ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

Par jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) Plus

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

စာစဉ်(၂၆) Ep 361+362+363

120 8 0
Par jellyflower1

အပိုင်း(၃၆၁)

ထျန်းမိသားစု စံအိမ်တော်  နေသာသော မနက်ခင်းလေး

 
 
ခမ်းနားထည်ဝါသောဧည့်ခန်း လှေကားထစ်နားမှာ ထျန်းအကြီးအကဲက အမည်းရောင် အနောက်တိုင်ဝတ်စုံကို ဝတ်ဆင်ကာ လမ်းလျှောက်တုတ်ကောက် အကူအညီဖြင့် တည့်တည့်မတ်မတ် မတ်တတ်ရပ်နေသည်။
 
 
သူ့အေးစက်စက် မျက်ဝန်းအကြည့်က သူ့အရှေ့မှာ ဒူးထောက်နေသော သားသမီးမျိုးဆက် နှစ်ဆက်ကို ငေးစိုက်ကြည့်နေသည်။
 
 
မိသားစု၏သိက္ခာချဖွယ် ဖြစ်ရပ်ကို ထုတ်ဖော်ခဲ့၍ ထျန်းရွှမ်ကို အပြစ်ပေးထားသည်။
 
 
အဖေထျန်း နှင့် အမေထျန်းက ညာဘက်မှာ မတ်တတ်ရပ်နေစဉ် ထျန်းမျိုးဆက် မြစ်လေးများက ဘေးဘက်မှာ မတ်တတ်ရပ်နေသည်။
 
 
ဒုတိယအကြီးဆုံး ထျန်းရီချန်း နှင့် အငယ်ဆုံး ထျန်းကျင်းရွှမ်ကိုလည်း ထျန်းအကြီးအကဲက ဆင့်ခေါ်ထားသည်။ ထျန်းနင်က မောင်နှမထဲ တတိယအကြီးဆုံးဖြစ်သည်။
 
 
"ဒီကနေ့ ကျုပ်ရဲ့ဆုံးဖြတ်ချက်ကို ကြေညာချင်တယ်။ ကျုပ်ရဲ့ နောက်မြေးမတစ်ယောက်ကို ထျန်းမိသားစုကနေ ကန်ထုတ်ဖို့ ဆုံးဖြတ်ထားတယ်"
 
 
ထျန်းအကြီးအကဲက သုန်မှုန်သော လေသံဖြင့် ပြောဆိုသည်။
 
"မင်းတို့ရဲ့ အမြင်ရော ဘယ်လိုရှိလဲ"
 
"အဖေ"
 
အဖေထျန်းက တုန်လှုပ်သော လေသံဖြင့် ပြောဆိုသည်။
 
"မင်းက ဝင်ပြောခွင့် မရှိဆုံးပဲ။ အခုလိုတွေ ဖြစ်လာရတာ မင်းကြောင့်ပဲ"
 
အဖေထျန်းက သူ့ခံစားချက် အမြင်ကို ထုတ်ပြောရန် ကြိုးစားခဲ့သော်လည်း ငြင်းဆန်ခံရသည်။
 
"ဘိုးဘိုး၊ သမီး လက်မခံနိုင်ဘူး"
 
ထျန်းရွှမ်က မတ်တတ်ထရပ်ကာ စကားပြောသည်။
"ထျန်းနင်ကြောင့် မြေးလေးကို မောင်းထုတ်ချင်တာလား"
 
"ထျန်းနင်ကလည်း ငါ့မြေးပဲ။ မင်းက မင်းလုပ်ရပ်ကို မှားမှန်း အခုထိ မသိသေးဘူးပဲ။ မင်းရဲ့ဝန်တိုစိတ်ကြောင့် ငါတို့ထျန်းမိသားစု ဆယ်စုနှစ်ကျော် ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အရှုပ်ထုပ်ကြီး ပေါ်သွားပြီ။ မင်းက ငါတို့ထျန်းမိသားစုကို ပြဿနာထဲ ဆွဲသွင်းခဲ့တာပဲ။ မင်းလုပ်ရပ်ကြောင့် မင်း အခုထိ နောင်တ မရသေးဘူး"
 
 
"အဲဒီကောင်မက ဘိုးဘိုးရဲ့ မြေး ဟုတ်လား။ တွေ့ကရာ ယောက်ျားနဲ့ အိပ်ပြီး မွေးလာတာရော မဖြစ်နိုင်ဘူးလား"
 
 
"ဖြန်း"
 
 
ထျန်းအကြီးအကဲက အကြမ်းဖက်သော အပြုအမူမျိုးကို လုပ်ဆောင်ခဲသော်လည်း ဤတစ်ကြိမ်တွင် သူ့ဒေါသကို မထိန်းချုပ်နိုင်ခဲ့ပေ။
 
 
ထျန်းအကြီးအကဲ၏အိုမင်နေသော လက်တစ်စုံက အားအင်အပြည့် ရှိနေသေး၍ ထျန်းရွှမ်၏ဦးခေါင်းကို ဘေးဘက် လှည်ထွက်သွားစေသည်။
 
"ငါ ထျန်းကျန်း မင်းကို တစ်ခုတော့ လေးလေးနက်နက် ပြောလိုက်မယ်။ မင်းရဲ့ဒေါသ စိတ်သဘောထားကြောင့် ငါတို့ထျန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံဖို့ အိပ်မက်တောင် မမက်နဲ့"
 
ထျန်းရွှမ်၏မျက်ဝန်းများ ပြူးကျယ်သွားသည်။ သူမ၏ကံတရားကို သူမ လုံးဝ လက်သင့်မခံနိုင်ပေ။ သို့သော်လည်း  အိမ်တော်ထိန်းက ဧည့်ခန်းထဲ ဝင်ရောက်လာပြီး အစီရင်ခံသည်။
 
"သူဌေးကြီး၊ တတိယသခင်မလေး ပြန်လာပါတယ်"
 
"စောက်ကောင်မ ပြန်လာရဲသေးတယ်"
 
ထျန်းရွှမ်က ဒေါသတကြီး အော်ဟစ်သည်။
 
"ဝင်ခွင့်ပေးလိုက်"
 
ထျန်းအကြီးအကဲက သူ့လမ်းလျှောက် တုတ်ကောက်လေးဖြင့် ကြမ်းပြင်ကို ခေါက်ကာ စကားပြန်ပြောသည်။
 
ကိုးနှစ်ကျော် ကြာခဲ့ပါပြီ။ ထျန်းနင် ထျန်းအိမ်တော် ခြေချဖူးသည့် အကြိမ်အရေအတွက်က လက်တစ်ဖက်စာပင် မပြည့်ခဲ့ချေ။
 
 
ထျန်းမိသားစု အရိပ်အောက်မှာ ထျန်းနင်၏အိပ်မက်ဆိုးများ တဖန် ရှင်သန်လာခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲ ဖိနှိပ်မှုများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ကို ဦးညွှတ်မည့် အတွေး မရှိခဲ့ချေ။
 
 
ထျန်းနင်က အညိုရောင်ကုတ် အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို လျော့တိလျော့ရဲ ချည်နှောင်ထားသည်။
 
 
သူမ ပြောင်းလဲသွားမှန်း လူတိုင်း ခံစားမိသည်။
 
 
သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် လူတိုင်းကို ရှောင်ဖယ်ရန် ကြိုးစားလေ့ရှိသော ထျန်းနင်နှင့် ခြားနားသွားသည်။
 
 
...
 
 
 
ထျန်းနင်က သူမ၏ဒေါက်တာမြင့် ဖိနပ်ကို ဝင့်ဝင့်ကြွားကြွား စီးကာ ဒူးထောက်နေသော ထျန်းရွှမ်အနား လမ်းလျှောက်သွားသည်။
 
 
 
သူမက မိဘနှစ်ပါးကို မနှုတ်ဆက်ခင် ထျန်းအကြီးအကဲကို ဦးညွှတ် ဂါရဝပြုသည်။
 
"ဘိုးဘိုး"
 
သူမ ရောက်လာသည့် အကြောင်းအရင်းကို မည်သူမှ သေချာ မသိပေ။
 
 
"ရှောင်နင် အိမ်ပြန်လာတာ မြင်ရတော့ အဖေ ဝမ်းသာပါတယ်"
 
အဖေထျန်းက ချစ်မြတ်နိုးသော လေသံဖြင့်ပြောဆိုသည်။
 
ထျန်းနင်က အဖေထျန်းကို တစ်ချက်မျှ မကြည့်ခဲ့ပေ။ သူမက ထျန်းအကြီးအကဲကို ခနဲ့သော လေသံဖြင့် ပြောဆိုသည်။
 
"ဘိုးဘိုး။ မြေးနဲ့ ထျန်းရွှမ် သီးသန့်ဖြေရှင်းရမယ့် ကိစ္စတွေ ရှိတယ်။ ဘိုးဘိုးတို့ ဝင်မပါဖို့ မျှော်လင့်ပါတယ်"
 
"ရှောင်နင်၊ မင်းရဲ့အစ်မက..."
 
အဖေထျန်းက သူမကို ဖျောင်းဖျရန် ကြိုးစားသည်။
 
"ကောင်းပြီလေ"
 
ထျန်းအကြီးအကဲက ထျန်းနင်ကို ဖျတ်ခနဲကြည့်ကာ စကားဖြတ်ပြောသည်။ ထျန်းနင်က ကိုးရှစ်ကြာအောင် အပြင်လောကမှာ နေထိုင်ခဲ့၍ အပြင်လောကကြီးက ထျန်းနင်ကို ဘယ်လို ပုံသွင်းလိုက်လဲ ထျန်းအကြီးအကဲ သိချင်မိသည်။
 
ထို့ကြောင့် ထျန်းနင်က ထျန်းရွှမ်ကို မျက်နှာချင်းဆိုင် နေစဉ် ထျန်းအကြီးအကဲက သူ့လက်ထောက်ကို ခုံယူခိုင်းသည်။
 
 
သို့တိုင် လူတိုင်း မမျှော်လင့်ထားသော အခြေအနေ ဖြစ်ပေါ်သွားခဲ့သည်။ ကျယ်လောင်သော ဖြန်းခနဲ မြည်သံ ထွက်ပေါ်လာပြီး ထျန်းနင်က ထျန်းရွှမ်ကို ပါးရိုက်သွားသည်။
 
 
ထျန်းရွှမ် ပါးရိုက်ခံရသည်။
 
 
လူတိုင်း တုန်လှုပ်သွားသည်။ ထျန်းရွှမ်က ပါးကို ဆုပ်ကိုင်ကာ ငေးစိုက်ကြည့်နေသည်။
 
"နင် နင် ငါ့ကို ပါးရိုက်လိုက်တယ်ပေါ့ ဟုတ်လား"
 
"ဟုတ်တယ်။ နင့်ကို ရိုက်လိုက်တာလေ"
 
 
ထျန်းနင်က စိတ်ဆိုးဆိုးဖြင့် ပြန်ဖြေသည်။
 
 
"ဒီ တစ်ချက်က နင် ငါ့ကို တစ်ချိန်လုံး စိတ်ဒုက္ခပေးခဲ့လို့ လက်စားချေတာ"
 
 
"နင်..."
 
 
"ဘိုးဘိုးက ငါ့ကို အများကြီး မျှော်လင့်ချက်ထားပြီး နင့်ကို ဘာလို့ မထားလဲ သိလား။ ငါက နင့်ထက် ပိုတော်လို့လေ။ ငါတို့ငယ်ငယ်တည်းက နင် ငါ့ကို ဘယ်နေရာမှာ ယှဉ်နိုင်ခဲ့လို့လဲ။ ကျောင်းစာမှာလည်း မယှဉ်နိုင်သလို နင်က ငါ့လောက်လည်း လူရာမဝင် ဘူးလေ။ ငါတို့တွေ အရွယ်ရောက်လို့ ငါ အိမ်က ထွက်သွားတာတောင် နင်က ငါ့ကို မယှဉ်နိုင်သေးဘူး။ နင့်နာမည် ငါတည်ရှိမှုက နင့်နှလုံးသားကို အပ်နဲ့ထိုးစိုက်နေသလို ခံစားရစေတယ်မလား"
 
 
"ငါက ငါ့ဘဝနဲ့ငါ ပျော်နေပြီသား။ နင့်ကို ဒေါသထွက်စေတာ ရူးခါစေတာ ငါ့အကြိုက်ပဲလေ"
 
 
"ဒါပေမဲ့ ထျန်းရွှမ် နင်တစ်ခုတော့ သိထားလိုက်စမ်း..."
 
 
"ငါက နင့်ထက် ပိုအရည်အချင်း ရှိတယ်။ ဒါက အမှန်တရားပဲ"
 
 
"ငါက နိုင်ငံရပ်ခြားမှာ နှစ်တွေ အကြာကြီးနေပြီ၊ ထျန်းအိမ်တော်တံခါးပေါက်ကို ခြေတစ်လှမ်းတောင် မလှမ်းခဲ့ဘူး။ ဒါက ငါ့ခံစားချက်ကို ရှင်းရှင်းလင်း ပြပြီသားလို့ ငါ တွေးထားတယ်"
 
 
"ဒါတောင် နင်က အခွင့်အရေးကို ကောင်းကောင်း အသုံးမချတတ်ဘူး"
 
 
"ငါ့ကို ရွေးချယ်ခွင့် မရှိအောင် ချောင်ပိတ်ရိုက်တဲ့ လုပ်ရပ်တွေကို ငါ မုန်းတယ်"
 
 
"ငါ တတ်နိုင်သလောက် သည်းခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။  ငါသည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်ရင်တော့ ထျန်းအိမ်တော်ကို ပြန်လာမယ် ဆုံးဖြတ်ထားတယ်။ ငါက နင်တို့ နင်တို့စီက ခွင့်ပြုချက်ကို တောင်းနေမှာတော့ မဟုတ်ဘူး"
 
 
"ဒီနေ့ လာရတဲ့ အကြောင်းအရင်းက နင်တို့ကို သတိပေးဖို့ပဲ။ ငါ့ကို ဒီလို ဆက်ပြီးရန်ရှာနေမယ်ဆိုရင် နင်လည်း ထျန်းမိသားစုရဲ့ သူဌေးသမီး အမွေဆက်ခံသူ နေရာနဲ့ လွဲချော်အောင် ငါ လုပ်ပစ်မယ်"
 
 
ထျန်းနင် စကားပြောနေစဉ် သူမ၏မျက်ဝန်းများက အလွန်အမင်း အေးစက်နေသည်။ သူမ၏အေးစက်စက် အကြည့်ကြောင့် အကြည့်ချင်းဆုံသူတိုင်း ခိုက်ခိုက်တုန်လာသည်။
 
 
ထျန်းနင်၏မျက်နှာအမူအရာက လေးလေးနက်နက် ပြောနေကြောင်း လူတိုင်းခံစားမိသည်။
 
 
ထျန်းရွှမ် တွေဝေနေစဉ် ထျန်းနင်က ထျန်းအကြီးအကဲကို မျက်နှာချင်းဆိုင်လိုက်သည်။
 
 
အလျင်အမြန် ဂါရဝပြုပြီးနောက် သူမ စကားပြောသည်။
 
"ဘိုးဘိုး၊ မစိုးရိမ်ပါနဲ့။ ဒီသိက္ခာကျဖွယ် ပြဿရပ်ကို မြေး ဖြေရှင်းလိုက်ပါမယ်။ ဒီနေ့ အတင်းအိမ်ထဲ ဝင်ခဲ့မိလို့ အားနာမိပါတယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် လှည့်ထွက်သွားရန် ကြံရွယ်ခဲ့သော်လည်း ထျန်းအကြီးအကဲက သူမကို အချိန်ဆွဲထားသည်။
 
"မင်းကိုယ်မင်း ထျန်းမိသားစုဝင်လို့ တွေးနေသေးရင် ဒီအိမ်တော်ကနေ ခြေတစ်လှမ်းတောင် ခွာဖို့ မစဉ်းစားနဲ့"
 
"ဘိုးဘိုး၊ မြေးကို ဖိအား မပေးပါနဲ့"
 
 
"မနေ့ညတည်းက မြေးရဲ့အတွေးကို ရှင်းရှင်းလင်းလင်း ပြောထားပြီသားပါ"
 
 
"ဒီကနေ့ မင်း ဒီအိမ်တော်ကနေ ထွက်သွားတာနဲ့ မင်းလည်း ထျန်းရွှမ်လိုပဲ ထျန်းမိသားစုဝင် မဟုတ်တော့ဘူး"
 
ထျန်းအကြီးအကဲက အင်္ကျီလက်ကို ခါထုတ်ကာ သရော်သည်။
"ထျန်းရွှမ်က အမှားလုပ်ခဲ့ပေမဲ့၊ မင်းက ဟိုဖော်သည်ဖော်နဲ့ လူကြားထဲ လျှောက်သွားနေတာ အမြင်ပိုဆိုးရွားစေတယ်"
 
"မြေးက ထျန်းမိသားစုကို အရှက်ရအောင် တစ်ခါမှ မလုပ်ဖူးပါဘူး"
 
 
"မင်းရဲ့ သိက္ခာကျဖွယ် ပြဿနာတွေ၊ အတင်းအဖျင်းတွေနဲ့ ကမ္ဘာအလှဆုံး ခြေတံသွယ် ဆုတံဆိပ်တွေက ရှက်စရာ မကောင်းဘူးလား"
 
ထျန်းအကြီးအကဲက မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောဆိုသည်။
"ငါ့မျက်လုံးထဲမှာတော့ ဒါတွေအားလုံးက သိက္ခာကျတယ်"
 
"ဒါတော့ မြေးလည်း မတက်နိုင်ဘူး"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က တံခါးပေါက်နား ဆက်လမ်းလျှောက် သွားသည်။ သို့သော်လည်း ထျန်းအကြီးအကဲက စကားဆက်ပြောလာသည်။
"မင်းရဲ့မိဘနဲ့ မိသားစုကို တကယ် စွန့်ပစ်တော့မလို့လား။ မင်းရဲ့အိပ်မက်၊ မင်းရဲ့ အချစ်စိတ်ကြောင့်နဲ့ အားလုံးကို စွန့်ပစ်မယ်ပေါ့ ဟုတ်လား"
 
"ရှောင်နင် မထွက်သွားပါနဲ့။ အဖေရော အမေရော အရမ်းလွမ်းနေပါတယ်"
 
အဖေထျန်းက သူမကို ဖျောင်းဖျရန် ကြိုးစားသည်။
 
ထျန်းနင် ခေါင်းခါသည်။
 
 
သို့သော်လည်း တတိယအကြိမ် ထွက်သွားရန် ကြိုးစားစဉ် အမေထျန်းက တိတ်ဆိတ်မှုကို ရုတ်ခြည်းဖြိုခွဲလိုက်ပြီး ခပ်ပြတ်ပြတ် လေသံဖြင့် စကားပြောလေ၏။
 
"အမေသိပါတယ်။ ဒါတွေအားလုံးက အမေကြောင့် ဖြစ်ရတာပါ"
 
ထျန်းနင် လှည့်မကြည့်ခဲ့ပေ။
 
 
"ထျန်းနင်စိတ်ထဲမှာ ဒီအမေကြီး မရှိလေ ကောင်းလေပဲ။ ဒီအမေကြီးကြောင့် သူတစ်သက်လုံး အရှက်ကွဲနေရတာလေ"
 
 
"မိန်းမ၊ ပြဿနာကို ပိုရှုပ်ထွေးအောင် မလုပ်ပါနဲ့"
 
အဖေထျန်းက သူ့ဇနီးသည်ကို ချက်ချင်း ဖျောင်းဖျသည်။
 
"ဒီပြဿနာအားလုံးကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက ဒီလောကကြီးထဲကနေ ကျွန်မ ပျောက်ကွယ်သွားဖို့ပဲ ဟုတ်တယ်မလား"
 
 
"မိန်းမ မဟုတ်တမ်းတရားတွေ လျှောက်မပြောပါနဲ့"
 
 
"တော်သင့်ပြီ။ ဒီနေ့ ထျန်းနင် ဘယ်မှ မသွားရဘူး။ ဒီမှာပဲ နေရမယ်။ အတင်းအဖျင်း သတင်းတွေကို ဒီအဘိုးကြီး တစ်ယောက်ယောက်ကို ဖြေရှင်းခိုင်းလိုက်မယ်"
 
ထျန်းအကြီးအကဲက စကားဖြတ်ပြောသည်။
 
"ထျန်းရွှမ်ကတော့ ဒီလိုအမှားမျိုးလုပ်တာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ နောက်တစ်ခါ ဒီလိုထပ်လုပ်တာ ငါသိလို့ကတော့ ငါ့ကို အကြင်နာတရား ခေါင်ပါးတယ်လို့ အပြစ်မတင်နဲ့"
 
 
"အားနာပါတယ် ဘိုးဘိုး၊ မြေး ရိုက်ကွင်းသွားဖို့ ရှိသေးတယ်"
 
 
အပိုင်း(၃၆၁)
 
ပြီး၏။
 
 
 
အပိုင်း(၃၆၂)

 
 
"ဘာရိုက်ကွင်း ရှိတာလဲ။ ဒီအိမ်တော်ကနေ ခြေတစ်လှမ်း လှမ်းခွင့်တောင် ရှိမယ်လို့ တွေးနေသလား"
 
ထျန်းအကြီးအကဲက သူ့လက်ထောက်ကို တံခါးပိတ်ရန် မျက်စပစ်သည်။
"ထျန်းနင်၊ ပိုလေးနက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ အချိန်တန်ပြီ။ အပြင်မှာနေတုန်းက ချစ်ကြိုက်ခဲ့တဲ့ ဆက်ဆံရေးတွေကိုလည်း အဆုံးသတ်သင့်ပြီ"
 
ထျန်းနင်က အိမ်ရှေ့တံခါးမကြီး ပိတ်သွားသည်ကို ငေးစိုက်ကြည့်နေသော်လည်း ကြောက်စိတ် မဝင်မိပေ။ သူမက ရိုးရှင်းစွာ ထျန်းအကြီးအကဲဘက် လှည့်လိုက်ပြီး
 
"ဘိုးဘိုး၊ မြေးကို တစ်သက်လုံး ပိတ်လှောင်ထားလို့ မရပါဘူး"
 
ထျန်းအကြီးအကဲက ထျန်းနင်ကို ငေးစိုက်ကြည့်သည်။ ထျန်းနင်က သူစိတ်ကြိုက် ခြယ်လှယ်နိုင်သော ကလေးအရွယ် မဟုတ်မှန်း ထျန်းအကြီးအကဲ သဘောပေါက်ပါသည်။ သူမ၏ ထက်သန်သော ဆန္ဒက ယခင်ထက် ပိုပြင်းထန်လာခဲ့သည်။ သို့တိုင် သူ ဇွဲမလျော့ချင်သေးချေ။
 
"ငါ တတ်နိုင်သလောက် နင့်ကို တံခါးပိတ် ချုပ်နှောင်ထားမယ်"
 
ထျန်းရွှမ်က တရှိုက်ရှိုက် ငိုကြွေးကာ ကြမ်းပြင်ပေါ် ဒူးထောက်နေသေးသော်လည်း ခနဲ့သည်။
 
 
တစ်လျှောက်လုံး ထျန်းအကြီးအကဲ၏ ရည်ရွယ်ချက်က ထျန်းနင် အိမ်ပြန်လာရန် ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထို့နောက် သူမ မတ်တတ် ထရပ်ပြီး လှောင်ရယ်သည်။
 
"ဘိုးဘိုး၊ ဟိုးအရင်တည်းက ထျန်းနင်ကို အိမ်ပြန်ခေါ်ဖို့ ဆုံးဖြတ်ပြီသား မလား ဟုတ်တယ်မလား"
 
"ဒီအိမ်က သူ့အတွက် အမြဲတမ်းအိမ်ပဲ"
 
 
"အဲဒီခွေးမမှာ ဘာအခွင့်ရှိလို့လဲ"
 
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က သစ်သီးပန်ကန်းလုံး တင်ထားသောစားပွဲခုံအနား ပြေးသွားပြီး စားပွဲခုံပေါ်မှ ဓားကို ဆွဲယူကာ လက်ကောက်ဝတ်ပေါ် တင်လိုက်သည်။
"အဲဒီကောင်မနဲ့ သမီး နဲ့ တစ်ယောက်ယောက်ကို ရွေးချယ်"
 
"ထျန်းရွှမ်..."
 
ထျန်းအကြီးအကဲ ကြောက်စိတ်မွှန်ထူသွားပြီး မတ်တတ်ထရပ်ရန် ကြိုးစားခဲ့၍ သူ့လက်ထဲမှ တုတ်ကောက်လေး လွတ်ကျလုနီးပါး ဖြစ်သွားသည်။
"ဘာတွေ ကြံရွယ်နေတာလဲ မြေးရယ်"
 
"ဘိုးဘိုး၊ မြေး တကယ်ပြောနေတာ။ ဒီမိသားစုမှာ ငါတို့အတွက် နေရာလပ် တစ်နေရာစာပဲ ရှိတယ်။ တစ်ယောက်နေရင် တစ်ယောက်က ပျောက်ကွယ် ပေးရမယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က ဓားကို ဖိကိုင်လိုက်၍ လက်ကောက်ဝတ်မှ သွေးများ ယိုကျလာသည်။
 
"မိုက်မဲ့တဲ့လုပ်ရပ်တွေ မလုပ်ပါနဲ့"
 
ထျန်းအကြီးအကဲက ထျန်းရွှမ်အနား ရုတ်တရက် ပြေးသွားပြီး လက်ကောက်ဝတ်ကို လှမ်းဆွဲသည်။ ထို့နောက် သူ့လက်ထောက်ဘက် လှည့်ကာ
"မြန်မြန် ဆေးသေတ္တာ သွားယူစမ်း"
 
ထျန်းအကြီးအကဲက သူမကို ချစ်မှန်း သိသွား၍ ထျန်းရွှမ်က ရင်ခွင်ထဲ တိုးဝင်ကာ ငိုကြွေးလေ၏။
 
"ဘိုးဘိုး၊ အခုလို အခြေအနေလေးက ပိုအဆင်ပြေတယ်မလား။ သမီးတို့အိမ်ထဲ သူစိမ်း ဝင်ခွင့် မပေးပါနဲ့နော်။ ဘာလို့ သူစိမ်းကို ဝင်ခွင့်ပေးမလဲ။ သူလည်း အပြင်မှာ တစ်ယောက်တည်း နေလာတာ ၉နှစ်ကျော်နေပြီလေ။ ဒါက သမီးတို့ကို မိသားစုဝင်လို့ သဘောမထားတာလေ။ ဘာလို့များ တစ်ယောက်နဲ့ တစ်ယောက် စိတ်အနှောင့်ယှက် ဖြစ်အောင် လုပ်နေမလဲ"
 
"မြေးလေး စိတ်ထဲ ခံစားရတဲ့ အတိုင်း ပြောချင်ရာသာပြောပါ။ ဒီလိုရူးမိုက်တဲ့ အလုပ်မျိုး ဘာလို့လုပ်ရသလဲ"
 
ထျန်းအကြီးအကဲ၏ ဒေါသများ တလိပ်လိပ် တက်လာသည်။
 
"ထျန်းနင်ကို ပြန်လာခွင့် မပေးဘူးလို့ ဘိုးဘိုး ကတိပေးရမယ်။ မြေးကို ကတိပေးပါ"
 
 
ထျန်းရွှမ်၏ လွန်ကဲသော တောင်းဆိုမှုကို ထျန်းအကြီးအကဲ ကြံရာ မရသည့် အဆုံး သဘောတူခဲ့သည်။
 
"ဟုတ်ပါပြီ။ ဘိုးဘိုး ကတိပေးတယ်။ ကတိပေးတယ်နော်"
 
အဘိုးဖြစ်သူ၏ ကတိစကားကြောင့် ထျန်းနင်၏နှလုံးသားထဲ နောက်ဆုံး ကျန်ရစ်သော နှောင်ကြိုး နှင့် နွေးထွေးမှုလေး ပျောက်ကွယ်သွားခဲ့သည်။
 
 
"ရှောင်နင် အရင်ဆုံး ပြန်နှင့်ဦး။ နောက်တစ်နေ့မှ အဖေကိုယ်တိုင် သမီးကို လာခေါ်မယ်"
 
အဖေထျန်းက ထျန်းနင်က ခခယယ ပြောဆိုနေသည်။
 
"ကျွန်မကို လာခေါ်မယ် ဟုတ်လား။ ရှင်တို့ရဲ့ သမီးအကြီးဆုံးကိုပဲ အာရုံစိုက်လိုက်ပါ။ ဒီကနေ့ကစပြီးတော့ ထျန်းမိသားစု နဲ့ ကျွန်မ ကိုယ့်လမ်း ကိုယ် လျှောက်မယ်။ ပြောချင်တာက ထျန်းရွှမ် ကျွန်မကို ထပ်ရန်ရှာရင် သူ့ဘဝ ရှင်လျက် ငရဲကျစေရမယ်"
 
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် ခြေနှစ်လှမ်း နောက်ဆုတ်သည်။ သူမ ထွက်သွားခါနီး အိမ်တော်ထိန်း အလောတကြီး ရောက်လာပြီး ထျန်းအကြီးအကဲကို အစီအရင်ခံသည်။
 
 
"သူဌေးကြီး။ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအို မို့ထင် ရောက်နေပါတယ်"
 
 
"ငါ သူ့ကို မမြင်ချင်ဘူး"
 
ထျန်းအကြီးအကဲက စိတ်ရှုပ်ဟန် ပြန်ပြောသည်။
 
"သူ့ကို ဝင်ခွင့်ပေးလိုက်"
 
ထျန်းနင် ခွန်းတုံ့ပြန်သည်။
 
"ဒါကတော့..."
 
 
"ထျန်းနင်၊ အပြင်သူစိမ်းတွေက ဒီအိမ်တော်ထဲ ဝင်စရာ အကြောင်းကိစ္စ မရှိဘူး"
 
 
"သူ ဝင်လာတာကို ဟန့်တားရဲ တားကြည့်စမ်းပါ။ ဒီမှာ ရှိတဲ့ ကျောက်တိုင်တွေနဲ့ ပြေးတိုက်ပစ်မယ်။ မြေး မလုပ်ရဲဘူး မထင်နဲ့နော် ဘိုးဘိုး"
 
ထျန်းနင်က ရောမဒီဇိုင်း ကျောက်တိုင်ကို ညွှန်ပြသည်။
 
အပြစ်ရှိသော ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး ထျန်းအကြီးအကဲ ခေါင်းညိတ် သဘောတူသည်။
 
 
အိမ်တော်ထိန်းက ထျန်းအကြီးအကဲ၏အမူအရာကို နားလည်မိ၍ မို့ထင်ကို စံအိမ်တော်ထဲ ချက်ချင်း ဝင်ခွင့်ပြုသည်။ သို့သော်လည်း မို့ထင်က သူ တစ်ဦးတည်း ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သူနှင့်အတူတူ ကိုယ်ရံတော် အယောက်၂၀ခန့်ကို ခေါ်ဆောင်လာ၍ ဧည့်ခန်း တစ်ခန်းလုံး အမည်းရောင် ပင်လယ်ပြင် အဖြစ် ပြောင်းလဲသွားခဲ့သည်။
 
 
"မို့သူဌေး အင်အားပြတာ လွန်ကဲလှချည်းလား"
 
ထျန်းအကြီးအကဲက ဂုဏ်သိက္ခာရှိသော ဟန်အမူအရာဖြင့် လှောင်ရယ်သည်။
 
မို့ထင်က ထျန်းအကြီးအကဲကို အဖက်မလုပ်ခဲ့ပေ။ သူက ရိုးရှင်းစွာ ထျန်းနင်ကို လက်ယပ်ခေါ်သည်။
 
 
ထျန်းနင်၏မျက်ဝန်းမှ မျက်ရည်စက်များ ကျဆင်း လုနီးပါး ဖြစ်နေသော်လည်း မျက်ရည်မကျမိအောင် ထိန်းချုပ်ကာ မို့ထင်၏ ရင်ခွင်ထဲ ပြေးဝင်သွားသည်။
 
 
မို့ထင်၏ရင်ခွင်ထဲ ခေါင်းအပ်ကာ ခပ်ပြတ်ပြတ် လေသံဖြင့် တောင်းဆိုသည်။
 
"ယောက်ျား၊ ချစ်လေးကို ဒီနေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားပေးပါနော်"
 
"အင်းပါ။ ကိုယ် ဖြေရှင်းလိုက်မယ်"
 
မို့ထင်က ထျန်းနင်၏နဖူးလေးကို မနမ်းခင် ဦးခေါင်းလေးကို လက်ဖြင့် ဖွဖွလေး ပုတ်သည်။
 
"ပိုလွန်တယ်လို့ ပြောချင်တာလား။ ဒါက မလုံလောက်ဘူးလို့တောင် ကျွန်တော်က ခံစားနေမိတာ။ မို့မိသားစုက ဒီလိုပဲ ခရီးထွက်တတ်တယ်လေ"
 
မို့ထင်၏လေသံတွင် ခြိမ်းခြောက်သော ခံစားချက်များ ရောယှက်နေသည်။ သူ့မျက်ဝန်းနက်မှ အကြည့်စူးစူးက ထျန်းအကြီးအကဲ၏ မာန်မာနကြီးသော အကြည့်ကို ယှဉ်နိုင်စွမ်း ရှိသည်။
 
"ထျန်းနင်က ငါ့မြေးပါ။ ဘယ်လိုဖြစ်ပြီး မို့မိသားစုဝင် ဖြစ်သွားတာလဲ"
 
 
မို့ထင်က အချိန်မဖြုန်းချင်၍ သူ့အိတ်ကပ်ထဲမှ သူ နှင့် ထျန်းနင်၏ လက်ထပ်စာချုပ်ကို ဆွဲထုတ်သည်။
 
"ကျွန်တော်က ထျန်းနင်ရဲ့ တရားဝင် ယောက်ျားပဲ။ ဒါဆိုရင်ရော ထျန်းနင်က မို့မိသားစုဝင် မဟုတ်တော့ဘူးလား လူအိုကြီး"
 
ထျန်းအကြီးအကဲ
 
"..."
 
"တက်နိုင်ရင်တော့ ခင်ဗျားတို့တွေ ထျန်းနင်ကို မမွေးပေးထားသလို ဟန်ဆောင်ချင်ပါတယ်။ ခင်ဗျားတို့ဘက်က ဒီလိုတွေ ယုတ်မာလာတော့ ခင်ဗျားတို့ကိုယ်စား ရှက်မိတယ်ဗျာ"
 
 
"ထျန်းနင်က ကျုပ်မိန်းမဆိုတော့ ခင်ဗျားတို့စီကနေ ချူပြား တစ်ပြားတောင် ယူသုံးမှာ မဟုတ်ဘူး။ မို့မိသားစု ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေက ထျန်းနင်ကို ဆယ်သက် စားမကုန်အောင် ထားပေးနိုင်တယ်။ ငါ့မိန်းမကို ထျန်းမိသားစု ပြန်လာစေချင်ရင် ဒူးထောက် တောင်းပန်သင့်တာ ခင်ဗျားတို့တွေပဲ ဖြစ်သင့်တယ်"
 
 
"ဒီကနေ့ ဒီအချိန်က စပြီးတော့ ထျန်းနင်ကို ကျွန်တော်နဲ့အတူတူ ခေါ်သွားမယ်..."
 
 
"ထျန်းနင်က ခင်ဗျားတို့တွေနဲ့ လုံးဝ မသက်ဆိုင်ဘူး"
 
 
"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ထျန်းနင်ကို အနိုင်ကျင့်ချင်ရင် ကျုပ်ကို အရင်ဆုံး ယှဉ်နိုင်အောင် ကြိုးစား"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်ကို ဖက်ကာ အပြင်ဘက် လှည့်ထွက်လာသည်။ သို့သော်လည်း ထျန်းမိသားစုက ပုံမှန်အတိုင်း သူတို့ကို ဟန့်တားရန် ကြိုးစားသည်။
 
သို့တိုင် မို့ထင် ခေါ်ဆောင်လာသော ကိုယ်ရံတော်များက ပျော့ညံ့သူများ မဟုတ်ခဲ့ပေ။ သူတို့က အတွေ့အကြုံရှိသော တိုက်ခိုက်သူများ ဖြစ်သည်။
 
 
ထို့ကြောင့် အဆုံးသတ်မှာ ထျန်းမိသားစု၏ အစေခံအားလုံး မို့ထင်၏ကြောက်ခမန်းလိလိ အကြည့်အောက်မှာ အညံ့ခံခဲ့သည်။
 
 
ထျန်းနင်ကို ခေါ်ဆောင်သွားခြင်းကို လက်ပိုက်ကြည့်နေရုံမှ အပ မတတ်နိုင်ချေ။
 
 
ထျန်းအကြီးအကဲ အရမ်းဒေါသထွက်လွန်း၍ ခန္ဓာကိုယ် တစ်ကိုယ်လုံး တဆက်ဆက် တုန်နေသော်လည်း ထျန်းနင်တို့ကို မတားဆီးခဲ့ပေ။
 
 
ယနေ့ တွေ့ဆုံခြင်းက သူနှင့်ထျန်းနင်ကို စည်းခြားခဲ့သည့် ဖြစ်ရပ်မှန်ပင်။
 
 
"ရှောင်နင် ဘယ်အချိန်က လက်ထပ်လိုက်တာလဲ။ အဖေတို့တွေ ဘာမှ မသိရပါလား"
 
အဖေထျန်းက တအံ့တဩ မေးမြန်းသည်။
"မို့မိသားစုနဲ့တောင် လက်ထပ်လိုက်သေးတယ်..."
 
အမေထျန်း၏ စိတ်ရှည်သည်းခံစိတ် ပျောက်ဆုံးနေသည်မှာ ကြာပါပြီ။ သူမ ရယ်နေရုံသာ တက်စွမ်းနိုင်သည်။
 
"အခု ငါ သဘောပေါက်လိုက်တာက ထျန်းအကြီးအကဲရဲ့ အမြင်မှာ ငါရော ထျန်းနင်ရောက တိရိစ္ဆာန်တွေလောက်တောင် တန်ဖိုး မရှိဘူး ဆိုတာပဲ"
 
"သမီး၊ နင် လက်ထပ်လိုက်တာ ကောင်းတယ်။ မို့ထင်နဲ့ လက်ထပ်ပြီး မို့မိသားစုဝင် ဖြစ်သွားတာက အမေ ရခဲ့တဲ့ အောင်မြင်မှုထက် ပိုသာလွန်တယ်"
 
 
"အခုချိန်ကစပြီးတော့ တခြားသူတွေ ဝေဖန်တာ ကဲ့ရဲ့တာကို မခံရတော့ဘူး"
 
 
"သခင်မ၊ ဘာတွေ ပြောနေတာလဲ"
 
အဖေထျန်းက အမေထျန်း၏ပခုံးကို ဆောင့်ဆွဲသည်။
"အခြေအနေတွေကို ပိုရှုပ်ထွေးအောင် မလုပ်ပါနဲ့လား..."
 
"မို့မိသားစုဝင်နဲ့ လက်ထပ်လိုက်တာက တခြားသူရဲ့ခင်ပွန်းကို လက်ထပ်တာထက် ပိုကောင်းတယ်လို့ ပြောချင်တာလေ။ နင့်အမေ ဂုဏ်ဆယ်နိုင်အောင် ပြန်ကူညီနိုင်ခဲ့ပြီ သမီးလေး"
 
 
ထိုစကားကို ပြောပြီးနောက် အမေထျန်းက အဖေထျန်းကို ဘေးတွန်းထုတ်လိုက်ပြီး သူတို့အိပ်ခန်းရှိရာသို့ ပြန်သွားသည်။
 
 
ဤအိမ်တော်ထဲ နေထိုင်ခဲ့ရသည့် ကာလတစ်လျှောက်လုံး ထျန်းမိသားစု အရှေ့မှာ ပထမဦးဆုံး ဦးမော့နိုင်ခြင်း ဖြစ်သည်။
 
 
ထိုစဉ် တခြားသော ထျန်းမိသားစုဝင်များလည်း တုန်လှုပ်နေသည်။
 
 
ထျန်းရွှမ်က ယခင်ကထက် ပိုဒေါသထွက်နေစဉ် ထျန်းရီချန်းကတော့ မိသားစု အရှုပ်အရှင်းများကြား ဝေးဝေးပြေးချင်စိတ် ရှိသည်။ ထျန်းကျင်းရွှမ်က ပျောက်ကွယ်သွားသော မို့ထင်ကို မျက်စိ တဆုံး ငေးကြည့်နေသည်။
 
"အစ်မ၊ ဟိုလူက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအိုမလား။ ဟုတ်တယ်မလား"
 
"ကျင်းရွှမ်၊ နင် ဘာလုပ်ချင်ပြန်ပြီလဲ"
 
 
"ဓာတ်ပုံထုတ်ချင်တာလေ"
 
 
"ဘိုးဘိုး၊ နင့်ကို ခြေထောက် ရိုက်ချိုးမှာ မကြောက်ရင် စမ်းကြည့်လိုက်လေ"
 
 
"ဒါပေမဲ့ အခုဆို မို့ထင်က ငါတို့ ခယ်အို ဖြစ်နေပြီလေ"
 
ထျန်းကျင်းရွှမ်က သဘောကျနှစ်ခြိုက်စွာ ပြောဆိုနေသည်။
 
အပိုင်း(၃၆၂)
 
ပြီး၏။
 
 
 
 
 
 
 
 
 
 
 
အပိုင်း(၃၆၃)

 
 
"ချစ်လေး ငိုချင်ရင် ငိုလိုက်နော် စိတ်ထဲ တင်းမထားနဲ့"
 
အိမ်ပြန်လမ်းမှာ မို့ထင်က သူ့ပခုံးကို မှီထားသော အမျိုးသမီးလေးကို စောင်းငဲ့ကြည့်သည်။
"ကိုယ် နောက်ကျမှ ရောက်လာလို့ ချစ်လေး ဒီလိုတွေ နာကျင်ခံစားရတာပါ။ ဒါတွေအားလုံး ကိုယ့်အမှားပါ"
 
ထျန်းနင်က နောက်ဆုံးတော့ စိတ်ကို လွတ်မြောက်ခွင့် ပေးလိုက်ပြီး သူမ နာကျင်ခံစားခဲ့ရသမျှ ရှိုက်ငိုသည်။
 
 
"အဲဒီအိမ်ကို သွားဖို့ ဆုံးဖြတ်ခဲ့တာ ချစ်လေးပါ။ ယောက်ျားနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဘာလို့များ အမြဲတမ်း ကိုယ့်ဘာသာကိုယ် အပြစ်တင်နေရသလဲ"
 
 
"ချစ်လေးကို အကောင်းဆုံး မကာကွယ်ပေးနိုင်တာ ကိုယ့်အမှားပဲလေ"
 
မို့ထင်က မိမိကိုယ် မိမိ အပြစ်တင်သော ခံစားချက်ဖြင့် စကားပြောသည်။
"အခုကစပြီးတော့ မင်းက ကိုယ့်ရဲ့ တစ်ဦးတည်မူပိုင် ဇနီးသည်ပဲ။ တခြားတစ်ယောက်ရဲ့ မြေးလည်း မဟုတ်ဘူး။ ချစ်လေးနဲ့ အဲဒီမိသားစု ဘာမှ မသက်ဆိုင်ဘူး"
 
"အွန်း အွန်း"
 
ထျန်းနင် ခေါင်းညိတ်သော်လည်း မျက်ရည်စက်များက တားကျိုးသည့်အလား ကျဆင်းလာသည်။
 
မိသားစုက ပေးသော နာကျင်မှုက ကုသရ အခက်ခဲဆုံး စိတ်ဒဏ်ရာ ဖြစ်နေသည်။
 
 
"မငိုနဲ့တော့နော် ချစ်လေး၊ ချစ်လေး ငိုနေတာ မြင်ရတော့ ကိုယ့်နှလုံးသားလေး နာကျင်ရတယ်"
 
 
ငိုကြွေးခြင်းက မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်း မရှိသော်လည်း ရပ်တန့်ရန် ခက်ခဲနေသည်။ ထို့ကြောင့် ထျန်းနင်က တည့်တည့်မတ်မတ်
 
ထိုင်ပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ စကားပြန်ပြောသည်။
"စတူဒီယိုကို ကားမောင်းပို့ပေး။ ချစ်လေးပါတဲ့ ဇာတ်ဝင်ခန်းကို ဒီကနေ့ အပြီးသတ် ရိုက်ကူးမယ်လို့ သဘောတူထားတယ်။ ချစ်လေးကြောင့် ရုပ်ရှင်တစ်ခုလုံးကို မနှောင့်နှေးစေချင်ဘူး"
 
"ဟုတ်ပြီ၊ ချစ်လေး ဘာပဲလုပ်ချင် လုပ်ချင် ချစ်လေးရဲ့ဆန္ဒကို ယောက်ျား ဖြည့်ဆည်းပေးမယ်"
 
 
မို့ထင်က သူ့အချစ်ကို ဖော်ပြေလေ့ရှိသော အပြုအမူ ဖြစ်သည်။
 
 
တရားမဝင် သမီးသတင်းက ပြန့်နေစဉ် ထျန်းနင်က မို့ထင်နှင့်အတူတူ ရုပ်ရှင်ရိုက်ကွင်း သွားသည်။
 
 
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သား အားလုံးက ထျန်းနင်ကို စိုးရိမ်တကြီး ကြည့်သည်။ ရိုက်ကွင်း မရှိသော လင်းရှန် ကိုယ်တိုင်ပင် ထျန်းနင်ကို ရိုက်ကွင်းမှာ လာစောင့်နေသည်။ ထျန်းနင်၏ပထမဆုံး ရုပ်ရှင် အပြီးသတ် ရိုက်ကူးခြင်းကို ဂုဏ်ပြုစကား ပြောကြားရန် အသင့်စောင့်နေခြင်း ဖြစ်လေ၏။
 
 
"တခြား ဘာကိစ္စတွေပဲ ရှိရှိ ကင်မရာရှေ့ အရောက်လာနိုင်တာ သရုပ်ဆောင်ကောင်းတစ်ယောက်ရဲ့ ကြန့်အင်လက္ခဏာတွေပဲ။ ထျန်းနင် ရိုက်ကွင်းကို လာလို့ ဝမ်းသာပါတယ်"
 
လင်းရှန်က ထျန်းနင်၏ပခုံးကို ပုတ်ကာ ချီးမွမ်းသည်။
 
"မင်းရဲ့နောက်ဆုံး ဇာတ်ဝင်ခန်း နှစ်ခန်းကို အကောင်းဆုံး သရုပ်ဆောင်ဖို့ သွားတော့"
 
 
ထျန်းနင် ခေါင်းညိတ်လိုက်ပြီး မျက်ရည်စက်များကို သုတ်ကာ ရုပ်ရှင်အဖွဲ့သားများကို ပြုံးပြသည်။
 
"စိတ်မပူပါနဲ့။ ကျွန်မ အဆင်ပြေပါတယ်"
 
"ကောင်းပြီလေ…"
 
လင်းရှန်က ထျန်းနင် ရုပ်ရှင်ရိုက်ကွင်းထဲ လမ်းလျှောက်သွားသော မြင်ကွင်းကို ငေးစိုက်ကြည့်နေသည်။ သူ့ရင်ထဲ အကြောင်းအရာ တချို့ကို နားလည်သွားသည်။ သူက အမြဲတမ်း တခြားသူကိုသာ ဝေဖန်ဆန်းစစ်ခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမွမ်းစကား မပြောခဲ့ဖူးချေ။ သို့တိုင် လူသစ်ထျန်းနင်က သူ့စိတ်ကို ပြောင်းလဲနိုင်ခဲ့သည်။
 
ဤအချက်က ထျန်းနင်ကို သူ့တပည့်အဖြစ် လက်သင့်ခဲ့၍ ဖြစ်နိုင်သည်။
 
 
ဤနောက်ဆုံး ဇာတ်ဝင်ခန်း နှစ်ခန်းက ခံစားချက် အရမ်းထားရမည့် ဇာတ်ဝင်ခန်းဖြစ်သည်။ အမျိုးသမီးဇာတ်ဆောင်က ရူးနှမ်းသွားပြီးနောက် သူ့ကလေးကို ထိတ်ထိတ်ပျာပျာ လိုက်ရှာနေသော ဇာတ်ဝင်ခန်း ဖြစ်လေ၏။
 
 
"ငါ့ကလေးက ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်လေးပဲ"
 
 
"တကယ့်ကို ပါရမီရှင်လေးပဲ..."
 
 
"ငါ့ကလေးကို မြင်မိကြလား။ ငါ့သားလေးက ပါရမီရှင်လေးပါ"
 
 
အမျိုးသမီး ဇာတ်ဆောင်က ကြောက်ရွံစိတ် နှင့် စိုးရိမ်စိတ်ကို ရင်ဝယ်ပိုက်ကာ အနီးအနား ဖြတ်သွားသော လမ်းသွားလမ်းလာများ၏ လက်ကို လှမ်းဆွဲသည်။ တွေ့သမျှ လူတိုင်းကို သူမ၏ စကား ယုံကြည်အောင် ထပ်တလဲလဲ ပြောဆိုနေသည်။ သို့သော်လည်း အားလုံးက သူမကို လျစ်လျူရှုကြသည်။
 
 
"ဟေ့။ အဲဒီမိန်းမက ကျော်ကြားတဲ့ သရုပ်ဆောင် မင်းသမီးမလား"
 
 
"မဖြစ်နိုင်ပါဘူး။ ကလေးပျောက် လိုက်ရှာနေတဲ့ အရူးမကြီး ဖြစ်မှာပါဟာ"
 
 
အမျိုးသမီးဇာတ်ဆောင်၏ ဝင့်ကြွားဖွယ် ပလွှားဖွယ် ဘဝက စိတ်ညှိုးငယ်ဖွယ် အဆုံးသတ်သို့ ကျရောက်သွားခဲ့သည်။ ယင်းမြင်ကွင်းကို မျက်မြင်တွေ့ကြသော လူအပေါင်းက သနားစိတ်ဝင်မိ၍ သက်ပြင်းချသည်။
 
 
သို့သော်လည်း ဇာတ်လမ်းလေးက ဆက်ရန် ရှိသေးသည်။ သူမ ပြောခဲ့သည့် ပါရမီရှင်က 'Stupid'ရုပ်ရှင်၏ ဇာတ်ဆောင်မင်းသား ဖြစ်လိမ့်မည်။
 
 
ထျန်းနင်က သူမ ရိုက်ကူးရမည့် နောက်ဆုံးဇာတ်ဝင်ခန်း နှစ်ခန်းကို အာရုံစိုက် ရိုက်ကူးနေစဉ် ထျန်းမိသားစုကို ဒေါသထွက်သော ခံစားချက် အားလုံး ပြယ်လွင့်သွားခဲ့သည်။
 
 
သူမ ဒေါသ မထွက်သော်လည်း မို့ထင် ဒေါသ မထွက်ပါဟု မဆိုလိုချေ။
 
 
"ထျန်းနင်၊ မင်းရိုက်ကူးရမယ် ဇာတ်ဝင်ခန်းတွေကို အပြီးသတ် ရိုက်ကူးနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်"
 
 
"ငါတို့ရဲ့ ခေါင်းဆောင်မင်းသမီးလေး ပြန်လည်မွေးဖွားလာလို့ ဂုဏ်ပြုပါတယ်"
 
 
"အကောင်းဆုံး ကြိုးစားခဲ့လို့ ဂုဏ်ယူပါတယ်"
 
အဖွဲ့သားအားလုံးက ထျန်းနင် ဘေးနား ဝိုင်းလာပြီး ပန်းစည်းများ ပေးကာ ဖက်ကြသည်။
 
"ထျန်းနင် အရမ်းတော်တယ်"
 
ဒါရိုက်တာCoqueကလည်း ထျန်းနင်ကို ဖက်သည်။
"ဒီနောက်ဆုံး ဇာတ်ဝင်ခန်းမှာ မင်းနှုတ်က ပြောခဲ့တဲ့ စကားတစ်ခွန်းလိုပဲ။ မင်းက အရမ်းကို ထူးချွန် ထက်မြက်တဲ့ ပါရမီရှင်ပါ"
 
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာ Coqueရှင့်။ ဒီကနေ့ ဒီအခြေအနေ ရောက်အောင် ဆွဲခေါ်ပေးခဲ့တဲ့သူပါ ဒါရိုက်တာပါ"
 
ထျန်းနင်က သူ့ကို ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကား ပြောဆိုသည်။
 
"သရုပ်ဆောင်ဘဝနဲ့ ပျော်ပျော်ရွှင်ရွှင် နေပါ။ 'Hidden Expert'ရုပ်ရှင်မှာ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်တွေ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်ႏ အကောင်းဆုံး သရုပ်ဆောင်အသစ် ဆုတံဆိပ်လည်း ရဖို့ အခွင့်အရေး များမယ်လို့ ထင်ပါတယ်"
 
 
ထျန်းနင်က သူမ ဆုရ မရ စိတ်မဝင်စားပေ။ မို့ထင်၏အိပ်မက်လေး အောင်မြင်အောင် အကောင်းဆုံး ကူညီပေးချင်သည့် စိတ်ဆန္ဒ ရှိပြီး သူမ အောင်အောင်မြင်မြင် ကူညီနိုင်ခဲ့သည်။
 
 
"အားလုံးပဲ ထျန်းနင် ဘေးနား မဝိုင်းကြပါနဲ့။ ထျန်းနင်က မို့သူဌေး ပြောမယ့်စကားကို အကြားချင်ဆုံး ဖြစ်မှာပါ"
 
မို့ထင်က ပန်းစည်းလေး ကိုင်ကာ ထျန်းနင်အနား ချဉ်းကပ်လာသည်ကို လှမ်းမြင်သော တစ်စုံတစ်ယောက်က ဝင်ရောက် ပြောဆိုသည်။ သူတို့က ချက်ချင်း ထျန်းနင်ကို တံတောင်ဖြင့် တွတ်သည်။
 
ထျန်းနင်က သူမအနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော နှစ်လိို့ဖွယ် အမျိုးသားကို ငေးကြည့်နေသည်။
 
"ချစ်လေး ရုပ်ရှင် အပြီးသတ် ရိုက်နိုင်ခဲ့ပြီ"
 
မို့ထင်က နှင်းဆီပန်းစည်းလေး ကမ်းပေးသည်။
 
"ကိုယ် သိပါတယ်"
မို့ထင်က ထျန်းနင်၏လည်တိုင်လေးကို လှမ်းချိတ်ကာ သူ့နှုတ်ခမ်းနှင့် သူမ၏နှုတ်ခမ်းလေး ထိကပ်သည်။
 
လူတိုင်း၏ ကျယ်လောင်သော အော်သံက ညံသွားသည်။ ထိုစဉ် ထျန်းနင်က မို့ထင်၏ ရုတ်တရက် ဆန်သော အနမ်းကြောင့် မှင်တက်နေသော်လည်း သူ့အနမ်းကို တုံ့ပြန်သည်။ သူတို့ပါးနှစ်ဖက် နှင့် နားရွက်ဖျားလေးများ နီရဲလာမှန်း ဘေးထိုင်ကြည့်သူများ ရိပ်မိလာမှ မို့ထင်က ထျန်းနင်ကို လွှတ်ပေးသည်။
 
 
"မစ္စမို့လေး မင်းရဲ့ရိုက်ကူးရေး ပြီးဆုံးသွားလို့ ဂုဏ်ယူပါတယ်"
 
 
"မို့သူဌေးက ဒီကနေ့ ပန်းစည်းကြီး သယ်လာတော့ သတင်းကောင်းလေး ကြေညာမလို့ ထင်တယ်"
 
မို့ထင်က သူမကို လက်ထပ်ခွင့်တောင်းရန် ကြံရွယ်နေသည်ဟု ဘေးလူများက ခန့်မှန်းကြသည်။
 
သို့သော်လည်း ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ ခိုးခိုးခစ်ခစ် ရယ်မောနေသည်။
 
 
မို့ထင်က သူမကို ပထမဆုံး အကြိမ် ပန်းစည်း လက်ဆောင်ပေးခြင်း မဟုတ်ပေ။ မို့ထင် ပန်းစည်း ပေးရသည့် အကြောင်းအရင်းကို ထျန်းနင် ကောင်းကောင်း သိပါသည်။
 
 
"ဘယ်လို သတင်းကောင်းမျိုးကို မင်းတို့တွေ မျှော်လင့်ထားသလဲ"
 
မို့ထင်က ပုံမှန်မဟုတ်သော ပျော်ရွှင်ခြင်းများဖြင့် မေးမြန်းသည်။
 
"လက်ထပ်ခွင့် တောင်းပါ။ လက်ထပ်ခွင့်တောင်း"
 
လူတိုင်းက သံပြိုင်ကြွေးကြော်သည်။
 
သို့သော်လည်း မို့ထင်က လက်ထပ်စာချုပ်ကို ထုတ်ပြသည်။
 
 
ယနေ့ မို့ထင်က သူ့လက်ထဲမှာ ရှိသော လက်ထပ်စာချုပ်ကို ထျန်းမိသားစု သိအောင် ပြသခဲ့ပြီး တခြားသူကို နောက်တစ်ကြိမ် ထပ်ပြရန်လည်း ဝန်းမလေးခဲ့ချေ။
 
 
လူတိုင်း တုန်လှုပ်သွားသည်။ သူတို့စုံတွဲ လက်ထပ်ထားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။
 
 
"အမလေးလေး ထျန်းနင်က တကယ့်ကို နှုတ်စောင့်စည်းတာပဲ။ နင်က မို့သူဌေးကို ချည်နှောင်ထားပြီသားလို့ ဘယ်သူက တွေးမိမလဲ။ အရမ်းကို ဝမ်းသာတယ်"
 
 
"အမလေး အဲဒီလူသစ်လေးကို အနိုင်မကျင့်မိလို့ ကံကောင်းပေါ့။ စီအီအိုရဲ့ မိန်းမကို ပြဿနာရှာမိလို့ကတော့ ငါ့ဘဝလေး မတွေးဝံ့စရာပဲ"
 
 
"ဟား ဟား ကိုယ့်အတွက်ကိုယ် သိသေးလို့ တော်သေးတာပေါ့"
 
 
"မို့သူဌေးက ထျန်းနင်ကို လက်ထပ်မှာ မဟုတ်ဘူးလို့ ပြောနေတဲ့ သတင်းထောက်တွေ အပြင်မှာ ရှိနေပါသေးတယ်။ ဒီသတင်းကြားလို့ကတော့ ဒင်းတို့တွေ အရှက်ကွဲကြဦးမယ်"
 
 
ထျန်းမိသားစုကို ရင်ဆိုင်ပြီးနောက် သတင်းထောက်များကို ရင်ဆိုင်ရဦးမည်။
 
 
ထျန်းမိသားစု၏အိမ်တော်မှာ ထျန်းနင် နှင့် သူ၏ ပတ်သက်ဆက်နွှယ်မှုကို ကြေညာခဲ့သော်လည်း တစ်လောကလုံးကို မကြေညာရသေးချေ။
 
 
"ဒါရိုက်တာCoque၊ ထျန်းနင်ကို ကျွန်တော်နဲ့အတူတူ ခေါ်သွားမယ်။ ဒီည ရုပ်ရှင်အဖွဲ့သားတွေကို ညစာ ကျွေးတာ ကျွန်တော် ဒါကာခံမယ်"
 
 
"ပျော်စရာပဲ ဟေ့"
 
ရုပ်ရှင်တစ်ဖွဲ့သားလုံးက လက်ခုပ်တီးကာ ခံစားချက်ကို ထုတ်ဖော်ကြသည်။
 
ထို့နောက် မို့ထင်က ထျန်းနင်ကို အိမ်ပြန်ရန်  ပြောသော်လည်း ထျန်းနင်က ခဏစောင့်ရန် ပြောကြားပြီး လင်းရှန်အနား ပြေးသွားသည်။
 
"ကျေးဇူးတင်ပါတယ် အစ်ကိုရှန်။ အစ်ကို့ကို တကယ်ကျေးဇူးတင်ပါတယ်"
 
"ထျန်းနင်၊ မင်း အရမ်းကို ယဉ်ကျေးနေပြီ။ မင်းသရုပ်ဆောင်တာကို အမြဲ စောင့်ကြည့်နေမယ်။ သရုပ်ဆောင်တာကိုပဲ အာရုံစိုက်ထားပါ။ ငါ့ကိုတော့ အရှက်မရစေနဲ့နော်"
 
လင်းရှန် ရယ်မောသည်။
 
"သေချာပေါက် ကြိုးစားမယ်။ 'Hidden Expert'ရုပ်ရှင်မှာ တစ်မူထူးခြားတဲ့ ထျန်းနင်ကို မြင်တွေ့စေရမယ်"
 
 
"ဒါဆိုကောင်းတာပေါ့။ မင်းနဲ့ မို့သူဌေးရဲ့ အိမ်ထောင်ရေးလေး ခိုင်မြဲဖို့လည်း ဆုတောင်းပေးပါတယ်။ ဒီစွဲလမ်းမက်မောဖွယ် ဖျော်ဖြေရေး လောကကြီးထဲ မင်းကို ကာကွယ်ပေးမယ် ရတနာတစ်ပါးလို့ တန်ဖိုးထားပေမယ် မင်းနဲ့ ထိုက်တန်တဲ့ အချစ်မျိုး ရှာဖွေဖို့ ခက်ခဲတယ်။ အဲဒီလို ချစ်သူမျိုးကို တန်ဖိုးထားပေးပါ"
 
 
"အစ်ကိုရှန်ပြောတာ သဘောတူပါတယ်"
 
ထျန်းနင်က သူမ၏ပထမဆုံး ရုပ်ရှင်အဖွဲ့သားများကို အောက်မေ့တမ်းတသော ခံစားချက်များဖြင့် မခွဲခွာခင် လင်းရှန်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။
 
ထို့နောက် မစ္စမို့ အနေဖြင့် အကောင်းဆုံး တာဝန်ကို ထမ်းဆောင်ရဦးမည်။
 
 
အပိုင်း(၃၆၃)
 
ပြီး၏။
 
 
 

Continuer la Lecture

Vous Aimerez Aussi

2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.2K 117 14
She thinks no one knows her second face but he begins to fall in love with her after knowing her reality. She became his obsession. What will happen...
Knowing Xavier Hunt ✓ Par Daisy

Roman pour Adolescents

10M 516K 43
|| Featured FREE story with exclusive paid chapters - previously a paid story || When Haley discovers the truth behind Xavier, whose silence holds a...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...