ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 379+380+381

110 11 0
By jellyflower1

အပိုင်း(၃၇၉)

သိပ်မကြာလိုက် မို့ထင်က အစားအသောက်များ ပြင်ဆင်ကာ အခန်းထဲ ပြန်ရောက်လာသည်။ ထျန်း‌နင် ဦးခေါင်းလေးကို မော့လိုက်ပြီး
"ပိုင်ချန်သုန်ကို သွားတွေ့ချင်တယ်"

"သွားတွေ့ဖို့ မလိုအပ်တော့ဘူး"
မို့ထင်က ထျန်းနင်၏အိပ်ရာ အစွန်းမှာ ထိုင်ပြီး သူမကို ဆွဲထူသည်။ ထို့နောက် သူမကို ဂရုတစိုက် အစားအသောက် ခွံကျွေးသည်။

သူမ၏သံသယမျက်ဝန်းအကြည့်ကြောင့် သူ ရှင်းပြသည်။
"ရှင်းအာက သူ့ကို ဂရုစိုက်ပေး နေတယ်"

"ပြီးတော့ လျော်ကြေးအနေနဲ့ ရှင်းအာကို ပေးလိုက်တယ်"

"ယောက်ျား ပြောချင်တာက..."

"မိန်းမ ထင်သလိုပဲ။ သူက ရှင်းအာကို သဘောကျနေတာ။ ရှင်းအာ အကြောင်း သူ ဘယ်လိုသိသွားလဲ မသိပေမဲ့ သူက စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့ လူတန်းစားမျိုး မဟုတ်ဘူး။ သူက တခြားသူကိစ္စ ဝင်မရှုပ်တတ်သလို သယ သဘောမကျဘဲ ဟန်ဆောင်မကြိုက်တတ်ဘူး"

မို့ထင်က ချိုချိုသာသာ ရှင်းပြသည်။ ထို့နောက် သူက ထျန်းနင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ပိုင်ချန်သုန်က တကယ့် ကိုယ့်ရဲ့ တစ်ဝမ်းကွဲ အစ်ကိုပါ။ သူက ကိုယ့်ထက် ရက်ပိုင်းလောက် အသက်ပိုကြီးတယ်"

"တစ်ဝမ်းကွဲ ညီအစ်ကိုတွေလား"

"ဟုတ်တယ်။ သူက ရှင်းအာကို သဘောကျနေတာ။ ရှင်းအာ အကြောင်း ဘယ်လိုသိသွားလဲတော့ မပြောတတ်ဘူး။ သူက စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့သူတော့ မဟုတ်ဘူး။ တခြားသူ ကိစ္စ ဝင်ပါရတာလည်း သဘောမကျဘူး။ သူ့စိတ်ထဲ မပါဘဲ သဘောကျချင်ယောင်လည်း မဆောင်တတ်ဘူး"
မို့ထင်က ထျန်းနင်ကို လေးလေးနက်နက် ကြည့်ရှုပြီး ချိုသာစွာ ရှင်းပြသည်။
"ပိုင်ချန်သုန်က တကယ်လည်း ကိုယ့်တစ်ဝမ်းကွဲအစ်ကိုပါ။ သူက ကိုယ့်ထက် ရက်ပိုင်းလောက် အသက်ပိုကြီးတယ်"

"တစ်ဝမ်းကွဲ ညီအစ်ကိုတွေလား။ ဒါကြောင့် ချစ်လေး သဘောမကျဘူးလို့ ဂျီးမများတာကိုး"
ပိုင်ချန်သုန်က သူမလို လူသစ်တစ်ဦးနှင့် အလုပ်တွဲလုပ်ရန် သဘောတူခဲ့သည့် အကြောင်းအရင်း အမှန်ကို သဘောပေါက်သွားသည်။

"အဲလိုလည်း မဟုတ်ဘူး။ သူသာ ဆန္ဒမရှိရင် သူ့ကို အတင်းအကျပ် ဖိအား ပေးလို့ မရဘူး"

"ရှင်တို့နှစ်ယောက်ကို ရုပ်ဆင်တယ်လို့ ခံစားမိတာ မဆန်းကြယ်ဘူးပဲ"
ထျန်းနင်က ပြုံးပြုံးရွှင်ရွှင် ပြန်ပြောသည်။ ထို့နောက် သူမ ဘေးနားမှ နေရာလပ်ကို ခပ်ဖွဖွ ပုတ်ကာ မို့ထင်ကို စကားပြောသည်။
"လာ၊ ချစ်လေး ဘေးနားမှာ လာအိပ်။ ဖက်ပြီး မအိပ်ရတာ တော်တော်ကြာပြီ"

မို့ထင်က အိပ်ရာပေါ် လှဲလိုက်ပြီး ထျန်းနင်ကို သူ့ရင်ခွင်ထဲ ခိုလှုံ့ခွင့်ပေးသည်။
"ဒီလိုမျိုးလေးလား"

ထျန်းနင်က မျက်လွှာလေးကို ချလိုက်ပြီး ခေါင်းညိတ်ပြသည်။
"ချစ်လေး စိတ်ထဲ သံသယဝင်နေတာ ရှိပေမဲ့ သက်သေ လိုအပ်သေးတယ်"

"စုံစမ်းဖို့ လူရှာရမယ်"

မို့ထင်၏စကားသံကို ကြားပြီးနောက် ထျန်းနင်က ရုတ်တရက် ထရယ်သည်။
"ထင်ရယ်၊  ချစ်လေး စကား အများကြီး ပြောနေဖို့တောင် မလိုအပ်ဘူး။ ယောက်ျားက ချစ်လေးကို အတွေးကို တစ်ထပ်တည်း သိနေတာနော်။ ယောက်ျားက ချစ်လေးရဲ့ အချစ်နတ်ဆိုးလေးလား ပြော"

"ကိုယ်က ချစ်လေးရဲ့ခံစားချက်ကို နှလုံးသားနဲ့ အမြဲနားဆင်းလို့လေ"
မို့ထင်က သူမ၏ဦးခေါင်းပေါ် အနမ်းခြွေလိုက်သည်။

"ချစ်လေးနဲ့ လက်ထပ်လိုက်လို့ ဒီဆေးရုံသေးသေးလေးရဲ့ အခန်းကျဉ်းကျဉ်းလေးထဲ ကျဉ်းကျဉ်းကျုံကျုံ အိပ်နေရတယ်"

"ချစ်လေးကို လက်ထပ်ခွင့်ရလို့ ကိုယ် ကံကောင်းတာ ချစ်လေး မတွေးမိဘူးမလား"

...

'Hidden Expert'ရုပ်ရှင်ကို ဟိုက်ဟွေ့ဖျော်ဖြေရေးက စီစဉ်ရိုက်ကူးခြင်း မဟုတ်၍ မို့ထင် ထိန်းချုပ်ခွင့် မရှိပေ။

အတင်းအဖျင်း သတင်းများ၏ မီးလောင်ရာ လေပင့် လုပ်ဆောင်မှုကြောင့် ရုပ်ရှင်ထုတ်လုပ်သူက ဒါရိုက်တာကို ဖုန်းဆက်လာခဲ့သည်။
"အခုပြဿနာနဲ့ ပတ်သက်ပြီး ငါ သေချာစဉ်းစားပြီးပြီ။ အခုပြဿနာကနေ ရှောင်ရှားဖို့ ထျန်းနင်နေရာ လူစားထိုးလိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲ။ လူစားထိုးဖို့ အသင့်လျော်ဆုံးသူကို ရွေးချယ်ပြီးပြီ။ အဲဒီ မင်းသမီးကို မနက်ဖြန် ပို့ပေးလိုက်မယ်"

"အသိမပေးဘဲ ထျန်းနင်နေရာ လူစားထိုးလိုက်တာ မှန်ကန်တယ်လို့ မထင်ဘူးနော်"
ဒါရိုက်တာ ဆုံးဖြတ်ရခက်သော အခြေအနေ ကျရောက်နေသည်။

"ငါ ... ဒီဖျော်ဖြေရေးလောကထဲ ကျင်လည်နေတာ ကြာပြီ။ ငါ့လုပ်ရပ်အတွက် ဘာတွေ ဖြစ်လာနိုင်လဲ ဘယ်လိုတွေ ရင်ဆိုင်ရမလဲ ငါ မင်းထက် ပိုသိတယ်။ အခုအချိန်မှာ လူတိုင်းက ထျန်းနင်ကို ဂြိုဟ်ဆိုးလို့ ဝေဖန်နေကြတာလေ။ တစ်စုံတစ်ယောက်က တမင်တကာ ကြံစည်တယ် ဆိုရင်တောင်ကွာ ထျန်းနင်က နေရာတကာမှာ ကံဆိုးမိုးမှောင် ကျစေတာ ငါတို့ရုပ်ရှင်ကို လာဘ်တိတ်စေတယ်။ ပိုင်ချန်သုန်ကို ကမ်းလှမ်းဖို့က လွယ်ကူတာ မဟုတ်ဘူး။ ထျန်းနင်ကို မသုံးရင်တောင် ငါတို့ ရုပ်ရှင်က နာမည်ကျော်ဦးမှာပါ"

"ဒါနဲ့ မို့ထင်ကို ဘယ်လို ပြောကြမလဲ။ ဒီအကြောင်း သူ့ကို ဘယ်လို ဖြေရှင်းချက် ပေးရမလဲတောင် မသိတော့ဘူး"
ဒါရိုက်တာ စိတ်အိုက်လာသည်။

"မို့သူဌေးကို ငါပြောလိုက်မယ်။ မင်း စိုးရိမ်နေဖို့ မလိုအပ်ဘူး။ ရုပ်ရှင်ရိုက်ကူးတာကိုပဲ အာရုံစိုက်ထားနော်"

"အင်း ဒါဆိုရင် အဆင်ပြေတယ်ဗျာ"

ဒါရိုက်တာက ကြံရာမရသည့်အဆုံးအရှုံးကို လက်ခံလိုက်သည်။ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ငွေကြေးပိုင်ဆိုင်သူက အနိုင်ရစမြဲ ဖြစ်သည်။
ညဉ့်နက်ချိန်ရောက်မှ ရုပ်ရှင်ထုတ်လုပ်သူက လုချယ်ကို ဖုန်းခေါ်လာ၍ မို့ထင်ကို ဖုန်းလွှဲပေးလိုက်သည်။
"အရေးကြီးတဲ့ ဖုန်းပါ"

မို့ထင်က အိပ်မောကျနေသော ထျန်းနင်ကို ငုံ့ကြည့်လိုက်ပြီး ဘေးတစ်ဖက် ဂရုတစိုက် ဖယ်ရှားပေးကာ ဆေးရုံအပြင်ဘက်စင်္ကြသို့ ဖိနပ်မပါဘဲ လမ်းလျှောက်သွားသည်။
"ဟယ်လို မို့ထင်လား ခင်ဗျား"

"မို့သူဌေး ၊ ကျွန်တော်က ရှောင်ရှောက်ပါ ခင်ဗျာ။ မဒမ်ရဲ့ ကျန်းမာရေး အခြေအနေ အဆင်ပြေရဲ့လား"
ရုပ်ရှင်ထုတ်လုပ်သူက အခြေအနေကို အကဲခတ်ချင်၍ ဗျူငှာစွာ စကားပြောကြည့်သည်။

"ရှောက်သူဌေး ပြောစရာ ရှိတာ ပြောသာပြောပါ"

"အရိုးသားဆုံး ဝန်ခံရရင် ထျန်းနင်က ဒီထက်မက တိုးတက်နိုင်တဲ့ အလားအလာ ကောင်းတွေ ရှိပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ မော်ဒယ်မျိုး ရဖို့ လွယ်ကူတာမှ မဟုတ်တာဗျာ။ ဒါပေမဲ့ ဗျာ ကံကောင်းခြင်းက ဘယ်လောက်အထိ အရေးပါလဲ လူကြီးမင်းလဲ သိမှာပါ။ ကျွန်တော်က ဒီရုပ်ရှင်အတွက် ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံထားရတာလေ။ တစ်ခုခုဆို ကျွန်တော် ပိုင်ဆိုင်ထားသမျှ အကုန်လုံး ဆုံးရှုံးသွားလိမ့်မယ်။ ထျန်းနင်က သူ ဒုက္ခရောက်ရင် နောက်ကနေ ကူညီပံ့ပိုးပေးမယ် ဟိုက်ဟွေ့ဖျော်ဖြေရေး တစ်ခုလုံးကြီး ရှိနေသေးတယ်ဗျ။ ဒါကြောင့်လေ..."

"ကျွန်တော် သေသေချာချာ စဉ်းစား ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ တစ်ဖွဲ့လုံး ထျန်းနင်နေရာမှာ လူစားထိုးဖို့ ဆုံးဖြတ်လိုက်တယ်"

သူ ပြောချင်သည့် အချက်က ထျန်းနင်နေရာမှာ လူစားထိုးရန် ဖြစ်သည်။

"ရှောက်သူဌေး၊ သေချာ ပြန်စဉ်းစားပါဦး။ တချို့ကိစ္စတွေက နောင်တရမိရင်တောင် နောက်ပြန်လှည့်ခွင့် မရှိဘူး"
မို့ထင်က သူ့မျက်ဝန်းနက်ထဲမှ ဒေါသမီးလျှံကို ထိန်းချုပ်လျက် အေးအေး ဆေးဆေး သတိပေးသည်။

သူတို့ကို မပြောပြရသေးသည့် ကိစ္စရပ်တစ်ခု ကျန်ရှိနေသေးသည်။ သူနှင့် ပိုင်ချန်သုန် ၏ အမျိုးတော်စပ်မှု ဖြစ်သည်။

ထျန်းနင်ကို ဖယ်ရှားလိုက်လျှင် ပိုင်ချန်သုန်က သူမ မပါဘဲ ရုပ်ရှင် ဆက်လက် ရိုက်ကူးမည်လော။

"အားနာပါတယ် မို့သူဌေးရယ်"

"ငါ သဘောပေါက်ပြီ"
မို့ထင်က သူတို့ဆုံးဖြတ်ချက် ပြောင်းလဲသွားအောင် မကြိုးစားကြည့်ခဲ့ပေ။ နာမည်ကျော်ဟိုက်ဟွေ့ ဖျော်ဖြေရေးအတွက် ရွေးချယ်စရာ အခွင့်အလမ်းကောင်းများ ပေါများသည်။

သို့တိုင် ဤဆုံးဖြတ်ချက်အတွက် ရင်ဆိုင်ရမည့် အကျိုးဆက်ကို ရှောက်သူဌေးတို့အဖွဲ့ သိသွားစေချင်သည်။

ဖုန်းချလိုက်ပြီးနောက် ရုပ်ရှင်ထုတ်လုပ်သူက သူ့ပခုံးပေါ် ထမ်းရွက်ထားသော ဝန်ထုတ်ဝန်ပိုးကြီး ပေါ့ပါးသွား သကဲ့သို့ ခံစားရ၍ သူ့ကိုယ်သူ ဂုဏ်ယူနေသည်။

"ထျန်းနင်နဲ့ ရုပ်ဆင်တဲ့သူ ပေါသောနေတာပဲ။ ထျန်းနင်က မော်ဒယ် အနေနဲ့ အရမ်းကျော်ကြားပေမဲ့ ဒါက ရုပ်ရှင်နယ်ပယ်လေ။ အသစ်တစ်ယောက် အတွက်နဲ့ မစွန့်စားနိုင်ပါဘူး"

"သူဌေး၊ မဒမ်ကို အစားထိုးလိုက်ပြီလား"

မို့ထင်က သူကိုယ်တိုင် စီမံ့အုပ်ချုပ်ရသော အနုပညာရှင်က ယခုလို အခြေအနေမျိုး နှင့် ရင်ဆိုင်ရလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။

လုချယ်လည်း အံ့အားသင့်မိသည်။

လုချယ်၏လက်ရှိတာဝန်က မို့ထင် ပေးအပ်သမျှ အမိန့်ကို နာခံရန်သာ ဖြစ်သည်။

ရုပ်ရှင်ထုတ်လုပ်သူက ဤနည်းလမ်း တွေးတောခဲ့ခြင်းကား တကယ်တမ်း နားလည်ပေး၍ ရသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က ဤဆုံးဖြတ်ချက်ကို လွှမ်းမိုးထားခဲ့လျှင် မို့ထင် ဆက်လက် စုံစမ်းရလိမ့်မည်။

သူ့ကုမ္ပဏီမှ အနုပညာရှင်ကို လူစားထိုးရဲသည့်အထိ အတင့်ရဲနေသည်။

သူတို့က ထျန်းနင်ကို

Since they dared to call Tangning a jinx, he was going to let them experience true misfortune!

"မို့သူဌေး ၊ ဖိနပ် အရင်ဝတ်ပါဦး
လုချယ်က အခန်းထဲ ချန်ခဲ့သော ဖိနပ်ကို ကိုင်ကာ သူ့အရှေ့ ချပေးလိုက်ပြီး စကားလမ်းကြောင်းလွှဲရန် ကြိုးစားသည်။

အဆုံးသတ်မှာ မို့ထင်က သူ့ဖိနပ်ကို ဝတ်ဆင်လိုက်ပြီး ပိုင်ချန်သုန်၏အခန်းဘက် ချက်ချင်း လမ်းလျှောက်သွားကာ အခန်းတံခါး ခေါက်လိုက်သည်။

"မို့သူဌေး..."
ဟန်ရှင်းအာက သူ့ထိုင်ခုံပေါ်မှ ကျိုးကျိုးနွံနွံ ထရပ်လိုက်သည်။

"ခဏလောက် အပြင်ထွက်ပေးပါ။ ငါ ပိုင်ချန်သုန်နဲ့ ခဏ စကားပြောချင်တယ်"
မို့ထင် ညွှန်ကြားသည်။

"ဟုတ်ကဲ့ပါ သူဌေး"
ဟန်ရှင်းအာက အခန်းထဲမှ ချက်ချင်း ထွက်သွားသည်။

ထိုစဉ် ပိုင်ချန်သုန်က မကျေနပ်သော မျက်နှာအမူအရာဖြင့် ကြည့်ရှုနေသည်။

"နောက်ခါဆို ငါ့ကောင်မလေးကို အဲဒီလိုလေသံနဲ့ မပြောစမ်းနဲ့။ ငါ တစ်ယောက်တည်းပဲ အဲဒီလို ပြောခွင့် ရှိတယ်"

"ဒါရိုက်တာက ထျန်းနင်ကို အစားထိုးဖို့ ဆုံးဖြတ်လိုက်တယ်"
မို့ထင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဒါကြောင့် မင်းလည်း အဲဒီရုပ်ရှင်ကနေ နုတ်ထွက်ရမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့..."

"ငါ သဘောပေါက်ပြီ"
ပိုင်ချန်သုန် ခေါင်းညိတ်ပြသည်။
ဤရုပ်ရှင်ကို သူ သဘောကျမိသည့်တိုင် သူ့မိသားစုဝင်ကို အနိုင်ကျင့်ခဲ့သည့် ဒါရိုက်တာကို မထောက်ခံနိုင်ပေ။

ဤရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးခဲ့နိုင်သည့်တိုင် သုံးသပ်ချက် အဆင့်ကို မကျော်နိုင်သကဲ့သို့ ရုံတင်ဖွင့်လည်း မရနိုင်ပေ။

"အဲဒီရုပ်ရှင်က နုတ်ထွက်ဖို့ အကောင်းဆုံး အဆင်ပြေဆုံး နည်းလမ်းကို သုံးမယ်။ ငါ ဆေးရုံတက်နေတုန်း ဆိုတော့ သူတို့တွေ ငါ့ကို လျော်ကြေး တောင်းလို့ မရဘူး"

အပိုင်း(၃၇၉)
ပြီး၏။

အပိုင်း(၃၈၀)

ခမ်းနားထည်ဝါသော ထျန်းမိသားစု စံအိမ်တော်အတွင်း မီး အလင်းရောင် လင်းလက်နေသည်။

ထျန်းအကြီးအကဲ၏ အခြေအနေ တည်ငြိမ်သွား၍ ဆေးရုံဆင်းကာ အိမ်ပြန် အနားယူနေသည်။ အဘိုးဖြစ်သူ စိတ်ကျေနပ်အောင် တမိသားစုလုံးက ဘိုးဘိုးကို ဆေးရုံမှ သွားခေါ်သည်။

"ဘိုးဘိုး၊ နောက်ကျ နေပြီ။ ဘိုးဘိုး အနားယူဖို့ အခန်းထဲ လိုက်ပို့ပေးမယ်"
ထျန်းရွှမ်တို့ဇနီးမောင်နှံက ဘိုးဘိုးကို တွဲကူကာ စကားပြောသည်။

"ဘိုးဘိုး"
ထျန်းကျင်းရွှမ် စကားဖြတ်ပြောသည်။

"ကျင်းရွှမ်၊ ဘိုးဘိုး နေမကောင်းသေးဘူးနော်။ အကျိုးမရှိတဲ့ စကားတွေနဲ့ ဘိုးဘိုးကို ဒေါသထွက်အောင် မလုပ်စမ်းနဲ့။ အခြေနေ နဲ့ အချိန်အခါကို သိစမ်းပါ"
ထျန်းရွှမ်က သူ့ကို ဟန့်တားသည်။ အပေါ်ယံကြည့်လိုက်လျှင် ထျန်းရွှမ်က သူတို့ဘိုးဘိုး၏ အခြေအနေကို အလေးအနက် သဘောထားသည်ဟု ထင်ရသော်လည်း တကယ်တမ်း ထျန်းနင် ၏ မတော်တဆ ဖြစ်ရပ်ကို ဘိုးဘိုး သိသွားမည်ကို မလိုလား၍ ဖြစ်သည်။

သို့သော်လည်း ထျန်းအကြီးအကဲက အလွယ်တကူ အရူးလုပ်၍ ရသူ မဟုတ်ပေ။ ထို့ကြောင့် သူက တည့်တည့်မတ်မတ် မတ်တတ်ထရပ်ပြီး စကားပြောသည်။
"ကျင်းရွှမ်၊ ပြောစရာရှိတာ ပြော။ ဘိုးဘိုး နားထောင်မယ်"

ထျန်းကျင်းရွှမ်က ထျန်းရွှမ်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက တရားဝင် မကြေညာသေး၍ အမှန်တရားကို မသိရသေးပေ။
ထို့ကြောင့် ထျန်းအကြီးအကဲကို အသိမပေးခင် အမှန်တရားကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

"ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး"

"ဘာမှ မဟုတ်ဘူးဆိုတာ ဘာသဘောလဲ"
အမေထျန်းက ဘိုးဘိုးအနား လာရန် အပေါ်ထပ်မှ ဆင်းသက်လာသည်။
"အဖေ။ သမီး စကားပြောချင်လို့ အချိန်ပေးလို့ ရမလား"

"ယွီလင်း၊ဘာပဲပြောချင် ပြောချင် မနက်ဖြန်မှပဲ ပြောတော့"
ထျန်းအကြီးအကဲက ခပ်မာမာလေသံဖြင့် ပြောဆိုသည်။

"အဖေက သမီးနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် ခပ်တန်းတန်း ဆက်ဆံတတ်ပေမဲ့ အခုပြောချင်တဲ့ ကိစ္စက ထျန်းနင် အကြောင်းပါ။ အဖေ နားထောင်ပေးဖို့ မျှော်လင့်ပါတယ်"
အမေထျန်းက ထျန်းအကြီးအကဲ အနား ချဉ်းကပ်လာသည်။

"အရင်တည်းက ဆေးရုံလာတွေ့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမဲ့ ထျန်းရွှမ်ရဲ့ လူတွေက ကျွန်မကို ဟန့်တားကြတယ်။ အဖေနဲ့ တွေ့ခွင့် မရတော့ ပြန်လာတဲ့ အချိန်အထိ စိတ်ရှည်ရှည် နဲ့ ထိုင်စောင့်နေတာပါ"

"ဒါဆိုရင် မင်းပြောချင်တာ ဆက်ပြော"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို ခပ်တန်းတန်း ကြည့်ရှုလိုက်သည်။

"ရှောင်နင် ရုပ်ရှင်ရိုက်ကူးရင်း အမြင့်ပေါ်က ပြုတ်ကျတယ်။ သေလား ရှင်လား ငါတို့တွေ မသိရသေးဘူး"

"ဘာ"
ထျန်းအကြီးအကဲ တုန်လှုပ်သွားသည်။

"ဘိုးဘိုး စိတ်အေးအေး ထားပါ ..."
ထျန်းရွှမ် ချက်ချင်း စကားပြောသည်။

"ဘိုးဘိုး၊ အခြေအနေက သူ ပြောသလောက်ကြီး မဆိုးရွားပါဘူး။ မြေး တစ်ယောက်ယောက်ကို အခြေအနေ စုံစမ်းခိုင်း ထားပါတယ်။ ထျန်းနင်ရဲ့ ဒဏ်ရာက ပမွှားလေးပါ။ အဆင်ပြေပါတယ်"

"တစ်ယောက်ယောက်ကို စုံစမ်းခိုင်းတယ် ဟုတ်လား။ နင်က ဖျော်ဖြေရေး လောကသားတွေကို သဘောမကျဘူး မလား။ ဒီသတင်းစုံစမ်းတာ မြန်ဆန်လှချည်းလား"
အမေထျန်းက ချက်ချင်း ခွန်းတုံပြန်သည်။
"ငါလည်း တစ်စုံတစ်ယောက်ကို စုံစမ်းခိုင်းခဲ့ပါတယ်။ အဲဒီလူက ဟိုက်ဟွေ့ဖျော်ဖြေရေးက လူပဲ။ တရားဝင် မဖြေရှင်းရသေးလို့ လျှို့ဝှက်ချက် အနေနဲ့ ဖုံးကွယ်ထားတာ နင်က ဘယ်လို စုံစမ်းလိုက်သလဲ"

"နင် အရည်အချင်း မရှိတာနဲ့ ငါက အရည်အချင်း မရှိရတော့ဘူးလား"

"နင်က ထျန်းနင်ကို ဘယ်အချိန်တုန်းက ဂရုစိုက်သွားတာလဲ"
အမေထျန်း ခွန်းတုံ့ပြန်သည်။

"ယွီလင်း၊ ထျန်းနင် အဆင်ပြေတယ်ဆိုတော့ အဆိုးထဲက အကောင်းပဲလေ။ ထျန်းနင် ဆေးရုံဆင်းရင် မင်း သွားကြည့်ပေါ့။ အိမ်မှာ ပြဿနာ ရှာနေဖို့ မလိုအပ်ဘူးလေ"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို မျက်နှာသာပေး ချင်ယောင် ဟန်ဆောင်သည်။

"မင်း အခုလို စိတ်ဆတ်နေရတဲ့ အခြေအနေကို နားလည်နိုင်ပေမဲ့ ဒီအကြောင်းကို နောက်မှပဲ ပြောကြတာပေါ့"

ထိုစကားကို ပြောပြီးနောက် ထျန်းအကြီးအကဲ လှည့်ထွက်လာခဲ့သည်။
သို့သော်လည်း အမေထျန်းက နောက်ကွယ်မှ ရုတ်တရက် သံကုန်ထအော်သည်။
"ထျန်းရွှမ်ကို ကာကွယ်ပေးချင်လို့ ထျန်းနင်ကို နာကျင်အောင် လုပ်လို့ကတော့ ထျန်းမိသားစုရဲ့ မျက်နှာကို ထောက်ရှုနေစရာ အကြောင်း မရှိတော့ဘူး။ ထျန်းနင် အမြင့်ကနေ ပြုတ်ကျသွားရတဲ့ အကြောင်းအရင်းကို ငါ မစုံစမ်းနိုင်ပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက တော့ စုံစမ်းနိုင်မှာပါ။ အဲဒီ အချိန် ရောက်မှ အဖေ ဖြေရှင်းပေးနိုင်ဖို့ ဆုတောင်း ပေးလိုက်ပါတယ်"

ဤတစ်ကြိမ်တွင် အမေထျန်းက အရင်ဆုံး ကျောခိုင်းသွားသည်။

ထျန်းရွှမ်၏မျက်နှာပေါ်တွင် စိတ်ရှုပ်သော အရိပ်အယောင်များ ပေါ်လွင်နေပြီး ထျန်းအကြီးအကဲကို စကားပြောသည်။
"ဘိုးဘိုးကို အခန်းထဲ လိုက်ပို့ပေးမယ်"

ထျန်းအကြီးအကဲက စကားတစ်ခွန်းမျှ မပြောဘဲ လမ်းလျှောက်ဘတုတ်ကောက်လေး၏ အကူအညီဖြင့် သူ့အခန်းဘက် လမ်းလျှောက်လာသည်။

ထျန်းရွှမ်တို့ဇနီးမောင်နှံက သူတို့အခန်းပြန်သွားသည်။ ထိုစဉ် ထျန်းကျင်းရွှမ်က ထျန်းအကြီးအကဲ၏ အိပ်ခန်းထဲ ခိုးဝင်ကာ ထျန်းအကြီးအကဲ နှင့် စကားပြောသည်။

"ဘိုးရဲ့ အဖိုးတန် မြေးလေး။ စောစောတုန်းက ဘိုးဘိုးကို စိတ်ပျက်သွားလား"
ထျန်းအကြီးအကဲ သက်ပြင်းချသည်။

"ဘိုးဘိုး သမာသမတ်ရှိတဲ့ လူကြီး တစ်ယောက် အနေနဲ့ အမြဲတမ်း နေခဲ့တယ်။ အခုနောက်ပိုင်း တွန့်ဆုတ် တွန့်ဆုတ်နဲ့ ခေါင်းရှောင်သလို ဖြစ်နေခဲ့တယ်။ မင်းရဲ့ အစ်မသုံး အကြောင်း ရိုးရိုးသားသား ပြောပြစမ်းပါ မြေးလေးရယ်"

"အစ်မ အဆင်ပြေနေမှာပါ"
ထျန်းကျင်းရွှမ် ပြန်ဖြေသည်။

"ကျင်းရွှမ်၊ မြေးလေးက သီချင်း ဆိုရတာ သဘောကျလို့ Bandဖွဲ့ထားတာ ဘိုးဘိုး သိပါတယ်။ ဘိုးဘိုးက မြေးလေး ဖျော်ဖြေရေးလောကထဲ ဝင်ရောက်မှာကို ဟန့်တားချင်လို့ မဟုတ်ဘူးနော်။ ဒါပေမဲ့ မင်းအစ်မကြီး ဘာတွေ ရင်ဆိုင်ရလဲ မြေးလေး မြင်ပါတယ်နော်"

"မင်းရဲ့အစ်မသုံး အိမ်ပြန်လာပြီး အခု အရှုပ်အရှင်းတွေကို ဖြေရှင်းပေးဖို့ ဘိုးဘိုး ဘယ်လောက်တောင် မျှော်လင့်ခဲ့လဲ မြေးတို့ မသိပါဘူး။ ဒါမှလည်း ဘိုးဘိုး အနားယူပြီး မြေးလေး သီချင်းဆိုတာကို နားထောင်ခွင့် ရမှာလေ။ ဘိုးဘိုးမှာ အားကိုးစရာ ဆိုလို့ ထျန်းနင်က လွဲရင် တခြား ဘယ်သူ ရှိသေးလို့လဲ မြေးရယ်"

ထျန်းအကြီးအကဲ၏ စကားသံကို ကြားပြီးနောက် ထျန်းကျင်းရွှမ်  တာဝန်ယူသင့်ခြင်း၏ သဘောသဘာဝကို ပထမဆုံးအကြိမ် နားလည်သွားသည်။

"ဘိုးဘိုး၊ မြေးလေး စီးပွားရေးလုပ်ငန်းကို တစ်ခါမှ မဦးစီးခဲ့ဖူးဘူး"

"မင်းရဲ့အစ်မတွေကလည်း အာဏာ ယှဉ်မလုခဲ့ဖူးဘူး"

"ဘိုးဘိုးက မင်းရဲ့အစ်မသုံး ပြန်လာမယ့်အချိန်ကို မျှော်နေတာ။ ဒါပေမဲ့လည်း..."
ထျန်းအကြီးအကဲ ခေါင်းခါသည်။ ထျန်းနင် ထျန်းမိသားစုထံ ပြန်လာရန် ငြင်းဆန်ရသည့် အကြောင်းအရင်းကို သူ့စိတ်ထဲ သိနေပါသည်။ 

ထျန်းရွှမ်၏ ယုတ်ညံ့သော အကြံအစည် များကြောင့်သာ ဖြစ်လေ၏။

"အခုချိန်က စပြီးတော့ မင်းရဲ့ အစ်မအကြီးဆုံးကို စောင့်ကြည့်ပြီး အစ်မသုံးရဲ့ သတင်းလည်း စုံစမ်းထား။ မင်းရဲ့ဘိုးဘိုးက အသက်ကြီးနေပေမဲ့ နှစ်ကြိမ် နှစ်ခါတော့ မမိုက်မဲချင်တော့ဘူး"

"နားလည်ပါပြီ ၊ ဘိုးဘိုး"

ထျနိးမိသားစု စံအိမ်တော်၏ စင်္ကြလမ်းအတွင်း ထျန်းရွှမ်က ဖုန်းကိုင်ကာ တစ်ချိန်လုံး မတ်တတ်ရပ်ကာ လေသံခပ်တိုးတိုးဖြင့် စကားပြောနေသည်။

"ထျန်းသူဌေး၊ သူဌေး ခိုင်းထားတဲ့ အတိုင်း လုပ်ပြီးပါပြီ။ 'Hidden Expert'ရဲ့ ထုတ်လုပ်သူက ထျန်းနင်ကို ဖယ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အခုဆိုရင် လူတိုင်းက ထျန်းနင်ကို ဂြိုလ်ဆိုးလို့ သမုတ်နေကြလို့ ထျန်းနင်ကို ရှောင်ဖယ်တဲ့သူတွေ များလာပြီ"

"ဒါက မလုံလောက်သေးဘူး။ သူ့ဂုဏ်သိက္ခာ အဖက်ဆယ်လို့ မရတဲ့အထိ အတင်းအဖျင်း သတင်းဆိုးတွေ ထွက်စေချင်သေးတယ်"

"နားလည်ပါပြီ"

ထို့နောက် ထျန်းရွှမ်က သူ့အခန်းထဲ ပြန်သွားသည်။ သို့သော်လည်း ထျန်းကျင်းရွှမ်က သူ့ရှေ့ ရုတ်တရက် ရောက်လာပြီး သူမ သွားမည့်လမ်းကို ပိတ်သည်။
"နင် ဖုန်းပြောနေတာ ငါ ကြားတယ်။ နင် တရားလွန်နေတာ နင် သိရော သိရဲ့လား"

"ကျင်းရွှမ်၊ မင်း အစ်မကို နားလည်မှုလွဲနေပြီ..."


"ကျွန်တော့် အရှေ့မှာ ဟန်ကိုယ့်နေဖို့ မလိုအပ်ပါဘူးနော်"
ထျန်းကျင်းရွှမ်က လက်ပိုက်ဟန် အနေအထားဖြင့် စကားဆက်ပြောသည်။ ။ ဒီအိမ်မှာ နေတဲ့ မိသားစုဝင်တိုင်းက နင့်ကို သည်းခံဖို့ အတော်ကလေး ကြိုးစားနေရတာ သိရော သိရဲ့လား။ အန်တီဆို နင့်ကို နှစ်ပေါင်းများစွာ သည်းခံပေးခဲတယ်။ ထျန်းနင်ကို အိမ်ပေါ်က မောင်းချဖို့ တွန်းအား ပေးခံရတာတောင် စကားတစ်ခွန်း ဝင်မပြောခဲ့ဘူး။ ဒါတောင် နင်က ကံကြမ္မာကို စမ်းသပ်ချင်သေးတယ်နော်"

"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ နားမလည်တော့ဘူး။ လမ်းဖယ်စမ်းပါ။ ငါ အနားယူရဦးမယ်။ မိသားစု စီးပွားရေးကို ဝင်ပါဖို့ စိတ်ကူးမယဉ်နဲ့။ နင်တို့လို ကလေးတွေ နားလည်မယ့် အလုပ် မဟုတ်ဘူး"

ထျန်းရွှမ်က ထျန်းကျင်းရွှမ်ကို ဘေးတွန်းဖယ်သည်။

သို့သော်လည်း ထျန်းကျင်းရွှမ်က စကားတစ်ခွန်းမျှ မဆိုဘဲ ရိုးရှင်းစွာ အသက်ခပ်ပြင်းပြင်းရှုသည်။

အိပ်ပျော်နေချင်ယောင် ဟန်ဆောင်သူကို ပို၍ လှုပ်နှိုးရခက်ခဲမှန်း သိပါသည်။

တစ်ခါတရံ မိသားစုအချင်းချင်း ရန်စောင်းသော ပွဲများကို ကြည့်ရှုချင်စိတ် မရှိပေ။ သို့တိုင် ထျန်းနင် အိမ်ပြန်လာပြီး ထျန်းရွှမ်ကို မောင်းထုတ်ပစ်ရန်လည်း တောင်းဆုခြွေခဲ့ဖူးသည်။ ဆုတောင်းတိုင်းသာ ဖြစ်လာခဲ့လျှင် ဘယ်လောက် ကောင်းလိုက်မလဲ။

ထိုစဉ် ထျန်းနင်က 'Hidden Expert' ရုပ်ရှင်မှ ဖယ်ရှားခံရသည့် သတင်းကို မသိသကဲ့သို့ထျန်းမိသားစုမှာ သူမကြောင့် နောက်တစ်ကြိမ် ရန်ပွဲဖြစ်ခဲ့သည့် အဖြစ်မှန်ကို မသိခဲ့ချေ။

အပိုင်း(၃၈၀)
ပြီး၏။

အပိုင်း(၃၈၁)

ပြဿနာဖြစ်ပွားသည့် ညတည်းက ဟိုက်ဟွေ့ဖျော်ဖြေရေးက တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထျန်းနင်က အသေးအမွှား ထိခိုက်ခဲ့ပြီး ပိုင်ချန်သုန်က ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

မတော်တဆ ဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေ၍ ဖြေရှင်းချက် မပေးနိုင်သေးကြောင်း နှင့် လူတိုင်း စိတ်ရှည်ရှည် နှင့် စောင့်မျှော်ပေးရန် မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သို့တိုင် ထျန်းနက်ကို ဂြိုလ်ဆိုးဟု သမုတ်ထားသော အတင်းအဖျင်း သတင်းက မပျောက်ကွယ်ခဲ့ပေ။ ထျန်းနင်ကို စုန်းကဝေ လောကနှင့် ဆက်စပ်နေသည်ဟု ယုံကြည်သူများလည်း ရှိလာကြသည်။

ယခုလို အတင်းအဖျင်း သတင်းများကို ဖျော်ဖြေရေးလောကတွင် အမြဲတမ်း ပေါ်ပေါက်လေ့ရှိသည်။ ဆယ်လီ အများစုက နတ်ဆရာများကို ငှားရမ်ပြီး သရဲ တစ္ဆေများကို သူတို့အိမ် ဖိတ်ခေါ်ကြသည်။ သရဲတစ္ဆေများ လိုအပ်သော အစားအသောက် နှင့် မီးရှို့ပူဇော်ပြီးနောက် ကျော်ကြားမှု နှင့် ကံကောင်းခြင်းများ လဲလှယ်ကြသည်။

ယခုလို ဖြစ်ရပ်မျိုးကို လုပ်ဆောင်သး ပေါ်များ၍ ထျန်းနင်ကို ကြောက်စရာကောင်းသော ကံဆိုးသူအဖြစ် လူတိုင်းနီးနီးက သတ်မှတ်ကြသည်။

ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က အတင်းအဖျင်း သတင်း ဖယ်ရှားပစ်ရန် အကောင်းဆုံး ကြိုးစားသော်လည်း ထျန်းနင်၏ အလုပ်အားလုံး ရပ်ဆိုင်းလိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။ ဤနည်းလမ်းကို စောစောစီးစီး လုပ်ဆောင် သင့်သည်လော။

နောက်တစ်နေ့ မနက်ခင်း ဆေးရုံက ထျန်းနင်၏ အခြေအနေကို ထပ်မံ့စစ်ဆေးပေးသည်။ သူမ၏ ဦးခေါင်း ထိခိုက်မှု မရှိကြောင်း အတည်ပြုပြီးနောက် ထျန်းနင်က ဆေးရုံဆင်းခွင့် တောင်းဆိုသည်။ သို့သော်လည်း မို့ထင် သူမကို အကြံပေးသည်။
"ပေကျင်းကို အရင်ဆုံး ပြန်ကြမယ်။ ချစ်လေးကို တွေ့ချင်နေတဲ့သူ ရှိတယ်"

"ဘယ်သူလဲ"
ထျန်းနင် မေးမြန်းသည်။

မို့ထင်က သူမ၏ ဦးခေါင်းလေးကို ဖွဖွလေး ပုတ်ကာ သူ့နှလုံးသား နာကျင်နေရသည်။

"ချစ်လေး သူတို့ကို မြင်ရင် သိမှာပါ"

ထျန်းနင် စပ်စုချင်သော်လည်း မို့ထင်၏ စီစဉ်မှုကို နာခံခဲ့သည်။ သို့တိုင် သူမနေရာ အစားထိုးခံရသည့် ဖြစ်ရပ်က အကြာကြီး ဖုံးကွယ်၍ မရပေ။

"ချစ်လေးကို ထုတ်ပယ်လိုက်တာလား"
ထျန်းနင်က မို့ထင်ကို မေးမြန်းသည်။
"ဘာလို့လဲ... ချစ်လေး ဘာအပြစ်လုပ်မိလို့လဲ စဉ်းစား မရပါလား"

မို့ထင်က ကားကို ထိုးရပ်လိုက်ပြီး သူမ၏ ပါးမို့မို့လေးကို ဆိတ်သည်။
"စမ်းသပ်မှုလို့ တွေးလိုက်ပါ ချစ်လေးရယ်။ ဒီဇာတ်ကောင်ကို ဆုံးရှုံးရတာ နှမြောစရာ မဟုတ်ဘူး။ ချစ်လေးနဲ့ ထိုက်တန်တဲ့ ပိုကောင်းတဲ့ ဇာတ်လမ်း ပေါထောလို့"

ထျန်းနင် ခေါင်းငုံ့ထားသည်။ မို့ထင် ဆုံးဖြတ်ထားပြီးသား ဖြစ်၍ စိတ်မကောင်း ဖြစ်နေရန် မထိုက်တန်ချေ။ ရလာဒ်ကောင်း ရှိနေသော အလုပ်မျိုးကို မို့ထင်က အလွယ်တကူ မစွန့်လွှတ်ဖူးပေ။ အလုပ် နှင့် ကြော်ငြာများ ရယူခဲ့ခြင်းက အကောင်းဆုံးသော သာဓက ဖြစ်သည်။

ပြဿနာ၏ အရင်းအမြစ်ကို မဖြေရှင်းလျှင် သူမ ရိုက်ကွင်းကို ပြန်သွားလည်း ပြဿနာများ ဆက်လက် ရှိနေဦးမည်မှန်း သူမ စိတ်ထဲ သိနေသည်။

မို့ထင်က 'Hidden Expert'ရုပ်ရှင်ကို အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်ဆောင်မည်မှန်း သူမ သိနေခဲ့သည်။

"ငါ သရဲဖြစ်သွားပြီလို့ အတင်းအဖျင်း ပြောဆိုတဲ့သူတွေတောင် ရှိတယ်..."
ထျန်းနင် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။

"ငါ့ခံယူချက်ကို အတိအလင်း ကြေညာ ထားပြီသား။ ဒါကြောင့် ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတုန်းပဲ။ ငါ့တစ်ဘဝလုံး စုတ်ပြတ်သတ်သွားမှ ဒင်းတို့က ကျေနပ်မှာလား"

"သန္ဓေဆိုးနဲ့ မွေးလာတဲ့ လူတချို့ရှိတယ်။ တချို့သူတွေဆို မသေခင်တည်းက ပုပ်ပွနေပြီ"

"မှန်တာပေါ့"
ထျန်းနင်က အေးအေးဆေးဆေး ခေါင်းညိတ်ပြသည်။

"ချစ်လေး ကိုယ့်ကို ယုံကြည်လား"
မို့ထင်က မျှော်လင့်တကြီး မေးမြန်းသည်။

ထျန်းနင် နောက်တစ်ကြိမ် ခေါင်းညိတ်ပြပြီး လက်ပိုက်ဟန် အနေအထားဖြင့်
"ဒါပေါ့ ယုံကြည်တာပေါ့"

"ချစ်လေး ကိုယ့်ကို ယုံကြည်ရင် ကိုယ့်နောက်ကို တိတ်တဆိတ် လိုက်လာခဲ့။ ဒီ ဖျော်ဖြေရေးလောကထဲမှာ ချစ်လေးရဲ့ဘဝကို ဟန့်တားမယ် မုန်တိုင်း မရှိစေရဘူး"

ဤအချက်ကို ထျန်းနင် သံသရဝင်နေစရာ မလိုအပ်ပေ။

...

ထျန်းနင် ဆေးရုံဆင်းလာပြီးနောက် ဟန်ရှင်းအာက ပိုင်ချန်သုန်ကို ဂရုစိုက်ရန် နေရစ်ခဲ့သည်။ သူ အိပ်မောကျနေသေး၍ ဟန်ရှင်းအာက ဖုန်းကစားနေသည်။ သို့သော်လည်း ထျန်းနင်ကို မကောင်းသတင်း ပြောသော သတင်းများကြောင့် ဒေါသူပုန်ထမိသည်။ ဒေါသစိတ်ကြောင့် သူမ ထအော်မိသော်လည်း ပါးစပ်ကို အလျင်အမြန် ကွယ်လိုက်သည်။

"ငါ ကြားလိုက်တယ်..."
ပိုင်ချန်သုန်က မျက်လုံးပိတ်လျက် အနေအထားဖြင့် စကားပြန်ပြောသည်။

"ရှင် ကြားသမျှ အိပ်မက်မက်နေတယ် စိတ်ကူးယဉ်နေတယ်သာ သဘောထားလိုက်တော့"
ဟန်ရှင်းအာက သူ့လက်ကို ခါရမ်းပြသည်။

"မင်း တခြားသူကို စုန်းအတတ်ပညာနဲ့ ပြုစားလို့ ရအောင် လိုအပ်တဲ့ ပစ္စည်းတွေ မှာပေးထားရမလား။ ဒါမှ မင်း အိမ်ပြန်ရောက်ရင် အသင့်ဖြစ်မှာလေ"

"ဒီလိုသာဆိုရင် အဆင်ပြေတာပေါ့"

"တစ်ယောက်ယောက်က ဒီသတင်းကြားလို့ကတော့ ထျန်းနင်က တစ္ဆေတွေကို လိုရာ ခိုင်းစားတတ်တဲ့ စုန်းပညာတတ်တယ် ထင်နေပါဦးမယ်"
နောက်ဆုံးတော့ ပိုင်ချန်သုန်က သူ့ပညာရှိ မျက်ဝန်းလေး များကို ဖွင့်လိုက်သည်။ .

သူ့မျက်ဝန်းများက ညှို့ဓာတ်ပြင်းရှပြီး ဟန်ရှင်းအာ အကြည့်မလွှဲနိုင်လောက်အောင် ဆွဲဆောင်မှု ရှိသည်။

"ကျွန်မက စနောက်ရုံပါ..."
ဟန်ရှင်းအာ သက်ပြင်းချသည်။
"အစ်မထျန်းနင်ရဲ့ ဘဝက တကယ့်ကို ခက်ခဲကြမ်းတမ်း လွန်းပါတယ်။ ဘာလို့များ အစ်မကို အမြဲတမ်း အကောက်ကြံနေရသလဲ တွေးကို မတွေးတတ်ဘူး"

"ဘုရားသခင်က စိတ်ကောင်းရှိတဲ့သူ အရည်အချင်း ရှိတဲ့သူတွေကို ကာကွယ် စောင့်ရှောက်ပေးမှာပါ။ ဒီစကားကို အရင်တုန်းက မင်းကြားဖူးလား"

ယင်းစကားလုံးများက ဟန်ရှင်းအာကို စိတ်ကျေနပ်စေ၍ ခေါင်းညိတ်လိုက်သည်။ "အစ်မထျန်းနင်က အရမ်းအရည်အချင်း ရှိတော့ တခြားသူရဲ့ ဘဝတက်လမ်းကို မရည်ရွယ်ပါဘဲ အဟန့်အတား ဖြစ်စေခဲ့တယ်..."

"မင်း ဒါကိုသိနေရင် ဘာလို့ ဒေါသထွက်နေသေးလဲ"

ဟန်ရှင်းအာ ထိုအကြောင်းကို တွေးမိမှ သူ ပြောတာ မှန်ကန်ကြောင်း သဘောပေါက်သည်။ အခု ပြဿနာက ဆိုးရွားခဲ့သည့်တိုင် မို့ထင်က ထျန်းနင်၏ ဘေးနား ရှိနေပါသေးသည်။ ထို့ကြောင့် ယခုပြဿနာက ပိုကောင်းမွန်သော အခြေအနေ ပြန်ရောက်သွားနိုင်သည်။ 

ဟန်ရှင်းအာကို နှစ်သိမ့်ပြီးနောက် ပိုင်ချန်သုန်က အနားယူရန် မျက်လွှာချလိုက်သည်။ သို့သော်လည်း အပြင်ဘက်မှာ ရှိသော သူနာပြုများက တိုးတိုးတိတ်တိတ် အတင်းအဖျင်း ပြောနေသည်။

"ဟေ့ ပိုင်ချန်သုန်က လူတိုင်းကို အဖက်မတန်တဲ့ မျက်နှာထားနဲ့ ဆက်ဆံတာနော်။ ဆရာဝန်နဲ့ စကားပြောရင်တောင် သူတစ်ခွန်း ကိုယ်တစ်ခွန်းပဲ ပြောတတ်တာ။ ဒါပေမဲ့ သူ့လက်ထောက်လေးက သူ့ယုံကြည်မှုကို ပိုင်ဆိုင်ထားသလိုပဲနော်"

"သူ့စိတ်အခြေအနေကလည်း ထူးဆန်းတယ်နော်။ အရမ်းလည်း ဆွဲဆောင်မှုရှိတော့ သူ့ကို ဆေးချိတ်ပေးရင် ခန္ဓာကိုယ်ထိတွေ့တာ မကြိုက်လို့ စိုးထိတ်ရသေးတယ်"

"သူ့လက်ထောက်ပဲ သူ့လက်နဲ့ မျက်နှာကို သန့်စင်ပေးလို့ရတယ်နေည်။ လုံးဝ မရှောင်ဘူး ထူးဆန်းတာ"

"သူ့တုံ့ပြန်မှုက လူပေါ်မူတည်ပြီး ခြားနားတာပေါ့ ဟုတ်လား"
...

နေ့လည်ခင်းမှာ ထျန်းနင်က Hyatt Regency ပြန်လာပြီး မတွေ့တာ ကြာပြီ ဖြစ်သော လုံကျဲနှင့် တည့်တည့်တိုးသည်။ လုံကျဲက သူမအနား ချက်ချင်း ပြေးလာပြီး လှမ်းဖက်သည်။

"ဘာလို့ အရမ်းပိန်သွားတာလဲ"

"ငါက ဒဏ်ရာ သေးသေးမွှားမွှားလေးပဲ ရတာပါ။ အဲဒီဒဏ်ရာက ငါ့ ကိုယ်အလေးချိန်ကို မထိခိုက်စေပါဘူး"
ထျန်းနင်က နှစ်သိမ့်သည်။

"တကယ်လား။ နင် အမြင့်ပေါ်က ပြုတ်ကျတဲ့ သတင်းကြားရတော့ ငါ ဘယ်လို ခံစားရလဲ သိရဲ့လား"
လုံကျဲ ရုတ်တရက် ထငိုသည်။

"နင်သာ တစ်ခုခု ဖြစ်သွားရင် ငါ ငိုရလွန်းလို့ ရင်ကွဲနာ ကျရလိမ့်မယ်"

လုံကျဲက သူမကို စိုးရိမ်နေမှန်း သိသည်။ ထို့ကြောင့် သူမလည်း ခွန်းတုံ့မပြန်နေဘဲ သူမ၏ဒေါသစိတ်ကို ဖြေလျော့ခွင့် ပေးလိုက်သည်။

"ပြောစမ်းပါ။ နင်က လက်ထပ်ထားတဲ့ မိန်းမတစ်ယောက်လေ။ ဒီလောက်ထိ သတိလက်လွတ် နေဖို့ သင့်လျော်ပါ့မလား"
လုံကျဲ ရှိုက်ငိုသည်။

"မဟုတ်သေးဘူး။ နင့်ကို အပြစ်တင်လို့ မဖြစ်ဘူး။ ဒီလိုတွေ ဖြစ်ရတာ နင့်ကို လုပ်ကြံတဲ့ အယုတ်တမာကြောင့် ဖြစ်ရတာလေ။ ငါတို့တွေ တရားခံကို ရှာတွေ့လို့ကတော့ အဲဒီလူ ရှင်လျက် ငရဲကျစေရမယ်"

ထျန်းနင်၏ မျက်ဝန်းတွင် အေးစက်စက် အလင်းတန်း ရုတ်ခြည်း ဖြာလဲ့သွားသည်။

တချို့လူတွေက ဘယ်လိုပဲ အသိပေးပေး၊ သည်းခံသည်းခံ လူ့အသိစိတ် မရှိသော လူ့တိရိစ္ဆာန်များ ဖြစ်နေကြသည်။ ရန်သူကို မညှာတာသင့်ဟု မို့ထင် ပြောသော စကားများက မှန်ကန်နေသည်။

ထျန်းနင်က အလွန်အကျွံ မရက်စက်ချင်သော်လည်း တရားခံက ထျန်းရွှမ် ဖြစ်နေခဲ့မည်ဆိုလျှင်...

"ဒါနဲ့ နင့်နေရာကို လူစားထိုးလိုက်တဲ့ ကိစ္စ ဘယ်လိုလုပ်ကြမလဲ။ ဟိုက်ဟွေ့ဖျော်ဖြေရေး ရဲ့ အနုပညာရှင်ကို ဖယ်ပစ်ရဲတဲ့အထိ လူပါးဝတယ်။ ဒီသတင်းပြန့်သွားခဲ့ရင် ငါတို့သူဌေး ဘယ်လောက်တောင် သိက္ခာကျလိုက်မလဲ"
လုံကျဲက စိတ်ရှုပ်သော လေသံဖြင့် ပြောဆိုသည်။
"Hidden Expert ရုပ်ရှင်ရဲ့ ထုတ်လုပ်သူက တကယ်ကို မိုက်ရူးရဲဆန်တာပဲ"

"ထင်က အဲဒီ ပြဿနာကို ဖြေရှင်းပေးလိမ့်မယ်"

"ဒါပေါ့ သူတို့ရင်ဆိုင် ရမယ့် ကံကြမ္မာဆိုးကို မြင်တွေ့ချင်လှပြီ"

"ဒါပေါ့။ ထင်က ပြောထားတယ် ငါနဲ့ တွေ့ချင်နေတဲ့သူ ရှိတယ်တဲ့။ ဘယ်သူလဲ မသိဘူး"
ထျန်းနင်က ဆိုဖာပေါ်မှာ ထိုင်ကာ အပြုံးလေးဖြင့် မေးမြန်းသည်။

"အမ် ငါ မဟုတ်ဘူးလား။ တခြားသူလား။ ဘယ်သူများလဲ"
လုံကျဲက သူမကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်သည်။

အပိုင်း(၃၈၁)
ပြီး၏။

Continue Reading

You'll Also Like

20.5M 760K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
1.2K 117 14
She thinks no one knows her second face but he begins to fall in love with her after knowing her reality. She became his obsession. What will happen...
3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...