ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

26.3K 2.1K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 355+356+357

135 9 0
By jellyflower1

အပိုင်း(၃၅၅)

 
ထျန်းအကြီးအကဲက သူ ပြောချင်သမျှ အကြောင်းအရာတိုင်းကို ပြောဆိုပြီးနောက် သူ့လက်ထောက် အကူအညီဖြင့် သူ့အိပ်ခန်းထဲ ပြန်သွားခဲ့သည်။
 
 
အဖေထျန်းက ထျန်းရွှမ်ကို မယုံကြည်နိုင်စွာ ငေးကြောင်ကြည့်နေသည်။
 
"ရွှမ်အာ။ ဘာပဲပြောပြော ထျန်းနင်က နင့်ညီမလေးလေ၊ ဘာလို ဒီလိုမျိုး ယုတ်မာရက်တာလဲ"
 
"ဒီလိုညီမမျိုး မွေးပေးပါလို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ"
 
ထျန်းရွှမ်က သူ့အခန်းသူ မပြန်ခင် အဖေထျန်းကို မကျေမနပ် ငေးစိုက်ကြည့်သည်။
 
"ကျွန်တော့်မိန်းမကို ကျွန်တော် ဖျောင်းဖျထားပါ့မယ်"
 
ထျန်းရွှမ်၏ ခင်ပွန်းက ကြားဝင်ဖျန်းဖြေသည်။
 
အဖေထျန်းက သူ့ဇနီးသည်ကို ကြည့်ကာ အပြစ်ရှိသလို ခံစားရသည်။ အဖေတစ်ယောက် အနေဖြင့် ထျန်းနင်ကို ကောင်းကောင်းမွန်မွန် မထားနိုင်ခဲ့၍ အပြင်လောကမှာ ထျန်းနင် ရုန်းကန်ခဲ့ရသည်။ သူက သားသမီးတိုင်းကို တန်းတူညီမျှ ဆက်ဆံချင်ခဲ့၍ ထျန်းနင်ကို ချစ်နှစ်သက်သော ခံစားချက် မပြသခဲ့ချေ။
 
 
အမေထျန်းကလည်း အဖေချွမ်ကို ငေးကြည့်နေသည်။ စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ အိမ်ပေါ်ထပ် တက်သွားခဲ့သည်။
 
 
ထျန်းနင်က သူမကို မုန်းတီးနေသည့်တိုင် သူမက ထျန်းနင်၏ သွေးသား တော်စပ်သောမိခင် ဖြစ်နေသေးသည်။
 
 
သူ့သမီးလေး အနိုင်ကျင့်ခံရသည်ကို မြင်တွေ့ရပြီး စကားတစ်ခွန်းမျှ ဝင်ပြောခွင့် မရှိသော မိခင်၏ ပူလောင်မှုကို မည်သူက ကိုယ်ချင်းစားနိုင်မည်နည်း။
 
 
ထိုစဉ် ထျန်းနင်က သူ့ဘဝနှင့်သူ အပူအပင် ကင်းမဲ့စွာ ပျော်ရွှင်နေသည်။ သူမကြောင့် ထျန်းမိသားစု တစ်စုလုံး သဘောထား ကွဲလွဲပြီး ကြောက််လန့်တကြား အခြေအနေ ကျရောက်နေမှန်း သူမ မသိခဲ့ပေ။
 
 
...
 
 
နောက်တစ်နေ့
 
 
'Hidden Expert' သတင်းစာ ရှင်းလင်းပွဲ
 
 
ထျန်းနင်က ဇာတ်ရံ တစ်ယောက်အနေဖြင့် ပွဲတက်ခဲ့သည်။ သို့သော်လည်း ထျန်းနင်၏ အတင်းအဖျင်း သတင်းများ ပြန့်နေ၍ ပွဲစီစဉ်သူများ အထူးတလည် ဂရုစိုက်ကာ ပွဲစီစဉ်ရသည်။
 
 
'Hidden Expert'ဇာတ်ကားတွင် ဇာတ်ရံအဖြစ်သာ သရုပ်ဆောင်ခွင့်ရခြင်းကား မို့ထင်နှင့် လမ်းခွဲခဲ့၍ဟု လူအများစုက ယူဆကြသည်။ မို့ထင်က တခြားသူနှင့် လက်ထပ်တော့မည်ဟု ကြားသိရ၍ ထျန်းနင်ကိုယ်စား စိုးရိမ်ပူပန်နေသူများလည်း ရှိသည်။
 
 
နေ့လည် ၂နာရီ Crown Plaza Hotel
 
 
ထျန်းနင်က အမည်းရောင် ဝတ်စုံရှည်လေးကို ဝတ်ဆင်ကာ ပွဲတက်ခဲ့သည်။ သို့သော်လည်း သူမ နောက်ကို မို့ထင်က တကောက်ကောက် လိုက်နေသည်။
 
 
မို့ထင်က သူမကို အဖော်ပြုပေးနေ၍ သူမတို့ လမ်းခွဲသွားသည့် သတင်းကို မည်သူက မေးမြန်းရဲမည်နည်း။
 
 
အခမ်းအနားမှူးက အစီအစဉ်ကို စတင်လိုက်သည်နှင့် အဓိက သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သား တချို့တလေ စင်ပေါ်  တစ်ယောက်ချင်း တက်သွားကြသည်။ ထျန်းနင်လည်း စင်ပေါ် တက်ခါနီး မို့ထင်က သူမကို ခပ်တိုးတိုး လှမ်းခေါ်ပြီး ချိုသာစွာ စကားပြောလေ၏။
 
"ဒီနေ့ ချစ်လေး စိတ်ထဲရှိတဲ့အတိုင်း ပြောချင်တာပြောနော်"
 
"အမ်"
 
 
"ကိုယ်တို့နှစ်ယောက် သတင်းလည်း ပြောလို့ရတယ်"
 
 
ထျန်းနင် ပြုံးသည်။
 
"ချစ်လေး သဘောပေါက်ပါတယ်"
 
စင်အောက်မှာ ရှိနေသေးသည့် မို့ထင်တို့ စုံတွဲက နှစ်ကိုယ်ကြား တီတိုး ပြောနေသည်ကို မျက်မှန်းတန်းမိသော ပွဲအခမ်းအနားမှူး ရယ်မောမိသည်။
 
"ထျန်းနင်ကို ငါတို့နဲ့ ထားခဲ့ရမှာကို မန်နေဂျာမို့က စိတ်မချပုံပဲ။ ထျန်းနင် စင်ပေါ်တက်သင့်နေပြီ။ မန်နေဂျာမို့က အခုအထိ ဖက်တွယ်နေတုန်းပဲ။ မစိုးရိမ်ပါနဲ့နော်။ ကျွန်တော်တို့က အလုပ်လေးစားတတ်တဲ့ အစီအစဉ်မှူးတွေပါ။ မကောင်းတဲ့ လှည့်ကွက်တွေ ထုတ် မသုံးပါဘူး"
 
မို့ထင်က ထျန်းနင်ကို စင်ပေါ် လိုက်ပို့ပေးပြီး သူ့ထိုင်ခုံနား ပြန်သွားကာ ပရိသတ်အသွင် ပြောင်းလဲလိုက်သည်။
 
 
ရိုးရှင်းစွာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် ထျန်းနင်က အဓိကသရုပ်ဆောင် နှစ်ဦးနောက် မတ်တတ်ရပ်သည်။ သူမ၏ အရပ်အမောင်းကြောင့် အစီအစဉ်မှူး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
 
"အခုဇာတ်ကားမှာ ချစ်ခန်းကြိုက်ခန်းတွေ မပါလို့ ကံကောင်းတယ်။ မဟုတ်ရင်တော့ ငါတို့ရဲ့ အဓိက ဇာတ်ဆောင် မင်းသားနှစ်ယောက်စလုံး ထျန်းနင်ကို ဖက်ဖို့ တော်တော်ခက်ခဲမယ်"
 
လူတိုင်း ရယ်မောကြသည်။
 
 
" ဒါနဲ့ ထျန်းနင်ကို မေးခွန်းတစ်ခွန်းတော့ မေးချင်တယ်။ ဘာလို့များ အခုဇာတ်ကားကို ရိုက်ဖို့ ရွေးချယ်ခဲ့သလဲ"
 
 
ထျန်းနင်က အစီအစဉ်မှူး ပေးသော မိုက်ခရိုဖုန်းကို လက်ခံယူပြီး ဖြေသည်။
 
"ကျွန်မက အထူးချွန်ဆုံး မန်နေဂျာမို့ကို ပိုင်ဆိုင်ထားတာ လူတိုင်း သိမှာပါ။ ဒီဇာတ်ကားကို ရွေးချယ်ပေးတာ မန်နေဂျာမို့ပါရှင့်"
 
ကင်မရာသမားက စင်အောက်မှာ ထိုင်နေသော မို့ထင်ကို ချက်ချင်း မီးထိုးပြ၍ တခြားသူများ၏အော်သံကြောင့် ဆူညံသွားသည်။
 
 
"ကျွန်မ ဘာတွေလိုအပ်နေလဲ ဘာကို သဘောကျလဲ သူ သိနေလို့ ဒီဇာတ်ကားကို ကူညီရွေးချယ် ပေးခဲ့တာပါ။  ဇာတ်ညွှန်းကို ပထမဆုံး ပေးဖတ်တည်းက အပျော်အပါး နှစ်ခြိုက်တဲ့ ပြဿနာမလေးကို သဘောကျမိတယ်။ ပြဿနာရှာတတ်တဲ့ ကောင်မလေးက အမြဲတမ်း ယောက်ျားလေးလိုပဲ ဝတ်စားတာလေ"
 
 
"တစ်ယောက်နဲ့ တစ်ယောက် အချစ်ကို မြင်သာအောင် ထုတ်ပြတာ ရိုမန်တစ်ဆန်လိုက်တာနော်"
 
အစီအစဉ်မှူးက စပ်စပ်စုစု မေးမြန်းကာ ပြုံးနေသည်။
 
"မို့သူဌေးက ထျန်းနင်ရဲ့ အလုပ်အားလုံးကို စီမံ့ပေးတယ်လို့ ပြောချင်တာလား။ အဲဒါဆိုရင် အလုပ်နဲ့ ပတ်သက်ပြီး မို့သူဌေးက အမြဲတမ်း စီစဉ်ပေးနိုင်ပါ့မလား"
 
 
ထျန်းနင်က စင်အောက် ချက်ချင်း ငုံ့ကြည့်ပြီး ခေါင်းခါပြသည်။
 
"ကျွန်မ လုပ်တဲ့ အလုပ်တိုင်းကို သူကိုယ်တိုင် သေချာ စီစစ်ပြီးမှ ရွေးချယ်ပေးတာ။ အဲဒီအလုပ်က လက်ခံဖို့ ထိုက်တန်ရဲ့လား သူ့ဘာသာ ဆုံးဖြတ်ပြီးမှ ကျွန်မကို သိခွင့်ပေးတယ်"
 
"ဒါဆိုရင် မို့သူဌေးက အရမ်းကို အလုပ်များတဲ့ သဘော မဖြစ်သွားဘူးလား"
 
အစီအစဉ်မှူး တအံ့တဩ မျက်လုံးပြူးကျယ်သွားသည်။
"ဒီမေးခွန်းကို မို့သူဌေးကိုယ်တိုင် ဖြေပေးလို့ရမလား"
 
မို့ထင်ထံ မိုက်ခရိုဖုန်း လွှဲပြောင်းပေးရန် စင်အောက်တွင် ရှိသော ဝန်ထမ်းကို အစီအစဉ်မှူး အချက်ပြသည်။ မို့ထင်က မိုက်ခရိုဖုန်းကို လက်ခံလိုက်ပြီး ပြန်ဖြေသည်။
 
"အလုပ်ရှုပ်တာတော့ ပုံမှန်ပါပဲ။ ထျန်းနင်ရဲ့ အလုပ်ကို အဓိက ဦးစားပေး အနေနဲ့ လုပ်ပေးရလို့ အဆင်ပြေပါတယ်"
 
" အို့ ချိုမြိန်လိုက်တာနော်"
 
 
အစီအစဉ်မှူး ပင့်သက်ရှိုက်သည်။
 
 
"မို့သူဌေးက ထျန်းနင်အတွက် အရမ်းတွေးပေးတတ်တာပဲ။ ထျန်းနင် အရမ်းကံကောင်းတယ်"
 
အစီအစဉ်မှူးက ထျန်းနင်ဘက် အကြည့်ပြန် လွှဲသည်။
"ထျန်းနင်ကို စိတ်မကျေနပ် ဖြစ်စေခဲ့တဲ့ အချိန်တွေရော ရှိခဲ့လား"
 
ထျန်းနင်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းခါပြသည်။
 
"မန်နေဂျာမို့ အလုပ်များနေရင် ထျန်းနင် စောစောအိပ်ရာ ဝင်လိုက်တယ်။ မန်နေဂျာမို့ကို လှမ်းခေါ်လိုက်ရုံနဲ့ ထျန်းနင် လိုချင်တာမှန်သမျှကို ယူပြီး တံခါးပေါက်မှာ အသင့်စောင့်နေတတ်တဲ့ ချစ်သူမျိုးပါ။ တစ်ခါတလေ အလိုက်တသိနဲ့ ရေတစ်ခွက် ကမ်းပေးတာမျိုးတို့ တခြား လိုအပ်မယ် ထင်တာတွေ ယူလာပေးတာမျိုးပေါ့။ ပြောနေစရာတောင် မလိုအပ်ဘဲ ကျွန်မ ဘာလိုအပ်နေလဲ သိတယ်"
 
"အဲလောက်တောင် အလိုက်သိတာလား"
 
အစီအစဉ်မှူး သံသယဝင်မိသည်။
"ဒီလိုဆိုရင် ထျန်းနင်တို့ စုံတွဲက စိတ်ချင်း ဆက်နွှယ်နေတာပေါ့။ ဒါဆိုရင် အခုဇာတ်ကားနဲ့  ပတ်သက်တဲ့ မေးခွန်း ဆက်မေးမြန်းကြတာပေါ့။ အခုမေးမယ် မေးခွန်းကို အဖြေချရေးပြီး မင်း ဖြေထားတဲ့ အဖြေက ဘာလဲဆိုတာ မို့သူဌေးကို စဉ်းစားခိုင်းမယ်။ ဒီအကြံကို သဘောတူလား"
 
ထျန်းနင်က စင်အောင် ဖျတ်ခနဲ ကြည့်သည်။ မို့ထင် ခေါင်းညိတ်လိုက်ခြင်းကို မြင်ရ၍ သူမလည်း ခေါင်းညိတ်သည်။
 
 
"ဒါဆိုရင် မေးခွန်းပြမယ်။ ထျန်းနင်က မေးခွန်းရဲ့ အဖြေကို ဖြေပေးပါ။ အဖြေကို ဖုံးထားနော်။ ဘယ်သူ့ကိုမှ မပြနဲ့"
 
 
"ဟုတ်ပါပြီ"
 
 
" ဝိုး ထျန်းနင် အဖြေရေးပြီးပြီပဲ။ ဒီလိုဆိုရင် မို့သူဌေး ဖြေရမယ့် အလှည့်ပေါ့။ ထျန်းနင်က ရှောင်ရှီဇာတ်ကောင်ကို ဘာလို့ ကြိုက်လဲ မို့သူဌေး သိလား။
 
အားလုံး သိအောင် ပြောပြပေးနိုင်မလား"
 
မေးခွန်းကို ကြားပြီးနောက်  မို့ထင်က တည်ငြိမ်စွာ ဖြေသည်။
 
"ချစ်ခန်းကြိုက်ခန်းတွေ သဘောမကျလို့လေ"
 
"သေချာရဲ့လား။ သရုပ်ဆောင် အရည်အချင်း တိုးတက်ချင်လို့ တခြားအကြောင်းရော မဖြစ်နိုင်ဘူးလား"
 
 
"သေချာပါတယ်"
 
မို့ထင် ခေါင်းညိတ်သည်။
 
အစီအစဉ်မှူးက ထျန်းနင်ဘက်လှည့်ကြည့်လာ၍ ထျန်းနင်က သူမ၏အဖြေကို ဖော်ပြသည်။
 
 
အဖြေက ထပ်တူကျနေသည်။
 
 
"ထျန်းနင်တို့စုံတွဲ သီးသန့် တိုင်ပင်ထားသလား"
 
 
"မတိုင်ပင်ထား ရပါဘူး။ သူမက ကျွန်တော့်ရဲ့ စိတ်တူကိုယ်တူ ချစ်ရသူလေ"
 
 
ထိုအဖြေကို ကြားရမှ ယနေ့ပွဲ မို့ထင် တက်ရောက်ရသည့် အကြောင်းအရင်းကို လူတိုင်း သဘောပေါက်သွားသည်။ မို့ထင်က တခြားသူနှင့် လက်ထပ်တော့မည့် အတင်းအဖျင်း သတင်းကို ဖယ်ရှားပစ်ချင်၍ မို့ထင်လည်း ထျန်းနင်နှင့် အတူတူ ပွဲတက်ခဲ့ခြင်း ဖြစ်သည်။
 
 
"ဟုတ်ပါပြီ။ ဒါဆိုရင် မို့သူဌေးတို့ရဲ့ ကိုယ်ပိုင်ဘဝလေး အကြောင်း သိသင့်သလောက် သိသွားပြီဆိုတော့ ဇာတ်ကားဘက် ပြန်ပြောကြတာပေါ့"
 
 
တကယ်တမ်း ယနေ့ပွဲ၏ အဓိက အရေးပါဆုံးသူက ယခုထိ မရောက်သေးပေ။ သူ့ကို ဖျော်ဖြေရေးလောက၏ လူထူးဆန်း အဖြစ် သတ်မှတ်ထားသော်လည်း သူက သရုပ်ဆောင်ပညာရပ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်၍ နိုင်ငံတကာ အဆင့်မီ ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားသည်။
 
 
၎င်းသရုပ်ဆောင်မင်းသား၏ တစ်ဦးတည်းသော ပြဿနာရပ်က အလွန် ဇီဇာကြောင်ခြင်း ဖြစ်သည်။
 
 
နှစ်တိုင်း ရုပ်ရှင်တစ်ကားတည်းသာ ရိုက်ကူးလေ့ရှိသည်။ သူ ပါဝင်သည့် ရုပ်ရှင်တိုင်းက ကျရှုံးခြင်း မရှိခဲ့ချေ။ ဇာတ်ကားရွေးချယ်တိုင်း သူ့စိတ်ကြိုက် ဇာတ်လမ်းကိုသာ ရွေးချယ်လေ့ ရှိသည်။
 
 
ထို့ကြောင့် ထျန်းနင်က တခြားရုပ်ရှင်ကြီး၏ ခေါင်းဆောင်မင်းသမီး ရွေးချယ်ခံရခြင်းထက် ရှောင်ရှီ ဇာတ်ကောင်ကို လက်ခံလိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။
 
 
လူထူးဆန်း မင်းသားက သူနှင့်အတူတူ သရုပ်ဆောင်မည့် ဇာတ်ရံကိုပင် ဂျီးများတတ်သူ ဖြစ်သည်။
 
 
အပိုင်း(၃၅၅)
 
ပြီး၏။
 
 
 
 
 
 
 
အပိုင်း(၃၅၆)

 
ရုပ်ရှင်သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးပြီနောက် ပရိသတ်များနှင့် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံရမည့် အချိန် ရောက်လာပါပြီ။
 
 
ယခုလို အချိန်အခါမျိုးတွင် ထျန်းနင်ကို ခက်ခဲသော မေးခွန်းများ မေးမြန်းသည်။ ဝကစ်ကစ် ကောင်မလေးက မိုက်ခရိုဖုန်းကို ကိုင်ဆောင်ကာ စိုးရိမ်တကြီး မေးမြန်းသည်။
 
"ထျန်းနင်ရေ။ ထျန်းနင်ရဲ့ပရိသတ်တွေ ကိုယ်စား မေးခွန်းလေး မေးပါရစေ၊ ထျန်းနင်နဲ့ မို့သူဌေးတို့ အချစ်ရေး ဘယ်လိုရှိလဲ။ ငါတို့တွေ ထျန်းနင်အတွက် အရမ်းစိုးရိမ်နေတယ်"
 
အစီအစဉ်မှူးက မို့ထင် နှင့် ထျန်းနင်ကို တစ်လှည့်စီ ကြည့်ပြီး မိုက်ခရိုဖုန်းကို ထျန်းနင်လက်ထဲ အပ်ခဲ့သည်။
 
 
ထျန်းနင်က မိုက်ခရိုဖုန်းကို ကိုင်ဆောင်ကာ ပြုံးသည်။
 
"မို့သူဌေးရဲ့ ဒီနေ့အပြုအမူက မင်းတို့လေးတွေရဲ့ စိုးထိတ်မှုကို မပြယ်လွင့် စေဘူးလား"
 
"ဒါပေမဲ့..."
 
 
ထျန်းနင်က ပရိသတ်များ၏ ခံစားချက်ကို နားလည်ပါသည်။ ထို့ကြောင့် ထျန်းနင်က စင်ပေါ်မှ ဆင်းပြီး မို့ထင်အနားသွားကာ မို့ထင်ကို စင်ပေါ် ခေါ်သွားသည်။
 
 
သူမ၏အပြုအမူကြောင့် ပရိသတ်များ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့သည်။
 
 
ထျန်းနင်နှင့် မို့ထင်က လက်ချင်းတွဲကာ စင်ပေါ်မှာ မတ်တတ်ရပ်နေသည်။
 
"သူက ကျွန်မကို ယုံကြည်မှု အပြည့်ပေးထားလို့ သူ ကျွန်မကို စွန့်ပစ်ခဲ့ရင်တောင် ကျွန်မမှာ စိုးရိမ်စိတ် ရှိမှာ မဟုတ်ဘူး။ ကျွန်မတို့ အချစ်ကို အများသိအောင် ကြေညာခွင့် ရှိနေသေးလို့ အတင်းအဖျင်း သတင်းတွေ ထွက်မှာ မကြောက်ပါဘူး"
 
"ဝိုး..."
 
 
"နောက်ဆုံး အချက်အနေနဲ့ ပြောချင်တာက အခု ထျန်းနင် ရိုက်ကူးမယ် 'Hidden Expert' ရုပ်ရှင်ကို စောင့်မျှော်ပေးဖို့ သဘောကျပေးဖို့ မျှော်လင့်ပါတယ်"
 
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မိုက်ခရိုဖုန်းကို အစီအစဉ်မှူးအား လက်လွှဲပေးသည်။ သို့သော်လည်း မို့ထင်က သူမ၏လက်ထဲမှ မိုက်ခရိုဖုန်းကို ဆက်ခနဲ ဆွဲယူပြီး စကား ပြောသည်။
 
 
"ကျွန်တော့်မှာ ထျန်းနင် တစ်ယောက်တည်း ရှိတာပါ။ ကျွန်တော့်နှုတ်က ထွက်လာတဲ့ စကား မဟုတ်သရွေ့  အတင်းအဖျင်း သတင်းလို့သာ မှတ်ယူထားပေးပါ"
 
 
"ကျွန်တော် ဘယ်သူ့ကို လက်ထပ်မလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိတယ်။ မီဒီယာတွေက ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ အတင်းအဖျင်း သတင်းတွေကို မယုံကြည်ဖို့ မေတ္တာရပ်ခံ ပါရစေ"
 
 
ထျန်းနင်နှင့် ဆက်နွှယ်သော ကိစ္စရပ်တိုင်းကို မို့ထင် ကိုယ်တိုင် ဖြေရှင်းလေ့ ရှိသည်။
 
 
...
 
 
[မို့ထင်က အတင်းအဖျင်းသတင်းများကို တန်ပြန် တိုက်ခိုက်ခြင်း]
 
 
[မို့သူဌေးက ပြတ်သားတယ်။ ဘယ်သူ့ကို လက်ထပ်မလဲ သူကိုယ်တိုင် ဆုံးဖြတ်မယ်။ မီဒီယာတွေက ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး]
 
 
သူတို့လမ်းခွဲသည့် အတင်းအဖျင်း သတင်းကို တစ်ပြိုင်တည်း ရှင်းလင်းခဲ့ပြီး မို့သူဌေးက သူ့ချစ်ဇနီးလေး အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို အများ သိအောင် ကြေညာခဲ့သည်။
 
 
ယမန်နေ့ညက ထျန်းနင်သည် 'Stupid'ရုပ်ရှင်ရိုက်ကွင်းသို့ ပြန်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ရုပ်ရှင်အဖွဲ့သားများက သူမကို စာနာသော မျက်ဝန်းများဖြင့် မကြည့်ရှုခဲ့ပေ။
 
 
...
 
 
ယနေ့ညက ချီရှင်းယန်သည် သူ့အိမ်မှာ အနားယူနေရင်း ဖျော်ဖြေရေး သတင်းကို မြင်တွေ့သွားသည်။
 
 
မို့ထင်က သူမကို လုံးလုံးလျားလျား လျစ်လျူရှုပြသည့် မြင်ကွင်းကြောင့် ဒေါသထောင်းခနဲ ထမိသည်။ မည်သို့ပင် ဆိုစေကာမူ မို့ထင်၏လက်ထောက်က သူမကို ဩဂုတ်လ ၁၉ရက်နေ့က ဆက်သွယ်ခဲ့ဖူးပါသည်။
 
 
သူမလို သူဌေးသမီးက ခန္ဓာကိုယ်ပြစားနေသည့် မော်ဒယ်မကို မယှဉ်နိုင်စရာ အကြောင်း ရှိမည်နည်း။
 
 
ထိုအကြောင်းကို တွေးမိလေတိုင်း ချီရှင်းယန်၏ ငုပ်လျှိုးနေသော ဒေါသများ တရိပ်ရိပ်တက်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် ထျန်းရွှမ် သုံးခဲ့သော နည်းလမ်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
 
 
သတင်းထောက်များ သူမ၏အိမ်အပြင်ဘက်တွင် ရှိနေမည်နည်း။
 
 
သူတို့က သတင်းအချက်များကို ဖော်ထုတ်ရန် စောင့်ဆိုင်းနေမည်နည်း။
 
 
သူမက အရာအားလုံးကို အမှန်အတိုင်း ဝန်ခံရန် ဆုံးဖြတ်ထားသည်။ မို့ထင်က အမှန်တရားကို သွေ့ဖယ်သွားမည်လော။
 
 
သူမ စောင့်ကြည့်ချင်သေးသည်။
 
 
ထို့ကြောင့် နောက်တစ်နေ့ မနက်ခင်းမှာ ချီရှင်းယန်က အကျော်ကြားဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
 
 
ဩဂုတ်လ ၁၉ရက်နေ့တွင် သူမနှင့် မို့ထင်တို့ လက်ထပ်ခါနီး အခြေအနေ ရောက်ခဲ့ကြောင်း ချီရှင်းယန် ကိုယ်တိုင် ဝန်ခံခဲ့သည်။ မို့ထင်နှင့် သူမက ချစ်သူစုံတွဲဖြစ်၍ လက်ထပ်ရန် အစပျိုးခဲ့သည်လော။ မည်သည့်အတွက်ကြောင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည့် အမှန်တရားကို ချီရှင်းယန် ရေငုံနှုတ်ပိတ် နေခဲ့သည်။
 
 
အဖြစ်မှန်ကို သေချာမသိသော လူတစ်စုက ထင်ရာစိုင်း တွေးတတ်ကြသည်။ မို့ထင် နှင့် ချီရှင်းယန်တို့၏ ဆက်ဆံရေးကို ထျန်းနင်က ဖျက်ဆီးခဲ့သည်ဟု ယူဆကြသည်။
 
 
ထိုစဉ် ထျန်းနင်က ရိုက်ကူးရေး လုပ်ဆောင်နေချိန် ဖြစ်သည်။
 
 
ထျန်းနင်က ကလေးမွေးသော ဇာတ်ဝင်ခန်းကို ရိုက်ကူးနေခဲ့သည်။
 
 
ဇာတ်အထွတ်အထိပ်ပိုင်း ဇာတ်ဝင်ခန်း ဖြစ်နေ၍ ထျန်းနင် သေချာပြင်ဆင်ထားသည်။ သွေးအိုင်ထဲ လူးလိမ့်နေရသည့်တိုင် သူမ အထွန့်မတက်ခဲ့ပေ။ သူမကိုယ်စား ရုပ်ရှင်အဖွဲ့သားများက စိတ်ပျက်နေကြသည်။
 
 
"အမှန်တိုင်း ဝန်ခံရရင် ငါနဲ့အတူတူ အလုပ်တွဲလုပ်ဖူးတဲ့ ရုပ်ရှင်မင်းသမီးတွေ အားလုံးထဲမှာ ထျန်းနင်က ပြဿနာရှာတာအနည်းဆုံးပဲ။ ရွံတတ်တဲ့ အကျင့်လည်း မရှိဘူး။ သူ့မှာ ဒီလောက်လှတဲ့ ခြေထောက်လေးတွေ ရှိတာတောင် ဘယ်လိုရိုက်ကွင်းမျိုးဆို ကြောက်ကြောက်ရွံရွံ မရှိခဲ့ဘူး။ သူ လုပ်နိုင်တဲ့ အတိုင်းတာထက်ကို ကျော်လွန်ပြီး ကြိုးစားချင်စိတ် ရှိတယ်"
 
 
"ဒီကလေးမွေးတဲ့ ဇာတ်ဝင်ခန်းကိုပဲ ကြည့်လေ။ နာကျင်မှုက တကယ့်ကို အစစ်အမှန်လိုပဲ။ ငါတောင် သူ့ကိုယ်စား နာကျင်လာတယ်"
 
 
"ဒီရုပ်ရှင် ရုံတင်တာနဲ့ ထျန်းနင်က သေချာပေါက် နာမည်ကျော်ဦးမှာပါ။ အရာရာတိုင်းကို အကောင်းဆုံးဖန်တီးနိုင်တဲ့ သရုပ်ဆောင်ကောင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်"
 
 
"သေချာပေါက် ဖြစ်မှာပေါ့"
 
 
လင်းရှန်ကိုယ်တိုင်ပင် ထျန်းနင် ရုပ်ရှင်ရိုက်ကူးနေခြင်းကို လာရောက် ကြည့်ရှုသည်။ ထျန်းနင်၏ လေးနက်သော အပြုအမူကြောင့် သရုပ်ဆောင်နေရုံ မဟုတ်ဘဲ နှလုံးသားနှင့် ခံစားကာ သရုပ်ဆောင်နေသည်ဟု သူ အတပ်ပြောနိုင်ပါသည်။
 
 
"အစ်ကိုရှန်က တခြားသရုပ်ဆောင်ကို ချီးမွမ်းတာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"
 
သေးနုပ်သောဇာတ်ရံ သရုပ်ဆောင်မင်းသား တစ်ဦးက ရယ်မောသည်။
 
"ဒါပေမဲ့ ကျွန်တော်လည်း သဘောတူပါတယ်။ ကျွန်တော်တို့တွေ ထျန်းနင်ကို စံနမူထားပြီး ကြိုးစားသင့်တယ်"
 
 
"ထျန်းနင်က မို့ထင်ရဲ့မင်္ဂလာဆောင်ကို ဖျက်ဆီးပစ်တယ်လို့ သတင်းထွက်နေရတဲ့ အကြောင်းအရင်းကို နားမလည်နိုင်ဘူး။ မဟုတ်တမ်းတရား ပြောတာတွေ ဘယ်အချိန်ရောက်မှ ရပ်မှာလဲ။ ထျန်းနင်နဲ့ အလုပ်တွဲလုပ်ခွင့် ရတည်းက ထျန်းနင်က အဲလို အကျင့်စရိုက်မျိုး မရှိမှန်း သတိထားမိတယ်။ သရုပ်ဆောင်ဆိုတာတော့ တစ်ခါတလေ သဏ္ဍန်လုပ် သရုပ်ဆောင်ရုံပဲ ရှိတယ်။ ဘယ်သူတွေ ဘာပြောပြောပါ ငါတော့ ထျန်းနင်ကို လေးစားမိတယ်"
 
 
လင်းရှန်က ပြုံးကာ ဖြည့်စွက် ပြောသည်။
 
"ဒါကြောင့် တခြားသူတွေ ပြောတဲ့ ဝေဖန်စာတွေကြောင့် ငါတို့ဘဝတွေ မထိခိုက်စေနဲ့ပေါ့"
 
ထျန်းနင် ရိုက်ကူးရေးပြီးဆုံးပြီးနောက်  သူမ၏စိတ်ခံစားချက် အားလုံးကို အစွမ်းကုန် ထုတ်သုံးထား၍ အားအင် ကုန်ခမ်းကာ မူးလဲလုနီးပါး ဖြစ်သွားသည်။ ဟန်ရှင်းအာက ဆရာဝန် ချက်ချင်း ခေါ်ပြီး ထျန်းနင်၏ စိတ်ကို တည်ငြိမ်စေသည်။ ဒါရိုက်တာ Coqueလည်း တုန်လှုပ်သွားပြီး မို့ထင်ကို ပြေးတောင်းပန်ချင်စိတ် ဖြစ်ပေါ်လာသည်။
 
 
"အစ်မ ..."
 
 
"အစ်မကို ကောင်းကောင်း ဂရုမစိုက်တာ သူဌေးသိလို့ကတော့ ရှင်းအာကို အလုပ်ထုတ်တော့မယ်"
 
 
"ရှင်းအာက အစ်မ ခန့်ထားတဲ့ လက်ထောက်ပါ။ သူနဲ့ ဘာမှ မသက်ဆိုင်ဘူး မစိုးရိမ်နဲ့"
 
ထျန်းနင်က ထိုင်ခုံပေါ်မှာ ထိုင်ကာ ရယ်မောသည်။
 
"အစ်မက ရယ်မောနိုင်သေးတယ်နော်။ အစ်မနဲ့ ပတ်သက်တဲ့ တခြားသတင်းတွေ ထွက်နေပြန်ပြီ"
 
 
ထျန်းနင်က ဟန်ရှင်းအာ ပေးသော ဖုန်းကို လက်ခံယူသည်။ ဖုန်းကို ဖျတ်ခနဲ ကြည့်ပြီးနောက် ပြန်ပေးခဲ့သည်။
 
"ဒီလိုကိစ္စတွေအတွက်နဲ့ ရှင်းအာ စိုးရိမ်ဖို့ မလိုအပ်ဘူး"
 
"အမ်"
 
 
"မောက်မာတဲ့ သူဌေးသမီးကို ရင်ဆိုင်ရ လွယ်ကူပါ့မလား"
 
 
"အဲတော့ရော ဘာဖြစ်လဲ"
 
 
"သူများကို စိတ်ဒုက္ခပေးချင်တဲ့သူက သူ့အကုသိုလ်နဲ့သူ ဒုက္ခရောက်လိမ့်မယ်။ အဲလိုလူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုအပ်ဘူး"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မတ်တတ်ထရပ်ပြီး အဝတ်အစား လဲခန်းဘက် ထွက်သွားသည်။ နောက်ထပ် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်သင့်ပြီ။
 
အရိုးသားဆုံးဝန်ခံရလျှင် ထျန်းနင်က ချီရှင်းယန်လို လူတန်းစားမျိုးအတွက် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
 
 
မောက်မာပြီး မာနဝင့်ကြွားနေသော လူတန်းစားက များသောအားဖြင့် အသိဉာဏ် မရှိတတ်ကြပေ။
 
 
သိပ်မကြာလိုက် မို့ထင် ဖုန်းခေါ်လာသည်။ ထျန်းနင်က စိတ်တည်တည် ငြိမ်ငြိမ်ဖြင့် ဖုန်းကိုင်ခဲ့သည်။
 
 
"နည်းနည်းလေးတော့ သဝန်တိုမယ်လို့ ကိုယ် တွေးခဲ့တာ"
 
 
"မို့သူဌေးရေ တတ်နိုင်သလောက် အမြန်ဆုံး ဖုန်းချပြီး ရှင့်ပြဿနာ ရှင် ဖြေရှင်းပါဦး"
 
ထျန်းနင်က လေးနက်သော လေသံဖြင့် ပြောဆိုသည်။
 
မို့ထင်၏နှုတ်ခမ်းပါလေးက အပေါ်သို့ အနည်းငယ် ကော့ညွှတ်သွားပြီး မျက်ဝန်းတွင် အပြုံးရိပ်လေး ပေါ်လွင်လာခဲ့သည်။
 
"ထျန်းမိသားစုမှာလည်း တခြားအကြံအစည် ရှိဦးမယ်လို့ ထင်တယ်"
 
ထျန်းအကြီးအကဲနှင့် စကားပြောခွင့် ကြုံရခြင်းက အကျိုးသက်ရောက်မှု ရှိလိမ့်မည်။
 
 
ချီရှင်းယန်ကလည်း မတရား အနိုင်ကျင့်ခံရ သကဲ့သို့ ဟန်လုပ်နေ၍ တကယ့်အစစ်အမှန် ဖြစ်အောင် သူ ကိုယ်တိုင် ဖန်တီးပေးမည်။
 
 
ထျန်းနင်၏မျက်နှာပေါ်တွင် အပြုံးလေး ကွယ်ပျောက်ခဲ့သည်။ ရုတ်တရက် သူ့နှလုံးသား လေးလံနေ သကဲ့သို့ ခံစားရသည်။
 
"ကျွန်မမှာ ထျန်းမိသားစု ပြန်မယ် အတွေး မရှိဘူး။  သူတို့က သူတို့စိတ်သူတို့ မထိန်းချုပ်နိုင်ကြဘူး။ ထျန်းမိသားစုကို ပြန်သွားရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမယ်"
 
"ချစ်လေးကို ဘယ်သူက တိုက်ခိုက်ရဲမှာလဲ။ ဟမ်"
 
မို့ထင်က ဩရှရှလေသံဖြင့် မေးမြန်းသည်။
 
"ဒီနေ့ ကိုယ့်ရဲ့မစ္စမို့လေးကို ကြင်နာယုယမှုတွေ ချီးမြှင့်မယ်။ ကိုယ့်အချစ်လေးကို အပျော်မယားလို့ လျှောက်ဖွနေတာ ကြားရတိုင်း ကိုယ် ဒေါသထွက်တယ်"
 
 
"မစ္စတာမို့ သဘောအတိုင်း ဖြစ်စေရပါမယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် ဖုန်းချခဲ့သည်။ အကြောင်းအရင်းက သူမကို သိပ်မဝေးကွာသော တစ်နေရာမှ လက်ပြနှုတ်ဆက်နေသော မို့ထင်ကြောင့် ဖြစ်လေ၏။
 
မို့ထင်က ကားကို မှီပြီး သူမကို လက်ပြနှုတ်ဆက်ကာ ပြုံးနေသည်။ သူ့အပြုံးလေးကြောင့် သူမ၏နှလုံးသားလေး အေးမြသည်။
 
 
အပိုင်း(၃၅၆)
 
ပြီး၏။
 
 
 
 
 
 
 
အပိုင်း(၃၅၇)

 
ညဦးပိုင်းအချိန်၊ ဟိုတယ် ရေချိုးခန်းအတွင်း
 
 
မို့ထင်က ထျန်းနင်နှင့် အတူတူ ရေချိုးကန်ထဲ လဲလျောင်းကာ  ထျန်းနင်ကို ဖက်ထားပြီး သူမ၏ကျောကုန်းလေးကို တယုတယ နမ်းရှိုက်နေသည်။
 
 
ယနေ့ ကလေးမွေးဖွားသော ဇာတ်ဝင်ခန်းတွင် ထျန်းနင်က ကြမ်းပြင်ပေါ် မကြာခဏ လူးလိမ့်ခဲ့၍ ကျောပြင်ပေါ်မှာ ပွန်းပဲ့ဒဏ်ရာ တချို့ ကျန်ရစ်ခဲ့သည်။ ထျန်းနင်၏ ပွန်းပဲ့ဒဏ်ရာကို ငေးစိုက်ကြည့်ကာ မို့ထင်၏မျက်ဝန်းများ မှောင်မိုက်လာခဲ့သည်။
 
"ချစ်လေး ဒဏ်ရာ ရခဲ့တာလား"
 
"ဘယ်နား ဒဏ်ရာ ရသွားသလဲ"
 
ထျန်းနင်က နာကျင်မှုကို မခံစားရပေ။
"ကုတ်ရာ သေးသေးလေးပါ"
 
မို့ထင်က ထျန်းနင်၏ပခုံးပေါ် မေးတင်ပြီး ဩရှရှ အသံဖြင့်
 
"အခုကစပြီးတော့ ကုတ်ခြစ်ရာ သေးသေးလေးတောင် မဖြစ်အောင် ချစ်လေး သတိထားရမယ်နော်"
 
"ဟွန့် ချစ်လေးကလည်း အမြဲပြဿနာ လျှောက်ရှာတတ်တဲ့ မိန်းမတွေကို မနာလိုဖြစ်မိ၊ သူတို့ပြဿနာ ရှာတိုင်း သူတို့ ယောက်ျားတွေက ဝင်ကူညီရတယ်လေ"
 
 
"အမလေးလေး ကိုယ့်မိန်းမရဲ့ ကြမ်းတမ်းတဲ့ အကျင့်ကို ပထမဆုံး ကြားဖူးတာပဲ။ ချစ်လေးက ပြဿနာရှာ ရန်ဖြစ်ချင်တာလား။ ဒါဆိုရင် ကိုယ်က ချစ်လေးနဲ့ အတူတူ ရန်လိုက်ဖြစ်ပေးမယ်"
 
 
"ဟိုသူဌေးသမီး ပြဿနာကို ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ”
 
 
ထျန်းနင်ကို မို့ထင်၏ရင်ခွင်ကို မှီကာ မို့ထင်၏ခန္ဓာကိုယ် ကျစ်လျစ်မှုကို သဘောခွေ့နေသည်။ သူမ၏ပါးမို့မို့က အနည်းငယ် အနီရောင်သန်းနေသော်လည်း ထျန်းနင်က မို့ထင်က တည့်တိုးကြီး မကြည့်ခဲ့ပေ။ ထို့ကြောင့်လည်း မို့ထင်က ထျန်းနင်ကို အပြည့်အဝ မညှို့ယူနိုင်သေးပေ။
 
 
"အခုလို ကိစ္စကို ကိုယ်တိုင် ဖြေရှင်းဖို့ လိုအပ်လို့လား"
 
 
မို့ထင်၏မေးမြန်းမှုကြောင့် ထျန်းနင် ရယ်မောမိသည်။
 
"ဘာပဲဖြစ်ဖြစ် ၊ အဲဒီမိန်းကလေးကို လုချယ်က ဖုန်းခေါ်ခဲ့ ဖူးတယ်လေ"
 
"ဒါပေမဲ့ အဲဒီမိန်းကလေးက ကိုယ့်အခြေအနေ ကိုယ် နားလည်ရမှန်း မသိဘူး"
 
မို့ထင်၏မျက်ဝန်းတွင် အန္တရာယ် အငွေ့အသက်များ ဖြာလဲ့သွားသည်။
 
"သူဌေးသမီးဘဝနဲ့ ဘဝကို ရှေ့ဆက်ချင် သေးရင်လည်း ဖျော်ဖြေရေးလောကက လူတွေကို စိန်ခေါ်ဖို့ ဆုံးဖြတ်ရဲသေးတယ်။ ဒီလောကကြီးက ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတာ  သူ မသိဘူးလား"
 
 
"တစ်ယောက်ယောက်က ချစ်လေးကို ထိခိုက်အောင် လုပ်တာတို့ ကိုယ်တို့ အချစ်ရေးကို ဖျက်ဆီးဖို့ ကြိုးစားတာတို့ လုပ်လာရင်တော့ ကိုယ် လုံးဝ ခွင့်မလွှတ်နိုင်ဘူး"
 
 
မို့ထင်၏ကျမ်းကျိန် သကဲ့သို့ စကားလုံးများကို နားစွင့်ကာ ထျန်းနင်၏မျက်ဝန်းများ မူးမိုက်လာသည်။
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
ချီရှင်းယန်နှင့် ပတ်သက်သော ကိစ္စရပ်ကို မေးမြန်းချင်၍ လူတော်တော်များများက ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဖုန်းဆက်သွယ်လာခဲ့သည်။
 
 
ထျန်းနင်က တခြားသူ၏အချစ်ရေးကို ပြိုလဲစေခဲ့သည့် အပျော်မယားဟု လူအများစုက ယူဆကြသည်။
 
 
သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက အဓိပ္ပါယ်မဲ့သော ကိစ္စရပ်အတွက် ဖြေရှင်းချက် မပေးချင်ခဲ့ပေ။
 
 
လုချယ်က လုံကျဲနှင့်အတူတူ မိဘအိမ် ပြန်သွားခဲ့၍ လုချယ်ကိုယ်စား ဖန်ယွီက ပြဿနာ ဖြေရှင်းနေရသည်။
 
 
ဖန်ယွီ သက်ပြင်းချမိသည်။ သူ ရာထူး မတိုးခင် နှင့် ရာထူးတိုးပြီး အခြေအနေက ဘာများ ခြားနားသွားသနည်း။
 
 
ဟွားကျင်းကျင်းနှင့် အိမ်မှာ တွေ့ဆုံရန်လည်း ခက်ခဲသည်။ ထို့ကြောင့် သူ့ဇနီးလေးနှင့်အတူတူ အပြင်ထွက် ညစာ စားရန် ဆုံးဖြတ်ခဲ့သော်လည်း သတင်းထောက်များ ဝန်းရံခြင်းကို ခံရသည်။
 
 
ဖန်ယွီ အရမ်းစိတ်အနှောင့်အယှက် ဖြစ်မိ၍ ရိုးရှင်းစွာ ပြန်ဖြေသည်။
 
"ချီသခင်မလေး အနေနဲ့ ကိုယ့်အပြုအမူကိုယ် ထိန်းချုပ်ပြီး ကိုယ့်ဘဝကိုယ် လေးစားရင် ပိုကောင်းမယ်"
 
"ချီသူဌေးသမီးက မို့သူဌေးရဲ့ ရည်စားဟောင်းလားရှင့်၊ ဒုဥက္ကဌ အနေနဲ့ ဖြေပေးနိုင်မလား"
 
 
"သူတို့အချင်းချင်း မရင်းနှီးကြပါဘူး"
 
ဖန်ယွီ ပွင့်ပွင့်လင်းလင်း ဖြေခဲ့သည်။
 
"သူတို့က မရင်းနှီးရင် ဘာလို့ လက်ထပ်ဖို့ စီစဉ်ခဲ့တာလဲ။ ချီသူဌေးသမီးသာ ဒေါသမထွက်ရင် ဒီကိစ္စကို ထုတ်ဖော်မှာ မဟုတ်ဘူး"
 
 
မီဲဒီယာ၏ တမင်တကာ ရန်စသော မေးခွန်းကြောင့် ဖန်ယွီက သူ့ဝတ်စုံကို သပ်ရပ်အောင် ပြင်ဆင်ပြီး ဟွားကျင်းကျင်းကို စားသောက်ဆိုင်ထဲ အရင်ဆုံး ဝင်ရန် ပြောကြားခဲ့သည်။
 
 
"ဒါက သတင်းသမားတွေရဲ့ ယူဆချက်ပါ"
 
 
"အမှန်တရားကို ထုတ်ပြောနိုင်မလား"
 
သတင်းထောက်များက မရမက သတင်းအစ်သည်။
 
"ကျွန်တော်က ချီသူဌေးသမီးကို သိက္ခာဆယ်ခွင့် ပေးထားပါတယ်။ ငါတို့မို့သူဌေးရဲ့ အပြစ်ပေးတဲ့ နည်းလမ်းတွေက မရက်စက်လို့ မင်းတို့တွေက မင်းတို့စိတ်ကြိုက် ဇာတ်လမ်းထွင် နေသလားပဲ"
 
ဖန်ယွီ မဲ့ပြုံး ပြုံးသည်။ ထို့နောက် သူ့ချစ်ဇနီးနှင့် ညစာ အတူစားသုံးရန် စားသောက်ဆိုင်ထဲ ဝင်လိုက်သည်။
 
"ဟိုချီမိန်းကလေး ဘာတွေများ တွေးနေသလဲ"
 
ဟွားကျင်းကျင်းက ဖန်ယွီ၏ မျက်နှာချင်းဆိုင်မှာ ထိုင်ကာ မေးမြန်းသည်။ သူမက ဖြစ်ပျက်နေသော အခြေအနေကို နားမလည်နိုင်စွမ်း မရှိချေ။
 
"ဂုဏ်သရေမြင့် အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ သူဌေးသမီးက ကိုယ့်သိက္ခာကိုယ် ဆွဲချမယ့် လုပ်ရပ်မျိုး လုပ်ရတယ်လို့"
 
 
"သူဌေးသမီး ဖြစ်ပြီး မို့သူဌေးရဲ့စိတ်အာရုံကို မဖမ်းစား နိုင်တဲ့ အပြင် မထျန်းနင်ကိုတောင် ရှုံးနေသေးတယ်။ သူ့အမြင်မှာ မော်ဒယ်တွေ သရုပ်ဆောင်တွေက ညစ်ပတ်ပြီး အရေးမပါဘူး တွေးထားသလားပဲ။ ထျန်းနင်ကို ရှုံးစရာ အကြောင်း မရှိဘူးလို့ အထင်ကြီးနေပုံပါပဲ"
 
ဖန်ယွီ ရှင်းပြသည်။
"ထျန်းမိသားစုက သူ့ကို ဒီအခြေအနေထဲ ဆွဲခေါ်ခဲ့ပေမဲ့ သူကိုယ်တိုင်ကလည်း ငရဲတွင်းထဲ လိုလိုလားလား ခုန်ချခဲ့တာပဲ"
 
"အပေါ်ယံ ကြည့်လိုက် ရင်တော့ သူ့က အမှန်တိုင်း ပြောနေသလို ရှိပေမဲ့ သူက ထျန်းနင်ကို တခြားသူတွေ မယားငယ်လို့ သမုတ်အောင် ကြိုးစားနေတာလေ"
 
 
"ဒီလို လှောင်ပြောင်တဲ့ စကားလောက်နဲ့ မို့ထင် နဲ့ ထျန်းနင်က စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ သူတို့ကြောင့်တော့ ကိုယ်တို့ရဲ့ ဒိတ်လေး ကမောက်ကမာ ဖြစ်သွားတယ်"
 
ဖန်ယွီက ဤပြဿနာရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်။
 
"ဒါဆိုရင် ဘာလို့ ပြဿနာကို မရှင်းသေးတာလဲ။ သိက္ခာဆယ်ပေးတယ် ပြောရအောင် အဲဒီမိန်းမက စာနာဖို့ မထိုက်တန်ဘူး"
 
ဟွားကျင်းကျင်းက သူ့သူယ်ချင်းဘက်မှ ရပ်တည်ရန်သာ ဆုံးဖြတ်ထားသည်။
 
"ကြောင်က ကြွက်ကို ဖမ်းရင်တောင် ချက်ချင်း မသတ်ဘူးလေ။ မို့ထင်က ဒီပြဿနာကို ပီအာအဖွဲ့လက်ထဲ မထည့်ဘဲ ကိုယ့်ကို ခိုင်းရတဲ့ အကြောင်းအရင်းပဲ"
 
 
မို့ထင်က ရန်စသင့်သူ မဟုတ်မှန်း ဟွားကျင်းကျင်း သိခဲ့သော်လည်း ပြဿနာ ရှာခဲ့ဖူးသည်။
 
"အရင်တုန်းက မို့သူဌေးကို ဆန့်ကျင်ခဲ့တာ တွေးမိတိုင်း ကျောချမ်းလာတယ်။ ကံသီလို့ ဘာမှ မဖြစ်တာ"
 
ဖန်ယွီက သူမ၏လက်ကို ဖွဖွလေး ဆုပ်ကိုင်ပြီး ခပ်ယဲ့ယဲ့လေး ပြုံးပြသည်။
 
"အခုချိန်ကစပြီး အမြော်အမြင် ရှိရှိ တွေးတော ဟုတ်ပြီလား ချစ်ဇနီးလေး"
 
...
 
 
နောက်တစ်နေ့ မနက်ခင်းမှ ဖန်ယွီ၏ ဖြေကြားချက်ကို ချီရှင်းယန် သိခွင့်ကြုံသည်။
 
 
ဖန်ယွီ၏ တုံ့ပြန် ဖြေကြားမှုကြောင့် အသားတဆက်ဆက် တုန်သည်အထိ ဒေါသထွက်မိသည်။
 
 
မို့ထင် နှင့် ထျန်းနင်တို့က သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ဘေးထိုင် ကြည့်နေ၍ ပိုဒေါသထွက်သည်။
 
 
ဤအပြုအမူက ချီရှင်းယန်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသည်။
 
 
နောက်ဆုံးတော့ သူမ၏ဒေါသစိတ်ကို မထိန်းချုပ်နိုင်ဘဲ မီဒီယာ အရှေ့မှာ မို့ထင်ကို ရန်စခဲ့သည်။
 
"ဩဂုတ်လ ၁၉ရက်နေ့တုန်းက ရှင့် ကျွန်မကို ဖုန်းမဆက်ခဲ့ပါဘူးလို့ ပြောရဲလား မို့ထင်"
 
ယခုလို ရန်စမှုမျိုးနှင့် ရင်ဆိုင်ရသောအခါ ဟိုက်ဟွေ့ဖျော်ဖြေရေးက ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ မို့ထင်က ထျန်းနင်ကို အဖော်ပြုရန် ရိုက်ကွင်း ရောက်နေသည်။
 
 
နောက်ဆုံးတော့ ဤပြဿနာကို ဖြေရှင်းပေးသင့်သူက ဖန်ယွီဟု ယူဆာကာ ဖန်ယွီကို ဖြေရှင်းစေသည်။
 
 
"ဒုဥက္ကဌ..."
 
 
"မင်းတို့တွေ မေးဖို့ မလိုတော့ဘူး။ မင်းတို့ ဘာမေးချင်နေလဲ ငါ သိတယ်"
 
သတင်းထောက်များ၏နားကြားမြင်ကတ်သော စကားများကို ဖန်ယွီ မကြားချင်ပေ။
"ချီမိန်းကလေးက ဒီလောက်ထိ အဖြေလိုချင်နေတော့လဲ။ ရွေးချယ်စရာ မရှိတဲ့ အဆုံး ပြန်ဖြေရတော့မှာပေါ့"
 
"ဩဂုတ်လ ၁၉ရက်နေ့တုန်းက မို့သူဌေးရဲ့လက်ထောက် လုချယ်က ချီမိန်းကလေးကို တကယ် ဖုန်းခေါ်ခဲ့ပါတယ်။ ရည်ရွယ်ချက်က လက်ထပ်မယ့်ရက် အသိပေးဖို့ပါ"
 
 
"ဟမ်"
 
သတင်းသမားများ အုတ်အုတ်သဲသဲ ဖြစ်သွားပြီး လျှပ်တပြက် ဓာတ်ပုံများ အလျင်မီ ရိုက်ကူးကြသည်။
 
မို့ထင်က အရာအားလုံးကို ထုတ်ပြောမည်နည်း။
 
 
ဖန်ယွီက သတင်းသမားများ၏ မျက်နှာအမူအရာကို ဆန်းစစ်ပြီး ဆန်းကြယ်စွာ ပြုံးခဲ့သည်။ သူတို့ ဆွေးနွေးမှု အဆုံးသတ်မှ သူ ဆက်ပြောသည်။
 
 
"ဒီလိုတွေဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက မို့သူဌေးရဲ့ အဘိုးက မြစ်လိုချင်လွန်းလို့ပါ။ အဲဒီနေ့မှာ မြေးချွေးမ အိမ်ခေါ်လာဖို့ မို့သူဌေးကို တောင်းဆိုခဲ့တယ်။ ဒါကြောင့်လည်း မို့သူဌေးက လုချယ်ရွေးပေးထားတဲ့ လူစာရင်းထဲက ကြုံရာ တစ်ယောက်ကို ရွေးချယ််ခဲ့ရုံပါ။ ရွေးချယ်မိတဲ့သူက ချီမိန်းကလေး"
 
 
"မို့သူဌေးက ချီမိန်းကလေးကို မျက်နှာသာ ပေးခဲ့တာပါ။ မို့ဘိုးဘိုးရဲ့ လိုအင်ကို ဖြည့်ဆည်းပေးချင်ခဲ့ရုံပဲ။ ဒါပေမဲ့ အဲဒီနေ့က ချီမိန်းကလေး မရောက်လာခဲ့ဘူး"
 
 
"ဒါကြောင့် ထျန်းနင်က မယားငယ် မဟုတ်ပါဘူး။ မို့သူဌေးက ချီမိန်းကလေးနဲ့ မရင်းနှီးဘူး။ မီဒီယာရဲ့ ခနဲတဲ့တဲ့ ခန့်မှန်းမှုတွေကို ရပ်တန်လို့ ရပါပြီဗျာ"
 
 
"အဲဒီတုန်းက မို့သူဌေးကြီးက သူ့ရောဂါကို အကြောင်းပြပြီး ခြိမ်းခြောက်ခဲ့လို့သာ မို့သူဌေးက အလောတကြီး ဆုံးဖြတ်ခဲ့ရတာပါ"
 
 
"ချီမိန်းကလေးကလည်း ချိန်းထားတဲ့ အတိုင်း မရောက်လာလို့ ဒီပြဿနာက လေးနက်မယ်လို့တောင် မတွေးခဲ့မိဘူး။ ချီမိန်းကလေးက အခုချိန်ထိ အမှတ်ရနေမယ်လို့ ဘယ်သူက ကြိုတွေးမိမလဲ"
 
 
တစ်နည်းအားဖြင့် ဆိုရသော် ချီရှင်းယန် တစ်ယောက်တည်း အတွေးလွန်နေခဲ့ပြီး စိတ်ကူးယဉ် ဇာတ်လမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
 
 
"ဒါက ဇာတ်လမ်း အစအဆုံးပါပဲ။ ကျွန်တော်တို့လည်း အသေးအမွှား ပြဿနာလေးလို့ တွေးမိလို့ ဖြေရှင်းချက် မပေးခဲ့ရုံပါ။ ဒီလိုတွေ ဖြစ်မယ်မှန်း ဘယ်သူက ကြိုတွေးမိ မလဲ"
 
 
အပိုင်း(၃၅၇)
 
ပြီး၏။
 
 
 
 
 

Continue Reading

You'll Also Like

808K 8.1K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
10.1M 638K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
204K 2.3K 18
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
5.5M 224K 67
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...