ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.7K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 307+308+309

124 8 0
By jellyflower1

အပိုင်း (၃၀၇)

 
"ဘာလို့ သူ့အကြောင်းကို ရုတ်တရက် စိတ်ဝင်စားသွားတာလဲ"
 
ထျန်းရွှမ်‌က ကြော့ရှင်းသော ဟန်ပန်အမူအရာကို ဆက်လက်ထိန်းသိမ်းကာ ပြန်မေးသည်။ သူမက စူးရှသော မျက်ဝန်းတစ်စုံဖြင့် ချီရှင်းယန်ကို အကဲခတ်နေသည်။
"နင်တို့နှစ်ယောက်က တကယ်တမ်း သိကျွမ်းတဲ့သူတွေ မဟုတ်ပါဘူး"
 
ချီရှင်းယန် သိသာသွား၍ ဟန်လုပ်ပြုံးကာ ဖြေရှင်းချက်ပေးသည်။
 
"လူချမ်းသာ သူဌေးသမီးက ကိုယ့်အဆင့်ကိုယ် နှိမ့်ချပြီး မော်ဒယ်ဘဝနဲ့ အသက်မွေးနေရတာ ဘာကြောင့်လဲ သိချင်လို့ပါ၊ သူ့ကြောင့် နင်တို့ထျန်းမိသားစု သိက္ခာမကျဘူးလား"
 
"ဒါက နင် အရေးစိုက်နေရမယ် ကိစ္စ မဟုတ်ပါဘူး၊ ထျန်းနင်က သူဘာလုပ်နေလဲ သူဘာသာသူ သိပြီသားပဲ"
 
ချီရှင်းယန်၏စကား အဆုံးမသတ်ခင် ထျန်းရွှမ်က စကားဖြတ်ပြောလိုက်သည်။
"ချီမိန်းကလေး၊ ဒါက ငါတို့ထျန်းမိသားစုရဲ့ မိသားစုအရေးပါ၊ နင်နဲ့ မသက်ဆိုင်ပါဘူး"
 
ထျန်းမိသားစုကို ရန်ရှာ မရမှန်း သဘောပေါက်ထား၍ သူလည်း ခပ်မြန်မြန် စကားလမ်းကြောင်း လွှဲပစ်သည်။
 
"အစ်မရွှမ်၊ ညီမက ဒီလိုမေးမိတာ ဘာသဘောမှ မပါပါဘူး၊ ညီမလေးက အစ်မတို့မိသားစုအတွက် တွေးပေးမိ စာနာပေးမိလို့ပါ"
 
"ကရုဏာ ထားစရာ စာနာနေစရာ ဘာများ လိုအပ်လို့လဲ"
 
 
တကယ်တော့ ထျန်းနင်က အပျော်မယားမှ မွေးဖွားလာသော ကလေးဖြစ်ပြီး ထျန်းမိသားစုမှာ အဆင့်အတန်းမရှိ၊ လူရာမဝင်ခဲ့ပေ။
 
 
ထျန်းနင်က ကိုယ့်ဘဝကိုယ် သေချာနားလည်ထား၍ ကံကောင်းသွားသည်။ အနည်းဆုံးတော့ သူ့အမေထက် ပိုသာလွန်ပြီး မည်သည်ကို လုပ်ဆောင်သင့်လဲ အတိအကျ သိသည်။
 
 
ထို့ကြောင့်လည်း ထျန်းမိသားစုက သူမ၏တည်ရှိမှုကို အလွယ်တကူ မေ့ဖျောက်သွားပြီး ကိုယ့်ဘဝနှင့်ကိုယ် သီးသန့်နေထိုင်ခဲ့ခြင်း ဖြစ်သည်။
 
 
ချီရှင်းယန်မှာ ထျန်းအိမ်တော်ကို လာလည်ခဲ့၍ အသုံးဝင်သော သတင်းအချက်အလက်များ မရခဲ့ပေ။ ထျန်းနင်က ထျန်းအိမ်တော်မှ မောင်းထုတ်ခံခဲ့ရသည့် ကောလဟာလ သတင်းကိုသာ အတည်ပြုနိုင်ခဲ့သည်။
 
 
ချီရှင်းယန် ထွက်ခွာသွားပြီးနောက် ထျန်းရွှမ်က သူမသောက်ခဲ့သော လက်ဖက်ရည်ခွက်ကို ဆေးကြောရန် အစေခံကို ခေါ်လိုက်သည်။ သူမ မတ်တတ်ထလိုက်စဉ် ထျန်းဘိုးဘိုးက တောင်ဝှေ့အကူအညီဖြင့် ဧည့်ခန်းထဲ လမ်းလျှောက်လာသည်။
 
 
"ဘိုးဘိုး"
 
 
"ချီမိသားစုက သခင်မလေး လာလည်တာ ဘိုးဘိုး သတိထားမိတယ်၊ ဘာအကြောင်းကိစ္စ ရှိလို့လဲ"
 
 
ထျန်းရွှမ်က သူ့ဘိုးဘိုးရှေ့မှာ ထျန်းနင်အကြောင်း မပြောရဲပေ။ ထို့ကြောင့် သူမလည်း ရိုးရှင်းစွာ စကားပြန်ပြောသည်။
 
"ဒီအတိုင်း လေးစားသမှုနဲ့ လာရောက်တွေ့ဆုံတာပါ၊ အကြောင်းအရင်း အထွေအထူး မရှိပါဘူး"
 
ထျန်းဘိုးဘိုးက ထျန်းရွှမ်ကို ခပ်စူးစူး ကြည့်လိုက်သည်။ သူ့မျက်စိသူငယ်အိမ်မှ သံသယအလင်းတန်းများ ဖြာလဲ့နေသော်လည်း ဆက်မမေးမြန်းခဲ့ချေ။ သူက လေးနက်သော လေသံဖြင့် ထျန်းရွှမ်ကို စကားပြောလေ၏။
 
"ချီမိန်းကလေးနဲ့ ထျန်းနင်ရဲ့ သတင်းကို ဘိုးဘိုး ဖတ်ရတယ်"
 
"သတင်းထဲပါပါနေတဲ့ သူဌေးသမီးက သူပဲ ဖြစ်လောက်မယ်၊ ငါ့မြေးနဲ့ လက်ဆွဲနှုတ်ဆက်မိတာကို စက်ဆုပ်ရတယ်လို့၊ ဒါ သက်သက်စော််ကားတာပဲ"
 
 
ထျန်းရွှမ် မှင်တက်သွားသည်။
 
 
"ဘိုးဘိုး"
 
 
"ဘိုးဘိုးက ထျန်းနင်ကို ဒေါသထွက်နေတုန်းလို့ တွေးနေသေးတယ်လို့တော့ မပြောနဲ့၊ ထျန်းနင်ကို အဝေးနှင်လွှတ် လိုက်ရတဲ့ အကြောင်းအရင်းကို မြေးတို့အားလုံး သိမှာပါ၊ ပြက်ရယ်ပြုစရာ ကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့သူက မြေးတို့အဖေပဲ၊ ထျန်းနင် မဟုတ်ဘူး၊ မှန်ပါတယ် ထျန်းနင်ကို တစ်ခါတုန်းက စိတ်ပျက်ခဲ့မိပါတယ်၊ ဒါပေမဲ့လည်းက ထျန်းနင်က ဘိုးဘိုးရဲ့မြေးပဲလေ၊ ဒါက ငြင်းမရတဲ့ အမှန်တရားပဲ"
 
 
ဘိုးဘိုးက စကားအများကြီး မပြောခဲ့သော်လည်း ထျန်းရွှမ် စိတ်ထဲ အဆင်မပြေနိုင်ပေ။
 
...
 
ထျန်းမိသားစုမှာ ထျန်းနင်၏နာမည်က ကယက်ရိုက်ခဲ့သည့် သတင်းကို ထျန်းနင် မသိခဲ့ပေ။ ပြင်သစ်နိုင်ငံမှာ Fearles နှင့် ဓာတ်ပုံရိုက်ကူးရေး ပြင်ဆင်ရန်သာ အာရုံစိုက်နေပြီး မို့ထင် လိုချင်သည့် အောင်မြင်မှုမျိုး ပိုင်ဆိုင်နိုင်အောင် အကောင်းဆုံး ကြိုးစားနေသည်။
 
 
ပြင်သစ်ကို ခရီးမထွက်ခင် လုံကျဲက နားရက်ပေးရန် ထျန်းနင်ကို တောင်းဆိုလာခဲ့သည်။
 
 
ခရီးဆောင်အိတ် ထုပ်ပိုးမှု ပြီးစီးသည်နှင့် ထျန်းနင်က လုံကျဲကို လှည့်ကြည့်ကာ အကဲခတ်လာသည်။
 
"ငါတို့တွေ ငရဲပြည်ပဲ သွားသွား ကောင်းကင်ဘုံပဲ တက်တက် ငါ့နောက် အမြဲလိုက်မယ်လို့ ပြောခဲ့တယ်မလား။ လုချယ်နဲ့ ဒိတ်တည်းက နင်က ငါ့ဘေးနားမှာ မရှိတော့ဘူး"
 
"ငါက သူနဲ့ အချိန်ပိုဖြုန်းတာ ရိုးရှင်းပါတယ်၊ သူဌေးက နင့်ကို တစ်ချိန်လုံး အဖော်ပြုပေးတယ်။ ငါ ရှိတာ မရှိတာ ဘာများ ခြားနားလို့လဲ"
 
လုံကျဲက ထျန်းနင်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှင်းပြသည်။
 
ထျန်းနင်က လုံကျဲကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီး သူ့လည်ပင်းပေါ်မှ အမှတ်အသားများကို သတိထားမိသွားသည်။
 
"ဒါကြောင့် ငါ့ကို စွန့်ပစ်ခဲ့တာလား"
 
လုံကျဲက သူ့လည်ပင်းကို အလျင်အမြန် ကွယ်လိုက်ပြီး လည်ချောင်းရှင်းကာ
 
"ဒါကတော့..."
 
"လုချယ်နဲ့နင် အတူတူနေပြီလား"
 
 
"ငါတို့ကို လက်မထပ်ဘဲအတူနေတယ်လို့ ပြောချင်တာလား။ နားထောင်ရဆိုးလိုက်တာနော်"
 
လုံကျဲက လက်ထပ်စာချုပ်ကို ထုတ်လိုက်ပြီး ထျန်းနင်ကို ကမ်းပေးသည်။
"ငါတို့က တရားဝင်လက်ထပ်ပြီးပြီ။ တရားဝင်နော်"
 
ထျန်းနင်က လက်ထပ်စာချုပ်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်နေသည်။
 
"ဘာလို့ ဒီအကြောင်းကို စောစောစီးစီး မပြောတာလဲ"
 
"အဲဒီနေ့ညက နောက်ကျနေပြီလေ။ ငါက လက်မထပ်ဘဲ အတူတူနေတာကို သဘောမတူတော့ နောက်နေ့ကျတော့ တရားရုံးမှာ လက်မှတ်သွားထိုးလိုက်တာပဲ"
 
 
ထျန်းနင်က လက်ထပ်စာချုပ်ကို လုံကျဲလက်ထဲ ပြန်အပ်လိုက်ပြီး ရုတ်ခြည်း စိတ်မကောင်းဖြစ်မိသည်။
 
"နင်က အလောတကြီး လက်ထပ်သွားတော့ ဂုဏ်ပြုစကားလေးတောင် ပြောခွင့်မသာခဲ့ဘူး"
 
"ငါတို့ကြားမှာ ဒီလိုစကားလုံးတွေ လိုအပ်သေးလို့လား"
 
လုံကျဲက အသံကျယ်ကြီး ရယ်မောလိုက်သည်။
"ပြီးတော့ ဒါကို ငါနဲ့လုချယ် ဆုံးဖြတ်ခဲ့တာလေ။ အပျော်လေးတွေကို ငါတို့နှစ်ယောက်ပဲ မျှဝေချင်တယ်။ ဒါက အကောင်းဆုံး ရွေးချယ်မှုပဲလေ"
 
"နင့်ကို ခွင့်မပေးရင်လည်း ငါက ရက်စက်ရာရောက်မယ်"
 
ထျန်းနင်က လက်ဆွဲအိတ်ကို အောက်ချထားလိုက်ပြီး လုံကျဲကို ကြင်ကြင်နာနာ ပွေ့ဖက်သည်။
"ဒီအချစ်ကို ထာဝရတည်မြဲအောင် ထိန်းသိမ်းရမယ်နော်။ ကြယ်ဘုရင်ဖျော်ဖြေရေး ကိစ္စနဲ့ လုချယ် ဒီရက်ပိုင်း အလုပ်များနေတယ်။ လုချယ်ကိုလည်း အားလပ်ရက် ပေးဖို့ ငါ့ယောက်ျားကို ဖုန်းဆက်ပြောလိုက်မယ်။ နင်ရော သဘောတူလား"
 
"ကောင်းတယ်။ သဘောတူတာပေါ့၊ နင်က ငါ့အတွက် အကောင်းဆုံးပဲ"
 
 
...
 
 
နေ့လည်ခင်း မို့ထင် အိမ်ပြန်ရောက်ရောက်ချင်း ထျန်းနင်က လုချယ်နှင့် လုံကျဲတို့ လက်ထပ်သွားသည့် အကြောင်းကို ဝမ်းသားအားရ ပြောပြနေသည်။ သူမက လုချယ်ကို အားလပ်ရက်ပေးရန်ပင် တိုက်တွန်းလိုက်သေးသည်။ မို့ထင်က ထျန်းနင်၏အကြံပြုချက်ကို ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
 
"ကောင်းပြီလေ၊ ကိုယ် သဘောတူတယ်၊ အခုလိုအချိန်မှာ သူ့ကို အလုပ်ခိုင်းနေလဲ  အလုပ်မှာ စိတ်ဝင်စားမှာ မဟုတ်ဘူး"
 
"ဘာလဲ လက်ထောက်ကြီး မိန်းမယူသွားလို့ မကျေမနပ် ရေရွတ်နေတာလား"
 
ထျန်းနင်က သူမ၏ခရီးဆောင်အိတ်ကို မို့ထင်ကို ကမ်းပေးပြီး ရယ်မောနေသည်။
 
"အခုနောက်ပိုင်း ပြဿနာဖြေရှင်းတာ နှေးတိနှေးတုံ့ဖြစ်နေတာ အံ့ဩစရာ မရှိဘူး။ သူ့စွမ်းအားတွေကို တခြားနေရာမှာ သုံးနေလို့ကိုး"
 
 
မို့ထင်က ထျန်းနင်က ဒီအတိုင်းလေး ရပ်နေရန် လက်ဟန်အမူအရာ ပြလိုက်ပြီး လေးလံလွန်းသော သူတို့ခရီးဆောင်အိတ်ကို  ကားပေါ်တင်လိုက်သည်။
 
"အားလုံး အဆင့်သင့်ဖြစ်ပြီမလား၊ ကားထွက်တော့မယ်နော်"
 
"ဒါနဲ့ ယောက်ျားက ချစ်လေးနဲ့အတူတူ နိုင်ငံခြားကို အပန်းဖြေခရီးထွက်မှာမလား။ ဖန်ယွီကို လုချယ်နေရာ အစားထိုးပြီး ခရီးစဉ်ကို ခေါ်လာခဲ့ပါလား"
 
 
တကယ်တမ်း ထျန်းနင်က တခြားစုံတွဲလေး၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ကြိုးစားနေခြင်း ဖြစ်၏။ လုချယ် နှင့် လုံကျဲတို့က ယခုတော့ လက်ထပ်ပြီးသွားပါပြီ။  ဟွားကျင်းကျင်းနှင့် ဖန်ယွီတို့က တစ်ယောက်တစ်နယ်စီမှာ ဝေးကွာနေသေးသည်။
 
 
"ဟွားကျင်းကျင်းက ပြင်သစ်မှာ မရှိဘူး"
 
 
ထျန်းနင် မှင်တက်သွားသည်။ မို့ထင်က သူမ၏ရည်ရွယ်ချက်အမှန်ကို မြင်တတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။
 
 
"မင်းက မင်းရဲ့ယောက်ျားကို အတော်လေး လျှော့တွက်ထားတာပဲ"
 
 
ထျန်းနင် ခွန်းတုံ့မပြန်ခဲ့ပေ။ သူမက ကားတံခါးကို ဖွင့်လိုက်ပြီး မို့ထင်နှင့်အတူတူ ကားပေါ်တက်လိုက်သည်။
 
 
သူတို့စီးနင်းမည့် လေယာဉ်ထွက်ခွာမည့် အချိန်က ည၈နာရီ ဖြစ်သည်။ မို့ထင်က သူနှင့်အတူတူ ဝန်ထမ်းတချို့ကို ခေါ်ထား၍ သူတို့လည်း လေဆိပ်ကို ရောက်နေပါပြီ။ လေဆိပ်ထဲ ခြေချချချင်း လမ်းသွားလမ်းလာများ၏ စိတ်အာရုံကို  ချက်ချင်း ဖမ်းစားသွားနိုင်သည်။ သူတို့က လူနည်းစုကို ဆွဲဆောင်နိုင်ခြင်း မဟုတ်ပေ။ လေဆိပ် လျှောက်လှမ်း နေရာတော်တော်များများ လူအုံသွားသည်။  ထျန်းနင် နှင့် မို့ထင် တို့ လမ်းဖြတ်မလျှောက်နိုင်သည်အထိ ပြည့်ကျပ်နေသည်။
 
 
လေဆိပ်လုံခြုံရေးများ ချက်ချင်းရောက်လာပြီး ထျန်းနင်တို့ကို ဘေးကင်းလုံခြုံစွာ ခေါ်ထုတ်သွားရန် ကြိုးစားရှာသည်။ သို့သော်လည်း ထျန်းနင်တို့ကို ယခုထိတိုင် ပရိသတ်များ ဝန်းရံထားသည်။
 
 
အစပိုင်းတုန်းက မို့ထင်သည် ထျန်းနင်၏လက်ကိုသာ ဆွဲထားသည်။ သို့သော်လည်း ပရိသတ်အုံခဲလာ၍ သူ့ခြေလှမ်းမျးကို ရပ်တန့်ကာ နေကာမျက်မှန်ကို ဆွဲချွတ်လိုက်သည်။ ထို့နောက် ထျန်းနင်ကို သူ့ဘေးနား ဆွဲခေါ်ကာ ပခုံးဖက်ထားသည်။
 
 
ပရိသတ်များက ဝမ်းသာအားရ ထအော်ကြသည်။
 
 
မို့ထင် ပင်ပန်းနေမှန်း ထျန်းနင် သဘောပေါက်သည်။ ထို့ကြောင့် မို့ထင် ရင်ခွင်ထဲမှ ထွက်ခွာကာ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပရိသတ်ကို ဂါရဝပြုလိုက်သည်။
 
"ကျွန်မတို့ကို လမ်းဖွင့်ပေးဖို့ အားလုံးကို အားတုံ့အားနာနဲ့ တောင်းဆိုပါရစေ။ သူ ဒီရက်ပိုင်း မနားရသေးဘူး၊ အရမ်းပင်ပန်းနေတော့ ကျန်းမာရေး သိပ်မကောင်းဘူး"
 
ထျန်းနင်က မို့ထင်၏နာမည်ကို ထည့်ပြောမည့်အစား 'သူ'ဟုသာ ရည်ညွှန်းလိုက်သည်။
 
 
သို့သော်လည်း ယင်းစကားလုံးလေးသည် ပရိသတ်များကို စိတ်လှုပ်ရှား ပျော်ရွှင်စေရန် လုံလောက်သည်။ သူတို့က ချက်ချင်း ဘေးဖယ်ပေးပြီး တောင်းဆိုကြသည်။
 
"လမ်းဖယ်ပေးကြဟေ့။ မို့စုံတွဲလေးကို သွားခွင့်ပြုလိုက်ပါ"
 
"အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါပဲ"
 
 
ထျန်းနင်က မို့ထင်ဘေးနား ပြန်လာသည်။
 
 
ပရိသတ်များက သူတို့ကို မို့စုံတွဲဟု ခေါ်လိုက်၍ မို့ထင် စိတ်ထဲ ကျေနပ်မိသည်။
 
***
အပိုင်း (၃၀၈)

 
"အရိုးသားဆုံး ဝန်ခံရရင် အရင်တုန်းက ထျန်းနင်ကို သဘောမကျဘူး။ ဟန်ကိုယ့်လွန်းတယ်လို့ပဲ တွေးခဲ့တာ။ ထျန်းနင်က နေကာမျက်မှန်ကို ချွတ်ပြီး မို့ထင်အတွက် ပရိသတ်ကို ဦးညွှတ်သွားတဲ့ မြင်ကွင်းကို မြင်ပြီးနောက်ပိုင်း ထျန်းနင်က ငါ့အမြင်မှာ ပိုကြည့်ကောင်းလာတယ်"
 
 
"ငါ့ခံစားချက်က နင်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ၊ ထျန်းနင်က သူ့ဘေးနားက သူ့လူတွေကို အထူးဂရုစိုက်တတ်တဲ့ စိတ်ဓာတ်ရှိတယ်၊ နင် မယုံကြည်ရင် သူ့ဘေးနားက သူ့လက်ထောက်ကို ဆက်ဆံတဲ့ပုံစံကို ကြည့်လေ၊ ပြီးတော့ မို့ထင်အပေါ် ထားရှိတဲ့ ချစ်ခင်စိတ်နဲ့ လေးစားတဲ့စိတ်ဓာတ်ကို ငါတို့ပါ ခံစားနိုင်တယ်၊ ငါတော့ မနာလို ဖြစ်လာပြီ"
 
 
လမ်းသွားလမ်းလာများ၏ ဆွေးနွေးသံများနှင့် အမြင်များကို သူတို့စုံတွဲ အာရုံမစိုက်နိုင်ပေ။ သူတို့သွားမည့်လမ်းကို သူတို့ ဆက်လျှောက်သွားသည်။
 
 
ထိုစဉ် အခိုက်အတန့် ထျန်းနင်၏မျက်ဝန်းထဲမှာ မို့ထင် တစ်ဦးတည်း ရှိသည်။ ထို့ကြောင့် လေယာဉ်ပေါ်ရောက်သည်နှင့် ထျန်းနင်က မို့ထင်ဘက် လှည့်ကြည့်ကာ စကားပြောလေ၏။
 
"မြန်မြန် အနားယူတော့၊ ထင် အရင်က အဲလောက်အထိ တစ်ခါမှ မပင်ပန်းဖူးဘူး"
 
မို့ထင်က စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူက ရိုးရှင်းစွာ ထျန်းနင်၏ပခုံးကို မှီလိုက်ပြီး အိပ်မက်နယ်မြေထဲသို့ အလျင်အမြန်ပင် ဝင်ရောက်သွားသည်။
 
 
ထျန်းနင်က သူ့နားထင်ကို ဖွဖွလေး နှိပ်နယ်ပေးနေသည်။ မို့ထင် ကိုယ်စား သူ့နှလုံးသားလေး နာကျင်ရ၍ ကူကယ်ရာမဲ့ ဖြစ်လာသည်။
 
 
လေယာဉ်စီးသည့် ၁၁နာရီအတွင်း မို့ထင် တစ်ကြိမ်တစ်ခါလေးမျှ တရေးမနိုးခဲ့ချေ။ ထျန်းနင်ကလည်း သူ့ကို မနှောင့်ယှက်ခဲ့ပေ။
 
 
လေယာဉ်မှူးက လေယာဉ်ဆိုက်ကမ်းမည့် အကြောင်းကြေညာမှ မို့ထင် မျက်လုံးဖွင့်လာသည်။
 
 
"ရှင် နိုးလာပြီလား"
 
 
"ကိုယ်ဘယ်နှနာရီလောက် အိပ်မောကျသွားလဲ"
 
မို့ထင်က တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး အချိန်ကြည့်လိုက်သည်။ ထို့နောက် သူက ထျန်းနင်ကို တအံ့တဩ လှည့်ကြည့်လိုက်သည်။
"ကိုယ် အိပ်ပျော်သွားတာ ၁၀နာရီနီးပါး ရှိသွားပြီလား။ ဒီလိုပုံစံနဲ့ တစ်ချိန်လုံး ထိုင်နေတာလား"
 
"ချစ်လေး အဆင်ပြေပါတယ်"
 
ထျန်းနင် ပြန်ဖြေသည်။
 
မို့ထင်က ထျန်းနင် စကားကို မယုံကြည်မိ၍ ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး အခြေအနေကို စစ်ဆေးကြည့်မှ ထျန်းနင်၏ခန္ဓာကိုယ်က အညောင်းမိကာ တောင့်တောင့်ကြီး ဖြစ်နေသည်။
 
 
"နောက်ဆို ဒီလိုရူးမိုက်တဲ့ လုပ်ရပ်မျိုးကို မလုပ်ရဘူးနော်"
 
 
" ဒါပေမဲ့ ယောက်ျားအတွက်ဆို ချစ်လေး ပျော်ပါတယ်။ ဒီလိုအပြုအမူလေးတွေက တို့နှစ်ယောက် အချစ်ကနေ မွေးဖွားလာတဲ့ အချစ်သင်္ကေတလေး မဟုတ်ဘူးလား"
 
 
ထျန်းနင်က မို့ထင်၏ပူပန်နေသော မျက်နှာအမူအရာကို ငေးကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
 
 
လေယာဉ် ဆိုက်ကပ်သည်နှင့် မို့ထင်က ထျန်းနင်ကို ပွေ့ချီကာ လေဆိပ်အပြင်ကို ထွက်လာသည်။ ထျန်းနင်က သူ့ရင်ခွင်ထဲ ခေါင်းလေးဖွက်ကာ အသာတကြည် လိုက်ပါလာသည်။ တခြားသူများ ဝန်းရံလာပြီး သူတို့ကို နောက်တစ်ကြိမ် အနှောင့်အယှက် ပေးမည်ကို မလိုလားချေ။
 
 
နဂိုတုန်းက ထျန်းနင်ကို အချိန်ကွာခြားမှု ညှိယူစေရန် တရေးအိပ်ခိုင်းဖို့ ကြံရွယ်ခဲ့သည်။ ပြင်သစ်ရောက်ရောက်ချင်း ဒီဇိုင်းနာ Fearlesက ဖုန်းခေါ်လာပြီး သူ့စတူဒီယိုကို လာခဲ့ရန် တောင်းဆိုသည်။
 
 
ဒီဇိုင်းနာ Fearles၏ ခံစားချက်ကို ထျန်းနင် နားလည်မိ၍ မို့ထင်ကို ဖျောင်းဖျရသည်။
 
"ချစ်လေးလည်း လေယာဉ်ပေါ်မှာ ခဏတော့ တရေးအိပ်ဖြစ်ပါတယ်။ ပြီးတော့လေ စတူဒီယို အခန်းထဲရောက်သွားရင် ဘယ်အချိန်ရောက်နေလဲ မသိတော့ဘူးလေ၊ ချစ်လေး အဆင်ပြေပါတယ်"
 
မို့ထင်က သူမကို သုံးမိနစ်ခန့် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ အဆုံးသတ်မှာတော့ သူတို့ဇနီးမောင်နှံက ရေမိုးချိုးပြီး ဒီဇိုင်းနာ Fearles၏ စတူဒီယိုကို အလောတကြီး ပြေးသွားကြသည်။
 
 
ဒီဇိုင်းနာ Fearlesက သူတို့ဇနီးမောင်နှံကို လှမ်းမြင်သည်နှင့် သူ့မျက်နှာပေါ်မှာ အပြုံးပန်းများ ဝေဆာသွားသည်။ သူမက ထျန်းနင်ကို ချက်ချင်း ပြေးဖက်ပြီး စကားပြောလေ၏။
 
"ငါဖန်တီးထားတဲ့ ဒီဇိုင်းကို မင်း အစမ်းဝတ်ကြည့်မှာ မြင်ချင်လှပြီ"
 
"သွားလဲလိုက်တော့လေ"
 
မို့ထင်က ထျန်းနင်ကို တိုက်တွန်းသည်။
 
ထျန်းနင်က ခေါင်းညိတ်သဘောတူလိုက်ပြီး အဝတ်လဲခန်းထဲ ဝင်ရောက်သွားသည်။ ပထမဆုံး ဝတ်စုံကို စမ်းဝတ်ကြည့်လိုက်သည်နှင့် သူမကိုယ်သူမ ခေါင်းဆောင်မင်းသမီးတစ်ယောက် ကဲ့သို့ ရုတ်ခြည်း ခံစားရသည်။
 
 
ခေါင်းဆောင်မင်းသမီးက ဇာတ်ညွှန်းထဲမှ ဇာတ်ဝင်ခန်းကို မည်သို့မည်ပုံ သရုပ်ဖော်သွားလဲ ရုတ်တရက် တွေးမိသွားသည်။
 
 
အထူးသဖြင့် သူမကို လူချမ်းသာ စီးပွားရေးသမားက ငွေကြေးထောက်ပံ့ပေးသော အချိန်ကာလတစ်ခုမှာ သူမက ကလပ်မှာ ရီဝေဝေ ထိုင်နေပြီး သူမ၏အပျိုစင်ဘဝကို ပေးအပ်မည့် လူချောလေးကို ရှာဖွေနေသည်။ သူမ၏အပျိုစင်ဘဝကို ဓနရှင်လက်ထဲ အပ်လိုက်လျှင် သူမအတွက် တရားမျှတမှု မရှိနိုင်ပေ။
 
 
သူမက အရောင်စုံပါသော ဝတ်စုံလေးကို ဝတ်ဆင်ကာ  ဘားကို မှီပြီး ဖြတ်သွားဖြတ်လာများကို အကဲခတ်နေသည်။ သူမ၏နှလုံးသားကို တဒိတ်ဒိတ်ခုန်စေသော လူချောလေးကို တွေ့ပါစေဟု စိတ်ထဲ တောင်းဆုခြွေနေသည်။ ထိုမှသာ သူနှင့် တစ်ညတာ ပျော်ပါးနိုင်မည်။
 
 
ထျန်းနင်က ခံစားချက်အပြည့်ဖြင့် အဝတ်လဲခန်း အပြင်ဘက်သို့ လမ်းလျှောက် ထွက်လာပြီး ဒီဇိုင်းနာ Fearlesက တအံ့တဩ ပါးစပ်ကို လက်ဖြင့် ကွယ်လိုက်သည်။ အခန်းအပြင်ဘက်ကို ထွက်လာသူက ထျန်းနင် ဖြစ်ပါသော်လည်း တခြားသူ တစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားသည်။
 
 
မို့ထင်က မရေရာသော ခံစားချက်များဖြင့် သူမကို ငေးစိုက်ကြည့်နေသည်။
 
 
ထျန်းနင်က သူ့ဇာတ်ညွှန်းနောက်ကွယ်မှ ခံစားချက်ကို အမိအရ ပုံဖော်နိုင်မှန်း သူ ယခုမှ သိလိုက်ရသည်။
 
 
"ပြည့်စုံတယ်။ လုံးဝ ပြီးပြည့်စုံတယ်*
 
ဒီဇိုင်းနာ Fearles အံ့အားသင့်နေသည်။
 
"မင်း မင်းက ထျန်းနင် ဟုတ်ပါသေးတယ်နော်"
 
 
ထျန်းနင်ကလည်း မို့ထင်ကို အကဲခတ်ဟန်ကြည့်နေသည်။ သူတို့ဇနီးမောင်နှံက တစ်ယောက်ကို တစ်ယောက် အချိန်အတော် ကြာ ငေးစိုက်ကြည့်နေသည်။ နောက်ဆုံးတော့ မို့ထင်က ထျန်းနင်ကို သူ့ရင်ခွင်နား တိုးကပ်လိုက်ပြီး သူမကို တင်းကျပ်စွာ ဖက်ထားသည်။
 
 
သူ ရေးသားထားသော ဇာတ်ညွှန်းထဲမှ ဇာတ်ကောင်ကို အသက်ဝင်လာအောင် ထျန်းနင်က ကူညီပေးခဲ့သည်။
 
"မို့သူဌေး၊ အခုအထိ တွေဝေနေတုန်းလား။ သူကလွဲလို့ တခြားသူက မင်းသမီးဇာတ်နဲ့ သင့်လျော်မယ် မထင်ဘူးနော်"
ဒီဇိုင်းနာ Fearlesက ရင်တဒိတ်ဒိတ် မေးလိုက်သည်။
 
ဒီဇိုင်းနာ Fearles၏စကားသံကို ကြားပြီးနောက် ထျန်းနင်က သူမ ဘာပြောချင်နေလဲ သဘောပေါက်သွား၍ ချက်ချင်း ရှင်းပြရန် ကြိုးစားသည်။
 
"အဲလိုသဘောမျိုး မဟုတ်ပါဘူး။ ဘယ်လို သရုပ်ဆောင်မျိုးကို ရှင်တို့တွေ ရှာနေလဲ ဆိုတာ နားလည်ပါတယ်"
 
မို့ထင်က သူ့ခံစားချက် သူ့အတွေးကို မဖော်ပြခဲ့ပေ။ ထျန်းနင် မလုပ်ချင်သော အလုပ်မျိုးကို သူက အတင်းအကျပ် တွန်းအား မပေးချေ။
 
 
ထျန်းနင်က မို့ထင်၏တိတ်ဆိတ်မှုကို သတိထားမိပြီး သူ့ကို စပ်စပ်စုစု မေးမြန်းလိုက်သည်။
 
"တို့နဲ့ သင့်လျော်တယ်လို့ တွေးမိလို့လား"
 
"မင်းက ကိုယ့်ခံစားချက်ကို ကောင်းကောင်း နားလည်ပါတယ်။ ဒီဇာတ်လမ်းကို ပုံဖော်ဖို့ ကြိုးစားနေမှန်းလည်း သိတယ်လေ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဒီဇာတ်ဆောင်အတွက် အေဂျင်စီက ယွဲ့ရှမ်ရှမ်နဲ့ လက်မှတ်ထိုးပြီးပါပြီ။ ရုပ်ရှင်ကြော်ငြာအတွက်ပဲ ချစ်လေးက သရုပ်ဆောင်ပေးရမယ်"
 
 
" အင်းပါ"
 
ထျန်းနင် ခေါင်းညိတ်သည်။
 
"မို့ထင်၊ မင်းတကယ် နောင်တရလိမ့်မယ်၊ ပြန်မစဉ်းစားတော့ဘူးလား"
 
 
" ဖက်ရှင်ပွဲတော်က စတော့မယ်လေ။ ထျန်းနင်ကို သူ့ကျွမ်းကျင်တဲ့ နယ်ပယ်မှာပဲ လင်းလက်တောက်ပ စေချင်တယ်။ သူ့မှာ အရည်အချင်းရှိပြီးစားပါ၊ လမ်းကြောင်းပြောင်းနေစရာ မလိုအပ်ဘူး"
 
မို့ထင်က ခေါင်းစဉ်ပြောင်းပြောသည်။
 
"မင်း နောင်တရလိမ့်မယ်"
 
ဒီဇိုင်းနာ Fearlesက တစ်စုံတစ်ရာကို ကြိုတင် တွေးဆနေမိသည်။
 
***
အပိုင်း (၃၀၉)

 
Fearles ၏ကြော်ငြာရိုက်ကွင်းက နေ့တစ်ဝက်လောက်ဖြင့် ပြီးစီးခဲ့သည်။
 
 
"ထျန်းနင်က သရုပ်ဆောင် အခြေခံ မရှိတော့ မင်းသမီးဇာတ်ကို သရုပ်မဖော်နိုင်မှာ စိုးရိမ်လို့လား"
 
Fearlesက သူ့ကို ဒွိဟဖြစ်စေသော မေးခွန်းကို မေးမြန်းခဲ့သည်။
 
"သူ မလုပ်ချင်တဲ့ အလုပ်ကို အတင်းတွန်းအားပေးပြီး မလုပ်ခိုင်းရက်တာပါ"
 
မို့ထင်က လက်ပိုက်ဟန် အနေအထားဖြင့် Fearlesကိုပြန်ဖြေသည်။
 
"ထျန်းနင်မှာ သူ့အိပ်မက်သူ ရှိပြီသားပါ၊ ကျွန်တော့်ကြောင့် သူ့အိပ်မက်ကို ဆုံးရှုံးရတာ အဖြစ်မခံနိုင်ဘူး၊ Stupid ရုပ်ရှင်ဇာတ်ကားကို ဖက်ရှင်ပွဲတော်နဲ့ တစ်ချိန်တည်း ရိုက်ကူးမှာလေ၊ ဒီဖေဖော်ဝါရီလရဲ့ ဖက်ရှင်ပွဲတော်ကို လွဲချော်သွားရင် နောက်ရာသီပွဲတော်အတွက် သူ့မော်ဒယ်အဆင့်သတ်မှတ်ချက်ကို ထိခိုက်သွားလိမ့်မယ်"
 
 
"မင်းက ထျန်းနင်အတွက် တကယ်စဉ်းစား ပေးတာပဲ"
 
 
မို့ထင်က ထျန်းနင်ကို ကင်မရာနောက်ကွယ်မှ ငေးကြည့်နေပြီး သူမ၏ယုံကြည်မှုကို လေးစားမိ၍ ပြုံးလိုက်သည်။
 
"သူမက ကျွန်တော့်အတွက် တစ်ဦးတည်းသော ရတနာလေး၊ ကျွန်တော့်အိပ်မက်ကို သူမပျော်ရွှင်ဖို့အတွက် ဘေးချိတ်ထားနိုင်တယ်၊ အဓိက သူ ပျော်ရွှင်ဖို့က အရေးပါဆုံးပဲ"
 
"ကောင်းပါပြီလေ၊ ဒါဆိုရင်တော့ မင်းကို ဆက်မဖျောင်းဖျတော့ပါဘူး"
 
 
"မင်းကိုရော ထက်မြက်တဲ့ထျန်းနင်နဲ့ရော ဆုံတွေ့ခွင့်ရလို့ တကယ်ကို ဂုဏ်ယူမိပါတယ်၊ မင်းတို့နှစ်ယောက်ကို တကယ် သဘောကျမိတာ၊ မင်းတို့နှစ်ယောက် အတူတူရှိနေသရွေ့ တခြားသူက မင်းတို့ရဲ့ ဘဝတက်လမ်းကို ပိတ်ပင်ပစ်လို့ မရဘူး"
 
 
"ဒီဇိုင်းနာ ပြောတာ မှန်လောက်ပါတယ်"
 
မို့ထင်က ထိုအချက်ကို မငြင်းဆန်ခဲ့ပေ။
 
ရိုက်ကူးရေးပြီးဆုံး ပြီးနောက် သူတို့အတူတူ ညစာသွားစားကြသည်။ ဒါရိုက်တာ Coqueလည်း သူတို့နှင့်အတူတူ လိုက်ပါလာပြီး 'Stupid'ဇာတ်လမ်းအကြောင်း ဆွေးနွေးကြသည်။
 
 
သူတို့အားလုံးက သူငယ်ချင်းကောင်းများကဲ့သို့ စိတ်လက်ပေါ့ပါးစွာ အပြန်အလှန် ဆွေးနွေးကြသည်။
 
 
သို့သော်လည်း သူတို့ မထွက်သွားခင် Coqueက မို့ထင်ဘက် လှည့်ကာ တီတိုးပြောသည်။
 
"မင်းမိန်းမက မင်းသမီးဇာတ်ကောင်နဲ့ လိုက်ဖက်တယ်လို့ ငါလည်း ခံစားမိတယ်"
 
မို့ထင်က တုံ့ပြန်ခြင်းမရှိ ပြုံးနေသည်။
 
 
ထျန်းနင်က ယောက်ျားသားနှစ်ဦး၏ ဆန်းကြယ်သော အပြုံးကို သတိထားမိ၍ ဟိုတယ်ပြန်ရောက်သည်နှင့် မို့ထင်ကို ချက်ချင်း မေးမြန်းသည်။
 
"ရှင်ရယ် Fearles ရယ် ဒါရိုက်တာ Coqueတို့တွေ ဒီနေ့ည နည်းနည်း ထူးဆန်းနေတယ်"
 
"အဲတော့ ချစ်လေး ဘယ်လို ထင်လို့လဲ"
 
မို့ထင်က ထျန်းနင်၏ခါးသွယ်သွယ်လေးကို ဖက်ကာ ပြန်မေးသည်။
 
"ထင်က ချစ်လေးကို ချစ်မြတ်နိုးတဲ့ မျက်ဝန်းနဲ့ မကြည်ဘူးလို့ ခံစားရတယ်"
 
 
မို့ထင်က တခစ်ခစ် ရယ်မောလိုက်ပြီး ထျန်းနင်ကို အိပ်ရာဘက် ဦးဆောင် ခေါ်ဆောင်သွားပြီး အိပ်ရာအစွန်းမှာ ထိုင်စေသည်။
 
"ကိုယ့်ဇနီးချောလေးက 'Stupid'ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီး ဖြစ်သင့်တယ်လို့ သူတို့တွေလည်း ခံစားမိလို့လေ"
 
ထျန်းနင် မှင်တက်သွားသည်။
 
 
သို့သော်လည်း မို့ထင်က သူမ၏စိုးရိမ်စိတ်ကို ပြေလျော့စေသည်။
 
"ကိုယ် သူတို့ကို ငြင်းခဲ့ပြီးပြီ။ ကိုယ့်ချစ်လေး မစိုးရိမ်နဲ့"
 
တကယ်တမ်းတော့ မို့ထင်၏ဆုံးဖြတ်ချက်ကို ထျန်းနင် ခန့်မှန်းမိသော်လည်း အတိအကျ မသတ်မှတ်ရဲပေ။ သူမက နိုင်ငံတကာ အသိအမှတ်ပြုသော ဆုတံဆိပ် မရသေးဘဲ မင်းသမီးအဖြစ် ရုတ်တရက် မပြောင်းလဲသင့်ချေ။ သရုပ်ဆောင်မင်းသမီးလမ်းကို ရွေးချယ်လိုက်လျှင် အတွေ့အကြုံအသစ် ဖြစ်နေ၍ သုညဘဝမှ တစ်ဖန်ပြန်စတင် ရဦးမည်။ အရေးကြီးဆုံးအချက်က သရုပ်ဆောင်ပညာရပ်ကို အရူးအမူး စွဲလမ်းသွားမည်ကို စိုးထိတ်မိသည်။
 
 
သရုပ်ဆောင်လမ်းကို ရွေးချယ်လိုက်လျှင် သူမအတွက် ခက်ခဲသော ဘဝခရီးလမ်း ဖြစ်သွားနိုင်သည်။
 
 
"ချစ်လေး ဘာတွေတွေးနေသလဲ"
 
ထျန်းနင် အတွေးများနေသည်ကို မို့ထင် သတိထားမိသည်။ ထို့ကြောင့် သူက ထျန်းနင်ကို အိပ်ရာပေါ် လှဲစေပြီး သူမ၏အဝတ်အစားများကို ချွတ်ပေးသည်။
 
ထျန်းနင်က မို့ထင်၏လိုလားတောင့်တသော ဆန္ဒကို  ချက်ချင်း ခံစားမိ၍ သူမ၏အတွေးကို ဖယ်ရှားလိုက်ပြီး မို့ထင်၏လည်တိုင်ကို လှမ်းဖက်သည်။
 
"မနက်ဖြန် ဘယ်အချိန် လေယာဉ်နဲ့ ပြန်မလဲ"
 
"နေ့လည်ခင်း"
 
 
"ဒါဆိုရင်တော့... "
 
ထျန်းနင်၏စကားသံ အဆုံးမသတ်ခင် မို့ထင်၏အနမ်းက ထျန်းနင်၏နှုတ်ခမ်းပေါ်  ကြွေဆင်းလာသည်။
 
ထျန်းနင်က မို့ထင်၏မျက်တောင်လေး လှုပ်ခတ်သည့် အကြိမ်ရေကို ရေတွက်နေပြီး သူ့ကို အသေးစိတ် အကဲခတ်ချင်စိတ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း မို့ထင်က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူမ၏လက်ကို ဖမ်းဆုပ်ကာ သူ့အဝတ်အစားပေါ် လက်တင်စေသည်။
 
"ကိုယ့်ကို အဝတ်ကူချွတ်ပေးဦး"
 
ထျန်းနင်က သူမ၏ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ဖယ်ခွာလိုက်ပြီး မတ်တတ်ထရပ်သည်။
 
 
ထို့နောက် မို့ထင်ကို ညို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်ကာ သူ့အဝတ်အစားများကို ချွတ်ပေးပြီး သူမ၏သေးသွယ်သော လက်ချောင်းလေးများကို လည်တိုင်နောက်မှာ ပြေးလွှား ဆော့ကစားနေသည်။
 
 
အဆီကင်းမဲ့သော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်နှစ်ခုက နွယ်ပင်ကဲ့သို့ အတူတကွ ရစ်နှောင်ကာ နေရာလပ်မကျန်အောင် တွယ်ကပ်ထားသည်။ တစ်ယောက်ကို တစ်ယောက် အပိုင်လိုချင်သည့် စိတ်ဆန္ဒက သူတို့စုံတွဲလေးကို ရူးခါစေသည်။
 
 
မို့ထင်က ထျန်းနင်၏ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား မချန်ခဲ့ဖူးသော်လည်း ထျန်းနင်က အမြဲတမ်း သူ့ပခုံးကို ဖွဖွလေး ကိုက်လေ့ရှိသည်။
 
 
သို့တိုင် မို့ထင် နာကျင်မှုကို မခံစားရပေ။ သူ့အတွက် ထျန်းနင်က သီးသန့် သတ်မှတ်ချက်လေး ထားခဲ့မှန်း တခြားသူအားလုံးထက် သူအသိဆုံးဖြစ်၏။
 
 
သာယာကြည်နူးဖွယ်အပြုအမူများကို လုပ်ဆောင်ပြီးနောက် မို့ထင်က ထျန်းနင်ကို ဆက်ဖက်ထားသည်။ ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ နှုတ်ခမ်းထောင့်လေးများ ကော့ညွှတ်သွားသည်အထိ ပြုံးနေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုး၍ တစ်ယောက် ခံစားချက်ကို တစ်ယောက်က နားလည်ပေးနိုင်စွမ်း ရှိသည်။
 
 
...
 
 
ပေကျင်း သန်းခေါင်ယံအချိန် အေးစက်သော ဆောင်းရာသီ လေထုက အရိုးကွဲမတတ် အေးစိမ့်လွန်းသည်။
 
 
ယွဲ့ရှန်ရှမ်က လူချမ်းသာ သူဌေးသားနှင့် ညစာစားနေသည်။
 
 
ယွဲ့ရှမ်ရှမ်က Aအဆင့်သရုပ်ဆောင်ဖြစ်နေ၍ ဆုတံဆိပ်များစွာကို ပိုင်ဆိုင်ထားရသူ ဖြစ်သည်။ အသက်၃၂နှစ်ခန့်မှာ သူမ ရိုက်ကူးခဲ့သော ဟောလိဝုဒ်ဇာတ်ကားမှ ဒေါ်လာ သန်း၁၅၀ကျော် ရခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံတကာ ဈေးကွက်မှာ အာရှမင်းသမီးတစ်လက် အနေဖြင့် အနုပညာကြေး မြင့်သည်။
 
 
ထို့အပြင် သူမက မို့ထင်နှင့် အလုပ်သဘောတူ စာချုပ် ချုပ်ဆိုထားသော မင်းသမီး ဖြစ်နေသည်။
 
 
ရုပ်ရှင်စာချုပ် အဆုံးမသတ်ခင် တစ်ရက် အလိုမှာ J-King အမည်ရှိသော အမျိုးသားတစ်ဦးက သူမကို ဆက်သွယ်လာသည်။ ထိုလူက သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော သွေးနှော အမျိုးသား ဖြစ်သည်။
 
 
ယွဲ့ရှမ်ရှမ်း မှတ်မိသလောက် ထိုလူ၏ဖခင်က ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ရှယ်ရာရှင် ဖြစ်သည်။ မည်သည့် အကြောင်းကိစ္စကြောင့် သူမနှင့် သီးသန့်တွေ့ဆုံရန် ချိန်းဆိုရသနည်း။
 
 
"ယွဲ့မိန်းကလေး မင်းက တကယ်လှပါတယ်"
 
 
"J-King၊ ရှင် ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ"
 
 
ယွဲ့ရှမ်ရှမ်က ယခုလို အခြေအနေမျိုးကို အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ J-Kingက မို့ထင်ကို မကောင်းကြံချင်၍ သူမကို မို့ထင်လက်မှ ခိုးယူရန် ကြံရွယ်နေခြင်း ဖြစ်မှန်း ရိပ်စားမိသည်။
 
 
"ယွဲ့မိန်းကလေး၊ မင်းက တကယ်ကို စိတ်ဓာတ်မာကြောတဲ့ မိန်းကလေးပဲ"
 
သူ ပြုံးလိုက်သည်။
"ဒါပေမဲ့ မင်း နားလည်မှုလွဲနေပြီ။ ငါ့ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ မင်းကို ဖျောင်းဖျချင်ရုံပါ"
 
"ကျွန်မကို ဖျောင်းဖျဖို့ ဟုတ်လား"
 
ယွဲ့ရှမ်ရှမ် ရယ်မောသည်။
"ဒါဆိုရင် ဘာလို့ စောစောစီးစီး မပြောရတာလဲ။ အခုချိန်မှာ လာဖျောင်းဖျရတယ်လို့နော်"
 
"ယွဲ့မိန်းကလေးရဲ့သမီးက မေမေလို့ ခေါ်တတ်တဲ့ အရွယ်ကို ရောက်နေပြီ ထင်တယ်နော် ကျွန်တော် ပြောတာ ဟုတ်တယ်မလား"
 
 
"ကျွန်မ အကြောင်းကို စုံစမ်းဖို့ လူလွှတ်ထားသလား"
 
ယွဲ့ရှမ်ရှမ်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ၏မျက်ဝန်းတွင် ဒေါသ နှင့် ရက်စက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
 
"ဒီလောကမှာ လျှို့ဝှက်ချက် ဆိုတာတောင် ရှိသေးလို့လား"
 
J-King ပခုံးဆက်ခနဲ့ တွန့်သည်။
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းကိုယ်မင်းထက်တောင် မင်းရဲ့လျှို့ဝှက်ချက်ကို ပိုသိသေးတယ်လို့ ပြောရင် မင်း ယုံကြည်မလား"
 
 
"ဥပမာအနေနဲ့ ပြောရရင် မင်းရဲ့ရည်စားဟောင်းနဲ့ အတူတူအိပ်ခဲ့တဲ့ မိန်းကလေး ဆယ်လီနာမည် အကုန်လုံးကိုတောင် သူတို့တွေ သိတယ်။ မို့ထင်က လူကြီးလူကောင်းဆန်တော့ ဒီလို အမှောင်အချက်အလက်ကိုတွေ ကိုယ်ကျိုးအတွက် အသုံးမချဘူး။ ငါကတော့ သူနဲ့ ဆန့်ကျင်ဘက်ပဲ။ ငါက သွေးအေး ရက်စက်တတ်တယ်"
 
 
ယွဲ့ရှမ်ရှမ် အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်။
 
"ကျွန်မကို ဘာတောင်းဆိုချင်လို့လဲ ပြော၊ 'Stupid'ရုပ်ရှင် ရိုက်ကူးဖို့ကို ငြင်းပယ်စေချင်တာလား။ ဒါက ရှင်လိုချင်တာဆိုရင် ကျွန်မ သဘောတူတယ်"
 
"ငြင်းပယ်လိုက်ဖို့ မလိုအပ်ဘူး။ အဲဒီအလုပ်ကို လက်ခံထားလိုက်၊ ရိုက်ကူးရေး နောက်ဆုံးနေ့မှ မတော်တဆမှုလေး ဖန်တီးလိုက်"
 
J-King ရှင်းပြသည်။
 
"ပရော့ဂျက်တစ်ခုလုံး ပြီးခါနီးမှ နောက်တစ်ကြိမ် အစကနေ ပြန်စတင်ရရင် ရှယ်ရာရှင်တွေ ဘာပြောကြမလဲ သိချင်သေးတယ်"
 
 
"အဲအတွက် မို့သူဌေးက မင်းကို အပြစ်တင်လို့ မရဘူး"
 
 
"သူကိုယ်တိုင်ပဲ အပြစ်ကို ခံယူစေရမယ်"
 
 
ယွဲ့ရှမ်ရှမ် သရော်လိုက်သည်။
 
" ရှင့်ရဲ့ အတွေးဆိုးက မို့ထင်လက်ထဲကနေ ကျွန်မကို ခိုးယူဖို့တင် မဟုတ်ဘူး ဟိုက်ဟွေ့ဖျော်ဖြေရေးကိုပါ လုယူဖို့ပေါ့ ဟုတ်လား"
 
"ဒီပြဿနာကနေ မင်း လွတ်မြောက်စေရမယ်။ မင်းက ငါတို့နိုင်ငံကိုယ်စားပြု မင်းသမီးတစ်လက် အနေနဲ့ ဆက်ရှိနေစေရမယ်"
 
 
ယွဲ့ရှမ်ရှမ်က သူမ၏ဒေါသကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားပါသော်လည်း ဒေါသကို ထိန်းချုပ်ရန် အလွန်ခက်ခဲနေသည်။ သူမ၏သမီးလေး နှင့် သူမ၏အလုပ် ဘေးကင်းလုံခြုံရေးအတွက် သူမက ထိုလူနှင့် ယာယီ သဘောတူထားရလိမ့်မည်။
 
"မို့ထင်ကို စိန်ခေါ်ဖို့ ဗျူဟာမျိုးစုံ သုံးခဲ့ရင်တောင် ရှင် သူ့ကို မနိုင်လောက်ဘူး။ J-King ရှင် မို့ထင်ကို လျှော့တွက်လွန်နေပြီ။ မို့ထင်က တစ်ခါလေးတောင်မှ လူကြီးလူကောင်း ဖြစ်ခဲ့တာ မဟုတ်ဘူးနော်။ လူယုတ်မာတွေနဲ့ ရင်ဆိုင်ရရင် သူက နတ်ဆိုး ဖြစ်သွားလိမ့်မယ်"
 
"မင်းက သူ့အကြောင်း ကောင်းကောင်း သိနေပါလား"
 
 
"ငါတို့တွေက အတန်းဖော် ဖြစ်ခဲ့ဖူးတယ်လေ"
 
***

Continue Reading

You'll Also Like

2.3M 72.6K 39
Amara Park : Independent small bakery owner. She is obsessed with watching movies and TV shows. She can't go a day without some chicken nuggets. She'...
932K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
2.9M 54.7K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
20.1K 2.7K 12
Only Love Can...Hurt Like This 💔