ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 370+371+372

106 11 0
By jellyflower1

အပိုင်း(၃၇၀)

 
 
"ငါ့အဖေ နဲ့ ငါ့အမေရဲ့ဓာတ်ပုံကို သတင်းဌာနကို ပို့ပေးထား၊ ဒါမှ ဒင်းအမေက မယားငယ်မဆိုတာ တစ်လောကလုံး သိမှာလေ။ အခြေအနေက ငါတို့ဘက် အလေးသာလေ ကောင်းလေပဲ မို့မိသားစုက ထျန်းနင်တို့သားအမိကို စက်ဆုပ်သွားရင် ပိုကောင်းတယ်"
 
ထျန်းရွှမ် ဆက်မပြောနိုင်ခင် ဖုန်းလုခံရသည်။ ထျန်းရွှမ် လှည့်ကြည့်လိုက်မှ သူ့မောင်လေး ဖြစ်နေ၍ သက်ပြင်းချသည်။
"ကျင်းရွှမ်၊ အစ်မရဲ့ဖုန်းကို ပြန်ပေး"
 
ထျန်းကျင်းရွှမ် တုံ့ပြန်စကား မပြောခဲ့ပေ။ သူ့အစ်မကိုယ်စား စကားဆက်ပြောပေးလိုက်သည်။
 
"အစီအစဉ်ဖျက်တယ်"
 
"နင် ဘာလုပ်တာလဲ"
 
 
"ထျန်းရွှမ်၊ နင် ရက်စက်လှချည်းလား။ အဲလောက်ထိ သွေးအေးရက်စက် မယ်လို့ မထင်ထားဘူး။ ဒီလောက်တောင် စိတ်ထားယုတ်ညံ့ရလား"
 
ထျန်းကျင်းရွှမ်က ခနဲ့လိုက်ပြီး ဖုန်းကို သူ့အစ်မစီ ပစ်ပေးသည်။
"အစ်မ ဘာလုပ်လုပ်၊ ဘယ်သူကိုပဲ မကောင်းကြံကြံ၊ ကျွန်တော် လိုက် မကန့်သတ်နေဘူး။ ဒါပေမဲ့ အဲဒီအကြောင်းတွေ ကျွန်တော် မကြားစေနဲ့။ ကြားမိတာနဲ့ အစီအစဉ် ဖျက်ရလိမ့်မယ်"
 
"ကျင်းရွှမ်၊ ဒါတွေက ငါတို့မိသားစု အတွက် လုပ်နေရတာလေ"
 
 
"ထျန်းနင်က ငါတို့ကို ပြဿနာရှာမယ်သူလို့ မခံစားရဘူး"
 
ထျန်းကျင်းရွှမ်က သူ့ဆံပင်များကို လက်ဖြင့် ထိုးမွှေပြီး ခနဲ့သော အမူအရာဖြင့် သူ့အခန်းပြန်သွားရန် ဟန်ပြင်သည်။
"ဒါနဲ့ အစ်မက ထျန်းမိသားစုကို ကြီးကြပ်နေတယ်ဆိုတော့ ကျွန်တော် အနုပညာလောကထဲ ဝင်မှာ မဆန့်ကျင်ဘူးမလား"
 
"ငါ့ကို နောက်ပြောင်နေသလား။ နင်က ထျန်းမိသားစုရဲ့ စတုတ္ထသခင်လေးလေ"
 
 
"ကျွန်တော်ကတော့ သဘောတူတယ်ပဲ ယူဆလိုက်ပြီ"
 
ထျန်းကျင်းရွှမ်၏ အရပ်ခပ်မြင့်မြင့် ပုံရိပ်က အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
 
သိပ်မကြာလိုက် အမေထျန်း အိမ်ပြန်ရောက်လာပြီး ဆိုဖာပေါ်မှာ ဒေါသတကြီး ထိုင်နေသော မြင်ကွင်းကို လှမ်းမြင်သည်။
 
 
ထျန်းရွှမ်က ခနဲ့တဲ့တဲ့ မတ်တတ် ထရပ်သည်။
 
"ရှင်၊ ဒီမိသားစုမှာ ဆက်မနေချင်ရင်လည်း သဘောပဲနော်။ ဒါပေမဲ့ အစေခံမလို အသက်ဆက်ရှင်ချင်ရင်လည်း ရှင့်ဆန္ဒပဲ"
 
အမေထျန်းက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သူ့အိပ်ခန်းထဲ ပြန်သွားရန် ဟန်ပြင်သည်။ သို့သော်လည်း ထျန်းရွှမ်က တမင်တကာ ကြားအောင် ပြောသည်။
 
"ရှင့်မယားငယ် လုပ်ခဲ့တဲ့ သက်သေတွေ  မီဒီယာ ပို့ပေးလိုက်ပြီ။ ဒါပေမဲ့ အရင်တစ်ခေါက်က ပြဿနာ အသေးအမွှားလေးဆိုတော့ မို့ထင် ဖြေရှင်းနိုင်တာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက် ငါ့မှာ အခိုင်အမာ သက်သေရှိတယ်။ ငါ့အဖေကို နင် ဘယ်လို ဖျားယောင်းခဲ့လဲ လူတိုင်း သိသွားတာပေါ့။ နင့်ကြောင့် ငါ့အမေ သေခဲ့ရတာကို တစ်လောကလုံး သိသွားစေရမယ်"
 
"နင့်အဖေရဲ့ဂုဏ်သိက္ခာကြောင့်သာ နင့်ကို အရင်က သည်းခံခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ ဒါတွေ ဂရုမစိုက်တော့ဘူး။ ဒါကြောင့် ငါ နင့်ကို တစ်ခုတော့ သတိပေးလိုက်မယ်။ နင်လုပ်ခဲ့တဲ့ အကုသိုလ်တွေအတွက် နင် နောင်တ ရစေရမယ်"
 
 
အမေထျန်းက ပြောသင့်သည့် စကားများကို ပြောဆိုပြီးနောက် သူ့မျက်ဝန်းတွင် ဒေါသအငွေ့အသက်များ ပြယ်လွင့်သွားသည်။ သူ့ပခုံးပေါ် ထမ်းပိုးထား ရသော ဝန်ထုပ်ဝန်ပိုးကြီး ပေါ့ပါးသွား သကဲ့သို့ ခံစားရသည်။
 
 
ထျန်းရွှမ်က သူမ၏တုံ့ပြန်မှုကြောင့် အံ့အားသင့်နေသည်။ သို့သော်လည်း သူ ခွန်းတုံ့မပြန်နိုင်ခင် အမေထျန်းက သူ့အခန်းကို ပြန်ရောက်နေပါပြီ။
 
 
"အဲဒီနေရာမှာ ရပ်လိုက်စမ်း မယားငယ်မ"
 
 
နေ့တိုင်း နှိပ်စက်ခံမည့်အစား အမေထျန်းက အမှန်အတိုင်း ဖွင့်ဟဝန်ခံရန် ဆုံးဖြတ်ထားသည်။
 
 
ထျန်းရွှမ်က သူ့သမီးကို ထပ်ဒုက္ခပေးရဲလျှင် သူမလည်း အသက်နှင့်ရင်းပြီး ကာကွယ်စောင့်ရှောက်သွားမည်။ ထျန်းရွှမ်ကို လက်စားချေရန်လည်း ဆုံးဖြတ်ထားခဲ့သည်။
 
 
...
 
 
ယမန်နေ့ညနေခင်း
 
 
ထျန်းနင်က 'Hidden Expert'ရုပ်ရှင် သွားရောက် ရိုက်ကူးရမည် ဖြစ်၍ အဝတ်အစားများ ထုပ်ပိုးနေသည်။
 
 
မို့ထင်က ထျန်းနင်အတွက် အထောက်အပံ့ဖြစ်အောင် ဟန်ရှင်းအာကို အိမ်ခေါ်ထားပြီး ထျန်းနင်ကို အိပ်ခန်းထဲ ဆွဲခေါ်သွားသည်။ ထျန်းနင် တည့်တည့်မတ်မတ် မရပ်နိုင်ခင် မို့ထင်က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
 
"ဒီတစ်ခေါက် ချစ်လေးကို လာတွေ့လို့ မရတော့ဘူး"
 
"ချစ်လေး သိပါတယ်"
 
ထျန်းနင် ခေါင်းညိတ်သည်။ 'Hidden Expert'ရုပ်ရှင်ကို ရိုက်ကွင်းနေရာ ခဏခဏ ပြောင်းလဲ၍ ရိုက်ကူးရမည် ဖြစ်သောကြောင့် မို့ထင်က သူမနောက်ကို အချိန်ပြည့်မလိုက်နိုင်ပေ။
 
"သုံးလ။ အဲလိုမှန်း ကြိုသိခဲ့ရင် ချစ်လေးအတွက် အဲဒီဇာတ်ညွှန်းကို မရွေးချယ်ပါဘူး"
 
 
"မန်နေဂျာမို့။ ဒီတစ်ခေါက် ရှောင်ပြေးနိုင်ရင်တောင် အမြဲတမ်း ရှောင်တိမ်း နေလို့ မရဘူးလေ"
 
ထျန်းနင် ရယ်မောလျက် မို့ထင်၏ခါးလေးကို ဖက်သည်။
"စိတ်မပူနဲ့နော်။ ချစ်လေး ဘယ်နေရာ ရောက်နေနေ ချစ်လေး ကိုယ့်ဘာသာကိုယ် သေချာဂရုစိုက်မယ်။ ရှင်းအာက ချစ်လေးရဲ့ အခြေအနေကို ယောက်ျား သိအောင် သတင်းပို့ပေးမှာပါ။ လုံကျဲ ပြန်လာရင် သူ့ကို ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ အလုပ်ခန့်ပေးပါ။ သူက လက်ထပ်ပြီးပြီဆိုတော့ ကျွန်မနဲ့ လျှောက်သွားနေလို့ မသင့်လျော်ဘူးလေ"
 
"ကိုယ့်က  ချစ်လေး သတင်းကို ထောက်လှမ်းနေမှာနော်"
 
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်၏ပါးနှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ခမ်းကို နမ်းရှိုက်သည်။ သူ့အနမ်းက ခပ်ကြမ်းကြမ်း မဟုတ်သော်လည်း ပုံမှန်ထက် တွယ်ငြိဖွယ်ကောင်းနေသည်။
 
 
ထျန်းနင်လည်း သူ့အနမ်းထဲ မျောပါသွားပြီး အရှက်သည်းကာ ပါးမို့မို့လေး နီရဲနေသည်။
 
 
"အဲလိုတွေ မပြုစားနဲ့လေ"
 
ထျန်းနင် တောင်းဆိုသည်။
 
သို့သော်လည်း မို့ထင်က အိပ်ရာပေါ် ထိုင်ချလိုက်ပြီး ထျန်းနင်ကို သူ့ပေါင်ပေါ်မှာ ထိုင်စေသည်။
 
 
နောက်ထပ်အနမ်းလေး ကျရောက်လာစဉ် ထျန်းနင်က သူ့အနမ်းဒဏ်ကြောင့် ငြီးသံလေး ပေးမိသော်လည်း မို့ထင်က တခြားအသံဖြင့် ဖုံးလွှမ်းပေးလိုက်သည်။
 
"ကိုယ်တို့ လက်ထပ်ထားတဲ့ ကာလတစ်လျှောက်လုံး ဒီတစ်ခေါက်က ပထမဆုံးအကြိမ် အကြာကြီး ခွဲခွာရတာပဲ"
 
"ရှင် တွယ်ငြိတာထက် ပိုပြီး ငြိတွယ်နေမိသလိုပဲ"
 
 
"မဒမ်မို့။ ကျုပ်တော့ မမျှတသလိုကြီး ခံစားလာမိတယ်"
 
 
"ပိုချစ်တဲ့သူက ပိုလွမ်းဆွတ်ပေးသင့်တယ် မဟုတ်ဘူးလား"
 
 
မို့ထင်၏စကားကို ကြားပြီးနောက် ထျန်းနင် အနည်းငယ် အံ့အားသင့်နေမိသည်။ သူမ၏ခံစားချက်ကို အမြဲတမ်း ကွယ်ဝှက်ထားမိသော်လည်း မို့ထင်ကို မလွမ်းခဲ့သည့် သဘော မဟုတ်ပေ။
 
 
"ချစ်လေးအတွက် ယောက်ျားက ဒီဇာတ်ညွှန်းကို ရွေးချယ်ပေး ထားတာပဲ။ ချစ်လေး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ယောက်ျားရဲ့ အတော်ဆုံးမိန်းမ ဖြစ်ချင်တယ်လေ။ ဒါမှလည်း ချစ်လေး လုံခြုံတဲ့ ခံစားချက် ခံစားရမှာလေ"
 
 
မို့ထင်က ထျန်းနင်နှင့် တစ်သွေးတည်း တစ်သားတည်း ဖြစ်ချင်နေသကဲ့သို့ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
 
 
"ဒီကနေ့ည သုံးလတာ လွမ်းဆွတ်မှုတွေကို ကုပေးရမယ်နော်"
 
 
ထျန်းနင်က မို့ထင်အနား တိုးကပ်ပြီး မို့ထင်၏နားရွက်ကို တစ်တိတိကိုက်သည်။
 
"ဒီလိုမျိုးလေးလား"
 
မို့ထင်က ထျန်းနင်ကို အိပ်ရာပေါ် တွန်းလှဲလိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် အုပ်မိုးကာ အဝတ်အစားများကို ဆွဲချွတ်သည်။
 
"အခုပဲ ကိုယ့်အလွမ်းဝေဒနာကို ကုသပေးရမယ်"
 
ခဏကြာပြီးနောက် ဟန်ရှင်းအာက ထျန်းနင်၏အသုံးအဆောင်များကို ကူညီ ထုပ်ပိုးပေးပြီး ထျန်းနင်တို့ကို အကြောင်းကြားရန် ကြံရွယ်ထားသည်။ သို့သော်လည်း အိပ်ခန်းအနား ချဉ်းကပ်သွားစဉ် အခန်းထဲမှ ထွက်လာသော ဆူညံသံများကို ကြားရသည်။ သူမ၏ပါးမို့မို့လေး နီရဲသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
 
 
နေ့လည်ခင်းကြီး ရှိနေပါသေးသည်။
 
 
သူတို့ဇနီးမောင်နှံက ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထျန်းနင်တို့ အချိန်အကြာကြီး ဝေးကွာရမည်ကို တွေးမိ၍ ဟန်ရှင်းအာလည်း မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။
 
 
သို့သော်လည်း ထျန်းနင် ရိုက်ကွင်း မသွားခင် ထျန်းရွှမ်နှင့် အရင်တွေ့ဆုံရဦးမည်။
 
 
မတ်လ ရာသီဥတုက အလွန်အမင်း သာယာအေးချမ်းနေသည်။
 
 
ဟန်ရှင်းအာက ထျန်းနင်ကို လာခေါ်ရန် Hyatt Regencyသို့ အချိန်မီ ရောက်နေသော်လည်း ထျန်းရွှမ်နှင့် ဟိုတယ်မှာ တွေ့ဆုံရန် ချိန်းဆိုထားသော ထျန်းနင်က ယခုထိတိုင် အိပ်ရာ မထသေးပေ။
 
 
မနေ့ညက ပြင်းထန်သော ချစ်ကြည်နူးမှုကြောင့် သူတို့နှစ်ယောက်စလုံး အင်အားကုန်ခမ်းကာ အိပ်မောကျနေသည်။
 
 
"ထင်၊ ထျန်းရွှမ်နဲ့ ချိန်းထားတာ မနက် ၁၀နာရီထင်တယ်။ ချစ်လေးတို့ နောက်ကျနေပြီ"
 
 
ထျန်းနင်၏စကားသံကြောင့် မို့ထင် မတ်တတ်ထရပ်ပြီး ထျန်းနင်ကို ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်ဆောင်သွားသည်။
 
 
"အဲလိုတွေ မလုပ်ပါနဲ့။ ထင်က ဒီလိုတွေ အသေးစိတ် ဂရုစိုက်တော့၊ မိန်းမ အရာရာကို စွန့်လွှတ်ပြီး ယောက်ျားဘေးနား နေချင်စိတ်တွေ ဖြစ်လာပြီ"
 
 
မို့ထင်က သူမကို ကိုယ်သုတ်ပဝါ လွှမ်းခြုံပေးသည်။ သူမ၏ခန္ဓာကိုယ်ပေါ် သူ ချန်ရစ်ပေးခဲ့သော အမှတ်ရာများကြောင့် သူ အနည်းငယ် နောင်တရမိသည်။ 'Stupid'ရုပ်ရှင်ရိုက်ကူးစဉ်က ပထမဆုံးအကြိမ် အချစ်သင်္ကေတ ပေးမိ၍ ဤအကြိမ်က ဒုတိယအကြိမ် ဖြစ်သည်။
 
 
"နာသွားလား"
 
 
ထျန်းနင် ပြုံးလျက် ခေါင်းခါသည်။
 
 
"ကိုယ့်ကြောင့် ချစ်လေးရဲ့စူပါမော်ဒယ် ဘွဲ့ထူးကို စွန့်လွှတ်ခဲ့ရတယ်။ ထိပ်တန်း မင်းသမီး ဖြစ်လာမယ့် အခွင့်အရေး စွန့်လွှတ်ရအောင် ဖိအား ပေးရက်ပါ့မလား"
 
မို့ထင်က ထျန်းနင်ကို လွှတ်ပေးသည်။
 
ထျန်းနင်က မို့ထင်ကို နောက်မှ သိုင်းဖက်ပြီး ချိုသာသော လေသံဖြင့် ပြောဆိုသည်။
 
"ချစ်လေးကို စိတ်ဓာတ် ပိုကြံ့ခိုင်အောင် တွန်းအာပေးနိုင်တဲ့သူက ယောက်ျားပါ"
 
"ယောက်ျားအတွက် စူပါမော်ဒယ် ဖြစ်မယ် အခွင့်အရေးကို စွန့်လွှတ်နိုင်ပေမဲ့ ယောက်ျားကြောင့် ထိပ်တန်း သရုပ်ဆောင်မင်းသမီး ဖြစ်လာနိုင်ပါတယ်"
 
 
အပိုင်း(၃၇၀)
 
ပြီး၏။
 
အပိုင်း(၃၇၁)

 
 
 
သူတို့အိပ်ခန်းလေးထဲမှ မထွက်ခင် မို့ထင်က ထျန်းနင်က အချိန်အတော်ကြာအောင် ဖက်ထားသည်။ သူတို့ အပြင်ထွက်ထွက်ချင်း ဖန်ယွီဖုန်းခေါ်လာသည်။
 
 
"အမေထျန်းနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို သူဌေးရဲ့အီးမေးလ်ထဲ ပို့ပေးထားတယ်။ အချိန်ရရင် ဖတ်ကြည့်လိုက်ဦး"
 
 
မို့ထင်က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ချက်ချင်း ဖုန်းချလိုက်ပြီး သူ့အီးမေးလ်ကို ဖွင့်ကြည့်သည်။ ထျန်းရွှမ်က အမေထျန်းအကြောင်း မီဒီယာကို သတင်းပေးထားသည့် အချက်အလက်ကို မြင်သွား၍ သူ့အကြည့် စူးရှသွားသည်။
 
 
"ဘာဖြစ်လို့လဲ"
 
မို့ထင်၏ထူးခြားသော အကြည့်ကို ခံစားမိ၍ ထျန်းနင် မေးမြန်းသည်။
 
"နောက်တစ်ခေါက် တွေ့ဆုံရင် ချစ်လေး လက်စားချေလို့ ရပြီ"
 
မို့ထင်က သူ့ဖုန်းကို ထျန်းနင်လက်ထဲ ထည့်ပေးသည်။
 
ထျန်းနင်က ခပ်မြန်မြန် လှန်လှောဖတ်ရှုပြီး ခေါင်းညိတ်ပြသည်။
 
 
...
 
 
သူတို့တွေ့ဆုံရန် ထျန်းရွှမ် ချိန်းဆိုသော နေရာက 'Moon' အမည်ရှိသော ကော်ဖီဆိုင်ဖြစ်သည်။ ထျန်းနင်နှင့်အတူတူ သတင်းထောက်များကိုလည်း ဖိတ်ကြားထားသည်။
 
 
ထျန်းရွှမ်က အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အောင်မြင်မှု သရဖူကို လက်ဝယ်ပိုင်ဆိုင်ထား သကဲ့သို့ ပြုမူနေသည်။
 
 
ထျန်းရွှမ် ယာယီဥက္ကဌ ဖြစ်မလာခင် ထျန်းမိသားစုက မီဒီယာရှေ့ ထွက်ခဲသော မိသားစုဖြစ်သည်။ ထျန်းအကြီးအကဲက သူ့အချိန်အားလုံးကို တာဝန်သိတတ်စွာ အလုပ်ကြိုးစားလျက် ကုန်ဆုံးခဲ့ပြီး ကိုယ်စားလှယ် ကြေညာပေးမည်သူ တစ်ခါလေးမျှ မငှားရမ်းခဲ့ဖူးပေ။ သို့သော်လည်း ထျန်းရွှမ်က လမ်းသစ်ဖောက်ရန် ကြိုးစားနေသည်။
 
 
ထို့ကြောင့် ယနေ့ ထျန်းနင်နှင့် တွေ့ဆုံခြင်းက သူမ၏အဆင့်အတန်းကို ထုတ်ကြွားရန် ကြံရွယ်ထားသည်။
 
 
မနက်၁၀နာရီ၊ ထျန်းနင် နည်းနည်းနောက်ကျမှ ကော်ဖီဆိုင်ကို ရောက်လာခဲ့သည်။ ထျန်းရွှမ်ကို လှမ်းမြင်လိုက်သည်နှင့် သူမ၏မျက်နှာအမူအရာ အေးစက်သွားသည်။
 
 
သူတို့ညီအစ်မက အနည်းငယ် ရုပ်ဆင်သော်လည်း တကယ်တမ်း ကွာခြားသည့် အချက်အများလည်း ရှိသည်။ ထျန်းရွှမ်က ပလွှားပြီး မောက်မာသော်လည်း ဆူးများသော နှင်းဆီပန်းလေးကဲ့သို့ လှပသည်။
 
 
ထျန်းနင်က  အေးစက်စက် အမူအရာဖြင့် တည်ငြိမ် အေးငြိမ်သော မျက်နှာအမူအရာ ရှိသည်။ အပေါ်ယံကြည့်လိုက်လျှင် အန္တရာယ် အငွေ့အသက်ကို မခံစားမိသော်လည်း  သေစေလောက်သော အဆိပ်ဓားသွားကဲ့သို့ ကြောက်လန့်စေရမည်။
 
 
"နင် ရောက်လာပြီလား"
 
ထျန်းရွှမ်က ထျန်းနင်ကို ဝန်တိုသော ခံစားချက်ပါသော အကြည့်ဖြင့် စောင့်ကြည့်သည်။
 
အငယ်အနှောင်း၏သမီးက ဖျော်ဖြေရေးလောက၏ ဧကရာဇ်တစ်ပါးကို လက်ထပ်နိုင်ခဲ့သည့်အထိ ကံကောင်းနေသည်။
 
 
ထျန်းနင်က အကန့်အသတ်ဖြင့် ထုတ်ထားသော အဝတ်အစားများ နှင့် လက်ဝတ်ရတနာများကို တမင်ကြံရွယ်ကာ ဝတ်ဆင်ထားသည်။  သူမ ကိုင်ဆောင်ထားသော လက်ကိုင်အိတ်ကလည်း အကန့်အသတ်ဖြင့် ထုတ်ထားသော ပစ္စည်းဖြစ်သည်။
 
 
ထျန်းနင် မရောက်လာခင်က ထျန်းရွှမ်ခေါင်းအစ ခြေအဆုံး ဝတ်ဆင်ထားသော အသုံးအဆောင်များကြောင့် လူချမ်းသာမိသားစု သူဌေးသမီးများ၏ စံနမူနာ ဟု တွေးထင်ခဲ့ဖူးသည်။
 
 
သို့သော်လည်း ထျန်းနင်ကို မြင်တွေ့ပြီးနောက် ထျန်းနင်ထက် ပြီးပြည့်စုံသည့် ဝတ်စားဆင်ယင်ခြင်း မရှိကြောင်း လက်ခံလိုက်သည်။
 
 
မည်သို့ပင် ဆိုစေကာမူ ထျန်းနင်က မော်ဒယ်ဘဝဖြင့် ၉နှစ်ကျော် နေထိုင်ခဲ့၍ ပိုဝတ်စားဆင်ယင်တတ်သည်။
 
 
ထျန်းရွှမ်ဘေးနားမှာ ရိုးရိုးရှင်းရှင်း ထိုင်နေခြင်းကပင် ထျန်းရွှမ်ကို လွှမ်းမိုးသွားနိုင်စွမ်း ရှိသည်။
 
 
"နင်ရောက်လာပြီဆိုတော့ ဓာတ်ပုံတွဲရိုက်ကြတာပေါ့"
 
 
"အလျင်မလိုပါနဲ့"
 
ထျန်းနင်က သူမ၏ဖုန်းကို ဆွဲထုတ်လိုက်ပြီး ဟိုက်ဟွေ့ဖျော်ဖြေရေး ရှာဖွေပေးထားသော အချက်အလက်များကို  ဖွင့်ကြည့်ပြီး ထျန်းရွှမ်ကို ပြလိုက်သည်။
"ဒီအကြောင်းတွေကို အရင်ဆုံး ရှင်းပြသင့်တယ်လို့ မထင်ဘူးလား"
 
ထျန်းရွှမ်က ဖုန်းကို လက်ခံလိုက်သည်။ ဖုန်းကို ကြည့်ကြည့်ချင်း သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
 
 
"ဒါက အတင်းအဖျင်းဆိုရင်တောင် ဟိုက်ဟွေ့ဖျော်ဖြေရေး မသိအောင် ဖုံးကွယ်ရ ခက်ခဲတယ်နော်"
 
 
"နင် ဒီလိုတွေ မလုပ်ခင် ငါ့ကို အရင်ဆုံး အသိပေးပေါ့"
 
 
"..."
 
 
"နင် ငါ့ကို ခေါ်တွေ့တာ နင် ထျန်းမိသားရဲ့ ယာယီဥက္ကဌဖြစ်တာ တစ်လောကလုံးကို ကြွားချင်လို့ အကူအညီတောင်းတာ မလား"
 
ထျန်းနင်ကို ဖုန်းကို လက်လွှဲပြန်ယူပြီး အကြောင်းအရာ လွှဲပြောသည်။
"ငါ မော်ဒယ်အလုပ် လုပ်လို့ နင် အထင်သေးနေတာ ကြာပြီမလား။ အခုများတော့ ငါ့ကျော်ကြားမှုကို အသုံးချ မီဒီယာ စိတ်ဝင်စားအောင်လုပ်ပြီး ငါ့ကို အနိုင်ရတာ ကြွားချင်တာလား။ ငါ ပြောတာ မှန်တယ်မလား"
 
သတင်းထောက်များက ထျန်းနင်၏စကားသံကို ကြားကြားချင်း သူတို့ ဆက်အသံသွင်းထားသင့်လား စဉ်းစားမရပေ။
 
 
"ဘိုးဘိုး နေမကောင်းဘူး။ ဒီပြဿနာလေးကြောင့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ငါ နင့်ကို အရင်တည်းက ပြောထားပြီသား။ငါ့ရဲ့သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်နေတာ ကြာပါပြီလို့"
 
 
"ဒါကြောင့် နင်ကျော်ကြားအောင် ငါ ကူညီပေးမယ်"
 
 
"နင်လို့ အစ်မမျိုးကို တစ်လောကလုံး သိသင့်တာပေါ့"
 
 
"ဒါ ဘာသဘောလဲ"
 
ထျန်းရွှမ်က ထျန်းနင်ကို သတိထားဟန် စိုက်ကြည့်လာသည်။
 
"နင် မကြာခင် သိရမှာပါ"
 
ထျန်းနင်က ပုံမှန်အတိုင်း တည်ငြိမ်စွာ ပြန်ဖြေသည်။
 
သူ့အမေနှင့် ဆက်ဆံရေး ဖြတ်တောက်ထားသော်လည်း ထျန်းရွှမ်က သူ့အမေကို စိတ်ကြိုက် အရှက်ခွဲခွင့် ပေးထားခြင်း မဟုတ်ပေ။ ယခုအခြေအနေမှာ ထျန်းရွှမ်က ဘောင်အတွင်းမှ သတိပေးစကား ပြောချင်သည်။
 
 
"ရုပ်ရှင်ရိုက်ကူးရေး စတော့မှာ ငါသွားတော့မယ်။ နင် လိမ်လိမ်မာမာနေပါ"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် မတ်တတ်ထရပ်ပြီး ဦးထုပ်နှင့် နေကာမျက်မှန် ဝတ်ဆင်သည်။ ဟန်ရှင်းအာ၏ ကာကွယ်ပေးမှုဖြင့် ကော်ဖီဆိုင်မှ ထွက်လာခဲ့သည်။
 
ထျန်းရွှမ် အနည်းငယ် မှက်တက်နေသည်။ ထျန်းနင်ကို နားမလည်နိုင်ပေ။
 
 
ရှုံးနိမ့်သည့် ခံစားချက်ကြောင့် ထျန်းနင်ကို ပို၍ပို၍ မုန်းတီးလာသည်။
 
 
"ထျန်းသူဌေး၊ ကျွန်တော်တို့ ဆက်မှတ်တမ်းတင်ထား ရမလား"
 
 
"သိမ်းတော့။ နင်တို့က ဘာတွေကို မှတ်တမ်းတင်ဦးမှာလဲ"
 
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ် မတ်တတ်ထရပ်သည်။ ယနေ့ သူမ၏ အကြံအစည် အထမမြောက်ဘဲ ထျန်းနင် သင်ခန်းစာပေးခြင်းကို ခံခဲ့ရသည်။
 
ထျန်းရွှမ် ကော်ဖီဆိုင်မှ ထွက်ထွက်ချင်း သတင်းထောက်များ သူမအနား စုပြုံလာသည်။
 
"ထျန်းမိန်းကလေး။ မင်းက အာဏာရဖို့ ထျန်းမိသားစုရဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြီး မင်းရဲ့မိထွေးကို အနိုင်ကျင့်ခဲ့တယ်ဆို။ အဲဒါ အမှန်ပဲလား"
 
"မင်းမိထွေး သတ်သေအောင် ဖိအားပေးခဲ့တယ်ဆို။ ဒါရော အမှန်ပဲလား ရှင်းပြနိုင်မလား"
 
 
"ထျန်းမိန်းကလေး..."
 
 
"ငါ့အနားက ထွက်သွားစမ်း"
 
ထျန်းရွှမ် သွားမည့်တစ်ခုတည်းသော လမ်းကို ပိတ်ရပ်ထား၍ သူမက ကင်မရာ အရှေ့မှာ ကူကယ်ရာမဲ့ မတ်တတ်ရပ်နေရသည်။
 
ထျန်းရွှမ်က သတင်းမီဒီယာနှင့် တွေ့ဆုံဖူးသည့် အတွေ့အကြုံ မရှိ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
 
 
ကော်ဖီဆိုင်အပြင်ဘက်မှာ ထျန်းနင်တို့ကား ထိုးရပ်ထားပြီး အခြေအနေကို စောင့်ကြည့်နေသည်။ ထျန်းရွှမ်ကို ကားမှန်ပြတင်းပေါက်မှ စောင့်ကြည့်ကာ သူမ၏နှုတ်ခမ်းပါးလေးများက အပေါ်သို့ ဖြည်းဖြည်းချင်း ကော့တက်သွားသည်။
 
 
"ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့"
 
ဟန်ရှင်းအာ ကျေနပ်အားရနေသည်။ ထျန်းနင်က ဖျော်ဖြေရေးလောကမှာ ၉နှစ်ကျော် ကျင်လည်ခဲ့၍ မီဒီယာကို ကောင်းကောင်း ရင်ဆိုင်နိုင်သည်။ ထျန်းရွှမ်က ထျန်းနင်ကို စိန်ခေါ်ရဲသေးသည်။
 
"ဒီကနေ့ အဖြစ်အပျက်ကြောင့် ထျန်းရွှမ်လည်း ဘာကို လုပ်သင့်တယ် မလုပ်သင့်လဲ တွေးတတ်မယ်ထင်တယ်။ အဒေါ်ထျန်းကိုလည်း ဒုက္ခ ဆက်မပေးဖို့ မျှော်လင့်ပါတယ်"
 
 
"သူသာ ဉာဏ်ရှိရင် သူ့ဂုဏ်သိက္ခာကို အဖက်ဆယ်ချင်ရင် အဒေါ်ကို ကောင်းကောင်း ဆက်ဆံသင့်တယ်"
 
 
ထျန်းနင်က ဟန်ရှင်းအာကို ကြည့်လိုက်ပြီး သူမက ပီအာလုပ်ငန်းနှင့် အမှန်တကယ် လိုက်ဖက်ညီကြောင်း ကောက်ချက်ချမိသည်။ လုံကျဲ နားမလည်သည့် ကိစ္စရပ်တိုင်းကို ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်း ရှိသည်။
 
 
"ထျန်းရွှမ်က အဲလောက်ထိ ဉာဏ်မရှိတာ ပြဿနာ ဖြစ်နေတယ်"
 
 
ထျန်းနင်က ထျန်းမိသားစုနှင့် ဆက်ပတ်သက်ချင်သည့် ဆန္ဒ မရှိပေ။ သူမဘဝအတွက် ရည်မှန်းချက် အသစ် ထားရှိခဲ့သည်။ ထိပ်တန်း သရုပ်ဆောင် မင်းသမီးဖြစ်ရန်သာ ရည်ရွယ်ထားသည်။
 
 
"ရုပ်ရှင် တရားဝင် မရိုက်ခင် မို့သူဌေးနဲ့ သွားတွေ့ဦးမလား"
 
ဟန်ရှင်းအာ မေးမြန်းသည်။
 
"သူ့ကို သွားတွေ့ရင် ငါတို့တွေ ထပ်ခွဲခွာ ရဦးမယ်..."
 
ထျန်းနင် သက်ပြင်းချသည်။
 
 

အပိုင်း(၃၇၁)

ပြီး၏။

 
 
 
အပိုင်း(၃၇၂)

 
 
နေ့လည် ၁၂နာရီ
 
'Hidden Expert'ရုပ်ရှင် အကြိုမိတ်ဆက်ပွဲကို ပေကျင်းမြို့တွင် ကျင်းပသည်။ ရုပ်ရှင်သရုပ်ဆောင် အားလုံးနှင့် ရိုက်ကူးရေး အဖွဲ့သား အားလုံး တက်ရောက်သည့်အပြင် ထူးဆန်းသော သရုပ်ဆောင် ပိုင်ချန်သုန်လည်း ပါဝင်ဆင်နွှဲသည်။
 
သူက ၃၀ကျော်ခါစ အသက်အရွယ် ဖြစ်ပြီး အေးစက်စက် အမူအရာဖြင့် ခံ့ညား ချောမောသည်။
 
 
ယောက်ျားပီသသော ကိုယ်ဟန်အနေထားက  အထင်ကြီးလောက်စေသော သရုပ်ဆောင်စွမ်းရည်ကို ဖန်တီးနိုင်အောင် ကူညီပေးသည်။ ထို့ကြောင့်လည်း 'Undercover' ၊ 'Thief' နှင့် တခြားသော ရုပ်ရှင်များ တွင် တခြားသူနှင့် မတူ တစ်မူထူးခြားစွာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သူ့သရုပ်ဆောင်စွမ်းရည် ပြောင်မြောက်မှုကြောင့် စံချိန်ချိုးလောက်သည့်အထိ ရုပ်ရှင်လက်မှတ် ရောင်းကောင်းခဲ့ခြင်း ဖြစ်လေ၏။
 
 
သူက ထူးထူးခြားခြား သိုသိုဝှက်ဝှက် နေထိုင်တတ်ပြီး ထူးခြားသော အကျင့်စရိုက်လည်း ရှိသည်။ သူ့ကို ရိုက်ကွင်းမှာသာ မြင်တွေ့ရလေ့ ရှိပြီး သူနှင့် ပတ်သက်သော သတင်းများ ရေးသားရန် မလွယ်ကူပေ။
 
 
သူ့လို အကျော်ဇေယျက ဇာတ်ညွှန်း ဂျီးများသည့် အပြင် သူနှင့်အတူတူ တွဲရိုက်ကူးမည့် ဇာတ်ရံကိုလည်း ဂျီးများတတ်သည်။
 
 
ထို့ကြောင့်လည်း သူမကို အသိအမှတ်ပြုလာအောင် ဘာဆက်လုပ်သင့်လဲ ထျန်းနင် ကြံရွယ်နေရသည်။
 
 
ရုပ်ရှင်အကြိုမိတ်ဆက်ပွဲက အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ ရုပ်ရှင်အတွက် အမွှေးနံ့သာ ပူဇော်ခြင်းများ ပြီးဆုံးပြီးနောက် ထျန်းနင် နောက်လှည့်ကြည့်လိုက်စဉ် ပိုင်ချန်သုန်းကို လှမ်းမြင်မိသည်။ ထိုစဉ်အခိုက်အတန့် ပိုင်ချန်သုန်ကို နှုတ်ဆက်စကား ပြောသင့်ကြောင်း ဆင်ခြင်လိုက်သည်။
 
 
"အစ်ကိုသုန်၊ မင်္ဂလာပါ"
 
 
ပိုင်ချန်သုန်က အင်းခနဲ အသံပြုကာ ခေါင်းညိတ်ပြပြီး သူမဘေးနား ဖြတ်လျှောက်သွားသည်။
 
 
ထျန်းနင်က သူ့ကို မသိချင်ယောင်ဆောင်သွားသော အူကြောင်ကြောင် မင်းသားကို ကြည့်ပြီး ကသိကအောင့် ဖြစ်နေမိသည်။ ဇာတ်ကားတစ်ကားလုံးလည်း သူ့လက်ထောက် အနေဖြင့် သရုပ်ဆောင်ရဦးမည်။ ပိုင်ချန်သုန်က ယခုလို အေးစက်စက် ပြုမူနေလျှင် အလုပ်အတူတူ တွဲလုပ်ရန် အဆင်ပြေမည်လော။
 
 
မို့ထင်၏ကားလေးကို သစ်ပင်အောက်မှာ ထိုးရပ်ထားသည်။ ထျန်းနင်ကို  မနှောင့်ယှက်ချင်၍ ရုပ်လုံး ထွက်မပြဘဲ ခပ်လှမ်းလှမ်းမှာ ကားရပ်ခဲ့သည်။ ထျန်းနင်ကို သွားတွေ့လည်း ထျန်းနင် အလုပ်ဖြင့် ခရီးထွက်ရမည့် အချက်ကို မပြောင်းလဲနိုင်ပေ။
 
 
ခဏကြာပြီးနောက် မို့ထင်ထံ ထျန်းနင် ပို့ပေးသော စာလေးတစ်စောင် ဝင်ရောက်လာသည်။
 
"အခု ချစ်လေး သွားတော့မယ်နော်။ ချစ်လေးအတွက် အရမ်းမစိုးရိမ်နဲ့တော့"
 
မို့ထင်က သူ့ဖုန်းကို ကြည့်လိုက်ပြီး ရိုးရှင်းသောပြန်စာလေးကို ပို့ပေးသည်။
 
"ချစ်လေး ကျန်းမာရေး ဂရုစိုက်နော်"
 
တကယ်တမ်း သူ ပြောချင်ခဲ့သည့်စကားက
 
"ချစ်လေး အခုမှ သွားတာတောင် ကိုယ် အရမ်းလွမ်းနေမိပြီ"ဟူသော စကားဖြစ်သည်။
 
သို့တိုင် သူမကို အရမ်းလွမ်းသော စကားများ ပြောရန် ဝန်လေးနေမိသည်။
 
 
....
 
 
ထိုစဉ် ထျန်းရွှမ်၏ပြဿနာက ပေကျင်းမြို့မှာ လူသိထင်ရှား ဖြစ်သွားခဲ့သည်။ မီဒီယာများ၏ကျေးဇူးတော်ကြောင့် သူမက မိထွေးကို နှိပ်စက် ၊ အဖေတူအမေကွဲ အစ်မကို မောင်းထုတ်ခဲ့သည့် မြွေပွေးထက် အဆိပ်ပြင်းသော သူ ဖြစ်လာခဲ့သည်။ လူအများ၏ မေတ္တာကို ခံယူချင်၍ ကြံရွယ်ခဲ့သော်လည်း သူမက ထျန်းနင်ကို ယှဉ်ပြိုင်နိုင်သော အတွေ့အကြုံ မရှိခဲ့ပေ။
 
 
ထို့ကြောင့် အကျိုးဆက် အနေဖြင့် သတင်းထောက်များ၏ နောက်ယောင်ခံလိုက်သော ခံစားချက် နှင့် မွန်းကျပ်သော ခံစားချက်ကို ရင်ဆိုင်ရသည်။ အရေးကြီးဆုံး အချက်အနေဖြင့် သူမ၏လက်ရှိ အခြေအနေ ထျန်းအကြီးအကဲ သိသွားမည်ကို ကြောက်နေမိသည်။
 
 
ထျန်းအကြီးအကဲ သိသွားခဲ့လျှင် သူမ၏အရည်အချင်းကို သံသယဝင်ပြီး ဥက္ကဌအနေဖြင့် ခန့်အပ်ချင်သည့် စိတ်ကူး ပြောင်းလဲသွားလိမ့်မည်။
 
 
တကယ်တမ်း ထျန်းရွှမ်က သနားစရာ ကောင်းလွန်းသည်။ ထျန်းနင်၏အရိပ်အနေဖြင့် အမြဲတမ်း နေထိုင်ရမည့် သဘောရှိသည်။ သူမက အကြီးဆုံးသမီး ဖြစ်သော်လည်း ထျန်းနင်ကို အရာရာမှာ ယှဉ်နိုင်စွမ်း မရှိပေ။
 
 
ယနေ့ အိမ်ပြန်ရောက်ရောက်ချင်း အမေထျန်းနှင့် ထိပ်တိုက်တိုးသည်။ သူမ၏မျက်ဝန်းအကြည့်က အမေထျန်းကို ဆွဲဖြဲချင်နေမှန်း ခံစားနိုင်သည်။ သို့တိုင် အတင်းအဖျင်း သတင်းများ အကြောင်း တွေးမိ၍ သူ့ဒေါသစိတ်ကို ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုလို ဆတ်ဆတ်ထိ မခံသော အခြေအနေမျိုးတွင် အမေထျန်းနှင့် ပြဿနာတက်ရသည့်အထိ မရူးမိုက်ပေ။
 
 
အမေထျန်းကို ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သေးသည်။
 
 
အမေထျန်း အံ့အားသင့်နေမိသည်။
 
 
ထျန်းရွှမ် ရူးများသွားသလား။
 
 
သို့တိုင် ထျန်းရွှမ်က အမှန်တကယ် နှုတ်ဆက်စကား ပြောခဲ့သည်။
 
 
ယခုလို အမေထျန်း တုံ့ပြန်ရခြင်းက အပြင်လောကတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို မသိသေး၍ ဖြစ်သည်။
 
 
သူမအခန်းထဲ ပြန်ရောက်လာပြီးနောက် စားပွဲခုံပေါ် တင်ထားသော စာအုပ်အားလုံးကို တစ်စစီ စုတ်ဖြဲပြီး ဒေါသဖြေသည်။ သူမ၏အပြုအမူကြောင့် လက်ထိပ်များပင် သွေးစို့လာသည်။ သူမ၏ရင်ထဲမှ အပူမီးက ပို၍လောင်မြိုက်နေသည်။ ပြင်ပဒဏ်ရာက သူမ၏အပူမီးကို မငြိမ်းသက်နိုင်ခဲ့ပေ။
 
 
စိတ်တည်ငြိမ်သွားမှ ထျန်းရွှမ် အခန်းအပြင် ထွက်လာစဉ် ထျန်းကျင်းရွှမ် နှင့် ထျန်းရီချန်းတို့ ပြောဆိုနေသည့် အကြောင်းအရာကို နားစွန်းနားဖျား ကြားလိုက်ရသည်။
 
 
"အစ်မသုံးက ရုပ်ရှင်ရိုက်ဖို့ ခရီးထွက်သွားတယ်ဆိုတော့ ငါတို့အိမ် ငြိမ်းချမ်းပြီပေါ့။ ဟုတ်တယ်မလား"
 
 
ဒုတိယအစ်မထျန်းရီချန်းက သူ့အဖေ၏ ပညာအမွေကို ဆက်ခံပြီး ဆေးကျောင်းမှာ ပညာသင်ကြားနေသည်။ ၂၄နှစ်အရွယ် အငယ်ဆုံးလေး ထျန်းကျင်းရွှမ်က စီးပွားရေးဘွဲ့ရထားသော်လည်း ဂီတကိုသာ စိတ်ဝင်စားသည်။ ထျန်းမိသားစု မသိအောင် ဂီတအဖွဲ့ပင် ထောင်ထားသေးသည်။
 
 
ထိုကိစ္စနှင့် ပတ်သက်ပြီး ထျန်းမောင်နှမများ အချင်းအချင်း အငြင်းပွားခြင်း မရှိခဲ့ပေ။
 
 
"ထျန်းနင် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာလား"
 
 
"တတိယအစ်မ လုပ်သွားသလို ငါတို့ဘယ်သူ လုပ်ရဲလို့လဲ။ အစ်မက ပိုင်ချန်သုန်နဲ့တောင် အလုပ်တွဲလုပ်ဦးမှာလေ။ ရင်သက်ရှုမောဖွယ် ကောင်းတဲ့ ရှုခင်းတွေမှာတောင် ရုပ်ရှင်သွားရိုက် ဦးမှာလေ။ ငါတော့ အရမ်း မနာလိုဖြစ်မိတယ်"
 
 
"နင်က ဘာတွေ ဝန်တိုနေတာလဲ။ အဲဒီနေရာတွေက အရမ်းအန္တရာယ်များတာလေ"
 
ထျန်းရီချန်း ပြန်ဖြေသည်။
"ထျန်းနင်လို မော်ဒယ်က ခံနိုင်ရည် ရှိပါ့မလား"
 
"နင်က အစ်မရဲ့ အစမ်းသရုပ်ဆောင်ထားတဲ့ ဗီဒီယို မကြည့်ရသေးလို့ ဒီလိုစကားမျိုး ပြောနေတာလေ။ အစ်မက အရမ်း အရည်အချင်း ရှိတာနော်။ ထိပ်တန်း သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကို ယှဉ်လို့ ရတယ်"
 
ထျန်းကျင်းရွှမ် ခွန်းတုံ့ပြန်သည်။
 
"သူ့မောင်လေး ဖြစ်နေတော့ ငါလည်း အဲလို မွေးရာပါ အရည်အချင်းတွေနဲ့ မွေးဖွား လာလား သိချင်လိုက်တာနော်"
 
 
"နင်ကလား။ အရူးနေရာပဲ သရုပ်ဆောင်နိုင်လောက်တယ်"
 
ထျန်းရီချန်းက သူမ၏သံသယကို ဖော်ထုတ်သည်။
"တော်ပြီ။ ဒီစကား ဒီနေရာမှာတင် ရပ်လိုက်တော့။ ငါတို့အိမ်က အခုတောင် ရှုပ်နေတာ။ ထျန်းရွှမ်ရှေ့မှာ ထျန်းနင်အကြောင်း မပြောမိစေနဲ့။ ငါ့စကားကို နားမထောင်ရင်တော့ ငါတို့အိမ် မုန်တိုင်းထန်လိမ့်မယ်"
 
"အစ်မသုံးက တီဗီမှာရော မဂ္ဂဇင်းတွေမှာရော တစ်ချိန်လုံး ပေါ်ပေါ်နေတာလေ။ ကျွန်တော် မပြောရင်တောင် အစ်မထျန်းရွှမ် မြင်မှာပဲလေ"
 
ထျန်းကျင်းရွှမ် သရော်သည်။
 
"ဘက်ရွေးခွင့်ရရင် ငါတော့ အစ်မထျန်းနင်ဘက် နေမှာ"
 
 
"တော်လိုက်တော့။ မနက်ဖြန် ခွဲစိတ်ခန်း ဝင်ရတော့မယ်။ ငါ အိပ်ရာဝင်တော့မယ်"
 
 
ထျန်းရွှမ်က သူတို့ပြောနေသော စကားဝိုင်းကို ဒုတိယထပ်မှ ခိုးနားထောင်နေပြီး ထျန်းရီချန်း ပြောခဲ့သည့် စကားတစ်ခွန်းကို စိတ်ထဲ စွဲမြဲနေအောင် မှတ်ထားသည်။ ထျန်းနင် အန္တရာယ်ရှိသော နေရာသို့ သွားရောက်နေသည့် သတင်းဖြစ်သည်။
 
 
ထျန်းနင်ကို နေရာတိုင်းမှာ တွေ့နေရ၍ လောကကြီးထဲမှ အပြီးတိုင် ပျောက်ကွယ်သွားအောင် ကြံရွယ်ရမည်။
 
 
ထို့နောက် ထျန်းရွှမ်က သူ့လက်ထောက်ကို ဖုန်းခေါ်ခဲ့သည်။
 
"ငါ နင့်ကို ခိုင်းစရာ ရှိတယ်။ ထျန်းနင်တို့ ရိုက်ကူးရေးအဖွဲ့ ဘယ်နေရာမှာ ရုပ်ရှင်ရိုက်ကူးနေလဲ သွားစုံစမ်းထား။ ငါ ဘာထပ်လုပ်နေလဲ ဘိုးဘိုးသိသွားရင်တော့ နင် သွားသေလိုက်တော့။  ငါ နင့်မျက်နှာကို ထပ်မမြင်ချင်တော့ဘူး"
 
သူ့လက်ထောက်က ထိုစကားကို ကြားကြားချင်း တုန်တုန်ရီရီဖြင့် ခေါင်းညိတ် သဘောတူသည်။
 
 
...
 
 
ညလယ်လောက်မှ သူတို့ရိုက်ကူးမည့် ရုပ်ရှင်ရိုက်ကွင်းသို့ ရောက်ခဲ့သည်။ တည်းခိုစရာ တခြားနေရာ မရှိ၍ အဖွဲ့သားများက ခပ်မြန်မြန် စခန်းချသည်။
 
 
"ထျန်းနင်၊ မင်း ငါတို့နဲ့ အတူတူ အလုပ်တွဲလုပ်ရင်တော့ ဒီလိုအခက်အခဲတွေ ရင်ဆိုင်နိုင်မှ ဖြစ်မယ်"
 
ဒါရိုက်တာက ကားအပြင်ဘက် ထွက်နေစဉ် စကားပြောသည်။
"အပြင်ရိုက်ကွင်းတွေ များသလို တောင်ပေါ် တက်ရမယ့် အခန်းတွေ၊ ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ရမယ့် အခန်းတွေလည်း ရှိတယ်။ ဒါတွေကို လိုက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
 
မို့ထင်က ထျန်းနင်ကို နဂိုတည်းက ကြိုတင် လေ့ကျင့်ပေးထားသည်။ အလုပ်လေးစားသော ရိုက်ကူးရေး အဖွဲ့သား ၊ ထူးခြားသော အကျင့်စရိုက် ရှိသော ရုပ်ရှင်မင်းသားနှင့် အတူတူ အလုပ်တွဲလုပ်ရမည့် ဇာတ်ကောင်ကို ရွေးချယ်ပေးမိ၍ နဂိုတည်းက သူမ၏အရည်အချင်းကို တိုးတက်အောင် လေ့ကျင်ပေးထားသည်။
 
 
"စိတ်မပူပါနဲ့ ဒါရိုက်တာ"
 
 
"ပါးစပ်နဲ့ ပြောရတာတော့ လွယ်ကူတာပေါ့။ မင်းကိုယ်မင်း ကောင်းကောင်း ကာကွယ်ပါ။ တစ်ခုခု လိုအပ်ရင် ငါတို့အဖွဲ့သားတွေကို ချက်ချင်းခေါ်"
 
 
"ဟုတ်ကဲ့"
 
ထျန်းနင် ခေါင်းညိတ်သည်။
 
"ကောင်းပြီ။ ဒါဆိုရင် မင်း အနားယူတော့"
 
ဒါရိုက်တာက ထွက်မသွားခင် စကားပြောသည်။
 
ပိုင်ချန်သုန်က ရိုက်ကူးရေးအဖွဲ့သားများကို အကူအညီ လှမ်းတောင်းနေ၍ ကူညီပေးရန် အနားသွားသော်လည်း ဘေးတွန်းခံရသည်။
 
"အက်ရှင်ဇာတ်လမ်း ပထမဆုံး ရိုက်တာဆိုတော့ မင်း လေ့လာရမှာ အများကြီး ရှိသေးတယ်။ မင်းအစား သရုပ်ဆောင်ပေးမယ့် စတန့်သမား နှစ်ယောက်တောင် ရှိပေမဲ့ နေရာတိုင်း စတန့်သမားနဲ့ သရုပ်မဆောင်ချင်ဘူး။ အရည်အချင်းမရှိတဲ့ သရုပ်ဆောင်တွေကို ငါမုန်းတယ်"
 
"ပညာရှင်နဲ့ ကိုယ်ခံပညာ လေ့ကျင့်လိုက်ဦး"
 
 
ထျန်းနင် အံ့ဩနေရသည်။ သူက သူမကို စကားလာပြောနေသည်။
 
 
"မင်းလက်ထောက်ကို လာကူညီခိုင်းလိုက်ပါ"
 
 
ပိုင်ချန်သုန်က တစ်ချိန်လုံး ခေါင်းငုံ့ကာ စကားပြောနေပြီး သူ့အသံက တိုးလျလွန်းသည်။ သို့တိုင် သူ့ကို ရင်းနှီးနေသည်ဟု ခံစားမိသည်။
 
 
"ရှင်းအာ၊ ကူညီပေးလိုက်ဦး"
 
 
ဟန်ရှင်းအာက ပိုင်ချန်သုန်ကို ဖျတ်ခနဲ ကြည့်ကာ စကားပြန်ပြောသည်။
 
"ရှင်းအာ၊ သူ့ကို နည်းနည်းကြောက်တယ်"
 
 

အပိုင်း(၃၇၂)

ပြီး၏။

 
 
 
 
 
 
 

Continue Reading

You'll Also Like

2.6M 152K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
671K 73.7K 130
အခွက်ပြောင်လွန်းတဲ့ ဆရာ နဲ့ အင်နိုးဆန့်တပည့်လေး တို့ရဲ့စတိုရီလေးပါ😝 Name;Seduce & Subdue/Hold my master Type;Boy'Love/Comedy(On Going) I don't won a...