ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

စာစဉ်(၂၅) Ep 346+347+348

140 10 0
By jellyflower1

အပိုင်း(၃၄၆)

 
"မကြောက်နဲ့နော်။မင်းကို ကူညီပေးဖို့ ငါတို့တွေ မင်းနားမှာ ရှိနေမယ်"
 
လင်းရှန်က ချိုသာစွာ နှစ်သိမ့်သည်။
 
ထျန်းနင်က မို့ထင်ကို ခေါင်းလှည့်ကြည့်သည်။ မို့ထင်၏နှုတ်ခမ်းထောင့်လေးများက အပြုံးရိပ်ပေါ် လွင်အောင် ကော့ညွှတ်သွားကြောင်း သတိထားမိ သွားသော်လည်း စိတ်ထဲ ဘဝင်မကျ ဖြစ်နေသေးသည်။
 
"ကျွန်မကြောင့် 'Stupid'ရုပ်ရှင် ပြဿနာတက်ရတယ်လေ။ ကျွန်မကြောင့် အခြေအနေ ပိုဆိုးရွားသွားမှာ မစိုးရိမ်ဘူးလား"
 
 
"ဘာတွေကို တွေးကြောက်နေရမလဲ ချစ်လေးရယ်"
 
 
မို့ထင် ပြန်မေးသည်။
 
"မော်ဒယ် အလုပ်ဆိုရင်တော့ အရာအားလုံးက ကျွန်မလက်ထဲ ရှိတော့ ဘာလုပ်သင့်လဲ ဘယ်လိုဖြေရှင်းရင် သင့်လျော်လည်း သိတယ်။ အခု သရုပ်ဆောင် အလုပ်ကတော့ မော်ဒယ် အလုပ်နဲ့ ခြားနားတယ်။ ကျွန်မနဲ့ အစိမ်းသက်သက် ဖြစ်နေတယ်"
 
 
"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ရယ် မို့သူဌေးရဲ့ ပီအာ အရည်အချင်းရယ် ပေါင်းစည်းလိုက်ရင်  ဖေးထန် အကောင်းဆုံးသရုပ်ဆောင် မင်းသမီး ဆုတံဆိပ်ကို မင်း တစ်နေ့ ပိုင်ဆိုင်နိုင်မှာပါ"
 
လင်းရှန်က သူ့စိတ်ရင်းအတိုင်း မြှောက်ပင့် ပြောဆိုသည်။
 
ဤလောကကြီးထဲ လူအများစုက ဇွဲလုံလဝီရိယ ရှိပြီး ပါရမီပါသူ ဖြစ်ချင်ဖြစ် သို့တည်းမဟုတ် ပါရမီ မပါသော်လည်း  ဇွဲလုံလ ရှိသူ ပိုများသည်။
 
 
ထျန်းနင်ကဲ့သို့ ဇွဲရှိပြီး ပါရမီ အထုံပါသူက အောင်မြင်ရန် မခက်ခဲပေ။
 
 
"အခုရိုက်ကူးနေတဲ့ 'Stupid'ရုပ်ရှင်ဇာတ်ကားကို အကောင်းဆုံး ဖြစ်စေချင်ရုံပါ။ တခြား ဘာမှ မတွေးချင်သေးဘူး"
 
ထျန်းနင်က သူမ၏အတွေးကို ထုတ်ပြောသည်။
 
 
"နင် အရမ်းခေါင်းခြောက်အောင် တွေးနေဖို့လည်း မလိုအပ်ပါဘူး။ နင့်နောက်က အမျိုးသားက နင့်ကို စီစဉ်ပေးပါလိမ့်မယ်"
 
 
 
ပရိသတ်များက အချိန်အတိုင်းအတာ တစ်ခုအထိ အုတ်အုတ်သဲသဲ ဖြစ်ခဲ့သည်။ သူတို့က အုပ်စုငယ်လေးများ ဖွဲ့စည်းပြီး ရုပ်ရှင်ကို သပိတ်မှောက်ရန် ကြိုးစားသည်။
 
 
သို့သော်လည်း ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သား အားလုံးက ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည် မနိမ့်ကျမှန်း လက်တွေ့သိကြသည်။ တကယ်တမ်း ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည်က တုန်လှုပ်စရာကောင်းအောင် အထင်ကြီးလေးစား ထိုက်သည်။
 
 
"ဟွန့် ရုပ်ရှင်ရုံတင်တဲ့နေ့ရောက်မှ အပြစ်တင်နေတဲ့အုပ်စု ဖြစ်သွားမယ် မျက်နှာတွေကို မြင်ယောင်ချင်သေးတယ်"
 
 
"ဒါပေမဲ့ သူတို့တွေ ဆက်သပိတ်မှောက်နေရင် ဘယ်သူတွေက ရုပ်ရှင်ကို စောင့်ကြည့်တော့မလဲ"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက အခုပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ပဲ မျှော်လင့်တယ်။ ဒါမှ ဇာတ်လမ်းကောင်းလေး နာမည်ပျက်တာကို တားဆီးနိုင်မှာလေ"
 
 
ပွက်လောရိုက်နေသော အချိန်ကာလတွင် ဒါရိုက်တာတစ်ဦးက သူ့အမြင်ကို လူ့မှုကွန်ယက်ပေါ် တင်ရန် ဆုံးဖြတ်ခဲ့သည်။ အလုပ်ကြိုးစားပြီး လုပ်ငန်းကျွမ်းကျင်သော သရုပ်ဆောင် အများစုက သူတို့ ငယ်ရွယ်ချိန်များကို ရုပ်ရှင်ရိုက်ကူးလျက် အချိန်ကုန်ဆုံးခဲ့သော်လည်း  ကောင်းမွန်သော ဇာတ်လမ်းဇာတ်ကွက်များတွင် သရုပ်ဆောင်ခွင့် မရခဲ့ကြပေ။ ကောင်းမွန်စွာ သရုပ်မဆောင်တတ်သူများက အကောင်းဆုံး ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ခွင့် ရနေသည်။ ဤအပြုအမူမျိုးက ဖျော်ဖြေရေး လောကတစ်ခုလုံးကို ပျက်စီးအောင် ချောက်ထဲ တွန်းချ သကဲ့သို့ ဖြစ်နေသည်။
 
 
"ဒါရိုက်တာသာ ငါ့ရှေ့ရောက်လာရင်တော့ ပါးရှစ်စိတ်ကွဲအောင် ရိုက်ပစ်ချင်တယ်။ သရုပ်ဆောင်တာ မမြင်ဖူးတာလား ဘယ်လိုများ အကဲဖြတ်ပြီး သရုပ်ဆောင် ရွေးချယ်လိုက်သလဲ"
 
 
လုံကျဲက မှတ်ချက်များကို စိတ်ဆိုးမာန်ဆိုး ဖတ်ရှုနေသည်။ ချင်းလု အရှေ့မှာ ဒူးထောက် တောင်းပန်ရန် ဖိအား ပေးခံရဖူးသော်လည်း ယခုအထိ သူမ အမှားလုပ်ခဲ့သည်ဟု မခံစားဖူးချေ။
 
 
 
"သူတို့လည်း သူတို့အမြင်ကို ဖော်ပြခွင့် ရှိပါတယ်"
 
 
ထျန်းနင်က  သွေးပျက်ခြင်း မရှိသော မျက်နှာအမူအရာဖြင့် ပြန်ဖြေသည်။
 
"ဒါပေမဲ့ သူတို့အမြင်ကို ထုတ်ဖော်တာ ခပ်ကြမ်းကြမ်းပါလား"
 
 
" သူတို့ ခပ်ကြမ်းကြမ်း စကားတွေက နောင်အနာဂတ်မှာ သူတို့ကိုပဲ အရှက်တကွဲ အကျိုးနည်း ဖြစ်စေမှာပါ"
 
 
တကယ်တမ်း လက်တွေ့မှာ ဤအဖြစ်အပျက်၏တိုးတက်မှုက လူတိုင်း မျှော်မှန်းထားသော အခြေအနေထက် ကျော်လွန်ခဲ့သည်။ ကျော်ကြားသော ဒါရိုက်တာက တခြားသော ဒါရိုက်တာများနှင့် အဖွဲ့ဖွဲ့ပြီး  ထျန်းနင်ကဲ့သို့အရည်အချင်း မရှိသော သရုပ်ဆောင်များကို သပိတ်မှောက်ရန် စီစဉ်ကြသည်။
 
 
 
...
 
 
 
"သူဌေး၊ ဒါရိုက်တာတွေ သပိတ်မှောက်နေတဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေနိုင်တယ်"
 
လုချယ်က သူ ရှာတွေ့ထားသော အချက်အလက်များကို မို့ထင်လက်ထဲ လွှဲပေးသည်။
 
"အရင်တစ်ခေါက်တုန်းက ဟိုက်ဟွေ့ဖျော်ဖြေရေးက အရက်စက်ဆုံး နည်းလမ်းကို သုံးပြီး 'Stardom'ကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီဇာတ်ကားရဲ့ ထုတ်လုပ်သူက လူချမ်းသာဆက်ဆံသူ ဖြစ်မယ်လို့ ဘယ်သူက ကြိုတွေးမိမလဲ။ သူက ဇာတ်ညွှန်းကို စတွေ့တည်းက သဘောကျပြီး ရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ လုပ်ရပ်ကြောင့် သူ အရမ်းဒေါသထွက်နေပုံပဲ"
 
 
"သပိတ်မှောက်တာကို အစပျိုးခဲ့တဲ့သူတွေကလည်း ရုပ်ရှင်ထုတ်လုပ်သူရဲ့ မိဘတွေပဲ။ ဒါကြောင့် အဲဒီလူနှစ်ယောက်က ပြဿနာကို ပိုဆိုးအောင် ဖန်တီးတာပေါ့"
 
 
 
"ဒီတစ်ခေါက်တော့ သူတို့တိုက်ခိုက်မှုက မဒမ်ကို ဦးတည်နေတယ်"
 
 
 
"ရုပ်ရှင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်းတွေက ဒီပဋိပက္ခမှာ အရမ်းကို အရေးပါတယ်။ တရားသတင်းမီဒီယာတွေကလည်း သရုပ်ဆောင်တိုင်းကို မျှမျှတတ ဆက်ဆံသင့်တယ်။ ထိုက်တန်တဲ့ ဇာတ်ကောင်စရိုက်ကိုပဲ သရုပ်ဆောင်ခွင့် ပေးသင့်တယ်လို့ မီးလောင်ရာလေပင့် လုပ်ကြတယ်"
 
 
"သရုပ်ဆောင်ပြောင်းသင့်ရင် ပြောင်းလဲရမယ်။ ဒီလိုမှ မဟုတ်ရင် ရုပ်ရှင်စီစစ်ရေးကို ဖြတ်ကျော်ဖို့ မလွယ်ဘူးလို့ တိုက်တွန်းကြတယ်"
 
 
" ထျန်းနင်က သူရိုက်ကူးရမယ် ဇာတ်ဝင်ခန်းတွေကို အပြီးသတ်ခါနီးပြီ။ သူ့အတွက် နောက်ထပ် လူရွေးပွဲ အစမ်းသရုပ်ဆောင်တာတောင် ပြင်ဆင်ထားတယ်"
 
မို့ထင်၏မျက်ဝန်းအကြည့်က သူ့လက်ထဲမှာ ရှိနေသော 'Gunshot' ဇာတ်ညွှန်းအပေါ် ကျရောက်နေသည်။
 
"ထျန်းနင်အတွက် သရုပ်ဆောင်မယ် နာမည်အသစ် ရွေးချယ်ပြီး အစမ်းသရုပ်ဆောင်တာ ဝင်ပြိုင်ဖို့ လျှောက်လွှာတင်ပါ"
 
 
 
" 'Gunshot' ဇာတ်ကားကို ခေါင်းမာတဲ့ ဒါရိုက်တာနဲ့ ရိုက်ဖို့ ဆုံးဖြတ်ထားတာမလား"
 
 
 
"ဟုတ်တယ်၊ ဒါမှ ထျန်းနင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို သူ မျက်မြင်တွေ့မှာလေ။ဒါမှ သူလုပ်မိတဲ့ အမှားကို သူ့ဘာသာသူ သေချာသိမှာလေ"
 
မို့ထင်၏မျက်ဝန်းများက မီးလျှံကဲသို့ လင်းလက်နေသည်။
 
"မဒမ်က အစမ်းသရုပ်ဆောင်တာ အောင်မြင်သွားတော့ရော ဘာဆက်ဖြစ်မှာလဲ"
 
 
မို့ထင်က သူ့ရုံးသုံးထိုင်ခုံပေါ်မှ ထလိုက်ပြီး ဖန်သားပြတင်းပေါက်အနား လမ်းလျှောက်သွားသည်။
 
"ဒီလိုလုပ်ရတာ ငါ့မိန်းမရဲ့ အရည်အချင်းကို သက်သေပြချင်လို့ပဲ။ ငါက သူ့ရုပ်ရှင်ကို လုံးဝ စိတ်မဝင်စားဘူး"
 
"ငါ့အိမ် တံခါးပေါက်မှာ ဒူးထောက်မတတ် တောင်းပန်ရင်တော့ အကောင်းဆုံးပဲ"
 
 
 
"စီစဉ်စရာရှိတာတွေကို ချက်ချင်းစီစဉ်ပါမယ်"
 
 
 
လုချယ်၏မျက်ဝန်းတွင် စိတ်လှုပ်ရှားသော ခံစားချက် အရိပ်အယောင်များ ပေါ်လွင်လာသည်။
 
 
မို့ထင်က ယခင်ကအတိုင်း အကြံဉာဏ်များသူ ဖြစ်နေသည်။ ထျန်းနင် သရုပ်ဆောင်ခြင်းကို မမြင်ဖူးဘဲ ပြစ်တင်ဝေဖန်ခဲ့သော ဒါရိုက်တာကို သင်ခန်းစာပေးမည့် အစီအစဉ်က စိတ်ကျေနပ်ဖွယ်ကောင်းသည်။ ထျန်းနင် သရုပ်ဆောင်နိုင်လား သရုပ်မဆောင်နိုင်လား သူတို့မျက်စိဖြင့် မျက်မြင်တွေ့ခွင့်ရမည်။
 
 
တစ်စုံတစ်ယောက်ကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ကြံရွယ်ခဲ့သော တန်ပြန်တိုက်ကွက် ဖြစ်လိမ့်မည်။
 
 
 
ထို့အပြင် အစမ်းသရုပ်ပြခြင်းကို မြင်တွေ့ရမည့် မျက်ဝန်းပေါင်းများစွာ နှင့် အကဲဖြတ်သူ များစွာ ရှိနေသဖြင့် ထျန်းနင်သာ  အသိအမှတ်ပြုခံရလျှင် အားလုံး၏ပြစ်တင်ဝေဖန်မှုက ဒါရိုက်တာ အပေါ်သာ ကျရောက်လာလိမ့်မည်။
 
 
 
ထျန်းနင်ကို အရည်အချင်း မရှိသော သရုပ်ဆောင်ဟု ပြောဆိုနေသော အတင်းအဖျင်းများလည်း လွင့်ပြယ်သွားလိမ့်မည်။
 
 
ယမန်နေ့ညနေခင်းမှာ လုချယ်က ထျန်းနင် ဖတ်ရှုရန်  'Gunshot' ဇာတ်ညွှန်းကို လာပို့ပေးပြီး မို့ထင်၏အကြံအစည်ကို ထျန်းနင်သိအောင် ရှင်းပြသည်။
 
"ဒါက မဒမ်အတွက် လက်စားချေပေးမယ် သူဌေးရဲ့ အကြံအစည်ပါ။ မဒမ်သာ သဘောတူရင် ဒီအကြံအစည်ကို အကောင်အထည်ဖော်ပါမယ်"
 
" ကောင်းပြီလေ"
 
ထျန်းနင် ခေါင်းညိတ်သည်။ တိုက်ခိုက်ရေးသမား ဇာတ်ကောင်ကို သူမ အမှန်တကယ် စိတ်ဝင်စားသည်။
 
 
"တိုက်ခိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်လို သရုပ်ဆောင်မလဲ"
 
 
 
" အဟမ့် သူဌေးပြောတာတော့ မဒမ်ကို သူကိုယ်တိုင် သင်ကြားပေးမယ်တဲ့"
 
လုချယ်က  လည်ပင်းနောက်ဘက်ကို လက်ဖြင့် ပွတ်သည်။
"တကယ်တော့ သူဌေးက တိုက်ရေးခိုက်ရေး စွမ်းရည်က လေးစားထိုက်ပါတယ်။ သူ့ကျွမ်းကျင်မှုက တိုက်ခိုက်ရေးကျောင်းဆင်း အဆင့်ရှိတယ်"
 
ထျန်းနင် ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
 
"ငါလည်း ထင်ရဲ့အရည်အချင်းကို သံသယ မဝင်ပါဘူး"
 
"ဒီလိုဆိုရင် မဒမ်ရဲ့ သရုပ်ဆောင်နာမည်ကို ရွေးချယ်ပါ"
 
 
"ရီကျန်း(အမှန်တရား) ထျန်းရီကျန်း"
 
 
မို့ထင်က သူမ၏အရည်အချင်းကို လူတိုင်း သိသွားအောင် သက်သေပြချင်၍ ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
 
'Gunshot'ရုပ်ရှင်တွင် တကယ် သရုပ်ဆောင်စေချင်သည့် ဆန္ဒ မရှိမှန်း ထျန်းနင် သိပါသည်။ သို့တိုင် ထျန်းနင်က ဇာတ်ညွှန်းကို လေးလေးနက်နက် ဖတ်ရှုနေသည်။
 
"ဒါဆိုရင် အစမ်းသရုပ်ဆောင် ဝင်ပြိုင်ဖို့ မဒမ်အတွက် လျှောက်လွှာ စီစဉ်လိုက်ဦးမယ်။ ရက်ပိုင်းလောက်တော့ အချိန်ရှိသေးပေမဲ့ အလောတကြီး စီစဉ်ရမယ်"
 
 
အပိုင်း(၃၄၆)
 
ပြီး၏။
အပိုင်း(၃၄၇)

 
'Gunshot' အတွက် audition လုပ်ရန် ဆုံးဖြတ်ပြီးနောက် ထျန်းနင်သည် သူမအားလပ်ချိန်အတွင်း သေနတ်ပစ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို လေ့ကျင့်ခဲ့သည်။ သို့သော် အချိန်အကန့်အသတ်ရှိသောကြောင့် မို့ထင် နှင့် သူမ၏ သေနတ်ပစ်နည်းပြ နှစ်ဦးစလုံးသည် သူမအတွက် အကျိုးအရှိဆုံးသော အဓိက နည်းလမ်းများကို ရွေးချယ်သင်ကြားပေးသည်။
 
 
ထျန်းနင်က ကြမ်းတမ်းသော တိုက်ခိုက်ရေး စနစ်ကို လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု  သေနတ်ပစ်နည်းပြ တွေးခဲ့ဖူးသည်။ သို့သော်လည်း ထျန်းနင်နှင့် တွေ့ဆုံပြီးနောက်  ယင်း ၂၆ နှစ်အရွယ် မော်ဒယ်က ဇွဲလုံလ ရှိပြီး အရည်အချင်း ရှိကြောင်း သဘောပေါက်ခဲ့သည်။
 
 
ထို့ကြောင့် ထျန်းနင်က သူမ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများကို စောင့်ဆိုင်းနေစဉ်  သေနတ်တစ်လက်နှင့်  ကျွမ်းကျင်သော သေနတ်ပစ် နည်းစနစ်ကို ပေါင်းစပ်ကာ စနစ်တကျ  လေ့ကျင့်ခဲ့သည်။ ထို့အပြင် ဟိုတယ်ပြန်ရောက်ပြီးနောက် သူမသည် အားကစားခန်းမတွင် မို့ထင်နှင့်အတူတူ အခြေခံတိုက်ခိုက်ရေးလှုပ်ရှားမှုများ ကို လေ့ကျင့်ခဲ့သည်။
 
 
ကံကောင်းထောက်မစွာဖြင့်  သူမ၏ယခင်လေ့ကျင့်မှု အကျိုးဆက်ကြောင့်  လိုက်လျောညီထွေရှိပြီး သွက်လက် ချက်ချာသည်။ အကယ်၍ သူမနေရာတွင် အခြားမော်ဒယ်တစ်ဦး ဖြစ်နေခဲ့ပါလျှင် ပြင်းထန်သော လေကျင့်မှုဒဏ်ကြောင့် နာကျင်မှုဝေဒနာကို ရင်ဝယ်ပိုက်ကာ အော်ငိုကြလိမ့်မည်။
 
 
မို့ထင်က တကယ့်ကို တိုက်ခိုက်နိုင်သည်။
 
 
မို့ထင် တိုက်ခိုက်ရေး လေ့ကျင့်ခြင်းကို ထျန်းနင် တစ်ခါလေးမျှ မမြင်တွေ့ခဲ့ဖူးပေ။ မို့ထင်ကဲ့သို့ လူကြီးလူကောင်းဆန်သော လေးနက်သူက ယခုလို ခက်ထန်ကြမ်းကြုတ်သော အပြုအမူမျိုးကို စိတ်မဝင်စားနိုင်ဟု တွေးခဲ့ဖူးသည်။
 
 
"ကိုယ်လည်း အသက်ငယ်ရာက အသက်ကြီးလာတဲ့သူပါ။ လူငယ်တွေလိုပဲ ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်"
 
 
မိုတင်၏ ပြင်းထန်သော ကန်ချက်များနှင့် ထိုးချက်များကို ငေးစိုက်ကြည့်လျက် ထျန်းနင် ရင်တလှပ်လှပ်ခုန်နေမိသည်။ မို့ထင်က အရမ်းဆွဲဆောင်မှုရှိလွန်း၍ သူမ၏နှလုံးခုန်နှုန်း တရိပ်ရိပ်တိုးလာသည်။
 
 
မို့ထင် ၏ ညှို့ဓာတ်ပြင်းသော ဆွဲဆောင်မှုကို သတိပြုမိသော်လည်း ထျန်းနင်က သူမ၏လေကျင့်မှု ပြီးပြည့်စုံသည့် အဆင့်ရောက်အောင် ရာနှုန်းပြည့်  အာရုံစိုက်ထားသည်။
 
 
နောက်နှစ်ရက်လောက်ကြာသည့်တိုင်  ပရိသတ်များက ပြေလည်မှုမရှိဘဲ ငြင်းခုန်ခဲ့ကြသေးသည်။ သို့တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေးက ဖြေရှင်းချက် မပေးခဲ့ချေ။
 
 
 
အထူးသဖြင့် လင်းရှန်၏ပရိသတ်များသည် သူတို့၏ idol ကို ဟိုက်ဟွေ့ဖျော်ဖြေရေးက ဖျက်ဆီးလိုက်သကဲ့သို့ ဆက်လက်ပြုမူခဲ့ကြသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးနှင့် စာချုပ်ဖျက်သိမ်းရန်ပင် လင်းရှန်၏အေဂျင်စီကို တောင်းဆိုလာသည်။
 
 
 
"တချို့ချို့တွေကြောင့် ငါတို့ရှန်ရှန်လေး မကောင်းပြောခံနေရပြီ။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ငါတို့ရှန်ရှန်ကို လက်လွှတ်ပေးလို့ မရဘူးလား"
 
 
"ခင်ဗျားတို့ ဘာပဲလုပ်လုပ် ကျွန်တော် သိပ်ဂရုမစိုက်ပါဘူးဗျာ၊ ဒါပေမယ့် ငါတို့မင်းသားလေးရဲ့ဇာတ်ကားက ထျန်းနင်ကြောင့် အများရှုတ်ချစရာ ဖြစ်နေပြီ ။ ငါ့တစ်ဘဝလုံး ထျန်းနင်ကို ဆန့်ကျင်တဲ့ ပရိသတ်လုပ်မယ်လို့ ကတိပေးတယ်"
 
 
"ရိုက်ကူးရေး ပြီးပြီဆိုတော့ အခုနေ ဘာပဲပြောပြော အသုံးမဝင်တော့ဘူး ငါပြောနိုင်တာက ဟိုက်ဟွေ့ဖျော်ဖြေရေးကို  နည်းနည်းစိတ်ပျက်မိတယ်"
 
 
"ဟွန့်၊ ထျန်းနင် က သေချာပေါက် ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရှိတယ်။ သူ့ကို ရုပ်ရှင်ထုတ်လုပ်ရေး တစ်ဖွဲ့လုံးက ဆန့်ကျင်နေတာတောင် ရိုက်ကွင်းကို သွားရဲတဲ့ သတ္တိရှိသေးတယ်။ မျက်နှာအရည်ထူလွန်းပါဘိ"
 
 
ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည်ကို သိထားသော လူနည်းစုမှလွဲလို့ တခြားသူက ထျန်းနင်ကို မယုံကြည်ချင်ပေ။ ရုပ်ရှင်လောက၏လက်သစ်ဖြစ်သော ထျန်းနင်ကလည်း သူမကို တခြားသူများ နားလည်ပေးရန် မမျှော်လင့်ထားဖူးပေ။
 
 
ထိုနေ့ညက မို့ထင်သည် ထျန်းနင်နှင့်အတူတူ အိမ်မှာ အနားယူဖြစ်သည်။ ထျန်းနင်ကို သူ့ရင်ခွင်ထဲ ထွေးဖက်ကာ စကားပြောလေ၏။
 
 
"မနက်ဖြန် auditionပွဲကို ကိုယ်လိုက်ပို့ပေးမယ်"
 
 
"မလိုပါဘူး၊ အဲဒါကို လျှို့ဝှက်ထားဖို့ ကြံစည်ထားတာလေ။ ယောက်ျား လိုက်ပို့ပေးရင် ဟိုလေးတကျော် ဖြစ်သွားလိမ့်မယ်"
 
ထျန်းနင် ပြန်ဖြေသည်။
"စိတ်မပူနဲ့နော်။ ဘာလုပ်သင့်လဲ ချစ်လေး သိတယ်။ ချစ်လေးရဲ့ အရည်အချင်းကို လူတိုင်းသိသွားအောင် ချစ်လေးကိုယ်တိုင် သက်သေပြသွားမယ်"
 
"ကိုယ်တို့အိမ်ထောင်ရေးကြေညာဖို့အချိန်နီးကပ်နေပြီ.. ဒါပေမယ့်
 
ချစ်လေးက အခုထက်ထိ အရမ်းကို အလုပ်ကြိုးစားနေတုန်းပဲ"
 
ထျန်းနင်၏လက်ချောင်း လေးများကို မို့ထင်၏လည်တိုင်ပေါ် ပြေးလွှားနေပြီး ရင်ခွင်ထဲ အမှီအခိုကင်းမဲ့စွာ တိုးဝှေ့လျက်
 
"ဒါပေမယ့် ချစ်လေး တစ်ခါမှ ပင်ပန်းတယ်လို့ မခံစားမိပါဘူး။ ယောက်ျားက ချစ်လေးထက် ပိုပင်ပန်းမှာ သေချာတယ်"
 
 
"ဟုတ်ပါပြီဗျာ ချစ်လေးရေ အိပ်ဖို့သင့်နေပြီ။ မနက်ဖြန် စောစောထရမယ်မလား"
 
 
 
ထျန်းနင်သည် မိုတင်ကို တင်းတင်းဆုပ်ကိုင်ထားကာ
 
"ဒါပေမယ့် မို့သူဌေးကို ပိုင်ဆိုင်ချင်သေးတယ်"
 
မို့ထင်သည် ထျန်းနင်ကို ငုံ့ကြည့်ကာ အံ့အားသင့်နေသည်။
 
"ချစ်လေး ဘာပြောလိုက်တာလဲ"
 
 
"ယောက်ျားကို ပိုင်ဆိုင်ချင်တယ်လို့ ပြောလိုက်တာလေ မကြားလိုက်လို့လား တမင်တကာ မေးသလား"
 
 
ထျန်းနင်က ပွင့်ပွင့်လင်းလင်း ထပ်ပြောသည်။
 
"အားကစားခန်းမမှာတုန်းက ယောက်ျားရဲ့ လှုပ်ရှားမှုတိုင်းက အရမ်းကို ဆွဲဆောင်မှု ရှိတာ သတိရော ထားမိရဲ့လား"
 
 
"တကယ်လို့ ကိုယ်က ချစ်လေးကို သွေးဆောင်ဖို့မဟုတ်ရင်  ဒီလောက် လေးလေးနက်နက် ပြုမူနေမယ်လို့ ချစ်လေး တွေးထားသလား"
 
 
မိုတင်သည် ဩရှရှအသံဖြင့် နားဝင်ချိုဖွယ်ကောင်းအောင် ပြောဆိုလျက် ထျန်းနင်၏ ခန္ဓာကိုယ်ကို အပေါ်မှ အုပ်မိုးသည်။
 
 
ထျန်းနင်ကလည်း မို့ထင်၏ခါးကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ကာ
 
"ရှင် အောင်မြင်ပါတယ်"
 
...
 
 
"Gunshot ရုပ်ရှင်ထုတ်လုပ်ရေးက သရုပ်ဆောင် ရွေးချယ်ပွဲ ကျင်းပတော့ပါမယ်"
 
 
 
'Gunshot' ရုပ်ရှင်၏ ဒါရိုက်တာက တခြားသူ မဟုတ် ထျန်းနင်ကို ပထမဆုံး ပြစ်တင်ဝေဖန်စာ ရေးသားခဲ့သည့် ဒါရိုက်တာကျန်း ဖြစ်လေ၏။
 
 
 
လူရွေးပွဲ ကျင်းပချိန် နီးကပ်လာသောအခါ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၀၀) ကျော် ရှိခဲ့သည်။ အမျိုးသမီး ဇာတ်ဆောင်ဖြစ်ရန် အခွင့်အလမ်းက တစ် ရာခိုင်နှုန်းသာ ရှိလေ၏။
 
 
အကဲဖြတ်ဒိုင်များထဲတွင် ဒါရိုက်တာ ကျန်းမှလွဲ၍ နာမည်ကြီး အနုပညာရှင်၊ သရုပ်ဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများ ပါ၀င်သည်။ သရုပ်ဆောင်ရွေးချယ်ပွဲက တကယ်ကို စနစ်ကျပါသည်။
 
 
ထျန်းနင်က ထျန်းရီကျန်းအမည်ဖြင့် လူရွေးပွဲကို ပါဝင်ဆင်နွှဲလိမ့်မည်။ တန်းစီ စာရင်းအရ သူမမ၏နံပါတ်က ၃၃ဖြစ်သည်။
 
 
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူမက  နံပါတ်စဉ် အလယ်အလတ်ဖြစ်၍ အတော်ပင် နီးစပ်သည်။
 
 
ထျန်းနင်က သူမကို တခြားသူ မမှတ်မိအောင် အိမ်မှ ထွက်လာတည်းက ပွယောင်းယောင်း အဝတ်များကို ဝတ်ဆင်ကာ သူမ၏ခြေထောက်များကို ဖုံးကွယ်ထားသည်။ သူမ မျှော်မှန်းထားသည့် အတိုင်း လူတိုင်းက စိတ်လှုပ်ရှားနေ၍ သူမ ဘယ်သူလဲ သတိမထားမိကြပေ။
 
 
သို့သော်လည်း ရွေးချယ်ခံ စာရင်းထဲတွင် ပါဝင်၍ လာရောက်ယှဉ်ပြိုင်သူများထဲ လက်တလော ရေပန်းစားနေသော သရုပ်ဆောင်များ ပါဝင်သည်ကို သတိထားမိသည်။
 
 
သရုပ်ဆောင်လူရွေးပွဲကို ဦးဆောင်သော အကဲဖြတ်ဒိုင်များက ဇာတ်ညွှန်းပါ ဇာတ်ဝင်ခန်းများကို အစမ်းသရုပ်ဆောင်ခိုင်း၍ စစ်ဆေးမည် မဟုတ်မှန်း ထျန်းနင် သိပါသည်။ ထို့ကြောင့်လည်း ဇာတ်ညွှန်း စာရွက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး နှုတ်တိုက် ကျက်နေသော လူတချို့ကို ထျန်းနင် သနားစိတ်ဝင်မိသည်။
 
 
တစ်ခါတရံ သရုပ်ဆောင်ပညာရပ်က  ပင်ကိုဗီဇပေါ် မှီခိုသည်။
 
 
တစ်ယောက်ပြီး တစ်ယောက် လူရွေးချယ်ခန်းထဲ ဝင်ရောက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေစဉ် ထျန်းနင် တကယ့်ကို တည်ငြိမ်နေပါသည်။ တစ်ဖက်မှာတော့ သူမ ဘေးနားမှ လူအားလုံးက ပူပင်နေကြသည်။ သူတို့ထဲမှ တချို့တလေက မကြာခဏ အိမ်သာဘက် သွားကြသည်။
 
 
"ဟယ်လို"
 
 
ထျန်းနင်က သူမ၏ပခုံးကို လာပုတ်သောသူကို မော့ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူမ အတော်အတန် အံ့အားသင့်မိသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
 
 
သူမနှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသော ကောင်မလေးက ၂၀ကျော်ခါစ ကောင်မလေးဖြစ်ပြီး ရဲယူနီဖောင်းကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမလည်း လူရွေးပွဲကို လာရောက်ကြောင်း သိနိုင်သည်။
 
"နင်က နံပါတ် ဘယ်လောက်လဲ"
 
"နံပါတ်၃၃"
 
ထျန်းနင် ဖြေသည်။
 
"နင့်လက်ထဲမှာ ဇာတ်ညွှန်းလဲ မတွေ့သလို စိတ်လှုပ်ရှားတာလဲ မမြင်ရဘူးနော်။ နင့်သူငယ်ချင်းကို အဖော်လိုက်ပေးတာလား"
 
ကောင်မလေးက ထျန်းနင်ဘေးနား ထိုင်ကာ သံသယ မျက်ဝန်းဖြင့် ကြည့်နေသည်။
 
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
 
ထျန်းနင်က ယင်းကောင်မလေးနှင့် စကားကြာကြာ ပြောချင်စိတ် မရှိ၍ တိုတိုတုတ်တုတ် ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
 
 
ရဲဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသော ကောင်မလေးက နောင်အနာဂတ်မှာ သူမ၏သရုပ်ဆောင် လမ်းကြောင်းကို အကြိမ်ကြိမ် တားဆီး နှောင့်ယှက်သူ ဖြစ်လာလိမ့်မည်မှန်း ထျန်းနင် မသိခဲ့ပေ။
 
 
 
"ရိတန့်၊ နင့်အလှည့်ရောက်ပြီ"
 
 
ရိတန့်၏မန်နေဂျာက သူတို့ဘက် လှည့်ကာ လှမ်းအော်သည်။
 
 
ရိတန့်က ထိုင်ခုံမှ ထလိုက်ပြီး ထျန်းနင်ကို စကားပြောသည်။
 
"သရုပ်ဆောင်ရွေးချယ်ပွဲ လာပြိုင်တာ မဟုတ်ဘူးလား ထျန်းနင်"
 
သရုပ်မှန်ပေါ်သွားလည်း ထျန်းနင် ကြောက်စိတ် မဝင်မိပေ။ ရီတန့်ကလည်း ထျန်းနင် အကြောင်း လူတိုင်း သိသွားအောင် ထုတ်ဖော်မည့် အတွေး မရှိခဲ့ပေ။ သူတို့နှစ်ဦးသား မျက်လုံးချင်း အကြည့်ဆုံခိုက် ၎င်းငယ်ငယ်ရွယ်ရွယ် ကောင်မလေးက စိတ်ဝင်စားစရာ ကောင်းမှန်း ထျန်းနင် ရုတ်တရက် ခံစားမိသည်။
 
 
ထို့နောက် ကျန်းရိတန့်က လူရွေးချယ်ပွဲ ခန်းမထဲ ဝင်ရောက်လိုက်ပြီး အကဲဖြတ်ဒိုင်များကို ယုံကြည်ချက်ရှိရှိ မျက်နှာချင်းဆိုင်လိုက်သည်။
 
 
"ဇာတ်ညွှန်းရဲ့ စာမျက်နှာနံပါတ် ၉၄အတိုင်း သရုပ်ဆောင်မယ်"
 
အဓိက အကဲဖြတ်ဒိုင်က ညွှန်ကြားသည်။
 
ကျန်းရိတန့် ခေါင်းညိတ်လိုက်သည်။
 
စာမျက်နှာကို လှန်ကြည့်လိုက်သည်နှင့် သူ့သူငယ်ချင်းက သူ့အတွက် စွန့်လွှတ်အနစ်နာခံခဲ့သည့် ဇာတ်ဝင်ခန်းမှန်း တန်းသိလိုက်သည်။
 
အခြေခံသရုပ်ဆောင် စွမ်းရည်ကို စစ်ဆေးပြီး ဇာတ်ညွှန်းပါ စာသားများအတိုင်း သရုပ်ဖော်ရမည်။ ဤဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်က စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ခွင့် ရှိသည်။
 
 
ကျန်းရိတန့်သည် ကျယ်လောင်သော ငိုကြွေးသံ မပြုမီ သူမ၏ ခံစားချက်ကို အမြန်ပြင်ဆင်ခဲ့သည်။
 
 
 
ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူငယ်ချင်း၏ ရင်ဘတ်ကို ဖိလျက်
 
 
"မသေနဲ့၊ နင်မသေရဘူး..."
 
ထိတ်လန့်ကြောက်ရွံ့မှု၊ ဒေါသနှင့် အဖြစ်မှန်ကို လက်ခံလိုစိတ်မရှိသော ခံစားချက်များကို ကျန်းရိတန့်၏မျက်ဝန်းတွင် မြင်တွေ့ရသည်။
 
 
ကျန်းရိတန့်၏မျက်ဝန်းများမှ မျက်ရည်စက်များ တာကျိုးသည့်အလား ကျဆင်းနေပြီး နှာခေါင်းက နီရဲသည်။ သူမက ဇာတ်ကောင်စရိုက်ကို အလျင်မြန်ဆုံး သရုပ်ဖော်နိုင်သည်။
 
 
 
"ငါတောင်းပန်ပါတယ် နင် ဘာမှ မဖြစ်ရဘူးနော်။ ငါ့ကို မထားသွားရဘူး"
 
 
 
ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ အနီးနားရှိ ပရိဘောဂများကို ရိုက်ခွဲကာ နာကျင်မှုဝေဒနာကို ရင်ဝယ်ထွေးပွေ့ကာ ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်။
 
 
သူမ၏ စွမ်းဆောင်ရည်က ထူးထူးခြားခြားမဟုတ်သော်လည်း ခံစားချက် အပြည့်ဖြင့် သရုပ်ဆောင်သွားသည်။  ထို့အပြင် သူမ၏မျက်ဝန်းက ခံစားချက်မျိုးစုံကို သရုပ်ဖော်သွားပြီး အရေးအကြီးဆုံး အချက်အနေဖြင့် သူမ၏သရုပ်ဆောင်မှုက အဆင်ပြေ ချောမွေ့ခဲ့သည်။
 
 
"မဆိုးပါဘူး ဒီမင်းသမီးက မဆိုးပါဘူး..."
 
 
"ကျန်းရိတန့် မလား၊ မဆိုးပါဘူး"
 
 
အပိုင်း(၃၄၇)
 
ပြီး၏။
 
 
 
အပိုင်း(၃၄၈)

 
"ဒီ ကျန်းရိတန့်က မဆိုးဘူးပဲ၊ သူ့ ကိုယ်ရေးအချက်အလက်တွေ ဖတ်ကြည့်တာတော့ သူက ထိပ်တန်း အနုပညာကောလိပ် တစ်ခုကနေ ဘွဲ့ရခဲ့တာပဲ။ တကယ်ကို မဆိုးဘူးပဲ"
 
 
"ဟုတ်တယ်၊ အဲဒီကောင်မလေးက မဆိုးပါဘူး။ ဒါပေမယ့် မင်းက သုံးစားမရတဲ့လူတွေ အများကြီးပဲ မြင်တွေ့ခဲ့ဖူးတော့  နည်းနည်း အဆင်ပြေတဲ့ သူကို တွေ့တာနဲ အလွယ်တကူ သဘောကျသွားတာပဲနော်"
 
 
"မင်းပြောတာ တကယ်မှန်တယ်၊ လူရွေးပွဲ ဆက်ကျင်းပမယ်"
 
 
ခဏကြာ ဆွေးနွေးပြီးနောက် အကဲဖြတ်ဒိုင်များက ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း  လာရောက်လျှောက်ထားသော သရုပ်ဆောင် မင်းသမီးများသည် ဆိုးရွားသော သရုပ်ဆောင် စွမ်းရည် ပိုင်ဆိုင်သူများ၊ သရုပ်ဆောင်နိုင်စွမ်း မရှိသူ နှင့် အိုက်တင်ပိုသူများကိုသာ ကြုံတွေ့ရသည်။
 
 
အကဲဖြတ်ဒိုင်များ မျက်လုံးပြူး နေရသည်။ ကျန်းရိတန့် ထက်သာလွန်သော တခြားသရုပ်ဆောင် မင်းသမီးတစ်ဦးကို တွေ့နိုင်မည်မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ဆက်လက် လူရွေးလေတိုင်း ပိုပိုဆိုးရွားသူကို ကြုံတွေ့ရသည်။
 
 
"နံပါတ်၃၃ ထျန်းရီကျန်း"
 
 
"အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး ဗျာ"
 
 
"ငါလည်း အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ သူ ဘယ်လို သရုပ်ဆောင်မလဲ ကြည့်ရအောင်"
 
 
အကဲဖြတ်ဒိုင်လူကြီးများက ထျန်းရီကျန်း၏နာမည်ကို မကြားဖူးထား၍ အများကြီး မျှော်လင့်ချက် မထားခဲ့ပေ။
 
 
စင်ပေါ် အာရုံမရှိသော အကဲဖြတ်ဒိုင်များ၏ စိတ်အာရုံကို တအံ့တဩအော်သံက ဖမ်းစားသွားခဲ့သည်။ သူတို့အားလုံး၏ စိတ်အာရုံက စင်မြင့်ပေါ် အလျင်အမြန် ကျရောက်သွားသည်။ သူတို့ အရှေ့ရောက်လာသော သူကို မျက်မှန်းတန်းမိပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
 
 
ဤပွဲတွင် ထျန်းနင်က စုတ်ပြတ်သတ်နေသော အဖြူရောင် တီရှပ် နှင့် ဂျင်းဘောင်းဘီကို တွဲဖက် ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်က ခပ်တိုတိုဖြင့် သပ်သပ်ရပ်ရပ် ရှိပြီး သူမ၏မျက်ခုံးနှစ်ဖက် အလယ်မှာ ရှိနေသည့် မှဲ့က အထူးတလည် ထင်ရှားနေသည်။
 
 
ထျန်းနင်၏ပြင်ဆင်မှုက ဇာတ်ညွှန်းပါ အမျိုးသမီးဇာတ်ဆောင်၏ပြင်ဆင်မှုဖြင့် အံကိုက်ဖြစ်နေ၍ အမျိုးသမီးသေနတ်သမား ဇာတ်ရုပ်ကို အသက်သွင်းလိုက်သကဲ့သို့ ခံစားစေသည်။
 
 
အကဲဖြတ်ဒိုင်လူကြီးများက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယခုရောက်လာသော မိန်းကလေးကို သဘောကျနှစ်ခြိုက်မိသည်။
 
 
မှိန်ပျပျစင်မြင့်ထက်တွင် ထျန်းနင်၏ခပ်တိုတို ဆံပင်က ထျန်းနင်၏ မျက်နှာကို ခွဲခြားရခက်ခဲစေသည်။ သို့တိုင် ဤအချင်းအရာက သူမ၏ တည်ငြိမ်မှု နှင့် စွမ်းဆောင်ရည်ကို မဖုံးကွယ်နိုင်ပေ။
 
 
"စာမျက်နှာ ၂၃ မှာပါတဲ့ ဇာတ်ညွှန်းကိုတစ်ချက် ဖတ်ပြီး ဇာတ်ဝင်ခန်းကို သရုပ်ဖော်ပါ"
 
 
လက်ထောက်တစ်ဦးက ထျန်းနင်ကို ဇာတ်ညွှန်း ပေးခဲ့သော်လည်း ထျန်းနင်က လက်မခံခဲ့ပေ။
 
 
သူမက ရိုးရိုးရှင်းရှင်း ပြန်ပြောသည်။
 
"ဇာတ်ညွှန်းမလိုပါဘူး"
 
"ယုံကြည်မှု လွန်ကဲတာပဲ၊ ငါကြိုက်တယ်"
 
အကဲဖြတ်ဒိုင်တစ်ဦးက ရွှင်မြူးစွာ လက်ခုပ်တီးသည်။
 
"ကောင်းပြီလေ မင်းက ဇာတ်ညွှန်း မဖတ်တော့ဘူးဆိုတော့ အခု သရုပ်ဆောင်လို့ ရပြီ"
 
 
အကဲဖြတ်ဒိုင်များအားလုံး စင်မြင့်ပေါ်  တပြိုင်နက်တည်း အာရုံစူးစိုက်ခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်။
 
 
ကျန်းရိတန့်ကိုယ်တိုင်ပင်လျှင်  ချို့ယွင်းချက်များနှင့် ပညာရည် မပြည့်ဝမှုများ  ရှိနေသည်။ သို့သော်လည်း ထျန်းနင်က ရိုးရှင်းသော ဝတ်စုံလေးဖြင့် အကဲဖြတ်ဒိုင်လူကြီးများ၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်ခဲ့သည်။
 
 
အထူးသဖြင့် သူမက လူတိုင်းကို သက်သောင့်သက်သာဖြစ်စေသော ခံစားချက်ကို မျှဝေခံစားစေသည်။
 
 
အကဲဖြတ်ဒိုင်လူကြီးများက ထျန်းနင်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။ ထို့နောက် ...
 
 
“၁၊၂၊၃…”
 
ထျန်းနင်က သူမ၏လက်ထဲမှ သေနတ်ကို မြှောက်ကိုင်ကာ အခန်းထဲဝင်ရန် အခန်းတံခါးကို မရိုက်ချိုးခင် တစ် မှ သုံးအထိ ရေတွက်ခဲ့သည်။ သူမ၏သေနတ်ကိုင်တွယ်သော နည်းလမ်းက ဆရာကျပြီး ရဲရင့်ပြတ်သားကြောင်း ဒိုင်အားလုံး ခံစားမိသည်။
 
သေနတ်ကိုင်ဆောင်ထားသော်လည်းသူမ၏ဘေးဘက်လက်တွင် ရှိသော လက်သန်းလေးက ကွေးညွှတ်မရသည်ကို အကဲဖြတ်ဒိုင်များ သတိပြုမိသည်။ ဤ အချင်းအရာကို ဇာတ်ညွှန်းထဲ ဖြေရှင်းချက် ပေးထားသည်ကား အမျိုးသမီးဇာတ်ဆောင်သည် အသက်ငယ်ရွယ်စဉ်က နာမကျန်းဖြစ်ပြီး သူမ၏ဘယ်လက်တွင်ရှိသော အဆစ် တစ်စိတ်တစ်ပိုင်း  လှုပ်ရှား မရခြင်း ဖြစ်သည်။
 
 
 
ထျန်းနင်က အသေးစိတ် အချက်အလက်များကို အမိအရ သရုပ်ဖော်နိုင်လိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။
 
 
 
ဤဇာတ်ဝင်ခန်းတွင် သူမက တံခါးကို ရိုက်ချိုးပြီး တစ်စုံတစ်ယောက်၏ အသက်ကို ကယ်တင်ရမည်။ သို့သော်လည်း အခန်းထဲ ဝင်လာပြီးနောက် သူမ လှည့်စားခံရမှန်း သဘောပေါက်သွားသည်။ အခန်းထဲတွင် သူမကို သေစေလောက်သည့် ချိန်ကိုက်ဗုံး ရှိနေသည်။
 
 
တစ်ခုတည်းသော ရှိသော ထွက်ပေါက်ကိုလည်း ပိတ်ဆို့ခံရသည်။
 
 
ထျန်းနင်က နံရံကို ထုရိုက်ပြီး အသံ၏ပြောင်းလဲမှုကို သေချာနားစွင့်ကာ ထွက်ပေါက် အသည်းအသန် ရှာဖွေနေသည်။ ခဏကြာပြီးနောက် သူမ၏စိတ်ရှည်သည်းခံစိတ် ပျောက်ဆုံးသွားပြီး နံရံကို စိတ်ဆိုးမာန်ဆိုး ထိုးနှက်ပစ်သည်။
 
 
 
ယင်းဇာတ်ဝင်ခန်းတွင် ထျန်းနင်က တည်ငြိမ်သော စိတ်အခြေအနေမှ ခံစားချက် ပေါက်ကွဲသွား အခြေအနေကို သရုပ်ဖော်ရသည်။
 
 
 
အကဲဖြတ်ဒိုင်လူကြီးများက ထျန်းနင်၏အကြည့်နောက်ကို လိုက်ကြည့်ပြီး သူမနှင့်အတူတူ အသက်ရှုရခက်ခဲသော အခြေအနေတွင် ပိတ်မိနေသည်။
 
 
 
အဆုံးတွင်ထျန်းနင်သည် မကြာသေးမီက ပိတ်ဆို့ခံထားရသော ထွက်ပေါက်ကို  သတိပြုမိခဲ့သည်။
 
 
 
သို့သော်လည်း ချိန်ကိုက်ဗုံး ပေါက်ကွဲရန် အချိန် ၁၀စက္ကန့်သာ ကျန်တော့သည်။ ထို့ကြောင့် သူမသည် သေနတ်ကိုယ်ထည်ဖြင့် နံရံကို အားဖြင့် ထုနှက်သည်။
 
 
တစ်ချက်တစ်ချက် ရိုက်ထုတိုင်း ပို၍ အားပြင်းလာသည်။
 
 
နောက်ဆုံးတော့ နံရံ ပြိုကျသွားခဲ့သည်။
 
 
အကဲဖြတ်ဒိုင်လူကြီး တစ်ဦးသည် ၎င်းဇာတ်ဝင်ခန်းထဲ နစ်မြောသွားပြီး အမှန်တကယ် ဗုံးပေါက်ကွဲတော့မည်ဟု ယူဆကာ မသိစိတ်၏လှုံ့ဆော်မှုအရ ဦးခေါင်းကို လက်ဖြင့်ကွယ်လိုက်သည်။
 
 
သို့သော်လည်း ဇာတ်ဝင်ခန်းက ဤနေရာတွင် အဆုံးသတ်သွားပြီး လူတိုင်း ကြောင်အမ်းအမ်း ဖြစ်ကာ ကျန်ရစ်ခဲ့သည်။
 
 
ဤစွဲမက်ဖွယ်ခံစားမှု၊ သရုပ်ဆောင်မှု အဆင့် နှင့် စိတ်ဝိညာဉ်ကို ခိုးယူသွားနိုင်သော သရုပ်ဖော်မှုကြောင့် ဇာတ်ကောင်စရိုက်နှင့် အသင့်လျော်ဆုံးသူက သူမမှ လွဲ၍ တခြားသူ မဖြစ်နိုင်ချေ။
 
 
ကျယ်လောင်သော လက်ခုပ်ဩဘာသံ ချက်ချင်း ပဲ့တင်ထပ်လာပြီး ဒါရိုက်တာကျန်းကိုယ်တိုင် ချီမွမ်းစကားပြောသည်။
 
"တကယ်ကို ထူးချွန်ပြောင်မြောက်ပါတယ်"
 
"အို ဘုရားသခင်၊ တကယ့်ကို အံ့မခန်းပဲ။ လုံးဝ အံ့မခန်းပဲ"
 
 
ထျန်းနင်က ဒါရိုက်တာကျန်း နှင့် တခြားသောဒိုင်လူကြီးများကို ကြည့်ကာ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
 
 
ထိုစဉ် ဒါရိုက်တာကျန်းက ထျန်းနင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာသည်။
 
"ထျန်းရီကျန်း မင်းက အမျိုးသမီး သေနတ်သမား ဖြစ်သင့်တယ်၊ မင်းထက် ဘယ်သူမှ ပိုကောင်းအောင် သရုပ်မဆောင်နိုင်ဘူး"
 
သူမ၏ အဝတ်အစား၊ သူမ၏ သရုပ်ဆောင်မှု နှင့် သူမ၏ အမူအရာက ဇာတ်ညွှန်းပါ စာသား တစ်ခွန်းမျှ မပါဘဲ ထျန်းနင်က အကောင်းဆုံး သရုပ်ဆောင်ပြသွားသည်။
 
 
ဒါရိုက်တာကျန်း စိတ်လှုပ်ရှားနေသည်။
 
ယခုလို အရည်အချင်းရှိသော သရုပ်ဆောင်မျိုးကို မမြင်တွေ့ရသည်ကား နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပါပြီ။ ထျန်းနင်က ဤဇာတ်ကောင်အတွက် အတော်ကလေး ကြိုးစား အားထုတ်ထားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
 
 
"ဒါရိုက်တာကျန်း၊ လူရွေးပွဲကို ပြီးဆုံးအောင်တော့ ကျင်းပသင့်တယ်မလား" သူ့လက်ထောက်က အကြံပေးသည်။
 
 
 
"ဆက်လုပ်စရာ မလိုအပ်တော့ဘူး။ သရုပ်ဆောင်တဲ့ အရည်အချင်းတူတဲ့ တခြားသူကို ထပ်ရှာရင်တောင် သူ့လောက် အကောင်းဆုံး သရုပ်ဖော်နိုင်တဲ့သူကို ရှာတွေ့ဖို့ မလွယ်ကူဘူး။ မင်းတို့ အခုအထိ သဘောမပေါက်သေးဘူးလား။ ဒီကောင်မလေးက အသေးစိတ် အချက်တွေတောင် တစ်ချက် မကျန်အောင် ပြင်ဆင်လာတာလေ။ သူ ဘယ်လောက်အထိ လေ့လာထားလဲ ဒီဇာတ်ကောင်ကို နှံ့နှံ့စပ်စပ် နားလည်ထားတာပဲ"
 
ဒါရိုက်တာကျန်းက စိတ်လှုပ်ရှားကာ အပျော်လွန်နေသည်။ တခြားသော အကဲဖြတ်ဒိုင်များကလည်း ထျန်းနင်၏အရည်အချင်းကို အသိအမှတ်ပြုကြသည်။
 
"Gunshotဇာတ်ကားမှာ ပါဝင်ဖို့ ဆန္ဒရှိသလား၊ မင်းက ငါတို့ရှာနေတဲ့သူပဲ..."
 
 
ဤမေးခွန်းကိုကြားတော့ Tangning က သူမ၏ဦးခေါင်းပေါ်မှ ဆံပင်တုကို ဖယ်ရှားပြီး သူမ၏ အသွင်အပြင်ကို ထုတ်ဖော်ပြသလျက် ပြုံးသည်။
 
သူမ၏သရုပ်မှန်ကို ဖုံးကွယ်ပေးခဲ့သော ဆံပင်အတုကို တကယ် ကျေးဇူးတင်သင့်သည်။
 
"ငါဆန္ဒမရှိဘူး"
 
ထျန်းနင်က လေးနက်ပြီး အားကောင်းသောလေသံနှင့် ပြောဆိုသည်။
"ဆန္ဒ လုံးဝ မရှိပါဘူး"
 
"ဘာလို့လဲ"
 
ဒိုင်တစ်ဦးက ထအော်သည်။
"မင်းဆန္ဒမရှိရင် မင်းက ဒီမှာ ဘာလာလုပ်တာလဲ"
 
"ဒါနဲ့ သူ့ကို အရင်က မြင်ဖူးသလို ခံစားမိတယ်"
 
 
"အမ် ထျန်းနင်ပဲ..."
 
 
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊  ဘယ်လိုဖြစ်ပြီး ထျန်းနင် ဖြစ်နေရသလဲ"
 
 
"ဟုတ်တယ်၊ ငါက ထျန်းနင် အစစ်ပါ" ထျန်းနင်က တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။
 
 
"ဒါရိုက်တာကျန်း အွန်လိုင်းမှာ တင်ထားတဲ့ ပို့စ်ကြောင့် ဒီနေ့ ဒီကို ရောက်လာတာပါ။ ကျွန်မက သရုပ်ဆောင်နိုင်စွမ်း လုံးဝမရှိလို့  ကျွန်မကြောင့် အနုပညာလောကတစ်ခုလုံး အမည်းစက် ဖြစ်တယ်ဆိုပဲ။ အခုတော့ အမည်းစက်ရှိတဲ့ ကျွန်မကို ရှင့်ရဲ့ 'Gunshot' ဇာတ်ကားမှာ  ပါဝင်ဖို့ ဖိတ်ခေါ်နေပြီလား။ ရှင့်ကိုယ်ရှင် ရှက်ရကောင်းမှန်းရော သိရဲ့လား"
 
 
" တစ်ချိန်က ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးတာတော့ အမှန်တရားပါပဲ။ မော်ဒယ် ဖြစ်ခဲ့ရုံနဲ့ သရုပ်ဆောင်ကောင်း မဖြစ်နိုင်တော့တာမှ မဟုတ်တာလေ"
 
 
 
 
"ကျွန်မ အရည်အချင်းရှိတာ သက်သေပြဖို့ ဒီနေ့ ဒီနေရာကို လာခဲ့တာပဲ။ ကျွန်မ သရုပ်ဆောင်တာ ပြဿနာ ရှိ မရှိကို ရှင်တို့နှလုံးသားထဲ အဖြေရှိမှာပါ"
 
 
 
ဒါရိုက်တာကျန်း၏မျက်နှာထား ခပ်တင်းတင်း ဖြစ်နေသည်။
 
 
"ရှင့်လုပ်ရပ်ကြောင့် ကျွန်မရော ဟိုက်ဟွေ့ဖျော်ဖြေရေးရော ထိခိုက်နစ်နာခဲ့ရတယ်"
 
 
ဒါရိုက်တာကျန်း ၏မျက်နှာသည် အဖြူနှင့်အနီကြား တစ်လှည့်စီ ပြောင်းလဲနေသည်။
 
 
ထျန်းနင်၏ တန်ပြန်တိုက်ကွက်ကြောင့် သူ့မှာ တုံ့ပြန်စရာ စကားလုံးများ ကင်းမဲ့နေသည်။
 
 
ထို့အပြင် လူအများကြီး စောင့်ကြည့်နေကြပြီး ထျန်းနင်၏ သရုပ်ဆောင် အရည်အချင်းကို မျက်မြင် တွေ့ကြသည်။ ထျန်းနင်က ပင်ကိုအရည်အချင်း ရှိသူဖြစ်သည့် အချက်ကို ငြင်းဆန် မရခဲ့ပေ။ သူ့လုပ်ရပ်ကြောင့် အရှက်ရမိ၍ ပုန်းကွယ်စရာ နယ်မြေ မရှိခဲ့ချေ။
 
 
"သောက်ရမ်း မိုက်တယ်ကွာ"
 
တစ်စုံတစ်ယောက်က ထျန်းနင်ကို ချီးမွမ်းသည်။
 
ထျန်းနင်က သူ့အရည်ချင်းသူ သက်သေပြရန် အထင်ကြီးဖွယ် နည်းလမ်းကို အသုံးပြုခဲ့၍ မည်သူက သူမထက် ထူးချွန် ပြောင်မြောက်နိုင်မည်နည်း။
 
 
အပိုင်း(၃၄၈)
 
ပြီး၏။
 
 
 

Continue Reading

You'll Also Like

4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
4.4M 277K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...