ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

Oleh jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) Lebih Banyak

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 325+326+327

117 9 0
Oleh jellyflower1

အပိုင်း(၃၂၅)

 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအိုရုံးခန်းက ည၁၀နာရီ ရောက်သည့်တိုင် မီးလင်းနေသေးသည်။
 
 
ဖန်ယွီက သူ့မင်္ဂလာဆောင်ကြောင့် နိုင်ငံရပ်ခြားကို ရောက်နေသော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေး ဒုက္ခရောက်နေသည့် သတင်းကို ကြားကြားချင်း မင်္ဂလာပွဲပြီးဆုံးသည်နှင့် ပေကျင်းကို ပြန်လာခဲ့သည်။ သူ ထင်သည့်အတိုင်း မို့ထင်က အိမ်မပြန်သေး၊ ရုံးခန်းထဲမှာ ရှိနေသေးသည်။
 
 
မို့ထင်က ခေါင်းလေးမော့ကာ ဖန်ယွီကို ကြည့်လိုက်ပြီး သုန်မှုန်နေသော လေသံဖြင့် စကားပြောလေ၏။
 
"မင်းဘာလို့ ပြန်လာတာလဲ"
 
"အမ်"
 
မို့ထင်၏ တုန်လှုပ်ချောက်ချားခြင်း ကင်းမဲ့သော မျက်နှာအမူအရာကို ငေးကြည့်မိစဉ် ဖန်ယွီ ပြောစရာ စကားလုံးများ ပျောက်ကွယ်သွား၍ သူ့နဖူးကို လက်ဖြင့် တို့ထိကာ
"ပြဿနာက ဖြေရှင်းဖို့ ခက်ခဲမယ်လို့ ငါ တွေးခဲ့ပေမဲ့ အခု မင်း မျက်နှာအမူအရာကိုကြည့်လိုက်တော့ ငါ ထင်ထားသလောက် ပြဿနာက မခမ်းနားဘူးပဲ။ မင်းမှာ အဖြေရှိပြီသားဆိုရင် ဘာလို့ အခုအချိန်ထိ အိမ်မပြန်သေးတာလဲ"
 
"စိုးရိမ်နေတဲ့ ခံစားချက်ကို မင်း မခံစားနိုင်ဘူးလား"
 
 
ဒါရိုက်တာဘုတ်အဖွဲ့က အရေးပေါ် အစည်းအဝေး ကျင်းပရန် မို့ထင်က သောကရောက်ချင်ယောင် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်မှန်း ဖန်ယွီ သဘောပေါက်သွားသည်။ မြေခွေးတစ်သိုက်ကို ရှင်းလင်းနိုင်သည့် အခွင့်အရေးက ရံဖန်ရံခါမှ ရတတ်သည်။ အခွင့်အရေးကောင်းက သူ့လက်ထဲ ရောက်နေ၍ သူကလည်း ကောင်းကောင်းကြီး အသုံးချရပေဦးမည်။
 
 
"မင်းဘယ်လို တန်ပြန်တိုက်ခိုက် မလဲ"
 
 
"သူတို့တွေ ဖော်တဲ့အဆိပ်ဆေးကို သူတို့ကို ပြန်မြည်းခိုင်းရမှာပေါ့"
 
မို့ထင်က ဖန်ယွီ၏မေးမြန်းမှုကို ရိုးရှင်းသော စကားတစ်ခွန်းတည်းဖြင့် ပြန်ဖြေသည်။
 
အင်တာနက်ဝါသနာရှင်များက ဟိုက်ဟွေ့ဖျော်ဖြေရေးဘက်မှ တောင်းပန်စကား ပြောပြီး ပြဿနာကို တာဝန်ယူမည့်အချိန်ကိုသာ စောင့်မျှော်နေစဉ် ပရိသတ်များကြား အငြင်းပွားသည့် ဖြစ်ရပ်က ဟိုက်ဟွေ့ဖျော်ဖြေရေးအတွက် အရေးမပါကြောင်း သူတို့ မစဉ်းစားခဲ့မိချေ။
 
 
ထျန်းနင်က သူ့အမှားကို ဝန်ခံပြီး စိတ်ဓာတ်ကို ပြုပြင်လိမ့်မည်ဟု သူတို့ တွေးခဲ့သည်။ သို့တိုင် လက်တွေ့မှာ ထျန်းနင်က ဂရုမစိုက်ခဲ့ချေ။
 
 
မန်နေဂျာမို့က ဘာဆိုဘာမှ မပြောခဲ့၍ ထျန်းနင်လည်း ဝင်ရောက်ဖြေရှင်းရန် မလိုအပ်ပေ။ အရေးကြီးဆုံးအချက်အနေဖြင့် ထျန်းနင်၏ပရိသတ်များက အစတည်းက ဖြူစင်ရိုးသားခဲ့သည်။
 
 
သူမ အရှေ့ထွက်လိုက်လျှင် သူမ၏ပရိသတ်များက တစ်စုံတစ်ရာ အမှားကျူးလွန်ခဲ့သည်ဟု ဝန်ခံရာ ရောက်လိမ့်မည်။
 
 
ထို့အပြင် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့ ထုတ်ပြန်သည့် ကြေညာချက်ကလည်း ရိုးရှင်းသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးကို ရဲစခန်းက ဆက်လက်စုံစမ်းနေသည်ဟုသာ သတင်းထုတ်ပြန်ခဲ့သည်။ သူတို့က တရားဥပဒေအရ ဖြေရှင်းရန် ဆုံးဖြတ်ထားလေ၏။
 
 
ကြေညာချက် ထွက်ပေါ်လာစဉ် ယွဲ့ပရိသတ်များက ချက်ချင်း ကန့်ကွက်ကြသည်။ အမှန်တရားက သိသာထင်ရှားနေပြီး ဟိုက်ဟွေ့ဖျော်ဖြေရေးက သူ့တာဝန်ကို ရှောင်တိမ်းရန် ကြိုးစားနေသည်ဟုသာ သူတို့က တွေးတောထားသည်။
 
 
သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက မှန်ကန်သော ရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေသော လူတချို့လည်း ရှိသည်။ ယွဲ့ပရိသတ် ဒဏ်ရာရသည်မှာ အမှန်တရား ဖြစ်သော်လည်း ထျန်းနင် ကျူးလွန်ခဲ့သော ပြစ်မှု မဟုတ်၍ ထျန်းနင် တာဝန်ယူစရာ မလိုအပ်ချေ။ စကားအချေအတင် ပြောဆိုသည့် အဆင့်မှ ရိုက်နှက် တိုက်ခိုက်သော အဆင့်ကို ရောက်သွားခဲ့သည့် နှစ်ဖက်စလုံး၏ အမှားသာ ဖြစ်လေ၏။
 
 
တစ်ဖက်တည်းမှ တောင်းပန်စကားကို တောင်းဆိုခြင်းသည် မျှတမှု မရှိချေ။ ထို့ကြောင့်လည်း ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခြင်းက အကောင်းဆုံး အဖြေ ဖြစ်လိမ့်မည်။
 
 
သို့သော်လည်း မို့ထင်၏စိတ်သဘောထားကို ကောင်းကောင်း နားလည်သဘောပေါက်သည့် မည်သူမဆို မို့ထင် တမင်သက်သက် အချိန်ဆွဲနေမှန်း သိလိမ့်မည်။
 
 
အရာအားလုံးကို တရားဥပဒေအရ ရင်ဆိုင်ရန် လက်လွှဲပေးခြင်းက ဥပဒေကို ပီအာ အကာအရံအနေဖြင့် အသုံးချချင်၍ ဖြစ်လေ၏။
 
 
ထိုမှသာ မို့ထင်က အရာအားလုံးကို အပြည့်အဝ ချုပ်ကိုင်နိုင်လိမ့်မည်။
 
 
မို့ထင်၏ပုံမှန်မဟုတ်သော ပြဿနာ ဖြေရှင်းနည်းကြောင့် နောက်တစ်နေ့မှာဒါရိုက်တာဘုတ်အဖွဲ့၏ ၃၀ရာခိုင်နှုန်းကျော်က အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုလာလိမ့်မည်။
 
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးကို စတင်တည်ထောင်ခဲ့စဉ်က ယခုထက် ပို၍ ဆိုးရွားသော အခက်အခဲများကို ရင်ဆိုင်ဖူးသည်။ သို့သော်လည်း J-King၏အကြိမ်ပေါင်းများစွာ ရန်ရှာမှုကြောင့် မို့ထင်က ထျန်းနင်ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့်လည်း ရှယ်ရာရှင်များက မို့ထင်၏ အရည်အချင်းကို သံသယဝင်လာပြီး မိန်းမတစ်ယောက်ကြောင့် စီးပွားရေး မွဲပြာကျလိမ့်မယ်ဟု ယူဆနေကြသည်။
 
 
 
မို့ထင် အိမ်က မထွက်သွားခင် ထျန်းနင်က မို့ထင်၏ဝတ်စုံ သေသပ်အောင် မှန်ရှေ့မှာ ပြင်ဆင်ပေးနေသည်။ သူမ၏မျက်ဝန်းတွင် အဆင်မပြေသော ခံစားချက်များ ရောယှက်နေသည်။
 
 
မို့ထင်က သူမ၏ညာဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး လက်ဖမိုးလေးကို အနမ်းပေးသည်။
 
"ချစ်လေး ဘာတွေ စိုးရိမ်နေသလဲ"
 
"ဒီနေ့ အစည်းအဝေးကြောင့်လေ"
 
 
"ချစ်လေး စိုးရိမ်သင့်လို့လားကွာ"
 
မို့ထင်က ထျန်းနင်၏လက်ကောက်ဝတ်လေးကို လွှတ်ပေးလိုက်သည်။
"ကြောက်နဲ့ကြွက် ကစားပွဲကို ကိုယ်က သဘောကျနေတယ်လို့ တွေးနေသလား"
 
ထျန်းနင်က မို့ထင်၏ရင်ခွင်ကို မှီလိုက်သည်။ မို့ထင်‌၏အရည်အချင်းကို ယုံကြည်ပါသော်လည်း မိန်းမ သဘာဝအရ ခင်ပွန်းသည်ကို စိုးရိမ်မိသည်။
 
 
"ချစ်လေး အရင်တုန်းက ပြောဖူးတယ်နော်။ ကိုယ်က ချစ်လေးရဲ့ အကူအညီကို လိုအပ်ရင် ချစ်လေးက ကိုယ့်ကို ကာကွယ်ဖို့ အရှေ့ထွက်ပေးမယ်တဲ့"
 
 
"ဘာလို့ ဒီအကြောင်းကို ရုတ်တရက် ပြောနေတာလဲ"
 
ထျန်းနင်က ဦးခေါင်းလေးကို မော့ကာ မေးမြန်းသည်။
"ချစ်လေးက အဆင်သင့် ဖြစ်နေပြီသားပါ။ ယောက်ျားကို ကူညီပေးဖို့ အသင့်ပဲ"
 
မို့ထင်က ထျန်းနင်၏ နက်မှောင်သော ဆံနွယ်လေးကို ဖွဖွလေး သပ်ပေးသည်။ သူ့ချစ်ဇနီးလေး စိတ်ထိခိုက်နေမည်ကို သူ ခံနိုင်ရည် မရှိပေ။ ထို့ကြောင့် သူ ဆုံးဖြတ်ချက် ချလိုက်သည်။
 
"ချစ်လေးရဲ့အိပ်မက် အကောင်ထည်ဖော်လို့ရအောင် ကိုယ် အကောင်းဆုံး ကူညီပေးမယ်။ ချစ်လေး မစိုးရိမ်နဲ့နော်"
 
သူတို့စုံတွဲလေးက တစ်ယောက်စိတ်ကို တစ်ယောက် နားလည်နိုင်စွမ်း ရှိသည်။ မို့ထင်က သူ ဘာလုပ်မည်ကို အသေးစိတ် ပြောပြနေစရာပင် မလိုအပ်ချေ။ သူ ဘာပဲလုပ်လုပ် ထျန်းနင်က သူ့ကို နားလည်နေ၍သာ သူတို့နှစ်ဦးကြား စကားအများကြီး ပြောနေစရာ မလိုအပ်‌ပေ။
 
 
ထိုစဉ် ထျန်းနင် လုပ်ဆောင်သမျှ အလုပ်ကိစ္စတိုင်းက မို့ထင် ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်အောင် ကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။
 
 
 
"ချစ်လေးရဲ့ပရိသတ်တွေက အလှူအတန်းတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ သူတို့တွေက ရန်ပုံငွေရှာဖို့ ဝက်ဘ်ဆိုက် တစ်ခု တည်ထောင်ထားတယ်"
 
 
 
" ချစ်လေးက သူတို့ကို ကောင်းကောင်း သင်ပြပေးခဲ့တာပဲ"
 
 
မို့ထင်က သူမ၏ရည်ရွယ်ချက်ကို နားလည်ခဲ့၍ ထျန်းနင် သဘောကျနှစ်ခြိုက်စွာ ပြုံးလိုက်သည်။
 
 
ထျန်းနင်က စကားထပ်မပြောဘဲ မို့ထင်၏ရင်ခွင်ထဲမှ တွန်းထွက်ကာ
 
"ယောက်ျား၊ ရှင် အလုပ်သွားသင့်ပြီနော်။ အစည်းအဝေး ကျင်းပမယ့် အချိန်နီးကပ်နေပြီ"
 
ဝမ်းတွင်းမည်း လူယုတ်မာများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့စုံတွဲက အံ့ဩစရာကောင်းလောက်အောင် အတွဲညီနေသည်။
 
 
 
ဇာတ်ရည်လည်လာမည့် ပွဲကောင်းလေးကို စောင့်ကြည့်ရမည့် အချိန်ကို ဆိုက်ရောက်လာသည်။
 
 
 
...
 
 
မနက် ၁၀နာရီ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အစည်းအဝေး ကျင်းပရာ အခန်း
 
 
မို့ထင် မရောက်ခင်တည်းက ရှယ်ရာရှင် လူအိုကြီးများက မို့ထင်၏ ပြဿနာကိုင်တွယ်ပုံကို မကျေနပ်ကြောင်း အမူအရာပြသည်။
 
 
ဟိုက်ဟွေ့ကုမ္ပဏီသည် ဖျော်ဖြေရေးလောက၌ နှစ်ပေါင်းများစွာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းလည်း ဖြစ်ခဲ့သည်။ တာဝန် ခေါင်းရှောင်ရန် ကြိုးစားနေသည်ဟု ပြစ်တင်ခံရခြင်းလည်း မရှိခဲ့ဖူးပေ။ သို့သော်လည်း ထျန်းနင်နှင့် ပတ်သက်လာတိုင်း မို့ထင်က အငြင်းပွားဖွယ် ပြဿနာကို အညင်သာဆုံး နည်းလမ်းဖြင့် ဖြေရှင်းလေ့ရှိသည်။
 
 
"မို့သူဌေးက အညတရမော်ဒယ်မရဲ့ မန်နေဂျာ ရာထူးကို ရွေးချယ်လိုက်လို့ အခုလို အငြင်းပွားဖွယ် ပြဿနာတွေ ကြုံရတာလေ။ ဒီတစ်ခေါက်တော့ မို့ထင်က အဲဒီမိန်းကလေးကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်တော့ဘူး"
 
ရှယ်ရာရှင်တစ်ဦးက မကျေမနပ် ထပြောသည်။
 
"ဒီရက်ပိုင်း မို့ထင် ပြောင်းလဲသွားတာ မင်းတို့တွေ သတိမထားမိဘူးလား"
 
ဒုတိယ ရှယ်ရာအများဆုံး ရှယ်ရာရှင်က အစည်းအဝေး စားပွဲခုံကို လက်ဖြင့် ဆောင့်ရိုက်ကာ စကားဖြတ်ပြောသည်။
 
"ဒီလိုသာ ဆက်ဖြစ်နေရင်တော့ ငါတို့ဟိုက်ဟွေ့ဖျော်ဖြေရေးကို ထျန်းနင်လက်ထဲ လွှဲပေးတော့မယ်။ အဲဒီမိန်းမက မြေခွေးမပဲ"
 
 
"မို့ထင်က ထျန်းနင်ကို ကူညီဖို့ သူ့ရာထူးကို အသုံးချခဲ့တဲ့ သက်သေတွေ ငါ စုဆောင်းထားတယ်"
 
သတင်းအချက်အလက်များ တင်ပြမည့်သူက J-King၏ဖခင် ဒါရိုက်တာချန်း မှ လွဲ၍ တခြားသူ မဖြစ်နိုင်ချေ။
 
သိပ်မကြာခင်တုန်းက သူ့ကို ဆက်သွယ်ရန် လုချယ် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ နိုင်ငံရပ်ခြား ရောက်နေသော အကြောင်းပြချက်ဖြင့် တွေ့ဆုံခွင့် မပေးခဲ့ပေ။ တကယ်တမ်း သူက မို့ထင်ကို အကဲခတ်နေခြင်းသာ ဖြစ်သည်။
 
 
ဒါရိုက်တာအဖွဲ့က သူတို့အနား လာချပေးသည့် အချက်အလက်များကို ဖတ်ရှုပြီး မျက်စိအဝိုင်းသား ဖြစ်သွားသည်။
 
 
"ငါတို့တွေ ဒီလိုဆက်ဖြစ်ခွင့် ပေးမလား"
 
 
"ဒီလိုသာ ဆက်ကြုံနေရင်တော့ သိပ်မကြာခင် ဟိုက်ဟွေ့ဖျော်ဖြေရေးလည်း ပျက်သုန်းသွားလိမ့်မယ်"
 
 
"ဘယ်လိုများ ပျက်သုန်းသွားမလဲ သိချင်လိုက်တာဗျာ"
 
မို့ထင်၏ဩရှရှအသံက တံခါးပေါက်နားမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
 
ဒါရိုက်တာအဖွဲ့က သူတို့လက်ထဲမှ အချက်အလက် စာရွက်ကို ချက်ချင်း ဖွက်ထားပြီး မျက်နှာလွှဲကြသည်။
 
 
မို့ထင် ခနဲ့လိုက်ပြီး စီအီအို ထိုင်ခုံမှာ ထိုင်လိုက်သည်။ သို့သော်လည်း သူ့အကြည့်က သူတို့အားလုံး ဖွက်ရန် ကြိုးစားနေသော စာရွက်ပေါ်သာ ရှိနေသည်။
 
"ငါရော ကြည့်လို့ ရမလား"
 
ရှယ်ရာရှင်များ မှင်တက်သွားမိသော်လည်း သူတို့လက်ထဲမှ အချက်အလက် စာရွက်ကို နာခံစွာလွှဲပြောင်းပေးသည်။
 
 
 
မို့ထင်က စာမျက်နှာ တချို့ကို သာမန်ကာလျှံကာ လှန်လှောပြီး ဘေးဘက် လွှင့်ပစ်သည်။
 
 
"ဘာပဲ ဒီလောက် အချက်အလက်လေးနဲ့ ငါက လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား လုပ်နေတယ်လို့ ပြောချင်တာလား"
 
" မို့ထင်။ မင်း လူတိုင်းကို ဖြေရှင်းချက် ပေးသင့်တယ်လို့ မတွေးဘူးလား"
 
 
" ကျုပ်က ခင်ဗျားတို့ကို ဘာတွေ ရှင်းပြပေးနေဖို့ လိုအပ်သလဲ"
 
မို့ထင်က ဒါရိုက်တာချန်းကို စူးစူးရဲရဲ ကြည့်ရှုကာ ပြန်မေးမြန်းသည်။
"ခင်ဗျားတို့ ကြားချင်တယ်ဆိုရင်တော့ အကျိုးအကြောင်း ခိုင်လုံတဲ့ ဖြေရှင်းချက် တစ်ခုတော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့တွေ ကြားချင်နေတဲ့ စကားကို မပြောခင် ဒါရိုက်တာချန်းကို မေးမြန်းချင်သေးတယ်။ ခင်ဗျားသားက ကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ပြဿနာကို မီးခွက်ထွန်းရှာနေတာ ဘာသဘောလဲဗျာ"
 
***
အပိုင်း(၃၂၆)

 
ဒါရိုက်တာချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
 
 
"မင်း ဘာကို ဆိုလိုချင်တာလဲ"
 
တခြားသော ရှယ်ရာရှင်များက မို့ထင် ပြောချင်သည့် စကား၏အဓိပ္ပါယ်ကို နားမလည်နိုင်၍ ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလာသည်။
 
"ခင်ဗျားရဲ့သား J-Kingက နှစ်ဖက် ပရိသတ်ကြား အငြင်းပွားဖွယ် ရန်ပွဲဖြစ်အောင် ဘယ်လိုတွေ အားပေး အားမြှောက်လုပ်ခဲ့သလဲ၊ သရုပ်ဆောင်ယွဲ့ရှမ်ရှမ်  ရုပ်ရှင်ရိုက်ကူးရေး ရပ်တန့်အောင် ဘယ်လိုတွေ ဖိအားပေးခဲ့သလဲ၊ ဥပဒေအရ ဖြေရှင်းရတဲ့ အခြေအနေရောက်အောင် ငွေပေး စေခိုင်းခဲ့လဲ ကျုပ်သိတယ်ဆိုတာ ခင်ဗျားတို့ကို ပြောပြနေရတာပဲ။ ဒီကနေ့ အစည်းအဝေးပွဲကို ကြည့်လိုက်ရင် အဖြေက ရှင်းနေတာပဲလေ"
 
 
"မို့သူဌေး၊ ခင်ဗျားကိုယ် ခင်ဗျား ကယ်တင်ချင်ရုံနဲ့ ကျုပ်သားကို မစော်ကားစမ်းပါနဲ့"
 
ဒါရိုက်တာချန်းက အေးစက်စက် လေသံဖြင့် အော်ငေါက်သည်။
 
"ကောင်းပြီလေ၊ ဒီလိုဆိုရင် ခင်ဗျား ဒီလို အချက်အလက်တွေ စုဆောင်းလာတာ ခင်ဗျားအတွက် ဘာများ အကျိုးအမြတ် ရမှာမို့လဲ ရှင်းစမ်းပါဦး"
 
မို့ထင်က စာရွက်အထပ်လိုက်ကို မြှောက်ပြသည်။
"ခင်ဗျားက ကျုပ်ကို မကောင်းကြံချင်လို့သာ ကျုပ်တာဝန်ယူထားရတဲ့ အနုပညာရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းတာပေါ့။ ကျုပ်ကို ငတုံးငအလို့များ တွေးနေသလား။ ဒါပေမဲ့ မန်နေဂျာတိုင်းက သူတို့အနုပညာရှင် အလုပ်ရဖို့ နဲ့ သူတို့ထမင်းရှင်ကို ကာကွယ်ဖို့ ဒီနည်းလမ်းအတိုင်းပဲ ပြဿနာကို ဖြေရှင်းကြတာလေ။ ကျုပ်က ဘာများ ထူးကဲပြီး အမှားကျူးလွန်ထားလို့လဲ"
 
ရှယ်ရာရှင်များကို တစ်ယောက်ကို တစ်ယောက် ကြည့်နေသော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောကြပေ။
 
 
တကယ်တမ်း မို့ထင် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက အကျိုးအကြောင်းခိုင်လုံပြီး နည်းမှန်လမ်းမှန် ဖြစ်နေသည်။ ဖျော်ဖြေရေးလောကသည် ငွေကြေးဓန နှင့် နောက်ခံအင်အားကို တန်ဖိုးထားသော လူ့ဘောင်လောကကြီး ဖြစ်လေ၏။ တချို့သော မန်နေဂျာများက သူတို့အနုပညာရှင်အတွက် လက်သီးပုန်း နည်းလမ်းကို သုံးတတ်သည့် ကောက်ကျစ်စဉ်းလဲသူများ ဖြစ်သည်။ သူတို့အားလုံး၏ ကောက်ကျစ်မှုအဆင့်က မို့ထင်ထက် သာလွန်ပါသည်။
 
 
ဒါရိုက်တာချန်းက မို့ထင်ကို မည်သည့်အတွက်ကြောင့် ပစ်မှတ်ထားသနည်း။
 
 
"ဒီလိုဆိုရင်တောင် မင်းက ငါ့သားကို စော်ကားခွင့် မရှိဘူး"
 
 
"ကောင်းပါပြီ။ ဒါဆိုရင် ကျုပ်ကလည်း ရန်လိုနေတဲ့ ခင်ဗျားကို သွယ်ဝိုက်နည်းတွေနဲ့ မပြောတော့ဘူး။ အခြေအနေအတိုင်း ပြဿနာကို ရှင်းကြတာပေါ့။ ဒီမှာရှိနေတဲ့ လူတိုင်းက ဟိုက်ဟွေ့မိသားစုကြီးရဲ့ မိသားစုဝင်တွေပဲ။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကြောင့် ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို မပေါက်ကြားစေဘူးလို့ ယုံကြည်ပေးထားမယ်"
 
မို့ထင်၏နှုတ်ခမ်းက အပေါ်ကော့ညွှတ်သွားပြီး သူ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်ကို တင်ပြသည်။
"ဒီအချက်အလက်တွေကို ဖတ်ကြည့်ပါ၊ ဒါဆိုရင် ကျုပ် အချိန်ဆွဲနေရတဲ့ အကြောင်းအရင်းကို နားလည်သွားလိမ့်မယ်"
 
ဒါရိုက်တာဘုတ်အဖွဲ့က သူတို့လက်ထဲ ရောက်လာသော စာရွက်စာတမ်းများကို ကြည့်ပြီး တစ်ပြိုက်နက်တည်း ခေါင်းညိတ်ကြသည်။ သူတို့မျက်နှာပေါ်မှ ဒွိဟဖြစ်သော ခံစားချက်များလည်း ယခုမှ ပြယ်လွင့်သွားခဲ့သည်။
 
 
သို့တိုင် ဒါရိုက်တာချန်းက စိတ်မတင်မကျ ဖြစ်နေသည်။
 
 
သူ မြင်ခဲ့သော အချက်အလက်များကို သူ့သားအား ပြောပြခဲ့မိလျှင် သူ အရေးနိမ့်သွားလိမ့်မည်။
 
 
သူ့သားကို မပြောပြခဲ့လျှင်လည်း သူ့သား J-King၏အစီအစဉ်အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
 
 
"ဒါရိုက်တာချန်း ဘယ်လိုလဲ။ အခုအချိန်ထိ စိတ်ဓာတ် မပြတ်မသားဘူးလား"
 
 
" မဟုတ်ပါဘူး"
 
ဒါရိုက်တာချန်းက စိတ်ရှုပ်ထွေးစွာ ပြန်ဖြေသည်။
 
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီနေ့ အစည်းအဝေးတက်တဲ့ ရှယ်ရာရှင် အားလုံးရဲ့ မျက်လုံးတွေက ခင်ဗျားကို မျက်စိထောင့် ထောင့်ကြည့်နေမှာတော့ မမေ့နဲ့ဦး။ အချက်အလက်တွေ ပေါက်ကြားသွားရင် နောက်တစ်ခေါက် အစည်းအဝေးပွဲက ခင်ဗျားအတွက် ဖြစ်သွားလိမ့်မယ်"
 
မို့ထင်၏အသံက ရှယ်ရာရှင်အားလုံး၏နားစည်ထဲ ပဲ့တင်ထပ်လာသည်။
"ဒီအကြောင်းကို ဒါရိုက်တာချန်း တစ်ယောက်တည်းကို ရည်ညွှန်းပြောနေတာ မဟုတ်ဘူးနော်။ အားလုံး သိဖို့ ပြောနေရတာပဲ။ ဒါက အားလုံးအတွက် အသိပေးချက်လည်း ဖြစ်တယ်။ ငါ့ရာထူးကို လုယူဖို့ သတ္တိရှိရင် စမ်းကြည့်လိုက်လေ"
 
မို့ထင်၏အပြုံးက ခံစားချက်ပေါင်းစုံကို ပေးစွမ်းသည်။ မို့ထင် ခံစားချက် ကင်းမဲ့သော မျက်နှာအမူအရာဖြင့် နှုတ်ဆိတ်နေခြင်းထက် ပြုံးနေခြင်းက ပို၍ ကြောက်စရာ ကောင်းနေသည်။
 
 
ရှယ်ရာရှင်အားလုံးက မို့ထင်၏အလုပ် လုပ်ကိုင်နိုင်စွမ်းကို ကောင်းကောင်းကြီး သိနေသည်။ မို့ထင် ခေါင်းကြည်ကြည်လင်လင် ရှိနေသရွေ့ ကာလပတ်လုံး မို့ထင်က ဟိုက်ဟွေ့ဖျော်ဖြေရေးကို ကောင်းမွန်စွာ စီမံ့နိုင်သည်။ ထို့ကြောင့်လည်း မို့ထင်ကို ဟိုက်ဟွေ့ဖျော်ဖြေရေး၏ တစ်ဦးတည်းသော အုပ်ချုပ်သူအဖြစ် သူတို့အားလုံးကပျော်ပျော်ရွှင်ရွှင်ဖြင့် လက်သင့်ခံနိုင်သည်။
 
 
မို့ထင်က လိင်မှုကိစ္စမှာ မျက်ကန်းတစ္ဆေ မဖြစ်နေသရွေ့ မို့ထင်ကို သံသယကင်းကင်းဖြင့် ယုံကြည်နိုင်သည်။
 
 
ယနေ့မှစ၍ ဒါရိုက်တာချန်းနှင့် လမ်းမှာ ထိပ်တိုက်တွေ့ရလျှင် တခြားလမ်းကိုသာ ရွေးလျှောက်မိလိမ့်မည်။ သို့တည်းမဟုတ်လျှင် ဒါရိုက်တာချန်း၏ ကောက်ကျစ်စဉ်းလဲသော ထောက်ချောက်မှာ သူတို့အကြိမ်ကြိမ် ပြိုလဲမိလိမ့်မည်။
 
 
သိပ်မကြာလိုက် ရှယ်ရာရှင်အားလုံးက အစည်းအဝေးအခန်းမှ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြသည်။ ဒါရိုက်တာချန်းလည်း မပြတ်သားသော မျက်နှာအမူအရာဖြင့် တံခါးပေါက်နား လမ်းလျှောက်သွားသည်။ သူ့အကြံအစည်ကို ဖုံးကွယ်ထားရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အဆုံးသတ်မှာတော့ မို့ထင်၏ အရာအားလုံး ထိုးထွင်းသိမြင်နိုင်သော အမြင်အာရုံမှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။
 
 
မို့ထင်၏ညွှန်ပြမှုကြောင့်လည်း ရှယ်ရာရှင်များက ဒါရိုက်တာချန်းကို စောင့်ကြည့်လိမ့်မည်။
 
 
သူ့ဘက်က တစ်ခုခုလွဲချော် သွားခဲ့လျှင် ရင်ဆိုင်ရမည့် ရလာဒ်က မတွေးဝံ့စရာပေ။
 
 
အဆုံးသတ်မှာတော့ ဒါရိုက်တာချန်းက အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သူ့သားအား မပြောပြရန် ဆုံးဖြတ်ခဲ့သည်။
 
 
....
 
 
"သူဌေး၊ ယုံကြည်ဖို့ မထိုက်တန်တာ သူတို့သားအဖတွေပဲ။ တခြားသူတွေ သူဌေးကို မေးခွန်းထောက်လာအောင် ကြံစည်ရဲသေးတယ်"
 
 
" ဒါရိုက်တာချန်းကို စောင့်ကြည့်ဖို့ လူလွှတ်ထား၊ သူ တစ်ခုခုလုပ်တာနဲ့ သက်သေယူထား"
 
မို့ထင်က လုချယ်ကို ညွှန်ကြားသည်။
" တခြားကိစ္စတွေလည်း အစီအစဉ်အတိုင်း ဆက်ဖြစ်လာမှာပါ"
 
ယွဲ့ရှမ်ရှမ်၏ပရိသတ်များကို ပြဿနာ ရှာခွင့်ပေးခဲ့ခြင်းသည် ယွဲ့ရှမ်ရှမ် ကိုယ်တိုင်က မတရားခံရသူ အဖြစ် သရုပ်ဆောင်နေခဲ့၍ ဖြစ်လေ၏။ သို့သော်လည်း အခြေအနေကို ပြောင်းပြန်လှန် လိုက်လျှင် မည်သို့ ဆက်ဖြစ်မည်နည်း။
 
 
...
 
 
"ကြည့်ရှုသူအားလုံးပဲ မင်္ဂလာပါခင်ဗျား။ မနက်ခင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စောနလေးတင်  ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ သတင်းအသစ်လေး သိထားတယ်"
 
 
" မျက်မြင်တွေ့တဲ့ သတင်းထောက်‌ရဲ့ ပြောကြားချက်အရ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မော်ဒယ် ထျန်းနင် သတင်းပါ။ ထျန်းနင် မောင်းနေကျ ကား ဘရိတ် ဖြတ်ခံရတဲ့ သတင်းက အားလုံးကို တုန်လှုပ်စေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လုပ်ကြံသူက မနူးမနပ်ဆိုတော့ ဖမ်းမိသွားလို့ ရဲလက်အပ်လိုက်ပြီ"
 
 
"ဖြစ်ချင်တော့ လုပ်ကြံသူက တခြားသူတော့ မဟုတ်ပါဘူး၊ ယွဲ့ရှမ်ရှမ်ကို အရူးအမူး နှစ်သက်တဲ့ ယွဲ့ပရိသတ်ပါ။ သူတို့ အသည်းလေးကို ထျန်းနင်နဲ့ ယှဉ်နေတာ သဘောမကျလို့ အသက်သေစေတဲ့ အထိ လုပ်ကြံခဲ့တာပဲ"
 
 
"ထျန်းနင်သာ နည်းနည်းလေး သတိလက်လွတ်သွားရင် အသက်ဆုံးရှုံးသွားနိုင်တယ်"
 
 
"နှစ်ဖက်ပရိသတ်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ယွဲ့ပရိသတ်တွေက အမြဲရန်လိုနေပြီး ထျန်းပရိသတ်တွေက ပရဟိတ အလုပ်တွေ ရန်ပုံငွေရှာဖွေတဲ့ အလုပ်တွေနဲ့ ဗျာများနေတယ်"
 
 
ဤဖြစ်ရပ်နှင့် ပတ်သက်သော ဆောင်းပါးများကို မီဒီယာတိုင်းက ဖော်ပြကြသည်။ အကျိုးဆက်အနေဖြင့် ယွဲ့ရှမ်ရှမ် ကိုယ်စား ယခင်က ပြောပေးခဲ့ဖူးသူအားလုံးက ဝင်မပတ်သက်တော့ပေ။ ထျန်းနင်၏ပရိသတ်များက ရိုင်းစိုင်း ယုတ်မာ တရားလွန်သည်ဟု သူတို့အားလုံး ပြောခဲ့ဖူးသော်လည်း ယွဲ့ပရိသတ်များက ကိုယ့်အရှက်ကိုယ် ခွဲသော အပြုအမူမျိုးကို လုပ်ဆောင်ခဲ့ပြန်သည်။
 
 
 
"ထျန်းပရိသတ်တွေ လွန်ခဲ့ပေမဲ့ ယွဲ့ပရိသတ်တွေရဲ့လုပ်ရပ်ကတော့ လူသတ်မှုကို ကျူးလွန်ခဲ့သလိုပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် စကားအချေအတင် များတာလောက်ကို ခန္ဓာကိုယ်ချင်း ထိခိုက်အောင် လုပ်ဖို့ လိုအပ်သလား။ ဒီတစ်ခေါက်တော့ ယွဲ့ပရိသတ်တွေ တအားကို လွန်တယ်"
 
 
 
"ယွဲ့ရှမ်ရှမ်၊ ခင်ဗျား ပရိသတ်တွေကိုလည်း ကြည့်ထိန်းပါဦး"
 
 
"ထျန်းနင်ရဲ့ပရိသတ်တွေကမှ ပိုရင့်ကျက်သေးတယ်"
 
 
"ငါတော့ ထျန်းနင်ရဲ့အီကျူကို လက်မထောင်တယ်။ ယွဲ့ရှမ်ရှမ်ကတော့ အရှက်မဲ့လွန်းတယ်"
 
 
တစ်ယောက်တစ်မျိုးစီ ယွဲ့ရှမ်ရှမ်ကို ရှုတ်ချကြသည်။ ယခုတော့ ယွဲ့ရှမ်ရှမ်က တရားခံဘဝ ရောက်သွားခဲ့သည်။
 
 
ယွဲ့ရှမ်ရှမ်က ပရိသတ် အတုအယောင် နည်းလမ်းကို သုံးပြီး ထျန်းနင်ကို သိက္ခာချခဲ့၍ ဟိုက်ဟွေ့ဖျော်ဖြေရေးကလည်း ထပ်တူနည်းလမ်းသုံးကာ ယွဲ့ရှမ်ရှမ်ကို တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်လေ၏။
 
***
အပိုင်း(၃၂၇)

 
ယွဲ့ရှမ်ရှမ်က J-King၏အမိန့်ကို နာခံပြီး ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်နားချင်သော်လည်း သိက္ခာရှိရှိ စွန့်ခွာချင်၍ ပရိသတ်အတုအယောင် သုံးခဲ့ခြင်း ဖြစ်လေ၏။
 
 
မူလအစီအစဉ်အရ ထျန်းနင်က ခွင့်လွှတ်မှုကို ရယူရန် တောင်းပန်စကား ပြောသင့်သော်လည်း ယခုတော့ ယွဲ့ရှမ်ရှမ်က အရှုံးကို ဝန်ခံရန် ဖိအားပေးခံနေရသည်။
 
 
အဆိုးရွားဆုံး အချက်အနေဖြင့် ယွဲ့ရှမ်ရှမ်က သူမ၏ပရိသတ်ကြောင့် ဇာတ်ကား ရိုက်ကူးရန် ငြင်းဆန်နေသေးသည်။ ဤအပြုအမူက ဟိုက်ဟွေ့ဖျော်ဖြေရေးကို စိန်ခေါ်မိသကဲ့သို့ သူမ၏အေဂျင်စီကိုလည်း သူမနှင့်အတူတူ ပျက်စီးစေခဲ့သည်။
 
 
ယခုကဲ့သို့ အပြုအမူက ယွဲ့ရှမ်ရှမ်ကို သေစေသည်အထိ တုန်လှုပ်စေသည်။
 
 
"နင်က ဒီရလာဒ်ကို ကျိတ်ပျော်နေသလား"
 
ယွဲ့ရှမ်ရှမ်က ဖုန်းမှတဆင့် J-Kingကို စိတ်ဆိုးမာန်ဆိုး အော်ဟစ်နေသည်။
"ငါ့သမီးကို ဘယ်အချိန် ပြန်ပေးမှာလဲ။ အခုတော့ ငါ့ဘဝက ငါ့ကိုယ်ငါတောင် မကာကွယ်နိုင်တော့ဘူး။ ငါက နင့်အတွက် လုံးဝ တန်ဖိုး မရှိတော့ပါဘူး"
 
" ငါ အရင်တည်းက ပြောပြီးသားပါ။ မို့ထင်က ကောက်ကျစ်စဉ်းလဲတဲ့ ခွေးအတွေနဲ့ ထိပ်တိုက် တွေ့ရင် နတ်ဆိုး ဖြစ်သွားပါတယ်လို့။ အခု သူ ဘယ်လို လက်စားချေတော့မလဲ ဆိုတာ ငါ စိတ်ကူးနဲ့ ခန့်မှန်းနိုင်တယ်"
 
 
"နင်က သူနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်ကောင်း မဖြစ်နိုင်ဘူးလို့လည်း အရင်တည်းက ပြောခဲ့ဖူးပါတယ်။ နင် သိပ်မကြာခင် ဒူးထောက် အညံ့ခံရတော့မယ်။ နင့်အကြောင်းကို အစည်းအဝေးမှာ ပေါ်တင်ပြောတာ နင် သိရဲ့လား။ နင့်ကြောင့် သူ စိတ်အနှောင့်အယှက် မဖြစ်တာကို သိစေချင်လို့ စကားထဲထည့် ပြောတာပေါ့"
 
 
"မင်း စောက်ပါးစပ်ကို ပိတ်ထားစမ်း"
 
J-Kingက စိတ်ဆိုးမာန်ဆိုး အော်ငေါက်သည်။
"မင်းရဲ့ ပုပ်ပွနေတဲ့ ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ။ ငါ နားငြီးတယ်"
 
" ငါ့ကလေးကို ပြန်ပေး"
 
ယွဲ့ရှမ်ရှမ် ရူးမတတ် နာကျင်ခံစားနေရသည်။
"နင့်မှာ အရည်အချင်း ရှိရင် ငါ့ကိုပဲ ပစ်မှတ်ထားစမ်းပါ။ ငါ့ကလေးကို နာကျင်အောင် မလုပ်စမ်းနဲ့"
 
" ငါ နင့်ကို အသုံးချလို့ မဝသေးဘူး"
 
J-Kingပြန်ဖြေသည်။ ယခုလို အခြေအနေအထိ ရောက်သွားခဲ့၍ အခွင့်အရေးတိုင်းကို လက်လွှတ်မခံသင့်ပေ။ သူ ငရဲကျရမည်ဆိုလည်း အားလုံးကို သူနှင့်အတူတူ ငရဲပြည် ခေါ်ဆောင်သွားမည်။
"ဘာဆက်လုပ်သင့်လဲ အစီအစဉ်ကို တွေးတောနေတာ။ 'Stupid'ရုပ်ရှင်ရဲ့ဇာတ်ညွှန်း လိုချင်တယ်"
 
" နင်က ဘာအတွက် ဇာတ်ညွှန်းကို လိုချင်တာလဲ"
 
 
ဖုန်းတစ်ဖက်ခြမ်းမှ စိတ္တဇအရူးကောင်ကြောင့် ယွဲ့ရှမ်ရှမ် ရူးချင်စိတ် ဖြစ်လာသည်။
 
 
"ငါက ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး အေဂျင်စီ ထောင်ချင်တယ်။ ငါက ဘာလို့ ဇာတ်ညွှန်းလိုချင်လဲ မင်း မေးနေစရာ လိုအပ်လို့လား။ ကိုယ့်အဆင့်ကိုယ် နားလည်စမ်းပါ။ မင်းStar Art အေဂျင်စီနဲ့ စာချုပ်ဖျက်သိမ်းတာ လိုချင်တယ်။ ပြီးရင် မင်းက ငါ့အေဂျင်စီမှာ လက်မှတ်ထိုးရမယ်"
 
 
"နင် ရူးနေသလား"
 
 
" ငါ ခိုင်းတဲ့အတိုင်း မလုပ်ရင်တော့ မင်းကလေးရဲ့ အလောင်း လိုက်ကောက်ဖို့သာ စဉ်းစားထားလိုက်တော့"
 
 
ယွဲ့ရှမ်ရှမ် ဖုန်းချလိုက်သည်။ သူမ နှိပ်စက်ခံရလွန်း၍ စိတ်အထိန်းချုပ် ကင်းမဲ့စွာ မြင်မြင်သမျှ အရာအားလုံးကို ဖျက်ဆီးနေမိသည်။
 
 
ခြေတစ်လှမ်း မှားမိခြင်းသည် နောက်ပြန်ဆုတ်ခွင့် မရှိနိုင်ပေ။
 
 
ရုပ်ရှင်ဇာတ်ညွှန်းကို ခိုးယူခြင်းသည် J-King၏ အပေးအယူ ဖြစ်သည်။ သူက မို့ထင်ကို ဆက်နှောင့်ယှက်ချင်သေးသည်။သူက မို့ထင်၏အမြင်မှာ တန်ဖိုး မရှိမှန်း မသိသော်လည်း သူက မို့ထင် ဆက်ဖက်တွယ်ချင်သေးသည်။
 
 
မို့ထင်ကြောင့် သူက အခြေပျက် အနေပျက် ဘဝရောက်ခဲ့ရ၍ မို့ထင်ကိုလည်း စိတ်အနှောင့်အယှက် ပေးချင်သည်။
 
 
...
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးက တရားဥပဒေအရ ဖြေရှင်းမည်ကို ကြောက်လန့်မိ၍ Star Art အေဂျင်စီက နားလည်မှု လွဲခဲ့ပါသည်ဟုသော အကြောင်းပြချက်ဖြင့် ကြေညာချက် ထုတ်ပြန်လာသည်။ လူထုက အနုပညာရှင် နှစ်ဦးစလုံးကို မျှမျှတတ ဆက်ဆံသင့်သည်ဟုလည်း ပြောဆိုလာခဲ့သည်။ ယွဲ့ရှမ်ရှမ် ရုပ်ရှင် ဆက်လက် မရိုက်ကူးရသည့် အကြောင်းအရင်းက ထိခိုက်နစ်နာခဲ့သော ပရိသတ်ကြောင့်ဟုသာ တွင်တွင် ပြောဆိုခဲ့သည်။
 
 
သူတို့က လူအများ၏ မေတ္တာကို ခံယူရန် အစီအစဉ်ဆွဲနေသည်။
 
 
"ယွဲ့ရှမ်ရှမ်နဲ့ ယှဉ်လိုက်ရင် သူဌေးကတော်က ပြဿနာကို သေသေချာချာ ကိုင်တွယ် ဖြေရှင်းနိုင်တယ်။သူဌေးကတော်က သူကိုယ်တိုင် မီဒီယာ အရှေ့ မထွက်ပေမဲ့ သူ့ပရိသတ်တွေကို စည်းရုံးပြီး အခြေအနေကို ပြောင်းပြန်ဖြစ်သွားအောင် ပြောင်းလဲနိုင်တယ်။ တကယ် မဆိုးပါဘူး"
 
လုချယ်က သတင်းစာကို မို့ထင်အရှေ့ချကာ သက်ပြင်းချသည်။
 
"ယှဉ်ပြိုင်လို့ ဘယ်ရမလဲ"
 
မို့ထင် ပြန်ဖြေသည်။
 
" ဒါရိုက်တာချန်းက သူ့သားကို စွန့်ပစ်လိုက်ပုံပဲ။ ငွေကြေးနဲ့ ပတ်သက်လာရင် မိသားစုဝင်တွေကိုတောင် ဘေးချိတ်နိုင်သားပဲ"
 
 
မို့ထင်က ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အချိန်ခဏကြာမှ မို့ထင်က ရုတ်တရက် စကား ထပ်ပြောလာခဲ့သည်။
 
"ထျန်းပရိသတ်တွေ ဖြူစင်ကြောင်း သက်သေပြနိုင်တဲ့ အချက်အလက်တွေ စုဆောင်းထားဦးလေ။ အချိန်နဲ့ တပြေးညီ အလုပ်လုပ်ဦး"
 
" ဒါနဲ့ ရုပ်ရှင်ရိုက်ကူးရေးက ဘယ်လိုဖြစ်သွားပြီလဲ။ ကျွန်တော်တို့တွေ ဘာဆက်လုပ်ထားရမလဲ"
 
 
" ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိပြီသားပါ"
 
 
ယွဲ့ရှမ်ရှမ်က ရုပ်ရှင် ဆက်လက်ရိုက်ကူးရန် ငြင်းဆန်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ လူစားထိုး သရုပ်ဆောင်မည့် မင်းသမီးက သူ့ဇနီး ဖြစ်ကြောင်း တရားဝင် မကြေညာနိုင်သေးပေ။ ထျန်းနင်ကို ကာကွယ်ပေးရန် အလို့ငှာ သူကိုယ်တိုင် ထျန်းနင်ကို ရိုက်ကွင်းလိုက်ပို့ပေးရန် ဆုံးဖြတ်ထားခဲ့သည်။ ဇာတ်ကား တရားဝင်ပြသမှ သရုပ်ဆောင်မင်းသမီးကို လူတိုင်း သိခွင့်ရလိမ့်မည်။
 
 
တစ်ခါတရံ လျှို့ဝှက်ဆန်းကြယ်စွာ ကွယ်ဝှက်သွားခြင်းကလည်း အထူး ကြော်ငြာနည်းလမ်း ဖြစ်သည်။
 
 
"ယွဲ့ရှမ်ရှမ်ကို ဘယ်လို အပြစ်ပေးဖို့ စီစဉ်ထားလဲ"
 
 
" Star Artကို စစ်ပြေငြိမ်မယ်လို့ ဖုန်းဆက်လိုက်"
 
 
" သူဌေးရဲ့ အကြံအစည်ကို နားမလည်နိုင်ဘူး"
 
 
သက်ညှာလွန်းသည့် မို့ထင်၏အကြံအစည်ကို လုချယ် နားမလည်နိုင်ပေ။
 
 
"ယွဲ့ရှမ်ရှမ် ရုပ်ရှင်ပြန်ရိုက်ကူးမယ်လို့ ကြေညာတဲ့ အချိန်ကို စောင့်လို့ ငါ ပြောချင်တာ။ အဲဒီအချိန်ရောက်မှ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းသမီးဇာတ်ဆောင် အစားထိုးလိုက်ပြီလို့ ကြေညာမယ်"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ခေါင်းမော့ပြီး ဆက်ပြောသည်။
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင် ဆက်ရိုက်ကူးဖို့ ပထမဆုံး ငြင်းဆန်တဲ့သူ ဆိုတာ မမေ့သင့်ဘူး။ သူ လက်မှတ်ထိုးထားတဲ့ စာချုပ်ပါ စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ သူ့ကို တရားစွဲရမယ်"
 
အရာအားလုံးက လုချယ် မျှော်မှန်းထားသည့်အတိုင် ဖြစ်လာခဲ့သည်။
 
 
...
 
 
သိပ်မကြာလိုက် ညပိုင်းအချိန်သို့ ရောက်ရှိလာသည်။ မို့ထင် အိမ်ပြန်ရောက်ရောက်ချင်း ထျန်းနင်က သူရေးသားထားသော ဇာတ်ညွှန်းကို ဖတ်ရှုနေသည်ကို မြင်တွေ့ရသည်။ သုန်မှုန်နေသော နှလုံးသားလေးက အလွန်အမင်း ညှိုးငယ်သွားသည်။
 
 
"ဒါတွေ မဖတ်နဲ့တော့ ရပ်လိုက်တော့၊ ဒီစာရွက်ပဲ အမြဲဖတ်နေလို့ အလွတ်ရနေပြီလေ"
 
မို့ထင်က ထျန်းနင်၏လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို ဆက်ခနဲ့ ဆွဲယူသွားသည်။
"မျက်လုံးလေး အနားပေးပါဦး"
 
"ယောက်ျားက ပြဿနာတွေ ရင်ဆိုင်နေရတဲ့အချိန် ချစ်လေးက အိမ်မှာ ဒီအတိုင်းလေး ထိုင်နေရက်ပါ့မလား"
 
ထျန်းနင်က မို့ထင်၏ရင်ခွင်လေးကို မှီကာ ပြန်ပြောသည်။
"ချစ်လေး ဘဝရည်မှန်းချက် တစ်ခုကို ရှာတွေ့ခဲ့ပြီ"
 
" ဘာများလဲ"
 
 
" ယောက်ျားအတွက်လည်း အသုံးဝင်ဖို့ ယောက်ျားကို စိတ်ဒုက္ခပေးနေတဲ့ ဖိအားတွေကို ကူညီဖယ်ရှား ပေးဖို့ တစ်ခုခု ကူညီပေးချင်တယ်"
 
ထျန်းနင်က သူမ၏လက်ထဲမှ စာရွက်ကို ခါရမ်းကာ ပြုံးသည်။
 
"ချစ်လေးရဲ့ မော်ဒယ်အလုပ်ကို စွန့်လွှတ်ရလည်း ကိုယ့်ကို ကူညီမှာလား"
 
မို့ထင်က သူမကို လေးလေးနက်နက် ကြည့်ရှုသည်။
"ရုပ်ရှင်ရိုက်ကူးလိုက်တာနဲ့ ဆောင်ဦးဖက်ရှင်ပွဲတော်ကို စွန့်လွှတ်ရမယ့် သဘော ဖြစ်သွားပြီ"
 
" ပြဿနာ မရှိပါဘူး။ နောက်နှစ် Victoria Secret Showပွဲအတွက် မျှော်မှန်းလို့ ရသေးတယ်"
 
ထျန်းနင်က စိတ်ကျေနပ်အောင် ပြောပေးသည်။
"အရေးကြီးဆုံး အချက်အနေနဲ့ ချစ်လေးက ဒီမိန်းကလေးဇာတ်ကောင်ကို သဘောကျတယ်။ ဒါက ကံကြမ္မာဆိုရင် ချစ်လေးလည်း ငြင်းပယ်လို့ မရဘူးလေ"
 
"ဒါနဲ့ ဇာတ်ဆောင်မင်းသားက ချစ်လေးကို အရမ်းသဘောမကျဘူး ထင်တယ်။ ချစ်လေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဝင်နေပုံပဲ"
 
 
" ဒါက ချစ်လေး စိုးရိမ်သင့်တဲ့ ကိစ္စရပ်မျိုး မဟုတ်ပါဘူး"
 
မို့ထင်က ထျန်းနင်၏ခေါင်းလေးကို ဆုပ်ကိုင်ကာ နဖူးလေးကို အနမ်းခြွေသည်။
"ချစ်လေးရဲ့ကိုယ်ပိုင်ဟန်လေးနဲ့ လွတ်လွတ်လပ်လပ် နေနော်"
 
" ယောက်ျားက ချစ်လေးကို အရမ်း ယုံကြည်တာပဲလား"
 
ထျန်းနင်က ရုတ်တရက် ရယ်မောသည်။
 
ထျန်းနင်၏အပြုံးလေးကို မြင်တွေ့ခွင့်ရမှ သူ့ကို စိတ်ဒုက္ခပေးနေသော အနှောင့်အယှက် အားလုံး ပြယ်လွင့်သွားသည်။ နာကျင်ခံစားသင့်သူများက ပြဿနာကို မီးထွန်းရှာသည့် တခြားသူများသာ ဖြစ်လေ၏။
 
 
"ကိုယ် တစ်ကိုယ်ကောင်းဆန်မိလို့ တောင်းပန်ပါတယ်"
 
မို့ထင်က ရုတ်တရက် တောင်းပန်စကား ပြောလာသည်။
 
ထျန်းနင် တုန်လှုပ်သွားသည်။ မို့ထင်က အလွယ်တကူ တောင်းပန်စကား ပြောဆိုတတ်သူ မဟုတ်ပေ။ ထို့ကြောင့် ထျန်းနင် မတ်တတ်ထရပ်လိုက်ပြီး မို့ထင်၏လည်တိုင်လေးကို ဖက်ကာ
 
"တို့နှစ်ယောက်ကြားမှာ သူစိမ်းဆန်တဲ့ စကားမျိုးတွေ ပြောနေဖို့ မလိုအပ်ဘူးလေ"
 
သူမက မရည်ရွယ်ပါဘဲ ယွဲ့ရှမ်ရှမ်၏ ယှဉ်ပြိုင်သူ ဖြစ်လာခဲ့သည်။ သို့တိုင် ဤရုပ်ရှင်က သူမ နှင့် မို့ထင်အတွက် အလွန်အရေးပါနေသည်။ ထို့ကြောင့် သူ့ခင်ပွန်း တန်ဖိုးထားရသည့် ရတနာလေးကို တခြားသူ ဖျက်ဆီးပစ်ရန် ကြံရွယ်နေသည့်တိုင် သူက အကောင်းဆုံး ကာကွယ်စောင့်ရှောက်သွားမည်။ သူ့ခင်ပွန်း၏ အိပ်မက်လေးကို ပြိုလဲသွားခွင့် မပြုနိုင်ချေ။ဤသည်ကား ခင်ပွန်းသည်ကို ကာကွယ်ပေးခြင်းသည့် ဇနီးသည်၏ ကတိသစ္စာ ဖြစ်လေ၏။
 
***

Lanjutkan Membaca

Kamu Akan Menyukai Ini

2.6M 152K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...