ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

26.3K 2.1K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 328+329+330

149 8 0
By jellyflower1

အပိုင်း(၃၂၈)

 
ရိုင်းစိုင်းသောပရိသတ်များ၏ ထိုးနှက်မှုသည် Star Art၏ အစီအစဉ်အားလုံးကို ရှုပ်ထွေးစေခဲ့သည်။ အေဂျင်စီက ဘေးလူအနေဖြင့်သာ အခြေအနေကို စောင့်ကြည့်ချင်ခဲ့သော်လည်း  ဖိအားပေးခံရ၍ အများရှေ့ထွက်ကာ သူတို့အမြင်ကို ထုတ်ပြောသည်။
 
 
ဤမျှလောက် တန်ကြေးမြင့်သည့် အခြေအနေဆိုးကို ရင်ဆိုင်ရမည်မှန်း ကြိုသိခွင့် ရခဲ့လျှင် ပြဿနာ သေးသေးမွှားမွှား ဖြစ်နေသည့်တိုင် သူတို့ စောစောစီးစီး ရှေ့ထွက်ပြီး ပြဿနာကို ဖြေရှင်းပေးလိမ့်မည်။
 
 
ယခုတော့ ထျန်းနင် နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးက အဆင့်တန်းမြင့်သော အခြေအနေမှာ ရပ်တည်နေရချိန် သူတို့အေဂျင်စီက လူတကာ၏ပြစ်တင် စော်ကားမှုကို သည်းခံနေရသည်။
 
 
"Star Artက မျက်နှာပြောင် တိုက်လှချည်းလား။ နင် ဝိုင်းတိုက်ခိုက် ခံရတုန်းက နင့်ကို ကူညီတဲ့ စကားလေး တစ်ခွန်းတောင် ပြောပေးဖော် မရခဲ့ဘူး။ အခု ကံကြမ္မာ တစ်လှည့်ပြောင်းသွားတော့ ပုန်းနေရာက ထွက်လာပြီလေ။ ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ"
 
လုံကျဲက Star Art၏တိုက်ရိုက်ထုတ်လွှင့်မှု အင်တာဗျူးကို ကြည့်ရှုကာ မကျေမနပ် ပြောဆိုနေ၏။
"ယွဲ့ရှမ်ရှမ် ရုပ်ရှင်ဆက်ရိုက်ကူးမယ်လို့ မထီမဲ့မြင် ပြောရဲသေးတယ်"
 
" အရင်တုန်းက ရုပ်ရှင် ဆက်မရိုက်ကူးဘူးလို့ အာကျယ်အာကျယ် ပြောနေပြီ။ အခုတော့ ပါးစပ်ပေါက်တွေ ပိတ်သွားကြပြီ။ မွေးတည်းက ရှက်တတ်တဲ့ စိတ်ရော ပါလာရဲ့လား မသိဘူး။ ငါတော့ သူတို့ကိုယ်စား ရှက်မိတယ်။ ရွံစရာကောင်းတဲ့ လူ့တိရိစ္ဆာန်တွေ"
 
 
" ဒါနဲ့ ထျန်းနင် ဆောင်းဦးဖက်ရှင်ပွဲတော်အတွက် ဘာတွေ ပြင်ဆင်ထားလဲ။ ဘာလို့ အင်တာဗျူးတွေကို ရုတ်တရက် ဖျက်ခိုင်းရတာလဲ"
 
လုံကျဲက ထျန်းနင် စောစောက ညွှန်ကြားထားသော အလုပ်များကို ရုတ်တရက် တွေးမိသွားသည်။
 
"ဘာလို့ ဒီရုပ်ရှင်ဇာတ်ညွှန်းကို ဆက်ဖတ်နေသေးတာလဲ။ နင် စာလုံးတစ်လုံးချင်းစီကို အလွတ်ရပါတယ်လို့ ငါ ပြောရဲတယ်"
 
 
" ထျန်းနင်ရယ် ဆက်မဖတ်ပါနဲ့တော့။ နင် ဒါကို ဆက်ဖတ်နေသေးလည်း ဟိုမသတီစရာကောင်းတဲ့ မိန်းမက ရုပ်ရှင် ဆက်ရိုက်ကူးတော့မယ်"
 
 
" နင့်ကို အဲစကား ဘယ်သူ ပြောလဲ"
 
ထျန်းနင်က နက်နဲသော အဓိပ္ပါယ်ဖြင့် လုံကျဲကို မေးမြန်းသည်။
 
"သူဌေးကြီးက သရုပ်ဆောင် ပြောင်းတော့မယ်လို့ နင် ပြောချင်တာလား။ ဒါပေမဲ့ ယွဲ့ရှမ်ရှမ် ရိုက်ကူးရမယ့် အပိုင်းတွေက ပြီးခါနီးပြီလေ။ တခြားတစ်ယောက်ကို ထပ်ရွေးချယ်လိုက်ရင် အရမ်းကို ငွေကုန်ကြေးကျ များလိမ့်မယ် မဟုတ်ဘူးလား"
 
 
" ငါ့အထင် နင် သတင်းဖတ်နေတာပဲ ပြန်အာရုံစိုက်သင့်တယ်"
 
ထျန်းနင်က ဘာဆိုဘာမှ ထုတ်မပြောခဲ့ပေ။ လုံကျဲကို အခုချိန် ထုတ် မပြောသေးသော်လည်း နေ့လည်ခင်းမှာ ရိုက်ကွင်း တရားဝင် သွားရစမည်။ အချိန်တန်လျှင် လုံကျဲ သိခွင့်ရမည့် အမှန်တရား ဖြစ်လေ၏။
 
လုံကျဲက ဒွိဟဖြစ်သော ခံစားချက်ဖြင့် ပခုံးဆက်ခနဲ့ တွန့်လိုက်ပြီး သူ့ဖုန်းလေးကို ပြန်ကိုင်ကာ အင်တာဗျူး ဆက်လက်ကြည့်ရှုသည်။
 
"ရှမ်ရှမ်ရဲ့စိတ်လိုက်မာန်ပါ အပြုအမူကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ ပြဿနာတက်ပြီး 'Stupid'ရုပ်ရှင်ရိုက်ကူးရေးကိုလည်း နှောင့်နှေးစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ဆုံးဖြတ်ချက်မျိုးကို ရွေးလုပ်မိခဲ့တာလဲ သူ့ပရိသတ် မတရားခံရတာကို မကြည့်ရက်လို့ပါ။ ရှမ်ရှမ်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီအပြစ်လေးကို လူထုက မျက်ကွယ်ပြုပေးပါဗျာ"
 
"သိပ်မကြာခင် ရှမ်ရှမ်က ရိုက်ကွင်းကို ပြန်လာတော့မှာပါ။ လက်ရှိရိုက်ကူးနေတဲ့ဇာတ်ကားကို ပြန်လည်ရ်ိုက်ကူးပါတော့မယ်"
 
 
Star Art အေဂျင်စီ၏ တာဝန်ရှိသူက မိုက်ခရိုဖုန်းကို ယွဲ့ရှမ်ရှမ်ထံ လွှဲပြောင်းပေးပြီး ဆက်လက် ပြောကြားစေသည်။
 
 
ယနေ့ ယွဲ့ရှမ်ရှမ်က မိတ်ကပ် ခပ်ထူထူ လိမ်းခြယ်ထားပြီး တစ်ညလုံး ငိုကြွေးထား၍ ဖူးယောင်နေသော မျက်လုံး မို့အစ်အစ်များကို ဖုံးကွယ်ထားသည်။
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် အကောင်းဆုံး ကြိုးစားသွားပါမယ်"
 
ရိုးရှင်းသော စကားတစ်ခွန်းကို ပြောဆိုပြီးနောက် ယွဲ့ရှမ်ရှမ်က မိုင်ခရိုဖုန်းကို အေဂျင်စီ၏တာဝန်ရှိသူထံ ပြန်ပေးခဲ့သည်။ သို့သော်လည်း သတင်းထောက်က ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ဘေးကျပ်နံကျပ် ဖြစ်သော မေးခွန်းများကို မေးမြန်းလာသည်။
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ ဆွေးနွေးပြီးမှ ဒီအင်တာဗျူးလုပ်ဖို့ အစီအစဉ် ဆွဲခဲ့တာလား"
 
 
" ဒါနဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့အတွေးကို လုံးဝ ထုတ်မပြောဘူးနော် ဟုတ်တယ်မလား"
 
 
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင်ဆက်ရိုက်ကူးဖို့ အကြောက်အကန် ငြင်းနေတာလေ။ အခုတော့ အခြေအနေက ပြောင်းလဲသွားပါလား။ ရုတ်တရက်ကြီး ဘာလို့ နောက်ပြန်လှည့်ရသလဲ။ ရင်ဆိုင်ဖို့ အင်အား မရှိတော့လို့လား"
 
 
ယွဲ့ရှမ်ရှမ်၏ ပင်ကို ဖြူဖွေးသော အသားအရည်က ပို၍ဖြူဖျော့လာသည်။ သူမက မိုင်ခရိုဖုန်းကို နောက်တစ်ကြိမ် လက်ခံလိုက်ပြီး ပြန်ဖြေသည်။
 
"ငါပဲ ' Stupid'ရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီး ဇာတ်ရုပ်နဲ့ လိုက်ဖက်တယ်။ ငါက ဇာတ်ရုပ်နဲ့ အသင့်လျော်ဆုံးပဲ"
 
" တခြားသူက မင်းလောက် အရည်အချင်း မရှိဘူးလို့ ယွဲ့မိန်းကလေးက ပြောချင်တာလား"
 
 
" ငါက အသင့်လျော်ဆုံးလို့ ပြောချင်တာပါ"
 
 
ယွဲ့ရှမ်ရှမ်၏စကားလုံးတိုင်းက တိကျပြတ်သားပြီး ယုံကြည်မှုများ ပြည့်လျှံနေ၍ သတင်းထောက်များကို ပြောစရာ စကား ပျောက်ကွယ်သွားစေသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက  ကြေညာချက် ထုတ်ပြန်ခြင်း မရှိ၍ Star Art အေဂျင်စီ နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးတို့ သီးသန့် ဆွေးနွေးခဲ့သည်ဟု ယူဆနိုင်သည်။
 
 
အင်တာဗျူး ပြီးဆုံးပြီးနောက် ယွဲ့ရှမ်ရှမ်က ရိုက်ကွင်း အလောတကြီး ပြေးသွားသည်။ သို့သော်လည်း ရိုက်ကွင်းကို သူမ ရောက်သောအခါ လူတိုင်း၏မျက်ဝန်း အကြည့်က ပြောင်းလဲသွားသည်ဟု သတိထားမိသည်။
 
 
"ယွဲ့အစ်မ။ ဘာလို့ ပြန်လာတာလဲ"
 
လက်ထောက်ဒါရိုက်တာက ယွဲ့ရှမ်ရှမ်ကို မျက်မှန်းတန်းမိ၍ ကသိကအောင့် မေးမြန်းခဲ့သည်။
 
"ငါ ဘာလို့ ပြန်လာတာလဲ မေးတာ ဘာသဘောလဲ"
 
 
"မင်းသမီးသရုပ်ဆောင် ပြောင်းလဲသွားပြီလို့ အသိပေးထားတယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းကို အကြောင်းမကြားဘူးလား"
 
လက်ထောက်ဒါရိုက်တာက သူမ၏ပခုံးကို ပုတ်ကာ ပြန်ဖြေသည်။
 
"ဒီဆုံးဖြတ်ချက်အတွက်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ကို မင်း အပြစ်တင်လို့ မရဘူး။ မင်းက ငါတို့တစ်ဖွဲ့လုံးကို ဘာစကားတစ်ခွန်းမှ မပြောဘဲ ရိုက်ကူးရေး ရပ်တန့်ခဲ့တာလေ။ ငါတို့ဘက်ရော ထည့်စဉ်းစားခဲ့လို့လား။ မင်းရဲ့ပရိသတ် ဆေးရုံ ရောက်သွားရင်တောင် မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ငါတော့ ထင်တယ်"
 
 
"သရုပ်ဆောင်အတွက် အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ် လေးစားဖို့ပဲ။ မင်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ရိုက်ကူးရေးကို မင်းဘာသာမင်း ရပ်တန့်လိုက်တယ်။ ဘယ်သူကမှ မင်းနဲ့ နောက်တစ်ကြိမ် အလုပ်တွဲ မလုပ်ချင်ဘူး"
 
 
"ပိုအရေးကြီးဆုံးအချက် အနေနဲ့ ပြောရရင် မင်းက ဟိုက်ဟွေ့ဖျော်ဖြေရေးကိုတောင် ခြိမ်းခြောက်ရဲတဲ့ သတ္တိရှိနေတယ်။ ငါသာ မင်းနေရာမှာဆိုရင် ဒီနေရာကို လာရဲတဲ့သတ္တိ မရှိတော့ဘူး"
 
ထိုစကားကို ပြောဆိုပြီးနောက် လက်ထောက်ဒါရိုက်တာက သူမဘေးနား ဖြတ်လျှောက်သွားသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ ဖြည့်စွက် ပြောသည်။
"ဒါနဲ့ ငါက ခေါင်းဆောင်မင်းသမီး အသစ်ကို သွားကြိုဆိုဦးမယ်နော်"
 
"ဘယ်သူလဲ"
 
ယွဲ့ရှမ်ရှမ်က ဒေါသကြောင့် ဖြစ်တည်လာသော မျက်ရည် မကျမိအောင် ထိန်းချုပ်ထားသည်။
 
"ဒါက ထိပ်တန်းလျှို့ဝှက်ချက်လေ"
 
အဖြေပေးပြီးနောက် လက်ထောက်ဒါရိုက်တာက ယွဲ့ရှမ်ရှမ်ကို လျစ်လျူရှုက ကျောခိုင်း ထွက်ခွာသွားသည်။
 
ယွဲ့ရှမ်ရှမ် ပေကျင်းမှ ပြန်လာခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှကို အေဂျင်စီ၏ ဒါရိုက်တာ တစ်ဦးကို ပြောပြခဲ့သည်။ ဒါရိုက်တာက မို့ထင်ကို ချက်ချင်း ဖုန်းခေါ်ခဲ့ပါသည်။ သို့သော်လည်း သူတို့က မို့ထင်နှင့် အစည်းအဝေး ထိုင်ရလောက်သည့် အဆင့်မရှိ၍ လုချယ်နှင့်သာ ညှိနှိုင်းခဲ့ရသည်။
 
 
"လက်ထောက်လုချယ်။ ငါတို့တွေ ညှိနှိုင်းကြမယ်လို့ မင်း ပြောခဲ့တယ်မလား။ ဘာလို့ ရှမ်ရှမ်နေရာမှာ အစားထိုးလိုက်တာလဲ"
 
 
"ညှိနှိုင်းမယ်ဆိုတာ ယွဲ့ပရိသတ်က ထျန်းနင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာကို ဆက်မစုံစမ်းတော့ဘူးလို့ ပြောချင်တာပဲ။ ယွဲ့ရှမ်ရှမ်ကို ရိုက်ကူးရေး ပြန်လာခွင့် ပြုပါတယ်လို့ ပြောခဲ့လို့လား။ ပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တယ်နော်။ ရုပ်ရှင်ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တာ မင်းတို့အေဂျင်စီရဲ့ မင်းသမီးပါ။ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းတို့စိတ်ကြိုက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ ဇရပ်လို့ တွေးနေသလား"
 
 
"အရေးကြီးဆုံး အချက်ကို ရွေးပြောရရင် ဟိုက်ဟွေ့ဖျော်ဖြေရေးက စာချုပ်ဖောက်ဖျက်ခဲ့တဲ့ မင်းသမီး ယွဲ့ရှမ်ရှမ်ကို တရားစွဲဖို့ ဆုံးဖြတ်ထားတယ်။ လျော်ကြေးပေးဖို့ မင်းတို့ အကောင်းဆုံး ပြင်ဆင်ထားသင့်တယ်"
 
 
ထိုစကားကို ပြောပြီးနောက် လုချယ် ဖုန်းချခဲ့သည်။ မို့ထင် ညွှန်ကြားခဲ့သည့် အတိုင် လုပ်ဆောင်ခဲ့သည့် အပြင် ပီအာအဖွဲ့ကလည်း 'Stupid' ရုပ်ရှင်အတွက် ဇာတ်ဆောင်မင်းသမီး ပြောင်းလဲသွားသည့် သတင်း တရားဝင် ကြေညာပေးသည်။
 
 
ကြေညာချက် ထွက်ပေါ်လာသည်နှင့် ကွန့်မန့်များ အပြိုင်အဆိုင် မန့်ကာ ကိုယ့်အမြင် သူ့အမြင်ကို ထုတ်ဖော်ကြသည်။
 
 
[ ယွဲ့ရှမ်ရှမ် ရုပ်ရှင်ဆက်ရိုက်ကူးခွင့် ရမယ်လို့ Star Artက စိတ်ကူးယဉ်နေသလား။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ခမ်းနားထည်ဝါတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလေ။ ရုပ်ရှင်ဆက်ရိုက်ကူးဖို့ ငြင်းဆန်တဲ့ ယွဲ့ရှမ်ရှမ်ကို မို့ထင်က သည်းခံပါ့မလား။ ဦးနှောက်ရှိရင် တွေးတတ်ပါတယ်လေ]
 
 
[ထျန်းနင် စော်စော်ကားကား ပြောခံရတဲ့ အရင်ချိန်တုန်းက ယွဲ့ရှမ်ရှမ်က မတရားခံ ရသူလို ပြုမူနေတာလေ။ ကံကြမ္မာစက်ဝန်း တစ်ပတ်လည်လာတော့ သူ့ကိုယ်သူ သရုပ်ဆောင်မင်းသမီးဆိုတာ အမှတ်ရသွားပြီပေါ့။ ရိုက်ကွင်းကို နောက်တစ်ခေါက် ပြန်လာရဲတဲ့အထိ အရှက်မဲ့လှချည်းလား]
 
 
[ဟိုက်ဟွေ့ဖျော်ဖြေရေးက အရှိုက်ထိအောင် အရှက်ခွဲတဲ့ ပညာရပ်မှာ ပိုပိုပြီးတော့ ထူးချွန်လာတယ်။ သူတို့က ခေါင်းဆောင်မင်းသမီး နေရာကို ဖယ်ရှာပြီး လူသစ်ရွေးချယ်လိုက်တော့ ယွဲ့ရှမ်ရှမ်က  လှောင်ရယ်စရာ ဖြစ်သွားတာပေါ့။ ဟား ဟား ဟား ၊ ငါတော့ အရမ်းကို ကျေနပ်မိတယ်]
 
 
[ဒါနဲ့ သရုပ်ဆောင်အသစ်က ဘယ်သူလဲ]
 
 
[ယွဲ့ရှမ်ရှမ်က သူ့ကိုယ်သူ ဟုတ်လှပြီ အထင်နဲ့ ဘဝင်ရူး ရူးနေတော့ ပြုတ်ကျတော့ အထိနာပြီပေါ့။ သူ့လို သရုပ်ဆောင်မင်းသမီး အဆင့်လောက်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ရဲ့ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိမယ်လို့ စိတ်ကူးယဉ်ရဲသေးတယ်။ သူ မရှိလည်း ရုပ်ရှင် ရိုက်ကူးရေးက သူ့ဘာသာ လည်ပတ်နေဦးမှာပဲ]
 
 
[ငါလည်း ခေါင်းဆောင်မင်းသမီး အသစ် ဘယ်သူလဲဆိုတာ သိချင်တယ်။ ထုတ်လုပ်ရေးအဖွဲ့က ဒါကို လျှို့ဝှက်ချက်အနေနဲ့ ဖုံးကွယ်ထားတာနော်။ အဲဒီရွေးချယ်ထားတဲ့ မင်းသမီးရဲ့ သရုပ်ဆောင်စွမ်းရည်က ယွဲ့ရှမ်ရှမ်ကို ပါးစပ်ပိတ်သွားစေဖို့ မျှော်လင့်ပါတယ်]
 
 
...
 
 
လုံကျဲက ထျန်းနင် အဝတ်အစားအိတ် ပြင်ဆင်နေသည်ကို သတိထားမိ၍ မဝံ့မရဲ ခန့်မှန်းလိုက်သည်။
 
"ခေါင်းဆောင်မင်းသမီး အသစ်က နင်လို့တော့ မပြောနဲ့နော်"
 
"ဟုတ်တယ် ငါပဲ"
 
ထျန်းနင် ခေါင်းညိတ်သည်။
"ခဏနေရင် ရိုက်ကွင်းကို သွားရတော့မယ်"
 
"တကယ်ကြီးလား အခုသွားရမှာလား"
 
လုံကျဲမှာ မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် မိုးကြိုးပစ်ချ ခံရ သကဲ့သို့ ခံစားရသည်။
"မဖြစ်နိုင်ပါဘူး။ ဟုတ်ရောဟုတ်ရဲ့လား။ ငါ အိပ်မက်များ မက်နေသလား။ နင် တကယ်ပဲ သရုပ်ဆောင်တော့မှာလား"
 
***
အပိုင်း(၃၂၉)

 
"ဟုတ်တယ်။ ငါ သရုပ်ဆောင် လုပ်တော့မယ်"
 
 
ထျန်းနင်က လေးလေးနက်နက် ပြန်ဖြေသည်။
 
"တကယ်ပြောနေတာလား။ နင့်မှာ သရုပ်ဆောင် အတွေ့အကြုံ လုံးဝ မရှိဘူးလေ။ နင့်ကို ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က လှောင်ရယ်နေမှာပေါ့"
 
လုံကျဲက ထျန်းနင် သွားမည့်လမ်းကို ပိတ်ရပ်ကာ စိုးရိမ်တကြီး ပြောဆိုနေသည်။
 
"မင်းသားလင်းရှန်းရော ထုတ်လုပ်ရေး အဖွဲ့ တစ်ဖွဲ့လုံး နင့်ကို သဘောမကျတာ နင်လည်း သိနေတာပဲဟာ။ ဖြစ်ပါ့မလားဟယ်"
 
 
"စိတ်မပူပါနဲ့။ ဘာဆက်လုပ်သင့်လဲ။ ငါ ဘာလုပ်နေလဲ ငါ ကောင်းကောင်း သိပါတယ်"
 
ထျန်းနင်က လုံကျဲကို ဘေးတွန်းဖယ်ပြီး ခရီးဆောင်အိတ်ကို ပိတ်သည်။
"နင့်ချစ်ချစ် လုချယ်နဲ့ ခဏလေးတော့ခွဲနေရမယ်နော်။ အလုပ်အသစ်မှာ ငါတစ်ယောက်တည်း အဆင်မပြေလောက်ဘူး။ နင် ငါ့ဘေးနား နေပေးရမယ်နော်"
 
"ဒါနဲ့ သူဌေးကြီးရော ဘယ်ရောက်နေလဲ ။ နင့်ဘေးနား မနေဘူးလား"
 
 
"ငါတစ်ယောက်တည်း ရင်ဆိုင်သင့်တဲ့ ပြဿနာတွေ ရှိတယ်လေ"
 
ထျန်းနင်ကို အထင်မြင်သေးသော ရုပ်ရှင်အဖွဲ့ဝင်များနှင့် အဆင်ပြေအောင် ညှိယူရဦးမည်။
 
ထျန်းနင်က လုံကျဲဘက်လှည့်ကာ စကားထပ်မပြောခင် အတွေးထဲ နစ်မြောနေသည်။
 
"အိမ်မြန်မြန်ပြန်ပြီ။ ပြင်ဆင်သင့်တာ ပြင်ဦး။ ညနေ ၅နာရီ ရိုက်ကွင်း ရောက်ဖို့ လိုအပ်တယ်"
 
"ရုပ်ရှင်ရိုက်ကူးရေးကို သဘောကျလို့ အလုပ်ပြောင်းတော့မလို့လား"
 
 
"စူပါမော်ဒယ်ရော မဖြစ်ချင်တော့ဘူးလား။ နင့်ရည်မှန်းချက် ပြည့်ဖို့ ခြေတစ်လှမ်းပဲ လိုအပ်တော့တာနော်"
 
 
"ဒါပေမဲ့ 'ထင်'က ငါ့ကို လိုအပ်နေတယ်"
 
စူပါမော်ဒယ် ဘဝ တက်လှမ်းရန် နီးစပ်နေမှန်း ထျန်းနင်လည်း သိပါသည်။ မို့ထင်၏ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး ဇာတ်ရုပ် အရေးတကြီး လိုအပ်နေသည်။ သည်နှစ် စူပါမော်ဒယ် ဖြစ်ခွင့် မရခဲ့လည်း လာမည့်နှစ် မျှော်လင့်ချက် ရှိသေးသည်။
 
"ဒါဆိုရင်လည်း ငါ နင့်ကို မဖျောင်းဖျတော့ဘူး။ နင့် ဆုံးဖြတ်ချက် မပြောင်းလဲရင်တောင် ငါက နင့်ကို အမြဲ အဖော်ပြုပေးနေမှာပါ"
 
ထိုစကားကို ပြောပြီးနောက် လုံကျဲ လှည့်ထွက်သွားပြီး လုချယ်ကို ဖုန်းဆက်အကြောင်းကြားသည်။ အိမ်ပြန်ရောက်သည်နှင့် လိုအပ်သည့် ပစ္စည်းများကို အလျင်စလို ပြင်ဆင်ရသည်။
 
 
ထိုစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးက 'Stupid'ရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသမီး ပြောင်းလဲခဲ့သည့် သတင်းကို ကြေညာချက် ထုတ်ပြန်သည်။ ဇာတ်ကား ပြန်ရိုက်ကူးတော့မည်ဟု ကြေညာခဲ့သည့် ယွဲ့ရှမ်ရှမ်က ဖျော်ဖြေရေးလောကတွင် လှောင်ရယ်စရာ ဘဝရောက်သွားခဲ့သည်။
 
 
 
သို့သော်လည်း ယခုပြဿနာက သူမအတွက် စိတ်ထိခိုက်စေလောက်သည့် ပြဿနာရပ်မျိုး မဟုတ်နေပေ။ သိပ်မကြာခင်မှာ အခြေအနေ ပြန်တည်ငြိမ်သွားနိုင်သည်။ အမှန်တကယ် ရင်ဆိုင်ရမည့် ပြဿနာရပ်က J-Kingတောင်းဆိုထားသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ရိုက်ကွင်းထဲ ဝင်ရောက်ခွင့် မပြုခဲ့၍ ပြင်သစ်ဒါရိုက်တာလက်ထဲမှ ဇာတ်ညွှန်းကို မည်သို့မည်ပုံ ခိုးယူရမည်နည်း။ ထို့အပြင် သူမက သရုပ်ဆောင်မင်းသမီး အဆင့်သာ ဖြစ်နေ၍ သူမ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းနှင့် ပတ်သက်သော ဇာတ်ညွှန်းကိုသာ ယူထားရ၍ ဇာတ်လမ်းအပြည့်အစုံ မရှိခဲ့ပေ။
 
 
သူမလည်း ကြံရာ မရသည့်အဆုံး သူမပါဝင်သည့် ဇာတ်ညွှန်းကို ကိုးကားပြီး အကြံအဖန်လုပ်ရန် ရည်ရွယ်ထားသည်။
 
 
သူမမှာ ရွေးချယ်ခွင့် မရှိ၍ ယခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏အပြုအမူကြောင့် မို့ထင် အပြစ်မတင်ရန်သာ မျှော်လင့်မိသည်။
 
 
ထို့နောက် သူမလည်း လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်ပြီး J-Kingကို ဖုန်းခေါ်သည်။
 
"နင် ခိုင်းတဲ့အတိုင်း လုပ်ထားတယ်။ အားလုံးအသင့်ပဲ။ ငါတို့တွေ ဘယ်အချိန် ဆုံကြမလဲ"
 
" ဒါဆိုရင်တော့ တတ်နိုင်သလောက် အမြန်််ဆုံး တွေ့ကြတာပေါ့"
 
ဖုန်းတစ်ဖက်ခြမ်းမှ J-King ခနဲ့နေသည်။
" ဇာတ်ညွှန်း ငါ့လက်ထဲ ရောက်တာနဲ့ ရိုက်ကူးရေး စတင်မယ်လို့ တွေးနေသလား"
 
"အဲဒီဇာတ်ညွှန်းအတိုင်း ရိုက်ကူးစရာလား။ ဇာတ်ညွှန်းကို ပိုကောင်းအောင် ပြုပြင်မယ်။ 'Stupid'ရုပ်ရှင်ထက် ပိုကောင်းစေရမယ်။ ပြီးရင် အဲဒီဇာတ်လမ်းကို ဇာတ်လမ်းတွဲ ပြောင်းလဲပစ်မယ်။ ကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရှာမယ်။ ပြီးရင် ထိပ်တန်း သရုပ်ဆောင်တွေကို ကမ်းလှမ်းပြီး ဇာတ်ကား ရိုက်ကူးမယ်"
 
 
" မသတီစရာပဲ"
 
 
" ယွဲ့ရှမ်ရှမ် မင်း ဘာစကား ပြောတာလဲ။ စကားကို ထိန်းပြောစမ်း။ ဒီလိုစကားပြောတာက မင်းကိုယ်မင်း တံထွေးနဲ့ ပြန်ထွေးနေသလိုပဲနော်"
 
 
ထိုစဉ် လင်းချုံးက J-King နေထိုင်သော နေရာကို ရှာတွေ့သွားပြီး ဒဏ်ရာ ဒဏ်ချက်များကြောင့် မူးလဲသွားသည်။
 
 
J-Kingက သူ့အနားကပ်လာသူကို သူတောင်းစားဟု တွေးမိသော်လည်း သေချာအသေးစိတ် ကြည့်ရှု့လိုက်မှ လင်းချုံး ဖြစ်နေမှန်း သဘောပေါက်သွားသည်။ လင်းချုံးက သူ့အတွက် အသုံးဝင်နေသေးသည်ဟု ခံစားမိသည်။ ထို့ကြောင့် လင်းချုံးကို သူ့အိမ် တွဲခေါ်သွားရန် လုံခြုံရေးကို ညွှန်ကြားခဲ့သည်။
 
 
J-King၏စံအိမ်တော်မှာ သတိရလာသော လင်းချုံးက ကြောက်လန့်တကြား ထထိုင်လိုက်ပြီး J-Kingကို ကြောက်ကြောက်ရွံရွံ အကဲခတ်နေသည်။
 
 
"ငါပါ။ မင်း ဘာတွေ ကြောက်လန့်နေတာလဲ"
 
J-King ရယ်မောသည်။
"မင်းကို ရိုက်နှက် ဆုံးမဖို့ လူလွှတ်ခဲ့မိတာ ငါ မှားသွားခဲ့တယ်။ မင်း ငါ့အတွက် အလုပ်မလုပ်ပေးတော့ဘူးလား။ ငါက ကိုယ်ပိုင်ရုပ်ရှင်အေဂျင်စီ ထောင်တော့မယ်"
 
လင်းချုံးက ခဏကြာ တွေတောပြီးမှ ခေါင်းညိတ်သည်။
 
 
သို့သော်လည်း J-King ကျောခိုင်းလိုက်သည်နှင့် သူ့မျက်နှာ မှောင်မိုက်သွားသည်။ လူယုတ်မာကောင်၏ အိမ်ထဲ ဝင်ရောက်ခွင့် ရခဲ့၍ နာကျင်မှုကို သည်းခံနိုင်သေးသည်။
 
 
"ဒါနဲ့ ငါ နားမလည်နိုင်တာက မင်းကို ခွေးလို ရိုက်နှက်ခဲ့တဲ့ ငါ့စီ ဘာလို့ လာတာလဲ။ မင်းက မို့ထင်ကို သွားတွေ့သင့်တာလေ"
 
J-King မတ်တတ်ထရပ်လိုက်ပြီး မသင်္ကာမကင်း မေးမြန်းသည်။
 
လင်းချုံး ပြန်မတုံ့ပြန်ပေ။ သူ တုန်ရီနေသည်။ သူက သဘာဝဆန်သော အပြုအမူဖြင့် သူ့ခံစားချက်ကို ဖော်ပြနေသည်။ J-Kingက သူ့အပြုအမူကို နားလည်လိမ့်မည်ဟု ယူဆမိသည်။
 
 
"မင်း အနားယူလို့ ရပြီ"
 
 
...
 
 
နေ့လည်ခင်းမှာ ထျန်းနင်က ရုပ်ရှင်ရိုက်ကူးသော ရိုက်ကွင်းသို့ ရောက်လာခဲ့သည်။ လက်ထောက်ဒါရိုက်တာ သူမကို အသင့်ကြိုဆိုနေသည်။
 
 
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ တစ်ဖွဲ့လုံးမှာ Coque နှင့် လက်ထောက်ဒါရိုက်တာသာ ထျန်းနင်ကို ခေါင်းဆောင်မင်းသမီး ရွေးချယ်လိုက်မှန်း သိနေသည်။
 
 
မို့ထင်ကို မျက်နှာချိုသွေးချင်၍ လက်ထောက်ဒါရိုက်တာက ထျန်းနင် အနားယူနိုင်ရန် ဟိုတယ်၏ အကောင်းဆုံး အခန်းကို ကြိုစာရင်းပေးထားသည်။ ထို့မှသာ ထျန်းနင် စိတ်အေးချမ်းသာစွာ အနားယူနိုင်မည်။
 
 
သို့တိုင် ထျန်းနင်က သူ့ကြိုးစားအားထုတ်မှုကို ဂရုစိုက်နေမည် မဟုတ်ပေ။ သူမက လက်ထောက်ဒါရိုက်တာကို အေးအေးလူလူ စကားပြောလာသည်။
 
"ငါ အစမ်းသရုပ်ဆောင်ချင်တယ်"
 
 
မော်ဒယ်တစ်ဦးတွင် မည်ကဲ့သို့သော သရုပ်ဆောင်စွမ်းရည်မျိုး ပိုင်ဆိုင်မည်နည်းဟု လက်ထောက်ဒါရိုက်တာ၏စိတ်ထဲ တွေးတောနေမိသည်။ သူမက ဟန်ပြသရုပ်ဆောင်ရုံသာ မဟုတ်လော။ မည်သည့်အတွက်ကြောင့် အလေးအနက် ထားနေသနည်း။
 
 
 
"ဒီနေ့ရော မို့သူဌေးက မင်းနဲ့အတူတူ ရိုက်ကွင်း မလိုက်လာဘူးလား။ အစမ်းသရုပ်ဆောင်ကြည့်ချင်တာ ကောင်းပါတယ်။ အရင်ဆုံး ရိုက်ကွင်း အနှံ့လိုက်ပို့ပေးမယ်လေ"
 
 
"မို့သူဌေးက အခုလို လုပ်ရပ်မျိုး လုပ်မယ်လို့ တွေးကို မတွေးမိခဲ့ဘူး"
 
 
"မို့သူဌေးက တခြားတစ်ယောက်ကြောင့် အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့တာ ပထမဆုံးပဲ ထင်တယ်။ ဒါပေမဲ့ 'Stupid'ရုပ်ရှင်က ဟိုက်ဟွေ့ဖျော်ဖြေရေး အတွက် အရေးပါဆုံး ပရော့ဂျက်ပဲ။ ထျန်းနင်ကြောင့် ပျက်စီးသွားမှာ မကြောက်ဘူးလား"
 
 
"ဒါက မို့သူဌေးအတွက် မပြောပလောက်တဲ့ ငွေကြေးပမာဏလေးပါ။ သူ့ကို ထျန်းနင်က စိတ်ကြိုက်ဆော့ကစားပြီး ပစ်ပြေးသွားမှာ မကြောက်ဘူးလား"
 
 
"ရွံ့စရာကောင်းလိုက်တာ။ မော်ဒယ်ဘဝနဲ့ အေးအေးဆေးဆေး နေပါလား။ အဲဒီမိန်းမသာ သရုပ်ဆောင်နိုင်ရင် ငါတို့က အကောင်းဆုံး မင်းသမီးသရုပ်ဆောင် ဖြစ်နေလောက်ပြီ"
 
 
ထျန်းနင်က လက်ထောက်ဒါရိုက်တာ နောက်လိုက်လာသည်။ သို့တိုင် သူမ၏ နောက်ကွယ်မှ ဆွေးနွေးသံများကို ကြားနိုင်သေးသည်။ သူမက မျက်မှောင်ကြုတ်လိုက် သော်လည်း သူတို့နှင့် ငြင်းခုန်ချင်စိတ် မရှိခဲ့ပေ။ သူမ၏ ပထမဆုံး နေ့ရက်လေးကို မညစ်နွမ်းချင်ပေ။
 
 
"အားလုံး အသံတိတ်ပြီး ပြောတာကို နားထောင်ပေးပါ။ လင်းရှန် မင်း သေချာ နားထောင်နော်"
 
 
လက်ထောက်ဒါရိုက်တာက ထျန်းနင်ကို ဆွဲခေါ်ပြီး ထိပ်တန်းသရုပ်ဆောင် မင်းသားကို တရားမလွန်ရန် သတိပေးသည်။
 
 
လင်းရှန်က ထျန်းနင်ကို လှည့်ကြည့်လာသည်။ သူ့မျက်ဝန်းက လှောင်ရိပ်များ နှင့် မကျေနပ်သော ခံစားချက်များ ရောယှက်နေသည်။
 
 
"သုံးစားမရတဲ့ မိန်းမနဲ့ အတူတူ သရုပ်မဆောင်ချင်ဘူး"
 
ထိုစကားကို ပြောပြီးနောက် လင်းရှန်းက ထွက်ပေါက်သို့ ဦးတည်သွားသော်လည်း ထျန်းနင်က ရုတ်တရက် စကားပြောလာပြီး သူ့ကို သတိလှမ်းပေးသည်။
 
"ဘာလို့ ဒီမှာ မနေတာလဲ။ ငါ အစမ်းသရုပ်ဆောင်တာ မကြည့်တော့ဘူးလား"
 
 
"မင်း"
 
လင်းရှန်း နှာခေါင်းရှုပ်မိသည်။
"ဘာ ကြည့်နေဖို့ လိုအပ်လို့လဲ။ ယွဲ့ရှမ်ရှမ် သရုပ်ဆောင်တာ အကောင်းဆုံးပဲလေ"
 
***
အပိုင်း(၃၃၀)

 
ထျန်းနင်က သူ့ကို ဖိအား မပေး ချိုသာစွာ ပြုံးနေလိုက်သည်။
 
 
နာမည်ကျော် ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲလောကအတွင်းမှာ သရုပ်ဆောင် အမျိုးအစား သုံးမျိုးသာ ရှိလေ၏။ သရုပ်ဆောင် လုပ်ငန်းနှင့် ကျော်ကြားသူ၊ သရုပ်ဆောင်သော်လည်း မကျော်ကြားသူ နှင့် ကျော်ကြားသော်လည်း သရုပ်ဆောင်အလုပ်ကို မလုပ်ကိုင်သူ ဟူ၍ သုံးမျိုး ခွဲ ခြားထားသည်။
 
 
ထိပ်တန်းသရုပ်ဆောင် လင်းရှန်းက ပထမအမျိုးအစား ဖြစ်သော်လည်း ထျန်းနင်က သူ့ကို တတိယအမျိုးအစား ဟုသာ သတ်မှတ်ထားသည်။
 
 
"စိတ်ထဲမထားပါနဲ့။ သူ့စိတ်က အဲလိုပါပဲ"
 
လက်ထောက်ဒါရိုက်တာက ကာစီးကာစီး ပြောပေးသည်။ ထျန်းနင် ဒေါသထွက်ပြီး မို့ထင်ကို တိုင်တန်းမည်ကို ကြောက်လန့်နေမိသည်။
 
ထျန်းနင်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး ဒါရိုက်တာ Coque ကို ဖျတ်ခနဲ ကြည့်သည်။ ဒါရိုက်တာက သူမအနား ချဉ်းကပ်လာပြီး သူမနှင့်  လက်ဆွဲနှုတ်ဆက်သည်။
 
"မင်းက ဒီဇာတ်ကောင်နဲ့ ရေစက်ပါတယ်လို့ ပြောဖူးပါတယ်"
 
"ဇာတ်ဝင်ခန်း တစ်ခန်းလောက်ကို အစမ်း သရုပ်ဆောင်ခွင့် ပေးပါလား။ ဒါမှ ရုပ်ရှင်အဖွဲ့သာတွေက ကျွန်မကို ဒီမှာ ဆက်နေစေချင်သလား ဆုံးဖြတ်နိုင်မှာလေ"
 
ထျန်းနင်က လေးလေးနက်နက် တောင်းဆိုခဲ့သည်။
 
"အဲလိုလုပ်ဖို့ မလိုအပ်ပါဘူး"
 
 
"အားလုံးကို တစ်သားတည်း ဖြစ်စေချင်တယ်။ ဒါမှလည်း 'Stupid'ရုပ်ရှင်ရဲ့ တိုးတက်မှုကို မထိခိုက်မှာလေ။ အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
 
ထျန်းနင်က တည်ငြိမ်စွာ ရှင်းပြသည်။
 
Coqueက သူမ၏မျက်ဝန်းကို ကြည့်ကာ အကဲခတ်နေသည်။ ထျန်းနင်က သူမ လုပ်ဆောင်သမျှ အလုပ်ကိစ္စတိုင်းတွင် ရာနှုန်းပြည့် ကြိုးစား အားထုတ်ပြီး ယုံကြည်မှု ရှိကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့်လည်း သူ ခေါင်းညိတ်သဘောတူခဲ့သည်။
 
"ဒါဆိုရင်တော့ အစမ်းလေ့ကျင့်တဲ့ စတူဒီယို ခန်းမဆောင်ကို သွားကြတာပေါ့။ တခြားသူတွေအားလုံးလည်း လိုက်ခဲ့ရမယ်"
 
" ကျေးဇူးတင်ပါတယ်"
 
 
အခန်းထဲမှာ ရှိသော လူအများစုက ပြင်သစ်ဘာသာစကားကို နားလည်နိုင်စွမ်း မရှိပေ။ ထို့ကြောင့်လည်း ထျန်းနင်၏ ရည်ရွယ်ချက်ကို နားလည်သူက လက်ထောက်ဒါရိုက်တာ တစ်ဦးတည်းသာ ရှိလေသည်။ လက်ထောက်ဒါရိုက်တာ၏ ပြင်သစ်စကား ပြောဆိုနိုင်သည့် စွမ်းရည်ကြောင့်လည်း မို့ထင်က သူ့ကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ ဒါရိုက်တာCoque၏နေ့စဉ်ဘဝတွင် ဘာသာစကား အခက်အခဲ ဖြေရှင်းပေးနိုင်လိမ့်မည်။
 
 
ထျန်းနင်က လူတိုင်းအရှေ့မှာ ဇာတ်ဝင်ခန်းကို အစမ်းသရုပ်ဆောင်ပြရဲသည် အထိ သတ္တိကောင်းလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့ပေ။ သူမကို သရုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိ မရှိ သူတို့အားလုံးကို ဆုံးဖြတ်ခိုင်းနေသေးသည်။ ရိုက်ကွင်းမှာ ရှိနေသော သရုပ်ဆောင်အားလုံးက သရုပ်ဆောင်ကျောင်းဆင်းများဖြစ်ကြပြီး တချို့က ဝါရင့်သရုပ်ဆောင်များ ဖြစ်နေသည်။ သူမက ယခုလို အကြံအစည်မျိုး ပေးရဲသေးသည်။
 
 
သို့သော်လည်း ထျန်းနင်က ကြောက်ရွံစိတ် အနည်းငယ်ပင် မဝင်ခဲ့ချေ။ သူမက ဒါရိုက်တာ Coque၏ညွှန်ကြားချက်ကို နာခံပြီး အစမ်းလေ့ကျင့်သော စတူဒီယို ခန်းမဆောင်ထဲ အတူတူသွားကြသည်။
 
 
ထျန်းနင် လှည့်စားခွင့် မရအောင် ယွဲ့ရှမ်ရှမ်အတွက် ပြင်ဆင်ပေးခဲ့သည့် ဇာတ်ဝင်ခန်း ၁၈၃ခန်းကို အစီအစဉ်တကျ အသေးစိတ် ပြင်ဆင်ပေးထားသည်။ ဇာတ်ဝင်ခန်းများကို မဲလိပ် လိပ်ပြီး ထျန်းနင်ကို ရွေးချယ်စေသည်။
 
 
အားလုံးက စတူဒီယိုခန်းမဆောင်ထဲ စိတ်လှုပ်ရှာစွာ စုရုံးနေကြသည်။ မော်ဒယ်တစ်ဦးက ရုပ်ရှင်ဇာတ်လမ်းကို မည်သို့မည်ပုံ ဆိုးဆိုးရွားရွား ဖျက်ဆီးပစ်မလဲ လက်ပိုက်ကြည့်နေသည်။
 
 
အားလုံးထဲ လင်းရှန်း တစ်ယောက်တည်း ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့သည်။
 
 
"တရားမျှတအောင် ရှင်တို့ထဲက တစ်ယောက်ယောက်က ကိုယ်စား မဲနှိုက်ပေးပါ"
 
ထျန်းနင်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများကို စကားပြောလိုက်သည်။
 
ထျန်းနင်နှင့် အနီးဆုံးမှာ မတ်တတ်ရပ်နေသော ဇာတ်ညွှန်းကြီးကြပ်သူ လူငယ်က ပွဲကောင်းလေးကို စောင့်ကြည့်နေ၍ ချက်ချင်း အရှေ့ထွက်ကာ မဲလိပ် တစ်လိပ်ကို နှိုက်လိုက်သည်။ ထို့နောက် စာရွက်လေးကို ဖြေကာ လူတိုင်းမြင်သာအောင် ပြသသည်။
 
 
"ဇာတ်ဝင်ခန်း နံပါတ် ၄၇"
 
 
"ဇာတ်ဝင်ခန်း ၄၇နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ယူလာခဲ့စမ်း"
 
Coque ညွှန်ကြားသည်။
 
ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဇာတ်ဝင်ခန်း အသေးစိတ် အချက်အလက်များကို ချက်ချင်း လက်လွှဲပေးပြီး ယွဲ့ရှမ်ရှမ် သရုပ်ဆောင်ထားသည့် မှတ်တမ်းကို ဖွင့်ပြသည်။
 
 
ဇာတ်ဝင်ခန်း နံပါတ်တွင် ၄၇တွင် ခေါင်းဆောင်မင်းသမီးက ကိုယ်ဝန်ရှိနေမှန်း ပထမဆုံး သိခဲ့သည့် နေ့ဖြစ်သည်။ ဖန်သားပြင်ပေါ်မှာ ယွဲ့ရှမ်ရှမ်က ဆိုဖာပေါ်မှာ ကြောက်ကြောက်ရွံရွံ ထိုင်နေပြီး သူမ၏မန်နေဂျာကို ပေါက်ကရ ပြောဆိုနေသည်။
 
 
အရေးကြီးဆုံး အချက်အနေဖြင့် သူမ၏မျက်နှာအမူအရာက ပျော်ရွှင်မှု နှင့် ကြေကွဲဝမ်းနည်းသော ခံစားချက် နှစ်မျိုးစလုံး ရောယှက်နေသည်။ သူမကို ပေးအပ်သည့် ကံကြမ္မာကို စက်ဆုပ်သော ခံစားချက်ဖြင့် လှောင်ရယ်နေသည်။
 
 
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ယွဲ့ရှမ်ရှမ်က ဇာတ်ညွှန်းအတိုင်း အတိအကျ သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ သို့သော်လည်း ယွဲ့ရှမ်ရှမ်၏မျက်ဝန်းများက ခံစားချက်ကို ဖော်ပြနိုင်စွမ်း ရှိနေသည်။
 
 
သူမက အမျိုးသမီးဇာတ်ဆောင်၏ သူမကိုယ်သူမ လှောင်ရယ်သော ခံစားချက်ကို ချောချောမွေ့မွေ့ သရုပ်ဆောင်သွားနိုင်သည်။
 
 
ဤဇာတ်ဝင်ခန်းက အင်မတန် ခက်ခဲပါသည်။
 
 
ထျန်းနင် တကယ်ကို ကံဆိုးမိုးမှောင်ကျခဲ့သည်။
 
 
အမျိုးသမီးဇာတ်ဆောင်က အားကစားသမားကို ညှို့ယူဖမ်းစားသော ဇာတ်ဝင်ခန်း သို့တည်းမဟုတ် ကလေးမွေးဖွားပြီး ကလေးကို စွန့်ပစ်ခဲ့သောဇာတ်ဝင်ခန်းကို အစမ်းသရုပ်ဆောင်ခွင့်ရလျှင်  ပို၍ သရုပ်ဆောင်ရ လွယ်ကူလိမ့်မည်။ ထျန်းနင်က အခက်ခဲဆုံး ဇာတ်ဝင်ခန်းကို အစမ်း သရုပ်ဆောင်ရတော့မည်။
 
 
အဆိုးရွားဆုံး အနေဖြင့်ပြောရမည်ဆိုလျှင် ယွဲ့ရှမ်ရှမ်၏သရုပ်ဆောင်စွမ်းရည်ကို မြင်တွေ့ပြီးမှ ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရလျှင် ရယ်စရာကောင်းနေလိမ့်မည်။
 
 
"ထျန်းနင်။ မင်းမှာ အခက်အခဲ ရှိတယ်ဆိုရင် မင်း ကျော်သွားနိုင်ပါတယ်"
 
 
"ပြဿနာ မရှိပါဘူး"
 
ထျန်းနင်က လက်ထောက်ဒါရိုက်တာကို ချက်ချင်း စကားဖြတ်ပြောသည်။ သူမက ဖြည့်စွက် ထပ်ပြောသည်။
"ကျွန်မအတွက် ပြဿနာ မရှိပါဘူး။ ကျွန်မ လုပ်နိုင်ပါတယ်"
 
လူတိုင်းက သူမကို သံသယ မျက်ဝန်းဖြင့် ငေးစိုက်ကြည့်နေသည့်တိုင် ထျန်းနင်၏မျက်နှာက ဟန်ပျက်သွားခြင်း မရှိခဲ့ပေ။
 
 
"ဇာတ်ညွှန်းကြီးကြပ်သူ။ ထျန်းနင်ကို ဇာတ်ညွှန်းပေးလိုက်"
 
 
"မလိုအပ်တော့ဘူး"
 
ထျန်းနင် တုံ့ပြန်သည်။
 
ဝါရင့်သရုပ်ဆောင်ယွဲ့ရှမ်ရှမ် ကိုယ်တိုင်ပင် ဇာတ်ဆောင်မင်းသမီး၏ ဇာတ်ညွှန်းတိုင်းကို အသေးစိတ် မမှတ်မိခဲ့ဖူးပေ။
 
 
"ကောင်းပြီလေ။ ဒါဆိုရင် ရိုက်ကွင်းနေရာ ရှင်းမယ်။ ဇာတ်ဆောင်မင်းသမီး ဆေးရုံက ပြန်လာတဲ့ ဇာတ်ဝင်ခန်းကနေ စတင်မယ်"
 
 
ပွဲကြည့်ရန် စောင့်နေသူ အားလုံးက လက်ပိုက်ဟန်အနေအထားဖြင့် ခြေလှမ်း အနည်းငယ် နောက်ဆုတ်ခဲ့သည်။ သူတို့မျက်နှာပေါ်မှာ လှောင်ရိပ်များ ထင်ဟပ်နေပြီး ထျန်းနင် အရှက်ကွဲမည့် အခြေအနေကို စောင့်မျှော်နေပုံပင်။
 
 
လှပသော အဝတ်အစားများကို ဝတ်ဆင်ကာ ပွဲလျှောက်လေ့ရှိသည့် မော်ဒယ်က မျက်စိပသာဒ ခံစားချက်ကိုသာ ပေးစွမ်းနိုင်လိမ့်မည်။ သူမက ရိုက်ကွင်းကို ရောက်လာပြီး တခြားသူအားလုံး၏ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်ချင်သေးသည်။
 
 
လုံကျဲကလည်း လူအုပ်စုကြီးထဲ မတ်တတ်ရပ်နေပါသည်။ ထျန်းနင် တကယ် သရုပ်ဆောင်နိုင်ပါ့မလား သူမလည်း သိချင်နေမိသည်။
 
 
စတူဒီယို ခန်းမဆောင်ထဲ ထျန်းနင် တစ်ယောက်တည်း ရှိနေပြီး သူမ ဘာပြင်ဆင်ထားလဲ မည်သူမှ မခန့်မှန်းနိုင်ပေ။
 
 
"မော်ဒယ်တစ်ယောက် သရုပ်ဆောင်တာကို လာကြည့်မိတဲ့ ငါက ရူးများ ရူးနေသလား"
 
 
"တိုးတိုး ပြောစမ်း။ သူက မို့သူဌေးရဲ့ ကောင်မလေးနော်။ စကားကို ရှေ့နောက်ကြည့်ပြီး ပြောစမ်းပါ။ နင့် လှောင်ရယ်သံကြောင့် ပြဿနာကို ပုံကြီးချဲ့သလို ဖြစ်နေမယ်"
 
 
"ထွီ သူက မို့သူဌေးရဲ့ကောင်မလေး ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူ သရုပ်မဆောင်နိုင်ရင် သရုပ်မဆောင်နိုင်ဘူးပေါ့။ လေလုံးထွားနေသေးတယ်။ အဲဒီမိန်းမမှာ အရည်အချင်းရှိတယ်လို့ မယုံနိုင်ပါဘူး"
 
 
လူအုပ်စုကြီး၏နောက်ကွယ်မှာ အရပ်ရှည်ရှည် ယောက်ျားနှစ်ဦးက အားလုံး သတိမထားမိချိန် ရောက်ခဲ့သည်။ မို့ထင်က ယခုလို အရေးကြီးသော အခြေအနေမျိုးကို လက်လွှတ်ခံမည်နည်း။ သူ ရောက်လာခြင်းကို မည်သူကိုမှ အသိမပေးဘဲ လုချယ်ကို ကျောခိုင်းကာ မတ်တတ်ရပ်နေသည်။
 
 
"စတော့မယ်နော်၊ စတော့မယ်"
 
 
(ရုပ်ရှင်)ကလက်၏အသံက စတူဒီယို တစ်ခန်းလုံး ပဲ့တင်ထပ်လာပြီး အခန်းတံခါးကို ရုတ်တရက်  တွန်းဖွင့်သည်။ ထျန်းနင်က သူမ၏ခန္ဓာကိုယ်ဖြင့် အခန်းတံခါးကို တွန်းဖွင့်ခဲ့ခြင်း ဖြစ်သည်။
 
 
သူမက အားကုန်သုံးပြီး အခန်းတံခါးကို တွန်းဖွင့်ခဲ့ခြင်း မဟုတ်သော်လည်း သူမ၏အသက်မဲ့သော ခန္ဓာကိုယ်က အခန်းထဲ ယိုင်တိယိုင်တိုင် လမ်းလျှောက်လာသော မြင်ကွင်းကို  အားလုံး သတိထားမိသည်။
 
 
သူမက ယိမ်းထိုးနေသော ခြေလှမ်းများဖြင့် လမ်းလျှောက်လာ၍ သူမ၏လက်ထဲမှ မှတ်တမ်းစာရွက်လေးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ အရှေ့စာမျက်နှာပေါ်မှာ ရေးသားထားသော 'ကိုယ်ဝန်'ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
 
 
ထျန်းနင်က စကားတစ်ခွန်းမျှ မဆိုဘဲ စားပွဲခုံကို မှီထားသည်။ သူမ၏ရင်ဘတ်က နိမ့်ချည်းမြင့်ချည်း တစ်လှည့်စီ ဖြစ်ပေါ်နေ၍ အသက်ခပ်ပြင်းပြင်းရှုနေမှန်း ခံစားနိုင်သည်။ ရုတ်တရက် အသိစိတ်ပျောက်ဆုံးသွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကာ ကျန်းမာရေးစစ်ဆေးထားသော မှတ်တမ်းစာရွက်လေးကို ကောက်ယူပြီး ဘောလုံးလေးကို လုံးချေကာ အမှိုက်ပုံးထဲ တန်းလွှင့်ပစ်သည်။
 
 
ခဏကြာတော့ သူမက နံရံကို မှီထားပြီး အားလုံး မမျှော်လင့်ထားသော အပြုအမူမျိုးကို လုပ်ဆောင်သွားသည်။ ထျန်းနင်က ရုတ်တရက် ထခုန်သည်။
 
 
သူမက ကလေးကို သတ်ချင်နေပုံရသည်။
 
 
စတူဒီယိုခန်းမဆောင်ထဲမှ လူအားလုံးက ထျန်းနင်ကို ငေးစိုက်ကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်နေရသည်။ သူမ၏ဗိုက်ထဲ ကလေး တကယ်ရှိနေ၍ ကလေး ပျက်ကျသွားမည်ကို သူတို့အားလုံး စိုးထိတ်နေ သကဲ့သို့ ခံစားစေသည်။
 
 
သူမက ရုတ်တရက် ထခုန်သည့်အပြင် ဆိုဖာပေါ် ပြေးသွားကာ ဆိုဖာပေါ် ထခုန်ပြန်သည်။ သို့သော်လည်း ရုတ်တရက် ခြေချော်ပြီး စားပွဲခုံစောင်းဖြင့် ဗိုက်ကို ဝင်တိုက်မိသွားသည်။ ကလေးကို အရမ်းသတ်ချင်ခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်က မသိစိတ်၏လှုံ့ဆော်မှုအရ သူ့ဗိုက်လေးကို ကာကွယ်နေသည်။
 
 
သူမက သရုပ်ဆောင် မင်းသမီး ဖြစ်သည့်အပြင် မိခင်တစ်ဦးလည်း ဖြစ်နေသည်။ သူမမှာ လူသားအသိစိတ် မိခင်စိတ် ရှိနေပါသေးသည်။
 
 
သူမက စက္ကန့်ပိုင်းမျှ ကြမ်းပြင်ပေါ် လူးလမ့်ပြီးနောက် ရုတ်တရက် ခေါင်းမော့လာကာ စက်ဆုပ်သော စွဲလမ်းခြင်း ကင်းမဲ့သော မျက်နှာအမူအရာကို လှစ်ဟာပြသည်။
 
 
ထို့နောက် စားပွဲခုံပေါ် တင်ထားသော လက်ကိုင်ဖုန်းကို ကောက်ယူကာ သူမ၏မန်နေဂျာကို ဖုန်းခေါ်သည်။
 
"Jesse၊ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ"
 
ဤဇာတ်ဝင်ခန်းက ဤနေရာမှာတင် အဆုံးသတ်သွားခဲ့သည်။
 
 
ဇာတ်ဝင်ခန်း ပြီးဆုံးသွားသည်နှင့် ထျန်းနင်က သူမ၏ တည်ငြိမ်သော မျက်နှာအရာကို ပြန်ဆင်မြန်းသည်။ သူမ၏အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်ပြီး ဖိနပ်ပြန်ဝတ်သည်။
 
 
စတူဒီယို ခန်းမဆောင် တစ်ခန်းလုံး ပုံမှန်ထက် ပို၍ တိတ်ဆိတ်နေသည်။
 
 
သူတို့မျက်ဝန်းများက မယုံကြည်နိုင်စွာ ပြူးကျယ်နေသည်။
 
 
"တစ်ယောက်ယောက် ငါ့ကို ဆွဲဆိတ်စမ်းပါ။ ဒါက ဇာတ်ညွှန်းထဲက ဇာတ်ဝင်ခန်း ဟုတ်ပါတယ်နော်။ ရုပ်ရှင်ရိုက်နေတာလား အပြင်မှာ တကယ် ဖြစ်နေတာလား"
 
ဝန်ထမ်းတစ်ယောက်က ဟိုဟိုသည်သည် လှည့်ကာ ဘေးနားမှ သူငယ်ချင်းများကို မေးမြန်းနေသည်။
"ဒါမှ မဟုတ် ငါ အိပ်မက်မက်နေသလား။ စိတ်ကူးယဉ်နေမိသလား"
 
***

Continue Reading

You'll Also Like

510K 32.2K 66
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
807K 8.1K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
197K 15.4K 35
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...