ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 319+320+321

115 6 0
By jellyflower1

အပိုင်း(၃၁၉)

သိက္ခာကျဖွယ်ဓာတ်ပုံ ပေါ်ထွက်လာတိုင်း စုံတွဲဓာတ်ပုံဖြစ်နေခဲ့လျှင် အမြဲတမ်း ထိခိုက်နစ်နာသူက အထူးသဖြင့် အမျိုးသမီးများသာ ဖြစ်သည်။
 
သို့သော်လည်း ဖန်ယွီက ယခုအခြေအနေကို ပြောင်းပြန်လှန် လိုက်ပြီး သတင်းထောက်များ၏ ကိုယ်ရေးကိုယ်တာ ချိုးဖောက်သည့် အပြုအမူကိုသာ အလေးထား ပြောဆိုသွားခဲ့သည်။
 
သူ့အပြုအမူအတွက်  ဆင်ခြေမပေးဘဲ အများရှေ့မှာ တောင်းပန်စကား ပြောခဲ့သည်။
 
သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့သည့် အပြုအမူအတွက် အလုပ်မှ နုတ်ထွက်ခြင်း အားဖြင့် အပြစ်ခံယူခဲ့ပြီး ကိုယ်ရေးကိုယ်တာ အတွင်းရေးကို ချိုးဖောက်ခဲ့သည့် ဟွားရုံစတူဒီယိုကိုလည်း တောင်းပန်စကား ပြောစေချင်သည်။
 
နှစ်ဖက်စလုံး မှားယွင်းနေသည့်အခါ တောင်းပန်စကား ပြောရဲသည့် တစ်ဖက်ကို နားလည်ပေးနိုင်ပြီး တစ်ဖက်အဖွဲ့ကိုတော့ ဝိုင်းဖယ်ကြဉ်ကြသည်မှာ ပုံမှန် ဖြစ်လေ၏။
 
ဤအပြုအမူက ဖန်ယွီနှင့် ပတ်သက်သည့် အထင်ကြီး လေးစားစရာ အကောင်းဆုံး ဖြစ်သည်။
 
သိပ်မကြာလိုက် သတင်းထောက်များက အများစိတ်ဝင်စားဖွယ် အနုပညာရှင် သတင်းကို တင်ဆက်ပြန်သည်။ အနုပညာရှင် တစ်ဦး ရေမိုးချိုးနေပြီး လိင်မှုကိစ္စ လုပ်ဆောင်ရန် ပြင်ဆင်နေသည့် ဓာတ်ပုံ ဖြစ်လေ၏။
 
ဤရက်ပိုင်းအတွင်း သတင်းထောက်တစ်ဦးက အမျိုးသမီးအနုပညာရှင်၏ အိမ်ထဲ ခိုးဝင်ပြီး သူမမှာ မသန်မစွမ်း ဖခင် ရှိသည့် သတင်းကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် ၎င်းအနုပညာရှင်က တိုက်ပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။
 
စိတ်ဓာတ် ယုတ်ညံ့သော သတင်းထောက်များ၏ လက်သီးပုန်းနည်းလမ်းကို ပရိသတ်များ စက်ဆုပ်လာ၍ ယုတ်ညံ့သော သတင်းမီဒီယာသမားများကို အပြစ်ပေးရန် ကြိုးပမ်းလာကြသည်။
 
"အရိုးသားဆုံး ပြောရရင် ကျော်ကြားသူတွေကလည်း သာမန်လူတွေပါပဲ။ အနမ်းပေးချင်တဲ့စိတ်ကို မထိန်းချုပ်နိုင်ရုံနဲ့ အပြစ်ရှိသွားရောလား။ ငါယောက်ျား နဲ့ ငါလည်း လူမြင်ကွင်းမှာ မကြာခဏ နမ်းတတ်ပါတယ်"
 
" တကယ်တမ်း ဟွားကျင်းကျင်းက အတော်ကလေး သနားစရာ ကောင်းပါတယ်။ ငါသာ ဟွားကျင်းကျင်း နေရာမှာ ဆိုရင် ဖန်ယွီလို ယောက်ျားမျိုးနဲ့ ဆုံခွင့်ရရင် အချစ်မှာ ကျရှုံးမိမှာပဲ။ နားလည်ပေးနိုင်ပါတယ်။ သူတို့နှစ်ယောက်လုံး လက်မထပ်ရသေးဘူးလေ သူတို့နမ်းတာ ဘာများမှားနေလို့လဲ"
 
"ဟွားရုံစတူဒီယိုက တောင်းပန်သင့်တယ်"
 
"အရိုးသားဆုံး ပြောရရင် သတင်းထောက်တွေကို အမုန်းဆုံးပဲ"
 
" အင်တာနက် ဝါသနာအိုးလေးတွေက အဲဒီစတူဒီယို အကြောင်း ထုတ်ဖော်လို့ ရအောင် ကူညီပေးဖို့ မျှော်လင့်ပါတယ်"
 
ကြင်နာသနားတတ်သည့် အင်တာနက် ဝါသနာအိုးများက ဟွားရုံစတူဒီယို၏ အယ်ဒီတာနာမည် လင်းချုံးဖြစ်ကြောင်း ရှာဖွေပေးကြသည်။ ရိုးရှင်းသော နာမည်တစ်လုံးက စွယ်စုံကျွမ်းကျင်သော အင်တာနက်သုံးစွဲသူများအတွက် သူတို့သိချင်သော အရာရာကို ရှာဖွေရန် လုံလောက်သည်။
 
ထို့ကြောင့် အချိန်ခဏလေးအတွင်း လင်းချုံးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အွန်လိုင်းပေါ် ပြန့်သွားသည်။ လင်းချုံးက သုံးကြိမ် လက်ထပ်ဖူးပြီး သုံးကြိမ် ကွာရှင်းဖူးသော ယောက်ျား ဖြစ်သည်။ သူနှင့်ပတ်သက်သည့် အတိတ်သမိုင်းကို ထုတ်ဖော်ထားသည်။
 
"လင်းချုံးက စောက်ရူးပဲ။ သူ့မိန်းမက ရေချိုးခန်းထဲ ဖုန်းသွားပြောရုံလောက်နဲ့ သံသယဝင်ရတယ်လို့"
 
"သူ့လို စောက်ရူးကောင်ကို စိတ္တဇဆေးရုံပဲ ပို့သင့်တယ်။ သူ့လှည့်စားတာကို လူကောင်းတွေ ခံရဦးမယ်"
 
"အဲလို အရူးကောင်က ငါ့ကို လာကြိုက်လို့ကတော့ ငါ့ကိုယ်ငါ သတ်သေချင်စိတ် ပေါက်သွားလိမ့်မယ်။ ငါသာ ဖန်ယွီဆိုရင် အဲစောက်ရူးကောင်ရဲ့ မျက်ခွက်ကို ပိတ်ထိုးပစ်လောက်ပြီ"
 
ဟွားကျင်းကျင်းနှင့် ဖန်ယွီ၏ အချစ်ရေးကို ထုတ်ဖော်ခဲ့သည့် ဟွားရုံစတူဒီယိုအနေဖြင့် သူတို့ဦးတည်ချက် လွဲမှားကာ လူအများစု၏ပစ်မှတ်က လင်းချုံး ဖြစ်သွားခဲ့သည်။
 
ထို့အပြင် ယနေ့ နေ့လည်ခင်းက ဟိုက်ဟွေ့ဖျော်ဖြေရေး၏တရားဝင် စာမျက်နှာပေါ်မှာ ဖန်ယွီ တင်ခဲ့သော ဗီဒီယိုကြောင့် ဖန်ယွီ၏ အကျင့်စရိုက် ပိုပေါ်လွင်ခဲ့ပြီး အရည်အချင်း ရှိသူမှန်း သိသားစေခဲ့သည်။ ထို့ကြောင့်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ဝန်ထမ်း နှင့် ရှယ်ရာရှင်အားလုံးက ဖန်ယွီကို လက်ထောက်ဥက္ကဋ္ဌရာထူး တိုးမြှင့်ပေးရန် အားလုံးက သဘောတူကြသည်။
 
မို့ထင်ကိုယ်တိုင် ခန့်အပ်ခဲ့သည့် ရာထူး ဖြစ်ရုံသာမက ဖန်ယွီ၏လုပ်ဖော် ကိုင်ဖက်များ ကိုယ်တိုင် အပ်နှင်းသော ရာထူးလည်း ဖြစ်သည်။ ဖန်ယွီ၏ ပီအာ အရည်အချင်းကို ယှဉ်နိုင်သူ ဤဖျော်ဖြေရေးလောကဝယ် မရှိနိုင်ချေ။
 
ထို့ကြောင့် ဖန်ယွီနှင့် ဟွားကျင်းကျင်းကို ထိခိုက်ရန် ကြံရွယ်ခဲ့သော လင်းချုံး၏အကြံအစည်က ကျရှုံးသွားခဲ့သည်။ လင်းချုံးကိုယ်တိုင် ဘေးကျပ်နံကျပ် အခြေအနေထဲ ရောက်သွားသည့်အပြင် သူက ဖန်ယွီ ရာထူးတိုးအောင် ကူညီထောက်ပံ့ပေးသလို ဖြစ်ခဲ့သည်။
 
ဟွားကျင်းကျင်း ယင်းသတင်းကို မြင်တွေ့လိုက်စဉ် သူမက ဖန်ယွီ၏သမီးလေး ယွဲ့အာနှင့် အိမ်ဆောက်တမ်း ကစားနေသည်။
 
ဟွားကျင်းကျင်း၏ မျက်ဝန်းမှ မျက်ရည်စက်များ ကျဆင်းလာသည့် မြင်ကွင်းကို ယွဲ့အာ သတိထားမိ၍ သူ့လက်သေးသေးလေးဖြင့် ဟွားကျင်းကျင်း၏ ပါးမို့မို့ပေါ်မှ မျက်ရည်စက်များကို သုတ်ပေးသည်။
 
"ငိုနဲ့နော်။ ငိုရဘူးနော်"
 
ယွဲ့အာက ဟွားကျင်းကျင်း၏ ရင်ခွင်ထဲ တိုးဝှေ့ကာ ဟွားကျင်းကျင်း အငိုတိတ်အောင် ချော့မော့နေသေးသည်။
 
ဟွားကျင်းကျင်းက ရုတ်တရက် ထရယ်ပြီး သူ့ရင်ခွင်ထဲမှ ယွဲ့အာကို တင်းတင်းကျပ်ကျပ် ဖက်သည်။
 
"အချစ်ဆုံးလေးက ဖေဖေ နဲ့ မေမေရဲ့ အသည်းကျော်လေးပဲ"
 
ယခုအချိန်မှစပြီး သူမနှင့် ဖန်ယွီတို့က တခြားသူ နှာခေါင်းရှုပ်ခြင်းကို ခံစရာ မလိုအပ်တော့ပေ။ သူတို့နှစ်ယောက်က တရားဝင် ချစ်သူ ဖြစ်သွားပါပြီ။
 
လင်းချုံး ဖြန့်ခဲ့သော သတင်းကြောင့် ဟွားရုံစတူဒီယို တစ်ခုလုံး ပျားတုပ်နေခဲ့သည်။ ဝန်ထမ်းတချို့တလေက သူတို့ပါ ဒုက္ခရောက်မည်ကို စိုးရိမ်မိ၍ နိုင်ငံရပ်ခြားကို ထွက်ပြေးကြပြီး အဆက်အသွယ် ဖြတ်တောက်ကြသည်။
 
အားလုံးက လင်းချုံး ဘေးနားမှ စွန့်ခွာသွား၍ လင်းချုံးဘေးနားမှာ သုံးစားမရသည့် ညီမဝမ်းကွဲ နှင့် Charleneသာ ကျန်ရစ်ခဲ့သည်။
 
လင်းချုံးက သူ့ရုံးခန်းတံခါးပိတ်ပြီး အပြင်ထွက်လာရန် ငြင်းဆန်နေ၍ Charlene ခနဲ့သည်။ တံခါးတစ်ဖက်ခြမ်းမှ သူမ စကားပြောသည်။
 
"နင်နဲ့ J-King ပူးပေါင်းထားတဲ့အလုပ်က အဆင်ပြေချောမွေ့နေပြီလေ နင်က ကိုယ့်တက်လမ်းကိုယ် ဖျက်ဆီးပစ်တာပဲ။ အဆုံးသတ်မှာ J-Kingရဲ့ကံတရားက အတော်ကလေး သနားစရာ ကောင်နိုင်ပေမဲ့လည်း နင်က သူ့ထက်တော် သာလွန်ပါတယ်။ သူ့စီကနေ ငွေတွေ အရယူနိုင်တယ်လေ။ အခုလို အရှုံးသမား ပုံစံမျိုး အဆုံးမသတ်သင့်ဘူး။ အခုတော့ လူတိုင်းအပြစ်တင်တာ ခံနေရပြီပဲ"
 
"တခြား ဘယ်သူကို မဆို ရွေးပြီး ပြဿနာရှာလို့ရတယ်။ နင်က ဖန်ယွီကိုမှ ရွေးချယ်ရတယ်လို့"
 
"နင့်မှာ ရွေးချယ်စရာ ပေါရဲ့သားနဲ့ ပီအာဒါရိုက်တာကိုမှ ရွေးချယ်ရတယ်လို့"
 
"အယ်ဒီတာလင်း ခင်ဗျားစိတ်ထဲ ဘာတွေများ တွေးနေလဲ သိချင်မိတယ်။ ခင်ဗျားမှာ အသိစိတ်ရော ရှိသေးရဲ့လား"
 
လင်းချုံးကို လှောင်ပြောင်သော စကားလုံးများ ပြောဆိုပြီးနောက် Charleneက သူ့ပစ္စည်းများကို သိမ်းဆည်းပြီး နောက်ဆုံး စကားတစ်ခွန်း ပြောလိုက်သည်။
 
"နင့် အခြေအနေကို ကြည့်ရုံနဲ့ လက်တွေ့ဘဝက ဘယ်လောက် ခက်ခဲလဲ မြင်နိုင်ပါတယ်။ တကယ်တမ်း ငါတို့လို လူတွေက မို့ထင်ရဲ့အခြေအနေကို မခြိမ်းခြောက်နိုင်ပါဘူး။ မို့ထင် ကာကွယ်ပေးချင်တဲ့သူက ဘယ်လိုပဲ ဘဝစုတ်ပြတ်နေပါစေ အခြေအနေကို ပြောင်းပြန်လှန် ပစ်နိုင်တယ်"
 
"အခုကစပြီး နင်တစ်ယောက်တည်း တိုက်ပွဲ ဆက်ဝင်လိုက်တော့။ နင့်မှာ အခွင့်အရေးကောင်းတွေ ရှိခဲ့ရဲ့သားနဲ့ အခြေအနေကို ပိုရှုပ်ထွေးအောင် လုပ်ခဲ့တဲ့ နင့်အပြစ်ကို နင်ပဲ ခံယူစမ်း"
 
လင်းချုံးက ရှူပ်ပွနေသော သူ့ရုံးခန်းထဲ ထိုင်ချသည်။
 
သူ့စတူဒီယို ခန်းမဆောင်ကြီး အခန်းလွတ်မဖြစ်ခင် စိတ္တဇရောဂါသည် တစ်ဦးကဲ့သို့ ဟားတိုက်ရယ်မော နေမိသည်။
 
သူ့ကံကြမ္မာဆိုးက ဤမျှလောက်ဖြင့် အဆုံမသတ်သေးပေ။ ယောက်ျားတစ်စု ရောက်လာပြီး သူ့စတူဒီယိုကို ရစရာ မကျန်အောင် ဖျက်ဆီးပစ်ပြီး လင်းချုံးကို ဘေးတစ်ဖက် ဆွဲခေါ်သွားကာ ကြယ်မြင်လမြင်သည်အထိ ရိုက်နှက်ကြသည်။
 
"J-Kingက ငါတို့ကို တဆင့်စကား ပြောခိုင်းလိုက်တယ်။ဒီနေ့ကစပြီးတော့ ခင််ဗျားမျက်နှာကို ပေကျင်းမှာ ထပ်မတွေ့ချင်ဘူးတဲ့"
 
"သုံးစားမရတဲ့ အရူးကောင်"
 
သူ့ကို စော်ကားမော်ကား ပြောဆိုပြီးနောက် ထိုလူတစ်စုက လင်းချုံး၏ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ဆောင့်ကန်ကာ ထွက်ခွာသွားသည်။
 
မည်သည်ကြောင့် J-Kingက ယခုအခြေအနေကို အလေးအနက် ထားခဲ့သနည်း။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ လက်ထောက်ဥက္ကဋ္ဌရာထူး လွှဲပြောင်းမှန်း ကြိုသိခဲ့လျှင် သူ့အဖေ နှင့် ရှယ်ရာရှင်များ၏ အကူအညီဖြင့် သူ အလွယ်တကူ ရယူနိုင်သည်။ သို့သော်လည်း လင်းချုံး၏ အလောတကြီး ကြားဝင်ခြင်းကြောင့် ဖန်ယွီက လက်ထောက်ဥက္ကဋ္ဌအသစ် ဖြစ်သွားခဲ့သည်။
 
ဖန်ယွီက ဟိုက်ဟွေ့ဖျော်ဖြေရေးအတွက် အရေးပါကြောင်း ရှယ်ရာရှင်အားလုံး သိသွားခဲ့သည်။
 
သို့တိုင်မို့ထင် စကားတစ်ခွန်း ပြောဆိုလိုက်ရုံဖြင့် ရှယ်ရာရှင်များ ငြင်းဆန်ခွင့် မရှိပေ။
 
သို့သော်လည်း J-Kingက သူ အခွင့်အရေး ထပ်ရနိုင်သေးသည်ဟု ယုံကြည်နေသည်။
 
ကိုယ့်ဘာသာကိုယ် အထင်ကြီးလွန်း နေသည့် လင်းချုံး၏ကံတရားက မတွေးဝံ့စရာပင်။
 
***
အပိုင်း(၃၂၀)

လင်းချုံးက နှစ်ရက်ဆက်တိုက် အမှောင်ထဲမှာ ကြွက်လေး တစ်ကောင်ကဲ့သို့ ပုန်းကွယ်နေပြီး သူ့ဒဏ်ရာများကို ကုသရန် ကြောက်ရွံနေသည်။
 
ဖန်ယွီတို့ သတင်းကို ဖြန့်ဝေလိုက်တည်းက သတင်းထောက်လုပ်ငန်း တစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်။
 
J-King,ဟိုက်ဟွေ့ဖျော်ဖြေရေး၊ ပရိသတ် နှင့် ကျော်ကြားသူတို့ကို ပုန်းကွယ်နေရသည့် အပြင် သူ့လုပ်ဖော်ကိုင်ဖက်များ၏ တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းနေရသည်။ သူ့အမှားကြောင့် တခြားသူအားလုံး၏ ဘဝလည်း ခက်ခဲကြမ်းတမ်းခဲ့၍ သူက အားလုံး၏ဘုံရန်သူ ဖြစ်သွားခဲ့သည်။
 
အလုပ်မရှိသည့် ငပျင်းတစ်ယောက်က လင်းချုံး ပုန်းနေသော ဓာတ်ပုံကို အွန်လိုင်းပေါ် တင်လိုက်သည်။ လုံကျဲက ၎င်းဓာတ်ပုံကို မြင်သောအခါ ပြုံးပြုံးရွှင်ရွှင်ဖြင့် ထျန်းနင်ကို လာပြသည်။
 
"ဟိုသူတောင်းစား ဘယ်လိုဘဝ ရောက်နေလဲ ကြည့်စမ်းပါ"
 
ထျန်းနင်က ဖုန်းကို လက်ခံလိုက်ပြီး ဖျတ်ခနဲ ကြည့်လိုက်သည်။
 
"ဟွားကျင်းကျင်း နဲ့ ငါ့ ကိုယ်စား သူ့ကို ပိုက်ဆံပေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်စမ်းပါ"
 
"ထျန်းနင်..."
 
လုံကျဲက ထျန်းနင်၏ရည်ရွယ်ချက်ကို အတော်ကလေး နားမလည်နိုင်ပေ။
ထျန်းနင်က လူယုတ်မာကောင်ကို ရိုက်နှက်ရန် လူမလွှတ်ခဲ့သည့်အပြင် ငွေပေးရန် ကြံရွယ်ထား လိုက်သေးသည်။
 
"ရန်သူကို အလွယ်တကူ သေခွင့် ပေးလိုက်တာ သက်ညှာလွန်းရာ မရောက်ဘူးလား။ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ထာထက် စိတ်ကိုညှဉ်းပန်းရတာ ပိုအရသာ ရှိပါတယ်။ ဒါက ရန်သူကို ဖယ်ရှားပစ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ"
 
ထျန်းနင်က ခေါင်းငုံ့ထားပြီး လင်းချုံးကို သနားစိတ် မဝင်မိချေ။ လင်းချုံးက သူ့အကုသိုလ်နှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူနေခြင်းသာ ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။
 
လုံကျဲက အတွေးကမ္ဘာထဲ နစ်မြောကာ တိတ်တဆိတ် ထိုင်နေသည်။ သူမ နှိမ်ချခံရပြီး အများရှေ့မှာ ဒူးထောက် တောင်းပန်ခဲ့ဖူးသော နာကျင်ဖွယ်သော ဘဝအတွေ့အကြုံကို ပြန်တွေး‌မိမှ ထျန်းနင်၏လုပ်ရပ်ကို သူမ ရုတ်တရက် နားလည်သွားသည်။
 
"နင့်စိတ်ကူးက တကယ်မိုက်တယ်"
 
...
 
အေးချမ်းသော ညချမ်းလေးမှာ Capဦးထုပ်ကို ဆောင်းထားသော အမျိုးသားက လင်းချုံး၏ရုံးခန်းထဲ ရောက်လာပြီး လုပ်ငန်းကတ်၊ ဆေးဝါး၊ အစားအသောက် နှင့် သန့်ရှင်းသပ်ရပ်သော ဝတ်စုံတို့ကို လင်းချုံးဘေးနား လာထားသည်။
 
သေလုမြောပါး အခြေအနေရောက်နေသော လင်းချုံးက သူ့ဘေးနား လာချထားသော အဝတ်အစားများကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
 
အဆိုးရွားဆုံး အခြေအနေကို‌ ရောက်နေသော သူက သူတို့ဂုဏ်သိက္ခာကို ဂရုစိုက်နေမည်နည်း။
 
တစ်ညလုံး လင်းချုံးက အဝတ်အစားသစ် တစ်စုံကို ငေးစိုက်ကြည့်နေသည်။ အရုဏ်တက်ချိန် ရောက်ခါနီးမှ သူ့ဖုန်းကို ဆွဲထုတ်ကာ လုပ်ငန်းကတ်ပေါ်မှ ဖုန်းနံပါတ်ကို ခေါ်ဆိုသည်။
 
"ဟယ်လို ကျွန်တော်က လင်းချုံးပါ ခင်ဗျာ"
 
"အခုလို ဖုန်းခေါ်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မင်း ငါတို့နဲ့ အလုပ်တွဲလုပ်မယ် ဆိုရင်တော့ ငါတို့က ဓာတ်ပုံဆရာအရည်အချင်းများ ရှိနိုင်မလား။ ယနေ့ခေတ် လူငယ်မျိုးဆက်သစ်တွေက သေချာ လေ့ကျင့်ထားတာ မဟုတ်တော့ လုပ်ငန်းမကျွမ်းကျင်ကြဘူး"
 
"ကျွန်တော်တို့ အရည်အချင်းရှိတဲ့ ပညာရှင်ကိုပဲ လိုချင်တာပါ။ လူကြီးမင်းက ငွေကြိုက်ဈေး တောင်းလို့ ရပါတယ်။ လူကြီးမင်းရဲ့ သဘောထားကို ပြောပေးနိုင်မလား။ အလုပ် လက်ခံ မလား"
 
ဖုန်းတစ်ဖက်မှာ စကားပြောဆိုနေသည့်သူက အင်မတန် ရင်းနှီးဖော်ရွေနေသည်။
 
"ဒီအလုပ်ကို ဘယ်သူ ကမ်းလှမ်းတာလဲ"
 
"မမေးတာ အကောင်းဆုံးပါပဲ။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆို မင်းနဲ့ အလုပ်တွဲလုပ်ချင်တဲ့ အလုပ်ရှင် မရှိနိုင်ဘူး။ မင်း အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒရှိရင် တွေဝေမနေနဲ့"
 
လင်းချုံးက သန့်ရှင်းသပ်ရပ်သော ဝတ်စုံလေးကို ကြည့်ရှုကာ ခေါင်းညိတ်သည်။
 
"ကောင်းပါပြီ။ ဒါဆိုရင် ငါ လာခဲ့ပါမယ်"
 
"ကောင်းပြီလေ၊ ဒါဆိုရင် လုပ်ငန်းကတ်ပေါ်က လိပ်စာအတိုင်း လာခဲ့ပါ"
 
လုံကျဲက သူမကို ပေးအပ်ထားသော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီးနောက် ထျန်းနင်ကို ကြည်ကြည်နူးနူး ကြည့်လိုက်သည်။
 
"သူ အမုန်းဆုံးရန်သူက သူ့ကို နောက်ကွယ်က ကူညီပေးနေမှန်း ဟိုစောက်ရူးကောင် သိလို့ကတော့  ခေါင်းနဲ့ နံရံတိုက်ပြီး သတ်သေလောက်တယ်"
 
ထျန်းနင် ခပ်တိုးတိုးလေး ရယ်မောပြီး ဥယျာဉ်ထဲမှ ပန်းကို ခူးဆွတ်သည်။
 
လုံကျဲ စပ်စပ်စုစု မေးမြန်းသည်။
 
"ဆောင်းဦး၊ဆောင်းရာသီ ဖက်ရှင်ပွဲတော် ကျင်းပခါနီးပြီ။ မို့သူဌေးက နင့်အတွက် အလုပ်အချိန်ဇယား ဘယ်လိုစီစဉ်ထားသလဲ"
 
"ကျင်းကျင်း မင်္ဂလာဆောင်ခါနီး ပြီလေ။ သူ့မင်္ဂလာပွဲ ပြီးမှ သွားတော့မယ်"
 
ထျန်းနင် တည်ငြိမ်စွာ ပြန်ဖြေသည်။
 
"ပွဲကျင်းပခါနီး ပြီလား။ ပွဲအတွက် မပြင်ဆင်တော့ဘူးလား"
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက အနုပညာရှင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေလောက်ပဲ ဖိတ်မှာလေ"
 
ထျန်းနင်က သူ့လက်ထဲမှ ကတ်ကြေးကို အောက်ချထားသည်။
 
"မင်္ဂလာပွဲက ခမ်းနားနေဖို့ မလိုအပ်ဘူးလေ။ မင်္ဂလာပွဲ မကျင်းပပေးလည်း ကျင်းကျင်းက ဖန်ယွီ လက်ထပ်ခွင့်တောင်းခံတာကို လက်ခံမှာပါ"
 
"ဒီတစ်ခေါက်တော့ ဖန်ယွီ အရမ်းမိမိုက်တယ်"
လုံကျဲ ပင့်သက်ရှိုက်သည်။
"နင်ရော သူဌေးရော မင်္ဂလာပွဲ တက်ရောက်မလား"
 
"သူတို့မင်္ဂလာပွဲကို ဂုဏ်ယူပေး ရမှာပေါ့"
 
လင်းချုံး သတိမထားမိသော်လည်း ထျန်းနင်က ဟွားကျင်းကျင်း၏မင်္ဂလာပွဲအတွက် လင်းချုံးကို ဓာတ်ပုံဆရာအဖြစ် ငှားရမ်းခဲ့သည်။  လင်းချုံး မုန်းတီးခဲ့သည့် အမျိုးသမီးက ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဖြင့် အဆုံးသတ်သွားသော မြင်ကွင်းကို လင်းချုံး မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိမ့်မည်။
 
...
 
ဖန်ယွီ အိမ်ပြန်ရောက်ရောက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်လျက်သားဖြင့် ဟွားကျင်းကျင်း နှင့် ဖန်ယွဲ့ကို ဖက်ကာ
 
"ကိုယ် မင်းကို လက်ထပ်ပါရစေ။ ယွဲ့အာကို ပြည့်စုံတဲ့ မိသားစုဘဝလေး ဖန်တီးပေးပါနော်"
 
"ဟမ်"
 
"လက်ထပ်ကြမယ်လို့ ‌ကိုယ် ပြောလိုက်တာလေ"
 
ဟွားကျင်းကျင်းက ဖန်ယွီ၏ရင်ခွင်ထဲမှ တိုးထွက်သည်။ သူမ၏ပါးမို့မို့ကို လက်ဖြင့်ကွယ်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောကာ အခန်းထဲ ပြန်သွားသည်။
 
စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီးမှ  အဖြေပေးရန် ဧည့်ခန်းထဲ ပြန်လာခဲ့သည်။
 
"သဘောတူတယ်"
 
ထျန်းနင် နာမည်တစ်ခုတည်း ပါဝင်သည့် ဧည့်သည်တော်စာရင်းကို တစ်ပါတည်း ပေးလိုက်သည်။
 
ဖန်ယွီက ဧည့်သည်တော် စာရင်းကို လက်ခံယူလိုက်ပြီး ဟွားကျင်းကျင်း၏ လည်တိုင်ကို ဖွဖွလေး သပ်ပေးသည်။ ထို့နောက် ဟွားကျင်းကျင်းကို သူ့ရင်ခွင်ထဲ နောက်တစ်ကြိမ် ဆွဲသွင်းလိုက်သည်။
 
ယနေ့မှစ၍ ဖန်ယွီက ပွဲတက်ရောက်မည့် ဧည့်သည်တော် စာရင်းကို အမြန်ဆုံး ပြုစုပြီး မင်္ဂလာပွဲ ကျင်းပမည့် ‌နေရာကို ကြိုတင်စာရင်းပေးသည်။ တစ်ညတည်းဖြင့် သူတို့စုံတွဲလေးက အရာရာကို စဉ်းစားဆုံးဖြတ်ကြပြီး နောက်တစ်နေ့ မနက်ခင်းမှာ လိုအပ်သမျှ စီစဉ်ခြင်း ပြီးစီးခဲ့လေ၏။
 
Bali အပန်းဖြေဟိုတယ်၌ မင်္ဂလာပွဲကို ကျင်းပရန် စီစဉ်ထားသည်။
 
သိပ်မကြာလိုက် သူတို့မင်္ဂလာဆောင် သတင်းကို အများသိအောင် တရားဝင် ကြေညာခဲ့သည်။ အများစုက သူတို့ မင်္ဂလာပွဲကို ဂုဏ်ပြုပေးကြပြီး အင်တာတက်ဝါသနာရှင်များက ဖန်ယွီ၏ ယောင်္ကျားဆန်သော အပြုအမူကို ချီးမွမ်းကြသည်။
 
သူတို့စုံတွဲကို နှာခေါင်းရှုပ်ခဲ့ဖူးသည် လူတချို့မှာ မင်္ဂလာဆောင် သတင်းကြောင့် အရှက်ဖြန်းဖြန်းကွဲကြရသည်။
 
ထိုစဉ် ယွဲ့ရှန်ရှန်က 'Stupid'ရုပ်ရှင်ကို အပြီးသတ်နီးပါး ရိုက်ကူးနေခဲ့သည်။ ဟွားကျင်းကျင်း မင်္ဂလာဆောင်ရက်တွင် ရိုက်ကူးရေး အပြီးသတ်နိုင်သည်။
 
ယွဲ့ရှန်ရှန်၏ အခြေအနေ တိုးတက်မှုကို အကဲခတ်ရန် ထျန်းနင်က Coqueနှင့် မကြာခဏ သီးသန့်ဆွေးနွေးလေ့ ရှိသည်။ Coqueက အဆင်ပြေသည်ဟုသာ အမြဲတမ်း ပြန်ဖြေလေ့ရှိသည်။
 
ယွဲ့ရှန်ရှန်၏ သရုပ်ဆောင်စွမ်းရည်က သံသယဝင်စရာပင် မလိုအပ်ချေ။
 
တစ်ဖက်တွင်လည်း နောက်ကွယ်မှ ကြိုးကိုင် ခြယ်လှယ်နေသူက ဒေါသူပုန်ထနေသည်။
 
လင်းချုံးက သူ့အကြံအစည်ကို ဖျက်ဆီးပစ်ပြီးနောက် သူပိုင်ဆိုင်သင့်ရာထူးကို ဖန်ယွီက လုယူခဲ့၍ သူ့ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် အားလုံးကို အရက်စက်ဆုံး နည်းလမ်းဖြင့် လက်စားချေရန် ဆုံးဖြတ်ထားသည်။
 
သူကိုယ်တိုင် ယွဲ့ရှန်ရှန်ကို ဖုန်းခေါ်လိုက်သည်။
 
"မင်း ပြင်ဆင်သင့်တာ ပြင်ဆင်ထားတော့။ ထျန်းနင် သူ့အချစ်ဆုံး သူငယ်ချင်း မင်္ဂလာဆောင်ပွဲ တက်ရောက်ပြီးတဲ့ အချိန်ကောင်းကို စောင့်ကြမယ်။ သူ့ကို ပျော်ရွှင်ဖို့ နောက်ဆုံးအကြိမ် အခွင့်အရေး ပေးလိုက်မယ်"
 
***
အပိုင်း(၃၂၁)

ခမ်းနားထည်ဝါသော ဖန်ဟွားမင်္ဂလာပွဲ မကျင်းပမီ နှစ်ရက် အလို ဟွားကျင်းကျင်းက ထျန်းနင်ကို ညစာစားပွဲ ဖိတ်ကြားခဲ့သည်။ ဟွားကျင်းကျင်းက သူမ၏မိသားစုဝင် တစ်ဦးတလေမျှဖြင့် အချိန်မဖြုန်းချင်၍ သူမ၏တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်း ထျန်းနင်နှင့် ပျော်ရွှင်မှုများ မျှဝေရန် ဆုံးဖြတ်ထားသည်။
 
သို့သော်လည်း ဟွားကျင်းကျင်း၏ သတင်းထောက်များကို ရှောင်တိမ်းနိုင်သော စွမ်းရည်ကို လက်ဖျားခါမိ၍ ဖန်ယွီက ဟွားကျင်းကျင်းကို လိုက်လံစောင့်ရှောက်သည်။
 
ကြယ်ငါးပွင့်ဟိုတယ်၏ ခေါင်းမိုးထိပ်ပေါ်မှ ခမ်းနာထည်ဝါသော မြို့ရှုခင်း နှင့် ကြယ်လင်းလက်သော ညရှုခင်းကို ခံစားကြည့်ရှုနိုင်သည်။
 
မို့ထင်နှင့် ထျန်းနင်တို့က အရင်ဆုံး ရောက်နေသော်လည်း မို့ထင်က သန့်စင်ခန်း သွားသည်။
 
မို့ထင် အနားမရှိစဉ် အမည်းရောင် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသော ဟွားကျင်းကျင်း အနားရောက်လာသည်။ ဖန်ယွီက ဟွားကျင်းကျင်းနှင့် အတူတူ လိုက်ပါလာပြီး ချစ်ဇနီးလေးကို သည်းသည်းလှုပ် ချစ်မြတ်နိုးသော အပြုအမူကို ခံစားနိုင်သည်။
 
"မို့သူဌေး ဘယ်မှာလဲ။ တစ်ယောက်တည်း လာခဲ့တာလား"
 
ထျန်းနင်က ဟွားကျင်းကျင်းကို စူးစူးရဲရဲ ကြည့်ကာ ပြန်ဖြေသည်။
 
"သူ သန့်စင်ခန်းဘက် သွားတယ်။ နင်တို့ နှစ်ယောက် ချစ်ကြည်နူးနေတာကို အားကျပြီး ကြည့်နေမယ်လို့ တွေးနေသလား။ နောက်တစ်ခါ အနိုင်အကျင့် မခံဘူးနော်"
 
ဟွားကျင်းကျင်းက ခပ်တိုးတိုး ရယ်မောကာ ဖန်ယွီ ဆွဲထုတ်ပေးထားသော ထိုင်ခုံပေါ် ထိုင်လိုက်သည်။  ထျန်းနင်က သူ့မျက်နှာချင်းဆိုင်မှာ ဘေးချင်းယှဉ် ထိုင်နေသော လက်ထပ်တော့မည့် ချစ်သူစုံတွဲလေးကို ကြည့်ကာ ကြည်နူးနေမိသည်။
 
"သတိုးသမီးလေး ပျော်ရဲ့လား"
 
ဟွားကျင်းကျင်းက ဖန်ယွီနှင့် လက်ချင်းယှက်ပူးထားပြီး ထျန်းနင်ကို ရှက်ကိုးရှက်ကန်း ကြည့်သည်။ ကျင်းကျင်း၏လက်သူကြွယ်မှာ လင်းလက်တောက်ပနေသော စိန်လက်စွပ်လေးက သူတို့အချစ် သင်္ကေတ ဖြစ်၍ နေသည်။
 
ကျင်းကျင်း၏မျက်ဝန်းများ ရဲတက်လာပြီး ခံစားချက်ကို ထိန်းချုပ်ကာ ပြန်ဖြေသည်။
 
"ပျော်တာပေါ့"
 
"နင်ပျော်ရွှင်ရင် ငါလည်း ထပ်တူပျော်ရွှင်ရပါတယ်"
 
ထျန်းနင်က ဟွားကျင်းကျင်း၏ လက်ဖမိုးလေးကို ဖွဖွလေး ပုတ်ကာ စကားပြောနေပြီး သူမ၏မျက်ဝန်းများလည်း ထပ်တူ နီရဲနေသည်။
 
အမျိုးသမီး နှစ်ဦးစလုံးက ဖျော်ဖြေရေး လောကမှာ ကျင်လည်ခဲ့၍ ယခုလို မသန့်စင်သော လောကကြီးမှာ အချစ်စစ်ကို ရှာဖွေရန် မည်မျှ ခက်ခဲမှန်း သူတို့ ကိုယ်တိုင်သာ နားလည်နိုင်သည်။
 
"နင့်လက်တွေ ဘာလို့ အရမ်းအေးနေတာလဲ"
 
ဟွားကျင်းကျင်း၏လက် အေးစက်နေသည်ကို ခံစားမိ၍ သူ့လက်ဖြင့် အနွေးဓာတ်ပေးရန် ကြိုးစားလာသည်။ သို့သော်လည်း မို့ထင် ရုတ်တရက် ရောက်လာပြီး ထျန်းနင်၏လက်ကို ဖမ်းဆုပ်ကာ သူ့လက်ဖြင့် အနွေးဓာတ်ပေးသည်။
 
သူမ၏ကမ်းလှမ်းမှု ငြင်းပယ်ခံရ၍ ဟွားကျင်းကျင်း စက္ကန့်ပိုင်းမျှ မှင်တက်သွားသည်။
 
သို့တိုင် မို့ထင်က ပုံမှန်အတိုင်း ငါ့ခံစားချက်ကို ဖွင့်ဟခြင်း မရှိဘဲ ထျန်းနင်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။ တကယ်တမ်း ဖန်ယွီက ယခုလို အပြုအမူနှင့် ရင်းနှီးနေပြီသားပါ။ ဟွားကျင်းကျင်းက မြင်နေကျ မဟုတ်၍ ကြောင်အမ်းအမ်း ဖြစ်သွားခြင်း ဖြစ်လေ၏။
 
သူမမှာ နန်းကျဧကရာဇ် တစ်ပါးကဲ့သို့ ထိုင်နေရေ၍ စိတ်ဒွိဟ မဖြစ်ဘဲ နေမည်နည်း။
 
ထို့နောက် မို့ထင်က ထျန်းနင်အတွက် ခြုံလွှာတစ်ခု ယူပေးရန် စားပွဲထိုးကို ညွှန်ကြားခဲ့သည်။
 
ဟွားကျင်းကျင်းက သူတို့စုံတွဲလေးကိုကြည့်ကာ သက်ပြင်းချမိသည်။
 
"မို့သူဌေးက တကယ်ကို စေ့စေ့စပ်စပ် တွေးပေးတတ်တဲ့ ချစ်သူပဲ"
 
"ဟုတ်တာပေါ့၊ ငါက ၁၀ဘဝလောက် ပါရမီဖြည့်ခဲ့လို့ အခုလို လက်တွဲဖော်ကောင်းနဲ့ ကြုံဆုံရတာပေါ့"
 
ထျန်းနင်က ဖန်ယွီနှင့် ဟွားကျင်းကျင်းတို့ကဲ့သို့ လက်ချင်းပူးယှက်ကာ မို့ထင်ကို ချီးမွမ်းခန်းဖွင့်နေသည်။
 
ဟွားကျင်းကျင်းက ထျန်းနင်အနား ကပ်ကာ တိုးကပ်ကာ
 
"ငါတို့ တခြားစားပွဲခုံကို သွားကြမလား။ ယောက််ျားတွေကို ဒီအတိုင်း ထားခဲ့လိုက်မယ်လေ။ ငါ မီးပုံးလွှတ်ချင်တယ်"
 
ထျန်းနင်က သူ့ဘေးနားမှ အမျိုးသားကို စောင်းငဲ့ကြည့်ကာ ခေါင်းညိတ်သည်။
 
"ဒီကနေ့ည နင်က မင်းသမီးလေးပဲလေ အရာရာ နင့်စိတ်ကြိုက် ဖြစ်စေရမယ်"
 
ထို့နောက် အမျိုးသားနှစ်ဦးက သူတို့သက်ဆိုင်သူ အမျိုးသမီး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရ၍ သူတို့အမျိုးသမီးလေးကို တိတ်တဆိတ် စောင့်မျှော်နေကြသည်။
 
ဟွားကျင်းကျင်းက မော်ဒယ်တစ်ယောက် ဖြစ်သော်လည်း မီးပုံးလွှတ်ခြင်းကို သူမ တစ်ယောက်တည်း လုပ်ဆောင်နိုင်စွမ်း မရှိ၍ သူ့အမျိုးသားလေးကို လှမ်း အကူအညီ တောင်းရသည်။
 
"ဖန်ယွီ"
 
ဖန်ယွီက အမျိုးသမီး နှစ်ဦးအနား ချဉ်းကပ်လာသည်။ မို့ထင်ကလည်း ထျန်းနင်အနား ရောက်လာသည်။ ထျန်းနင်အနား ချဉ်းကပ်လာစဉ် ထျန်းနင်၏တည်ငြိမ်သော မျက်နှာအမူအရာကို ကြည့်ပြီး
 
"ချစ်လေး ဘာဆုတောင်းသလဲ"
 
ထျန်းနင်က မို့ထင်ဘက်လှည့်ကာ ခါးလေးကို ဖက်လိုက်ပြီး ခပ်တိုးတိုးလေး ရယ်သည်။
 
"နိုင်ငံ ချမ်းသာကြွယ်ဝပြီး တစ်လောကလုံး ငြိမ်းချမ်းပါစေ။ ထျန်းနင် နဲ့ မို့ထင် အမြဲထာဝရ အတူတူ ရှိပါစေလို့ ဆုတောင်းရတာပေါ့"
 
ချစ်သူစုံတွဲ နှစ်တွဲက ကြယ်စုံသော ကောင်းကင်အောက်မှာ ရပ်နေပြီး သူတို့ဆန္ဒကို လောကကြီးထဲ လွင့်မြောစေသည်။ မို့ထင်က ထျန်းနင်ကို ရုတ်တရက် ဆွဲလှည့်ပြီး ချစ်စိတ်ပြင်းပြသော အနမ်းလေးကို ဖွင့်ဟပြသည်။
 
ယနေ့ အမှတ်တရ နေ့ရက်လေးကို ထျန်းနင် မမေ့ဖျောက်နိုင်တော့ပေ။
 
ဤအဖြစ်အပျက် ပြီးဆုံးပြီးနောက် သူမ၏ကံတရားက တုန်လှုပ်ချောက်ချားဖွယ် အပြောင်းအလဲကို တွေ့ကြုံခွင့် ပြုလိမ့်မည်။
 
...
 
ဖန်ဟွားအတွဲက သူတို့မင်္ဂလာဆောင်ကို ပြင်ဆင်ရန် နောက်တစ်နေ့ မနက်ခင်းမှာ Baliကို ခရီးထွက်လာသည်။ ထိုစဉ် ထျန်းနင် နှင့် မို့ထင်တို့ကလည်း ညနေ ၆နာရီ လေယာဉ်ဖြင့် လိုက်ခဲ့ရန် စီစဉ်ထားသည်။
 
မင်္ဂလာပွဲက အရမ်းကြီး ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ဖန်ယွီ၏ မီဒီယာကို ကိုင်တွယ်နိုင်စွမ်းကြောင့် သတင်းမီဒီယာသမားများလည်း Baliကို လိုက်ပါလာခဲ့သည်။
 
သို့တိုင် ဖန်ယွီက သူတို့ကို တစ်ခုတည်း တောင်းဆိုခဲ့ပါသည်။ သူတို့အားလုံးကို အချိန်လေးစားရန် နှင့် သူ့အရေးပါဆုံး နေ့ရက်လေးကို မနောက်ကျရန်သာ မေတ္တာရပ်ခံထားသည်။
 
သတင်းမီဒီယာက ၎င်းတောင်းဆိုချက်ကို ရယ်ရယ်မောမောဖြင့် သဘောတူကြသည်။ မီဒီယာသမားများနှင့် နှစ်ပေါင်းများစွာ ဆက်ဆံခဲ့သည့် ဖန်ယွှီအကြောင်းကို သတင်းသမားများကလည်း  သိသင့်သလောက် သိထားကြ၍ အားလုံးက ပြေပြေလည်လည် ဆက်ဆံကြသည်။ အကြောင်းမူကား ဖန်ယွီ၏အတွေး နှင့် စကားတစ်ခွန်းချင်းစီသည် မို့ထင်ကို ကိုယ်စားပြုလေ၏။
 
ဓာတ်ပုံရိုက်ကူးရေး၊ ဒီဇိုင်းနာ နှင့် မိတ်ကပ် အဖွဲ့ဝင်များလည်း Baliကို လိုက်ပါလာသည်။ လင်းချုံး၏တာဝန်က ဖန်ဟွားစုံတွဲအတွက် မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ကူးရေး ဖြစ်ကြောင်း လင်းချုံး ယခုမှ သိခွင့်ရသည်။ သူ သိခဲ့သည့်အချိန် ကျွန်းပေါ်ရောက်နှင့် နေ၍ နောက်ပြန်ခွင့် မရှိတော့ပေ။
 
"လင်းချုံး၊ မင်းနဲ့ ဟွားကျင်းကျင်းက ရန်ငြိုးရှိမှန်း ငါတို့သိပါတယ်၊ ဒါပေမဲ့ ဟွားကျင်းကျင်းက မိန်းမကောင်းလေးပါ၊ သူ့မင်္ဂလာဆောင်အတွက် မင်းလိုလူကိုတောင် ဓာတ်ပုံဆရာ ငှားသေးတယ်"
 
"အခု မင်းအခြေအနေကိုပဲ ကြည့်လေ။ ပုန်းလျှိုးကွယ်လျှိုး နေစရာ မလိုတော့ဘူးလေ။ အရင်ကထက် ဓာတ်ပုံကောင်းကောင်းလေးတွေ ရိုက်နိုင်ပြီလေ မဟုတ်ဘူးလား"
 
သူ့သူဌေးက မေးမြန်းသည်။
 
လင်းချုံးက မမေးမြန်းခင် စက္ကန့်ပိုင်းမျှ နှုတ်ဆိတ်နေသည်။
 
"မို့ထင်နဲ့ ထျန်းနင်ရော ပွဲတက်ဦးမလား"
 
"တက်မှာပေါ့။ သူတို့က မင်းအခြေအနေကို ကောင်းကောင်း သိတယ်လေ"
 
လင်းချုံးက အခြေအနေကို ယခုမှ နားလာ်သဘောပေါက်သွားပြီး လေးနက်သော မျက်နှာအမူအရာဖြင့် လှည့်ကြည့်လာသည်။ ရက်ပေါင်းများစွာ ကြာညောင်းခဲ့သော်လည်း သူ့မျက်နှာပေါ်မှ ဒဏ်ရာဒဏ်ချက်များက ထင်ရှားပေါ်လွင်နေ၍ သူ့မျက်နှာကို ပိုခက်ထန်စေခဲ့သည်။
 
"ငါ့ကို ကူညီပေးတဲ့သူက ဟိုက်ဟွေ့ဖျော်ဖြေရေးလား။ မို့ထင်လား"
 
သူဌေးက ကျောကုန်းကို ပုတ်ကာ ခေါင်းညိတ်ပြသည်။
 
"တိတိကျကျ ပြောရင် ထျန်းနင် နဲ့ ဟွားကျင်းကျင်း။ မင်းကို တစ်လောကလုံး ပစ်ပယ်ထားတဲ့ အချိန် ရန်ငြိုးတွေကို လျစ်လျူရှုပြီး မင်းကို အဝတ်အစားရော အလုပ်ရော ပေးတဲ့အပြင် မင်းရဲ့ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးလိုက်သေးတယ်"
 
"သူတို့ကို ဆက်ပြီး နားလည်မှုလွဲနေသေးသင့်လားဆိုတာ သေချာ တွေးတောသင့်တယ်။ ကျော်ကြားဖို့ ကံတရားမျက်နှာပေးဖို့ ဘာမဆို လုပ်တတ်တဲ့ အနုပညာရှင်တွေ ရှိပေမဲ့ဘ ထျန်းနင် နဲ့ ဟွားကျင်းကျင်းက တခြားသူတွေနဲ့ ခြားနားပါတယ်"
 
သူဌေးပြောသော စကားလုံးတိုင်းက လင်းချုံးကို နာကျင်စေသည်။
 
"ဒါနဲ့ မင်း ထွက်သွားချင်ရင်တောင် ငါ မင်းကို မတားပါဘူး"
 
ထျန်းနင်
 
လင်းချုံး၏စိတ်ထဲ ယင်းနာမည်လေးကို ထပ်တလဲလဲ ရေရွတ်နေသည်။
 
သူ့ဘက်က ဂုဏ်သိက္ခာကျဆင်းအောင် ကြိုးပမ်းခဲ့သည့် အမျိုးသမီးက သူ့ဂုဏ်သိက္ခာကို အဖက်ဆယ်ပေးပြီး သူ့ဘဝကို ကယ်တင်ပေးခဲ့သည်။
 
စိတ်ထားမွန်မြတ်သည့် အမျိုးသမီးကို မုန်းရက်နိုင်မည်နည်း။
 
လင်းချုံးက သူ့ကင်မရာကို မြှောက်လိုက်ပြီး လေးနက်တည်ငြိမ်စွာ ပြန်ဖြေသည်။
 
"ငါ အလုပ်ဆက်လုပ်မယ်"
 
"မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပဲ။ ထျန်းနင်နဲ့ ရင်းနှီးလာရင် ထျန်းနင်က သစ္စာစောင့်သိတဲ့ မိန်းမကောင်းလေးမှန်း သဘောပေါက်လာမှာပါ"
 
မို့ထင်နှင့်ထျန်းနင်က J-Kingရဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးကို အပိုင်သိမ်းမယ် အကြံအစည်ကို သိနေလား လင်းချုံး သိချင်စမ်းပါဘိ။
 
ပြီး၏။ အပိုင်း(၃၂၁)
 
Continue Reading

You'll Also Like

1.4M 126K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
933K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
2.6M 153K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.4K 160 4
"ကျွန်မနာမည် ဟွာချွင်း" သူမနာမည်အား ပထမဆုံးအကြိမ် ဇကရာဇ်ကို စတင်မိတ်ဆက်တုန်းက သူ၏မျက်နှာပေါ်တွင် အလှဆုံးအပြုံးကို မြင်ခဲ့ရသည်။ အေးစက်ကာ စကားနည်းသည့်...