ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

26.3K 2.1K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 322+323+324

136 7 0
By jellyflower1

အပိုင်း(၃၂၂)

 
"ဟေ့ မို့သူဌေး ရောက်မလားသေးဘူးလား။ ဒါနဲ့ ငါ့တော့ သတိုးသား သတိုးသမီး စုံတွဲကို မေးမြန်းချင်တာ ရှိတယ်။ ငါတို့ရဲ့ သတိုးသားက သတိုးသမီးလေးကို ဘယ််အချိန်တုန်းက စကြွေသွားတာလဲ"
 
ကျီစယ်သန်သော အနုပညာရှင်က အသံကျယ်ကျယ်ဖြင့် မေးမြန်းသည်။
 
ခန်းမဆောင် တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
 
 
သူတို့စုံတွဲလေးက စင်ပေါ်မှာ မတ်တတ်ရပ်နေသည်။
 
"ငါ့ဇနီးလေး ရှက်နေပြီ"
 
"သတိုးသမီးလေးက ရှက်နေတော့လဲ ခင်ဗျားကပဲ ခင်ဗျားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြလေ"
 
ဧည့်သည်တော်က ဝင်ရောက် ပြောဆိုလာသည်။
 
ဖန်ယွီက ဟွားကျင်းကျင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဆက်ပြောရန် ငြင်းဆန်နေသည်။
 
"ဒီဇာတ်လမ်းလေးက အရေးပါတော့ ငါ့ဇနီးလေးကို အရင်ဆုံး ပြောပြသင့်တယ်။ မင်းတို့ကို အရင်ဆုံး ပြောပြလို့ ရမလားကွယ်"
 
" မရီးက ဒီလိုကြီး ပုန်းနေတော့ ရယ်စရာ မကောင်းတော့ဘူးလေ"
 
 
ဟွားကျင်းကျင်း၏မျက်နှာက နီမြန်းနေပြီး ဖန်ယွီ၏ရင်ခွင်ထဲမှ နေ၍ ဗလုံးဗထွေး ရေရွတ်သည်။
 
"သူတို့ကို ပြောပြလိုက်လေ။ ကျင်းကျင်းလည်း သိချင်ပါတယ်"
 
" ဟား ဟား မရီး သဘောတူသွားပြီ။ ငါတို့ရဲ့ လက်ထောက်ဥက္ကဋ္ဌကြီး ငါတို့ကို မြန်မြန် ပြောပြလေ"
 
 
ဖန်ယွီ သက်ပြင်းချလိုက်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်သည်။
 
"ကောင်းပါပြီကွယ်"
 
ထို့နောက် အခမ်းအနားမှူးလက်ထဲမှ မိုင်ခရိုဖုန်းကို လက်ခံလိုက်ပြီး ဧည့်သည်တော်များကို ဖြေရှင်းချက် ပေးသည်။
 
"တကယ်တမ်း ဟွားကျင်းကျင်းက ကျွန်တော့်ထက် အရင်ဆုံး ဟိုက်ဟွေ့ဖျော်ဖြေရေးကို ရောက်ခဲ့သူပါ။ နည်းမှန်လမ်းမှန် ပြောရရင် သူက ကျွန်တော့်စီနီယာပေါ့။ ကျင်းကျင်းကို ပထမဆုံး တွေ့ခွင့်ရတဲ့ အချိန်ကို အခုချိန်အထိ မှတ်မိနေတုန်းပါ။  ကျင်းကျင်းရဲ့မျက်ဝန်းကို ကြည့်မိရင်လေ ဒီအမျိုးသမီးလေးမှာ ပြောပြချင်နေတဲ့ ဇာတ်လမ်းလေး ရှိမယ်လို့ ခံစားမိတယ်"
 
"အရိုးသားဆုံး ပြောရရင် ကျင်းကျင်း ထိခိုက်ဒဏ်ရာ ရပြီး ဆေးရုံပို့ခံရတုန်းက ကျင်းကျင်းအတွက် နာကျင်ခံစားရတယ်။ အဲဒီအချိန်တုန်းက ကျင်းကျင်းက လုံးဝကို မျှော်လင့်ချက် ပျောက်ဆုံး နေတာလေ။ ကျင်းကျင်းကို မြင်တော့ ငါ့နှလုံးသားလေး ဗျာပါဒများ နေပြီး ကျင်းကျင်းကို ဘယ်လို ကူညီပေးရမလဲ စဉ်းစား မရခဲ့ဘူး"
 
 
"ကျင်းကျင်းကို ကျိုးပဲ့နေတဲ့ ဖိနပ်တစ်စုံ ဖြစ်နေလို့  ငါနဲ့ မထိုက်ဘူးလို့ တချို့လူတွေက တွေးနေမှန်း ငါ သိပါတယ်။ ငါ့ရင်ထဲကနေ လေးလေးနက်နက် ပြောချင်တဲ့ စကားကတော့ ငါက ကျင်းကျင်းရဲ့ မဆုတ်မနစ် သတ္တိကို အလေးစားဆုံးပဲ။ သူ အကြိမ်ကြိမ် နာကျင်နေလည်း သူ့မိတ်ဆွေတွေအတွက် သူက ရပ်တည်ပေးဖို့ မမေ့ခဲ့ဘူး။  နာကျင်မှုတွေ ဘယ်လိုပဲ ခါးစည်းခံရ ခံရ သတ္တိမွေးပြီး ဘဝကို အသစ်က ပြန်စတင်ဖို့ မမေ့ခဲ့ဘူး"
 
 
"ကျင်းကျင်းလို မိန်းမလှလေးက ခမ်းနားထည်ဝါတဲ့ အရှန်အဝါတွေနဲ့ လင်းလက်နေတယ်လို့ ခံစားမိတယ်"
 
 
"ငါ့ဘဝ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေရင်တောင် ကျင်းကျင်းကို လှည့်ကြည့်လိုက်ရုံနဲ့ ငါ့ဘဝ လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားချင်စိတ် ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ငါ ချစ်ရတဲ့ ကျင်းကျင်းကို အတက်နိုင်ဆုံး အကောင်းဆုံး  ကာကွယ်ပေးသွားမယ်။ ကျင်းကျင်းက ငါ့ဘဝကို အလင်းပေးတဲ့ နတ်သမီးလေးပဲ"
 
 
ထိုစကားသံကို ကြားပြီးနောက် ခန်းမဆောင်ထဲမှ ရှိရှိသမျှ လူအားလုံး စိတ်လှုပ်ရှားသွားသည်။ စိတ်ခံစားလွယ်သည့် ကျော်ကြားသူ တချို့တလေက မျက်ရည်ကျသည်။
 
 
ဖျော်ဖြေရေးလောကကြီး၏ ခက်ခဲကြမ်းတမ်းမှုကို သူတို့ အချင်းချင်းသာ နားလည်နိုင်လိမ့်မည်။
 
 
ဖန်ယွီ ဘေးနားမှာ မတ်တတ်ရပ်နေသည့် ဟွားကျင်းကျင်းမှာ မျက်ရည်မကျမိအောင် ထိန်းချုပ်ထားရသည်။
 
 
ကက်ဦးထုပ်ကို ဆောင်းထားသည့် လင်းချုံးက မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေပြီး ဝန်ထမ်း အယောင်ဆောင်ထားသည်။ ပတ်ဝန်းမှ လူအများစု၏ လွှမ်းမိုးမှုကြောင့် သူကိုယ်တိုင်လည်း ဖန်ယွီ၏စကားကြောင့် စိတ်လှုပ်ရှားရသည်။
 
 
"စကားပြောကောင်းလွန်းတယ်။ ရင်ထဲ ထိတယ်ကွာ"
 
အားလုံးက မတ်တတ်ထရပ်ပြီး လက်ခုပ်တီးကာ ချီးမြှောက်ကြသည်။
ထိုစဉ် တစ်စုံတစ်ယောက်က ထျန်းနင် နှင့် မို့ထင် ရောက်လာခြင်းကို ရိပ်စားမိသည်။
 
"ငါတို့သူဌေး ရောက်လာပြီပဲ"
 
 
"မို့သူဌေး"
 
 
"ထျန်းနင် ထျန်းနင်"
 
 
မို့ထင်က ဖန်ယွီအနား သွားရန် ကြံရွယ်ခဲ့သော်လည်း ဟွားကျင်းကျင်းပါ အနားမှာ ရှိနေ၍ သူ့မျက်ခုံးကို ပင့်တင့်ကာ ခြေလှမ်းများကို ရပ်တန့်ခဲ့သည်။ ထို့နောက် ထျန်းနင်နှင့်အတူတူ တစ်နေရာမှာ ထိုင်လိုက်သည်။
 
 
"မို့သူဌေး၊ ဖန်ယွီ ပြောခဲ့တာတော့ မနက်ဖြန် သူက သူဌေးထက် ပိုခန့်ပိုချောမယ်တဲ့"
 
 
မို့ထင်က ထျန်းနင်နှင့်အတူတူ ထိုင်လိုက်ပြီး တည်ငြိမ်စွာ စကားပြန်ပြောသည်။
 
"ဟွားကျင်းကျင်းရဲ့ အမြင်မှာတော့ သူက ပိုခန့်ပိုချောမှာပါ။ ဒါပေမဲ့ အားလုံးရဲ့အမြင်နဲ့ ယှဉ်ကြည့်ရင်တော့ သူက မပြောပလောက်တဲ့ အဆင့်ပါ"
 
"ဟား ဟား"
 
 
လူတိုင်း ရယ်မောကြသည်။ မို့ထင်၏လေသံကို နားထောင်ကြည့်ရုံဖြင့် စိတ်ကြည်လင်နေကြောင်း သိနိုင်သည်။
 
 
"မို့သူဌေး၊  မင်းနဲ့ ထျန်းနင်ရဲ့ အလှည့်ကရော ဘယ်တော့လဲ"
 
 
"Baliက အရမ်းကို ထည်ဝါတယ်နော်။ ဒီနေရာကို မကြာခဏ လာလည်ချင်မိသား"
 
 
" ဟုတ်တယ်၊ ဒါအမှန်ပဲ"
 
 
မို့ထင် ခေါင်းလှည့်လိုက်ပြီး ထျန်းနင်ကို ကြည့်သည်။ သို့သော်လည်း သူမက စကားတစ်ခွန်းမျှ မပြောဘဲ ရိုးရှင်းစွာ ပြုံးနေသည်။ ထို့ကြောင့် မို့ထင်က အဖြေပေးရသည်။
 
"ဒီစကားဆက်ပြောနေရင်တော့ နောက်လကျရင် ငါမင်းကို လစာ မပေးတော့ဘူး။ မင်းကို ပေးရမယ် ပိုက်ဆံတွေကို စုဆောင်းပြီး ဒီနေရာမှာ အိမ်ဝယ်လို့ရတာပေါ့"
 
" မို့သူဌေးရယ် ဒီလိုကြီး မရက်စက်ပါနဲ့"
 
 
အားလုံးက နောက်တစ်ကြိမ် ဝါးလုံးကွဲ ရယ်မောကြသည်။
 
 
မို့ထင်နှင့် ထျန်းနင် ရောက်လာသောကြောင့် ပတ်ဝန်းကျင်လေးက ပိုအသက်ဝင်လာသည်။ ထိုစဉ် အဝေးတစ်နေရာမှာ ဓာတ်ပုံရိုက်ကူးနေသော လင်းချုံးက မို့ထင် နှင့် ထျန်းနင်ကို လူကွယ်ရာမှာ ငေးမောကြည့်နေသည်။ သူ ရွံရှာမုန်းတီးခဲ့ဖူးသည့် အမျိုးသမီးကို သူ ဆက်မမုန်းနိုင်တော့ပေ။
 
 
"ထျန်းနင် ထျန်းနင် မို့သူဌေးက အိမ်မှာလည်း အဲလို စစနောက်နောက်ပဲလား"
 
တစ်စုံတစ်ယောက်က အရဲကိုးပြီး သူတို့စုံတွဲလေးကို ကျီစယ်သည်။ ထိုအပြုအမူက မို့ထင်ကို အံ့အားသင့်စေသည်။
 
ဤမေးခွန်းကို ထျန်းနင် တစ်ဦးတည်းသာ ဖြေနိုင်သည်။
 
"မင်းတို့တွေ သူ့ကို အမူးလွန်အောင် အရက်တိုက်နိုင်ရင်  သူ အိမ်မှာ ဘယ်လိုပြုမူတတ်လဲ ပြောပြမယ်"
 
" အဟွတ်။ မို့သူဌေးက အရက်ဂျိုးဆိုတာ မသိတဲ့သူ မရှိဘူးလေ"
 
 
မို့ထင်က ထျန်းနင်၏လက်ဖမိုးကို ဆိတ်လိုက်သည်။
 
"ချစ်လေးက တမင်တကာ ပြောနေသလား။ ကိုယ် ဒီနေ့ တကယ်အမူးလွန် သွားရင်တော့ ဒီည ချစ်လေး ဒုက္ခတွေ ခံစားရမှာနော်"
 
"ဘယ်လို ဒုက္ခမျိုးကို ခံစားရမလဲ"
 
ထျန်းနင်က မို့ထင်အရက်မူးသည့် အပြုအမူမျိုးကို မမြင်တွေ့ဖူးချေ။
 
"ကောင်းပြီလေ ကိုယ့်အချစ်လေးက မြင်ချင်ရင်တော့ ကိုယ် ဘယ်လို ဖြစ်သွားလဲဆိုတာ နောက်မှ ပြပေးမယ်"
 
မို့ထင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးလေးကို လှစ်ဟာပြသည်။
 
ထျန်းနင် ခေါင်းညိတ်ပြသည်။ မို့ထင်က အရက်မူးလာခဲ့လျှင် အသိစိတ် ပျောက်ဆုံးသွားတတ်သည့် လူစားမျိုးမှန်း သူမ ယုံကြည်ရန် ခဲယဉ်းနေသည်။ အရက်မူးနေသည့်တိုင် အသိစိတ်ကို ထိန်းချုပ်နိုင်သူ ဖြစ်မည်ဟု သူမ ယုံကြည်လက်ခံထားသည်။
 
 
သို့သော်လည်း
 
 
အမှန်တရားက သူမ မမျှော်လင့်ထားသည့် ရလာဒ်မျိုး ဖြစ်နေသည်။
 
 
သို့သော်လည်း သူတို့အားလုံးက Baliမှာ မင်္ဂလာပွဲ ချီးမြှောက်နေစဉ် J-King ကလည်း သူ့အစီအစဉ် အထမြှောက်အောင်  ပေကျင်းမြို့မှာစနစ်တကျ စီစဉ်နေသည်။
 
***
အပိုင်း(၃၂၃)

 
ကမ်း‌ခြေမင်္ဂလာပွဲကို ည၁၁နာရီအထိ ကျင်းပခဲ့သည်။ ထိုစဉ် ထျန်းနင်က အရက်မူးနေသော မို့ထင်ကို သူတို့နေထိုင်သော အခန်းထဲ ကူညီခေါ်ဆောင်သွားသည်။ မို့ထင်က မျက်လုံးပိတ်ထားပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ တကယ်တမ်း သူ့မျက်နှာက အနီရောင် မပြောင်းလဲခဲ့၍ ပုံမှန်အရက်မူးသမားနှင့် မတူညီခဲ့ပေ။ ထျန်းနင် ခန့်မှန်းထားသလို အနေအထား ဖြစ်နေခဲ့သည်။
 
 
မို့ထင် အရက်မူးနေသော်လည်း သူ့အကျင့်စရိုက်နှင့် ကွဲထွက်နေသော အပြုအမူမျိုးကို မလုပ်ဆောင်ခဲ့ပေ။
 
 
ထျန်းနင်က မို့ထင်ကို အိပ်ရာပေါ် တင်ပေးလိုက်ပြီး သူ့အတွက် ရေချိုးကန်ကို ရေဖြည့်ပေးရန် ကျောခိုင်းသည်။ သို့သော်လည်း မို့ထင်က သူ့လက်ကို ရုတ်တရက် လှမ်းဆွဲလာပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲခေါ်သွားသည်။
 
 
"ရှင် အရက်နံ့တွေ မွှန်းထူနေတယ်။ အရင်ဆုံး ရေသွားချိုးလိုက်ပါဦး"
 
 
မို့ထင်က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ထျန်းနင်၏မျက်ဝန်းများကို စိုက်ကြည့်သည်။
 
"ကိုယ် အရက်မူးနေတာ မြင်ချင်တယ်လို့ ချစ်လေး ပြောခဲ့တယ်လေ"
 
"ယောက်ျားက အရက်မူးနေပြီလား"
 
ထျန်းနင် သူ့ရင်ဘတ်ကို ဖွဖွလေး ထုရိုက်သည်။
"ယောက်ျားရဲ့ အရက်ခံနိုင်ရည်စွမ်း ဘယ်လောက်အထိ မြင့်လဲ သိချင်ရုံပါ။ လူတိုင်းက ယောက်ျားကို ရှုံးသွားတယ်နော်"
 
"ကိုယ် အရက်မူးလို့ မဖြစ်ဘူး"
 
မို့ထင်က လေးနက်သော လေသံဖြင့် ပြန်ဖြေသည်။
 
မို့ထင် ခံစားနေရသည့် နာကျင်မှုကို ထျန်းနင်လည်း ထပ်တူ ခံစားမိသည်။
 
 
ဟိုးယခင်အချိန် မို့ထင် ထိပ်တန်း အဆင့်အတန်းကို မရောက်မီက သူက အလုပ်အကြောင်း ဆွေးနွေးရန် မကြာခဏ အရက်သောက်ရသည်။
 
 
"ရေချိုးတော့"
 
 
"ဒါပေမဲ့ ကိုယ်က အရက်မူးချင်ယောင် ဆောင်တတ်ပါတယ်"
 
မို့ထင်က အသက်မဲ့ဟန် ခန္ဓာကိုယ်ကို ပက်လက်လန်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ထျန်းနင် အလိုကျ စီမံ့စေသည်။
 
"အရက်မူးရင်တောင် ဣန္ဒြေ မပျက်တဲ့ ယောက်ျားရဲ့အမူအကျင့်လေးကို သဘောကျမိတယ်။ ချစ်လေးကို ဖက်ပြီးတော့ အတိတ်အကြောင်းတွေရော စိတ်ထဲရှိရာ ထွေရာလေးပါးလေးတွေ ပြောပြစေချင်တယ်"
 
 
"ဒါပေမဲ့ ကိုယ်လုပ်ချင်နေတဲ့ တစ်ခု ရှိတယ်"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က မတ်တတ်ထရပ်ပြီး ထျန်းနင်ကို ပွေ့ချီလိုက်သည်။
"အရက်အရှိန်က ကိုယ့်စိတ်ကို ပိုလင်းလက်စေတယ်။ ဒါကြောင့် Baliရဲ့ လှပတဲ့အခန်းလေးကို ဒီအတိုင်း အလဟဿ မဖြုန်းတီးသင့်ဘူးလေ"
 
...
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
ယနေ့က ဖန်ယွီနှင့် ဟွားကျင်းကျင်း၏ ခမ်းနားထည်ဝါသော မင်္ဂလာပွဲလေး ထပ်မံ့ကျင်းပမည့် နေ့ရက်လေး ဖြစ်လေ၏။ သူတို့နှစ်ဦးစလုံးမှာ ချီးမြှောက်ပေးမည့် မိသားစုဝင်အကြီးအကဲ မရှိသောကြောင့် သူတို့က အရာအားလုံးကို ရိုးရှင်းစွာ စီစဉ်ကြသည်။
 
 
ထျန်းနင်က ဟွားကျင်းကျင်းဘက်မှ တက်ရောက်သည့် တစ်ဦးတည်းသော ဧည့်သည်တော် ဖြစ်လေ၏။
 
 
ယွဲ့အာလေးက ပန်းကြဲသော ကလေးမ ဖြစ်ခဲ့သော်လည်း သူမ၏ဇာစ်မြစ်ကို ထုတ်မပြောကြပေ။ ဖန်ယွီနှင့် ဟွားကျင်းကျင်းက ယွဲ့အာ ဇာတ်ကြောင်း သိသွားမည်ကို စိုးရိမ်နေ၍ မဟုတ်ပေ။ ယွဲ့အာ အသက်ငယ်ငယ်ရွယ်ရွယ် လေးဖြင့် သတင်းလောကသားများ၏ စိတ်ဝင်စားခြင်းကို ခံရမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။
 
 
ဧည့်ခန်းပါ ဟိုတယ်ခန်းလေးထဲမှာ ဟွားကျင်းကျင်းက ပခုံးသိုင်းကြိုး မပါသော အဖြူရောင် သတိုးသမီး ဝတ်စုံလေးကို ဝတ်ဆင်ကာ အသင့်ဖြစ်နေသည်။
 
 
"ဘယ်လိုလဲ ဝတ်စုံက အဆင်ပြေရဲ့လား"
 
 
"လှရက်နိုင်လွန်းသူ"
 
 
"နင် မနာလိုဖြစ်နေပြီလား ပြောစမ်း"
 
ဟွားကျင်းကျင်းက မှန်အရှေ့မှာ မတ်တတ်ရပ်ကာ ထျန်းနင်ကို မေးမြန်းသည်။
 
ထျန်းနင်က သူမကို လျစ်လျူရှုထားသည်။
 
"ဒီကနေ့စပြီးတော့ နင်က လက်ထပ်ထားတဲ့ အိမ်ထောင်သည် အမျိုးသမီး ဖြစ်သွားပြီ။ ငါ့ကြောင့် တခြားသူ‌နဲ့ ရန်ဖြစ်ပြီး ရုံးရောက် ဂတ်ရောက် မဖြစ်စေနဲ့တော့နော်"
 
ဟွားကျင်းကျင်းက ခြုံလွှာအောက်မှာ ငိုကြွေးနေပြီး ဆို့နင့်နေသော လေသံဖြင့် စကားပြန်ပြောသည်။
 
"ငါ ပျော်ရွှင်ရမှာပါ"
 
"နင် ပျော်ရမှာပေါ့"
 
ထျန်းနင်လည်း  ငိုကြွေးနေမိသည်။
 
သိပ်မကြာလိုက် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ သတိုးသားက သတိုးသမီးကို လာခေါ်နေသည်။
 
 
သိပ်မကြာလိုက် အရှေ့ဘက်တံခါးဖွင့်လာပြီး တံခါးပေါက်မှာ မတ်တတ်ရပ်နေသော ဖန်ယွီကို မြင်တွေ့ရသည်။ ဖန်ယွီက မီးခိုးရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့လက်ထဲမှ အဖြူရောင်နှင့် ပန်းရောင် နှင်းဆီပန်း ရောစပ်ထားသော ပန်းစည်းလေး ရှိနေသည်။ ဟွားကျင်းကျင်းအနား ရောက်လာပြီး ဒူးတစ်ဖက် ထောက်ကာ
 
"လက်ထပ်ခွင့်ပြုပါ"
 
ဟွားကျင်းကျင်းက ဖန်ယွီ ကမ်းပေးသော နှင်းဆီပန်း ပန်းစည်းကို လက်ခံယူပြီး ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက်နေသည့် ဖန်ယွီကို ဆွဲထူပေးသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ဖက်ထားပြီး တစ်လောကကလုံးမှာ သူတို့နှစ်ဦးတည်း ရှိနေသကဲ့သို့ ပြုမူနေသည်။
 
 
သူတို့မင်္ဂလာဆောင် အခမ်းအနားလေးက အလွန်ရိုးရှင်းသော်လည်း ဟွားကျင်းကျင်းက ဖန်ယွီ၏အမြင်မှာ ရိုးရိုးရှင်းရှင်းလေး မဟုတ်နေပေ။
 
 
ဟွားကျင်းကျင်း ဝတ်ဆင်ထားသော လက်ဝတ်ရတနာ၊ ဝတ်စုံဒီဇိုင်း နှင့် မင်္ဂလာပွဲအပြင်အဆင်များကို ကြည့်လိုက်ရုံဖြင့် ဒေါ်လာသန်းချီ ကုန်ကျမှန်း သိနိုင်သည်။ ဟွားကျင်းကျင်းအတွက် အကောင်းတကာ့ အကောင်းဆုံးများကို ပြင်ဆင်ပေးထား၍ ဖန်ယွီက ဟွားကျင်းကျင်းကို တန်ဖိုးထားမှန်း သိနိုင်သည်။
 
 
...
 
 
မင်္ဂလာပွဲကို တက်ရောက် ချီးမြှောက်သော ဧည့်သည်တော်များ ရှေ့မှောက်ကို ဟွားကျင်းကျင်းက တစ်ဦးတည်း ပန်းကြဲလမ်းကို လျှောက်လှမ်းလာပြီး ဖန်ယွီက သူမကို လမ်းတစ်ဝက်မှာ စောင့်မျှော်နေသည်။
 
"ဟွားကျင်းကျင်းရဲ့ မိဘတွေသာ ရှိနေသေးရင် ဒီမင်္ဂလာပွဲလေးကို မြင်ရလို့ ကြည်နူးနေမှာပဲ"
 
"ချစ်လေးရဲ့ မိဘတွေရော ချစ်လေး လက်ထပ်တာ မြင်ရင် သူတို့တွေ မပျော်ရွှင်ကြဘူးလား"
 
မို့ထင်က ထျန်းနင်ကို မေးမြန်းသည်။
 
ထျန်းနင် နှုတ်ဆိတ်နေ၍ မို့ထင်က ထျန်းနင်၏ပခုံးလေးကို တင်းကျပ်နေအောင် ဖက်ထားသည်။
 
"ကိုယ် ဒီလိုမေးခွန်းမျိုး မမေးခဲ့သင့်ပါဘူး"
 
ထျန်းနင်က ခေါင်းခါပြပြီး တခြားအကြောင်းအရာကို ပြောကာ စကားလွှဲသည်။
 
 
မင်္ဂလာပွဲတက်ရောက်သော ဧည့်သည်တော် အားလုံး မျက်မှောက်ရှေ့မှာ မင်္ဂလာပွဲကို ဆက်လက် ကျင်းပသည်။
 
 
သို့သော်ငြားလည်း Candy အမည်ရှိသော blggerက ယွဲ့ရှမ်ရှမ်ကို မနှစ်သက်ကြောင်း ပို့စ်တင်သည်။ သူမက ယွဲ့ရှမ်ရှမ်ကို စော်ကားမော်ကား ပြုမူနိုင်သည့် အချက်အလက်များကို စုဆောင်းပြီး အကွက်ကျကျ သိက္ခာချခဲ့သည်။
 
 
အင်တက်နက် ဝါသနာရှင်များက ၎င်းမိန်းကလေး၏ နောက်ကြောင်းကို လိုက်လံစုံစမ်းခဲ့၍ သူမ ယခင်တင်ခဲ့ဖူးသည့် ပို့စ်များအရ သူမက ထျန်းနင်ကို ချီးမြှောက်ခဲ့ဖူးသည်။ ဤအချက်ကို ထောက်ရှုပြီး သူမက ထျန်းနင်၏ပရိသတ်မှန်း သိသားပေါ်လွင်သည်။
 
 
ယင်းပို့စ်က ယွဲ့ပရိသတ်များ ထျန်းပရိသတ်ကို တန်ပြန်တိုက်ခိုက်အောင် ချက်ချင်း ရန်စနိုင်ခဲ့သည်။
 
 
မော်ဒယ်လောကမှ တစ်စုံတစ်ယောက်က ရုပ်ရှင် နှင့် ရုပ်မြင်သံကြားလောကမှ တစ်စုံတစ်ယောက်ကို ယှဉ်ပြိုင်နိုင်မည်လော။
 
 
"ထျန်းနင်က သူ့ကိုယ်သူ ဘာထင်နေလဲ။ ဘဝင်မြင့်လွန်းနေတယ်နော်။ သူ့ပရိသတ်တွေကလည်း မောက်မာ ရိုင်းစိုင်းလှချည်းလား"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက ငါတို့ရှမ်ရှမ်လေးကို မတောင်းပန်ရင်တော့ ငါတို့က အခုပြဿနာကို အလွယ်တကူ ပြီးဆုံးခွင့် မပေးနိုင်ဘူး"
 
 
Blogger၏အကောင့် ခိုးယူခံရသည်ဟု ထျန်းပရိသတ်များက ဖြေရှင်းချင်သော်လည်း ယွဲ့ပရိသတ်များက ရှင်းပြခွင့် မပေးကြပေ။ ထျန်းနင်ကို တောင်းပန်စကား ပြောပေးရန်သာ အကြိမ်ကြိမ် တောင်းဆိုကြသည်။
 
 
ဤပြဿနာက နှစ်ဖက်ပရိသတ်များကြား ပဋိပက္ခ ဖြစ်နေခဲ့သော်လည်း လျင်လျင်မြန်မြန် သတင်းပြန့်သွားခဲ့သည်။ ပရိသတ်များကြား တိုက်ခိုက်မှုကြောင့် ယွဲ့ပရိသတ်တစ်ဦး တိုက်ခိုက်ခံရ၍ ဆေးရုံရောက်သွားခဲ့သည်။
 
 
ဤဖြစ်ရပ်က ဖျော်ဖြေရေးလောကို မုန်တိုင်းထန်စေခဲ့သည်။
 
 
နှစ်ဖက်ပရိသတ်ကြား ပြင်းထန်သော စကားရည်လုပွဲ ဖြစ်ပေါ်ခဲ့လျှင် အနုပညာရှင်တစ်ဦးအပေါ် ဒေါသပုံချတတ်သည်။ ထျန်းနင်ကဲ့သို့ ခဏခဏ သိက္ခာချခံရသည့် အနုပညာရှင်က လူအများစု၏အမုန်းကို ခံယူရသည်။
 
 
ထိုစဉ် လုချယ်က မို့ထင် နှင့် ဖန်ယွီ မရှိစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးကို ကြီးကြပ်နေသည်။ အခြေအနေ ရှုပ်ထွေးလာ၍ လုချယ်က မို့ထင်ကို ချက်ချင်း ဖုန်းခေါ်ပြီး ပီအာအဖွဲ့ကို အစီအစဉ်ရေးဆွဲရန် အကြောင်းကြားသည်။
 
 
"သူဌေး၊ ပြဿနာတစ်ခု ပေါ်လို့ပါ"
 
လုချယ်က စိုးရိမ်တကြီး သတင်းပို့သည်။
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က တဆင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဆက်သွယ်တယ်။ သူ ရုပ်ရှင် ဆက်မရိုက်နိုင်တော့ပါဘူးတဲ့။ ဒါပေမဲ့ သူ ရိုက်ကူးရမယ် အပိုင်းတွေက ပြီးခါနီးနေပြီ"
 
မို့ထင်၏မျက်ဝန်းများက မှောင်မိုက်သွားပြီး သတင်းကို တစ်ချက်ကြည့်လိုက်သည်။
 
 
မို့ထင်၏မျက်နှာအမူအရာ ပုံမှန်မဟုတ်မှန်း ရိပ်စားမိ၍ ထျန်းနင်က မို့ထင်ဘက်လှည့်ကာ မေးမြန်းသော်လည်း မို့ထင်က သူမကို ပွဲဆက်ကြည့်ရန်သာ လက်ဟန်အမူအရာ ပြသပြီး ဖုန်းဆက်ရန် အပြင်ဘက် ထွက်သွားသည်။
 
 
ချောင်တစ်နေရာမှာ လျှပ်တစ်ပြက် ဓာတ်ပုံရိုက်ကူးနေသော လင်းချုံးက မို့ထင် ထလာသည်ကို ရိပ်စားမိသည်။ သူ့မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ထျန်းနင်က မို့ထင်ကို လာရှာသည့် မြင်ကွင်းကိုလည်း သူ မြင်လိုက်သည်။
 
 
"အရေးတကြီး ကိစ္စ ရှိလို့လား"
 
 
"သိပ်အရေးမကြီးပါဘူး"
 
မို့ထင် ပြန်ဖြေသည်။
"ကိုယ် နောက်မှပဲ ဖြေရှင်းလိုက်မယ်"
 
ထျန်းနင်က သူ့ကို မယုံကြည်နိုင်၍ သူမ၏ဖုန်းကို ဆွဲထုတ်သည်။ အကျော်ကြားဆုံး သတင်းခေါင်းစဉ်ကို မြင်မြင်ချင်း သူမကိုယ်သူမပင် ဂရုမစိုက်နိုင် မို့ထင်ကို မေးမြန်းလိုက်သည်။
 
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင်ဆက်ရိုက်ကူးဖို့ ငြင်းဆန်လိုက်ပြီ ဆိုတော့ ရှင့်ရုပ်ရှင်ရိုက်ကူးရေးက ဘယ်လိုဖြစ်သွားပြီလဲ"
 
"အရူးမလေး မင်းက ကိုယ့်အတွက်ပဲကိုယ် အရင်စိုးရိမ်ပါဦးကွယ်"
 
မို့ထင်က သူ့ချစ်ဇနီးဆိုးလေးကို သတိပေးနေရသည်။
 
"ယွဲ့ရှမ်ရှမ်က နောက်ဆုတ်မယ် အတွေး မရှိခဲ့ဘူးပဲ ဟုတ်တယ်မလား"
 
ထျန်းနင်က အခြေအနေကို နားလည်သင့်သလောက် နားလည်ခဲ့သည်။
"ဒီလိုဆိုရင်တော့ လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး။ ချစ်လေးတို့တွေ သူ့ကို အခွင့်အရေး ပေးခဲ့ရက်နဲ့ ဒီလိုအချိုးမျိုး ချိုးရက်တယ်လို့"
 
"ဒီပြဿနာကို ဖြေရှင်းဖို့ ကိုယ်ပဲ အရင်ဆုံး ပေကျင်း ပြန်လိုက်မယ်။ ချစ်လေးက မင်္ဂလာပွဲကို ပျော်ပျော်ပါးပါး နွှဲလေ"
 
 
"ချစ်လေးလည်း အတူတူလိုက်ခဲ့မယ်"
 
ရန်သူက မို့ထင်ကို ပစ်မှတ်ထားမှန်း သူမ သိနေခဲ့၍ သူမကို သိက္ခာချခဲ့သည့် အပြုအမူကို သူမ ဒေါသ မထွက်ခဲ့ပေ။
 
***
အပိုင်း(၃၂၄)

 
မို့စုံတွဲက ဖန်စုံတွဲကို နှုတ်ဆက်စကား ပြောအံ့စဲစဲ ထျန်းနင်က အဝေးတစ်နေရာမှ လင်းချုံးကို မျက်မှန်းတန်းမိသွားသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသော်လည်း ထျန်းနင်က စကားတစ်ခွန်းမျှ မဆိုဘဲ မို့ထင်၏လက်ကို ဆွဲကာ အပြင်ထွက်လာသည်။
 
 
လင်းချုံးက ပေကျင်းမှ အခြေအနေကို သိနေပြီးသား ဖြစ်သည်။ အားလုံးက J-Kingအကြံအစည်မှန်း သူ သိနေခဲ့သည်။
 
 
သူ့ မပြောပလောက်သည့် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် J-Kingက အသရေဖျက်သော နည်းလမ်းဖြင့် ထျန်းနင်၏ဘဝတက်လမ်းကို လုံးဝ ဖျက်ဆီးပစ်ရန် ကြံရွယ်ထားခဲ့သည်။ သူ ယခုလိုမျိုး မလုပ်ဆောင်ခဲ့လျှင် မို့ထင်က သူ့ချစ်သူကို ကာကွယ်ရန် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ရှယ်ရာရှင် အကြီးအကဲများကို ဆန့်ကျင်သော အပြုအမူမျိုး လုပ်ဆောင်မည်လော။
 
 
ထိုစဉ် ယွဲ့ရှမ်ရှမ်ကလည်း သူမ၏ပရိသတ် ထိခိုက်ခဲ့၍ ရုပ်ရှင် ဆက်လက်ရိုက်ကူးရန် ငြင်းဆန်ခဲ့သည်။
 
 
သူမက ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဖြေရှင်းချက် နှင့် ထျန်းနင်ဘက်မှ တုံ့ပြန်လာရန် လိုလားခဲ့သည်။
 
 
သူမက ဆေးရုံရောက်သွားသည့် ပရိသတ်အတွက် တရားမျှတမှု ရရှိအောင် ကြိုးစားပေးချင်ခဲ့သည်။
 
 
လင်းချုံး ဤသတင်းကို မြင်မြင်ချင်း မည်သည့်အတွက်ကြောင့် လှောင်ရယ်ချင်မိမှန်း သူကိုယ်တိုင် မသိခဲ့ပေ။ သူ၏ဂုဏ်သိက္ခာကျဆင်းဖွယ် အတိတ် နှင့် J-King၏ သွေးအေးရက်စက်သော အပြုအမူကြောင့် သူ ရယ်ချင်မိသည်။
 
 
J-Kingက မို့ထင်၏အာဏာကို လုယူချင်ခဲ့သည့် အဓိကတရားခံ ဖြစ်ပါသော်လည်း J-King၏ ယုတ်မာရက်စက်သော နည်းလမ်းများကို လင်းချုံး လက်ဖျားခါ ဦးညွှတ်မိပါသည်။
 
 
အဆုံးသတ်မှာ လင်းချုံးက ကင်မရာကို အောက်ချထားလိုက်ပြီး ထျန်းနင်ထံ  စာတစ်စောင်ပို့ပေးရန် စားပွဲထိုး တစ်ဦးကို အကူအညီတောင်းခံ ခဲ့သည်။ ထို့နောက် ပေကျင်းပြန်မည့် လေယာဉ်ပျံကို ဘိုကင်တင်ခဲ့သည်။
 
 
ထျန်းနင် ထွက်သွားခါနီး စားပွဲထိုးက စာတစ်စောင် လာပေးသည်။
 
စာရွက်ထဲ ရေးသားထားသည့် အကြောင်းအရာက ရိုးရှင်းသည်။
"J-Kingက မို့ထင်ရဲ့လုပ်ပိုင်ခွင့် အာဏာကို လုယူဖို့ စိန်ခေါ်ချင်နေတယ်။ သူ့အဖေက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဒါရိုက်တာချန်းပဲ"
 
ထျန်းနင်က မို့ထင်ကို စာရွက် လက်လွှဲပေးသည်။ သူမ ဘေးဘယ်ညာ ရှာကြံကြည့်မှ လင်းချုံးက ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့သည်။
 
 
လင်းချုံးက သတင်းထောက် ဖြစ်သောကြောင့် အများစိတ်ဝင်စားမည့် အကြောင်းအရာကိုသာ တင်ဆက်လေ့ ရှိသည်။ သို့သော်လည်း ဟိုးယခင် အတိတ်နှင့် သူ့ရည်ရွယ်ချက်က ခြားနားခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ထျန်းနင်ကို သိက္ခာ မချခဲ့ဘဲ သူကိုယ်တိုင် အံ့အားသင့်စေသည့် အပြုအမူမျိုးကို သူ လုပ်ဆောင်ခဲ့သည်။ သူက ထျန်းနင်အတွက် တရားမျှတမှု ရရှိအောင် ကူညီပေးခဲ့မိသည်။
 
 
လူတစ်ယောက်ကို ဂုဏ်သရေညှိုးနွမ်းအောင် လုပ်ဆောင်ခြင်းသည် လွယ်ကူလွန်းသော်လည်း တစ်စုံတစ်ယောက်၏ ဖြူစင်မှုကို ကာကွယ်ပေးခြင်းက ခြားနားသော ဇာတ်လမ်း ဖြစ်လေ၏။ သို့သော်လည်း တစ်စုံတစ်ယောက်ကို ကယ်တင်ခြင်းက သိက္ခာချသော ဖြစ်ရပ်ထက် ပို ကျေနပ်ဖွယ် စိန်ခေါ်ဖွယ် ဖြစ်လေ၏။
 
 
စာရွက်ထဲပါဝင်သည့် နာမည်ကြောင့် မို့ထင် မအံ့ဩမိပေ။ J-Kingက သူ သံယဝင်သော စာရင်းထဲဝင် ပါဝင်နေသည်။
 
 
J-Kingက ဟိုက်ဟွေ့ဖျော်ဖြေရေးကို တပ်မက်ခဲ့၍သာ ယခုလို အတင့်ရဲသော အပြုအမူမျိုးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေ၏။
 
 
...
 
 
သူတို့စုံတွဲ ပေကျင်းကို ပြန်ရောက်ရောက်ချင်း မို့ထင်က ဟိုက်ဟွေ့ဖျော်ဖြေရေးကို ချက်ချင်း အပြေးအလွှား သွားသည်။ မို့ထင်ကို လှမ်းမြင်လိုက်သည်နှင့် လုချယ်က မို့ထင်အနား ချဉ်းကပ်လာသည်။
 
"ကျွန်တော်၊ ယွဲ့ရှမ်ရှမ်နဲ့ ဆက်သွယ်လို့ မရဘူး။ ကြည့်ရတာ သူက ကျွန်တော်တို့နဲ့ စကားပြောချင်ပုံ မရဘူး။ အမှန်တရား ရှာဖွေဖို့နဲ့ တောင်းပန်စကား ပြောဖို့ပဲ လိုချင်နေပုံပဲ။ အဲဒါကြောင့်လည်း ယွဲ့ရှမ်ရှမ်ရဲ့ ပရိသတ်တွေက အပိုတင့်ရဲလာကြတယ်"
 
"ဒါနဲ့ ထိခိုက်ဒဏ်ရာ ရတဲ့ ပရိသတ်က ညှိနှိုင်းမယ် အတွေးမရှိဘူးထင်တယ်။ အဲဒီမိန်းကလေးက တရားရုံးအထိ တက်ဖို့ ကြံရွယ်နေလောက်တယ်"
 
 
" သူဌေး"
 
 
" ဒီလောက်ဆို လုံလောက်ပြီ"
 
မို့ထင်က သူ့ရုံးခန်းထဲ ဝင်ရောက်သွားပြီး ညွှန်ကြားသည်။
"Star Art အေဂျင်စီကို ဆက်သွယ်ပြီး ယွဲ့ရှမ်ရှမ်ကို ထိန်းထားဖို့ ပြောလိုက်။ ပြီးတော့ ဒါရိုက်တာချန်းကို ငါ့ရုံးခန်းလာခဲ့ဖို့ ဖုန်းဆက် အကြောင်းကြားလိုက်"
 
" သူဌေး၊ အခုပြဿနာက သူဌေးကတော်ကို အတော်ကလေး နစ်နာစေတယ်"
 
 
" ငါ သိတယ်"
 
မို့ထင်က အေးစက်စက် ပြန်ဖြေသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဘာလုပ်ပေးလုပ်ပေး မလိုမုန်းထားသည့် ပရိသတ်များက ထျန်းနင်ကို အမြဲတမ်း ပြစ်တင်ရှုတ်ချခဲ့သည်။ ထျန်းနင် အကောင်းဆုံး ကြိုးစားနေထိုင်သည့်တိုင် ယွဲ့ပရိသတ်များက အလိုအလျောက် စက်ဆုပ်သည့် ခံစားချက်ကို ခံစားနေရလိမ့်မည်။
 
တကယ်တမ်း ယခုပြဿနာက ထျန်းနင်နှင့် လားလားမျှ မသက်ဆိုင်ပေ။ သို့သော်လည်း ပရိသတ်၏အပြုအမူကြောင့် သူတို့ အသည်းကျော်လေးများ ထိခိုက်နစ်နာရသည်။ အားလုံးက အနုပညာရှင်၏ အမှားဟုသာ ယုံကြည် လက်ခံထားသည်။ အတုအယောင် ပရိသတ်၏လုပ်ရပ်ကြောင့် ထျန်းနင် ခက်ခက်ခဲခဲ ကြိုးစား တည်ဆောက်ခဲ့သည့် အခြေအနေလေးကို ရစရာ မရှိအောင် ဖျက်ဆီးခံရသည်။
 
 
မော်ဒယ်လောက နှင့် ရုပ်ရှင်ရိုက်ကူးရေးလောက ယှဉ်ပြိုင်နေသော ပွဲဖြစ်နေသည်။
 
 
မော်ဒယ်လောကသည် အရေးနိမ့်မည့် အခြေအနေသို့ သက်ဆင်းနေသည်။
 
 
..
 
 
ထျန်းနင် အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်ဆောင်သည့် အပြုအမူက လုံကျဲကို ဆက်သွယ်ခြင်း ဖြစ်သည်။ ထို့နောက် လုံကျဲ၏အကောင့်ကို အသုံးပြု၍ သူမ၏ပရိသတ်များရှိသော ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ခဲ့သည်။
 
 
ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ ပရိသတ်များ ပြောဆိုနေသည့် အချက်အလက်များကို ခပ်မြန်မြန် စီစစ်ကြည့်သည်။
 
 
ပြဿနာဖန်တီးခဲ့သည့် အကောင့်က အမှန်တကယ် ခိုးယူခံရပြီး ရိုင်းစိုင်းသော ပရိသတ်က သူမ၏ ပရိသတ် အစစ်အမှန် ဖြစ်သည့် သက်သေ မရှိခဲ့ပေ။
 
 
ကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင် ဒါရိုက်တာ လုပ်နေသော အပြုအမူက အရမ်းကို သိသာ ပေါ်လွင်နေသည်။
 
 
အရေးကြီးဆုံးအချက်က ပြဿနာအကြီးအကျယ် တက်နေစဉ် ယွဲ့ရှမ်ရှမ်က 'Stupid' ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။
 
 
ယွဲ့ရှမ်ရှမ်က သူ့ပရိသတ်ကို ကာကွယ်ရန် အလို့ငှာ ရုပ်ရှင်ရိုက်ကူးရေး စာချုပ်ပါ စည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး ဟိုက်ဟွေ့ဖျော်ဖြေရေးထံမှ တရားမျှတမှုကို တောင်းခံခဲ့သည်။
 
 
ယင်းအပြုအမူကြောင့် ယွဲ့ရှမ်ရှမ်ကို ချီးမွမ်သူ များပြားခဲ့သည်။
 
 
တစ်ဖက်မှာတော့ ထျန်းနင်က ပြစ်တင်ရှုတ်ချခံရသည်။
 
 
"အားလုံးပဲ မကြောက်ကြပါနဲ့ စိတ်မညစ်ကြပါနဲ့။ သက်သေရှိတဲ့ ဘယ်သူမဆို ကိုယ့်မှာ ရှိတဲ့ သက်သေကို လွတ်လွတ်လပ်လပ် စာတင်လို့ ရပါတယ်"
 
 
"အို့စ် မင်းက ထျန်းနင်လား။ အသံက ထျန်းနင် အသံနဲ့ တော်တော်ဆင်တယ်"
 
 
"ထျန်းနင်ပဲ ဖြစ်ရမယ်"
 
 
ထျန်းနင်၏ပရိသတ်များက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ အားလုံးက ထျန်းနင်၏စကားကို လေးလေးနက်နက် နားစွင့်နေသည်။
 
 
"ဒီတစ်ခေါက် မင်းတို့တွေလည်း နာကျင်ခံစားခဲ့ ရပါတယ်။ ဒါပေမဲ့ လူတိုင်းက ဒီပြဿနာနဲ့ ခပ်ကင်းကင်းနေဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ထျန်းနင်ကြောင့် တခြားသူတွေ ထိခိုက်နစ်နာတာ မမြင်ရက်ဘူး။ အဲလို ဖြစ်ဖို့လည်း မလိုအပ်ပါဘူး"
 
 
"ထျန်းနင်၊ ငါတို့တွေ ဖြူစင်ပါတယ်။ ငါတို့ ဘာမှ မလုပ်ခဲ့ပါဘူး။ မင်း ငါတို့ကို ယုံကြည်ပေးဖို့ လိုအပ်တယ်"
 
 
"ထျန်းနင်က အားလုံးကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အားလုံးကလည်း ထျန်းနင်ကို ပြန်ယုံကြည်ပေးဖို့ လိုအပ်တယ်"
 
 
"ကောင်းပါပြီ။ ဒီစကားက ငါတို့ချစ်ရတဲ့ ထျန်းနင်ရဲ့နှုတ်က ထွက်လာရင်တော့ ငါတို့တွေက အဲဒီစကားကို ယုံကြည်ပေးမှာပါ"
 
 
သူမ၏ပရိသတ်အားလုံးက စကားနာခံပြီး အရှုပ်အထွေးထဲ ဝင်မပတ်သက်ရန် ဆုံးဖြတ်ထားသည်။ သူတို့အားလပ်ချိန်ကို ချို့ငဲ့သူများကူညီရင်း ကုန်ဆုံးရန်သာ ဆုံးဖြတ်ထားသည်။ သူတို့က စကားထက် အပြုအမူများဖြင့် သက်သေပြခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌သာ အာရုံစိုက်ခဲ့သည်။ သူတို့အားလုံး၏ ဖြူစင်သော အပြအမူကြောင့် သူတို့ကို နားလည်မှုလွဲမှားခဲ့သူများ တစ်နေ့ အရှက်ရလိမ့်မည်ဟု  ယုံကြည်ခဲ့သည်။
 
 
...
 
 
ည၇နာရီ
 
 
နောက်ဆုံးတော့ Star Artအေဂျင်စီက ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဖိအားပေးသည့် ဒဏ်ကို ခံနိုင်ရည် မရှိ၍ ယွဲ့ရှမ်ရှမ်ကို ဆက်သွယ်နိုင်သော အချက်အလက် အသေးစိတ်ကို ပေးပို့လာခဲ့သည်။ လုချယ်က အောင်အောင်မြင်မြင် ဖုန်းဆက်သွယ်နိုင်ခဲ့ပြီး မို့ထင်ရုံးခန်းထဲအထိ ဖုန်းချိန်းပေးသည်။
 
 
သို့သော်လည်း တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် မို့ထင်က ခေတ္တာခဏ နှုတ်ဆိတ်နေခဲ့သည်။ သူက ယွဲ့ရှမ်ရှမ် သောကရောက်အောင် တမင်လုပ်ဆောင်နေခြင်း ဖြစ်သည်။
 
 
နောက်ဆုံးတော့ ယွဲ့ရှမ်ရှမ်က အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်ပြီး ကြောက်ကြောက်လန့်လန့် စကားပြောလာသည်။
 
 
"မို့သူဌေး၊ ကျွန်မရဲ့ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ပြောပြပြီသားပါ။ ဒါကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးက ပြဿနာရှင်းဖို့ ကြိုစဉ်းစားထားပါ"
 
ယွဲ့ရှမ်ရှမ်က သူမ ပြောလိုက်သော စကားသည် မို့ထင်ကို သွေးပျက်စေလိမ်မ့ည်ဟု တွေးတောနေခဲ့သည်။
 
သို့သော်လည်း ဤတစ်ကြိမ်တွင် မို့ထင်က သူနှင့် အတန်းဖော်ဖြစ်ခဲ့ဖူးသည့် အချက်ကို မထောက်ရှုတော့ပေ။ ထို့ကြောင့် မို့ထင်က အေးစက်စက် လေသံဖြင့် တုံ့ပြန်သည်။
 
"မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ မင်း ကောင်းကောင်း သိသင့်တယ်"
 
ယွဲ့ရှမ်ရှမ်၏ နှလုံးသားလေးက ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ခံစားနေရသည်။
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေး နဲ့ ထျန်းနင်က မင်းကို တောင်းပန်ပေးတာ လိုချင်နေတယ်လို့ ငါ ကြားထားတယ်။ အဲဒါ ဟုတ်သလား"
 
 
"ဟု ဟုတ်ပါတယ်"
 
ယွဲ့ရှမ်ရှမ် ဗလုံးဗထွေး စကားပြောနေပြီး လက်ဖဝါးများက ချွေးစေးပြန်နေသည်။
 
ယခု မို့ထင်နှင့် ထိပ်တိုက်ရင်ဆိုင်နေရခြင်းက သူမကို ပို၍ ချောက်ချားစေသည်။
 
 
မို့ထင်၏အတွေး နှင့် အကြံအစည်ကို မည်သူမှ မခန့်မှန်းနိုင်၍ ပိုသွေးပျက်စေသည်။
 
 
"အစတုန်းကတော့ မင်းနေရာမှာ တိတ်တိတ်လေး အစားထိုးဖို့ပါပဲ။ ဒါပေမဲ့ မင်းက ထျန်းနင်ကိုပါ ဒုက္ခတွင်းထဲ တွန်းချခဲ့တယ်"
 
 
"ဒါကတော့... "
 
 
"မင်းကို ဒီနေ့ ဖုန်းခေါ်ခဲ့လို့ မင်း နားလည်မှုလွဲနေလောက်မယ် ထင်တယ်။ မင်းနဲ့ ညှိနှိုင်းချင်လို့ ဖုန်းခေါ်တာ မဟုတ်ဘူး။ နောက်တစ်ခေါက် အခုလို ပြဿနာမျိုး ထပ်အဖြစ်မခံဘူးဆိုတာ မင်းကို သိသွားစေချင်ရုံပဲ။ အခုကစပြီး ဒီဖျော်ဖြေရေးလောကမှာ မင်း အထိနာအောင် ငါက ကူညီပေးရတာပေါ့"
 
မို့ထင်က သူပြောချင်သမျှကို ပြောဆိုပြီးနောက် ဖုန်း ချပစ်ခဲ့သည်။ သူက ယွဲ့ရှမ်ရှမ်နှင့် ပြေရာပြေကြောင်း ညှိနှိုင်းမည့် အတွေးမျိုး ရှိမနေခဲ့ပေ။
 
ဤတစ်ကြိမ်တွင် ယွဲ့ရှမ်ရှမ်က ကြောက်ဒူးတုန်နေရသူ ဖြစ်သည်။
 
 
သူမ ဘာဆက်လုပ်သင့်သနည်း။
 
 
J-Kingထက် မို့ထင်က ပိုကြောက်လန့်ဖွယ် ကောင်းသည်။
 
 
ထို့နောက် ယွဲ့ရှမ်ရှမ်က J-Kingကို ဆက်သွယ်ခဲ့သည်။ သို့သော်လည်း J-King က သူမကို ခနဲ့လိုက်သေးသည်။
 
"ယွဲ့ရှမ်ရှမ်၊ မင်း နောက်ပြန်လှည့်ဖို့ မစဉ်းစားနဲ့။ ငါ့စကားကို မနာခံရင်တော့ မင်းကလေးကို နောက်တစ်ခေါက် တွေ့ဖို့ အိပ်မက်တောင် မမက်နဲ့။ ငါတို့တွေ နောက်ပြန်လှည့်လို့ ရသေးတယ်လို့ မင်းက တွေးနေသလား"
 
***

Continue Reading

You'll Also Like

507K 32K 66
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
803K 8.1K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
257K 17.9K 55
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
5.1M 458K 95
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...