ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

စာစဉ်(၂၁) Ep 286+287+288

126 12 0
By jellyflower1

အပိုင်း(၂၈၆)

 
အလုပ်ကိစ္စ ပြောဆိုညှိနှိုင်းပြီးနောက် Coqueက သူတို့ဇနီးမောင်နှံကို ညစာ ဖိတ်ကြားသော်လည်း မို့ထင်က ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။
 
 
သူတို့ဇနီးမောင်နှံက Coqueကို နှုတ်ဆက်စကား ပြောဆိုကာ အိမ်တော်မှ ထွက်လာခဲ့သည်။
 
 
ထို့နောက် မို့ထင််က သူတို့တည်းခိုသော ဟိုတယ်ကို ကားမောင်းထွက်လာခဲ့သည်။ လမ်းခရီးတလျှောက် မို့ထင်က သူသိလိုသည်ကို မေးမြန်းလိုက်သည်။
 
"ကလေးနဲ့ အဖော်လုပ်ပေးရတာ အဆင်ပြေရဲ့လား"
 
"နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိတယ်"
 
ထျန်းနင်က လေးလေးနက်နက် တွေးတောမိသည်။
" Kathyက ဆိုးချင်တယ်"
 
"ဒါဆိုရင် ကိုယ် ဒီအချက်ကို မှတ်ထားလိုက်မယ်"
 
မို့ထင်က ရုတ်တရက် စကားပြန်ပြောလာသည်။
 
" ဟမ်"
 
 
"နောင်အနာဂတ်မှာ ကိုယ်တို့တွေ ကလေးရှိလာရင် ကိုယ်တို့ကလေးက အရမ်းဆိုးသွမ်လို့ မရဘူး"
 
မို့ထင်က လေးနက်သော အမူအရာဖြင့် ပြောဆိုနေသည်။
 
ထျန်းနင် ခပ်တိုးတိုးလေး ရယ်မောပြီး မို့ထင်ကို ကြည့်လိုက်သည်။
 
"ကလေးက ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ တွေးနေတာလား။ လိမ္မာတဲ့သားသမီး ရတာ မရတာက ကံနဲ့လည်း ဆိုင်တယ်"
 
"ကိုယ်တို့တွေ သင်ကြားပေးလို့ရတာပဲလေ"
 
 
ထိုစကားသံကြောင့် ထျန်းနင်က မို့ထင်၏ဖခင် သရုပ်ကို စိတ်ကူးယဉ်ကြည့်မိသည်။ ချစ်စရာကောင်းသော ကလေးငယ်လေးက မို့ထင် အရှေ့မှာ ဒူးထောက်ကာ အသနားခံနေပြီး မို့ထင်က ဆိုဖာပေါ်မှာ ခန့်ခန့်ကြီး ထိုင်နေမည့် မြင်ကွင်းက သူမအတွက် လှပလွန်းနေသည်။
 
 
"ယောက်ျားက ကလေး တကယ်လိုချင်လို့လား"
 
 
ဤတစ်ကြိမ်တွင် မို့ထင်က ထျန်းနင်ကို လေးလေးနက်နက် ကြည့်လာပြီး ခေါင်းခါသည်။
 
"အခုတော့ မလိုချင်သေးဘူး။ နှစ်ပိုင်းလောက်တော့ စောင့်ဦးမယ်။ အခုအချိန်မှာ ကိုယ်အဖြစ်ချင်ဆုံး ဆန္ဒက မင်းကို ချစ်နေရဖို့ပဲ"
 
ထျန်းနင်က မို့ထင်၏ကားမောင်းသမား ထိုင်ခုံကို မှီကာ မို့ထင်၏ပါးမို့မို့လေးကို နမ်းရှိုက်ရန် ကြံရွယ်ခဲ့သော်လည်း မို့ထင်က သူမကို သတိပေးလာသည်။
 
"အန္တရာယ်များတယ်။ ကိုယ့်နေရာမှာကိုယ် ပြန်ထိုင်"
 
" အန္တရာယ်များတယ်လား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ချစ်လေးတို့နောက်ကို လိုက်နေလို့လား"
 
ထျန်းနင် မေးမြန်းသည်။
 
" ချစ်လေးရဲ့ အာရုံခံနိုင်စွမ်းနဲ့ တခြားသူ နောက်ယောင်ခံ လိုက်နေတာကို မသိစရာ အကြောင်းမရှိပါဘူး။ ချစ်လေးတို့နောက်ကို အမည်းရောင်ကားတစ်စီး တစ်ချိန်လုံး လိုက်နေတယ်။ သူတို့ကင်မရာက အရမ်းကို အလင်းပြန်လွန်းတော့ မျက်စိစူးတယ်။ ဒါရိုက်တာ အိမ်တော်မှာလည်း Kathyနဲ့ ချစ်လေးကို ဓာတ်ပုံခိုးရိုက်သွားသေးတယ်။ ချစ်လေး ပြောတာ မှန်တယ်မလား"
 
 
" ဟွားရုံစတူဒီယိုကလူတွေက ကိုယ်တို့နောက်ကို လိုက်နေတယ်"
 
မို့ထင် ရှင်းပြသည်။
 
မျှော်မှန်းထားသည့်အတိုင်း သူ့မိန်းမကို လျှော့တွက်ထား၍ မရပေ။ သူ့မိန်းမက အမြင်အာရုံစူးရှလွန်း မျက်စိလျင်လွန်းသည်။
 
 
 
"သူတို့က ဘာလို့ချင်တာလဲ"
 
 
 
"သူတို့ လိုင်းပေါ်မှာ ချန်ခဲ့တဲ့ ကွန့်မန့်အရတော့ ချစ်လေးက ယောက်ျားတကာနဲ့ ပတ်ရှုပ်နေတယ်လို့ စွပ်စွဲထားတယ်။ ဒါကြောင့်လည်းသက်သေ လိုက်စုဆောင်းနေတာလေ"
 
 
"ဒါဆိုရင် ယောက်ျားက သူတို့နဲ့ ရေလိုက်ငါးလိုက် လုပ်နေတာပေါ့ ဟုတ်လား"
 
ထျန်းနင် ခန့်မှန်းသည်။
" ဒါပေမဲ့... "
 
"ကိုယ် ဆက်မစောင့်နိုင်တော့ဘူး"
 
မို့ထင်က စကားဖြတ်ပြောသည်။
" ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်တို့ရဲ့ဆက်ဆံရေးကို အများသိအောင် ဖွင့်ချချင်တယ်။ ချစ်လေးက မို့ထင်ရဲ့ဇနီးဆိုတာ လူတိုင်းကို သိသွားစေချင်တာ။ ကိုယ်တန်ဖိုးအထားရဆုံး ကိုယ့်ချစ်ဇနီးလေးပဲ။ ဒါပေမဲ့ ဒီအကြောင်းကို ဘလိုင်းကြီး ကြေညာလိုက်ရင်တောင် ဟွားရုံစတူဒီယိုက သက်သေလိုက်စုဆောင်းပြီး ချစ်လေးဖို့ သိက္ခာချဖို့ ကြိုးစားဦးမှာပဲ"
 
"အဲလို ဖြစ်လာမှာကို စောင့်နေရတာထက် သူတို့ဘက်က အရင်ဆုံးလှုပ်ရှားလာမှာကို စောင့်ကြိုနေတာ အကောင်းဆုံးပဲ။ သူတို့အစီအစဉ်ကို ထုတ်ပြပြီးတာနဲ့ သူတို့ကို ပထုတ်ပြီး ကိုယ်တို့ရဲ့ပတ်သက်မှုကို ကြေညာမယ်"
 
 
"ဒါဆိုရင် ယောက်ျားက ဟွားရုံစတူဒီယိုကလူတွေကို တမင်မျှားခေါ်ခဲ့တာပေါ့ ဟုတ်လား။ ဒါကြောင့်လည်း လေဆိပ်မှာတုန်းက ပုံမှန်လျှောက်လှမ်းက သွားဖို့ အကြံပြုခဲ့တာပေါ့။ ဒါမှလည်း ချစ်လေးတို့ ဘယ်သွားမလဲ တခြားသူတွေကို သိစေချင်တာမလား"
 
 
ယခုမှ ထျန်းနင်က မို့ထင်၏လုပ်ရပ်တိုင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။
 
 
ဟွားရုံစတူဒီယိုက ထျန်းနင်၏ဓာတ်ပုံကို အချိန်အတော်ကြာ ဖွက်ထားခဲ့၍ ဓာတ်ပုံကို အွန်လိုင်းပေါ် တင်လိုက်ခြင်းက သူတို့ရည်ရွယ်ချက် မဖြစ်နိုင်ပေ။ အယ်ဒီတာလင်း၏မျက်နှာပေါ်မှာ သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
 
 
အယ်ဒီတာလင်းက ရင်ဆိုင်ရန် မခက်ခဲပါ။ သို့သော်လည်း မို့ထင်က ထိုအခွင့်အရေးကို အသုံးချပြီး သူတို့ပတ်သက်မှုကို ဖွင့်ဟချင်သည်။
 
 
 
"ချစ်လေးက ကိုယ့်ကို အပြစ်တင်လား"
 
 
 
"ဘာအတွက်နဲ့ ချစ်လေးက အပြစ်တင်ရမလဲ"
 
ထျန်းနင်၏မျက်လုံးများက ရုတ်တရက် နီရဲသွားသည်။
"အရမ်းတွက်ချက်တတ်လို့ အပြစ်တင်ရမလား။ ချစ်လေးကို ကာကွယ်ပေးဖို့ ကြိုးစားနေလို့ အပြစ်တင်ရမလား။ ချစ်လေးကို တခြားသူ အသိအမှတ်ပြုအောင် ကြိုးစားပေးနေလို့ အပြစ်တင်ရမလား"
 
"ဟန်ယွီဖန် နဲ့ မို့ယွီရို့ကို လက်စားချေဖို့ ကြိုးစားခဲ့တုန်းက ယောက်ျားအနားကို ချစ်လေး ဘယ်လိုရောက်လာခဲ့လဲ မှတ်မိသေးလား။ ချစ်လေး ဘာမဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိခဲ့လို့ ယောက်ျားကို လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာပဲ။ ဒါကြောင့် ချစ်လေးယောက်ျားဖြစ်တဲ့ မို့ထင်ရဲ့စိတ်ရင်းအမှန်ကိုပဲ ချစ်လေး မြင်ချင်တယ်။ ဒါကြောင့် ယောက်ျားကို ချစ်လေး အပြစ်မမြင်ဘူး"
 
 
" ကိုယ် မင်းကိုအရမ်းချစ်တယ်။ ဒါကြောင့် ချစ်လေးဘေးနားမှာ နေချင်သလို ချစ်လေးဘက်က မားမားမတ်မတ် ရပ်တည်ချင်တဲ့ ဆန္ဒရှိတယ်"
 
 
"ချစ်လေးတို့တွေ တစ်ဘဝလုံး အတူတူနေရမှာပါ"
 
 
မို့ထင်က လက်လှမ်းလိုက်ပြီး ထျန်းနင်ကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ သက်ပြင်းချလိုက်သည်။
 
"ဘုရားသခင်က ချစ်လေးကို ကိုယ့်အနား ခေါ်လာပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ယုံကြည်ပေးနော်။ ကိုယ်က ချစ်လေးအတွက် အကောင်းဆုံးတွေကိုပဲ ဆောင်ကြဉ်းပေးမယ်"
 
ထျန်းနင်က မို့ထင်ကို အမြဲတမ်း ယုံကြည်ပေးခဲ့ပြီး သူမမှာ ဆက်ယုံကြည်ချင်သည့် စိတ်ကူး ရှိပြီးသား ဖြစ်သည်။
 
 
ထို့ကြောင့်လည်း သူမက တိကျပြတ်သားသော အဖြေကို ပြန်ပြောသည်။
"ကြေညာလိုက်လေ။ ဟွားရုံစတူဒီယိုကို ချစ်လေးတို့အကျိုးအမြတ်အတွက် အသုံးချကြတာပေါ့။ သူတို့အကြံအစည်က ကောလဟာလသတင်း ကြီးကြီးမားမားကို ဖော်ထုတ်ပြီး ချစ်လေး ဘဝကို ဖျက်ဆီးချင်တာပဲလေ"
 
...
 
 
" ထျန်းနင်ရဲ့အရည်အချင်းကို ပေါ့ပေါ့တန်တန် တွေးလို့တော့ မဖြစ်ဘူးနော်၊ နာမည်ကျော် ဒါရိုက်တာရဲ့သမီးနဲ့တော့ သင့်မြတ်အောင် နေနိုင်တာပဲ"
 
တစ်နေ့တာလုံး နောက်ယောင်ခံလိုက်ပြီးနောက် ဟွားရုံစတူဒီယိုမှ သတင်းထောက်များက သူတို့တည်းခိုသော ဟိုတယ်ကို ပြန်လာကြသည်။
 
အယ်ဒီတာလင်းက သူတို့ရိုက်ကူးလာသော ဓာတ်ပုံများကို ကြည့်ရှုက သူ့လက်အောက်ခံများကို စကားပြောသည်။
 
"ဒီကလေးက နာမည်ကြီးဒါရိုက်တာရဲ့သမီး မဖြစ်နိုင်လောက်ပါဘူး။ ထျန်းနင်ရဲ့တိတ်တိတ်ပုန်းသမီးလို့ သတင်းလွှင့်ရမယ်"
 
" ဒါပေမဲ့ မို့ထင်က ဒီနယ်မြေမှာ ရှိနေတယ်လေ။ သူတို့အလုပ်ကိစ္စကြောင့် လာတာ ဖြစ်နိုင်တယ်နော်"
 
 
အယ်ဒီတာလင်းက သူ့ငတုံးလက်အောက်ငယ်သားကိုကြည့်ကာ သူ့လက်ကို ခါရမ်းပြသည်။
 
"ပြင်သစ်မှာ ထျန်းနင်ရဲ့တိတ်တိတ်ပုန်း သမီးရှိတယ်လို့သာ သတင်းရေးစမ်းပါ။ ပြီးရင် အဲဒီကလေးနဲ့ဆော့နေတဲ့ ဓာတ်ပုံကို ဖြန့်လိုက်။ ပြီးရင် ကလေးနဲ့ ထျန်းနင်ရဲ့ဓာတ်ပုံကို ယှဉ်ပြလိုက်။ လူအများစုက အမှန်တရားကို ဂရုစိုက်နေမယ်လို့ တွေးနေသလား"
 
"ဒါက အရမ်းရက်စက်ရာ ကျမယ်နော်"
 
 
" ဟိုက်ဟွေ့ဖျော်ဖြေရေးက ငါတို့ကို ဒီလိုအခြေအနေရောက်အောင် တွန်းပို့ခဲ့တာပဲလေ။ ငါတို့က အချိန်ကို အကျိုးရှိရှိ အသုံးမချတတ်ရင် ပြန်မတိုက်ခိုက်တတ်ရင်တော့ ပေကျင်းမြေပေါ် နောက်တစ်ခေါက် ခြေချဖို့ မတွေးနဲ့တော့"
 
အယ်ဒီတာလင်းက တည့်တိုးပြောချသည်။
" ငါ့အတွက် ဆောင်းပါးတစ်ပုဒ် မြန်မြန် ရေးပေးစမ်းပါ။ ထျန်းနင်က နိုင်ငံရပ်ခြားကို ရောက်နေတော့ အထီးကျန်တဲ့ ဝေဒနာကို ခံနိုင်ရည် မရှိလောက်ဘူး"
 
" အယ်ဒီတာလင်း၊ ထျန်းနင် ဘေးနားမှာ မို့ထင်ရှိနေတာကိုး မေ့နေသလား။ ကမြင်းစရာ လိုအပ်သေးလို့လား"
 
 
"မဖြစ်နိုင်ဘူးဆိုတာ မသေချာဘူးဆိုတာ မရှိဘူး။ ကလူလွန်းတဲ့ သူ့လိုမိန်းမက သူ့စိတ်ဆန္ဒသူ ထိန်းချုပ်နိုင်ပါ့မလား"
 
 
"ဒါပေမဲ့ မို့ထင်လို အကောင်းဆုံး ယောက်ျားကို ပိုင်ဆိုင်ထားလဲ။ ဆန္ဒက မတင်းတိမ်နိုင်ဘူး။ ရလေလိုလေ အိုတစ္ဆေပဲ။ ယောက်ျားတွေကို ငမ်းငမ်းတက် လိုချင်နေတုန်းပဲလား"
 
 
"ပေါက်လွှတ်ပဲစား လျှောက်မပြောနဲ့တော့။ မနက်ဖြန်အတွက် အသင့်ပြင်ထား"
 
အယ်ဒီတာလင်း အမိန့်ပေးသည်။
 
မို့ထင် အနားမှာရှိနေလျှင် သူတို့လိုချင်သော ခိုင်လုံသည့်သက်သေကို ဓာတ်ပုံရိုက်ကူးရန် အခွင့်အရေး နည်းပါးသော်လည်း သူတို့ကံတရားကို စမ်းသပ်ကြည့်ချင်သည်။
 
 
...
 
 
ပေကျေင်း ညဘက်အချိန်အခါ
 
 
အရိုးကွဲမတတ် အေးစက်သော လေထုက တိုက်ခတ်နေသည်။ ညစာ စားသုံးပြီးနောက် ဖန်ယွီက ဟွားကျင်းကျင်းကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူ့မျက်ဝန်းများကို ငေးကြည့်လိုက်ရုံဖြင့် ကျင်းကျင်းကို တစ်စုံတစ်ရာ မေးမြန်းချင်နေမှန်း သိနိုင်သည်။ ဒီည အိမ်ပြန်ပါမည်ဟု ကျင်းကျင်းက သူ့ကို ပြောထားဖူးသည်။
 
 
"ဒီအချိန်လောက်တော့ သတင်းထောက်တွေက မင်းကို မရိပ်မိလောက်ပါဘူး။ နည်းနည်းပါးပါး ရုပ်ဖျက်လိုက် ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ်"
 
 
ဟွားကျင်းကျင်း ချက်ချင်းပြန်ဖြေသည်။
 
" ကျင်းကျင်းမှာ ဝတ်စရာအဝတ် မပါလာဘူး။ ဒါမှ မဟုတ် ရှင် မေ့နေသလား။ ဒီအိမ်ကို အမျိုးသမီးအတွင်းခံ ဝတ်စုံလေးနဲ့ ရောက်လာခဲ့တာလေ"
 
" မင်းရဲ့လက်ထောက်ကို အဝတ်အစား ယူလာခိုင်းထားတယ်"
 
 
" ဘယ်အချိန်တုန်းကလဲ သိတောင် မသိလိုက်ပါလား"
 
ဟွားကျင်းကျင်းက ကြောင်တိကြောင်တောင် မေးလာသည်။
 
"မင်းနဲ့ ယွဲ့အာတို့ နေ့လည်ခင်း တရေးအိပ်တုန်းက ကိုယ် အိမ်အောက်ဆင်းယူလိုက်တာလေ၊ အဝတ်အစားတွေ မြန်မြန်လဲတော့"
 
 
" တို့ကို ဒီလို မောင်းထုတ်တော့မှာလား"
 
ဟွားကျင်းကျင်းက သူမ၏တိုက်ခန်းကို အမှန်တကယ် မပြန်ချင်ခဲ့ပါ။ ရာသီဥတုက အေးချမ်းပြီး အထီးကျန်ဆန်လွန်းသည်။
"ဧည့်သည်အခန်းမှာပဲ နေဆိုနေပါ့မယ်။ ဒါမှမဟုတ်ရင်လည်း ဆိုဖာပေါ်မှာ အိပ်ဆို အိပ်ပါ့မယ်။ ရှင် အိမ်မှာ မရှိရင်လည်း ယွဲ့အာကို အဖော်လုပ်ပေးမယ်လေ။ ကျွန်မကြောင့် အနှောင့်အယှက် မဖြစ်စေရပါဘူး။ ရှင့်ကို ဖုန်းလည်း မခေါ်ဘူးလို့ ကတိပေးတယ်"
 
ဖန်ယွီက သူမ၏အကြံအစည်ကို နားလည်မှုမလွဲစေချင်၍ ခပ်သွက်သွက် ရှင်းပြမိသည်။
 
"အဲဒီတိုက်ခန်းမှာ တစ်ယောက်တည်း နေရတာ မပျော်ဘူး။ ကျန်းမန်နီ လူလွှတ်ရိုက်ခိုင်းတာ အောင်မြင်တည်းက အဲဒီနေရာက လုံခြုံရေး မကောင်းဘူး။ အဲဲဒီတိုက်ခန်းကို ရောင်းလိုက်ပြီး ရှင့်တို့အိမ်နား ပြောင်းလာမယ်လေ အဲလိုရော ရလား"
 
" ကျွန်မမှာ မိသားစုရော မိတ်ဆွေရော သံယောဇဉ် နှောင်ကြိုးရော မရှိတော့ ဘယ်နေရာ သွားသွား မခြားနားပါဘူး"
 
 
" ဒါဆို မြန်မြန် သွားကြမယ်။ မင်းရဲ့အဝတ်အစားတွေ ပစ္စည်းတွေ မြန်မြန် သွားသိမ်းကြမယ်"
 
နဂိုတည်းက ဖန်ယွီ၏အကြံအစည်က ဤမျှသာ ဖြစ်သည်။
 
***
 
အပိုင်း(၂၈၇)

 
ပြင်သစ် ညအချိန်
 
 
ထျန်းနင်က မဂ္ဂဇင်းစာအုပ်လေးကို ဖတ်ရှုကာ မီးရောင်အောက်မှာ ထိုင်နေသည်။  မို့ထင်က အလုပ်ကိစ္စများ ပြီးစီးသည်နှင့် ထျန်းနင်ဘေးနား ရုတ်ခြည်း ရောက်လာသည်။
 
"ယောက်ျားက မိန်းမအတွက် လက်ဝတ်ရတနာ တစ်စုံလောက် ဒီဇိုင်းနာမှာ အပ်ချင်တာ။ ဒါပေမဲ့ ဂျပန်ဒီဇိုင်းနာက သူ့မိန်းမ ကလေးမွေးလို့ ဂျပန်ကို အရေးတကြီး ပြန်ရတော့မယ်။ ဒါကြောင့် ဒီညတော့ ချစ်လေးဝတ်မယ် လက်ဝတ်ရတနာ အတိုင်းအတာလေးတွေပဲ ယူတော့မယ်"
 
"လက်ဝတ်ရတနာလား"
 
ထျန်းနင်က သူမလက်ထဲမှ မဂ္ဂဇင်းကို အောက်ချလိုက်ပြီး မို့ထင်ကို မယုံသင်္ကာဟန် ကြည့်သည်။
"ဒီအကြောင်းကို ဟိုးအရင်တုန်းက မပြောဖူးပါဘူး"
 
"ယောက်ျားက မိန်းမရဲ့မန်နေဂျာလေ။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို ယောက်ျားက မိန်းမကိုယ်စား စီမံ့ပေးရမှာပေါ့"
 
မို့ထင်၏နှုတ်ခမ်းပါးလေးက အပေါ်ကော့ညွှတ်သွားပြီး ထျန်းနင်၏ဘေးနားမှာ ထိုင်လိုက်သည်။
"မိန်းမက ကျောက်မြတ်ရတနာတွေ စိန်တွေကို စိတ်ဝင်စားတတ်တဲ့သူ မဟုတ်မှန်း ယောက်ျားသိပါတယ်။ ဒါပေမဲ့ မိန်းမက ယောက်ျားနဲ့ လက်ထပ်ထားတော့ အဲလိုလက်ဝတ်ရတနာတွေကို ဝတ်ရမယ် အခြေအနေမျိုးတွေ သေချာပေါက် ရှိမှာပါ။ တခြားမော်ဒယ်တွေကို ကြည့်ပါဦး၊ သူတို့တွေ လက်ဝတ်ရတနာဆိုင်တွေမှာ သေမတတ် နေချင်လောက်တဲ့အထိ လက်ဝတ်ရတနာတွေကို အရူးအမူး စွဲလန်းကြတယ်။ မိန်းမနဲ့တော့ တခြားစီပဲ"
 
"အဲလိုတော့ မပြောပါနဲ့ ယောက်ျားရဲ့ချစ်မိန်းမက ယောက်ျားရဲငွေကို ချွေတာပေးတာပါ"
 
 
ထျန်းနင်က သဘာဝဆန်ဆန် နေထိုင်တတ်သည့် မိန်းမလေး ဖြစ်သည်။
 
 
"ဒီဇိုင်းစီးမယ် လေယာဉ်ထွက်ခွာဖို့ အချိန် ၃နာရီပဲ ကျန်တော့တယ်။ ကိုယ်လည်း အစည်းအဝေး တက်စရာ ရှိတော့ ချစ်လေးကိုယ်တိုင်ပဲ ဒီဇိုင်းနာနဲ့ သွားလိုက်နော်။ ကိုယ်တိုင် ကားမောင်းပြီး ဒီဇိုင်းနာတည်းတဲ့ ဟိုတယ်ကို သွားလိုက်တော့။ သူ့အဖွဲ့သားတွေ အားလုံးလည်း တစ်နေရာတည်း အတူတူရှိတယ်။ ချစ်လေး လိုချင်တဲ့ ဒီဇိုင်းနဲ့ ကိုယ်တိုင်းလေးပဲ ပေးလိုက်တော့"
 
 
ထျန်းနင်က မို့ထင်လက်ထဲမှ ကားသော့ကို လက်လွဲယူပြီး မို့ထင် ယခုလို လုပ်ဆောင်ရသည့် အကြောင်းအရင်းကို သိနေသည်။
 
 
 
"ဒါဆိုရင် ယောက်ျားရဲ့မူလရည်ရွယ်ချက်က မိန်းမကို လက်ဝတ်လက်စား ဆင်ပေးဖို့ပေါ့ ဟုတ်လား။ ဘုရားလည်းဖူး လိပ်ဥလည်းတူးလို့ရအောင် ဟွားရုံစတူဒီယိုက လိုချင်နေတဲ့ သက်သေတွေကို ပေးချင်လို့မလား"
 
 
 
"ဟုတ်ပါတယ်။ ကိုယ်ရဲ့ပင်မရည်ရွယ်ချက်က မိန်းမကို လက်ဝတ်ရတနာ ဝယ်ပေးဖို့ပဲ။ အိမ်က ချစ်လေးရဲ့ရတနာဘူးထဲမှာ ဝတ်စရာ လက်ဝတ်ရတနာ များများစားစား မရှိတာကို ကိုယ် သတိထားမိတယ်လေ"
 
မို့ထင်က သူ့လက်တော့ကို ကိုင်ကာ သူ့အချိန်ဇယားကို ထျန်းနင် မြင်အောင် ပြသသည်။
 
"ကောင်းပါပြီ။ ဒါဆိုရင် မိန်းမသွားပေးမယ်"
 
 
ထျန်းနင်က အလုပ်လုပ်ချိန်မှ လွဲ၍ တန်ဖိုးရှိသော ရတနာများကို ဝတ်ဆင်လေ့ မရှိပေ။ အလုပ်အပ်နှံသူ ကျေနပ်အောင်သာ ဝတ်ဆင်ပေးလေ့ရှိပါသည်။ သို့သော်လည်း မော်ဒယ် တစ်ယောက်အနေဖြင့် သူမ၏အပြင်အဆင်က ရိုးရှင်းလွန်းသည်။
 
 
"သတိထားသွားနော်၊ ပြဿနာ တစ်ခုခုကြုံရင် ကိုယ့်ကို ဖုန်းခေါ်လိုက်။ ကိုယ် လာခေါ်မယ်"
 
 
ထျန်းနင်က ပြုံးလိုက်ပြီး အပြင်သွားရန် ပြင်ဆင်သည်။ သူမ၏လက်ကိုင်အိတ်နှင့် ကားသော့ကို ကောက်ယူကာ မို့ထင်နှင့်အတူတူ နေထိုင်သော ဟိုတယ်မှ ထွက်ခွာလာသည်။
 
 
သို့တိုင် သတင်းထောက်များ၏ အမြင်အာရုံမှ ရှောင်တိမ်းရန် ထျန်းနင်က နေကာမျက်မှန်ကို တပ်ဆင်ကာ သိုသိုဝှက်ဝှက် အပြင်ထွက်ချင်ယောင်ဆောင်သည်။
 
 
လက်ထပ်ထားသော ဒီဇနီးမောင်နှံက သရုပ်ဆောင်ပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်လွန်းသည်။
 
 
...
 
 
ဟွားရုံစတူဒီယိုမှ သတင်းထောက်များက ဟိုတယ်ကို တစ်နေ့လုံး စောင့်ကြည့်နေသည်။ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသော စီးကရတ်များကို ကြည့်လိုက်ရုံဖြင့် သူတို့တွေ သောကရောက်နေမှန်း သိနိုင်သည်။
 
 
"မအေလိုး၊ ဟိုဖာသည်မထျန်းနင်က ဟိုတယ်ထဲက ထွက်လာပါဦးမလား။ သူ့ ဓာတ်ပုံတစ်ပုံ ရိုက်ဖို့တောင် ခက်ခဲလိုက်တာကွာ"
 
သူတို့သုံးယောက်ထဲမှ တစ်ယောက်က မကျေမနပ် ဆဲဆိုနေသည်။
 
သူ့အပေါင်းဖော်များက သူ့ပခုံးကို ပုတ်လိုက်ပြီး ကူကယ်ရာမဲ့ ပြုံးသည်။
 
"ဘယ်တတ်နိုင်ပါ့မလဲ စောင့်နေရုံပဲပေါ့။ အဲဒီမိန်းမက ပဟေဠိဆန်လွန်းတယ်။ အခုလို အကြံအစည်ကြီးမားလို့သာ နာမည်ကြီး သူဌေးရဲ့အပျော်မယား ဖြစ်နေတာပေါ့။ တော်ရုံမိန်းမက မို့ထင်ကို ကပ်နိုင်ပါ့မလား"
 
"ဘယ်အချိန်အထိ ဆက်သည်းခံရဦးမလဲ။ ငါ့ရဲ့ဒေါသတွေ ငယ်ထိပ်ရောက်နေပြီ"
 
 
"ငါတို့ရဲ့ ကံကောင်းခြင်းတွေ ရောက်လာပြီ"
 
 
ယောက်ျား သုံးယောက်က မို့ထင်၏ကား ပါကင်ထိုးထားသော နေရာကို တစ်ပြိုင်နက်တည်း ကြည့်ရှုလိုက်ပြီး ထျန်းနင် တစ်ယောက်တည်း ကားထဲဝင်သွားသော မြင်ကွင်းကို လှမ်းမြင်သည်။ မည်သူမှ မရှိကြောင်း အတည်ပြုပြီးမှ ထျန်းနင်က ကားထဲ ဝင်သွားပြီး ကားမောင်းထွက်သွားသည်။
 
 
"အဲဒီကောင်မက ဈေးဝယ်ထွက်ရင်း အချိန်ဖြုန်းမလိုလား မသိဘူး။ ဒီလိုဆိုရင်တော့ ငါတို့ကင်မရာရဲ့ memoryကို ဖြုန်းတီးရာ ရောက်တော့မယ်"
 
 
"သူ့နောက်ကို ခဏတော့ လျှောက်လိုက်ကြည့်ဦးမယ်"
 
 
ထျန်းနင်က သူမနောက်ကို လိုက်လာသော ပါပါရာဇီများကို နဂိုတည်းက သတိထားမိပါသည်။ ထို့ကြောင့်လည်း မို့ထင် ပြောထားသော ဟိုတယ်ကိုသာ ကားမောင်းထွက်လာသည်။
 
 
ဟိုတယ်အပြင်ဘက်ကို ရောက်ရှိပြီးနောက် ထျန်းနင်က ကားပါကင်နေရာထဲ ဝင်ရောက်ကာ ကားထိုးသည်။ ငါးမိနစ်ကြာပြီးနောက် အရပ်ရှည်ရှည် ပိန်ပိန်ညှောင်ညှောင် လူငယ်လေးက ဓာတ်လှေကားမှ ဆင်းလာပြီး ထျန်းနင်ကို ဟိုတယ်ထဲ ခေါ်ဆောင်သွားသည်။
 
 
ဟွားရုံစတူဒီယိုမှ ပါပါရာဇီများ ၎င်းမြင်ကွင်းကို အားကြိုးမာန်တက် ဓာတ်ပုံတဖျပ်ဖျပ် ရိုက်ကူးနေသည်။ သူတို့ လိုချင်နေသည့် ဓာတ်ပုံကို ရလိုက်၍ ကျေနပ်အားရစွာ သူတို့ပေါင် သူတို့ရိုက်လိုက်သည်။
 
 
"အယ်ဒီတာလင်း ပြောတာ မှန်တယ်။ အဲဒီကောင်မက အထီးကျန်တာကို ခံနိုင်ရည် မရှိဘူးပဲ"
 
 
" ကြည့်ရတာတော့ မို့ထင်က အိုနေတော့ မတင်းတိမ်နိုင်ဘူး ထင်တယ်"
 
 
" ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့တာဝန်က အောင်မြင်စွာ ပြီးဆုံးသွားပြီလေ"
 
 
" အယ်ဒီတာလင်းက သူ ကတိပေးထားတဲ့အတိုင်း ငါတို့ကို ဆုပေးရတော့မယ်"
 
 
လင်းချုံးက ဓာတ်ပုံကို အကဲခတ်နေသည်။ သူ့မျက်ဝန်းများက ခက်ထန်ကြမ်းကြုတ်ပြီး ထျန်းနင်ကို ဝံပုလွေ မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေသည်။
 
 
"အကျိုးရှိအောင် အသုံးချတတ်သားပဲ ။ မင်းတို့ တော်တယ်။ ထျန်းနင် အပြင်ထွက်လာတာနဲ့ ဟိုတယ်ကို ပြန်လာတော့ကွာ။ ငါတို့တွေမှာ လုံလောက်တဲ့ သက်သေရှိပြီဆိုတော့ တိုက်ပွဲရင်ဆိုင်လို့ ရပြီ။ သူ့နောက်ကို နောက်ယောင်ခံလိုက်နေဖို့ မလိုအပ်တော့ဘူး"
 
လင်းချုံး ညွှန်ကြားသည်။
 
"ငါ စောင့်မျှော်ခဲ့တဲ့ နေ့ရက်လေး ရောက်ပြီ"
 
 
"ငါတို့အားလပ်ချိန်ရပြီပေါ့။ အိမ်ပြန်ရတော့မှာပေါ့"
 
 
ယောက်ျားသုံးယောက်က အတော်ကလေး ပျော်ရွှင်နေကြသည်။ မို့ထင်က တခြားကားတစ်စီးဖြင့် သူတို့နောက်ကို လိုက်လာပြီး အကွယ်တစ်နေရာမှာ သူတို့ကို စောင့်ကြည့်နေခြင်းကို သတိမထားမိခဲ့ပေ။
 
 
သူက သတင်းထောက်သုံးယောက်ကို အေးစက်စက် မျက်နှာထားဖြင့် ငေးစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းနက်တွင် လှောင်ပြုံး နှင့် အထင်မြင်သေးသော ခံစားချက်များ ရောယှက်နေသည်။
 
 
"စိတ်ကြိုက်ရွေးချယ်ပြီပါ့လား။ အတိုင်းအထွာတွေရော ပေးခဲ့ပြီးပြီလား"
 
 
" အမ် အလုပ်ပြီးပြီလား။ ဒါဆိုရင် ထင်ကို ချစ်လေး ဟိုတယ်မှာ စောင့်နေမယ်လေ"
 
 
"မစောင့်နဲ့တော့။ ကိုယ်အပြင်မှာ ရောက်နေပြီ။ အောက်ထပ်ကိုသာ ဆင်းလာခဲ့တော့"
 
မို့ထင် ပြန်ဖြေသည်။
 
ထျန်းနင် နာရီကိုကြည့်လိုက်သည်။ သူမ အပေါ်ထပ်ကို ရောက်နေသည်မှာ မိနစ် ၂၀ပင် မကြာလှသေးချေ။
 
"ထင်က ချစ်လေးနောက်ကို လိုက်လာတာလား"
 
"မဟုတ်ဘူး။ ချစ်လေးနောက်ကို လိုက်လာတဲ့ သတင်းထောက်တွေ နောက်ကို လိုက်လာတာ"
 
မို့ထင်က သတင်းထောက် သုံးယောက်၏အခြေအနေကို မပြောပြမီ ရှင်းပြနေသည်။
"သူတို့သုံးယောက် အောင်ပွဲခံတော့မယ်။ သူတို့တွေ တော်တော် ပျော်ရွှင်နေပုံပဲ"
 
ထိုစကားကို ပြောဆိုပြီးနောက် မို့ထင်က ကားစက်နှိုးလိုက်ပြီး ကားပါကင်မှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ဟိုတယ် ပင်မဝင်ပေါက်ကို ကားမောင်းထွက်ခွာကာ ထျန်းနင်ကို သွားကြိုသည်။
 
 
သုံးစားမရသည့် သတင်းထောက်များက ဆက်စောင့်နေချင်လျှင် စောင့်နေနိုင်သည်။ ထျန်းနင်က အပေါ်ထပ်မှာ တစ်ညလုံး အချိန်ဖြုန်းခဲ့သည်ဟု ယူဆသွားလဲ ပိုကောင်းသေးသည်။
 
 
"ကိုယ့်အပြုအမူတွေက ချစ်လေးကို မပျော်ရွှင်စေလို့လား"
 
 
ထျန်းနင်က အရှေ့ကိုသာ ငေးကြည့်နေပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသည်။
 
"ချစ်လေးက ဘာအကြောင်းကြောင့် စိတ်အခန့်မသင့် ဖြစ်ရမလဲ။ချစ်လေးက တခြားသူကို အရင်ဆုံး ပြဿနာ ရှာတတ်တဲ့သူမှ မဟုတ်တာလေ။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်ဆောင်တတ်တဲ့ မော်ဒယ်တစ်ယောက်ပါ။ လင်းချုံးက ဘာအကြောင်းကြောင့် ချစ်လေးကို ဒုက္ခပေးချင်နေမှန်း စဉ်းစားမရဘူး"
 
"အဲဒီလူက တခြားပါပါရာဇီတွေနဲ့ မတူဘူး။ သူက ငွေကြေးအတွက် အလုပ်လုပ်ပေမဲ့ ငွေရဲ့ကျေးကျွန်တော့ မဟုတ်ဘူး"
 
 
" ပြောရရင် သူက ချစ်လေးကို နားလည်မှုလွဲနေတာပဲ"
 
 
" လုချယ် သူ့အကြောင်း စုံစမ်းထားသလောက်တော့ သူက သုံးကြိမ်တိတိ လက်ထပ်ဖူး ကွာရှင်းဖူးတယ်"
 
မို့ထင် ရှင်းပြသည်။
" သူ့ရဲ့အဆင်မပြေတဲ့ အိမ်ထောင်ရေးကြောင့် မိန်းမ မုန်းတီးရေးဝါဒီ ဖြစ်လာတယ်။ ဒါကြောင့်လည်း ရုပ်မြင်သံကြားအစီအစဉ်မှူးဘဝကနေ ပါပါရာဇီ အလုပ်ပြောင်းခဲ့တာပေါ့။ တခြားသူတွေရဲ့ ကိုယ်ပိုင်ဘဝကို ဖော်ထုတ်ပြီး အမှန်တရား ရှာဖွေမယ်လို့ ရူးကြောင်ကြောင် တွေးထားပုံပဲ"
 
ထျန်းနင် တည်ငြိမ်စွာ ပြုံးသည်။သူမ စိတ်ကို အနှောင့်အယှက် မပေးသည့်အပြင် အခြေအနေက သူမအတွက် ရယ်ဖွယ်အတိ ဖြစ်နေသည်။
 
"သူစိမ်းတစ်ယောက်က ဒီလောက်အထိ မုန်းတီးနေတာ အတော်ကလေး ထူးဆန်းတဲ့ ခံစားချက်ပဲ"
 
" ဒါပေမဲ့ ချစ်လေးမှာ anti fanတွေ အများကြီး ရှိပါတယ်။ အယ်ဒီတာလင်းကို ယှဉ်နိုင်သူတော့ မရှိလောက်ဘူး"
 
 
" အမှန်တရားက နောက်ဆုံးတော့ ပေါ်လာမှာပဲလေ။ အဲခါကျရင် သူလည်း နောင်တရမိမယ်လို့ ယုံကြည်တတယ်။ ချစ်လေး ခံစားခဲ့ရသမျှကို ယောက်ျားက လက်စားချေပေးမယ်လို့ ယုံကြည်ပြီသားပဲ"
 
 
***
 
 
 
အပိုင်း (၂၈၈)

 
မို့ထင်က သူ့လက်လေးကို ဆန့်တန်းကာ ထျန်းနင်၏ နက်မှောင်သော ဆံနွယ်များကို ဖွဖွလေး သပ်ပေးသည်။
 
"ဒါက သင်ခန်းစာ ပေးရုံပဲ ရှိသေးတယ်"
 
မို့ထင်ကို ထျန်းနင် သဘောကျဆုံး အချက်က အချစ် နှင့် အမုန်းကို ခွဲခဲဲခြားခြား နားလည်တတ်ခြင်း ဖြစ်သည်။ တခြားသူ၏ ကောင်းကွက် ဆိုးကွက် နှင့် အမှားအမှန်ကို အကန့်ခွဲထားတတ်သည်။
 
 
ဟိုတယ်ပြန်ရောက်လာပြီးနောက် ထျန်းနင်က မို့ထင် ဘေးနားမှာ ထိုင်ကာ မို့ထင် စာဖတ်နေစဉ် ဘေးနားမှာ တိတ်တဆိတ် အဖော်ပြုပေးသည်။
 
 
မို့ထင်က အိပ်ချင်မူးတူး ဖြစ်နေသော ထျန်းနင်ကို လှမ်းကြည့်ကာ တခစ်ခစ် ရယ်မောသည်။
 
"မနက်ဖြန် Claude.Nနဲ့ သွားတွေ့ရမယ်မလား။ စောစောစီးစီး အနားယူတော့"
 
"ယောက်ျားကို ဖက်ပြီး အိပ်ချင်တယ်"
 
ထျန်းနင်က ချွဲနွဲ့သော လေသံဖြင့် တီတီတာတာ ပြောနေသည်။
 
ထျန်းနင်ကို ပွေ့ချီကာ အိပ်ရာပေါ် မသွားခင် မို့ထင်က သူ့အရှေ့မှ စာရွက်စာတမ်းများကို တစ်ချက် ကြည့်လိုက်သည်။ အိပ်ရာပေါ်မှာ ထိုင်ပြီးနောက် သူ့ရင်ဘတ်ကို ပုတ်ပြသည်။
 
"ကိုယ့်ရင်ခွင်ကို လာမှီလှည့်"
 
ထျန်းနင်က စောင်ကို ဘေးဖယ်ထားလိုက်ပြီး မို့ထင်၏ရင်ခွင်ကို မှီကာ ခါးလေးကို ဖက်တွယ်ထားသည်။
 
 
မို့ထင်က လက်တစ်ဖက်ဖြင့် ထျန်းနင်ကို ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် စာဖတ်နေသည်။ သို့သော်လည်း စာမျက်နှာ တစ်မျက်နှာ ဖတ်ရှုပြီးနောက် နောက်ထပ် စာရွက်တစ်ရွက် ထပ်မလှန်နိုင်မှန်း သဘောပေါက်လိုက်သည်။
 
 
ထျန်းနင်က သူ့လက်မောင်းကို တင်းတင်းကျပ်ကျပ် ပြန်ဖတ်ထားပြီး တမင်တကာ နှောင့်ယှက်နေမှန်း သိသားနေသည်။
 
 
မို့ထင်က သူမ၏အကြံအစည်ကို သိနေ၍ လုချယ်ကို ဖုန်းမဆက်ခင် စာရွက်များကို အောက်ချလိုက်သည်။
 
 
"ဥက္ကဌ၊ ဒါရိုက်တာချန်းက ကျွန်တော့်ကို ခဏခဏ လာတွေ့နေတယ်။ သူတို့က 'Stupid'ရုပ်ရှင်မှာ ရင်းနှီးမြှပ်နှံချင်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော့်အမြင်တော့ ဒါက သူ့သား J kingရဲ့ အကြံအစည် ဖြစ်ရမယ်"
 
 
" ' Stupid'ရုပ်ရှင်အတွက် ရန်ပုံငွေ လုံလုံလောက်လောက် ရှိပြီသားလေ။ ဒါရိုက်တာချန်း မင်းကို နောက်တစ်ခေါက် လာတွေ့ရင် အားမနာနဲ့ မောင်းထုတ်ပစ်လိုက်တော့"
 
မို့ထင်က လေးလေးနက်နက် ပြန်ဖြေသည်။
 
" ဒါပေမဲ့ ဒါရိုက်တာချန်းက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ရှယ်ရာရှင်။ သူ့သားကို သူ့သားရှယ်ရာ ၃ရာခိုင်နှုန်းကျော် လွှဲပေးထားပြီသားပဲ။ ကြည့်ရတာတော့ သူ့သား Jkingက ဟိုက်ဟွေ့ကုမ္ပဏီမှာ ဝင်ပတ်သက်ချင်နေပုံပဲ။ နောက်တစ်ခေါက် ဘယ်လိုတွေ ရဲတင်းလာမလဲ ငါတို့တွေ ကြိုမသိနိုင်ဘူး"
 
 
"ငါ့ရဲ့အပြုအမူတွေကြောင့် အချစ်မှာ မျက်ကန်းတစ္ဆေဖြစ်နေတယ်။ ကုမ္ပဏီကို ကောင်းကောင်း မစီမံ့နိုင်တော့ဘူးလို့ တွေးနေသလား"
 
 
"ဥက္ကဌ၊ ကျွန်တော်က အခြေအနေကို တင်ပြရုံပါ။ ဥက္ကဌ ပူပန်သောကရောက်အောင် လာပြောတာ မဟုတ်ပါဘူး"
 
 
လုချယ်က ချက်ချင်း ရှင်းပြသည်။
 
 
"သူတို့လှုပ်ရှားမှုတိုင်းကို သေချာ စောင့်ကြည့်ထား"
 
 
ထိုစကားကို ပြောဆိုပြီးနောက် မို့ထင်က ဖုန်းချလိုက်ပြီး  ဖုန်းကို အိပ်ရာနံဘေး စားပွဲခုံပေါ်မှာ ဖွဖွလေး တင်ထားသည်။
 
 
ထျန်းနင်ကို ဖက်ထားလျက်သား အိပ်ရာပေါ် ကျောလှဲလိုက်သည်။ အမှောင်ထဲမှာ ရှိနေသော်လည်း သူ့မျက်ဝန်းတစ်စုံက မီးလျှံများ လောင်မြိုက်နေသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေး ကုမ္ပဏီကို ထိန်းချုပ်ချင်နေသည့် လောဘသားကောင်များက သူ့အနားမှာ အမြဲရှိနေသည်။
 
 
သူက ထျန်းနင်၏မန်နေဂျာ ဖြစ်သွားရုံဖြင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကို စီမံ့နိုင်သည့် အရည်အချင်း ပျောက်ကွယ်သွားသည်ဟု တွေးတောနေသနည်း။
 
 
သူတို့က သူ့အရည်အချင်းကို သံသယဝင်နေသနည်း။
 
 
...
 
 
ပြင်သစ်နိုင်ငံ ည၇နာရီက ပေကျင်းမြို့၏ မနက်၈နာရီနှင့် တူညီမှု ရှိသည်။
 
 
ဟွားကျင်းကျင်းက ဖန်ယွီအိမ်ကို တရားဝင် ပြောင်းရွေ့လာသော ပထမဆုံး နေ့ရက်ကလေး ဖြစ်သည်။ သူမက ပုံမှန်အတိုင်း ဧည့်သည်နေထိုင်သော အိပ်ခန်းမှာ အိပ်စက်ပါသည်။
 
 
ဟွားကျင်းကျင်း မနက်အစောကြီး နိုးနေ၍ ဖန်ယွီ၏အိပ်ခန်းတံခါး ဖွင့်လာသံကို ရုတ်တရက် ကြားရသည်။
 
 
ဖန်ယွီက ဘောင်းဘီတိုလေးကို ဝတ်ဆင်ကာ မီးဖိုချောင်ထဲဝင်သွားသည်။
 
 
ဟွားကျင်းကျင်း အစောကြီးနိုးနေ၍ ဖန်ယွီကိုယ်တိုင်လည်း အတော်ကလေး အံ့အားသင့်သွားသည်။ သူက ကြောက်လန့်တကြား သူ့အိပ်ခန်းထဲ ချက်ချင်း ပြန်ပြေးပြီး အဝတ်အစား ဝတ်ဆင်ကာ ဟွားကျင်းကျင်း အရှေ့ ပြန်ရောက်လာသည်။
 
 
"ဘာလို့ အစောကြီး နိုးနေတာလဲ"
 
 
"ဒီနေ့ အင်တာဗျူး ရှိတယ်လေ။ နှစ်ရက်ကြာရင် နိုင်ငံခြားကို သွားရမယ်"
 
ဟွားကျင်းကျင်း ရှင်းပြသည်။
"ဇန်နဝါရီလလည်း ရောက်ခါနီးပြီဆိုတော့။ မတ်လ ဖက်ရှင် သတင်း ရက်သတ္တပတ်အတွက် နိုင်ငံရပ်ခြားမှာ နေပေးရမယ်"
 
ဖန်ယွီ ခေါင်းညိတ်သော်လည်း သူ့မျက်နှာက ခံစားချက် မပြသပေ။
 
 
"ကိုယ်တော့ နိုင်ငံခြားအထိ လိုက်ပေးလို့ မရဘူး။ ဟိုက်ဟွေ့မှာ လုပ်စရာ အလုပ်ကိစ္စလေးတွေ ရှိသေးတယ်"
 
 
"မို့သူဌေးက ထျန်းနင်ကို အဖော်ပြုပေးသလို ကျင်းကျင်းကို အဖော်ပြုပေးစရာ မလိုပါဘူး။ ကျင်းကျင်းက..."
 
ခဏတာ ရပ်တန့်ပြီးနောက် ဟွားကျင်းကျင်း ဆက်ပြောသည်။
"သုံးလလောက် ခရီးထွက်ရမှာဆိုတော့ ကျင်းကျင်း ပြန်ရောက်လာရင် ရှင်က တခြားသူရဲ့ချစ်သူကောင်လေး ဖြစ်နေမှာ စိုးရိမ်လို့ အသိပေးရတာပါ။ ရှင့်ရဲ့ကာကွယ်မှုကို လိုအပ်နေတဲ့ ကျန်းမန်နီလို အနုပညာရှင်တွေရဲ့ ချစ်သူ ဖြစ်သွားမှာ စိုးထိတ်ရတယ်လေ"
 
ဖန်ယွီက ရေခဲသေတ္တာထဲမှ နွားနို့ နှင့် မနက်စာပြင်ဆင်ရန် လိုအပ်သော ဟင်းချက်ပစ္စည်းများကို ထုတ်ယူကာ စကားပြန်ပြောသည်။
 
"ကိုယ့်ဘဝမှာ ချစ်သူ နှစ်ယောက်ပဲ ရှိရမယ်၊ အကြီးလေးက ကိုယ့်မီးဖိုချောင် တံခါးပေါက်ဝမှာ မတ်တတ်ရပ်နေတယ်။ နောက်တစ်ယောက် အသေးလေးက ကိုယ့်ကလေးအိပ်ခန်း အိပ်မောကျနေတယ်"
 
ဟွားကျင်းကျင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ထို့ကြောင့် သူမက ဖန်ယွီနောက်ကို ရုတ်တရက် ပြေးသွားပြီး နောက်ကျောမှ သိုင်းဖက်သည်။
 
"ရှင်က ကျင်းကျင်းကို နှစ်နှစ်ကာကာ မချစ်ဘူးလို့ တွေးနေမိတာ"
 
ဖန်ယွီက စကားတစ်ခွန်းမျှ မပြောပေ။ သူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဟွားကျင်းကျင်း၏လက်ကို ဖယ်ရှားကာ သူ့အိပ်ခန်းထဲ ဝင်သွားသည်။ ထို့နောက် စာရွက်တစ်ရွက်ကို သူနှင့်အတူတူ ယူဆောင်လာပြီး ဟွားကျင်းကျင်းကို လှမ်းပေးသည်။
 
"ကိုယ့်ချစ်သူဟောင်း ဆုံးပါးသွားပြီးမှ ဖန်ယွဲ့က ကိုယ့်ဘဝထဲ ရောက်လာခဲ့တယ်။ အခုဆိုရင် ခုနှစ်လောက် ကြာနေပါပြီ။ ကိုယ့်ဘဝမှာ ဒီဖျော်ဖြေရေး လောကထဲ မြှုပ်နှံထားလို့ ကလေးကို စောင့်ရှောက်ပေးတဲ့ ကလေးထိန်းအဒေါ်ကြီးက လွဲရင် မင်းက ဒီအိမ်ထဲကို ဝင်ခွင့်ရှိတဲ့ တစ်ဦးတည်းသော မိန်းမပဲ"
 
"ဒါဆိုရင် ဒါက ဘာသဘောလဲ"
 
 
"ကျင်းကျင်း လက်ထပ်ချင်တဲ့ ဆန္ဒရှိရင် ကိုယ့်ကို အသိပေးပါ။ မင်းက ကိုယ့်ကို မိသားစုဘဝလေး ထူထောင်ချင်အောင် ဖန်တီးပေးတဲ့ မိန်းမလှလေးပဲ။ မင်းနဲ့ပဲ လက်ထပ်ချင်တယ်"
 
 
ဟွားကျင်းကျင်း အံ့ဩလွန်း၍ ငေးကြောင်ကြည့်နေမိသည်။ မနေ့ကမှ သူတို့ခံစားချက်ကို တရားဝင်ဖွင့် ပြောခဲ့သည်။ ယခုတော့ ဖန်ယွီက သူမကို လက်ထပ်ခွင့် တောင်းနေသနည်း။
 
 
"အခုချက်ချင်းကြီး ကိုယ့်ကို အဖြေပေးစရာ မလိုပါဘူး။ ကိုယ်ဘယ်လို ခံစားရလဲ ကိုယ် မင်းကို ဘယ်လို သတ်မှတ်ထားလဲဆိုတာ သိစေချင်လို့ပါ"
 
 
သူတို့နှစ်ဦးစလုံးက လောကဓံကို ကြုံဆုံခံစားပြီးသား၊ သူတို့ပခုံးပေါ်မှာ ထမ်းထားရသည့် တာဝန်ဝတ္ထရာများစွာ ရှိပါသည်။ သူတို့ အသက်ဆက်ရှင်နိုင်သည့် မျှော်လင့်ချက် အခွင့်အရေးလေးကို ပိုင်ဆိုင်ခွင့်ရခြင်းသည် ဘုရားသခင်က သူတို့ကို အကြီးမားဆုံး လက်ဆောင် ပေးသနားခြင်း ဖြစ်၏။
 
 
ဟွားကျင်းကျင်း အိမ်ထောင်စုဇယားလေးကို ကိုင်ဆောင်ကာ သူမ၏မျက်ဝန်းများက နီရဲနေသည်။
 
"ထျန်းနင် ပြောတာ မှန်တယ်။ ဘုရားသခင်က အကောင်းဆုံးသော လက်ဆောင်ကို နောက်ဆုံးမှ ပေးသနားတတ်တယ်။ အရင်က ကြေကွဲခဲ့ နာကျင်ခဲ့ရတဲ့ ခံစားချက်တွေက အခုတော့ တန်ဖိုးရှိတယ်လို့ ခံစားမိပြီ"
 
ဖန်ယွီက ဟွားကျင်းကျင်း၏နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်။
 
"အဝတ်အစား သွားလဲတော့နော်၊ အိမ်မှာ နေတုန်း ကိုယ်တို့ယွဲ့အာလေးကို ရေချိုးပေးဦး"
 
အပေါ်ယံကြည့်လိုက်လျှင် ဖန်ယွီက အေးဆေးတည်ငြိမ်ပြီး ပျော်ပျော်နေတတ်သူဟု ထင်ရသည်။ သို့သော်လည်း ဟွားကျင်းကျင်း စိတ်ထဲ ခံစားမိသည်က သူလည်း တခြားသူထက် မလျော့သော နာကျင်မှုမျိုးကို ခံစားနေရလိမ့်မည်။
 
 
သူမက ဖန်ယွီ၏နှလုံးသားကို ကုစားပေးပြီး ဘဝကို အပျော်ရွှင်ဆုံး ဖြတ်သန်းရသည့် လူသားဖြစ်အောင် ကူညီပေးမည့် နတ်သမီးလေး တစ်ပါး ဖြစ်ချင်သည်။
 
 
...
 
 
ပြင်သစ်နိုင်ငံ မနက် ၉နာရီ
 
 
ခမ်းနားထည်ဝါစွာ အလှဆင်ထားသော စတူဒီယို ခန်းမဆောင်ထဲမှာ မို့ထင် နှင့် ထျန်းနင်တို့က ကမ္ဘာအဆင့်မီဒီဇိုင်းနာ Claude Nကို လာရောက်တွေ့ဆုံသည်။ သူက မုတ်ဆိတ်မွေး အရှည်ကြီး ရှိသော ပြင်သစ်အဘိုးကြီး ဖြစ်သည်။ သူက ထျန်းနင်၏ခြေထောက် သွယ်သွယ်လေးများကို မြင်လိုက်သည်နှင့် အကြည့်လွှဲရန် ခက်ခဲနေသည်။
 
 
"Claude N ခင်ဗျားတို့နဲ့ ပူးတွဲအလုပ်လုပ်ခွင့်ရလို့ ဝမ်းမြောက်ပါတယ်"
 
 
" ကျွန်တော်လည်း အရမ်းဝမ်းမြောက်မိပါတယ်။ စာချုပ်အကြောင်း စကားပြောကြတာပေါ့"
 
 
ဒီဇိုင်းက ထျန်းနင်ကို ကြည့်ကာ စကားပြောသည်။
 
" ဒါပေမဲ့ ကျွန်တော် တောင်းဆိုချင်တဲ့ အချက်တစ်ချက် ရှိတယ်။ မင်း ပြင်သစ်မှာ နေဖို့ လိုအပ်သလို ငါ့လက်အောက်ခံကုမ္ပဏီရဲ့ မော်ဒယ်အနေနဲ့ လက်မှတ်ထိုးရမယ်။ ငါက ဒီလို ခြေတံသွယ်သွယ်လေး လိုအပ်နေတာ။ ဒီလို ခြေတံသွယ်လေးကို အရမ်းသဘောကျတယ်"
 
ထိုလူ၏တောင်းဆိုချက်ကို ကြားပြီးနောက် ထျန်းနင် မျက်မှောင်ကြုတ်မိသည်။
 
 
"မင်းရဲ့မန်နေဂျာလည်း ငါတို့နဲ့ အတူတူ အလုပ်လုပ်ခွင့် ရှိပါတယ်"
 
 
ထျန်းနင်က Claude N၏အလုပ်ခန်းကို အကဲခတ်လိုက်ပြီး သူ့အလုပ်စားပွဲခုံပေါ်မှာ မော်ဒယ်များ၏ ခြေတံသွယ်သွယ်လေးများ ပြည့်နှက်နေကြောင်း သတိထားမိသည်။ သူ့အဓိက အတွေးစိတ်ကူးက ခြေထောက်များ ဖြစ်နိုင်သည်။
 
 
"Claude N၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဖုန်းထဲမှာတည်းက ရှင်းအောင် ပြောထားပြီသားပါ။ ကျွန်တော်တို့ မော်ဒယ်က ဒီရိုက်ကွင်းတစ်ကွက်အတွက်ပဲ အချိန်ပိုင်း အလုပ်လုပ်မယ်လို့"
 
 
မို့ထင်က သူလိုချင်သည့် အချက်အလက်ကို တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။ သူက ဘယ်သူလဲဆိုတာ Claude Nသိအောင် ဖွင့်ပြောခြင်း မရှိခဲ့ပေ။
 
 
Claude Nက သူတို့စုံတွဲကို မပျော်မရွှင် မျက်နှာဘေးဖြင့် ကြည့်လာသည်။
 
"ထျန်းနင်က ငါဖိတ်ခေါ်တဲ့ ပထမဆုံးအာရှမော်ဒယ်ပါ။ ဒီလို အခွင့်ရေးကောင်းမျိုးကို အဆုံးရှုံးခံနိုင်တယ်လို့တော့ ငါ့ကို လာမပြောနဲ့"
 
"ငါ ဖိတ်ခေါ်တာ ခံရတဲ့ မော်ဒယ်တိုင်းက ကျော်ကြားသွားတာချည်းပဲ"
 
 
"ထျန်းနင်က ဒါတွေကို မက်မောနေမယ်လို့ တွေးနေသလား"
 
 
"ထျန်းနင်က ကိုယ့်ကိုယ်ကို ရောင်းစားနေတဲ့ မော်ဒယ် မဟုတ်ဘူး။ အကယ်၍ သူ့ကိုယ်သူ ရောင်းစားရင်တောင် ကျုပ်တစ်ယောက်တည်းကိုပဲ ရောင်းလိမ့်မယ်"
 
မို့ထင်က တည့်တိုး ပြန်ဖြေသည်။
 
***

Continue Reading

You'll Also Like

2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...