ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.2K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 343+344+345

110 10 0
By jellyflower1

အပိုင်း(၃၄၃)

 
ယွီဖန်၏မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် မို့ထင် နှင့် ထျန်းနင်က ဖျော်ဖြေရေးလောက၏ သတင်းခေါင်းစီးပိုင်းတွင် ပါဝင်ခဲ့သည်။
 
 
လူကြိုက်အများဆုံး အာရှမော်ဒယ် အဆင့်သတ်မှတ်ချက် စာရင်းတွင် ထျန်းနင်က နံပါတ်၁ နေရာကို အရယူနိုင်ခဲ့ပြီး ဒုတိယအဆင့် ရသည့် မော်ဒယ်ထက် မဲအရေအတွက် နှစ်ဆ များခဲ့သည်။
 
 
ထျန်းနင်၏ဓာတ်ပုံက နိုင်ငံတကာ သတင်းများတွင် ဖော်ပြခံရသည်။ ကျော်ကြားနေသော မော်ဒယ်၏ မျက်နှာကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်မှ ဆောင်းဦးဖက်ရှင်ပွဲတော်တွင် မပါဝင်ခဲ့သည့် မော်ဒယ် ဖြစ်နေသည်။
 
 
"ထျန်းနင်သာ တကယ်ရုပ်ရှင် သွားရိုက်ရဲရင်တော့ သူ့လက်ရှိ တိုးတက်မှု အခြေအနေကို စွန့်လွှတ်ရဲတဲ့ သတ္တိရှိသားပဲ"
 
 
" အနုပညာရှင်ရဲ့တန်ဖိုးကို အခုလက်ရှိ မြင်နေရတဲ့ အခြေအနေလောက်နဲ့ မကန့်သတ်သင့်ဘူး ထင်တယ်။ ထျန်းနင်ကလည်း သူ့ရပ်တည်မှုကို ကောင်းကောင်း နားလည်သဘောပေါက်လို့ သူ့ဘဝအတွက် စိန်ခေါ်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တာ ဖြစ်မယ်"
 
 
ထျန်းနင်က မော်ဒယ်လောကနှင့် ကိုးနှစ်ကျော် ဝေးကွာခဲ့သော်လည်း လေးလတာ အချိန်ကာလဖြင့် မော်ဒယ်လောက၏ ထိပ်တန်းကို ပြန်ရောက်ခဲ့သည်။ နိုင်ငံတကာ တန်းဝင် မော်ဒယ် ဖြစ်ခါနီး အချိန်ကာလတွင်လည်း လူတိုင်း မှင်တက်စေသော လမ်းကို ရွေးချယ်သွားခဲ့သည်။
 
 
သူမ ရွေးချယ်ခဲ့သော လမ်းက ဘေးလူအတွက် စိတ်လှုပ်ရှားဖွယ် အတိ ဖြစ်နေသည်။
 
 
...
 
 
ထျန်းနင်က သူမ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများကို ကြိုးစားပမ်းစား ရိုက်ကူးနေသည်။
 
 
မို့ထင်က ထျန်းနင်ကို ရိုက်ကွင်းအပြင်ဘက်မှာ ကားဖြင့် စောင့်မျှော်နေသည်။
 
 
ထျန်းနင်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး မိတ်ကပ်ဖျက်ကာ ကားပါကင်ရှိရာသို့ လမ်းလျှောက်ထွက်လာသည်။
 
 
"မိုးလင်းခါနီးပြီပဲ။ ဘာလို့ ရိုက်ကွင်းကို ရောက်လာတာလဲ"
 
 
"ချစ်လေးအတွက် ဂုဏ်ပြုပွဲလေး လုပ်ပေးချင်လို့ပါ"
 
မို့ထင်က ထျန်းနင်ကို အဝတ်အစားလဲရန် ဟန်အမူအရာပြသည်။
 
"ဘာလို့လဲ"
 
ထျန်းနင်က မို့ထင်ကို နားလည်ရခက်စွာ ငေးစိုက်ကြည့်သည်။ ယနေ့က သူမ၏မွေးနေ့ မဟုတ်သကဲ့သို့ မို့ထင်၏ မွေးနေ့လည်း မဟုတ်ခဲ့ပေ။ မည်သည့်အတွက်ကြောင့် ဂုဏ်ပြုပွဲ လုပ်မည်နည်း။
 
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးနေသည်။ ထျန်းနင် အဝတ်အစား လဲပြီးနောက် ကားစက်နှိုးကာ စတူဒီယိုမှ ထွက်ခွာလာခဲ့သည်။
 
 
"ညပိုင်းအချိန်ဆိုတော့ စားသောက်ဆိုင်တွေ အားလုံး ပိတ်နေပြီလေ"
 
 
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ အိမ်သို့သာ တန်းတန်းမတ်မတ် မောင်းနှင်လာသည်။
 
 
ထျန်းနင် အိမ်ရှေ့တံခါးမကြီးကို မဖြတ်ကျော်ခင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ၏ခင်ပွန်းသည်က သာမန်ထက် ထူးခြားသော အခြေအနေလေးကို ဖန်တီးထားမည်ကို စိုးထိတ်နေမိသည်။
 
 
သို့သော်လည်း အခန်းတံခါးကို ဖွင့်ဖွင့်ချင်း ဧည့်ခန်းလေးထဲ ဖယောင်းတိုင် မီးညှိထားသော မြင်ကွင်းလေးကိုသာ မြင်တွေ့ရသည်။ သူမ စိတ်လက်အေးချမ်းသွား၍ ပြုံးခဲ့သည်။
 
"ယောက်ျားက ချစ်လေးကို အရမ်းခြောက်လန့်တာပဲ"
 
"ချစ်လေးကို လက်ဆောင်ပေးဖို့ ရှိတယ်"
 
 
မို့ထင်က ထျန်းနင်၏လက်ကို ဆွဲကာ ထိုင်ခုံတစ်ခု ရှိရာသို့ ဦးဆောင်ခေါ်သွားသည်။ ထို့နောက် သူမ၏လက်ထဲ အဖြူရောင် လက်ဆောင်ဘူးလေး တင်ပေးသည်။
 
 
ထျန်းနင်က အလှဆင်ထားသော ဖဲပြားလေးကို ဖယ်ရှားလိုက်ပြီး စနစ်တကျ ပြင်ဆင်ထားသော လက်ဆောင်ဘူးလေးကို ဖွင့်လိုက်သည်။ သေတ္တာဘူးလေးအတွင်းမှာ အဖြူရောင် စာအုပ်လေးကို မြင်တွေ့ရသည်။ သူမရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကား၏ဝတ္ထုစာအုပ် ဖြစ်သည်။
 
 
"စာအုပ်ကို အပြီးသတ်ပြီပေါ့ ဟုတ်လား"
 
ထျန်းနင်က လက်ဆောင်ဘူးလေးထဲမှ စာအုပ်ကို ရင်တထိတ်ထိတ်ဖြင့် ကောက်ယူလိုက်ပြီး ထုပ်ပိုးထားသော အကာအရံများကို စုတ်ဖြဲပစ်သည်။
 
"ဒါက မင်္ဂလာချစ်သက်လက်ဆောင်နော်"
 
မို့ထင်က လေးလေးနက်နက် ပြန်ဖြေသည်။
" ချစ်လေး လက်ထဲမှာ ရှိတဲ့ စာအုပ်က ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်လေးနော်"
 
"ဒါဆိုရင် ဘယ်အချိန် ထုတ်ရောင်းမှာလဲ"
 
 
"အောက်ဘက်နားလေးကို တစ်ချက်ကြည့်ပါဦး"
 
မို့ထင် ညွှန်ကြားသည်။
 
"ချစ်လေး သတိမထားမိဘူးလား"
 
 
မို့ထင်က ပတ်ဝန်းကျင်ကို မျက်စပစ်ပြသည်။
 
 
ထျန်းနင်က မို့ထင်၏အကြည့်နောက်ကို လိုက်ကြည့်မှ သူတို့အိမ်မှာ ရှိနေသည့် ပရိဘောဂ ပစ္စည်းအားလုံး ပြောင်းလဲနေသည်ကို သတိထားမိသည်။
 
 
အိမ်ထဲ ရှိရှိသမျှ ပစ္စည်းတိုင်းက ဒီဇိုင်းတူသော စုံတွဲ ပစ္စည်များဖြစ်နေပြီး ပစ္စည်းတိုင်းမှာ သူတို့နာမည်ကို အက္ခရာထွင်းထားသည်။
 
 
 
"ကိုယ်တို့ လက်ထပ်ထားတာ ကြေညာတော့မယ်ဆိုတော့ ခန်းဝင်ပစ္စည်းတွေ အားလုံးကလည်း အသစ်စက်စက် ဖြစ်ရမယ်လေ"
 
 
 
မို့ထင်က ထျန်းနင်ကို နောက်မှ သိုင်းဖက်ကာ
 
"ဩဂုတ်လ ၁၉ရက် ရောက်တိုင် ကိုယ်တို့ အချစ်စံအိမ်လေးကို ကြင်စဦးဇနီးမောင်နှံပိုင်ဆိုင်တဲ့ အချစ်အိမ်လေးလို အလှဆင်ကြမယ်။ လက်ထပ်ခါစ ဇနီးမောင်နှံလို ဟန်ဆောင်ကြတာပေါ့"
 
ထျန်းနင်က ခံစားချက်ကို ထိန်းချုပ်ပြီး ဆို့နင့်နေသော လေသံဖြင့်
 
"ဒါတွေအားလုံး ပြင်ဆင်ဖို့ အချိန်ဘယ်လောက် ကြာသွားလဲ"
 
"ကိုယ်တို့လက်ထပ်ထားတာကို တရားဝင်ထုတ်ပြောဖို့ ချစ်လေး အကြံပေးခဲ့တဲ့နေ့တည်းကလေ"
 
 
မို့ထင်က ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်စေသည်။ ထျန်းနင်၏မျက်နှာပေါ်မှ မျက်ရည်စက်များကို သုတ်ပေးပြီး စကားဆက်ပြောသည်။
 
"ချစ်လေးအခုရိုက်ကူးနေတဲ့ Stupidရုပ်ရှင်ကို လက်ဆောင်ပေးရုံနဲ့ လုံလောက်ပါ့မလား။ ချစ်လေးနဲ့ မျှဝေခံစားချင်တဲ့ တချို့အရာတွေ ရှိတယ်လေ။ ဒါကမှ ကိုယ် ပေးချင်တဲ့ တကယ့်လက်ဆောင်လေ"
 
"ကိုယ်တို့တွေ အလောတကြီး လက်ထပ်ခဲ့ရပေမဲ့ ချစ်လေးကို အလိုလိုက်ခံရတဲ့ ခံစားချက်ရော တန်ဖိုးထားခံရတဲ့ ခံစားချက်ရော ပိုင်ဆိုင်စေချင်တယ်"
 
 
ထျန်းနင်က မို့ထင်၏လည်တိုင်ကို လှမ်းချိတ်ပြီး အတားအဆီး ကင်းမဲ့စွာ မျက်ရည်ကျလာသည်။
 
 
"ချစ်လေးကို အရမ်းကြီး မကောင်းပေးပါနဲ့လား"
 
 
မို့ထင်က ထျန်းနင်ကို ပွေ့ချီလိုက်ပြီး အနီရောင် မင်္ဂလာအိပ်ရာပေါ် တင်ပေးသည်။ ထို့နောက် သူမကို ချိုသာစွာ စကားပြောလေ၏။
 
"ကိုယ့်အတွက်နဲ့ ချစ်လေးရဲ့ အလုပ်နဲ့ ဝါသနာကို  စွန့်လွှတ်ရဲတာပဲ ကိုယ်က ချစ်လေးကို အစွမ်းကုန် အလိုလိုက်ပေးရမှာပေါ့ မဟုတ်ဘူးလား"
 
"ယောက်ျားက ချစ်လေးကို ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံနေရင် ချစ်လေး ပြန်ပေးဆပ်နိုင်တာဆိုလို ချစ်လေးရဲ့ အသက်နဲ့ခန္ဓာပဲ ကျန်တော့တယ်"
 
ထျန်းနင် ဗလုံးဗထွေး ပြောဆိုသည်။
 
မို့ထင်က ထျန်းနင်ကို သူ့ခန္ဓာကိုယ်အောက်မှာ ဖိထားပြီး အက်ကွဲနေသော လေသံဖြင့်
 
"ချစ်လေး၊ ကိုယ်ဝန်မရနိုင်တဲ့ လုံခြုံဲတဲ့ အချိန်ကာလလေးကို ပိုင်ဆိုင်နေတုန်းလား"
 
"ဒါပေါ့"
 
ထျန်းနင်က အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ ပြန်ဖြေသည်။
 
...
 
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
 
မို့ထင်က အွန်လိုင်းမှ တဆင့် အစည်းအဝေး တက်ပြီးနောက် သူ့ရုံးခန်းကို ပြန်သွားခဲ့သည်။ ထိုစဉ် လုချယ်က အချက်အလက် ဖိုင်ကို ကိုင်ဆောင်ကာ အလောတကြီး လမ်းလျှောက်လာသော မြင်ကွင်းကို မြင်တွေ့ရသည်။ လုချယ်က သူ့လက်ထဲမှ အချက်အလက်များကို လုချယ်လက်ထဲ ချက်ချင်း လွှဲပြောင်းပေးသည်။
 
 
"Wind Studio နဲ့ Bluestone Studio အကျိုးတူ ပူးပေါင်းပြီး ရိုက်ကူးဖို့ ကြံရွယ်ထားတဲ့ အွန်လိုင်းဇာတ်လမ်းတွဲပါ။ ဇာတ်ကား နာမည်က 'Stardom'ပါ။ သူတို့ရဲ့ဇာတ်ညွှန်း မိတ္ထူကို ခိုးကြည့်ထားတာ သူ့ဇာတ်လမ်းက ' Stupid'ဇာတ်လမ်းနဲ့ ၇၀ရာခိုင်နှုန်း တူနေတယ်"
 
 
 
"ပရိသတ်တွေရဲ့ လိုအင်ကို ဖြည့်ဆည်းပေးဖို့ သူတို့က ရိုက်ကူးပြီးသမျှ အပိုင်းတွေကို ပြသပြီး အဓိကဇာတ်ဆောင် မင်းသားရဲ့ အချစ်ဇာတ်လမ်းကိုလည်း ထပ်တိုး ရိုက်ကူး ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ လိင်တူကြိုက်တဲ့ ဇာတ်ကို တမင်တကာ ထည့်ရိုက်တဲ့ အကြောင်းအရင်းကို ငွေမြန်မြန်ရမှန်း သိလို့လေ"
 
 
 
"သူတို့တွေက အသက်ရှုချောင်အောင် ကြံရွယ်နေသလားပဲ"
 
လုချယ် ပြောဆိုသည်။
 
မို့ထင်က လုချယ်စုဆောင်းထားသော အချက်အလက်များကို ဘေးချထားလိုက်သည်။ ယခုလို ပြဿနာရပ်မျိုးကြောင့် သူ့ခွန်အားကို အများကြီး မကုန်ဆုံးစေချင်ပေ။
 
"မနက်ဖြန်မနက်ကစပြီးတော့ ဒီ'Stardom'အကြောင်း ထပ်မကြားချင်တော့ဘူး"
 
"ကျွန်တော် နားလည်ပါပြီ သူဌေး"
 
လုချယ်က လေးစားသော အမူအရာဖြင့် ပြန်ဖြေသည်။
 
ရိုက်ကွင်း ရောက်နေသော ထျန်းနင်က ဒါရိုက်တာ Coqueကြောင့် သူမရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကား ခိုးကူးခံရကြောင်း သိခဲ့သည်။ သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပြဿနာ ဖြေရှင်းသော နည်းလမ်းဖြင့် ပြိုင်ဘက်Stardom ရုပ်ရှင် အလျင်အမြန် ပျောက်ကွယ်သွားမည်မှန်း သိပါသည်။
 
 
ဤတစ်ကြိမ်တွင် ပြဿနာကို အချိန်မီ ဟန့်တားနိုင်ခဲ့သော်လည်း နောက်နောင် ဖြေရှင်းနိုင်မည်နည်း။  ဤဖြစ်ရပ်က မင်းသမီးယွဲ့ရှမ်ရှမ် ချန်ရစ်ခဲ့သော ဇာတ်ရှုပ်များသာ ဖြစ်လေ၏။
 
 
"ဟေ့ ထျန်းနင်ရေ 'Stupid'ဇာတ်ကားရဲ့ စာအုပ်ထွက်ပြီလား"
 
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ဝင်က ထျန်းနင်လက်ထဲမှ စာအုပ်ကို မြင်တွေ့လိုက်၍ စပ်စုကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
 
ထျန်းနင် ခေါင်းညိတ်သည်။
 
"ဖတ်ကြည့်ချင်လို့လား"
 
"မဖတ်တော့ပါဘူး။ ဘယ်မှာ ဝယ်ဖတ်လို့ရလည်း ပြောပေးပါ"
 
 
"ရှောင်ယွီ။ ငါ့ကောင်းကြောင်းကို ကောင်းကောင်း ရေးပေးနိုင်တဲ့ အွန်လိုင်း ဆယ်လီကို ရှာပေးနိုင်မလား"
 
ထျန်းနင် ရုတ်တရက် မေးမြန်းသည်။
 
'Stupid'ရုပ်ရှင်၏ ဝတ္ထုကို လက်ဝယ်ပိုင်ဆိုင်ထားသော်လည်း စာအုပ်ကို ဈေးကွက်ထဲ တရားဝင်ချပြရန် အနည်းဆုံး နှစ်ပတ်ခန့် ထပ်ကြာဦးမည်။ တခြားသော ပြဿနာရပ်များ ပေါ်ထွက်ခြင်းကို တားဆီးရန် ထျန်းနင် အတွေး ပေါ်လာသည်။
 
 
***
 
အပိုင်း(၃၄၄)

 
ညပိုင်းအချိန်အခါ
 
 
 
ထျန်းနင်က မို့ထင်ကို ဖုန်းခေါ်လိုက်သည်။ သူမ၏ စိတ်ကူးကို သူ့ယောက်ျား သိအောင် ပြောပြချင်မိသည်။
 
 
"ယောက်ျား၊ ချစ်လေး ရိုက်ကူးရမယ် ဇာတ်ဝင်ခန်းတွေလည်း ပြီးခါနီးပေမဲ့ အစ်ကိုရှန် ရိုက်ကူးရမယ် အပိုင်းတွေက အများကြီး ကျန်သေးတယ်။ စာအုပ်တရားဝင် ရောင်းချဖို့လည်း ၂ပတ်လိုသေးတယ်။ လက်တလောဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ Pre order ကောက်ရင် မကောင်းဘူးလား"
 
"ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း အတိုအထွာလေးတွေကို မီဒီယာအကူအညီနဲ့ ဖြန့်ဝေပြီး စာအုပ်ကိုတော့ မဖြန့်ဝေခင် ကြိုရောင်းချပေးမယ်။ ငွေကြေးက အဓိက မဟုတ်ပေမဲ့ ဇာတ်ကားကို လူတိုင်းသိသွားဖို့ပဲ အရေးကြီးတယ်။ ဒါမှ 'Stupid'ရုပ်ရှင်ကို ခိုးကူးလို့ မရမှန်း လူတိုင်း သိသွားမှာလေ"
 
 
"အကြံကောင်းပဲ ကိုယ် သဘောတူတယ်"
 
မို့ထင်က ပြုံးကာရွှင်ကာဖြင့် ခေါင်းညိတ် သဘောတူသည်။
 
"ချစ်လေး ၊ ကိုယ်က ချစ်လေးကို အလိုလိုက် အကြိုက်ဆောင်ပေမဲ့ ချစ်လေးက ကိုယ့်အတွက်ပဲ အမြဲစဉ်းစားပေးတယ်။ တစ်ခါတလေ တကိုယ်ကောင်းဆန်ဖို့တောင် မေ့နေသလား မှတ်ရတယ်"
 
 
"အခုလို ပြဿနာလေးကြောင့် ချစ်လေး အချိန်တိုင်း ဖိအားဝင်နေတာမျိုး ကိုယ် မလိုလားဘူး"
 
 
"ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက်နော် ချစ်လေး ။ စီစဉ်စရာ ရှိတဲ့ အလုပ်ကိစ္စ မှန်သမျှကို ဒီနေ့ညပဲ လုချယ်ကို စီစဉ်ခိုင်းထားလိုက်မယ်"
 
 
 
"ဒီနေ့ည ရိုက်ကွင်းကို ကိုယ်လာခဲ့မယ်။ ရိုက်ကွင်းပြီးတာနဲ့ ကိုယ့်ချစ်လေးကို စိတ်ကြိုက် ပြုစုမယ်"
 
 
မို့ထင် စိတ်ကြည်လင်နေ၍ ထျန်းနင်ကို ကျီစယ်နေသည်။
 
သူတို့ နှစ်ဦး လက်ထပ်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း မို့ထင်၏ အပြောကြောင့် ထျန်းနင် ယခုထိတိုင် ရှက်သွေးဖြာနေသည်။
 
 
သူတို့နှစ်ဦးသား စကားပြောဆိုပြီးနောက် မို့ထင်က ဖုန်းချလိုက်သည်။ ထိုစဉ် လုချယ်က ပြုံးနေသည်။
 
"သူဌေးကတော်က တကယ့်ကို စမတ်ကျတယ်။ ဒါပေမဲ့ သူဌေး ခိုင်းထားသမျှ ကျွန်တော် အကုန်လုပ်ပြီးပြီ"
 
"ထျန်းနင်ကို မပြောနဲ့"
 
မို့ထင်က ခေါင်းကို မော့လိုက်ပြီး လုချယ်ကို ခြိမ်းခြောက်ဟန် ကြည့်လာသည်။
 
လုချယ်က အရှုံးပေးဟန် လက်နှစ်ဖက်ကို မြှောက်သည်။
 
"ကျွန်တော်မျိုးကြီး ဘာမှ မလုပ်ရဲပါဘူး"
 
...
 
 
"Stupid ရုပ်ရှင်ဇာတ်ကားရဲ့ စာအုပ်ထွက်မယ်လို့ သတင်းကြားထားတယ်။ နင်တို့ရော သတင်းကြားသေးလား"
 
 
 
"ငါလည်း သတင်းကြားမိတယ်။ အစ်ကိုရှန် အွန်လိုင်းပေါ်မှာ ဓာတ်ပုံတင် ထားတယ်လေ"
 
 
 
"ဒါပေမဲ့ ဘယ်နေရာမှာ ဝယ်လို့ရလဲ ခုထိ မသိရသေးဘူး"
 
 
"Stupid ရုပ်ရှင်ရဲ့ စာရေးဆရာကို တကယ် လေးစားမိတယ်။ ဇာတ်လမ်းအစမှာတည်းက အဓိကဇာတ်ဆောင်မင်းသား ဇာတ်နာတာပဲ။ စွန့်ပစ်ခံရတယ်ဟာ။ ဒါကပဲ ငါတို့ကို ညှို့ယူနိုင်ခဲ့တာလေ။ မင်းသားရဲအဖေကလည်း ရက်စက်လွန်းပါဘိ။ သူ့လုပ်ရပ်ကြောင့် သူ နောင်တရမယ် နေ့ကို မစောင့်နိုင်တော့ဘူးဟာ။ ဘာတွေ ဆက်ဖြစ်မလဲ သိချင်တယ်"
 
 
"ဇာတ်လမ်း အညွှန်းလေးပဲ ကြည့်ရတာ အားမလို အားမရ ဖြစ်တယ်။ ဇာတ်လမ်းတစ်ခုလုံးကို ကြည့်ချင်လှပြီ"
 
 
"Stupid ရုပ်ရှင်ရဲ့ စာရေးဆရာက ဘယ်သူလဲ သိချင်လိုက်တာ"
 
 
 
"အဓိကဇာတ်ဆောင် မင်းသားအနေနဲ့ သရုပ်ဆောင်မယ် အစ်ကိုရှန်ကို မြင်တွေ့ချင်လှပြီ။ အဓိကဇာတ်ဆောင် မင်းသားက အခြေအနေကို ပြောင်းပြန်လှန်ပြီး လက်စားချေသွားတာ တကယ်မိမိုက်နေရောပဲ"
 
 
 
"ထျန်းနင်က ဇာတ်ဆောင်မင်းသမီး အနေနဲ့ သရုပ်ဆောင်လား သိချင်မိတယ်"
 
 
 
ပရိသတ်များက 'Stupid'ဇာတ်ကား၏ စာရေးဆရာကို စပ်စုနေကြ၍ လင်းရှန်ကိုယ်တိုင်ပင် ထျန်းနင်ကို မေးမြန်းလာသည်။
 
 
"ဇာတ်ညွှန်းရေးဆရာကြောင့် ဒီရိုက်ကွင်းကို ရောက်လာတယ်လို့ မင်း ပြောဖူးတယ်နော်။ မင်းက ဇာတ်ညွှန်းရေးဆရာ ဘယ်သူလဲ သိတယ်ဆိုတဲ့ သဘောလား"
 
"ဒါပေါ့ သိတယ်။ ဒါပေမဲ့ ပြောပြလို့မရဘူး။ လျှို့ဝှက်ချက် ဖြစ်နေလို့"
 
 
"ဒါနဲ့ စာအုပ်တစ်အုပ်လုံး ပေးဖတ်လို့ရမလား။ ခဏ ငှားပေးလို့ ရနိုင်မလား"
 
 
 
"ငှားပေးလို့ မရဘူး အစ်ကို ရှန်၊ တရားဝင် pageကနေ သတင်းသစ်တွေ စောင့်ဖတ်ပါ"
 
 
 
" ငါတို့ကို ဖတ်ခွင့် မပေးလည်း ဝတ္ထုတစ်ပုဒ်လုံး ဖတ်ချင်လာအောင် မပြုစားပါနဲ့တော့"
 
လင်းရှန်က သူမကို မကျေမနပ် ကြည့်သည်။
 
ထျန်းနင် ခိုးခိုးခစ်ခစ် ရယ်မောသည်။
 
 
'Stupid'ရုပ်ရှင်၏ ကျော်ကြားမှုသည် အကောင်းဘက်ကိုသာ ဦးတည်ခဲ့ခြင်း မဟုတ်ပေ။ အားနည်းချက်များလည်း ရှိပါသည်။ သာဓကပြရလျှင်
 
 
အမျိုးသမီးဇာတ်ဆောင် နှင့် ပတ်သက်ပြီး သိလိုစိတ်က အထွတ်အထိပ် အခြေအနေ ရောက်ခဲ့သည်။ ရိုက်ကွင်းထဲ ဝင်ရောက်ပြီး ဓာတ်ပုံခိုးရိုက်ရန် ကြိုးစားလာသည်။
 
 
 
'Stupid'ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့သားများက အလွန်အမင်း သိုဝှက်သော်လည်း အရူးအမူးစွဲလန်းသော ပရိသတ်များက ရိုက်ကွင်း တည်နေရာကို မရရအောင် ရှာဖွေနိုင်ခဲ့သည်။
 
 
 
 
ပတ်ဝန်းကျင် အကာအရံ နံရံကို ကျော်လွှားတက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။
 
 
 
ဤပြဿနာကို ဖြေရှင်းရန် မို့ထင်က ဒါရိုက်တာCoqueနှင့် ရိုက်ကူးရေး အချိန်ဇယားညှိယူပြီး ထျန်းနင် ပါဝင်သည့် အပိုင်းကို အရင်ဆုံး အပြီးသတ် ရိုက်ကူးစေသည်။
 
 
ထျန်းနင် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း အများကြီး မကျန်တော့ပေ။ ရိုက်ကွင်း အများစုက အခန်းထဲ ရိုက်ကူးရသည့် ရိုက်ကွင်း ဖြစ်လေ၏။
 
 
ပရိသတ်များက စတူဒီယိုထဲ ဝင်ရောက်ခွင့် မရသော်လည်း ထျန်းနင် တည်းခိုသော ဟိုတယ်အခန်းနံပါတ်ကို စုံစမ်းနေကြသည်။
 
 
ဟိုတယ်ပိုင်ရှင်၏သမီးက စိတ်ပျက်စရာကောင်းသော စပ်စုစိန် အဖွဲ့သား ဖြစ်နေ၍ ထျန်းနင်၏ဟိုတယ်အခန်း နံပါတ်ကို စုံစမ်းကာ အထဲကို တရားမဝင် ဝင်ရောက်သည်။
 
 
[သတင်းထူးဟေ့၊ Female Lead of 'Stupid' ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီး ဘယ်သူလဲ သိရပြီ။ ငါတို့ ထင်တဲ့ အတိုင်းပဲ]
 
 
[အတွင်းသူလျှိုက ထျန်းနင်ရဲ့အခန်းနံပါတ် အသေးစိတ်ကို ထုတ်ဖော်လိုက်တယ်။ ဒါက ထျန်းနင် ရုပ်ရှင်ရိုက်ကူးနေတယ်လို့ သက်သေထူလိုက်တာပဲ ]
 
 
[မော်ဒယ်မက ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ ကြောက်ခမန်းလိလိ သရုပ်ဆောင်ဦးမယ်]
 
 
အတင်းအဖျင်း သတင်းများကို ဖတ်ရှုပြီးနောက် မို့ထင်က ရိုက်ကူးရေးအဖွဲ့သားများကို အထူးဂရုစိုက်ရန် ညွှန်ကြားထားသည်။
 
 
"စောက်ကောင်မ ထျန်းနင်က သရုပ်ဆောင် လုပ်ရတဲ့အထိ ရဲတင်းလှချည်းလား."
 
 
" 'Stupid'ရုပ်ရှင်ကို သွားရိုက်ရတယ်လို့။ မော်ဒယ်ရှိုးလ် မလျှောက်တော့ဘူးလား အဘွားကြီးရေ"
 
 
"မို့ထင်နဲ့ ချစ်သူ ဖြစ်ခွင့် ရသွားလို့ ဘဝင်လေဟပ်သွားပြီ ထင်ပါရဲ့"
 
 
အမုန်းစကားများကို ဖတ်ရှုပြီးနောက် လုံကျဲ စိတ်ဆိုးမာန်ဆိုး ဖုန်းပိတ်ချသည်‌။ ထျန်းနင်ကို ဖျတ်ခနဲ ကြည့်ကာ အကဲခတ်မိသည်။ ထျန်းနင်က ဘာမှ မဖြစ် သကဲ့သို့ ထိုင်ခုံမှာ တိတ်တဆိတ် ထိုင်ကာ သူမ ရိုက်ကူးရေး လုပ်ဆောင်ရမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
 
 
"အဆင်ပြေသွားလိမ့်မယ်။ ပထမဆုံး ရုပ်ရှင် ရိုက်ကူးရတဲ့ လူတိုင်း ဒီလို ကြုံရတာပါပဲ"
 
 
"ငါ့အထင်တော့ စိတ်အခန့်မသင့်တဲ့သူက နင်ပါ"
 
ထျန်းနင် တခစ်ခစ် ရယ်မောသည်။
"ဒီလို ကြုံမယ်ဆိုတာ အရင်တည်းက ကြိုတွေးထားပြီသားပါ။ သူတို့ ဘာပဲပြောပြော ငါကတော့ ဂရုမစိုက်နေဘူး။ ငါ့အလုပ်ငါ ဆက်လုပ်မယ်"
 
"နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ရုပ်ရှင်ထွက်လာတာနဲ့ နင့်ကို ပုတ်ခတ်နေတဲ့သူတွေ ပါးစပ်ပေါက် ပိတ်သွားလိမ့်မယ်"
 
 
"ဒါကို နားလည်ရင်လဲ နင် ဘာလို့ ဒေါသထွက်နေသေးလဲ"
 
ထျန်းနင်က လုံကျဲ၏ဖုန်းကို သိမ်းယူလိုက်သည်။
"လိုင်းပေါ်မှာ သူတို့ထင်ရာ လျှောက်ရေးထားတဲ့ စာတွေ မဖတ်နဲ့တော့။ နင့်စိတ်ကို နောက်ကျိစေတယ်"
 
"ထျန်းနင်..."
 
 
"အခုအချိန်မှာ ငါ လုပ်ရမှာက သည်းခံဖို့ပဲ။ သူတို့တွေ ငါ့ကို သံသယဝင်လေလေ သူတို့ ယူဆချက် မှားတယ် ဆိုတာ သက်သေပြဖို့ ပိုအလုပ်ကြိုးစားရမယ်"
 
ထိုစကားကို ပြောပြီးနောက် ဒါရိုက်တာက သူမ၏နာမည် လှမ်းခေါ်လိုက်သည့် အသံကို ထျန်းနင် ကြားခဲ့သည်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခန်း ရိုက်ကူးရမည့် အချိန် ဖြစ်သည်။
 
တကယ်တမ်း ထျန်းနင်က ပြစ်တင်ခံရသော အပြုအမူများနှင့် နေသားတကျ ဖြစ်နေပါပြီ။ သို့သော်လည်း သူတို့က 'Stupid'ရုပ်ရှင်ကို မည်သည့်အကြောင်းကြောင့် ရှုတ်ချနေသနည်း။ ရုပ်ရှင်ဇာတ်ကား၏ဇာတ်ညွှန်းရေးဆရာကို အပြစ်ပြောမည်ကို တွေးတောနေမိ၍ ရိုက်ကူးရေးတွင် အမှားခဏခဏ လုပ်မိသည်။
 
 
"ထျန်းနင်၊ မင်း ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ စိတ်တွေ ပျံ့လွင့်နေသလိုပဲ"
 
ဒါရိုက်တာCoqueက ကင်မရာ နောက်ကွယ်မှာ မတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။
"မင်း နေမကောင်းလို့လား"
 
"ဘာမှ မဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ် ဒါရိုက်တာ။ အလုပ်ဆက်လုပ်ပါမယ်..."
 
 
အားလပ်ချိန် မရ တစ်ချိန်လုံး ရိုက်ကူးနေရ၍ ထျန်းနင်က ဇာတ်ကောင်စရိုက်ကို အသက်မသွင်း နိုင်တော့ပေ။
 
 
ထိုစဉ် သတင်းထောက် နှစ်ဦးက ညောင်ပင်‌ကြားမှာ ပုန်းကွယ်ကာ ဓာတ်ပုံခိုးရိုက်နေသည်။
 
 
"ဒီလောက် သရုပ်ဆောင်အဆင့်နဲ့ ဆိုရင် ငါတောင် သူ့ထက်ကောင်းအောင် သရုပ်ဆောင်နိုင်တယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ ထျန်းနင်ထက် အရည်အချင်းရှိတဲ့ သရုပ်ဆောင်မင်းသမီးတွေ ရှိရဲ့သားနဲ့ ဘာကြောင့်များ ထျန်းနင်ကို ရွေးချယ်ရလဲ ။ ငါ နားမလည်နိုင်ဘူး"
 
 
"သူ့မှာက မို့ထင်ရှိတယ်လေ၊ နင့်မှာက ရှိလို့လား။ ထျန်းနင် အမှားလုပ်လဲ ပြောရဲတဲ့သူ ရှိလား။ ငါတို့သာ ထျန်းနင် မကောင်းကြောင်း ရေးမိရင် ဘဝပျက်ပြီသာ မှတ်လိုက်တော့"
 
 
သိပ်မကြာလိုက် မို့ထင် ရိုက်ကွင်း ရောက်လာသည်။ ထျန်းနင်က ရိုက်ကူးရေးမှာ အမှားခဏခဏ ကျူးလွန်ခဲ့၍ မို့ထင် အံ့အားသင့်မိသည်။ ထို့ကြောင့် သူမအနား လမ်းလျှောက်သွားပြီး သူမကို ဘေးနား ဆွဲခေါ်ကာ
 
"ဘာဖြစ်လို့လဲ"
 
***
 
အပိုင်း(၃၄၅)

 
"သူတို့တွေ ချစ်လေးကို စိတ်ကြိုက် ပြောဆိုခွင့် ရှိပါတယ်။ ဘာအကြောင်းကြောင့် ထစ်ခနဲရှိ ယောက်ျားကိုပဲ မထိခလုတ် ထိခလုတ် ပြောဆိုနေရသလဲ"
 
ထျန်းနင် မခံချိမခံသာ ပြောဆိုနေသည်။
 
မို့ထင်မှာ ထျန်းနင်၏ အပြောလေးကြောင့် သဘောကျနှစ်ခြိုက်စွာ ရယ်မောသည်။
 
"ဘာလို့ဆို ချစ်လေး နဲ့ ကိုယ်က ထင်ပေါ်ကျော်ကြားတဲ့သူ ဖြစ်လို့ပေါ့။ ဒီပြဿနာလေးကြောင့် ရိုက်ကွင်းမှာ ခဏခဏ အမှားလုပ်သလားကွယ်။ အလုပ်ကို လေးစားတဲ့ စွယ်စုံရ မော်ဒယ်လေး ထျန်းနင်နဲ့ မတူတော့ပါလား။ တခြားသူ ဖြစ်သွားသလိုပဲနော်။ အစမ်းသရုပ်ဆောင်တုန်းက ယုံကြည်ချက် အပြည့်နဲ့ပါ"
 
"ဒါပေမဲ့ ယောက်ျားကို ဒီလိုမျိုး စော်ကားတာ သိက္ခာချတာ မကြိုက်ပါဘူး။ ချစ်လေး ဘယ်လိုမှ သည်းမခံနိုင်ဘူး"
 
 
မို့ထင်က ထျန်းနင်၏ ဆံနွယ်လေးကို ဖွဖွလေး သပ်ပေးပြီး နဖူးလေးကို ကြင်ကြင်နာနာ အနမ်းခြွေသည်။
 
"ချစ်လေးကြောင့် ကိုယ် အပြစ်တင်ခံရလဲ ကိုယ် ကျေကျေနပ်နပ် လက်ခံပါတယ်။ ကိုယ့်အတွက် မထူးဆန်းတော့ပါဘူး ။ ကိုယ့်ကြောင့် ချစ်လေး စိတ်နွမ်းတာကို မလိုလားပါဘူး"
 
ထျန်းနင်  အသက်ခပ်ပြင်းပြင်းရှုသည်။ မို့ထင်ကို ချစ်မိသော ချစ်ခြင်းတရားက တစ်နေ့ထက် တစ်နေ့ ပိုနက်ရှိုင်းလာ၍ ယခုလို ခံစားရခြင်း ဖြစ်နိုင်သည်။
 
 
"စိတ်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ဦးမယ်"
 
ထျန်းနင်က မျက်လွှာချထားပြီး ခဏခဏ သက်ပြင်းချမိသည်။
 
သူ့စိတ်တည်ငြိမ်သွားမှ မို့ထင်၏ ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ရုပ်ရှင်ဆက်လက် ရိုက်ကူးရန် ရိုက်ကွင်း ပြန်သွားသည်။
 
 
"ရိုက်ကွင်း163 ဇာတ်ဝင်ခန်း၁"
 
ရုပ်ရှင်အဖွဲ့သားက ရုပ်ရှင်ကလက်ဖြင့် အချက်ပြသည်။
 
ဤဇာတ်ဝင်ခန်းတွင် အမျိုးသမီးဇာတ်ဆောင်က ကိုယ်ဝန်ဆောင် ကာလ ၇လတာကို ရောက်နေသော်လည်း မိန်းမပျက်များသကဲ့သို့ ဆေးလိပ်သောက် အရက်သောက် နေသေးသည်။ထို့ကြောင့်လည်း တခြားသူများထက် ဉာဏ်ရည်နိမ့်ကျသော ကလေးကို မွေးဖွားလာခြင်း ဖြစ်နိုင်သည်။
 
 
အချိန်မတိုင်မီ ကလေးမွေးဖွားမည့် လက္ခဏာများကို ရုတ်ခြည်း ခံစားမိသော်လည်း နာကျင်မှုကို ကျိတ်မှိတ်ကာ ဆေးလိပ်ရှိုက် နေသေးသည်။
 
 
သူ့လက်ထောက်ကို ဖုန်းခေါ်ခဲ့သည်။
 
 
သိပ်မကြာလိုက် တံခါးခေါက်သံ ကြားရသည်။
 
ထျန်းနင် ဆိုဖာပေါ်မှ ထလိုက်သော်လည်း ခြေထောက်ခွေပြီး နောက်လန်ကျသွားသည်။
 
 
ကိုယ်ဝန်ဆောင်အမျိုးသမီး အဖြစ် သရုပ်ဆောင်သောအခါ သရုပ်ဆောင်မင်းသမီး တချို့က ယခုလိုမျိုး အသေးအမွှား အပြုအမူလေးများကို မေ့လျော့သွားတတ်သည်။ အများစုက ခပ်မြန်မြန် လမ်းလျှောက်တတ်သေးသော်လည်း ထျန်းနင်က ခြားနားသည်။
 
 
သူမ၏သရုပ်ဆောင် စွမ်းရည်ကြောင့် အစစ်အမှန်ဟု ခံစားမိစေသည်။ ကိုယ်ဝန်သည် နေထိုင်ပြုမူသင့်သော အပြုအမူများကို သရုပ်ဖော်သွားပြီး တကယ်ကိုယ်ဝန်သည်ကဲ့သို့ ယုံကြည်လက်ခံစေသည်။
 
 
"နင်နဲ့ တစ်ညတာ မှားခဲ့တဲ့သူက နိုင်ငံကိုယ်စားပြု ရေကူးအသင်းရဲ့ အဖွဲ့သားပဲ"
 
 
ထိုစကားသံကို ကြားကြားချင်း အမျိုးသမီးဇာတ်ဆောင် မှင်တက်သွားသည်။ သူ့ပါးစပ်ထဲမှ ဆေးလိပ်ကို ထွေးထုတ်လိုက်ပြီး
 
"မဆိုးပါဘူး။ ဒါဆိုရင် ငါ့ကလေး မငတ်ပြတ်တော့ဘူးပေါ့"
 
"ကလေးကို အဆိပ်သင့်စေတဲ့ နင်က ကလေးကို တကယ်ဂရုစိုက်ပါတယ်လို့ ဘယ်လို ယုံကြည်ပေးရမလဲ"
 
လက်ထောက်က ပွစာကြဲနေသော ဆေးလိပ်အမှုန့်များကို လှဲကျင်းနေသည်။
 
ထိုစဉ် အမျိုးသမီးဇာတ်ဆောင်က အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ကို ရုတ်ခြည်း ဆုံးဖြတ်ခဲ့သည်။
 
"အိမ်မှာပဲ ကလေးမွေးမယ်"
 
လက်ထောက်က အသံတိတ် မတ်တတ် ရပ်နေသည်။
 
 
"အဆင်ပြေတယ်၊ အောင်မြင်တယ်"
 
 
ထျန်းနင်၏ဇာတ်ရုပ်ကို မုန်းတီးသွားအောင် အလွယ်တကူ သရုပ်ဖော်သွားနိုင်သည်။ သို့သော်လည်း ထျန်းနင်က အသေးစိတ် အချက်အလက်များကို အလေးထားခဲ့ပြီး မုန်းပစ်ရန် မလွယ်ကူစေသော အပြုအမူများဖြင့် အဆင်ပြေအောင် သရုပ်ဖော်သွားသည်။
 
 
ပုန်းကွယ်နေသော သတင်းထောက်နှစ်ဦးလည်း ထျန်းနင်၏အောင်မြင်မှုကို သေချာ မြင်တွေ့ခွင့်ရခဲ့သည်။
 
 
သိပ်မကြာခင်က ထပ်တလဲလဲ အမှားလုပ်ခဲ့သော ထျန်းနင်က ယခုမြင်တွေ့နေရသော ထျန်းနင် ဟုတ်ရော ဟုတ်ပါ့မလား တွေးတောနေရသည်။
 
 
 
သူတို့ တစ်ယောက်ကို တစ်ယောက် ငေးမောကြည့်ကာ
 
 
"ငါတို့တွေ ထျန်းနင်ကို ဆက်သိက္ခာချဖို့ ဖြစ်ပါဦးမလား။ သူ သရုပ်ဆောင်တာ မဆိုးပါဘူး။ သူ သရုပ်ဆောင်တာ မဆိုးဘူးလို့ ဘာအကြောင်းကြောင့် ခံစားနေမိသလဲ။ ကိုယ်ဝန်သည်မိခင်ကို တကယ် အသက်သွင်း လိုက်သလိုပဲ"
 
"ငါ ဘယ်သိမလဲ"
 
တခြားသတင်းထောက်က ပြန်ဖြေသည်။
"အခု သရုပ်ဆောင်လိုက်တာ အဆင်ပြေသွားမယ် သူ့ရဲ့ ပုံမှန်သရုပ်ဆောင် စွမ်းရည်တော့ မဟုတ်တန်ရာဘူး။ စောနတုန်းက အမှားအမှား အယွင်းယွင်းတွေက အကောင်းဆုံး သာဓကပဲလေ"
 
"ဒါဆိုရင် အခု အပိုင်းကိုရော မှတ်တမ်းတင်ထားမလား"
 
 
"ငါတော့ မသိမ်းထားတော့ဘူး၊ မင်း သိမ်းထားလိုက်လေ"
 
 
"ငါလည်း မသိမ်းထားချင်ဘူး"
 
 
သတင်းထောက်နှစ်ဦးလည်း တစ်ယောက်မျက်နှာ တစ်ယောက် ငေးစိုက်ကြည့်ကာ တူညီသော ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့သည်။
 
"ဒီလိုဆိုရင်တော့ ထျန်းနင်ကို သိက္ခာချမယ် အကြံအစည်ကို ရွေးချယ်ကြတာပေါ့"
 
...
 
 
ထျန်းနင် သရုပ်ဆောင်သည့် ဖြစ်ရပ်ကို အတည်ပြုပေးသော သတင်း ထွက်ပေါ်ခဲ့၍ သရုပ်ဆောင် လောကနှင့် မော်ဒယ်လောက ကို လှုပ်ခတ်စေခဲ့သည်။
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက ကိုယ့်ဂူဏ်သတင်းကိုယ် ဖျက်ဆီးနေသလား။ သူတို့က ထျန်းနင်ကိုပဲ ဆက်သုံးရင်တော့ အဲဒီဇာတ်ကားကို မကြည့်တော့ဘူး"
 
 
"ဇာတ်လမ်းကောင်းလေးကို တမင်ဖျက်စီးပစ်တာပဲ"
 
 
" ဇာတ်ဆောင်မင်းသမီး ပြောင်းဖို့ပဲ အကြံပေးချင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့  'Stupid'ရုပ်ရှင် ထွက်လာရင် လုံးဝ မကြည့်တော့ဘူးကွာ။ ငါတို့ မင်းသားလေး ရှန်ရှန်ရဲ့ အနုပညာစွမ်းရည်တွေကို အလဟဿ ဖြစ်စေသလိုပဲ"
 
 
" ဟုတ်ပါ့။ ဇာတ်လမ်းလည်း ကောင်းသလို၊ ကြော်ငြာအားလည်း ကောင်းနေပါပြီ။ ဘာလို့ ထျန်းနင်ကို ဇာတ်ဆောင်မင်းသမီး လုပ်ခိုင်းရသလဲ။ ငါ တကယ့်ကို နားမလည်နိုင်ဘူး"
 
 
"ထျန်းနင်ကို ဖြုတ်ချပြီး ထျန်းနင် နေရာမှာ လူစားထိုးပေးပါ"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက ဒီလို ဆက်လုပ်နေရင်တော့ ငါတို့ 'လင်း' ပရိသတ်အဖွဲ့က  'Stupid'ရုပ်ရှင် ရုံမတင်အောင် တားဆီးရမှာပေါ့"
 
 
အပြင်လောကမှာ ဖြစ်ပျက်နေသော လုပ်ဇာတ်များကို မြင်တွေ့ရသောအခါ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများက ထျန်းနင်ကို နှစ်သိမ့်ကြသည်။
 
"အဆင်ပြေသွားမှာပါ ထျန်းနင်ရယ်။ နင်က သူတို့ပြောသလို လူတန်းစားမှ မဟုတ်တာ။ နင် ရိုက်ကူးရမယ် အပိုင်းတွေလည်း ပြီးခါနီးပြီလေ။ ဒါကြောင့် သူတို့ ပြောတဲ့ စကားတွေကြောင့် စိတ်မထိခိုက်ပါနဲ့"
 
"ဒါ အမှန်ပဲလေ။ နင့်ရဲ့ သရုပ်ဆောင်စွမ်းရည် နဲ့ လုပ်ငန်းကျွမ်းကျင်မှုကို ငါတို့တွေလည်း မျက်မြင်တွေ့ နေတာပဲလေ။ ငါတို့တွေ အမြဲ နင့်ဘက်က ရှိနေမယ်။ နင့်ကိုပဲ အားပေးထောက်ခံ နေမယ်"
 
 
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများက ထျန်းနင်ကို နှစ်သိမ့်ရန် အကောင်းဆုံး ကြိုးစားကြသည်။ ရုပ်ရှင်ရိုက်ကူးနေသော လင်းရှန် ကိုယ်တိုင်ပင် ထျန်းနင်အနား ချဉ်းကပ်လာကာ
 
"ငါ ထွက်ရှင်းပေးရမလား"
 
"မလိုအပ်တော့ပါဘူး။ ရုပ်ရှင်ထွက်လာရင် လူတိုင်းက အမှန်တရားကို သိသွားမှာလေ။ ပြီးတော့..."
 
 
"မို့သူဌေးကလည်း အကြောင်းမဲ့ သက်သက် ဘေးထိုင်ကြည့်နေမယ်သူ မဟုတ်ပါဘူး"
 
လင်းရှန်းက သူမ ပြောမည့်စကားကို ဆက်ပြောပေးသည်။
"စောစောစီးစီး ဖြေရှင်းသင့်တဲ့ ပြဿနာတွေလည်း ရှိတယ်လေ။ မဟုတ်ရင် မင်း ပိုင်ဆိုင်သင့်တဲ့ အခွင့်အရေးတွေ လွဲချော်သွားလိမ့်မယ်"
 
"ငါ နားလည်ပါတယ်"
 
ထျန်းနင် ခေါင်းညိတ်သည်။
 
" နင် ငါ့အကူအညီ လိုအပ်ရင် ကြိုက်တဲ့ အချိန်ပြော ငါက ကူညီပေးဖို့ အသင့်ပဲ။ အခုသတင်းက လူသိရှင်ကြား ဖြစ်သွားတော့ မို့သူဌေးက မင်းအတွက် ပွဲတစ်ပွဲ ဖန်တီးပေးမှာပါ။ မှော်ဆန်တဲ့ ဖြစ်ရပ်လေးတွေ ဖန်တီးပြီး အခြေအနေကို ပြောင်းပြန်ပြောင်းလဲနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
 
 
" ဒါပေမဲ့ သရုပ်ဆောင်လောက ရော မော်ဒယ်လောကရောမှာ မင်းရဲ့တက်လမ်းကို ပိတ်ပင်နိုင်တဲ့ အတားအဆီး မရှိပါဘူး။ ဒီသရုပ်ဆောင်လောကကို လျှောက်ခါစ မင်းကို မယုံကြည်တဲ့သူ လက်တစ်ဆုပ်စာ ရှိနိုင်ပေမဲ့ မင်းကို စိတ်အနှောင့်အယှက် မပေးနိုင်ပါဘူး"
 
 
မို့ထင်က ထျန်းနင်အနား တိတ်တဆိတ် ရောက်လာသော မြင်ကွင်းကို မည်သူမှ သတိမထားမိခဲ့ပေ။
 
 
"ဟုတ်သား နောက်တစ်ခေါက် အင်တာဗျူးပွဲ ရှိတာပဲ အဲဒီပွဲကို တက်မယ်လေ"
 
 
***
 
 

Continue Reading

You'll Also Like

1.3M 31.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
38.9K 590 12
Goku x Zamasu Goku is on the ground, unable to move. Zamasu lifts his arm, to crush his enemy. After a moments gaze into each others eyes, Zamasu fee...
49.2K 5.3K 69
Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.12.2023
960K 173K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...