့် ထျန်းနင်အနား ရောက်အောင် ခြေနှစ်လှမ်း လှမ်းလိုက်ပြီး သူ့ဆုံးဖြတ်ချက်ကို ကြေညာသည်။
"အခုကစပြီးတော့ အမေ့ရဲ့သမီးလေးက အားကိုးအားထား ပြုရလောက်တဲ့ ခင်ပွန်းသည် ရှိတဲ့အပြင် အမေလည်း ရှိသွားပြီနော်"

ထျန်းနင်၏မျက်ရည်စက်များက မျက်ဝန်းမှ အထိန်းအချုပ် ကင်းမဲ့စွာ ကျဆင်းလာပြီး မိခင်ကို ပြေးဖက်သည်။ မို့ထင်က အမျိုးသမီး နှစ်ဦးစလုံးကို သူ့လက်အရှည်ကြီးဖြင့် သိမ်းကျုံး ဖက်ထားပေးသည်။

"မငိုနဲ့ ငယ်တော့တဲ့ အရွယ်တွေလည်း မဟုတ်ကြတော့ဘူးလေ။ သမီးလေး ဒီလိုငိုနေတာ သတင်းထောက်တွေ မြင်သွားလို့ကတော့ သမီးရဲ့ အနုပညာပုံရိပ်ကို ထိခိုက်စေလိမ့်မယ်။ သမီးရဲ့ရုပ်ရှင် ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်သူက ကြည့်တော့မလဲ"
ရှားယွီလင်းက ကျီစယ်သည်။

"ထျန်းနင်၊ သမီးကို မို့ထင် လက်ထဲ အပ်ခဲ့ရတာ အမေ စိတ်အေးချမ်းရတယ်။ ဒါပေမဲ့ အမေ မလုပ်ရသေးတဲ့ ကိစ္စ တစ်ခု ရှိနေသေးတယ်"
ထိုစကားကို ပြောပြီးနောက် သူမ၏ မျက်ဝန်းများက ယုံကြည်မှု အပြည့်ဖြင့် လေးနက်သွားခဲ့သည်။

နောက်ဆုံးတော့ သူမက တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။

ထျန်းနင်ကို အမှန်တကယ် ကာကွယ်စောင့်ရှောက်နိုင်ရန် သူမ ပျော်ရွှင်မည့် အလုပ်မျိုး လုပ်ကိုင်နိုင်စေရန် မိသားစုတွင်း လုပ်ပိုင်ခွင့် အာဏာလုသည့် တိုက်ပွဲမျိုးကို မဖြစ်မနေ ရင်ဆိုင်ရမည်။

ထျန်းရွှမ်( မယားငယ်သမီး အစစ်)

ယာယီဥက္ကဌအနေဖြင့် တာဝန်ထမ်းဆောင်နေသော ထျန်းရွှမ်ကို ရာထူးမှ ဖယ်ရှားပစ်ရမည်။

"ထျန်းအကြီးအကဲက စောနလေးတင် ဖုန်းခေါ်ထားတယ်။ အားလုံးကို ထျန်းအိမ်တော် ပြန်လာဖို့ ပြောထားတယ်"
ရှောင်ကျဲက ရေချိုးခန်း တံခါးပေါက်နား ခြေနင်းလာပြီး သူတို့သုံးယောက်ကို စကားပြောသည်။

ပြီး၏။

အပိုင်း(၃၉၂)

"မသွားဘူး။ ငါတို့တွေ သူတို့စီ မသွားချင်ဘူး"
ရှားယွီလင်း ငြင်းဆန်သည်။
"ငါ သူတို့အပေါ် နှစ်ပေါင်းများစွာ ကျွန်ခံခဲ့ပြီးပြီ။ အခု သူတို့က ငါတို့စီ လာသင့်တာလေ"

ရှောင်ကျဲက သူ့သူငယ်ချင်းကို ကြည့်ပြီး သဘောပေါက်သွားသည်။ မိန်းမတစ်ယောက်၏ အသည်းနှလုံး မာကြောလာလျှင် အရာရာကို ဖျက်ဆီးပစ်နိုင်သည့် အင်အားရှိလာသည်။

နာကျင်ဖွယ် ဝဋ်ဆင်းရဲမှ ကိုယ်တိုင် ရုန်းထွက်ရခြင်းက ခက်ခဲသော်လည်း လွတ်လပ်သော ဘဝသစ်ကို ပိုင်ဆိုင်ရရန် နာကျင်မှုကို ကျော်လွှားနိုင်ရမည်။

...

[သတင်းကြီး~ ထျန်းနင် သရုပ်အမှန်]

[သူ့သမီးကို ကာကွယ်ဖို့ အမေထျန်းက လူရှေ့ထွက်ပြီး သူ့ယောက်ျားရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း]

[လူချမ်းသာမိသားစုရဲ့ လျှို့ဝှက်ချက် ပေါ်ထွက်လာခြင်း၊ မိသားစု နှစ်စုက သိက္ခာကျဖွယ် ဖြစ်ရပ်မှာ ပါဝင်နေတယ်]

...

သံသယဝင်စရာပင် မလိုအပ်၊ ထျန်းမိသားစု၏ သိက္ခာကျဖွယ် ဖြစ်ရပ်က ရှာဖွေမှု ထိပ်တန်းသို့ ချက်ချင်း ခုန်တက်သွားခဲ့သည်။

"အခု အဲဒီကိစ္စကို လေးလေးနက်နက် တွေးကြည့် လိုက်တော့ ထျန်းနင် မတော်တမှု ဖြစ်တဲ့အချိန်တုန်းက ထျန်းနင်က အကုသိုလ်ဝင်စေတဲ့ ဂြိုလ်ဆိုးပါ ဆိုပြီး သတင်းထွက် လာသေးတယ်လေ။ အဲဒီတုန်းကလည်း အဲဒီသတင်းက ထိန်းမရအောင် သတင်းဖွလိုက်လို့ ထျန်းနင်ရဲ့ရုပ်ရှင်ထုတ်လုပ်သူက ထျန်းနင်နေရာမှာ လူစားထိုးပစ်တာလေ။ ဒီဖြစ်ရပ် တစ်ခုလုံးက ထျန်းမိသားစုက တစ်ယောက်ယောက်နဲ့ ဆက်နွှယ်နေရင်တော့ ကြောက်စရာကောင်းလွန်းတဲ့ ရာဇဝတ်မှုကြီးပဲ"

"လူချမ်းသာလောကမှာ အာဏာနဲ့ ငွေကြေးအတွက်ဆိုရင် သူတို့ မလုပ်နိုင်တာ ဘာမှ မရှိဘူးလေ"

"မြန်မြန် ကြည့်စမ်းပါဦး။ ဆန်းစစ်ဝေဖန်တဲ့ သတင်း အွန်လိုင်းပေါ် တင်လာပြီ"

"ဟိုက်ဟွေ့ဖျော်ဖြေရေး စုံစမ်းနေတဲ့ တရားခံက ဘယ်သူလဲ။ နောက်ပြီး ရှားယွီလင်း ပြောချင်တဲ့သူက ဘယ်သူလဲ။ ထျန်းမိသားစုရဲ့ မြေးအကြီးဆုံး ထျန်းရွှမ်ပဲ ဖြစ်ရမယ်"

"ထျန်းရွှမ် နဲ့ ထျန်းနင်က ဆက်ဆံရေး မကောင်းကြဘူးလို့ သတင်းထွက်ဖူးတယ်။ ထျန်းနင် ထျန်းမိသားစုကနေ ထွက်လာရတဲ့ အကြောင်းအရင်းကလည်း ထျန်းရွှမ်ကြောင့်ပဲလေ"

"အဲဒီ ထျန်းမိသားစုရဲ့ အမွေဆက်ခံသူ သခင်မလေးက  လူမဆန်လိုက်တာ။ ငါ သူနဲ့ အရင်တုန်းက တစ်ခါဆုံဖူးသေးတယ်။ မော်ကြွားပြီး ဘဝင်မြင့်လွန်းတာ သွေးနားထင် ရောက်နေတဲ့ စရိုက်လေ"

အင်တာနက်ဝါသနာအိုးလေးများ၏ စွမ်းဆောင်ရည်ကို သံသယဝင်စရာပင် မလိုအပ်ချေ။ အချိန်ခဏလေးအတွင်းမှာပင် ထျန်းနင်၏ မတော်တဆ ဖြစ်ရပ်က ထျန်းရွှမ်နှင့် တစ်စုံတစ်ရာ ဆက်စပ်နေကြောင်း မှတ်ချက်ပြုသွားနိုင်သည်။

ထျန်းမိသားစုမှာ ထျန်းနင်ကို အမြင်မကြည် ဆန့်ကျင်နေသူက ထျန်းရွှမ် တစ်ဦးတည်းသာ ရှိနေသောကြောင့် ဖြစ်သည်။

"ကြည့်ရတာ ရှားယွီလင်းက သူ သည်းခံပေးနိုင်ခဲ့တဲ့ အဆုံးအစွန်းကို ရောက်သွားလို့ ထင်ပါရဲ့။ ဒါကြောင့်လည်း အမှန်တရားကို ထုတ်ပြောဖို့ ရှေ့ထွက်ခဲ့တာ ဖြစ်မယ်။ အခုတော့ ဘဝင်လေဟပ်နေတဲ့ မမလေးက မယားငယ်ရဲ့သမီး ဖြစ်သွားပြီ"

"ပြီးတော့ အရှက်မရှိဘဲ တရားဝင်သမီးကို နှိပ်စက်နေပုံများ မြင်လို့ ကြားလို့တောင် မကောင်းဘူး။ ရှားယွီလင်းက အခုလို တုံ့ပြန်လိုက်တာ မမှားဘူး။ အဲလိုလုပ်ဖို့ ထိုက်တန်တယ်"

"ထျန်းနင်က အသက်၁၇နှစ်တည်းက အိမ်က ထွက်လာခဲ့ပြီး သူ့ဘဝသူ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့တာလေ။ ဒါတောင် ထျန်းရွှမ်က အမြင်စောင်းနေတုန်းပဲ။ အဲဒီမိန်းမ အရမ်းကို ရက်စက်လွန်းတယ်"

အင်တာနက်ဝါသနာရှင်များက တရားမဝင် သားသမီး သုံဦး အကြောင်းကို ချက်ချင်း တူးဆွကြသည်။

တကယ်တမ်း ထျန်းမိသားစု၏ တုံ့ပြန်မှုက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းမွန်သည်။

သတင်းစာ ရှင်းလင်းပွဲကို မြင်တွေ့ပြီးနောက် ထျန်းအကြီးအကဲက စကားတစ်ခွန်းမျှ မပြောဘဲ သူ့စာကြည့်ခန်းထဲ တိတ်တဆိတ် ထိုင်နေသည်။

ထိုစဉ် ဆေးရုံ နှင့် ကောလိပ်ကို ရောက်နေသည့် ထျန်းရီချန်း နှင့် ထျန်းကျင်းရွှမ်က သတင်းကြောင့် အံ့အားသင့်မိရုံသာ ဖြစ်ခဲ့ပြီး ယခုလို အမှန်တရား ပေါ်သွားလည်း ခံစားချက် မရှိခဲ့ပေ။ ယခုလို အခြေအနေ ရောက်သွားသည့် အကြောင်းအရင်းက ထျန်းရွှမ်ကြောင့်ဟု လက်ခံခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင်ကိုယ်ကျ ရောက်သွားခဲ့သည့် ထျန်းချင်းဝမ်က ဟိုတယ်အိမ်သာထဲ ပုန်းနေပြီး အပြင်ထွက်ရမည်ကို ကြောက်လန့်နေသည်။ ရှားယွီလင်း သူ့အပေါ်  ယခုလို ရက်စက်သွားလိမ့်မည်ဟု မယုံကြည်နိုင်၍ ကြမ်းပြင်ပေါ်မှာ စိတ်ပျက်အားလျော့စွာ ထိုင်နေသည်။

သူမက မလုပ်သင့်သည့် ကိစ္စရပ်ကို လုပ်ဆောင် သွားခဲ့ သော်လည်း တစ်ချိန်တည်းမှာပင် ယခုလို လုပ်ရပ်မျိုးကို  လုပ်ဆောင်ရန် အကျိုးသင့် အကြောင်းသင့်သည်။

ဒေါသတကြီး တုံ့ပြန်သည့် တစ်ဦးတည်းသောသူက ထျန်းရွှမ်ပင် ဖြစ်သည်။ သတင်းကို မြင်မြင်ချင်း သူမ၏ထိုင်ခုံပေါ်မှ ထခုန်လိုက်သည်။ သူမလည်း မယုံကြည်နိုင်စွာ သူ့လက်ထောက်ဘက်လှည့်ကာ စကားပြောသည်။
"ဒါ သက်သက် ဟာသလုပ်တာ မလား။ဟိုစုန်းမရဲ့ အကြံအစည်တွေပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား"

"ငါက မယားငယ်ရဲ့ သမီးဖြစ်စရာလား"

"ငါ့အမေက လျန်အုပ်စုရဲ့ အမွေဆက်ခံသူလေ။ မယားလုပ်ပါ့မလား"

"ဒါ ဖြစ်နိုင်ပါ့မလား"

"ငါ မယုံကြည်နိုင်ဘူး။ ငါ လက်မခံနိုင်ဘူး"
ထျန်းရွှမ်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး သူ့ရုံးခန်း ထိုင်ခုံကို မိန်းမောတွေဝေစွာ မှီထားသည်။

သူမက အဖြစ်မှန်ကို လက်မခံနိုင်မှန်း ပေါ်လွင်သည်။

"သူဌေး၊ ဒါတွေအားလုံးက အမှန်ပါပဲ"
သူ့လက်ထောက် ပြန်ဖြေသည်။
"မဒမ်က လူတိုင်း သေချာသိအောင် သက်သေနဲ့တင်ပြခဲ့တာပါ"

"သက်သေက အတုလုပ်နိုင်တာပဲ"

"ဒါပေမဲ့ တကယ်မှတ်တမ်းတွေက အတုလုပ်လို့ မရနိုင်ဘူး"

"ငါ ဂရုမစိုက်ဘူး"
ထျန်းရွှမ် ရိုက်ချက်ပြင်းပြင်းကို ခံစားနေရသည်။ သူမက ကြမ်းပြင်ပေါ် အသက်မဲ့စွာ လဲကျသွားကာ အော်ငိုသည်။
"ငါက ထျန်းမိသားစုရဲ့ ဆက်ခံသူ။ ထျန်းနင်က မယားငယ်သမီး။ သူပဲ မယားငယ်သမီး"

သူမ၏လက်ထောက်က သူမကို ကြည့်ပြီး သူမဘေးနား လမ်းလျှောက်လာသည်။ ထျန်းရွှမ်က အမှန်တရားကို လက်မခံနိုင်ကြောင်း ပေါ်လွင်နေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်  သူမကို နှစ်သိမ့်ရန် ကြိုးစားသည့် မည်သူ့ကို မဆို သူမက ရန်သူကဲ့သို့ ပြုမူ ဆက်ဆံလိမ့်မည်။

အာဏာကို ဆာလောင်မွတ်သွတ်သော အမျိုးသမီး တစ်ယောက်အနေဖြင့် သူမ၏ မိခင်က မယားငယ် ဖြစ်ကြောင်း တိုင်းသိပြည်သိ ဖော်ထုတ်ခံရ၍ တစ်လောကကလုံးကို သူမ ဘယ်လို ရင်ဆိုင်ရမည်နည်း။

သူမ၏လက်ထောက်က သူမကို စာနာစိတ်ဝင်မိသည်။ ရှားယွီလင်း၏ တိုက်ခိုက်မှုက အရမ်းကို ရက်စက်လွန်းသည်။

ထျန်းရွှမ် ပြန်မတိုက်ခိုက်နိုင်သည်အထိ တကယ့်ကို ဆိုးရွားလွန်းသည်။

သူမ လုပ်ခဲ့သမျှ အကုသိုလ် အပူမီးများက သူမကို ပြန်လောင်မြိုက်နေခြင်းသာ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမက မယားငယ်သမီးမှန်း တစ်နိုင်ငံလုံး သိသွားသည့် အပြင် ထျန်းနင်ကို သေကြောင်းကြံခဲ့သည့် အမှုလည်း လူသိထင်ရှား ဖြစ်သွားခဲ့သည်။

ထို့ကြောင့်လည်း ထျန်းရွှမ်က ကြမ်းပြင်ပေါ်မှာ မိန်းမောတွေဝေစွာ ထိုင်နေသည်။

သူမ၏လက်ထောက်က ရိုးရှင်းစွာ သူမကို အဖော်ပြုပေးနေပြီး သူမကို စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ ထျန်းအကြီးအကဲ ဖုန်းခေါ်လာသည်။
"ထျန်းရွှမ် ဘယ်လိုနေလဲ"

"သူဌေး၊ သူ စိတ်မကောင်းဖြစ်နေပါတယ်"
လက်ထောက်က ရိုးသားစွာ ပြန်ဖြေသည်။
"တွေတွေကြီး ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စကားတစ်ခွန်းမှ မပြောဘူး"

"သူ့ကို အိမ်ပြန်ခေါ်လာခဲ့တော့။ သူက ယွီလင်းနဲ့ သွားတွေ့သင့်တယ်။ သူ့အမှားကို ဝန်ခံပြီး ခွင့်လွှတ်မှုကို တောင်းခံသင့်တယ်"

"ဟုတ်ကဲ့ အခုပဲ အိမ်ပြန်ခေါ်လာပါ့မယ်"
လက်ထောက် ခေါင်းညိတ်သည်။

"ပြီးတော့ ယာယီဥက္ကဌ ရာထူးကနေ ဖယ်ပေးရမယ်။ အခုကစပြီးတော့ ထျန်းမိသားစုရဲ့ စီးပွားရေးလုပ်ငန်းမှာ ဝင်စွက်ဖက်ခွင့် မရှိတော့ဘူး"

လက်ထောက်က သုန်မှုန်သော မျက်ဝန်းအကြည့်ဖြင့် ဖုန်းချလိုက်သော်လည်း ထျန်းရွှမ်အနား လမ်းလျှောက်သွားပြီး ထျန်းရွှမ်ကို ကြမ်းပြင်ပေါ်မှ ထနိုင်အောင် ကူညီပေးသည်။
"သူဌေးကြီးက အိမ်ပြန်လာခိုင်းတယ်"

ထျန်းရွှမ်က သူမ၏လက်ထောက်ကို ဖျတ်ခနဲကြည့်လိုက်သည်။ သူမက သူ့ကို ခင်ပွန်းသည်နှင့် မှားယွင်းပြီး အတင်းဖက်ကာ ငိုကြွေးသည်။

တိုက်တိုက်ဆိုင်ဆိုင် ထျန်းရွှမ်၏ခင်ပွန်း စီးလာသည့် ဓာတ်လှေကား ရောက်လာသည်။

သူတို့နှစ်ဦး ဖက်ရက်နေသော မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။
"သူ့ကို လွှတ်လိုက်"

လက်ထောက် အံ့အားသင့်သွားပြီး ဖြေရှင်းချက် ပေးရန် အမြန်ဆုံး ကြိုးစားသည်။
"သူဌေးကြီးက ..."

"ဘာမှ လာမပြောနဲ့။ လုပ်စရာကိစ္စတွေရှိသေးတယ်။ မင်းတို့ကိစ္စကို နောက်မှ သီးသန့်ရှင်းမယ်"

"ကျုံးလူကြီးမင်း နားလည်မှု မလွဲပါနဲ့"
လက်ထောက်က ရိုသေစွာ ဂါရဝပြုသည်။

"ဟွန့်"
ထျန်းရွှမ်၏ခင်ပွန်းက သူမ၏လက်ကို ဆောင့်ဆွဲပြီး ဓာတ်လှေကားထဲ ဆွဲခေါ်သွားသည်။

တကယ်တမ်း သူလည်း အတော်ကလေးကို ဒေါသထောင်းခနဲ ထွက်နေသည်။ ထျန်းရွှမ်နှင့် လက်ထပ်ခဲ့သည့် ကြင်စဦး အချိန်တည်းက အလုပ်လုပ်ချင်သည့် အကြောင်းပြချက်ဖြင့် ကလေးယူရန် အမြဲငြင်းဆန်ခဲ့သည်။ တကယ်တမ်း သူ့ညီမ အရင်းကို ထိခိုက် နစ်နာအောင် လုပ်ချင်၍ အကြောင်းပြချက် ရှာကြံခဲ့ခြင်းသာဖြစ်သည်။ သူ့ဇနီးသည်က စည်းစိမ်ဥစ္စာနှင့် အာဏာကြောင့် မိသားစုချင်း လုပ်ကြံခဲ့သည့်အပြင် မယားငယ်၏ သမီးဖြစ်နေသည့် အဖြစ်မှန်ကြောင့် သူ့ဘက်မှ မိသားစုများလည်း အမြင်မကြည်ကြပေ။

ထို့အပြင် ဇနီးသည်၏လုပ်ရပ်ကြောင့် သူ့စီးပွားရေးလုပ်ငန်းလည်း ထိခိုက်ရပြန်သည်။ အပြင်သွားတိုင်း သူ့ကို တခြားသူများက လှောင်ပြောင်သော အကြည့်ဖြင့် ဝိုင်းကြည့်ကြဦးမည်။

သူတို့နှစ်ဦး၏ လက်ထပ်ထိမ်းမြားခြင်းကို အဆုံးသတ်ရန် အချိန်နီးကပ်နေပြီ။

သူ လုံးဝ သဘောမကျသည့် အချက်က ထျန်းရွှမ် လက်ထောက်၏ မျက်လုံး အကြည့်ဖြစ်သည်။

ထိုအကြည့်က သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

အပိုင်း(၃၉၂)
ပြီး၏။

အပိုင်း(၃၉၃)

သတင်းစာရှင်းလင်းပွဲ ပြီးဆုံးပြီနောက် မို့ထင်က ထျန်းနင် နှင့် ရှားယွီလင်းကို  Hyatt Regency ခေါ်ဆောင်သွားသည်။

"ကိုယ် မင်းတို့နှစ်ယောက် အတွက် ညစာပြင်တဲ့အချိန် ချစ်လေးက အမေ ရေချိုးဖို့ လိုအပ်တာတွေ ပြင်ဆင်ပေးလိုက်ဦး"
မို့ထင်က ထျန်းနင်၏ ဦးခေါင်းကို ဖွဖွလေးပုတ်ကာ အသိပေးသည်။
"ဒီနေ့ တစ်ရက်တော့ ချစ်လေးကို ငိုခွင့်ပြုမယ်"

ထျန်းနင် ခေါင်းညိတ်လိုက်ပြီး ရှားယွီလင်းကို အဝတ်ဗီဒိုအနား ဆွဲခေါ်သွားသည်။
"မေမေ၊ အခုတော့ သမီး အဝတ်အစားပဲ ယူဝတ်ထားလိုက်ဦး"

ရှားယွီလင်းက သူတို့ဇနီးမောင်နှံ၏ အိမ်ကို အကဲခတ်ကြည့်သည်။ ကျယ်ဝန်းသော စံအိမ်တော် ဖြစ်သော်လည်း အေးတိအေးစက် ခံစားချက်ကို မခံစားရပေ။ သူတို့လင်မယား နှစ်ယောက်တည်း နေထိုင်သော်လည်း နွေးထွေးသော ခံစားချက်ကို ခံစားရစေသည်။

"ရှောင်နင်၊ သမီးတို့လင်မယားက တကယ့်ကို လိုက်ဖက်ညီတယ်"

"ဒါနဲ့ ဘာလို့ သူ တစ်ယောက်တည်း ချက်ပြုတ်နေတာလဲ"

"သူ အလုပ်မရှုပ်တဲ့ နေ့တိုင်း သူကိုယ်တိုင် ချက်ပြုတ်တယ်။ ပြီးတော့ သမီးရဲ့ ခြေထောက်လေးတွေကို ကာကွယ်ပေးချင်လို့ သမီးကို မီးဖိုချောင်ထဲ မဝင်ခိုင်းဘူး"

ထျန်းနင်က အိမ်နေရင်း ဝတ်စုံတစ်စုံကို ဆွဲထုတ်ပြီး ရှားယွီလင်း လက်ထဲ ထည့်ပေးသည်။
"ဒီနေရာကို သဘောကျရင် အမေပြောင်းလာခဲ့လေ"

"ဒါက သမီးရဲ့ အိမ်လေ အမေက အတင်းလာနေလို့ ရပါ့မလား။ အမေက ဘယ်နေရာမှာ ဖြစ်ဖြစ် သွားနေလို့ ရပါတယ်။ အမေနေလို့ရတဲ့ နေရာ ရှိပြီသားပါ"
ရှားယွီလင်းက ထျန်းနင်၏လက်ကို ဖမ်းဆုပ်ကာ သက်ပြင်းချသည်။
"အမေ့သမီးလေး အရည်အချင်းရှိပြီး ချစ်ခင် ကြင်နာတတ်တဲ့ ခင်ပွန်းသည်ကိုလည်း ပိုင်ဆိုင်ထားတယ်။ အမေ့ဘဝမှာ မြေးလေး ချီချင်တဲ့ ဆန္ဒလေးပဲ ရှိပါတယ်"

"မြေးချီခွင့် ရလာမှာပါ"
ထျန်းနင် ပြုံးလျက် ပြန်ဖြေသည်။
"ရေသွားချိုးတော့။ ရေမိုးချိုး ပြင်ဆင်ပြီးမှ ညစာ လာစားတော့။ မို့ထင်က ဟင်းချက် တကယ်ကောင်းတယ်"

"အေးတိတိအေးစက်နဲ့ အရာရာကို အလေးအနက် ထားတတ်တဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအိုကြီးက အိမ်ရှင်မ အလုပ်တွေ လုပ်တတ်မယ်လို့ မထင်ခဲ့မိဘူး"

"အပြင်လူတွေ မြင်နေတွေ့နေရတာက အပေါ်ယံသက်သက်လေ။ သူလည်း သာမန်ယောက်ျားသားပဲ ဆိုတော့ မိသားစုကို နွေးထွေးကြင်နာတတ်ပါတယ်"
ထျန်းနင် ခိုးခိုးခစ်ခစ် ရယ်မောသည်။
"ဒီည ဒီမှာပဲ အိပ်လိုက်တော့။ အမေနဲ့ အတူတူ အိပ်မယ်"

"မို့ထင်က တစ်ယောက်တည်း ဖြစ်ပါ့မလား"

"သူ တစ်ယောက်တည်း အိပ်နိုင်ပါတယ်"

"အမေ့သမီးလေးက တခြားသူကို အနိုင်ကျင့်နေသလို ခံစားရနေတာ ဘာကြောင့်များလဲ"

"အနိုင်ကျင့်ဗိုလ်ကျလို့ ရတဲ တစ်စုံတစ်ယောက်ကို ဒီဘဝမှာ ပိုင်ဆိုင်ခွင့် ရထားရင် အဲဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချရမှာပေါ့"

ထိုစကားကို ပြောပြီးနောက် ထျန်းနင်က သူ့အမေကို ရေချိုးခန်းထဲ တွန်းပို့သည်။
"အမေ၊ အမေ ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် သမီးက အမေဘေးနားမှာ ရှိနေပေးမယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် အရမ်းကြီး ဖိအား မပေးပါနဲ့"

"အမေ နားလည်ပါပြီ"
ရှားယွီလင်းက ရေချိုးခန်းထဲ ဝင်သွားပြီး သက်ပြင်းချကာ မိမိကိုယ်မိမိ အားပေးလိုက်သည်။

အခု ငါ့မှာ သမီးရော သားမက်ရော ရှိသွားပြီ။

သူ့အမေ ရေချိုးခန်းထဲ ဝင်သွားပြီးနောက် ထျန်းနင် အောက်ထပ်ဆင်းသွားသည်။ သူမက ခြေဖျားလေး ထောက်ပြီး မို့ထင်အနား တိတ်တိတ်လေး သွားကာ ခါးလေးကို ခိုးဖက်သည်။
"ဒီနေ့ တော်တော်လေး အလုပ်ရှုပ်သွားပြီပေါ့"

"စိတ်မကောင်း ဖြစ်နေတုန်းလား"
မို့ထင်က ညစာပြင်ဆင်ကာ မေးမြန်းသည်။ သူ့လှုပ်ရှားမှုက သူမ၏ နွေးထွေးစွာ ဖက်ခြင်းကို အဟန့်အတား မဖြစ်စေခဲ့ပေ။

"ချစ်လေး ဘဝရဲ့ အရေးပါဆုံးလူတွေက ဘေးနားမှာ ရှိနေပြီလေ။ ချစ်လေးက ဘာကိစ္စကြောင့် စိတ်မကောင်း ဖြစ်ရမလဲ"
ထျန်းနင်က ခပ်ပြတ်ပြတ် လေသံဖြင့် ပြောဆိုသည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်ကျဆင်းလာ၍ မို့ထင်၏ရှပ်အင်္ကျီကို စွန်းထင်သွားသည်။
"ဒါပေမဲ့တချို့သော အကြောင်း ကြောင်းတွေကြောင့် ချစ်လေး ငိုချင်လာတယ်။ ယောက်ျားက ချစ်လေး ဘေးနား အမြဲနေပေးပြီလေ။ ချစ်လေးက ဘာအကြောင်းကြောင့် ဝမ်းနည်းရမလဲ"

"နောက်ပြီး ယောက်ျားက ချစ်လေးကြောင့် အပြောအဆို ခံရတဲ့ အခိုက်အတန့်တွေလည်း ရှိတယ်။ ဒါကြောင့် ယောက်ျားကို အားနာစိတ်ဝင်မိတယ်"

"ကိစ္စမရှိပါဘူး။ ကိုယ့်အတွက် အလေ့အထ ဖြစ်နေပါပြီကွယ်"
မို့ထင် ပြန်ဖြေသည်။

"ထင်၊ ချစ်လေးကို ခဏလေး ထပ်ဖက်ထားပါဦးလား"

"ရှေ့ကို လာခဲ့လေ"
မို့ထင်က ထျန်းနင်ကို သူ့ခန္ဓာကိုယ် အရှေ့ဘက် ဆွဲခေါ်သွားပြီး သူမကို နောက်ကျောဘက်ခြမ်းမှ သိုင်းဖက်ပြီး သူ့ဦးခေါင်းကို သူမ၏ပခုံးလေးပေါ် တင်ထားလိုက်သည်။
"ဒီလိုဆို ပိုမကောင်းဘူးလား"

"အများကြီး ပိုအဆင်ပြေတာပေါ့"
ထျန်းနင် ခေါင်းညိတ်လိုက်စဉ် သူမ၏နှုတ်ခမ်းလေးများက အပေါ်သို့ ကော့ညွှတ်သွားသည်။
"ရင်ထဲ နွေးထွေးသွားသလို ခံစားရတယ်"

ရှားယွီလင်းက လန်းဆန်းအောင် ရေမိုးချိုး ခေါင်းလျော်ပြီးနောက် လေမှုတ်စက် တောင်းရန် အောက်ထပ်ဆင်းလာခဲ့သည်။ သို့သော်လည်း မီးဖိုချောင် တံခါးပေါက်နား သူမ မတ်တတ်ရပ်လိုက်စဉ် ချစ်စဖွယ်ကောင်းသော စုံတွဲလေး၏ ကြည်နူးဖွယ် မြင်ကွင်းလေးကြောင့် သူမ မနှောင့်ယှက်ရန် ဆုံးဖြတ်ခဲ့သည်။

ဤမျှ လှပသော မြင်ကွင်းလေးကို မည်သူက နှောင့်ယှက်ရက်မည်နည်း။

နာရီဝက်ကြာပြီးနောက် ရိုးရှင်းသော်လည်း အရသာရှိသော ဟင်းပွဲများကို မီးဖိုခန်း စားပွဲခုံပေါ် တင်ပေးလိုက်သည်။

ရှားယွီလင်းက ဟင်းလျာများကို ငေးကြည့်ပြီး ပြုံးလိုက်သည်။
"သမီးအကြိုက် ဟင်းလျာတွေ ချက်ပြုတ်ပေးဖို့ မို့ထင်က အတော်ကလေး လေ့လာထားပုံပဲ"

"သူက အရင်တည်းက ဟင်းချက်တတ်ပါတယ်"
ထျန်းနင်က သူ့အမေအတွက် ခုံခင်းပေးသည်။
"သမီးနဲ့ လက်ထပ်ပြီးတည်းက ထင်ရဲ့ဟင်းချက်စွမ်းရည်က ပိုတိုးတက်လာတာပါ။ ဒီမှာ အမေ စမ်းမြည်းကြည့်ဦး"

ရှားယွီလင်း ခေါင်းညိတ်သည်။ မို့ထင်က ချဉ်းကပ်ရ ခက်ခဲသော သွေးအေးသူဟု သူမ အမြဲတမ်း တွေးခဲ့မိသော်လည်း သူတို့ဇနီးမောင်နှံ၏ တစ်ဦးပေါ် တစ်ဦး ဆက်ဆံတတ်သည့် အပြုအမူကြောင့် မို့ထင်က ဇနီးသည်ကို ဂရုစိုက်ပေးတတ်သည့် ခင်ပွန်းမှန်း သိလိုက်သည်။

"ဘယ်လိုလဲ စားကောင်းရဲ့လား"

"အရသာ ရှိတယ်"
ရှားယွီလင်း ချီးမွမ်းသည်။
"ဒါပေမဲ့ ဇနီးမယား တစ်ယောက်အနေနဲ့ သမီးကလည်း မို့ထင်ရဲ့အခက်အခဲကို နားလည်ပေးဖို့ လိုအပ်တယ်။ သူ့ကို ကြည့်စမ်းပါဦး။ စီးပွားရေးလည်း ဦးဆောင်ရ၊ သမီးအတွက်လည်း အလုပ်အကိုင် စီစဉ်ပေးရ နဲ့"
သူမ ရုတ်တရက် ရပ်တန့်လိုက်သည်။
" အမေ ပြောချင်တာက ယောက်ျားကို ကြင်ကြင်နာနာ ဆက်ဆံ၊ သူ့အတွက်ပါ ဖြည့်တွေးပေးလို့ ပြောချင်တာပဲ"

"ထျန်းနင်က ဇနီးကောင်းလေးပါ"

"ကြည့်ပါဦး၊ သူကတောင် သမီးဘက်က ပြောပေးနေပြီ"

ရှားယွီလင်း ဆွံ့အသွားမိသော်လည်း ယခုလို ပျော်ရွှင်မှုမျိုးကို မခံစားရသည်မှာ ဆယ်စုနှစ်ကျော် ကြာခဲ့ပါပြီ။ ယနေ့တော့ ချစ်သမီး ၊ သားမက်လေးတို့နှင့်အတူတူ ထမင်းလက်ဆုံ စားခွင့်ရပြီး ချစ်ရသူများနှင့် စကားပြောခွင့် ရခဲ့သည်။

ထိုအကြောင်းကို တွေးမိလေတိုင်း ရှားယွီလင်း ငိုချင်လာပြန်သည်။ သို့သော်လည်း ထျန်းနင်က သူမ၏လက်ကို လှမ်းဆွဲကာ စကားပြောလာသည်။
"အမေ ဆုံးဖြတ်ပြီးပြီဆိုတော့ နောင်တ မရနဲ့တော့။ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းက အရင်ကလောက် မဆိုးရွားနိုင်တော့ပါဘူး"

"ဟုတ်ပါတယ်လေ။ မြန်မြန်စား။ ဒီနေ့ည ထျန်းမိသားစုနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားသေးတယ်လေ"

ပြောစရာပင် မလိုအပ် သူမက ထျန်းချင်းဝမ်နှင့် ဒုတိယ အကြိမ်မြောက် ကွာရှင်းရန် ဆုံးဖြတ်ထားသည်။ သို့တိုင် ဤတစ်ကြိမ်တွင် ထျန်းမိသားစုပိုင် ရှယ်ရာ တချို့ကို ယူဆောင်ပြီး ပြတ်စဲရန် ဆုံးဖြတ်ထားသည်။

"စိတ်မပူပါနဲ့။ တွေ့မယ်နေရာကို ကြိုစာရင်းပေးထားပြီးပြီ။ ထျန်းမိသားစုကိုလည်း အသိပေးထားတယ်"

ရှားယွီလင်း ခေါင်းညိတ်သည်။ မို့ထင်က အရာရာကို သေချာစွာ စီမံ့ခန့်ခွဲနိုင်သော အရည်အချင်းရှိသည့် ယောက်ျားကောင်း ဖြစ်သည်။

"မြန်မြန်စား"

"ညစာ စားပြီးရင် အမေ့ကို အဖော်လုပ်ပေးဖို့ မလိုဘူး။ သမီးလုပ်စရာ ရှိတာ ဆက်လုပ်။ အမေ ဟိုနားသည်နား လျှောက်သွားဦးမယ်"

ထျန်းနင် ပြုံးလိုက်ပြီး သူမကို အတင်းအကြပ် ဖိအား မပေးခဲ့ပေ။

အပိုင်း(၃၉၃)
ပြီး၏။

Continue Reading

You'll Also Like

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
343K 5.1K 77
Fake scenes from Instagram.
10M 516K 43
|| Featured FREE story with exclusive paid chapters - previously a paid story || When Haley discovers the truth behind Xavier, whose silence holds a...